Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

သမိုင်းတလျှောက် အကောင်းဆုံး ဘတ်စကက်ဘော ကစားသမားများ

$
0
0

ပြည်တွင်းမှာတော့ ဘတ်စကတ်ဘော ပရိသတ် နည်းပေမယ့် ကမ္ဘာမှာ ပရိသတ်နဲ့ လစာ၊ ဆုကြေး အများဆုံး ပေးနေတဲ့ အားကစားနည်းတွေထဲမှာ ဘောလုံး၊ တင်းနစ်နဲ့ ဂေါက်သီးတွေ ပြီးရင် အမြင့်ဆုံး ရရှိ လူကြိုက်များနေတာက ဘတ်စကက် ဘော အားကစားနည်းပါ။ သမိုင်းတလျှောက် ကစားခဲ့တဲ့ ဘတ်စကက်ဘော ကစားသမားတွေထဲကရော အကောင်းဆုံး အဖြစ် သတ်မှတ်နိုင်မယ့် NBA (National Basketball Association) ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။

(၁) Kareem Abdul Jabbar ။ ။ သူက လက်ရှိကစားသမား မဟုတ်တော့ပါဘူး။ အနားယူသွားပြီ ဖြစ်တဲ့ အမေရိကန် ကြေးစား ကစားသမားပါ။ NBA သမိုင်း တလျှောက် ရမှတ် အများဆုံး ရယူထားနိုင်သူ ဖြစ်ပြီး ၃၈၃၈၇ မှတ်ရထားပါတယ်။ ၁၉၆၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ် အတွင်း Milwaukee Bucks နဲ့ Los Angeles Lakers အသင်းတွေမှာ ကစားခဲ့ပါတယ်။ NBA ဆု ၆ ဆု ရဖူးပါတယ်၊ MVP ဆု ၆ ဆု ရဖူးပါတယ်။ နှစ် ၂၀ကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး အခုချိန်ထိ ရမှတ်အများဆုံး စံချိန် တင်ထားနိုင်ဆဲပါ။

(၂) Michael Jordan ။ ။ သူက ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေ အတွင်း ဘတ်စဘတ်ဘောလောက ကမ္ဘာတလွှားမှာ နာမည်ကြီး လူသိများလောက်အောင် လွှမ်းမိုးမှုရှိခဲ့တဲ့ ကစားသမားပါ။ NBA ဆု ၆ ကြိမ်နဲ့ MVP ဆု ၅ ကြိမ် ရထားပါတယ်။ အိုလံပစ် ရွှေ ဆုတံဆိပ် ၂ ဆု ရထားတယ်။ NCAA ဆုလည်း ၁ ကြိမ်ရထားပါသေးတယ်။ သူ့ကြောင့် ဘတ်စကတ်ဘော အားကစားတင် မဟုတ်ပဲ NBA ဆိုတဲ့ အမေရိကန် ဘတ်စကတ်ဘော အမှတ်ပေး ပြိုင်ပွဲကိုပါ လူသိများစေခဲ့တာပါ။ အမှတ်ပေး ပြိုင်ပွဲတွေမှာ တိုက်စစ်အနေနဲ့ရော ခံစစ် ကစားသမား အနေနဲ့ပါ အကောင်းဆုံး ဝင် ထွက် ကစားနိုင်သူ အဖြစ် လူသိများပါတယ်။

(၃) Bill Russell ။ ။ သူဟာ NBA ကစားသမားတွေထဲမှာ တန်ဖိုး အရှိဆုံး ကစားသမား အဖြစ် ၅ ကြိမ် အရွေးခံထားရသူပါ။ All-Star လူစာရင်းမှာ ၁၂ ကြိမ်ပါဖူးတယ်၊ Celtics အသင်းနဲ့ အတူ ကစားသမား ဘ၀ ၁၃ နှစ် အတွင်းမှာ NBA ဆုကို ၁၁ ကြိမ် ရခဲ့ပါတယ်။ MVP ဆု ၅ ကြိမ် ရထားပါတယ်။ အိုလံပစ် ရွှေတံဆိပ်လည်း ရဖူးတယ်၊ အမှတ်ပေး ပြိုင်ပွဲ တလျှောက်မှာ တော့ သူ့ကို အကောင်းဆုံး ခံစစ် ကစားသမား အဖြစ် သတ်မှတ်ထားတာလည်း တွေ့ရပါတယ်။ ငယ်ချိန်မှာ ကစားသမား၊ အသက်ကြီးတော့ နည်းပြလုပ်တယ်၊ ကစားသမား အဖြစ်ရော နည်းပြ အဖြစ်နဲ့ပါ ပထမဆုံး NBA ဆု ရယူနိုင်တဲ့ လူမည်း အဖြစ် မှတ်တမ်းဝင်ထားပါသေးတယ်။

(၄) Larry Bird ။ ။ သူလည်း NBA All-Star လူစာရင်းမှာ ၁၂ ကြိမ်ထိအောင် ပါခဲ့ဖူးပါတယ်။ MVP လို့ ဆိုတဲ့ တန်ဖိုး အရှိဆုံး ကစားသမား အဖြစ် ၃ ကြိမ် ရွေးချယ်ခံရဖူးတယ်။ Boston အသင်းနဲ့ အတူ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ပြီး NBA ချန်ပီယံဆုကို ၃ ကြိမ်၊ NBA ဆုကို ၃ ကြိမ်နဲ့ အိုလံပစ် ရွှေတံဆိပ် ၁ ခုလည်း ရတယ်၊ ကစားချိန်အတွင်း တဖက် အသင်းရဲ့ ကစားကွက် အားနည်းချက်ကို အကောင်းဆုံးရှာဖွေ ဝင်ရောက်နိုင်သူ၊ အဝေးပြစ် ဘောလုံး အကောင်းဆုံး ကစားသမား စသဖြင့် လူသိများပါတယ်။

(၅) Magic Johnson ။ ။ သူက ၁၉၈၀ ပြည့်နှစ်တွေမှာ Lakers အသင်းနဲ့ အတူ ချန်ပီယံဆုရော MVP ကစားသမား အဖြစ်ပါ ၁ နှစ်တည်းမှာတင် ရွေးချယ်ခံထားရသူပါ။ ကစားသမား သက်တမ်းအတွင်း NBA ဆုပေါင်း ၅ ကြိမ် ရခဲ့တယ်၊ MPV ဆု ၃ကြိမ် ရခဲ့ပါတယ်။ ၁၉၉၁ မှာ ကစားသမားဘဝက နားမယ်လို့ ကြေငြာခဲ့ပြီး အနားယူခဲ့ပေမယ့် ၁၉၉၂ ခုနှစ်မှာတော့ All-Star အဖွဲ့နဲ့ အတူ ရန်ပုံငွေပွဲ ကစားပေးခဲ့သေးတာ တွေ့ရပါတယ်။ NCAA ဆုတွေ၊ အထက်တန်းကျောင်း မှာ ဆုတွေ ရခဲ့တဲ့ အပြင် အိုလံပစ် ရေ့ွှတံဆိပ်တွေလည်း ရဖူးပါတယ်။ အရပ် ၆ ပေနဲ့ ၉ လက်မ ရှိပြီး ကွင်းအတွင်း ကစားနေရာ ၅ နေရာထိ တာဝန်ယူ ကစားပေးနိုင်သူပါ။ ၉ ပွဲ ဝင်ရောက် ကစားရာမှာ ဆု ၅ ဆု ရပြီး ပွဲအရေ အတွက် အနည်းဆုံးနဲ့ ဆုအများရသူ အဖြစ် မှတ်တမ်းဝင်နေသူလည်း ဖြစ်ပါတယ်။

(၆) Wilt Chamberlain ။ ။ သူက အရပ် ၇ ပေနဲ့ ၁ လက်မရှိပြီး ပေါင် ၂၅၀ လေးတဲ့ ကစားသမားပါ။ နောက်တော့ ကိုယ်ခန္ဓာ ပိုမို တောင့်တင်းလာပြီး Lakers အသင်းနဲ့ အတူ ကစားနေရင်း ၂၇၅ ပေါင်၊ ပေါင် ၃၀၀ ထိအောင် အလေးချိန် ရှိလာခဲ့ ပါတယ်။ ကွင်းလယ် ကစားသမား အဖြစ် ကစားပါတယ်။ NBA ဆု ၂ ကြိမ်၊ MVP အဖြစ် ၄ ကြိမ် သတ်မှတ် ခံရပါတယ်။ ကစားသမား ဘဝတ လျှောက် ပြစ်ဒဏ်ဘော လုံး၀ မလုပ်ခဲ့သူပါ။ သန့်သန့် ရှင်းရှင်း ကစားခြင်းနဲ့ အတူ လူသိများ ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

(၇) Kobe Bryant ။ ။ သူဟာ အရင် New Orleans Hornets မှာ ကစားတယ်၊ အခု Pelicans မှာ ရောက်နေတယ်။ NBA ဆုကို ၅ ကြိမ်ထိအောင် ရဖူးတယ်၊ MVP အဖြစ်လည်း ၁ ကြိမ် အရွေးခံရဖူးပါတယ်။ သူက ပွဲပြီးချိန်တွေမှာ အကောင်းဆုံး အရှုံး ကနေ အနိုင်ရလဒ် ရအောင် ဖန်တီးနိုင်သူ၊ အသင်းကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးနိုင်သူ၊ အဝေးပြေး ဘောလုံး အလွန်ကောင်းသူ တယေက် အဖြစ် လူသိများပါတယ်။ တပွဲတည်းမှာ သူ တယောက်တည်း အများဆုံး ၈၁ မှတ်ထိ ရအောင် သွင်းယူခဲ့တဲ့ ပွဲစဉ်တွေ၊ အသင်းဟောင်း နယူးအော်လန်း အတွက် အမှတ်ပေါင်း ၃၀၀၀၀ လောက်ထိ ယူပေးထား နိုင်တာတွေကိုတော့ ဘယ်လိုမှ မေ့ရမယ် မထင်ပါ။

 

(၈) Tim Duncan ။ ။ လက်ရှိမှာတော့ သူက San Antonio Spurs အသင်းမှာ ကစားနေသူပါ။ သူရဲ့ ကစားကွက် က တကယ်ဆိုရင် ရိုးရိုးလေးပါ၊ သွက်လက်မှုထက် တည်ငြိမ်ဟန်ကို ဦးစားပေး ကစားတာပါ။ NBA ချန်ပီယံဆုကို ၄ ကြိမ် ရဖူးသလို MVP အဖြစ်လည်း ၂ ကြိမ် ရွေးချယ်ခံရဖူး ပါတယ်။ သူက အခြား သူတွေလို အဝေးပစ် ဘောလုံးစွမ်းရည်ထက် ထောင့်နေရာတွေ ကနေ အမှတ်ရရှိအောင် ပစ်သွင်းနိုင်မှု ပိုမို ကောင်းမွန်တာက ထူးခြားချက် ဖြစ်သလို တခြားသူတွေ ထက် သိသာ လူကြိုက်များ စေတာလည်း ဖြစ်ပါတယ်။ NBA သမိုင်း တလျှောက် အကောင်းဆုံး ခံစစ် ကစားသမား ၉ ဦးစားရင်းမှာလည်း သူ ပါပါသေးတယ်။

(၉) Kevin Durant ။ ။ သူက NBA ဆုကိုတော့ ၁ ကြိမ်ပဲ ရဖူးသလို MVP အဖြစ်လည်း ၁ ကြိမ်ပဲ ရွေးချယ် ခံရဖူးပါတယ်။ ဖြတ်ပေး ဘောလုံးတွေ ကောင်းတယ်၊ တိကျတယ်၊ ပွဲအတွင်း အကောင်းဆုံး လှုပ်ရှား ကစားနိုင်သူပါ။ LeBron လို တကွင်းလုံး ကစားနိုင်သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၅ နှစ် အတွင်း ချန်ပီယံဆု ရယူနိုင်တဲ့ အကောင်းဆုံး ကစားသမားတွေရဲ့ ရမှတ်စံချိန်ကို ၃ နှစ်လောက်ထိ တန်းတူလိုက်နိုင်ခဲ့ပါတယ်။ Howard လိုလည်း အကောင်းဆုံး ခံစစ်ပါ ကစားနိုင်သူ မဟုတ်ပေမယ့် နောက်တန်းမှာလည်း ကစားကွက် ထိန်းချုပ်သူ အဖြစ် ကောင်းကောင်း ကစားနိုင်သေးတာ တွေ့ရပါတယ်။ နေရာစုံ ကစားနိုင်သူ အဖြစ်ထက် ကစားကွက်ကို ထိန်းချုပ်နိုင်သူ အဖြစ် လူသိများပါတယ်။

(၁၀) Shaquille O’neal ။ ။ အနားယူသွားပြီ ဖြစ်တဲ့ အမေရိကန် ကစားသမား တဦးပါ။ NBA သမိုင်းတလျှောက် လွှမ်းမိုးမှု အရှိဆုံး လူကြိုက် အများဆုံး ကစားသမား တယောက်ပါ။ တိုက်စစ်မှာ ကစားပါတယ်၊ သူ့ရဲ့ အရပ်အမောင်း၊ ကိုယ်ခန္ဒာ တွေက တဖက် ခံစစ်ကို မြင်ရုံနဲ့ ကြောက်လန့်စေနိုင်ပါတယ်။ NBA ချန်ပီယံ ၄ ကြိမ်ရဖူးသလို MVP လည်း ၁ ကြိမ် ရွေးချယ် ခံရဖူးပါတယ်။ တရာသီ အတွင်း ရမှတ် အများဆုံး ရယူနိုင်သူ အဖြစ်လည်း ၂ ကြိမ် သတ်မှတ်ခံရဖူးပါတယ်။ Boston Celtics အသင်း အတွက် နောက်ဆုံး ကစားပေးခဲ့တာ တွေ့ရပါတယ်။

Ref: www.wonderlist.com

The post သမိုင်းတလျှောက် အကောင်းဆုံး ဘတ်စကက်ဘော ကစားသမားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...