Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

အားကစားထူးချွန်သူများ ဘဝဖူလုံရေး ဝန်ကြီးဌာနများတွင် အလုပ်ခန့်ပေးရန် ဆောင်ရွက်မည်ဟု အားကစား ဝန်ကြီး ပြော

$
0
0

အားကစား ထူးချွန်သူများ၏ ဘဝဖူလုံရေးအတွက် ဝန်ကြီးဌာနများက ဦးစားပေး အဆင့်အနေဖြင့် အလုပ်ခန့်ထားပေး ရန် ဆောင်ရွက်သွားမည်ဟု အားကစားနှင့် ကျန်းမာရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

“ဝန်ကြီးဌာန အကုန်ပါ ရမယ်။ ပညာရေး ဝန်ကြီးဌာနသာ မကဘူး။ ကာကွယ်ရေးလည်း ပါရမယ်။ စီးပွားရေးကလည်း ပါရ မယ်။ သူတို့ကလည်း သူတို့အလိုက် သူတို့လုပ်ရမယ်။ ဘာလုပ်ရမလဲဆိုတော့ အခု ဒီမှာဆုရတဲ့ အားကစားသမား တွေရှိ တယ်။ အလားအလာရှိတဲ့ အားကစားသမားတွေကို သူတို့က ခန့်ရမယ်။ အားကစားလုပ်ပြီးတော့ ထမင်းစားဖို့၊ ညကျတော့ သူတို့က ဘာသွားစားမလဲ။ အဲဒီလိုမရဘူး။ သူတို့ရဲ့ ဘဝဖူလုံရေးပေါ့။ အဲ့ဒီ အတွက်ကို ကျနော်တို့ အလုပ် တွေ ခန့်ရမယ်”ဟု ဝန်ကြီးက ပြောပြသည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဒိ အားကစားကွင်းတွင် ကျင်းပသည့် ၂၉ ကြိမ်မြောက် SEA Gme 2017 ဆုရ မြန်မာ အားကစားသမားများ အတွက် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနား အပြီးတွင် ဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။

ပညာရေးတွင် ထူးချွန်ခြင်း မရှိသော်လည်း အားကစားတွင် အလွန်ထူးချွန်နေသူများ ရှိရာ ၎င်းတို့ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်တွင်ရှိသော သားဖွားသူနာပြု ကျောင်းများတွင် ဦးစားပေးအနေဖြင့် အလုပ်ခန့် ထားပေးသွားမည်ဟု သိရသည်။

“တချို့က ရှင်းရှင်းပြောရင် ပညာရည်မှာ သိပ်မသာနိုင်ဘူး။ အားကစားမှာ အရမ်းကောင်းတဲ့လူတွေ ရှိတယ်။ ဒီလူတွေ ကို ဥပမာ ဒီရာထူးကို ရဖို့အတွက်ကို ဒါကြီးအောင်မှဆိုတော့ ဘယ်လိုမှ မရတော့ဘူး။ အဲ့ဒီတော့ ဒါကို ကျနော်တို့ လျှော့ပေးမယ်။ အလားတူစွာပဲ ကျနော်တို့ သားဖွားသူနာပြု ကျောင်းတွေ ရှိတယ်။ ဒီမှာလည်း အားကစား ထူးချွန်တဲ့ သူတွေဆိုရင် ကျနော့်အနေနဲ့ ဦးစားပေးဖို့။ ကျနော်ကတော့ ကိုယ့်ဝန်ကြီးဌာနမို့ ကိုယ်လုပ်လို့ရတာပေါ့။ အခြား ဝန်ကြီး ဌာနကို လုပ်အောင် ကျနော်တို့က အကြံဉာဏ်ပြုမှာပေါ့”ဟုလည်း ၎င်းက ပြောသည်။

ဆက်လက်၍ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အားကစာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး အတွက် လာမည့်နှစ်တွင် ဘတ်ဂျက် ငွေ တိုးတက် ရရှိရေးကို ဆောင်ရွက်သွားမည့်အပြင် နိုင်ငံတွင်းရှိ ပျက်စီးနေသော အားကစားကွင်းများကိုလည်း ပြုပြင် သွားမည်ဖြစ်ကြောင်း၊ အားကစားကွင်းများ ပြုပြင်ပေးခြင်း အပြင် သက်ဆိုင်ရာ အားကစားကွင်းအလိုက် လိုအပ်သော အားကစား ပစ္စည်းများကိုလည်း ထောက်ပံ့ထားရှိပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိ အားကစားနှင့် ကျန်းမာရေး ဝန်ကြီး ဌာနအနေဖြင့် ဘတ်ဂျက်ငွေ ဘီလီယံ တစ်ထောင် ရရှိထားပြီး ယင်းအနက်မှ အားကစားကဏ္ဍအတွက် ဘီလီယံ နှစ်ဆယ် ခန့်သာ အသုံးပြုနေရသည်ဟု ဝန်ကြီးက ပြောဆိုသည်။

“အားကစား တော်တဲ့လူတွေကို အလုပ်တွေခန့်တဲ့ နေရာမှာ ဦးစားပေးစနစ် ကျနော်တို့လုပ်မယ်။ ဒါက ကျနော်တို့ တပြည်လုံး အတိုင်းအတာနဲ့ လုပ်မယ်။ ကျန်တဲ့ ဝန်ကြီးတွေကိုလည်း ကျနော် မဲဆွယ်မယ်ပေါ့ဗျာ။ မဲဆွယ်ပြီး အဲ့ဒီလို လုပ်ဖို့ ကျနော် ပြောမယ်။ ဒါမှသာလျှင် အားကစားကို လုပ်ချင်တဲ့လူ စိတ်ပါတဲ့လူ ရှိမယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြား သွားသည်။

The post အားကစားထူးချွန်သူများ ဘဝဖူလုံရေး ဝန်ကြီးဌာနများတွင် အလုပ်ခန့်ပေးရန် ဆောင်ရွက်မည်ဟု အားကစား ဝန်ကြီး ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...