Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ခွန်အားနှင့် အလှပြည့်စုံသော ရုရှားအားကစားနတ်မိမယ်များ

$
0
0

ရုရှား အမျိုးသမီး အားကစားသမားများသည် ၎င်းတို့၏ လှပကျော့ရှင်းမှုနှင့် ကျက်သရေရှိမှု အတွက် သာမက အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်နှင့် ပြတ်သားသော စရိုက်လက္ခဏာကြောင့်လည်း ကျော် ကြားကြသည်။ ထို ခိုင်ကျည် ပြတ် သားသော စိတ်ဓာတ်နှင့် ကြိုးစားမှုများကြောင့် မျှော်လင့်ချက် ကင်းမဲ့နေရသည့် ရှုံးနိမ့်မည့် အခြေအနေမှ ပြိုင်ပွဲကို ပြောင်းပြန်လှန်ကာ နိုင်ပွဲ အဖြစ်ပြောင်းကာ ဆုတံဆိပ်များ ရယူနိုင်ခဲ့သည်။

ကမ္ဘာ့နှင့် အိုလံပစ် အောင်ပွဲများကို လမ်းခင်းပေးလိုက်သော ခွန်အားနှင့် အလှ ပေါင်းစပ်ထားသည့် ရုရှားအမျိုးသမီး အားကစားသမား တချို့ကို မိတ်ဆက်ပေးလိုက်သည်။

ကာရိုလင်နာဆီဗက်စတီယာနိုဗာ

၁။ ကာရိုလင်နာဆီဗက်စတီယာနိုဗာ (Karolina Sevastyanova)

ဆီဗက်စတီယာနိုဗာသည် ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်၏ အုပ်စုလိုက် ကစားပွဲတွင် ရွှေတံဆိပ် ရယူပြီးနောက် အားကစား လောကမှ အနားယူခဲ့သည့် ဂျွမ်းဘားအက အားကစားမယ် တဦးဖြစ်သည်။

၎င်းသည် ၂၀၁၂ ခုနှစ် အိုလံပစ် ပြိုင်ပွဲဝင် အမျိုးသမီးများ အနက် အလှပဆုံး အမျိုးသမီးဖြစ်သည် ဟု ထိုအားကစားပြိုင်ပွဲ အတွင်း ကောက်ယူသော စစ်တမ်းတွင် လွတ်လပ်သော နိုင်ငံများ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံများမှ ပြည်သူများက မဲပေးခဲ့သည်။

ကာရိုလင်နာဆီဗက်စတီယာနိုဗာ

ရုရှား ရေခဲပြင်ဟော်ကီ အကျော်အမော် အလက်ဇန္ဒာ အိုဗက်ရှ်ကင်နှင့် ဇနီးလောင်း တင်းနစ်မယ် မာရီယာ ကီရီလန်ကိုတို့ လမ်းခွဲလိုက်ရခြင်းမှာ ဆီဗက်စတီယာနိုဗာကြောင့် ဖြစ်သည် ဟု ဆိုကြသည်။ အိုဗက်ရှ်ကင် နှင့် ဆီဗက်စတီယာနိုဗာတို့ တွဲသည့် ဓာတ်ပုံများ လူမှုကွန်ယက်မီဒီယာတွင် ပေါ်လာသောကြောင့် ကီရီလန်က စေ့စပ်ကြောင်းလမ်းထားခြင်းကို ဖျက်သိမ်းခဲ့သည် ဟု ဆိုသည်။

ဆီဗက်စတီယာနိုဗာသည် Maxim အမည်ရှိ မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ်လည်း သရုပ်ဆောင်ခဲ့သည်။

အန်နာ ဆီဒိုရိုဗာ

၂။ အန်နာ ဆီဒိုရိုဗာ (Anna Sidorova)

အန်နာ ဆီဒိုရိုဗာ သည် ရုရှားရေခဲပြင် ထွေပစ်အသင်း (Russian national curling team) ၏ ခေါင်းဆောင်၊ နှစ်ကြိမ်မြောက် ဥရောပ ချန်ပီယံနှင့် ၂၀၁၇ ခုနှစ်ကမ္ဘာ့ ချန်ပီယံလုပွဲတွင် ဒုတိယ ဆုရှင်ဖြစ်သည်။

ဒဏ်ရာတခုကြောင့် အလှပြ ရေခဲပြင်လျှောစီး လောကမှ ထွက်ခဲ့ရပြီးနောက် ဆီဒိုရိုဗာသည် ရေခဲပြင် ထွေပစ်လောကတွင် အာရုံစိုက် ကစားခဲ့ပြီး ဥရောပနှင့် နိုင်ငံတကာ အကောင်းဆုံးဆုများ ရရှိခဲ့သည်။

၂၀၁၇ ခုနှစ် နိုင်ငံတကာ ရေခဲပြင် ထွေပစ်ပြိုင်ပွဲတွင် ဆီဒိုရိုဗာဦးဆောင်သော ရုရှား အသင်းသည် နိုင်ငံ၏ သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် နောက်ဆုံးချန်ပီယံလုပွဲသို့ တက်နိုင်ခဲ့သော်လည်း ကနေဒါအသင်းကို ရှုံးနိမ့်ခဲ့ရသည်။

သူမ ပါဝင်ကစားသမျှ ပွဲတိုင်းကို နိုင်အောင် ကြိုးစားနေကြောင်းနှင့် သူ၏ နောက်ဆုံးရည်မှန်းချက်မှာ အိုလံပစ်ပွဲတွင် ဆုရရှိရေး ုဖြစ်သည်ဟု ဆီဒိုရိုဗာ မကြာခဏ ပြောတတ်သည်။

မာရီယာ ရှာရာပိုဗာ

၃။ မာရီယာ ရှာရာပိုဗာ (Maria Sharapova)

မာရီယာ ရှာရာပိုဗာသည် ငါးကြိမ်မြောက်ဂရင်း ဆလမ်းဆုရှင်နှင့် ၂၀၁၂ ခုနှစ် အိုလံပစ် ငွေတံဆိပ်ဆုရှင် ဖြစ်ပြီး အမျိုးသမီး တင်းနစ်ပြိုင်ပွဲများတွင် အဖမ်းစားနိုင်ဆုံးသူ အဖြစ် မကြာခဏ ရည်ညွှန်းပြောဆိုခံရေလေ့ရှိသည်။

ရှာရာပိုဗာသည် ယခင်က စေ့စပ်ခဲ့ဖူးသော်လည်း တကိုယ်တည်း ဖြစ်နေသည်သာ များသည်။ ၂၀၁၀ ခုနှစ်တွင် NBA ဘတ်စကက်ဘော ကစားသမား ဆက်ရှာ ဗူဂျာစစ်က ၎င်းတို့ စတင်ဆုံဆည်းသည့် နှစ်ပတ်လည်နေ့တွင် ချစ်ရေးဆိုသော အခါ ရှာရာပိုဗာ လက်ခံခဲ့သည်။

မာရီယာ ရှာရာပိုဗာ

သို့သော် ၂၀၁၂ ခုနှစ်သို့ ရောက်သောအခါ ဆလိုဗေးနီးယားနိုင်ငံသား ဆက်ရှာဗူဂျာစစ်သည် သူ၏ အသက်မွေးဝမ်းကျောင်း အားကစား အတွက် တူရကီနိုင်ငံ အစ္စတန်ဘူသို့ ပြောင်းသွားသော အခါ သူတို့စေ့စပ်ထားကို ရှာရာပိုဗာက ဖျက်သိမ်းလိုက်သည်။ ရှာရာပိုဗာသည် ဘူလ်ဂေးရီးယား တင်းနစ်သမား ဂရီဂေါ ဒီမီထရော့နှင့်လည်း ၂ နှစ်ခန့် တွဲခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင်လမ်းခွဲခဲ့သည်။
ရှာရာပိုဗာသည် တားမြစ်ဆေးဖြစ်သော မယ်လ်ဒိုနီယမ် သုံးစွဲသောကြောင့် ၁၅ လ ကစားခွင့် အပိတ်ခံရပြီး ၂၀၁၇ ခုနှစ် ဧပြီလကမှ ပြန်လည်ကစားခွင့်ရခဲ့သည်။

ဒါယာ ကလစ်ရှ်နာ

၄။ ဒါယာ ကလစ်ရှ်နာ (Darya Klishina)

တားမြစ်ဆေးသုံးသည် ဟူသော သံသယကြောင့် ရုရှား ပြေး၊ ခုန်၊ ပစ် အဖွဲ့တခုလုံးကို သိမ်းကြုံး ပိတ်ပင်ရန် နိုင်ငံတကာ အိုလံပစ် ကော်မတီက ဆုံး ဖြတ်လိုက်သည့် ရီရိုတွင် ကျင်းပသော ၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ်တွင် ရုရှား အလျားခုန် အားကစားမယ် ကလစ်ရှ်နာ တဦးတည်းသာ ပါဝင်ခွင့်ရသည်။

လန်ဒန်တွင် ကျင်းပသည့် ၂၀၁၇ ကမ္ဘာအားကစား ချန်ပီယံလုပွဲ၏ အလျားခုန် ကစားပွဲတွင် ကလစ်ရှ်နာ ဒုတိယဆု ရခဲ့သည်။ ထိုစဉ်က ရုရှား အားကစားအဖွဲ့ချုပ်ကို ဆိုင်းငံ့ထားဆဲ ဖြစ်သောကြောင့် ကလစ်ရှ်နာသည် တသီးပုဂ္ဂလ ကစားသမား အဖြစ် ပြိုင်ပွဲဝင်ခဲ့သည်။

လန်ဒန်ပွဲတွင် ငွေတံဆိပ်ရလာသော အခါ သူမကို ညံ့ဖျင်းသော ကစားသမားအဖြစ် ဝေဖန်သူများ အသံတိတ် သွားခဲ့သည်။

ဒါယာ ကလစ်ရှ်နာ

၅။ မာရီယာ ရှူရော့ချ်ကီနာ (Maria Shurochkina)

ရုရှား ရေကူးဂျွမ်းဘားမယ် ရှူရော့ချ်ကီနာ ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီးပြိုင်ဘက်ကင်းနေသည့် ရုရှားနိုင်ငံအသင်းမှ ဖြစ်သည်။

ဒါယာ ကလစ်ရှ်နာ

၂၀၁၆ ခုနှစ် ရီရိုအိုလံပစ်တွင် ရရှိခဲ့သော ရွှေတံဆိပ်အပြင် ရှူရော့ချ်ကီနာသည် ကမ္ဘာ့အဆင့် ဆု ၈ ဆုနှင့် ဥရောပအဆင့် ဆု ၃ ဆု ရရှိခဲ့သည်။ အသက် ၂၂ နှစ်သာ ရှိသေးသော ရှူရော့ချ်ကီနာကို ရေသူမလေး ဟု ခေါ်ကြပြီး သူမသည် ထင်ရှားသော ရုရှားအဆိုတော် နျူရှာ၏ ညီမငယ်လည်း ဖြစ်သည်။

The post ခွန်အားနှင့် အလှပြည့်စုံသော ရုရှားအားကစားနတ်မိမယ်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles