Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

အောင်လအန်ဆန်း ဒုတိယမြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲထိုးသတ်မည်

$
0
0

ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းအနေဖြင့် ဒုတိယမြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲကို လာမည့်အောက်တိုဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

“ONE; PURSUIT OF GREATNESS” အမည်ရှိ ပြိုင်ပွဲကို ဝမ်းချန်ပီယံရှစ်အဖွဲ့မှ လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပရန်စီစဉ်ထားပြီး အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားတို့၏ တခဲနက်အားပေးမှုရရှိထားသည့် ချန်ပီယံ အောင်လအန်ဆန်းနှင့် စိန်ခေါ်သူတို့ ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်အတွက် အောင်လအန်ဆန်းက လက်ခံကာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပြီး အောင်လ၏ ချန်ပီယံခါးပတ်ကို စိန်ခေါ်သူ၏အမည်အား ဝမ်းချန်ပီယံရှစ်အဖွဲ့က ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။ ထို့ပြင် ချန်ပီယံ အောင်လအနေဖြင့် ၎င်းပိုင်ဆိုင်ထားသည့် ခါးပတ်နှစ်ခုအနက် မည့်သည့်ချန်ပီယံခါးပတ်ကို ကာကွယ် ရမည့် ဆိုသည့်အချက်ကိုလည်း ဝမ်းချန်ပီယံရှစ်အဖွဲ့က ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်း က “ကျနော့်ရဲ့နောက်တစ်ပွဲအတွက် လက်မှတ်ထိုးခဲ့ပါပြီ။ ကျနော့်မှာရှိတဲ့ ချန်ပီယံ ခါးပတ်ထဲက တစ်ခုက အောက်တိုဘာလမှာ ပြိုင်ပွဲဆီကို ရောက်လာတော့မှာပါ။ ဒီချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ အသင့်ရှိနေသလို အကောင်းဆုံး တင်ဆက်ဖို့အတွက်လည်း အစွမ်းရှိသမျှ ပြင်ဆင်ထားပါတယ်”ဟု လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့် ပြောဆိုခဲ့သည်။

MMA ချန်ပီယံခါးပတ်နှစ်ခု ချန်ပီယံအောင်လအန်ဆန်းမှာ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် စိန်ခေါ်သူ ဂျပန်နိုင်ငံ၏ နံပါတ်တစ် မစ်ဒယ်ဝိတ်မိုက်တာ ဟာဆီဂါဝါကို အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ပြီး ၅ ချီမြောက်တွင် အလဲထိုးဖြင့် ထိုးသတ်အနိုင်ယူကာ ၎င်း၏ MMA မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

ရန်ကုန်မြို့တွင် လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည့် “ONE; PURSUIT OF GREATNESS” ပြိုင်ပွဲမှာ အောင်လအန်ဆန်း အတွက် ၄ လအတွင်း ဒုတိယမြောက် ထိုးသတ်မည့် ချန်ပီယံခါးပတ် ကာကွယ်သည့်ပွဲစဉ်ဖြစ်ပြီး ၎င်း၏ MMA ကစားသမားဘ၀ သက်တမ်းတလျှောက် ၃၄ ပွဲမြောက် ထိုးသတ်သည့်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

အောင်လအန်ဆန်းမှာ ၂၀၀၅ ခုနှစ်က စတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀ သက်တမ်း တလျှေက် ၃၃ ပွဲထိုး၊ ၂၃ ပွဲနိုင်၊ ၁၀ ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာပြည်ကိုယ်စားပြု ပထမဆုံးသော မစ်ဒယ် ဝိတ်ချန်ပီယံဖြစ်လာခဲ့သည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ၎င်းထိုးသတ်နေသည့် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ်ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးထားခဲ့သူ ဖြစ်သည်

အောင်လအန်ဆန်းမှာ ၎င်း၏မွေးရပ်မြေဖြစ်သည့်မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်မှစတင်၍ ထိုးသတ်မှုများပြုလုပ်ခဲ့ရာ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပွဲစဉ် ၆ ပွဲ ထိုးသတ်ခဲ့ပြီး ၆ ပွဲစလုံး အနိုင်ရရှိကာ မြန်မာ့မြေပေါ်တွင် ရာနှုန်းပြည့် အနိုင်ရရှိထားသည့်စံချိန် ရေးထိုးထားသူ ဖြစ်သည်။

The post အောင်လအန်ဆန်း ဒုတိယမြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲထိုးသတ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ