Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

လက်စတာ စီးတီး အသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်

$
0
0

အင်္ဂလန် ပရီးမီးယားလိဂ်မှ လက်စတာ စီးတီးအသင်းပိုင်ရှင် ထိုင်းသန်းကြွယ်သူဌေး ဗီချိုင် ဆီရီဗဒ်ဟန်နာပရတ်ဘ်သည် စနေနေ့ညက ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားကြောင်း ထိုင်းသတင်းတွေက ဖော်ပြသည်။

အသက် ၆၁ နှစ်ရှိ ဗီချိုင်းဟာ လက်စ်တာရှိ ဝက်စ်ဟမ်းနဲ့ လက်စတာအသင်း ကစားပွဲ အပြီး ၁နာရီခန့်အကြာမှာ ကင်းပါဝါ အားကစားရုံမှ အပြန် ရဟတ်ယာဉ် ပျက်ကျခြင်းဖြစ်ပြီး၊ လိုက်ပါသွားသူ မည်သူမျှ အသက်ရှင်ကျန်ရစ်မှု မရှိကြောင်း၊ ရဟတ်ယာဉ် ပျက်ကျသည့် အကြောင်း အရင်းကိုမူ စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများအဆိုရ ရဟတ်ယာဉ်ဟာ ပျံတက်ပြီးနောက် မြေပြင်ကို ထိုးစိုက်ကျလာကြောင်း ပြောသလို၊ လက်စတာအသင်း၏ အာဏာပိုင်များကလည်း အားကစားရုံတွင် ကြီးမားသည့် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ရဟတ်ယာဉ်ပေါ်၌ ပါဝင်သူများနှင့် ပတ်သက်၍ ကြေညာချက်ထွက်ပေါ်ခြင်းမရှိသေးသော်လည်း ဗီချိုင်းမိသားစုနှင့် နီးစပ်သူများအဆိုအရ အသက် ၆၀ ရှိ အသင်းပိုင်ရှင် ပါဝင်ကြောင်း BBC သတင်းကဆိုသည်။

ဗီချိုင်းသည် ထိုစဉ်က ဒုတိယတန်း အသင်းဖြစ်သော လက်စတာ စီးတီးကို ၂၀၁၀ ခုနှစ်က ဝယ်ယူ ခဲ့ပြီးနောက် တနှစ်အကြာတွင် အသင်းဥက္ကဌ အဖြစ် တာဝန်ယူသည်။ ၂၀၁၅-၁၆ ဘောလုံးရာသီက ရဲရင့် ပြတ်သားသော ထိုအသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာသောအခါ ဘောလုံးလောကကို တုန်လှုပ်စေပြီ အမှိုက်မှ ရွှေ ဖြစ်လာသည်ဟု ပြောစမတ်တွင်ခဲ့သည်။ လက်စ်တာ အသင်းသည် ထိုအချိန်မှ စတင်ပြီး အဓိက အသင်းဖြစ်လာသည်။

ထိုအောင်ပွဲအတွက် ဗီချိုင်းက အသင်းသားများကို ဒေါ်လာ ၁၃၅၀၀၀ တန်သော BMW i8s ၁၉ စင်းဝယ်ပေးပြီး ဂုဏ်ပြုခဲ့သည်။

The post လက်စတာ စီးတီး အသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...