ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ပြီဖြစ်သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် အင်ဒိုနီးရှားမှ ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီ နှင့် ယနေ့ ယှဉ်ပြိုင်မည်ဖြစ်သည်။
“ကိုယ်ထက် Rankingနိမ့်တယ်ပေမယ့် လက်ရည်က ၅၀-၅၀ပါပဲ။ သူလည်း မနေ့က တရုတ်ထိုင်ပေကို နိုင်ထားတဲ့သူဆိုတော့ လက်ရည်က သိပ်မကွာနိုင်ဘူး။ ပွဲတိုင်းကို အကောင်းဆုံးနဲ့ ကြိုးစားပြီး ရိုက်သွားမှာပါ ”ဟု သက်ထားသူဇာက ဧရာဝတီသို့ ပြောသည်။
ထိုပြိုင်ပွဲတွင် သက်ထားသူဇာက နိုင်ခြေအဆင့် ၁သတ်မှတ်ခံထားရပြီး အင်ဒို ကြက်တောင်မယ်က နိုင်ခြေ အဆင့် ၆သတ်မှတ်ခံထားရသူဖြစ်သည်။
လက်ရှိတွင် သက်ထားသူဇာက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)သတ်မှတ်ထားသည့် ကမ္ဘာ့အဆင့် (World Ranking) ၇၃တွင် ရှိနေပြီး အင်ဒိုနီးရှားမှ ကြက်တောင်မယ် Maharani Sekar Batari (World Ranking) ၂၈၃တွင် ရှိနေသည်။
သို့သော်လည်း ကြက်တောင်အားကစားနှင့်ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံးနေရာ၌ အင်ဒိုနီးရှား အပါအဝင် ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်းစသည့် အာရှနိုင်ငံများက နေရာယူထားသောကြောင့် မြန်မာ့ကစားသမားများ အနေဖြင့် သတိထားကစားရမည်ဖြစ်သည်။
သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲဝင်ရန် ရည်မှန်းချက်ထားသူ ဖြစ်သည့် အတွက် ဒိန်းမတ်နိုင်ငံတွင် လေ့ကျင့်ရင်း တဖက်တွင်လည်း နိုင်ငံတကာစီးရီးပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်များ ရယူနေ သူလည်း ဖြစ်သည်။
You may also like these stories:
သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ
ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော
သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ
စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည်
အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ
The post သက်ထားသူဇာ ယနေ့တွင် အင်ဒိုပြိုင်ဘက်နှင့် ကစားမည် appeared first on ဧရာဝတီ.