Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ

$
0
0

၂၀၁၉ ခုနှစ်အတွက် Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမား စာရင်းမှာ ထိပ်ဆုံးနေရာကို ထပ်မံ ယူသွားသူကတော့ တင်းနစ်မယ် ဆရီနာ ဝီလျံ (Serena Williams) ပဲဖြစ် ပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ထိပ်ဆုံးနေရာမှာရှိခဲ့ပြီး ၂ နှစ်ဆက်တိုက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဝင်ငွေအများဆုံး အမျိုးသား အားကစားသမား စာရင်းမှာ ဘောလုံး၊ ဘေ့စ်ဘော၊ အမေရိကန် Football နဲ့ ဘတ်စ်ကတ်ဘော ကစားသမားတွေ ပါဝင်ပေမယ့် ထူးခြားမှုအနေနဲ့ အမျိုးသမီး အားကစားသမားစာရင်းမှာတော့ ထိပ်တန်း ၁၂ ယောက်မှာ ၁၁ ယောက်က တင်းနစ်မယ်တွေ ဖြစ်နေတဲ့ အချက်ပါပဲ။

တင်းနစ်မယ် ဆရီနာဝီလျံ

ထိပ်ဆုံးမှာ ၂ နှစ်ဆက်တိုက် ဦးဆောင်နေတဲ့ တင်းနစ်မယ် ဆရီနာဝီလျံဟာ ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ၂၉ ဒဿမ၂ သန်း ရရှိခဲ့ပြီး ဒုတိယနေရာက တင်းနစ်မယ် နာအိုမီ အိုဆာကာ (Naomi Osaka) ကတော့ ၂၄ ဒဿမ ၃ သန်းပဲ ဝင်ငွေ ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ် အမေရိကန် အိုပင်းတင်းနစ်ပြိုင်ပွဲရဲ့ နောက်ဆုံးဖိုင်နယ်အဆင့်မှာ တွေ့ခဲ့ကြပြီး လူငယ်ကစားသမား နာအိုမီက အနိုင်ရရှိခဲ့ပါတယ်။

တင်းနစ်မယ် နာအိုမီ

၂၀၁၈ ခုနှစ်အတွင်း အထင်ကရ Grand ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့တာကြောင့် တင်းနစ်မယ် နာအိုမီဟာ ဝင်ငွေ အကောင်းဆုံးစာရင်းကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပြီး ဒုတိယနေရာကို ရရှိခဲ့တာပါ။

ကာရိုလိုင်း ဝေါနက်စကီး (Caroline Wozniacki)

မနှစ်က ဒုတိယနေရာမှာရှိနေခဲ့တဲ့ ကာရိုလိုင်း ဝေါနက်စကီး (Caroline Wozniacki) ကတော့ ဝင်ငွေ ၇ ဒဿမ ၅ သန်း နဲ့ ဆဋ္ဌမနေရာကို ဆင်းပေးခဲ့ရပါတယ်။

အမျိုးသမီး ဘောလုံးကစားသမား အဲလက်စ် မောဂန် (Alex Morgan)

တင်းနစ်မယ် မဟုတ်တဲ့ တဦးတည်းသော သူကတော့ အမေရိကန် အမျိုးသမီး ဘောလုံးကစားသမား အဲလက်စ် မောဂန် (Alex Morgan) ပဲ ဖြစ်ပါတယ်။ သူကတော့ ဝင်ငွေ ၅ ဒဿမ ၈ သန်းနဲ့ အဆင့် ၁၂ နေရာမှာ ရှိနေခဲ့တာပါ။

ဗီးနပ်စ် ဝီလျံ (Venus Williams)

ဆရီနာဝီလျံရဲ့ အစ်မဖြစ်သူ ဗီးနပ်စ် ဝီလျံ (Venus Williams) ကလည်း တင်းနစ်ကစားပွဲတွေမှာ အသက် အရွယ်ကြောင့် အောင်မြင်မှုတွေ မရယူနိုင်တော့ပေမယ့် ဝင်ငွေစုစုပေါင်း ၅ ဒဿမ ၉ သန်းနဲ့ အဆင့် ၁၀ မှာရှိနေခဲ့ပါတယ်။ ဗီးနပ်စ်ဟာ ကမ္ဘာတင်း နစ်အဆင့်မှာ ၅၂ နေရာမှာရှိနေခဲ့ပေမယ့် သူ့ဝင်ငွေ အများစုကတော့ စီးပွားရေးလုပ်ငန်းတွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။

မာရီယာ ရုရှာပိုဗာ (Maria Sharapova)

နောက်ထပ် တင်းနစ်ပြိုင်ပွဲတွေနဲ့ ဝေးကွာနေသူ တယောက်ဖြစ်တဲ့ ရုရှားတင်းနစ်မယ် မာရီယာ ရုရှာပိုဗာ (Maria Sharapova) လည်း တားမြစ်ဆေး အရှုပ်တော်ပုံတွေကြောင့် ဝင်ငွေစာရင်းမှာ အနုတ်လက္ခဏာဆောင်နေပေမယ့် စုစုပေါင်းဝင်ငွေ ၇ သန်းနဲ့ သတ္တမနေရာမှာ ရှိနေသေးပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီးအားကစားသမား ၁၂ ယောက် ကတော့ အောက်ပါအတိုင်းပါ။

၁။ ဆရီနာ ဝီလျံ (၂၉.၂ သန်း)

၂။ နာအိုမီ အိုဆာကာ (၂၄.၃ သန်း)

၃။ အန်ဂျလစ် ဂါဘာ (၁၁.၈ သန်း)

၄။ ဆိုင်မွန်နာ ဟာလပ် (၁၀.၂ သန်း)

၅။ ဆလိုအန်း စတီဗန် (၉.၆ သန်း)

၆။ ကာရိုလိုင်း ဝေါနက်စကီး (၇.၅ သန်း)

၇။ မာရီယာ ရုရှာပိုဗာ (၇ သန်း)

၈။ ကာရိုလီနာ ပလီစကိုဗာ (၆.၃ သန်း)

၉။ အဲလီနာ ဆဗစ်တိုလီနာ (၆.၁ သန်း)

၁၀။ ဗီးနပ်စ် ဝီလျံ (၅.၉ သန်း)

၁၁။ ဂါဘိုင်း မူဂူရူးဇာ (၅.၉ သန်း)

၁၂။ အဲလက်စ် မော်ဂန် (၅.၈ သန်း)

Ref: The Street

You may also like these stories:

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ

ခွန်အားနှင့် အလှပြည့်စုံသော ရုရှားအားကစားနတ်မိမယ်များ

သမိုင်းတလျှောက် အကောင်းဆုံး ဆိုင်ကယ်မောင်း အားကစားသမားများ

အကောင်းဆုံး ကနေဒါ အားကစားသမားများ

The post Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ