Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

တင်းနစ်လောက ကနေ အနားယူသွားပြီဖြစ်တဲ့ ချန်ပီယံဟောင်း မာရီယာရှာရာပိုဗာ

$
0
0

တင်းနစ်လောကမှာ Grand Slam ချန်ပီယံ ငါးကြိမ်ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာ့အဆင့်၁ တင်းနစ်မယ် မာရီယာ ရှာရာပိုဗာ ဟာ အနားယူမယ့်အကြောင်းကို ကြေညာခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ရှာရာပိုဗာဟာ Grand Slam ဆုကြီး တွေ နောက်ဆုံးရခဲ့တာကတော့ ၂၀၁၄ ခုနှစ်၊ ပြင်သစ်အိုးပင်း ပြိုင်ပွဲမှာပါ။

သူနောက်ဆုံးပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကတော့ ၂၀၂၀ သြစတြေးလျအိုးပင်း ဖြစ်ပြီး ပထမအဆင့်မှာတင် Donna Vekic ကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Vogue and Vanity Fair ကဏ္ဍမှာ တင်းနစ်လောက ကနေ အနားယူမယ့် အကြောင်းကို ရေးသားခဲ့ပါတယ်။

“ကျမ တင်းနစ်ပြိုင်ပွဲတွေကို အမြဲတမ်း သတိရနေဦးမှာပါ။ အပြင်းအထန် လေ့ကျင့်ခဲ့ရချိန်တွေနဲ့ ပြိုင်ပွဲတွေ အကြောင်း၊ မနက်မိုးလင်းကနေ ညနေမိုးချုပ် ဂိတ်တံခါးပိတ်တဲ့ထိ လေ့ကျင့်ခဲ့ရချိန်တွေကို အမှတ်ရနေမှာပါ။ ကျမနဲ့တူတူ ကြိုးစားခဲ့တဲ့ အဖွဲ့ဝင်တွေ၊ နည်းပြတွေကို သတိရနေမှာဖြစ်သလို၊ ဖေဖေနဲ့အတူတူ လေ့ကျင့် ရေးကွင်းမှာ အချိန်ကုန်ဆုံးခဲ့တာတွေ ကိုလည်း မေ့လို့ရမယ်မထင်ပါဘူး။ တင်းနစ်ကွင်းထဲမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားဖော်တွေ၊ ကျမကို အကောင်းဆုံးဖြစ်လာ အောင် ပံ့ပိုးကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။

မာရီယာ ရှာရာပိုဗာဟာ ၁၉၉၄ ခုနှစ်မှာ Professional တယောက်ဖြစ်လာအောင် လေ့ကျင့်ဖို့အတွက် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အသက် ၁၇ နှစ်အရွယ်မှာ အဲ့ဒီအချိန်တုန်းက ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ် ဆီရီနာ ဝီလျံကို အနိုင်ရရှိခဲ့ပြီး ပထမဆုံးအကြိမ် Wimbeldon ချန်ပီယံဖြစ်လာ ခဲ့ပါတယ်။

ရှာရာပိုဗာ အအောင်မြင်ဆုံးအချိန်ကတော့ ၂၀၀၅ ခုနှစ်မှာဖြစ်ပြီး ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့်၁ နေရာကို ရယူနိုင်ခဲ့ သလို Grand Slam ကြီး လေးခုလုံးကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြန်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သြစတြေးလျအိုးပင်း အတွက် ဆေးစစ်ရာမှာ တားမြစ်ဆေးသုံးစွဲထားတယ်လို့ စစ်ဆေးတွေ့ရှိတာကြောင့် ၁၅ လ ယှဉ်ပြိုင်ခွင့် ပိတ်သိမ်းခံခဲ့ ရပါတယ်။

ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပြရခဲ့ပြီးနောက်ပိုင်းမှာ ရှာရာပိုဗာဟာ အရင် အောင်မြင်စဉ်က အရည်အချင်းမျိုးကို ပြန်မရ တော့ဘဲ ဆက်တိုက်ရှုံးပွဲတွေ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ အခုလို အနားယူသွားခဲ့တာပါ။ သူမ Professional ကစားသမားဘဝ တလျှောက်လုံး အနိုင်ရရှိခဲ့တဲ့ ဆုကြေးတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃၈ သန်းခန့်ရှိမယ် လို့ ခန့်မှန်းထားပါတယ်။

Ref: edition.cnn

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်မှာနှစ်စဉ်ကျင်းပတဲ့ ချယ်ရီပန်းပွဲတော်ကို ဖျက်သိမ်း

Animation ရုပ်ရှင်ထဲကအတိုင်း Totoro မှတ်တိုင် ဖန်တီးလိုက်တဲ့ ဂျပန်ကစုံတွဲ

The post တင်းနစ်လောက ကနေ အနားယူသွားပြီဖြစ်တဲ့ ချန်ပီယံဟောင်း မာရီယာရှာရာပိုဗာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...