Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားများ

$
0
0

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာအနှံ့ကို ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က Covid-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့မှုတွေ လျော့နည်းသွားပြီ ဖြစ်ပေမယ့် ဥရောပနိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှု ဆက်လက် မြင့်တက်နေဆဲပါ။ ရောဂါကူးစက်ခံရသူတွေထဲမှာ မင်းသားကြီး Tom Hanks အစရှိတဲ့ ကမ္ဘာကျော်တွေလည်း ပါဝင်နေပါတယ်။ အခုဖော်ပြပေးမှာကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေပဲ ဖြစ်ပါတယ်။

(၁) Mikel Arteta (အာဆင်နယ် နည်းပြ)

အာဆင်နယ်အသင်း နည်းပြ Mikel Arteta ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရတယ်လို့ အာဆင်နယ်အသင်းက တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ စစ်ဆေးမှုရလဒ်တွေဟာ Positive ဖြစ်နေပြီး တာဝန်ရှိသူတွေ ညွှန်ကြားထားတဲ့အတိုင်း သီးသန့်ခွဲခြားနေထိုင်မှုတွေ ပြုလုပ်ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းနည်းပြနဲ့ ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အခြားအသင်းပိုင်ရှင်နဲ့ အနီးကပ် နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အသင်းသားတွေကို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ နည်းပြဖြစ်သူ Mikel Arteta မှာ ရောဂါကူးစက်ခံနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

(၂) Daniele Rugani (ဂျူဗင်တပ်စ် ကစားသမား)

အီတလီ ဘောလုံးအသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားဖြစ်သူ Daniele Rugani ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရတယ်လို့ အသင်းက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။ နိုင်ငံအသင်းရဲ့ ကစားသမားလည်းဖြစ်တဲ့ Daniele Rugani မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံထားရတာကြောင့် အခြားအသင်းသားတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(၃) Hudson-Odoi (ချဲလ်ဆီး)

ချဲလ်ဆီးအသင်းကလည်း သူတို့ တောင်ပံကစားသမားဖြစ်သူ Hudson-Odoi မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Hudson-Odoi ကို ဆရာဝန်တွေ ညွှန်ကြားထားတဲ့ အတိုင်း သီးသန့်ခွဲနေဖို့နဲ့ လေ့ကျင့်ရေးကွင်းကို မလာဖို့ အသိပေးထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ တောင်ပံကစားသမား Hudson-Odoi မှာ Covid-19 ကို တွေ့ရှိပြီးနောက် သူနဲ့ နီးကပ်စွာနေထိုင်ခဲ့တဲ့ အသင်းဖော်တွေကို စစ်ဆေးမှုတွေ ပြုလုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

လက်စတာစီးတီးအသင်းက ကစားသမား ၃ ဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာလို့ ယူဆရတဲ့ လက္ခဏာတွေ ရှိနေတာကြောင့် စမ်းသပ်စစ်ဆေးမှု ခံယူဖို့နဲ့ အသင်းလေ့ကျင့်ရေးကွင်းကို မလာဖို့ ထုတ်ပြန်ထားတာတွေရှိတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တာဝန်ရှိသူတွေက အစည်းအဝေးတွေ ပြုလုပ်ခဲ့ပြီး ဘောလုံးပွဲစဉ်တွေကိုလည်း ရွေ့ဆိုင်းဖို့ စီစဉ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Ref. Daily Mail, BBC , aljazeera.com

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိပေမယ့် ဖျော်ဖြေပွဲတွေကို ရက်ရွှေ့လိုက်တဲ့ စလင်းဒီယွန်

ကစားဖော်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တာကြောင့် စောင့်ကြည့်ခံနေရတဲ့ စီရော်နယ်ဒို

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု မြင့်တက်လာပြီး ဆိုင်များအားလုံး ပိတ်ထား

The post ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...