Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

တိုကျိုအိုလံပစ်ကို ၂၀၂၁ နွေရာသီအထိ ရွှေ့ဆိုင်း

$
0
0

ဂျပန်နိုင်ငံမှာ ဇူလိုင်လအတွင်း ကျင်းပမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နွေရာသီအထိ ၁ နှစ် ရွှေ့ဆိုင်းလိုက်ပါတယ်။ အခုဆုံးဖြတ်ချက်ကို နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach က ဖုန်းဆက် အကြောင်းကြားလာတဲ့အကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပြခဲ့ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ဟာ တိုကျို အိုလံပစ်ပြိုင်ပွဲအတွက် ဂျပန်နိုင်ငံက ၁၂ ဒသမ ၆ ဘီလီယံ အကုန်ကျခံ စီစဉ်ထားပေမယ့်လည်း နိုင်ငံကစားသမားတွေ၊ ပရိသတ်တွေနဲ့ စပွန်ဆာတွေ မရေရာတဲ့အခြေအနေကြောင့် ရက်သတ္တပတ် အတော်ကြာ ဆွေးနွေးအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။

“ကျနော်တို့ ပြိုင်ပွဲကို နောက်နှစ် နွေရာသီမှာ ကျင်းပဖို့ သဘောတူလိုက်ကြပါတယ်။ ကျနော်ကိုယ်တိုင် IOC ကို ကစားသမားတွေ အကောင်းဆုံး အခြေအနေဖြစ်ဖို့ ပွဲလာ ပရိသတ်တွေလည်း စိတ်ချရဖို့ဆိုရင် တနှစ်လောက် ရွှေ့ဆိုင်းသင့်တဲ့အကြောင်း တောင်းခံခဲ့တာပါ” လို့ ဝန်ကြီးချုပ် အာဘေးက ဆိုပါတယ်။

“ကျနော်တို့ IOC နဲ့အတူ ပူးပေါင်းပြီး နောက်မျိုးဆက်သစ်တွေကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကနေ ကျော်လွှားနိုင်ခဲ့တာကို ပြသချင်ပါတယ်” လို့ ဝန်ကြီးချုပ် အာဘေးက ဆိုပါတယ်။

ကမ္ဘာ့အနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဒီနှစ်နွေရာသီမှာ လာရောက် ယှဉ်ပြိုင်မယ့် ကစားသမားတွေနဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုတွေကြောင့် အားပေးမယ့် ပရိသတ်တွေလည်း ဗီဇာအခက်အခဲတွေ ရှိနေပါတယ်။ မီဒီယာတွေမှာ စစ်တမ်းကောက်ယူချက်အရ ဂျပန်နိုင်ငံသား ၇၀ ရာခိုင်နှုန်းလောက်က ဒီနှစ်ထဲ ကျင်းပနိုင်ဖို့ မမျှော်လင့်ကြပါဘူး။

IOC ကလည်း ၂၀၂၀ နွေရာသီမှာ တိုကျိုအိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ မဖြစ်နိုင်တဲ့အကြောင်းနဲ့ အိုလံပစ်မီးရှူးတိုင်ကိုလည်း ဂျပန်နိုင်ငံမှာပဲ ထားရှိမယ့်အပြင် ပြိုင်ပွဲကိုလည်း ၂၀၂၀ တိုကျို အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်လို့ပဲ နာမည် ဆက်သုံးသွားမယ်လို့ ဆိုပါတယ်။ အိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းလိုက်တာကြောင့် ပွဲစီစဉ်သူတွေဘက်က ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားရဖို့ ရှိပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံမှာ အိုလံပစ်မီးရှူးတိုင် သယ်ယူရေး အစီအစဉ်တွေကိုလည်း မတ်လ ၂၆ ရက်ကစပြီး ရပ်နားသွားရဖို့ ရှိပါတယ်။ အခုလို ရွှေ့ဆိုင်းလိုက်တာဟာ ခေတ်သစ် အိုလံပစ် ကျင်းပလာတဲ့ နှစ် ၁၀၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ရွှေ့ဆိုင်းရတဲ့ အကြောင်းရင်းတွေထဲမှာ ကနေဒါနဲ့ သြစတြေးလျနိုင်ငံက ကစားသမားတွေ မစေလွှတ်တော့တဲ့အချက်အပြင် အမေရိကန်နိုင်ငံကလည်း တခြားနိုင်ငံတွေ နည်းတူ ပြိုင်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုချက်တွေကြောင့်လည်း ဖြစ်ပါတယ်။

“ကျနော်အရင်က ပြောခဲ့သလိုပဲ IOC က လက်ရှိပုံစံနဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေကို ပုံမှန်အတိုင်းကျင်းပဖို့ မဖြစ် နိုင်ရင် ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ဝန်ကြီးချုပ် အာဘေးက ဆိုပါတယ်။

Ref: Nikkei Asian

You may also like these stories:

တိုကျိုအိုလံပစ်ကို ကနေဒါနဲ့ သြစတြေးလျက ကစားသမားတွေ မလွှတ်ဖို့ ဆုံးဖြတ်

ပြည်တွင်း ဘောလုံးပွဲစဉ်များ ကွင်းပိတ်ကစားမည်

The post တိုကျိုအိုလံပစ်ကို ၂၀၂၁ နွေရာသီအထိ ရွှေ့ဆိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


TTA Oreo Gapp Installer


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်