Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ရွှေတံဆိပ်ဆုရ အားကစားသမားများ ပုံတူကြေးရုပ် နေပြည်တော်တွင် ထားရှိမည်

$
0
0
ရွှေတံဆိပ်ဆုရှင်

ရွှေတံဆိပ်ဆုရ အားကစားသမားများ ပုံတူကြေးရုပ် ပြုလုပ်နေသော ဦးကျော်ကျော်မင်း(ဓာတ်ပုံ – နန်းဆိုင်နွမ်/ဧရာဝတီ)

ရွှေတံဆိပ်ဆု ရရှိထားသည့် အားကစားသမားများ၏ ပုံတူ ကြေးရုပ် ထုလုပ်၍ နေပြည်တော်ရှိ အားကစား စိတ်ဓာတ်မြှင့်တင်ရေး ခန်းမတွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေတံဆိပ်ဆု ၄ ဆု နှင့် ၄ ဆုအထက် ရရှိထားသည့် အားကစားသမား ၄၉ ဦး၏ ပုံတူကို ကြေးပန်းပု ထုလုပ်သွားမည် ဖြစ်ကြောင်း၊ အနာဂတ် မျိုးဆက်သစ်များနှင့် ပြည်သူများကို အားကစား ရွှေခေတ်တခေတ် ရှိခဲ့သည်ကို သိရှိစေရန်အတွက် ထုလုပ်ရခြင်း ဖြစ် ကြောင်း ကြေးပန်းပု ပညာရှင် ဦးကျော်ကျော်မင်းက ဧရာဝတီကို ပြောသည်။

“ပြခန်းတခု တည်ဆောက်ပြီး ရွှေခေတ် အားကစားသမားတွေကို ပုံတူထုပြီး ပြတိုက်ထဲ ထားမယ်ဆိုတဲ့ Project တခု ပေါ်လာ တယ်။ လောလောဆယ် ပြတိုက်ကို ၃၀ ကျော် ပို့ပြီးသွားပါပြီ”ဟုလည်း ဦးကျော်ကျော်မင်းက ဆိုသည်။

၂၀၁၅ ခုနစ်အတွင်း အားကစား ဝန်ကြီးဌာနမှ နေပြည်တော်တွင် အားကစား စိတ်ဓာတ်မြှင့်တင်ရေး ခန်းမတခုကို တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကြေးရုပ်တု ထုလုပ်မှုနှင့် ပတ်သက်ပြီး တာဝေးအပြေးသမား ရွှေတံဆိပ်ဆုရှင် ဦးအောင်သန်းက“ကျနော့်အနေနဲ့ ဒီလိုပုံတူ ပန်းပုထုပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒီလိုလုပ်တာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဒီလို မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ ကျနော်တို့ ရုပ်တုတွေကို နေပြည်တော် အားကစားပြတိုက်မှာ ထားပြီးတော့ ကြည့်ရုံနဲ့ မျိုးဆက်သစ် လည်း ဆုတံဆိပ် မရနိုင်ဘူး”ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ မျိုးဆက်သစ် အားကစားသမားများ၏ လေ့ကျင့်မှုကို ကြည့်မည်ဆိုပါက အလွန်အားနည်းနေကြကြောင်း၊ လူငယ်များ၏ အားကစားစိတ်ဓာတ် အားနည်းလာမှုသည် ပညာရေးစနစ်နှင့်လည်း သက်ဆိုင်နေကြောင်း၊ ကျောင်းများတွင် အားကစားပြိုင်ပွဲများ ကစားကွင်းများ ထားရှိသင့်ကြောင်းလည်း ဦးအောင်သန်းက ဆက်ပြောသည်။

ကြေးပန်းပုများ ထုလုပ်မှု မပြီးစီးသေးသဖြင့် နေပြည်တော်ရှိ အားကစားစိတ်ဓာတ် မြှင့်တင်ရေး ခန်းမအား ဖွင့်လှစ်မှု မပြုနိုင်သေးကြောင်း သိရသည်။

မကြာသေးခင်က ကျင်းပခဲ့သည့် စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ အားကစား တာဝန်ရှိသူများက ရွှေတံဆိပ်ဆု ၄၀ နှင့် ၅၀ အကြား ရရှိနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ရွှေတံဆိပ် ၁၂ ခုသာ ရရှိခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အဆင့်တွင်လည်း တတိယဖြင့်သာ (၁၉၇၉ ခုနှစ် က) အမြင့်ဆုံး ဖြစ်ခဲ့သည်။ ပြည်ပပြိုင်ပွဲများ၌ ရွှေတံဆိပ် အနည်းဆုံး ရရှိခဲ့သည်နှစ်မှာ ၁၉၉၀ ပြည့်နှစ်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံ၌ ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ဆုသာ ရခဲ့ခြင်း ဖြစ်ကြောင်း အား/ကာ ၀န်ကြီးဌာန မှတ်တမ်းများအရ သိရသည်။

The post ရွှေတံဆိပ်ဆုရ အားကစားသမားများ ပုံတူကြေးရုပ် နေပြည်တော်တွင် ထားရှိမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles