Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

မန်ယူရဲ့ ဂိုးသွင်းစက် ဖြစ်နေဦးမယ့် Zlatan Ibrahimovic သို့မဟုတ် မိုဗစ်

$
0
0

ဘဝဟာ အသက် ၄၀ မှ စတယ် လို့ ဆိုပေမယ့် အားကစား သမားတဦး အတွက် အသက် ၃၆-၃၇ ဆိုတဲ့ အရွယ်ဟာ ကစားကွင်း နေဝင်ချိန်လို့တောင် ပြောနိုင်ပါတယ်။ ကစားအား ကျပြီး အနားယူဖို့ ပြင်ဆင်ရတော့မယ့် အနေအထား ဖြစ်သွားပါပြီ။ ဒါပေမယ့် မိုဗစ်က အနားမယူသေးပါ။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူး ဆိုတာ မိုဗစ် ကို ပြောတာ ဖြစ်နိုင်ပါတယ်။ အမည်ရင်းက Zlatan Ibrahimovic ပါ။

အင်္ဂလန်ကလပ် အသင်းတွေထဲမှာ အအောင်မြင်ဆုံး ဖြစ်တဲ့ မန်ယူမှာ ကစားနေတယ်၊ အရင် နှစ်ကလည်း အသင်း အတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင်သူ၊ ဂိုးသွင်းစက် တလုံး ဖြစ်ခဲ့တယ်၊ အဲဒီ အရင် မန်ယူ မတိုင်ခင်ကလည်း ပြင်သစ် ကလပ် PSG မှာလည်း ဂိုးသွင်းစက်ပါပဲ။

ဆွီဒင်သား မိုဗစ်ကို ၁၉၈၁ ခုနှစ် အောက်တိုဘာ ၃ ရက်မှာ မွေးခဲ့တယ်၊ ၂၀၀၁ ခုနှစ်ကနေ စတင်ပြီး ကြေးစား ဘောလုံးသမား တယောက် ဖြစ်လာတယ်၊ ၂၀၁၀ ခုနှစ်မှာ နိုင်ငံလက်ရွေးစင် အသင်းမှာ အသင်းခေါင်းဆောင် နေရာ ခန့်ထားရ လောက်အောင် ထိအောင် အားကိုးနေရပြီ။ ၂၀၁၆ ခုနှစ်ထိ နိုင်ငံအသင်း အတွက် ကစားပေးခဲ့ပြီး အနားယူထား သူပါ။

သူဟာ တိုက်စစ်မှူး နေရာမှာ ကစားတယ်၊ သူ့ ကစားဟန်က နည်းစနစ်ကျတယ်၊ ဖန်တီးနိုင်မှု အားကောင်းတယ်၊ တွန်းတွန်း တိုက်တိုက်နဲ့ အားပြု ကစားတယ်၊ ခေါင်းတိုက်ဘောလုံးတွေနဲ့ ကစားပွဲကို အကောင်းဆုံး အဆုံးအဖြတ် ပေးနိုင်တယ်၊ ကန်ချက်တွေက ပြင်းထန်ပြီး တိကျတယ်၊ ဒီအချက်တွေက သူ့ကို ဂိုးသွင်းစက် တလုံး ဖြစ်နေစေတာပါပဲ။

၂၀၁၇ ခုနှစ် မေလအတွင်းက စာရင်းတွေ အရ သူဟာ လက်ရှိ ကစားနေဆဲ ကစားသမားတွေထဲမှာ ဆုဖလားပေါင်း ဒုတိယ အများဆုံး ရယူထားနိုင်သူ အဖြစ် မှတ်တမ်းဝင် နေပြီး ဆုဖလား ၃၃ လုံးထိ ရထားတာလည်း ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံ၊ မယ်မိုလ်မြို့မှာ မွေးတယ်၊ အရပ် ၆ ပေနဲ့ ၅ လက်မ ရှိတယ်၊ မန်ယူကနေ အဲဗာတန်ကို ရောက်သွားတဲ့ ဂန္ထဝင် တိုက်စစ်မှူး ဝိန်းရူနီရဲ့ နံပတ် ၁၀ ကို ဝတ်ဆင်ကစားမယ် လု့ိ သိရပြီး အခု ၂၀၁၇-၁၈ ဘောလုံး ရာသီ ၁ နှစ်စာ စာချုပ် သက်တမ်းတိုးနဲ့ မန်ယူမှာ ဆက်ရှိနေမှာလည်း ဖြစ်ပါတယ်။ ငယ်စဉ်ကစားသမား ဘဝကိုတော့ မယ်မိုလ်သား မိုဗစ်က မယ်မိုလ်ဘီအိုင် (Malmö BI) မှာ စတင် ဖြတ်သန်းခဲ့ပြီး နောက်တော့ FBK Balkan ရောက်သွားတယ်၊ ပြီးတော့ မယ်လ်မိုအက်ဖ်အက်ဖ် (Malmö FF) ကို ပြန်ရောက် လာပါတယ်။

ကြေးစား ကစားသမား ဘဝကိုလည်း မယ်လ်မိုအက်ဖ်အက်ဖ်မှာ စတင်ခဲ့တာ ဖြစ်ပြီး သူဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် ထိ ၂ နှစ် အတွင်းမှာ ပွဲပေါင်း ၄၀ ကစားပေးခဲ့ပြီး ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း မယ်မိုထက် အင်အားကြီးတဲ့ အေဂျက်ရောက်သွားတယ်၊ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ် အတွင်း အေဂျက်မှာ ၇၄ ပွဲ ကစားခွင့် ရခဲ့ပြီး ၃၅ ဂိုး သွင်းတယ်။ ဒါဟာ မိုဗစ်ရဲ့ အတောက်ပဆုံး အချိန် တခုပါ။

အေဂျက်မှာ ခြေစွမ်းပြနေလို့ နောက်ထပ် တဆင့်မြင့် အီတလီ ထိပ်တန်း ကလပ် ဂျူဗင်က ခေါ်ယူမှုကြောင့် ၂၀၀၄ ခုနှစ်မှာ အီတလီမြေကို ခြေချတယ်၊ ၂၀၀၆ ခုနှစ်ထိ ဂျူဗင်မှာ နေပြီး ပွဲပေါင်း ၇၀ မှာ ၂၃ ဂိုး သွင်းတယ်၊ အကောင်းဆုံး မဟုတ် ပေမယ့် ခြေစွမ်းပြနေဆဲပါ။ ဒါပေမယ့် အေဂျက်မှာနဲ့ စာရင် ဂိုးသွင်းနှုန်း ကျသွားလို့ ဂျူဗင်က မိုဗစ်ကို အင်တာနေစီယွန်နယ် ကို ရောင်းထုတ်လိုက်တယ်။

၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်ထိ အင်တာနေစီယွန်နယ်မှာ ပွဲပေါင်း ၈၈ ပွဲ ကစားပြီး ၅၇ ဂိုးသွင်းတယ်။ မိုဗစ်ရဲ့ အတောက်ပဆုံး အချိန်ကို ပြန်ရောက်လာခဲ့တာပါ။ ဒီလို ဂိုးသွင်းခြေ ရှိတဲ့ မိုဗစ်ကို ၂၀၀၉ ခုနှစ်မှာတော့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကလပ် အသင်းလို့ ဆိုနိုင်တဲ့ စပိန်ကလပ် ဘာစီလိုနာက ခေါ်လိုက်ပါတယ်။ ၂၀၀၉-၁၀ မှာတင် ဘာစီလိုနာမှာ မိုဗစ်တယောက် ၂၉ ပွဲ ပါဝင် ကစားခဲ့ပြီး ၁၆ ဂိုး သွင်းပေးခဲ့ပါတယ်။

ဘာစီလိုနာမှာ ကစားခဲ့တဲ နာမည်ကျော် တိုက်စစ်မှူးတွေနဲ့ စာရင်တော့ ဂိုးသွင်းနှုန်း ပြန်ကျသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာက မိုဗစ်ကို ၂၀၁၀-၁၁ မှာ အီတလီ ကလပ် အေစီမီလန် ကို အငှား ၁ နှစ် ပို့လိုက်ပါတယ်။ အေစီမှာ တရာသီ အတွင်း ၂၉ ပွဲ ကစားတယ်၊ ၁၄ ဂိုးသွင်းတယ်၊ အေစီရဲ့ ကစားကွက်နဲ့ အံဝင်နေတဲ့ မိုဗစ်ကို အေစီက ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာ ကနေ အပြီးသတ် ခေါ်လိုက်တယ်။

၂၀၁၁-၁၂ ရာသီမှာ အေစီနဲ့ အတူ ၃၂ ပွဲထိ ပွဲထွက်ခွင့် ရခဲ့ပြီး ၂၈ ဂိုးထိအောင် သွင်းခဲ့လို့ ငွေအားသုံးပြီး အောင်မြင်မှု ရှာနေတဲ့ ပြင်သစ် ကလပ် PSG က အေစီကနေ မိုဗစ်ကို ခေါ်လိုက်ပါတယ်။ PSG မှာ မိုဗစ် တယောက် စံချိန်တင် လစာ၊ ပြောင်းရွှေ့ကြေး တွေနဲ့ ရောက်သွားလို့ အဆင်ပြေသွားပါတယ်။ PSG မှာတော့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် ထိ ၁၂၂ ပွဲ ပါဝင် ကစားခဲ့ပြီး ဂိုးပေါင်း ၁၁၃ ဂိုးထိ သွင်းခဲ့တာပါ။

ဒါဟာ တပွဲ တဂိုးနှုန်း နီးပါးထိအောင် သွင်းခဲ့လို့ အံ့မခန်းပါပဲ။ ဒီလို ခြေစွမ်းတွေကြောင့် ဂိုးသွင်းသေချာတဲ့ ဝါရင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဗန်ပါစီ၊ ဘာဘာတော့လို ကစားသမားတွေကို ခေါ်သုံးလေ့ရှိတဲ့ မန်ယူက ၂၀၁၆ ခုနှစ်မှာ မိုဗစ်ကို PSG ကနေ ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ မန်ယူမှာတော့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ပွဲပေါင်း ၂၈ ပွဲ ကစားပြီး ၁၇ ဂိုးထိ သွင်းနိုင်ခဲ့လို့ သူ့ အသက် အရွယ်နဲ့ စာရင် တကယ်ကို ဂိုးသွင်း သမားကောင်း တယောက် အဖြစ် ရှိနေဆဲ ဖြစ်တယ် လို့ ဆိုရမှာပါ။ အခုလည်း ဒီနှစ် ဘောလုံးရာသီ အတွက် မိုဗစ်ကို မန်ယူက တနှစ် စာချုပ်နဲ့ ထပ်ခေါ်ထားပါတယ်။ သူ့ရဲ့ ဂိုးတွေကို မန်ယူ အတွက် မြင်ရဦးမှာပါ။

တဖက်က နိုင်ငံအသင်း အတွက် ကစားပေးမှု အပိုင်းကို ကြည့်မယ် ဆိုရင်တော့ ၁၉၉၉ ခုနှစ်မှာ ကတည်းက ဆွီဒင် ၁၈ နှစ်အောက် အသင်းမှာကတည်းက မိုဗစ်က ပါဝင်ကစားခဲ့သူ ဖြစ်ပြီး ၁၉ နှစ်အောက် အသင်းအတွက် ၄ ပွဲမှာ ၁ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ၂၁ နှစ်အောက် အသင်းအတွက် ပါဝင်ခဲ့ပါတယ်။ ၇ ပွဲမှာ ၆ ဂိုးထိအောင် သွင်းပေးထားခဲ့ပါတယ်။ အဲဒီလို ခြေစွမ်းနဲ့ အတူ အဆိုပါ ၂၀၀၁ခုနှစ်က စပြီး လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံရလို့ ၂၀၁၆ ခုနှစ် နိုင်ငံ အသင်းကစားသမား အဖြစ်ကနေအနား မယူခင်ထိအောင် ဆွီဒင် လက်ရွေးစင် အသင်း အတွက် ၁၁၆ ပွဲ ကစားပေးပြီး ၆၂ ဂိုးထိအောင် ရယူပေးထားနိုင်တာလည်း တွေ့ရပါတယ်။

မိုဗစ်ရဲ့ ဆုဖလား ရယူထားနိုင်မှုတွေကို ကြည့်မယ် ဆိုရင်တော့ မယ်မိုလ်မှာ ဆုဖလားမရခဲ့ပေမယ့် အေဂျက်နဲ့ အတူ Eredivise ကို ၂ ကြိမ်၊ KNVBဖလားကို ၁ ကြိမ်၊ Johan Cruyff ဒိုင်းကို ၁ ကြိမ်ရတယ်၊ အင်တာနေစီယွန်နယ်နဲ့ အတူ Serie A မှာ ၃ ကြိမ် ဗိုလ်စွဲတယ်၊ Supercoppa Italiana ကို ၂ ကြိမ်ရတယ်၊ ဘာစီလိုနာနဲ့ အတူ လာလီဂါဖလား ၁ ကြိမ်၊ Supercopa de Espanaကို ၂ ကြိမ်၊ UEFA Super Cup ၁ ကြိမ်၊ FIFA Club World Cup ကို ၁ ကြိမ်ရတယ်။

အေစီမီလန်နဲ့ အတူ Serie A ကို ၁ ကြိမ်၊ Supercoppa Italiana ကို ၁ ကြိမ်ရတယ်၊ PSG ရောက်တော့ Ligue 1 ကို ၄ ကြိမ် ဗိုလ်စွဲတယ်၊ Coupe de France ကို ၂ ကြိမ်ရတယ်၊ Coupe de la Ligue ကို ၃ ကြိမ်၊ Trophee des Champions ကို ၃ နှစ် ဆက်တိုက် ရပြန်ပါတယ်။ မန်ယူရောက်တော့ အရင်နှစ်က EFL ဖလားရတယ်၊ ယူရိုပါလိဂ် ဖလား ရတယ်၊ ကွန်မြူနတီဒိုင်းလည်း ရထားပါတယ်။

တယောက်ချင်း ဆုတံဆိပ်ရရှိမှု အပိုင်းမှာတော့ ဆွီဒင် အကောင်းဆုံး ကစားသမားဆုကို ၂၀၀၂ ခုနှစ်က ရဖူးတယ်၊ Eurosport ရဲ့ တနှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကို ၂၀၀၄ ခုနှစ်က ရတယ်၊ UEFA Euro 2004 မှာ အီတလီနဲ့ ပွဲအတွင်း အကောင်းဆုံး ကစားသမား ဖြစ်လာတယ်၊ Serie A ရဲ့ ပရိတ်သတ် အများဆုံး ကစားသမား အဖြစ် ၂၀၀၅ခုနှစ်က မှတ်တမ်းဝင်တယ်၊ ၂၀၀၈ခုနှစ်မှာ Serie A ရဲ့ တနှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကို ရတယ်၊ ယူရို ၂၀၀၈ မှာလည်း ဂရိနဲ့ ပွဲအတွက် အကောင်းဆုံး ကစားသမား ဆုရတယ်။

ပြီးတော့ Ballon dor ဆုကိုလည်း ၂၀၀၅ မှာ အဆင့် ၈၊ ၂၀၀၇ မှာ အဆင့် ၇၊ ၂၀၀၈ မှာ အဆင့် ၉၊ ၂၀၀၉ ခုနှစ်မှာ အဆင့် ၇ တွေ အဖြစ် ဆန်ကာတင် အဆင့်ထိအောင်ရောက်ဖူးတယ်၊ Serie A ရဲ့ တနှစ်တာ အကောင်းဆုံး ပြည်ပ ကစားသမားဆုကို ၃ ကြိမ် ရဖူးတယ်၊ Serie A မှာပဲ တနှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ၃ ကြိမ်ရပြန်တယ်၊ Golden Foot ဆုကို ၂၀၁၂ ခုနှစ်က ရဖူးတယ်၊ Serie A မှာ ဂိုးသွင်းဘုရင် ၂ ကြိမ် ဖြစ်ဖူးတယ်၊ ၂၀၁၂-၁၃ ချန်ပီယံလိဂ်မှာ ဂိုးရရှိဖိ့ု ထောက်ပံ့မှု အများဆုံး ကစားသမား ဖြစ်ဖူးတယ်။

အဲဒါ အပြင် FIFA Ballon Dor မှာ ၂၀၁၂ ခုနှစ် အတွက် အဆင့်၁၀၊ ၂၀၁၃ ခုနှစ်အတွက် အဆင့် ၃ ရဖူးတယ်၊ ၂၀၁၃ ရဲ့ FIFA ကနေ ထုတ်ပြန်တဲ့ အကောင်းဆုံး အသင်းသား စာရင်းမှာ ပါဖူးတယ်၊ FIFA ကနေ ပေးအပ်တဲ့ Puskas ဆုကို ၂၀၁၃မှာ ရခဲ့တယ်၊ ဆွီဒင် အကောင်းဆုံး ဂိုးသွင်းဆုကိုလည်း ၂ ကြိမ်ရထားတယ်၊ UEFA ကနေ ထုတ်ပြန်တဲ့ တနှစ်တာ အကောင်းဆုံး အသင်းသား လူစာရင်းမှာ ၄ ကြိမ်ထိအောင် ပါဖူးတယ်။ ဒီလို နာမည်ကျော် ဆုတွေ အပြင် အခြား ဆုပေါင်း ၃၀ ကျော်ကို တယောက်ချင်း ထူချွန်မှု အဖြစ် ရယူထားနိုင်တာ တွေ့ရပါတယ်။

Ref: www.en.m.wikipedia.org

The post မန်ယူရဲ့ ဂိုးသွင်းစက် ဖြစ်နေဦးမယ့် Zlatan Ibrahimovic သို့မဟုတ် မိုဗစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...