မနက်ဖြန်ကစားမည့် ကာဂျစ်စတန်နှင့် မြန်မာ အမျိုးသား ဘောလုံးအသင်းတို့၏ အာရှဖလား ခြေစစ်ပွဲ ကို လုံခြုံရေး စိတ်မချရသဖြင့် ရွေ့ဆိုင်းလိုက်ပါတယ်။
အစ္စလာမ်ဘာသာဝင်အများစု နေထိုင်တဲ့ အာရှအလယ်ပိုင်းက ကာဂျစ်စတန် နဲ့ ယှဉ်ပြိုင်မယ့်ပွဲမှာ လုံခြုံရေး စိတ်မချရသဖြင့် ရက်ရွေ့ပေးရန် ကာဂျစ် ဘောလုံးအဖွဲ့ချုပ်က အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မေတ္တာရပ်ခံခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ပါ တယ်။
ထို့အတွက် ကာဂျစ်နှင့် မြန်မာတို့ ကစားမည့်ပွဲစဉ်ကို အာရှဘောလုံးအဖွဲ့ချုပ်က ပြန်လည်ရေးဆွဲ ထုတ် ပေးသွားမယ်လို့ ဆိုပါတယ်။
လတ်တလော ရခိုင်မြောက်ပိုင်းမှ ဘင်္ဂလီအကြမ်းသမား၏ တိုက်ခိုက်မှုအပြီး မြန်မာတပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေခြင်း ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ကန့်ကွက်ဝေဖန်မှုများ ပြုလုပ် နေရာ ရုရှားနိုင်ငံမှာရှိတဲ့ ချေချင်းညှာက အစ္စလာမ်ဘာသာဝင်များကလည်း လူစုလူဝေးဖြင့် ကန့်ကွက် မှုပြုလုပ်နေပါတယ်။
ရခိုင်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က စစ်ဆင်ရေးနယ်မြေ ၅ခုသတ်မှတ်ကာ အကြမ်းဖက်သမား များကို ရှင်းလင်းလျှက်ရှိပါတယ်။
The post လုံခြုံရေး အခြေအနေကြောင့် ကာဂျစ်စတန်နှင့် မြန်မာ ဘောလုံးပွဲစဉ် ရွေ့ဆိုင်း appeared first on ဧရာဝတီ.