Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

အင်္ဂလန်မှ အီတလီရောက် ကစားသမား ဂျူယန်

$
0
0

အင်္ဂလန် ကစားကွက်နဲ့ပဲ အံမဝင်လို့လား၊ ချယ်ဆီးနဲ့ပဲ အဆင်မပြေလို့လား၊ ဒါပေမယ့် သက်လတ်ပိုင်း ကစားသမား တယောက် အတွက်တော့ အခြား နာမည်ကြီး အသင်းတသင်းကို ရောက်သွားတာ အားငယ် စရာတော့ မဟုတ်ပါဘူး။ အီတလီအသင်း ဂျူဗင်က အာရှမှာ လူကြိုက်မများဘူး ဆိုပေမယ့် ချယ်ဆီးနဲ့ ယှဉ်ရင်တော့ ချန်ပီယံလိဂ်လိုပွဲတွေမှာပါ နှစ်တိုင်းလိုလို အမြင့်ဆုံးထိအောင် တက်လှမ်းနိုင်နေလို့ ချယ်ဆီးကနေ ဂျူယန် ထွက်ခွာသွားရတာ အတွေ့အကြုံသစ် ရှာဖို့ပဲ လို့ သဘောထားရမှာပါ။

သူ့ရဲ့ နာမည် အပြည့်အစုံက Juan Guillermo Cuadrado Bello ပါ ။ ၁၉၈၈ ခုနှစ် မေလ ၂၆ရက်မှာ မွေးပါ တယ်။ ကိုလံဘီယာလူမျိုးပါ။ အသက် ၂၉နှစ် ရှိပြီဆိုတော့ ဘောလုံးသမားတယောက် အနေနဲ့ အကျပိုင်း ရောက်ချင် လာနေပေ မယ့် သက်လတ်ပိုင်းအဖြစ် သတ်မှတ်ရဦးမှာပါပဲ။ အခုနှစ် ဘောလုံးရာသီမှာတော့ အီတလီထိပ်သီး ဂျူဗင်ကိုရောက်သွား တယ်။

နိုင်ငံအသင်း ကိုလံဘီယာအတွက်လည်း ကစားပေးနေသေးတာ တွေ့ရပါတယ်။ တဦးချင်း ထိုးဖောက်ဟန် သွက်လက် မြန်ဆန်မှုကြောင့် လူသိများပါတယ်။ အလယ်တန်းခံစစ် ကစားသမားအဖြစ် စတင် ကစားခဲ့ပေမယ့် အခုတော့ ညာ တောင်ပံ ထိုးဖောက်ကစားသမား၊ တိုက်စစ်ဦးစားပေး ထောက်ပံ့သူ ဖြစ်လာပါတယ်။ ဂျူဗင်မှာ သူ့ရဲ့ကျောနံပါတ်က ၇ ပါ။

အရပ် ၅ ပေနဲ့ ၁၀ လက်မခွဲ ရှိပါတယ်။ ငယ်ရွယ်စဉ်က AtleticoUraba နဲ့ IndependienteMedellin တွေမှာ ကစားခဲ့ပြီး ဘောလုံးပညာတွေ သင်ယူခဲ့တယ်လု့ိ ဆိုရမှာပါ။ အသင်းကြီး ကစားသမားအဖြစ်နဲ့ ကြေးစားဘ၀ ကိုတော့ အဆိုပါ Independiente မှာ စတင်ခဲ့ပြီး ၂၀၀၈-၀၉ တရာသီ ကစားခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ၂၀၀၉ မှာ အီတလီ အလယ်အလတ်တန်းအဆင့်ရှိ အသင်း အူဒီးနီး (Udinese) ကို ရောက်လာပါတယ်။ ဒါပေမယ့် အူဒီးနီးမှာ ဂျူယန် အဆင်မပြေသလို အကောင်းဆုံးခြေစွမ်းကိုလည်း မပြသနိုင်ခဲ့ပါဘူး။

၂၀၁၁-၁၂ မှာ အူဒီးနီးက Lecce ကို အငှားချခံခဲ့ရပါတယ်။ ဒါပေမယ့် ထူးမလာပါဘူး။ တချို့ကလည်း ကစားကွက် အံ မဝင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ၂၀၁၂ မှာတော့ Fiorentina ကို ရောက်သွားပါတယ်။ ၂၀၁၅ ခုနှစ်ထိ ဖီအိုရင်တီးနားမှာ နေခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေလည်း သွင်းလာနိုင်သလို ဂိုးရရှိဖို့ ထောက်ပံ့မှုတွေလည်း လုပ် ဆောင်လာနိုင်ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အင်္ဂလန် ထိပ်တန်းအဆင့် ချယ်ဆီးက ဂျူယန်ကို ခေါ်လိုက်ပါတယ်။ ဒါပေမယ့် အီတလီမှာ ကြီးပြင်းခဲ့တဲ့ ကိုလံဘီယာသားက အီတလီကစားကွက် ဖြစ်တဲ့ ကစားကွက် ဦးစားပေးပုံစံနဲ့ အသားကျနေလို့ သွက်လက်မှုနဲ့ တိုက်စစ် ဦးစားပေးဆန်တဲ့ ချယ်ဆီးကစားကွက်နဲ့ အဆင်မပြေတာကြောင့် အဆိုပါ ၂၀၁၅-၁၆ ဘောလုံးရာသီမှာပဲ အီတလီက ဂျူဗင်ကို ပြန်ပြီး အငှားချခံရပါတယ်။ ဂျူယန်နဲ့ ဂျူဗင် အသင်းတို့ အသားကျသလို ပွဲထွက်ခွင့်လည်း ပုံမှန် ရခဲ့ပါတယ်။ ဂျူဗင်ကလည်း ထပ်ခေါ်ထားချင်သလို ချယ်ဆီးကလည်း နောက်ထပ် ၂၀၁၆-၁၇ ဘောလုံးရာသီမှာပါ အငှားထပ်ချပြန်ပါတယ်။ တနှစ်ခွဲလောက် အငှားနဲ့ သွားနေရတဲ့ ဂျူယန်တယောက် အခုတော့ ဂျူဗင်မှာ ပျော်နေပြီ ထင်ပါတယ်။ အခုနှစ်မှာတော့ ဂျူဗင်ကို အပြီးသတ် ပြောင်းရွှေ့သွားပါတော့တယ်။

နိုင်ငံအသင်းအတွက်ကတော့ အခြားကစားသမားတွေလို အောက်သက်ကြေ U18 လို သက်ငယ် အသင်း တွေကတည်းက နိုင်ငံအသင်းအတွက် ကစားပေးခဲ့သူမဟုတ်ဘဲ ၂၀၁၀ ကနေမှ စတင်ပြီး ကိုလံဘီယာ နိုင်ငံ လက်ရွေးစင် အသင်းအတွက် ကစားပေးနေသူ ဖြစ်ပါတယ်။

ပွဲကစားမှုနဲ့ ဂိုးသွင်းနိုင်မှု အပိုင်းမှာတော့ ကစားသမား ဘ၀ မီဒီလင်းမှာ ပွဲ ၃၀ ထိ ဝင်ကစားပြီး ၂ဂိုး သွင်းပေး နိုင်ခဲ့တယ်၊ အဲဒီနောက် အူဒီးနီးမှာ ပွဲ ၂၀ထိ ကစားပေးနိုင်ခဲ့တယ်၊ လက်စီမှာ ၃၃ ပွဲ ကစားတယ်၊ ၃ဂိုး သွင်း တယ်၊ ဖီအိုရောက်တော့ ၈၅ ပွဲ ထိအောင် ကစားပေးနိုင်ခဲ့ပြီး ဂိုး ၂၀ သွင်းလာနိုင်ခဲ့တယ်၊ ချယ်ဆီးမှာတော့ ၁၃ပွဲပဲ ကစာခွင့် ရခဲ့တယ်၊ အငှားချလိုက်တော့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ဂျူဗင်အတွက် ၂၈ ပွဲ ကစား တယ်၊ ၄ဂိုး သွင်းတယ်၊ နောက်ထပ် ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ၂၉ ပွဲ ကစားခွင့်ရတယ်၊ ၂ဂိုး သွင်းတယ်၊ အခုနှစ်အတွင်းမှာတော့ ဂျူဗင် အတွက် ၃ပွဲ ကစားပြီး ၁ဂိုး သွင်းပေးထားတာ တွေ့ရပါတယ်။ ကိုလံဘီယာ အသင်းအတွက်ကတော့ အခုချိန်ထိအောင် ၆၇ပွဲ ကစားပေးထားပြီး ၇ဂိုး သွင်းပေးထားတာလည်း ဖြစ်ပါတယ်။

ဆုတံဆိပ် ရရှိမှု အပိုင်းမှာတော့ ပွဲစဉ်ဘယ်လောက်မှ ကစားခွင့် ကောင်းကောင်း မရခဲ့ပေမယ့် ချယ်ဆီးနဲ့ အတူ ၂၀၁၄-၁၅ ခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ရတယ်၊ အဲဒီနှစ်မှာပဲ League Cup ကိုလည်း ရလိုက်တာ တွေ့ရပါတယ်။ ဂျူဗင်နဲ့ အတွဲညီတဲ့ ဂျူယန် အတွက်ကတော့ အီတလီမြေမှာအသင်းနဲ့ အတူ စီးရီးအေ ဆုဖလားကို ၂၀၁၆ မှာရော ၂၀၁၇မှာပါ ၂နှစ်ဆက်တိုက် ၂ကြိမ် ရတယ်။ ပြီးတော့ ဖလား ၂လုံး တပြိုင်နက်တည်း ရယူနိုင်မှု ကံကောင်းတဲ့ ဂျူယန်က အဆိုပါ နှစ်တွေမှာပ စီးရီးအေဖလားနဲ့ အတူ CoppaItalia ဖလားတွေကို တနှစ် ဖလား ၂လုံးစီ အပြိုင် ရယူထားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

နိုင်ငံတကာပွဲတွေမှာတော့ ကိုလံဘီယာအသင်းနဲ့ အတူ Copa America ဖလားမှာ ၂၀၁၆ ခုနှစ်က တတိယ ရခဲ့ဖူးတာ တွေ့ရပါတယ်။ တဦးချင်း ဆုတံဆိပ်ရရှိမှု အပိုင်းမှာတော့ ၂၀၁၄ ခုနှစ် FIFA ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ဂိုးရရှိရေး ဖန်တီးနိုင်မှု အများဆုံး ဖြစ်ခဲ့ပါတယ်။

Ref: www.en.m.wikipedia.org

The post အင်္ဂလန်မှ အီတလီရောက် ကစားသမား ဂျူယန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...