Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ဘရိုက်တန်အသင်း ပဲ့ကိုင်ရှင် ဖဲဝိဇ္ဇာ Tony Bloom

$
0
0

Tony Bloom ကို အလွယ်ဆုံး မိတ်ဆက်ပေးရရင်တော့ ဘောလုံး အသင်းပိုင်ရှင်၊ နာမည်ကျော် အောင်မြင်တဲ့ ပေါ်ကာ ဖဲသမား တယောက်လို့ ဆိုရမှာပါ။ The Lizard (ပုတက်လေး) အဖြစ်လည်း နာမည်ပြောင် ခေါ်ကြပါတယ်။ သူ့ကို အင်္ဂလန်နိုင်ငံ၊ ဆက်ဆက်ဇ် ပြည်နယ် ဘရိုက်တန်မြို့မှာ ၁၉၇၀ ခုနှစ်က မွေးပါတယ်။

World Series of Poker ပွဲမှာ ၁၁ ပွဲထိ အနိုင်ရဖူးတယ်၊ နိုင်ကြေး အများဆုံး အဖြစ် ၂၀၀၆ ခုနှစ်က ၅၁၂ ကြိမ်မြောက်မှာ အနိုင်ရခဲ့တယ်။ ပြီးတော့ World Poker Tour မှာလည်း နိုင်ပွဲ ၂ ပွဲ ရဖူးတာ တွေ့ရပါတယ်။ European Poker Tour မှာတော့ နိုင်ပွဲ ၁ ကြိမ် ရခဲ့ပါတယ်။ ဒါက တရားဝင် ကျင်းပတဲ့ ပွဲစဉ်ကြီးတွေမှာ အနိုင်ရမှု ဖြစ်ပြီး အပျော်တမ်း ပြိုင်ပွဲတွေမှာ အနိုင်ရမှုနဲ့ နိုင်ကြေးရမှုတွေ ကတော့ စာရင်းလုပ်ဖို့ ခက်ပါလိမ့်မယ်။

Late Night Poker ရုပ်သံ အစီအစဉ်မှာလည်း ပါဝင်ခဲ့ဖူးတာ တွေ့ရပါတယ်။ World Poker Tour လို နာမည်ကြီး ပြိုင်ပွဲတွေမှာ ပါဝင်ပြိုင်တယ်၊ Poker Million မှာလည်း နောက်ဆုံး အဆင့်ထိအောင် ၂ ခါ ရောက်ဖူးတယ်၊ သူ့ရဲ့ ပထမဆုံး ပြိုင်ပွဲကြီးမှာ အနိုင်ရတာကတော့ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ အတွင်းက ဖြစ်ပြီး မဲလ်ဘုန်းမှာ ကျင်းပတဲ့ Australasian Poker Championship မှာ အနိုင်ရခဲတာ ဖြစ်ပြီး အဆိုပါ ပွဲမှာ နိုင်ကြေး အနေနဲ့ သြစကြေးလျ ဒေါ်လာ ၄ ဒသမ ၂ သိန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သိန်း၊ ယူရို ၁ ဒသမ ၈ သိန်း) ရခဲ့တာ တွေ့ရပါတယ်။

၂၀၀၅ ခုနှစ် သြဂတ်လ ၅ ရက်နေ့ လန်ဒန်မှာ ကျင်းပတဲ့ No Limit Hold’em VC Poker Cup ကို အနိုင်ရပြီး ဆုကြေး ပေါင် ၂ သိန်း (ဒေါ်လာ ၃၅၁၄၀၁) ရတယ်။ အဆိုပါ နှစ်မှာပဲ World Series of Poker Tournament of Champions မှာ အဆင့် ၄ထိအောင် ရောက်တယ်၊ အင်္ဂလန်အသင်းနဲ့ အတူ Poker Nations Cup ကိုလည်း ဝင်ပြိင်ဖူးတယ်။

၂၀၀၈ ခုနှစ်မှာ ပြိုင်ပွဲစုံကနေ အနိုင်ရတဲ့ ဆုကြေး ဒေါ်လာ ၁ ဒသမ ၅ သန်းထိ ရရှိနေခဲ့ပါပြီ။ ပြီးတော့ ၂၀၀၉ ခုနှစ် ဇန်နဝါရီ အတွင်းမှာ ကျင်းပခဲ့တဲ့ Australian Poker Millions ရဲ့ High Rollers Challenge မှာလည်း ဒုတိယ ရပြီး ဒေါ်လာ ၆ သိန်း ထပ်ရတယ်။ ဒါတောင် ၂၀၁၀ ဒီဇင်လာ ၁၀ မှာ ကျင်းပတဲ့ Poker Million IX မှာ Gus Hansen ကို ရှုံးပြီး အဆင့် ၂ ပဲ ရလို့ အခုထက် ပိုပြီး ဆုကြေး များများ မပိုင်ဆိုင်တာပါ။ ဒါက သူ့ရဲ့ ဖဲကစားမှု အပိုင်းပါ။

ဘောလုံး အသင်းနဲ့ ပတ်သတ်ရင်တော့ အခုနှစ် ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ ဘရိုက်တန် အသင်းမှာ ဘလွန်းက ဥက္ကဌ အဖြစ်နဲ့ ၂၀၀၉ ခုနှစ်ကတည်းက ရှိနေ၊ ပိုင်ဆိုင်နေခဲ့တာပါ။ ဒီ ဘရိုက်တန်အသင်းက ၃၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပရီးမီးယားလိဂ်လို အင်္ဂလန် အမြင့်ဆုံး အမှတ်ပေး ပြိုင်ပွဲကို ပြန်လည် တန်းတက်လာ တာလည်း ဖြစ်ပါတယ်။သူဟာ အသင်းကို Dick Knight မှာ အသင်းရဲ့ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ရယူနိုင်လိုက်တာ ဖြစ်ပြီး အသင်းအောင်မြင်မှု ရဖို့ အသင်း အိမ်ကွင်း Falmer ကို အကေင်းဆုံး ပြင်ဆင်ရရှိဖို့ အတွက် ပေါင် ၉၃ သန်းလောက် ထိ အသုံးပြုခဲ့တာလည်း တွေ့ရပါတယ်။

ဘရိုက်တန် အသင်းကို သူ ပိုုင်ဆိုင်လာပြီး “ကျနော်က ဘောလုံးဝါသနာရှင် တယောက်လည်း ဖြစ်သလို ဖဲကစားရတာကို လည်း အသက် ၇ နှစ် ၈ နှစ်လောက်ကတည်းက နှစ်သက်ခဲ့တာပါ” လို့ ပြောတာ တွေ့ရပါတယ်။ ဘရိုက်တန်အသင်းမှာလည်း ဘလွန်းရဲ့ ဦးလေးဖြစ်သူ Ray က အသင်း ဒါရိုက်တာ အဖြစ်ရော သူ့အဖိုး ဖြစ်သူ Harry က လက်ထောက် ဥက္ကဌ အဖြစ်ပါ ၁၉၇၀ ပြည့်နှစ်တွေက တာဝန်ယူခဲ့ဖူးတာ တွေ့ရပါတယ်။ မြို့ခံလည်း ဖြစ်၊ အသင်းနဲ့လည်း နီးစပ်သူမို့ အသင်းကို ရယူ အကောင်းဆုံး ဖြစ်အောင် ရင်းနှီးနေခဲ့တာလည်း ဖြစ်ပါတယ်။

အသင်းမှာ ဘလွန်း ဥက္ကဌ ဖြစ်လာတော့ ဥရုဂွေးက Gus Poyet ကို မန်နေဂျာ အဖြစ် တာဝန်ပေးတယ်၊ ၂၀၁၃ ခုနှစ် ထိအောင် Poyet က အသင်းမှာ နေခဲ့ပြီး အဆိုပါ နှစ်မှာ တန်းတက်ခွင့် အတွက် ခရစ်စတယ်ပဲလေ့နဲ့ ရှုံးထွက်ပွဲမှာ ရှုံးလို့ Poyet လည်း အသင်းက ထွက်သွားခဲ့ပါတယ်။.

၂၀၁၃ ဇွန်မှာ ဘလွန်းက Oscar Garica ကို နည်းပြသစ် အဖြစ် တာဝန်ပေးတယ်။ ဒါပေမယ့် ၂၀၁၄ မေလအတွင်း ဒါဘီကောင်တီကို ရှုံးလို့ Gracia လည်း အသင်းက ထပ်ထွက်သွားပါတယ်။ နောက်တော့ လီဗာပူးလ်ကစားသမားဟောင်း Sami Hyypia ရောက်လာပါတယ်။

ဒါပေမယ့် အောင်မြင်မှု မရပဲ ပြန်ထွက်သွားခဲ့ပြီး အခု လက်ရှိ နောက်ဆုံး နည်းပြ Chris Hugton ရောက်လာမှ အသင်းလည်း တန်းတက်ခွင့် ရလာတာမို့ အောင်မြင်လာတယ် လို့ ဆိုရမှာပါ။ ဒါက ဘလွန်းတယောက် နည်းပြ အပြောင်းအလဲတွေ လုပ်ပြီး ဘရိုက်တန်ကို တန်းတက်ခွင့်ရဖို့ ကြိုးစားခဲ့တာတွေ ဖြစ်သလို သူ့ရဲ့ ဘ၀ ဖြတ်သန်းမှု ပုံရိပ် တချို့ပဲ ဖြစ်ပါတယ်။

Ref: www.en.m.wikipedia.org

The post ဘရိုက်တန်အသင်း ပဲ့ကိုင်ရှင် ဖဲဝိဇ္ဇာ Tony Bloom appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...