Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

အင်္ဂလန်က ဖူဟမ်အသင်းကို ပိုင်ဆိုင်သူ ပါကစ္စတန်ဖွား အမေရိကန်နိုင်ငံသား ရှာဟစ်ခမ်း

$
0
0

အရင်က ဖူဟမ် အသင်းဆိုတာ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲတွေထဲက အမြင့်ဆုံး ပရီးမီးယားလိဂ်မှာ ကိုပဲ ထင်ရှား အားကောင်းတဲ့ ဘောလုံးအသင်းတသင်း၊ အခုနှစ်တွေ ထဲမှာတော့ ဖူဟမ်က အားနည်း မှေးမှိန်သလို ဖြစ်နေတဲ့ အနေအထား၊ ဒါဟာ အသင်းပိုင်ရှင်ရဲ့ အသင်းအပေါ် ငွေသုံးစွဲ အားစိုုက်မှု နည်းလို့ ဒီလို ဖြစ်ရတာလား….၊

ရှာဟစ်ခမ်း (Shahid Khan) က ဖူဟမ်ရဲ့ ပိုင်ရှင်။ ၁၉၅၀ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့မှာ ပါကစ္စတန်မှာ မွေးခဲ့တဲ့ အမေရိကန် နိုင်ငံသား ဘီလီယံနာ သူဌေးကြီး တဦး၊ စီးပွားရေး လုပ်ငန်းတွေ အများကြီး ပိုင်ဆိုင်တယ်၊ ဒါပေမယ့် စီးပွားရေးမှာ အောင်မြင်ပြီး ဘောလုံး အသင်းကိုတော့ အောင်မြင်မှု ရအောင် မစွမ်းဆောင်နေတဲ့ အခြေအနေ….၊

တကယ်ဆို ရှာဟစ်ခမ်းရဲ့ လုပ်ငန်းလုပ်ကိုင်မှု အနေအထားတွေကို ကြည့်မယ် ဆိုရင် အားကစားပိုင်းမှာ ပိုပြီးများပါတယ်။ အမေရိကန် NFL အမှတ်ပေးပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ Jacksonville Jaguars အသင်းကိုလည်း ပိုင်ထားသလို အင်္ဂလန် ကလပ် အသင်းဖူဟမ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ အခြား လုပ်ငန်းဆိုလို့ အမေရိကန်နိုင်ငံ၊ အီလီနွိုက်မှာ ရှိတဲ့ ကားအပိုပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း Flex-N-Gate ကိုလုပ်ကိုင်နေတာ တခုပဲ တွေ့ရပါတယ်။

ရှာဟစ်ခမ်းကို မွေးတာက ပါကစ္စတန်မှာ၊ ဒါပေမယ့် အခုတော့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်က နေပယ်မှာ နေထိုင်ပါတယ်။ အမေရိကန် နိုင်ငံသားခံယူထားသူပါ။ တချို့ကလည်းသူ့ကို ရှက်ဒ်ခမ်း (Shad Khan) လို့လည်း လူသိများ တယ်၊ စက်မှုထုတ်ကုန် အင်ဂျင်နီယာဘွဲ့နဲ့ ကျောင်းပြီးတယ်၊ အခုနှစ် မေလအတွင်းက စာရင်းတွေ အရဆိုရင် ခန်းက အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံလောက် ပိုင်ဆိုင်ချမ်းသာနေတဲ့ သူဌေးကြီးတဦး၊ သူ့ရဲ့ ဇနီးက Ann Carlson Khan ၊ သားသမီး ၂ ယောက်ရှိတယ်။

၂၀၁၂ ခုနှစ်အတွင်းက Forbes မဂ္ဂဇင်းရဲ့ ခေါင်းကြီးပိုင်း ဆောင်းပါးမှာ သူ့ အကြောင်း ဖော်ပြခံရလောက်သည်ထိ စီးပွားရေး နယ်ပယ်မှာ အောင်မြင်ထင်ရှား လူသိများတယ်။ အခုလထဲမှာ နောက်ဆုံးစာရင်းတွေ အရ ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံလောက်ထိ ချမ်းသာတယ်လို့လည်း ပြောကြပါတယ်။ အမေရိကန်မှာ အချမ်းသာဆုံးလူ ၄၀၀ စာရင်းမှာသူက အဆင့် ၇၀ ချိတ်တယ်၊ တကမ္ဘာလုံးမှာ ရှိတဲ့ အချမ်းသာဆုံး လူစာရင်းမှာလည်း သူက အဆင့် ၁၅၈ ချိတ်ပြန်ပါတယ်၊ ဒါက Frobes ကနေ ထုတ်ပြန်တဲ့ စာရင်းအရ ဖြစ်သလို ပါကစ္စတန် နွယ်ဖွားတွေထဲမှာတော့ လက်ရှိ ရှာဟစ်ခမ်းက အချမ်းသာဆုံးပါ။

ရှာဟစ်ခမ်း ရဲ့ မိခင်က သင်္ချာပါမောက္ခတဦး၊ သူမက ၁၉၆၇ ခုနှစ်၊ ရှာဟစ်ခမ်း ၁၆ နှစ်သားမှာ အမေရိကန်ကို ရောက်လာ တယ်၊ ခမ်းရဲ့ ပထမဆုံး အမေရိကန် ညချမ်းက ၂ ဒေါ်လာတန် Y-YMCA တက္ကသိုလ် တည်းခိုခန်းမှာ အိပ်ခဲ့ရတယ်၊ သူ့ရဲ့ ပထမဆုံး အလုပ်က တနာရီ ၁ ဒသမ ၂၀ ဒေါ်လာ ရတဲ့ ပန်းကန်ဆေး အလုပ်၊ အလုပ်တဖက်နဲ့ ခမ်းကျောင်းတက်ခဲ့တယ်၊ ၁၉၇၁ ခုနှစ်မှာ UIUC ကောလိပ်ကနေ စက်မှုထုတ်ကုန် အင်ဂျင်နီယာဘာသာနဲ့ B.Sc. ရတယ်၊ သူဟာ ဆွန်နီ (Sunni) မွတ်စလင် တဦး ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့တာတွေ့ရသလို ၁၉၉၉ ခုနှစ်မှာ Mechanical Science and Engineering Distinguished Alumni ဆု ချီးမြှင့်ခြင်း ခံထားရသူပါ။

ဖူဟမ်နဲ့ ပတ်သတ်လို့တော့ ၂၀၁၃ ခုနှစ် ဇူလိုင်မှာအရင် ပိုင်ရှင် Mohamed Al Fayed ဆီကနေ လန်ဒန်အခြေစိုက် ဖူဟမ်ကို ဝယ်လိုက်တာ ဖြစ်ပြီး၊ ပေါင် သန်း ၁၅၀ နဲ့ ၂၀၀ အတွင်း ဈေးနှုန်းနဲ့ ဝယ်ယူထားတာ လို့ သိရပါတယ်။ တရားဝင် ဈေးနှုန်း ထုတ်ပြန်ချက် မသိရပါဘူး။ ဖူဟမ် မတိုင်ခင် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှာ NFL အသင်း ဖြစ်တဲ့ Jacksonville Jaguars အသင်းကို ဝယ်ဖို့ စတင် ကြိုးစားခဲ့တာတွေ့ရပြီး အသင်းရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းလောက်ကို စုစည်း ရယူနိုင်လာတာတွေ့ရပါတယ်။

ဒီလို ရှယ်ယာအများအပြား ပိုင်သွားခဲ့လို့လည်း အသင်းရဲ့ ဆုံးဖြတ်ချက် အများစုကို လုပ်ဆောင်ခွင့် ရလာခဲ့ပါတယ်။ နောက်ဆုံး ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၂၉ မှာတော့ အသင်းတခုလုံးကိုပါ ရယူနိုင်ဖို့ အခြားရှယ်ယာရှင်တွေဆီကနေ သဘောတူမှု ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ အသင်းရဲ့ ၁၀၀ ရာခိုင်နှုန်းကို ခမ်းက ပိုင်ဆိုင်သွားပါတယ်။

ဒီ အရောင်းအဝယ်မှာလည်း ဈေးဘယ်လောက်နဲ့ ဝယ်လိုက်တယ် မဖော်ပြပေမယ့် ခန့်မှန်းခြေ ဒေါ်လာသန်း ၇၆၀ ဖိုးလောက် ပေးချေ ဝယ်ယူလိုက်ရတာ ဖြစ်ပါတယ်။ ဒါက အမေရိကန် Jacksonville Jaguars နဲ့ အင်္ဂလန် ကလပ် ဖူဟမ် အသင်း အပေါ်မှာ ခမ်းရဲ့ ပိုင်ဆိုင်လာမှုတွေ ဖြစ်ပြီး အခြားလုပ်ငန်းကြီး တခု ဖြစ်တဲ့ Flex-N-Gate ကတော့ ၂၀၁၁ ခုနှစ် အတွင်းကနေ စတင်ပြီး ဝန်ထမ်း တသောင်းခွဲ နီးပါးခန့်ထား လုပ်ကိုင်နေတဲ့ လုပ်ငန်းတခု ဖြစ်ကာ အမေရိကန်မှာ ၄၈ ခုမြောက် အကြီးဆုံး စက်မှုထုတ်ကုန် လုပ်ငန်းအဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။ စာရင်းတွေ အရ ဒီလုပ်ငန်းကနေ တနှစ်ကို ဝင်ငွေ ဒေါ်လာ ဘီလီယံ ၃ ဘီလီယံလောက် ရှိတယ် လို့ သိရပါတယ်။ ။

Ref: www.en.m.wikipedia.org

The post အင်္ဂလန်က ဖူဟမ်အသင်းကို ပိုင်ဆိုင်သူ ပါကစ္စတန်ဖွား အမေရိကန်နိုင်ငံသား ရှာဟစ်ခမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...