Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ပြင်သစ်ထိပ်တန်းကလပ်အသင်းတခုဖြစ်တဲ့ Olympique de Marseille

$
0
0

ပြင်သစ် ပြည်တွင်းအမှတ်ပေးဘောလုံး ပြိုင်ပွဲ Ligue 1ဆိုတာက ဥရောပအဆင့်မှာဆိုရင် အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမ နီတွေပြီးရင် သတ်မှတ်ချက်အဆင့် အမြင့်ဆုံးနဲ့ လူစိတ်ဝင်စားမှု အများဆုံးဘောလုံး ပြိုင်ပွဲတပွဲပါ။

အထူးသဖြင့်တော့ ဘောလုံးလောကနဲ့ အလှမ်းဝေးသူတချို့တောင်မှ PSG ဆိုတဲ့အသင်းကို ကြားဖူးသလိုသူနဲ့အတူ ပြင်သစ် အမှတ်ပေးပွဲကိုလည်း သိကြပါတယ်။ အခုပြောမယ့်အသင်းကတော့ မာဆေးလို့ ပြည်တွင်းမှာ လူသိများတဲ့ Olympique de Marseille ဖြစ်ပါတယ်။

အသင်းကိုနာမည်ပြောင်အဖြစ် The Olypmians အဖြစ်ရော The Phocians အဖြစ်ရော ခေါ်ကြပါတယ်။ နာမည်အ တိုကောက်မှတ်ယူမှု အဖြစ် OM လို့ခေါ်ပါတယ်။
အသင်းကို ၁၈၉၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ လွန်ခဲ့တဲ့ ၁၁၈နှစ်ကစတင် တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။ အိမ်ကွင်းအဖြစ် StadeVelodrome ကို အသုံးပြု လက်ခံကစားပါတယ်။

ဒီကွင်းက ပြင်သစ်မှာရှိတဲ့ ဘောလုံးကွင်းတွေထဲမှာအကြီးဆုံး စာရင်းဝင် ကွင်းတကွင်း ဖြစ်ပြီး ပရိတ်သတ် ၆၇၃၉၄ ဦး ထိအောင် ဆံ့ပါတယ်။

အသင်းကို Frank McCourt ကနေ ပိုင်ဆိုင်ထားပြီး အသင်းဥက္ကဌအဖြစ် Jaccques-Henri Eyraudက တာဝန်ယူနေသလို အသင်းနည်ပြအဖြစ်တော့ လက်ရှိမှာ Rudi Garciaက တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

လက်ရှိ ပြင်သစ် အမှတ်ပေးပြိုင်ပွဲတွေထဲမှာအမြင့်ဆုံးအမှတ်ပေးပြိုင်ပွဲ ဖြစ်တဲ့ Ligue 1မှာ ကစားနေပြီး အရင်နှစ်ကအဆင့် ၅နဲ့ ရာသီသိမ်းနိုင်သည်ထိအောင် ဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ထားတာလည်း ဖြစ်ပါတယ်။

အိမ်ကွင်းအဖြစ် အဖြူရောင်ပေါ်မှာအပြာရောင် လိုင်းစင်းပါ အကျီ ၤ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားပါတယ်။ အဝေးကွင်းမှာတော့ အကျီ ၤက အပြာနုရောင်၊ ဘောင်းဘီက အပြာ ရောင်နဲ့ ခြေအိတ်ကအပြာနုရောင် ခြေအိတ်မှာ အပြာရောင် လည်ပင်းအရစ်နဲ့ ဝတ်ဆင်ကစားတာဖြစ်ပါတယ်။ တတိယဝတ်စုံအဖြစ်နဲ့တော့ ခရမ်ရောင်ပေါ်မှာ အဖြူရောင် အစင်းလေးတွေ ပါရှိတဲ့အကျီ ၤ၊ ဘောင်ဘီးနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

အခုချိန်ထိအောင် စာရင်းတွေ အရ ကြည့်မယ် ဆိုရင် ပြင်သစ်ရဲ့ အမြင့်ဆုံးအမှတ်ပေးချန်ပီယံအဖြစ် ၁၀ ကြိမ်ထိ အောင် ဖြစ်ခဲ့ဖူးပြီး Ligue 1အမည်နဲ့ ပွဲစဉ်တွေ ကျင်းပနေချိန်အတွင်းမှာ ၉ ကြိမ်ထိအောင် ချန်ပီယံ ဖြစ်ခဲ့တာတွေ့ ရပါ တယ်။

ပြင်သစ် ပြည်တွင်းဖလားတခုဖြစ်တဲ့ Coupe de France ကိုလည်း ၁၀ကြိမ်ထိ ရယူပြီး စံချိန်တင်ထားတာတွေ့ရပါတယ်။ ပြီးတော့ ၁၉၉၃ခုနှစ် အတွင်းက နည်းပြ Raymond Goethals လက်ထက်မှာအသင်းက ပြင်သစ် အခြေစိုက်အ သင်းတွေထဲက ပထမဆုံးနဲ့ တကြိမ်တည်းသော ဥရောပချန်ပီယံလိဂ်ဖလားကို ရယူထားနိုင်တာတွေ့ရပါတယ်။

ဒါဟာPSG နဲ့ မိုနာကိုလို နာမည်ကျော် အသင်းတွေကို ကျော်ဖြတ်ပြီး ပြင်သစ်အသင်းတွေထဲက ဥရောပ အဆင့် အောင် မြင်ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အသင်းနဲ့ ပတ်သက်တဲ့ နောက်ထပ်စံချိန်တခုကိုလည်း ပြောရမယ်ဆိုရင် မာဆေးက ပရိတ်သတ် အများဆုံးရှိတဲ့ ပြင်သစ် အသင်းအဖြစ် ရပ်တည်နေပြီး ပျမ်းမျှတပွဲအတွက် ပရိတ်သတ်အများဆုံးလာရောက် အားပေးတဲ့အသင်းအဖြစ်လည်း ရပ်တည်နေတာပါ။

ဒါကြောင့်လည်း အဆိုပါ ပရိတ်သတ်တွေဆီကနေ ဝင်ငွေရရှိမှုအရ ၂၀၁၂ ခုနှစ်ကထုတ်ပြန်တဲ့ စာရင်းတွေအရဆိုရင်ပဲ အသင်းကတစ်နှစ် ဝင်ငွေ ယူရို ၁၃၅.၇သန်းလောက် ရှိပြီး ဝင်ငွေ အကောင်းဆုံးအသင်းစာရင်းမှာ ကမ္ဘာ့အဆင့် ၁၆ ဆင့်မြောက် ဝင်ငွေအကောင်းဆုံးအသင်း ဖြစ်လာပါတယ်။

မာဆေးရဲ့ အိမ်ကွင်း အကြောင်းပြောရရင် ၁၉၀၄ခုနှစ်ကနေ ၁၉၃၇ခုနှစ်ထိအောင် Stade de I’Huveaune မှာ လက်ခံ ကစားခဲ့ပါတယ်၊ အဆိုပါ ကွင်းက ပရိတ်သတ် ၁၅၀၀၀လောက် ဆံ့ခဲ့ပါတယ်။

အဲဒီနောက်နှစ်မှာတော့ အခုအိမ်ကွင်း StadeVelodrome ကို ရောက်လာပါတယ်။ ဒီကွင်းက အစပိုင်းမှာ ပရိတ်သတ် ၄၀၀၀၀ ဆံ့ပေမယ့် ၂၀၁၁ခုနှစ်မှာတော့ တိုးချဲ့မှုတွေ လုပ်ဆောင်ခဲ့ပြီး ပရိတ်သတ် ၆၀၀၃၁ထိအောင် ဆံ့လာတယ်၊ အ ပြီးသတ် ပြင်ဆင်မှုတွေ ၂၀၁၄ခုနှစ်မှာ ပြီးမြောက်သွားခဲ့ပြီး နောက်ဆုံးပရိတ်သတ် ၆၇၀၀၀ကျော်ထိအောင် ဆံ့လာတာ ဖြစ်ပါတယ်။

အောင်မြင်မှု ရရှိမှုအပိုင်းမှာတော့ အထက်မှာပြောခဲ့တဲ့ အောင်မြင်မှုတွေအပြင် Ligue 2ကို တန်းဆင်းကစားရချိန် ၁၉၉၄-၉၅ခုနှစ်မှာဖလားရတယ်၊ Championnate de France Amatureကို ၁၉၂၉ခုနှစ်က ရဖူးတယ်၊ Coupe de la Ligueကို ၃ ကြိမ်ရဖူးတယ်၊ Trophee des championsကို ၃ ကြိမ်၊ Coupe Charles Dragoကို တကြိမ်ရဖူးတာ တွေ့ရပါတယ်။

နိုင်ငံတကာပြိုင်ပွဲမှာတော့ ချန်ပီယံလိဂ် ဖလားရဖူးသလို ၁၉၉၀-၉၁ခုနှစ် ရာသီမှာလည်း ချန်ပီယံလိဂ်မှာ ဒုတိယရ ဖူးသေးတာတွေ့ရပါတယ်။

ယူရိုပါလိဂ်မှာတော့ ဖလားမရဖူးပေမယ့် ဒုတိယ ၂ကြိမ်ရဖူးတယ်၊ IntertotoCup ကို ၂၀၀၅နဲ့ ၂၀၀၆ခုနှစ်တွေမှာလည်း ၂နှစ်ဆက် ရဖူးတာလည်းတွေ့ရပါတယ်။

အသင်းသားတွေထဲကအောင်မြင်မှုမှာဆိုရင်လည်း ဒီနေ့ခေတ် ဘောလုံးသမားတွေထဲမှာ သြဇာအကြီးဆုံးဆုဖြစ်တဲ့ Ballond’Orဆုကို ပြင်သစ် ကစားသမား Jean Pierre Papin က မာဆေးမှာ ကစားနေစဉ် ၁၉၉၁ ခုနှစ်က ရရှိဖူးတာ လည်းတွေ့ရပါတယ်။

http://en.m.wikipedia.org/wiki/Olympique_de_Marseille

The post ပြင်သစ်ထိပ်တန်းကလပ်အသင်းတခုဖြစ်တဲ့ Olympique de Marseille appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...