Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ဒေါ်အောင်ဆန်းစုကြည် အတွက် ငြိမ်းချမ်းရေးဆု တောင်းပေးလိုက်တဲ့ အောင်လအန်ဆန်း

$
0
0

ကမ္ဘာ့ ကိုယ်ခံပညာ ဘက်စုံသုံး (MMA) ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ကချင် တိုင်းရင်းသား အောင်လအန်ဆန်း အနေနဲ့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ညီညွတ်ငြိမ်းချမ်းမှုနဲ့ အနာဂတ်ကို ဦးဆောင်သွားနိုင်ဖို့ ဆုတောင်း စကား ဆိုလိုက်ပါတယ်။

အောင်လအန်ဆန်းက “ကျနော်တို.တွေအားလုံး ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်းနဲ.စည်းလုံး ညီညွတ်မှု ရှိပြီး အောင်မြင်စွာ နေထိုင်နိုင်ဖို့ အတွက် ဒီနေ့ ခေါင်းဆောင်များနဲ့ အနာဂတ် လူငယ်များ အတွက် အန်တီစုက အမြဲတမ်း မားမား မတ်မတ်နဲ့ ဦးဆောင်သွားနိုင်ပါစေလို့ ကျနော် ဆုတောင်း ပေးလိုက်ပါတယ်ဗျာ” လို့ ဆုတောင်းစကားကို လူမှုကွန်ရက် စာမျက်နှာ ကနေ ဖော်ပြခဲ့ပါတယ်။

မနေ့က တွေ့ဆုံမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဝင်ဘာ ၃ ရက်နေ့ ထိုးသတ်မယ့်ပွဲစဉ်မှာ အောင်လအန်ဆန်း အနေနဲ့ အနိုင်ရရှိဖို့ ဆုတောင်းပေးခဲ့ပြီး အနိုင်ရရှိမည်ကိုလည်း ယုံကြည်ကြောင်း ပြောဆိုခဲ့မှုကို နိုင်ငံတော် အတိုင်ပင်ခံရုံး က ထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံသား ခံယူထားခဲ့ပေမယ့် မြန်မာနိုင်ငံ ကိုယ်စားပြုကာ ပြိုင်ပွဲဝင်နေတဲ့ အောင်လအန်ဆန်းဟာ ကချင် ပြည်နယ် အတွင်း စစ်ပွဲတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်း ညီညွတ်စေချင်တဲ့ သူ့ရဲ့ သဘောထားကို မကြာခဏ ထုတ်ပြောလေ့ ရှိပြီး ကချင်ဒေသက စစ်ဘေးရှောင်တွေကို လှူဒါန်း ကူညီမှုပေးဖို့ သူ့ရဲ့ အကျီၤတွေ၊ လက်အိတ်တွေနဲ့ အသုံးအဆောင် တွေ ကို လေလံတင် ရောင်းချမှုတွေလည်း ပြုလုပ်ခဲ့သူပါ။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် အတွင်း ပထမဆုံး ထိုးသတ်ကာ နိုင်ပွဲရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာပင် အောင်လအန်ဆန်းက “ကချင်ပြည်နယ်မှာ အခု စစ် ဖြစ်နေတယ် အားလုံးကျေးဇူပြု၍ ကူညီနိုင်သလောက် ကူညီကြပါ။ မြန်မာလူမျိုးက အားလုံး စုပေါင်းပြီးလုပ်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်” လို့ ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ ပတ်သက်လို့ ထုတ်ပြောခဲ့ပါတယ်။

အောင်လအန်ဆန်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင်ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

၂၀၁၇ ခုုနှစ် ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပတဲ့ Light of a Nation MMA ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့တဲ့ အောင်လအန်ဆန်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ပြု စာလွှာ ပေးအပ်ခဲ့ပြီး တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများကလည်း ဂုဏ်ပြုငွေ ကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ပါတယ်။

အောင်လအန်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်
Aung La Nsang facebook

လတ်တလော အခြေအနေအရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား ရံဖန်ရံခါ တိုက်ပွဲများ လည်း ဖြစ်ပွားနေတဲ့အတွက် ကချင် တိုင်းရင်းသား တဦးဖြစ်တဲ့ အောင်လအန်ဆန်း အနေနဲ့ အခုလို အစိုရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ရင်းနှီးစွာ တွေ့ဆုံနိုင်ခဲ့တဲ့အပေါ် ငြိမ်းချမ်းရေး အထောက်အကူပြုဖို့ မေးခွန်းတွေလည်း ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ယူပြီး နောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေး အတွက် ၂၁ ပင်လုံ ညီလာခံတွေ ကျင်းပနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ အစိုးရ၊ တပ်မတော် တို့ကြား အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

အောင်လအန်ဆန်း ရဲ့ နိုဝင်ဘာ ၃ ရက်နေ့ ပွဲအတွက် ကြော်ငြာ ဒီဇိုင်း
Aung La Nsang facebook

အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်းကြားက လှုပ်ရှားနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတွေ့ဖူးသမျှ လူပုဂ္ဂိုလ်တွေထဲမှာ ရိုးသားဖြောင့်မတ်မှု အရှိဆုံး ပုဂ္ဂိုလ်တဦး ဖြစ်တယ်လို့ လည်း အောင်လအန်ဆန်းက ဆိုထားပါတယ်။

အောင်လအန်ဆန်း အနေနဲ့ ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်တဲ့ မြန်မာ့မြေပေါ်မှာ လေးပွဲမြောက် ပွဲစဉ်အဖြစ် ကိုယ့်ထက် ဝိတ်တန်း မြင့်တဲ့ စိန်ခေါ်သူ ဟောင်ကောင်နိုင်ငံသား ကင်မရွန်းနွယ်ဖွား Alain Ngalani နဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ထိုးသတ်တော့မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အောင်လအန်ဆန်း အနေနဲ့ နိုင်ငံဂုဏ်၊ အမျိုးဂုဏ် ဆောင်နိုင်ဖို့အတွက် အောင်မြင်မှုရရှိစေဖို့ မေတ္တာပို့ ဆုတောင်း ပေးကြောင်း ကချင် အမျိုးသား အတိုင်ပင်ခံအဖွဲ့မှ လူငယ်တာဝန်ခံ ဆရာတန်ဂွန်းက ပြောဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဇာတိဖြစ်တဲ့ အောင်လအန်ဆန်းကို ၁၉၈၅ ခုနှစ် မေလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ ခိုင်မြဲသန်မာတဲ့ ချုပ်ကိုင် ကစားဟန်တွေကြောင့် MMA ပြိုင်ပွဲတွေမှာ မြန်မာ့ စပါးအုံးမြွေ (Burmese Python)လို့ လူသိ များသူလည်း ဖြစ်ပါတယ်။ ။

The post ဒေါ်အောင်ဆန်းစုကြည် အတွက် ငြိမ်းချမ်းရေးဆု တောင်းပေးလိုက်တဲ့ အောင်လအန်ဆန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...