Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

လီဗာပူးလ်ကွင်းလယ်ရဲ့ ပဲ့ကိုင်ရှင် အဒမ်လာလန်နာ

$
0
0

အဒမ်လာလန်နာ (Adam Lallana) ရဲ့ နာမည် အပြည့်အစုံက Adam David Lallana ဖြစ်ပြီး ၁၉၈၈ ခုနှစ် မေလ ၁၀ ရက်နေ့မှာ မွေးတာကြောင့် အခု အသက် ၂၉နှစ်ပါ။ လီဗာပူးလ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်တာကြောင့် ကစားမယ် ဆိုရင် ၃၅နှစ် ဝန်းကျင်လောက်ထိ ကစားနိုင်မယ့် အခွင့်အလမ်း ရှိနေပါတယ်။ အီတလီက ပီယာလို၊ ပြင်သစ်က ရီဘာရီတို့ဆိုရင် ၃၅ နှစ် ဝန်းကျင်ထိ ခြေစွမ်းပြ ကစားနိုင်ကြတာ တွေ့ရပါတယ်။

အဒမ်လာလန်နာ ကို အင်္ဂလန်က စိန့်အယ်ဘန်းမှာ မွေးတယ်၊ အရပ် ၅ ပေ ၈ လက်မ၊ ကွင်းလယ် တိုက်စစ်မှူး အဖြစ်ရော တောင်ပံ ကစားသမား အဖြစ်ပါ ကစားကွက် လိုအပ်ချက် အတိုင်း ဝင်ကစားနိုင်တာ တွေ့ရပါတယ်။

ကျောနံပါတ် ၂၀ ကို ဝတ်တယ်၊ လူငယ်ကစားသမား ဘဝကိုတော့ ဘုန်းမောက်မှာ စခဲ့တယ်၊ ၂၀၀၀ ခုနှစ် ဝန်းကျင်မှာ ဘောလုံးလောကကို ခြေချလာတဲ့ အဒမ်လာလန်နာ။ သိပ်မကြာလိုက်ဘဲ အဲဒီနှစ်မှာပဲ ဆောက်သမ်တန်ကို ရောက်လာ ပါတယ်၊ ၂၀၀၆ ခုနှစ်ထိ ဆောက်သမ်တန် အသင်းမှာ ဘောလုံး ပညာ သင်နေခဲ့တယ်၊ ၂၀၀၆ခုနှစ်မှာ လူငယ်အသင်း ကနေ ဆောက်သမ်တန် လူကြီး အသင်းကို ရောက်လာတယ်။၂၀၁၄ ခုနှစ်ထိ ဆောက်သမ်တန်ရဲ့ သစ္စာတော်ခံ အဖြစ် ရှိနေခဲ့တာပါ။

ဆောက်သမ်တန်မှာ ကစားနေတဲ့ ၈ နှစ်တာ ကာလအတွင်း ၂၀၀၇ ခုနှစ် တနှစ်ပဲ ဘုန်းမောက်ကို အငှားချခံရဖူးပြီး ကျန်တဲ့ နှစ်တွေမှာတော့ ဆောက်သမ်တန်မှာ ရှိနေခဲ့ပါတယ်။ ၂၀၁၄ အရောက်မှာတော့ ကွင်းလယ် ကစားသမားကောင်း ရှာနေတဲ့ လီဗာပူးလ် အသင်းရဲ့ ခေါ်ယူခြင်း ခံရပြီး အခုတော့ အခု အင်္ဂလန်ရဲ့ ဒုတိယမြောက် အအောင်မြင်ဆုံး ကလပ်အသင်းမှာ ၃ နှစ်တာ ခရီးဆက်နိုင်နေပြီ ဖြစ်ပါတယ်။

အင်္ဂလန် အသင်းအတွက် ၂၀၀၆ ခုနှစ် အတွင်း U18 အသင်းမှာ ကတည်းက ပါဝင်ကစားနေခဲ့တာ ဖြစ်ပြီး နှစ်အလိုက် U19, U21 အသင်းတွေ အတွက်ပါ ကစားပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးဝင် အသင်း အတွက်ကတော့ ၂၀၁၃ ခုနှစ်က စပြီး ပါဝင်ကစားနေခဲ့တာပါ။

ဂိုးသွင်းယူနိုင်မှု အနေအထားတွေကို ကြည့်မယ် ဆိုရင် ကလပ်အသင်း အတွက် ဆောက်သမ်တန်မှာ ၈ နှစ် အတွင်း ၂၃၅ ပွဲ ကစားတယ်၊ ဂိုးပေါင်း ၄၈ ဂိုး သွင်းတယ်၊ ဘုန်းမောက်ကို အငှားသွား ရချိန် အတွင်း ၃ ပွဲကစားတယ်၊ လီဗာပူးလ် အတွက်ကတော့ ၃ နှစ် အတွင်း ၈၈ ပွဲ ကစားပြီး ၁၇ ဂိုး ရအောင် ကစားပေးထားတာ တွေ့ရပါတယ်။

လာလန်နာနဲ့ ပတ်သက်ပြီး ထူးခြားချက် အနေနဲ့ ဆိုရင် ဆောက်သမ်တန်မှာ ကစားနေချိန် ၂၀၁၂ ခုနှစ် အတွင်းက စပြီး အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားခွင့် ရခဲ့တယ်၊ ၂၀၁၄ ခုနှစ် ဇူလိုင်လ အတွင်း လီဗာပူးလ်ကို ရောက်လာ တော့ အသင်း စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ပြောင်းလာခဲ့တယ်၊ ၂၀၁၃ ခုနှစ်ကနေ စတင်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းမှာ ကစားချိန် ကစားသမားကောင်း များစွာ ရှိနေပေမယ့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားနဲ့ ၂၀၁၆ ခုနှစ် ယူရိုဖလား ပွဲစဉ်တွေမှာ အင်္ဂလန် အသင်းအတွက် ရွေးချယ်ခံရလို့ ပါဝင်ခွင့် ရထားတာတွေပဲ ဖြစ်ပါတယ်။

ကလပ်အသင်းနဲ့ အတူ အောင်မြင်မှုတွေ ကြည့်မယ် ဆိုရင် ဆောက်သမ်တန်မှာ ကစားချိန် ၂၀၁၁ ခုနှစ် အတွင်း Football League One မှာ ဒုတိယ ၁ ကြိမ်၊ ၂၀၁၂ ခုနှစ် Football League Championship မှာ ဒုတိယ ၁ ကြိမ်၊ Football League Trophy ကို ၂၀၁၀ ခုနှစ်က ၁ ကြိမ်ဗိုလ်စွဲထားနိုင်ခဲ့တာ တွေ့ရပါတယ်။ အသင်းကြီး ဖြစ်တဲ့ လီဗာပူးလ်မှာတော့ သိသာတဲ့ အောင်မြင်မှု မရသေးပေမယ့် အရင်ဂျာမနီကလပ် ဒေါ့မန်ရဲ့ နည်းပြ ကလော့ ရောက်လာပြီး အသင်းကို အောင်မြင်မှု လမ်းကြောင်းပေါ် ဆွဲတင်နေတာကြောင့် မကြာခင် ဆုတံဆိပ်တွေ ရယူလာနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေတာပါ။

တဦးချင်း ဆုတံဆိပ် ရရှိမှုမှာတော့ ၂၀၁၃-၁၄ ရာသီ အားကစား ကလောင်ရှင်များ အဖွဲ့ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး အသင်း လူစာရင်းမှာ ပါခဲ့တယ်၊ ၂၀၁၁-၁၂ ရာသီ အင်္ဂလန် ချန်ပီယံရှစ် တနှစ်တာ အကောင်းဆုံး အသင်း လူစာရင်းမှာလည်း ပါဖူးတယ်၊ ၂၀၁၀-၁၁ ခုနှစ် လိဂ် ၁ ကို တန်းဆင်းရချိန် တနှစ်တာ အကောင်းဆုံး လိဂ် ၁ အသင်း လူစာရင်းမှာလည်း ပါခဲ့တယ်၊ ၂၀၁၅ ခုနှစ် အတွင်း The Football Manager Team of the Year မှာလည်း ပါဝင်ခဲ့ပြီး အရင်နှစ်က ဆိုရင် ခြေစွမ်းပြ ကစားနိုင်မှုနဲ့ အတူ ၂၀၁၆ ခုနှစ်ရဲ့ တနှစ်တာ အကောင်းဆုံး အင်္ဂလန်ကစားသမား အဖြစ် ရွေးချယ်ခံထားရတာလည်းေ တွ့ရပါတယ်။

Ref: www.en.m.wikipedia.org

The post လီဗာပူးလ်ကွင်းလယ်ရဲ့ ပဲ့ကိုင်ရှင် အဒမ်လာလန်နာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...