Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

တတိယအကြိမ် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲ နိုဝင်ဘာတွင် ကျင်းပမည်

$
0
0

တတိယအကြိမ် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (World Lethwei Championship) မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၄ ရက်နေ့တွင် သုဝဏ္ဍအမျိုးသား အားကစားရုံ ၁ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုတကြိမ် WLC ပြိုင်ပွဲတွင် ပွဲစဉ် ၈ ရှစ်ပွဲပါဝင်မည်ဖြစ်ပြီး တွဲဆိုင်းများအနေဖြင့် တူးတူးနှင့် ဘာဒါတို၊ စောငမန်းနှင့် အက်ဒီဖာရက်၊ စိုးလင်းဦးနှင့် အူမာဆီမာတာ၊ အာသာဆာလာဒိုက်(ပိုလန်)နှင့် အဲလက်စ် ဘာဘလီယာ(ရိုမေနီးယား)၊ ဖိုးလပြည့်နှင့် ရင်ဆာရိုတ်(ကမ္ဘောဒီးယား)၊ သွေးသစ်ဝင်းလှိုင်နှင့် ရှမ်းကို၊ မိုက်ရိုင်းနှင့် ဖကျော်ဟဲ၊ ချစ်မောင်မောင်နှင့် ဒိုးလေးတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပါဝင်မည် မြန်မာ့လက်ဝှေ့ကျော် ပြိုင်ပွဲဝင် တူးတူးက ပြိုင်ဘက် ဘာဒါတိုအား အလဲထိုးကာ မစ်ဒယ်ဝတ်ချန်ပီယံခါးပတ်ကို ရယူရန် ပြင်ဆင်ထားကြောင်း ပြောသည်။

တူးတူးက “ဒီခါးပတ်ကို ကျနော်ရအောင်ယူမယ်၊ ခါးပတ်ကိုရဖို့ အကောင်းဆုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ထားတယ်၊ ထိုက်ထိုက်တန်တန်နဲ့ ရရှိဖို့ ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။

သြစတြေးလျနိုင်ငံသား ခံယူထားသည့် ဖိလစ်ပိုင်နွယ်ဖွား ဘာဒါတိုအတွက် တူးတူးနှင့် ယှဉ်ပြိုင် ထိုးသတ်မည့် ခါးပတ်လုပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာ့လက်ဝှေ့ကစားနည်းကို ကစားမည့် မွေထိုင်းကစားသမား ဖြစ်သည်။ ၎င်းအနေဖြင့် WBC၊ IKBF၊ WKBF၊ CMT စသည့်ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ရယူထားနိုင်သူတဦးဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ဝှေ့ကစားနည်းကို ပထမဆုံအကြိမ်ထိုးသတ်မည်ဖြစ်သော်လည်း မွေထိုင်း၊ ကစ်ဘောက်ဆင်နှင့် သိုင်းပေါင်းစုံ MMA ပြိုင်ပွဲများတွင်လည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသည့်အတွက် လက်ဝှေ့ ကောင်းကောင်း ထိုးနိုင်မည်ဟု ယုံကြည်ကြောင်း ဘာဒါတိုက ပြောသည်။

ပြိုင်ပွဲတွင် လက်ဝှေ့ပြိုင်ပွဲများနှင့် အတန်ငယ် ကင်းကွားနေခဲ့သည့် စောငမန်းလည်း ပါဝင်နေပြီး တူးတူးကို အမှတ်ဖြင့် ရှုံးနိမ့်ထားသည့် သြစတြေလျနိုင်ငံသား အက်ဒီဖာရယ်နှင့် ထိုးသတ်မည်ဖြစ်ကာ မြန်မာ့လက်ဝှေ့ ကစားသမား စိုးလင်းဦးနှင့် ယူဂန္ဓာနိုင်ငံသား အူမာဆီမာတာ တို့ထိုးသတ်မည့် ပွဲစဉ်များလည်း ပါဝင်သည်။

စောငမန်းက “သက်လုံပိုင်းကို သေချာပြင်ဆင်ထားပါတယ်၊ ဒီပွဲက အမှတ်ပေးစနစ်နဲ့ထိုးရမှာဖြစ်ပေမယ့်လည်း အလဲထိုးနဲ့အနိုင်ရဖို့ ကြိုးစားပါမယ်”ဟု ပြောသည်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (World Lethwei Championship) မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်အတွင်းက လည်းကောင်း၊ ဒုတိယအကြိမ်ပြိုင်ပွဲကို ဇွန်လအတွင်းကလည်းကောင်း ကျင်းပခဲ့ပြီး ပြိုင်ပွဲများကို မြန်မာလက်ခမောင်း ကုမ္ပဏီ က တာဝန်ယူကျင်းပခြင်း ဖြစ်သည်။

The post တတိယအကြိမ် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲ နိုဝင်ဘာတွင် ကျင်းပမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...