Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ဘရာဇီးဖိုက်တာနှင့် ထိုးသတ်ရန် စိတ်လှုပ်ရှားနေသည့် အောင်လအန်ဆန်း

$
0
0

ကိုယ်ခံပညာ ဘက်စုံသုံး MMA ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် ဘရာဇီးဖိုက်တာ လီရန်ဒရို အက်တိုင်းဒီးစ် (Leandro Ataides) နှင့် ထိုးသတ်ရန် စိတ်လှုပ်ရှားနေကြောင်း MMA မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ချန်ပီယံ အောင်လအန်ဆန်း က မေလ ၁၃ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

လီရန်ဒရိုအက်တိုင်းဒီးစ်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မေလ ၁၂ ရက်နေ့ကကျင်းပခဲ့သည့်
Grit and Glory ပွဲစဉ်တွင် အောင်လအန်ဆန်း၏ ပြိုင်ဘက်ဟောင်းဖြစ်ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံဟောင်းဖြစ်သူ ဗစ်တာလီဘစ်ဒက်ရှ်အား အလဲထိုးအနိုင်ယူခဲ့သည့် အတွက် ဇွန်လ ၂၉ ရက် နေ့တွင် လက်ရှိချန်ပီယံ အောင်လအန်ဆန်းနှင့် မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်လုပွဲ ယှဉ်ပြိုင် ထိုးသတ်ခွင့် ရရှိခဲ့ကြောင်းသိရသည်။

အောင်လအန်ဆန်း က “လီရန်ဒရိုအက်တိုင်းဒီးစ် ဆိုတဲ့ ပြိုင်ဖက်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် ကျနော် အရမ်းပဲ စိတ်လှူပ်ရှား နေပါတယ်။ ကျနော်တို့နှစ်ယောက်လုံးမှာ လက်သီးတွေ၊ ခြေကန်ချက်တွေ၊ ဒူးတိုက်ချက်တွေနဲ့ ပွဲသိမ်းနိုင်မယ့် အခြေအနေ ရှိကြတယ်။ ဒါဟာတကယ့် စိတ်လှူပ်ရှားစရာ ဖြစ်ပါတယ်” ဟု ၎င်း၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှ တဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုပွဲနှင့်ပတ်သက်ပြီး အောင်လအန်ဆန်း က “ဒီပွဲကို ဘယ်သူတွေ ကြည့်ကြမလဲ။ ကျနော့်အနေနဲ့ ပရိသတ်အားလုံးအတွက် ကိုယ်စားပြုပြီးအကောင်းဆုံး ယှဉ်ပြိုင်မှာဖြစ်ပါတယ်” ဟု ဆိုသည်။

အောင်လအန်ဆန်းနှင့် အက်တိုင်းဒီးစ်တို့ ချန်ပီယံခါးပတ်လု ထိုးသတ်မည့် ပွဲစဉ်ကို One Championship အဖွဲ့က ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပမည်ဟုထုတ်ပြန်ထားသော်လည်းပွဲကျင်းပမည့်နိုင်ငံကိုထုတ်ဖော် ကြေညာခြင်းမရှိသေးကြောင်းသိရသည်။

အောင်လအန်ဆန်နှင့် ထိုးသတ်မည့် လီရန်ဒရို အက်တိုင်းဒီးစ် (Leandro Ataides) (ဓာတ်ပုံ – Leandro Ataides/FB)

အောင်လအန်ဆန်းကတော့ ချန်ပီယံခါးပတ် ကာကွယ်သည့် ပွဲစဉ်မှာ မြန်မာနိုင်ငံတွင် မဟုတ်ဘဲ ပြည်ပနိုင်ငံတစ်ခုတွင် ထိုးသတ်ရမည်ဟု ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ဘီဘီစီ မြန်မာပိုင်းနှင့် အင်တာဗျူးတွင် ထုတ်ဖော် ပြောဆိုထားသည်။

ထို့ကြောင့် မွေးရပ်မြေ မြန်မာနိုင်ငံတွင် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်များ ထိုးသတ်ရယူခဲ့သည့် အောင်လအန်ဆန်း အနေဖြင့် ဇွန်လ ၂၉ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ် ကာကွယ်ပွဲကို
ပြည်ပနိုင်ငံတစ်ခုတွင် ပထမဆုံး ထိုးသတ်ကာကွယ်သွားရဖွယ်ရှိသည်။

One Championship အဖွဲ့၏ တဦးတည်းသော နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းမှာ အက်တိုင်းဒီးစ်နှင့် ပွဲစဉ်တွင် အနိုင်ရခဲ့ပါက နှစ်ထပ်ကွမ်းချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ စွန့်လွှတ်ရမည် ဖြစ်ကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ်သာ ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။

ဘရာဇီးနိုင်ငံသား အက်တိုင်းဒီးစ်မှာ ပြိုင်ဘက်ကို ချုပ်ကိုင်သည့် ဘရာဇီးဂျူဂျစ်ဆုပညာ ခါးပတ်နက် အဆင့်ရှိသူဖြစ်ပြီး ၂၀၀၅ ခုနှစ်က ဘရာဇီးနိုင်ငံတွင် ကျင်းပသည့်ဂျူဂျစ်ဆုပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သူ ဖြစ်သည်။ ကိုယ်ခံပညာ ဘက်စုံသုံး တိုက်ခိုက်သည့် MMA လောကသို့ ၂၀၀၈ ခုနှစ်က စတင်ဝင်ရောက် ခဲ့သူဖြစ်ပြီးကစားသမား ဘဝတလျှောက် ၁၄ ပွဲ ထိုးသတ်ခဲ့ရာ ၁၁ ပွဲနိုင် ၃ ပွဲရှုံးရလာဒ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။

မြန်မာပရိတ်သတ်တို့၏ အချစ်တော် အောင်လအန်ဆန်းမှာ၂၀၀၅ ခုနှစ်ကစတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀ သက်တမ်း တလျှေက် ၃၂ ပွဲထိုး၊ ၂၂ ပွဲနိုင်၊ ၁၀ ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင်ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရပြီး မြန်မာပြည် ကိုယ်စားပြု ပထမဆုံးသော မစ်ဒယ် ဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ပြိုင်ဘက် မာချာဒိုကို အနိုင်ယူကာ မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သူ ဖြစ်သည်။

ဆက်စပ် ဖတ်ရှုရန် – အောင်လအန်ဆန် နှစ်ထပ်ကွမ်းချန်ပီယံ သမိုင်းသစ် ရေးထိုးခဲ့ပြီ

The post ဘရာဇီးဖိုက်တာနှင့် ထိုးသတ်ရန် စိတ်လှုပ်ရှားနေသည့် အောင်လအန်ဆန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...