Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

အပျို မစစ်တာကြောင့် ကျွမ်းဘားအဖွဲ့က ထုတ်ပယ်ခံရတဲ့ အားကစားမယ်

$
0
0

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games မှာ ကျွမ်းဘားကစားနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်ဒိုနီးရှား အားကစားမယ် တဦးကို အပျို မစစ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်ဒိုကျွမ်းဘားအဖွဲ့က ပြိုင်ပွဲဝင်စာရင်းကနေ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၆ နှစ်အရွယ် အားကစားမယ် Shalfa Avrila Sania ဟာ အသက် ၈ နှစ်ကတည်းက အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကျွမ်းဘားကစားကို ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ဆုတံဆိပ်ပေါင်း ၅၀ ထက်မနည်း ရရှိထားသူလည်း ဖြစ်ပါတယ်။ နည်းပြကတော့ အပျို မဟုတ်တော့တာကြောင့် ဒီလို ယှဉ်ပြိုင်ခွင့် စာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားအခြေစိုက် iNews Jatim က ဖော်ပြထားပါတယ်။

“ကျမ သမီးက ယောကျာ်းလေး သူငယ်ချင်းတွေနဲ့ အပြင်သွားလေ့ရှိပြီး အိမ်ပြန်နောက်ကျလေ့ ရှိတာကြောင့် နည်းပြက ကျမ သမီးလေးကို အပျို မဟုတ်တော့ဘူးလို့ ပြောတယ်။ အဲဒါကြောင့် ပြိုင်ပွဲဝင်ခွင့် မပေးတော့ဘူးလို့ ပြောတော့ ကျမတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ရတယ်”လို့ Shalfa ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

Shalfa ရဲ့ မိသားစုကတော့ Shalfa ဟာ အပျိုစစ်ကြောင်း သက်သေပြနိုင်ဖို့ ဆေးစစ်ချက်တွေ ပြုလုပ်နေပြီး သူမဟာ ဆုတံဆိပ်တွေ အများအပြား ရရှိအောင် လုပ်ထားပေးပြီး ဖြစ်တာကြောင့် လက်ရွေးစင်တွေရဲ့ အရည်အချင်းနဲ့ ကိုက်ညီပြီး ဖြစ်ကြောင့် အင်ဒိုနီးရှား အားကစားဝန်ကြီးဌာနကို တိုင်ကြားစာတွေ ပို့ခဲ့တယ်လို့ သိရပါတယ်။

အားကစားဝန်ကြီးဌာနကတော့ အပျို မစစ်လို့ လူစာရင်းက ချန်လှန်ထားတာ မဖြစ်နိုင်ကြောင်း စည်းကမ်း မလိုက်နာမှုနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကြောင့် ချန်လှပ်ခံရတာသာ ဖြစ်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။

Ref. thesundaily.my

You may also like these stories:

ဆီးဂိမ်း ကျင်းပနေစဉ် အင်ဒိုနီးရှားကစားသမားတွေကို ဝက်သား မှားကျွေးမိတဲ့ ဖိလစ်ပိုင်နိုင်ငံ

အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်

ဆီးဂိမ်းအဖွင့်ပွဲစဉ် မြန်မာဘောလုံးအသင်း မလေးရှားနှင့်သရေကျ

The post အပျို မစစ်တာကြောင့် ကျွမ်းဘားအဖွဲ့က ထုတ်ပယ်ခံရတဲ့ အားကစားမယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...