ဘိလိယက် အားကစားနည်များထဲမှ 9 Ball Pool နှစ်ယောက်တွဲပွဲစဉ်တွင် ဖုန်းမြင့်ကျော်(အားတီ)နှင့် အောင်မိုးသူ တို့အတွဲက စင်္ကာပူအသင်းအား ပွဲပြတ်အနိုင်ယူကာ ရွှေတံဆိပ်ရယူနိုင်ခဲ့သည်။
ယနေ့ဗိုလ်လုပွဲကစားရာတွင် မြန်မာအသင်းအနေဖြင့် စင်္ကာပူအသင်းမှ YAPP ALOYSIUS နှင့် TOH LIAN HAN တို့ အတွဲအား ပွဲအသာစီးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး (၉ပွဲ ၃ပွဲ)ဖြင့် ပွဲပြတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ၂၉ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် စင်္ကာပူမှ YAPP ALOYSIUS နှင့် TOH LIAN HAN အတွဲက မြန်မာကစားသမားများဖြစ်သည့် မွန်းဟိန်းကျော်နှင့် မောင်မောင်တို့ အတွဲအား ၉ ပွဲ ၃ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ရယူထားခြင်းဖြစ်သည်။
You may also like these stories:
ဘိလိယက်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ အထင်မသေးပါဘူး
၁၃ နှစ်ကြာ ဝေးကွာနေသည့် အာရှ ဘိလိယက်ချန်ပီယံဆု နေသွေးဦးရရှိ
The post ချန်ပီယံ စင်ကာပူကို ရှုံးကြွေးဆပ်ကာ ဘိလိယက်တွင် မြန်မာ ရွှေရယူ appeared first on ဧရာဝတီ.