Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ဘောလုံးပရိသတ်တွေကို စိတ်ကျန်းမာရေးအကြောင်း စဉ်းစားကြဖို့ မင်းသား ဝီလီယံ တိုက်တွန်း

$
0
0

ဗြိတိန်တော်ဝင်မင်းသား ဝီလီယံက ဘောလုံးပရိသတ်တွေအနေနဲ့ ကိုယ့်စိတ်ကျန်းမာရေးအကြောင်း စဉ်းစားကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အသက် ၃၇ နှစ်အရွယ် မင်းသား ဝီလီယံက အထူးသဖြင့် အမျိုးသားများမှာ တွေ့ရတတ်တဲ့ စိတ်ကျန်းမာရေး စိတ်ခေါ်မှုဆိုင်ရာ အသိပညာပေးမှုမြှင့်တင်ဖို့ “Heads Up and Every Mind Matters” ကမ်ပိန်းနဲ့အတူ ပူးပေါင်းပြီး စက္ကန့် ၆၀ ရှိတဲ့ ဗီဒီယိုမှာ ပါဝင်ထားပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ ဘောလုံးဝါသနာအိုးတွေအနေနဲ့ ၁ မိနစ်လောက် ရပ်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအကြောင်း စဉ်းစားကြဖို့ အလေးပေးပြောဆိုခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ မင်းသား ဝီလီယံက “ဘဝလိုပဲ ဘောလုံးလောကမှာ အနိမ့်အမြင့် အတက်အကျတွေကို ကျနော်တု့ိ ဖြတ်သန်းကြရပါတယ်။ ကျနော်တို့အားလုံးဟာ တခါတလေ စိုးရိမ်မှုတွေ၊ စိတ်ဖိစီးမှုတွေ ခံစားရနိုင်ပါတယ်။ အဲ့ဒီလို အချိန်တွေမှာ ကိစ္စသေးသေးလေးတွေဟာလည်း ရုန်းကန်ရမှုတခုအနေနဲ့ ရှုမြင်လာနိုင်ပါတယ်”

“ဒါပေမယ့် အဲ့ဒီအရာတွေကို ပြောင်းလဲဖို့ ကျနော်တို့အားလုံး စတင်နိုင်ပါတယ်။ ‘Every Mind Matters and Heads Up’ ကနေ သင်တို့ရဲ့ စိတ်ကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့ လွယ်ကူတဲ့ ခြေလှမ်းတွေကို ပြသမှာပါ။ သူတို့ရဲ့ စိတ်အခြေအနေကို မြှင့်တင်တာ၊ ကောင်းကောင်း အိပ်ပျော်စေတာ၊ ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေအတွက် အဆင်သင့်ဖြစ်တယ်လို့ ခံစားရစေဖို့ ကူညီပေးမှာပါ။ အဲ့ဒါတွေကို စတင်ဖို့ အချိန်တမိနစ်ပဲ လိုပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီ ကနဦး လုပ်ဆောင်မှုကို ဂုဏ်သိက္ခာကြီးမားတဲ့ FA ဖလားပြိုင်ပွဲမှာ စတင်အသုံးပြုခဲ့ပြီး ကမ်ပိန်း ဗီဒီယိုထဲမှာတော့ လက်ရှိ ဘောလုံးသမားတွေအပြင် Frank Lampard, Harry Maguire နဲ့ Callum Hudson-Odoi တို့လိုမျိုး ဘောလုံး အကျော်အမော်ဟောင်းတွေလည်း ပါဝင်ကြပါတယ်။

တတိယပတ်လည် အဆင့်ပြိုင်ပွဲရဲ့ ပွဲစဉ် ၃၂ ခုတိုင်းမှာ စိတ်ကျန်းမာရေးအကြောင်း စဉ်းစားနိုင်ဖို့ အချိန်ပို စက္ကန့် ၆၀ လောက်ကို ပရိသတ်တွေထံ ပေးမှာလည်း ဖြစ်ပါတယ်။ အဲ့ဒီကမ်ပိန်းဟာ လာမယ့် မေလ ၂၃ ရက်နေ့ကျရင် လန်ဒန်မြို့မှာရှိတဲ့ ဝင်ဘာလေ အားကစားကွင်းမှာ ပြုလုပ်မယ့် နောက်ဆုံးဗိုလ်လုပွဲမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ မင်းသား ဝီလီယံက “နောက်ထပ် ၅ လကြာမြင့်မယ့် အချိန်ကာလထဲမှာ ကျနော်တို့ အားလုံးဆီမှာ စိတ်ကျန်းမာရေး ရှိတယ်ဆိုတဲ့ သတင်းစကားတွေကို ဖြန့်ဝေဖို့ ကျနော်တို့ရဲ့ အသိုက်အဝန်းထဲက စွမ်းအားအကြီးဆုံး စုစည်းမှုဖြစ်တဲ့ ဘောလုံးကို အသုံးပြုမှာ ဖြစ်ပါတယ်”

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီတိုင်းပြည်မှာရှိတဲ့ အားကစားအတွက် ကြာရှည်ခံတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အမွေအနှစ်ခိုင်မြဲစေဖို့ စိတ်ကျန်းမာရေးဆိုင်ရာ ပြောဆိုမှုတွေကို စတင်ဖို့ပဲ ဖြစ်ပါတယ်။ Heads Up ဟာ စိတ်ကျန်းမာရေးကြောင့် ဖြစ်ရတဲ့ အမည်းစက်ကို ပြိုကွဲပျက်စီးစေဖို့ နောက်ထပ် ခြေလှမ်းကြီးတလှမ်း လှမ်းဖို့အတွက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref: contactmusic

You may also like these stories:

လျစ်လျူရှုမထားသင့်တဲ့ စိတ်အတက်အကျမြန်တဲ့ စိတ်ကျန်းမာရေးပြဿနာ

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ကုသပေးနိုင်တဲ့ မှိုမျိုးစိတ်တမျိုး လေ့လာတွေ့ရှိ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိနေကြောင်းကို ပြသနေတဲ့ အပြုအမူများ

The post ဘောလုံးပရိသတ်တွေကို စိတ်ကျန်းမာရေးအကြောင်း စဉ်းစားကြဖို့ မင်းသား ဝီလီယံ တိုက်တွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles