Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

WWE နပန်းပွဲတွေရဲ့ စင်မြင့်ပေါ်မှာ စတင်တွေ့ရတော့မယ့် The Rock ရဲ့ သမီး

$
0
0

နပန်းသမားဟောင်းဖြစ်တဲ့ The Rock ရဲ့ သမီးဟာ မိသားစုအမွေအနှစ်ကို ထိန်းသိမ်းဖို့အတွက် နပန်းပွဲတွေမှာ စတင်ပြီး ပါဝင်တော့မယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ Simone Johnson ဟာ အဘိုး၊ အဘေးနဲ့ အဖေတို့ရဲ့ ခြေရာကို နင်းနိုင်ဖို့အတွက် နပန်းလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ သူမဟာ မိသားစုရဲ့ လေးဆက်မြောက် နပန်းသမားဖြစ်လာမှာပါ။

“ဒါက ကျမအတွက် အရမ်းအရေးပါပါတယ်။ တမိသားစုလုံးက နပန်းကို ဂုဏ်ယူဝင့်ကြွားစွာ ထိုးခဲ့သူတွေလေ။ နပန်းအတွက်သာမကပါဘူး။ မိသားစုအမွေအနှစ်ကို လက်ဆင့်ကမ်းယူနိုင်ခဲ့လို့ပါ။ အခုလို အခွင့်အရေးရတာ ကျမအရမ်း ဝမ်းသာပါတယ်”လို့ Simone Johnson က ပြောပါတယ်။

လေ့ကျင့်မှုတွေကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က အော်လန်ဒို မြို့မှာ ရှိတဲ့ WWE Performance Center မှာ ပြုလုပ်နေပြီလို့ သိရပါတယ်။

“Simone Johnson ရဲ့ နပန်းအပေါ်ထားတဲ့ စိတ်ဓာတ်ဟာ အရမ်းကို ပြင်းထန်တယ်။ သူမကို အခုအချိန်မှာ ကမ္ဘာကျော် နပန်းသမားဟောင်းတွေက လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေပါတယ်”လို့ WWE Performance Center ရဲ့ ဒုတိယအမှုဆောင်ဥက္ကဋ္ဌဖြစ်တဲ့ နပန်းသမားဟောင်း “Triple H” က ပြောပါတယ်။

အခုလို ကြေညာမှုနဲ့ ပတ်သက်ပြီး The Rock က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “အိပ်မက်ဆိုတာ အကောင်အထည်ဖော်သူတွေ အတွက်ပါ။ သမီးအတွက် အဖေအရမ်းဂုဏ်ယူတယ်။ သမီးရဲ့ အိပ်မက်တွေနဲ့ ရှင်သန်နိုင်ဖို့ အလုပ်ကြိုးစားကြရအောင်”လို့ ရေးပြီး တင်ထားခဲ့ပါတယ်။

အဘိုးဖြစ်သူဟာ ဒီနှစ် အစောပိုင်းမှာ သေဆုံးသွားခဲ့လို့ သူမရဲ့ လုပ်ဆောင်ချက်တွေကို မမြင်နိုင်တော့တာ စိတ်မကောင်းဖြစ်ကြောင်းနဲ့ အိပ်မက်အားလုံးဟာ သူမရဲ့ ကိုယ်ပိုင်စိတ်ကူးတွေ ဖြစ်ပြီး စိတ်ကြိုက်ဖန်တီးဖို့ အားပေးကြောင်းကို ဖခင် The Rock က ထည့်သွင်းရေးသားထားပါသေးတယ်။

Ref. BBC

You may also like these stories:

Joker ထက်ပိုတဲ့ အစဉ်အလာ ချိုးဖောက်မှု လုပ်ဖို့ရှိကြောင်း Black Adam ထုတ်လုပ်သူ ဖွင့်ဟ

မင်းသား The Rock ရဲ့ ဖခင် နပန်းသမားကြီး Rocky Johnson ကွယ်လွန်

“The Rock” ဖြစ်တည်လာပုံ ရိုက်ကူးမယ့် ဟာသစီးရီးမှာ မင်းသား Dwayne Johnson ပါဝင်မည်

The post WWE နပန်းပွဲတွေရဲ့ စင်မြင့်ပေါ်မှာ စတင်တွေ့ရတော့မယ့် The Rock ရဲ့ သမီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...