Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ONE Championship ပရိတ်သတ် မပါ ကွင်းပိတ်ပွဲ ကျင်းပမည်

$
0
0

စင်္ကာပူနိုင်ငံ အတွင်း COVID-19 ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားသည့် အခြေအနေကြောင့် ဖေဖော်ဝါရီ၂၈ ရက်တွင် ကျင်းပမည့် ပြိုင်ပွဲအား ပရိတ်သတ် မပါဘဲ ကွင်းပိတ် ပြုလုပ်မည် ဖြစ်ကြောင်း ONE Championship ကြေညာလိုက်သည်။

ထိုးသတ်ပွဲစဉ်များအား ကွင်းပိတ် ကျင်းပမည် ဖြစ်သော်လည်း ပရိတ်သတ်များ ကြည့်ရှုနိုင်ရန် နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ရုပ်သံ တီဗီနှင့် အင်တာနက် တို့မှတဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး လက်မှတ်ကြိုတင် ဝယ်ယူထားသူများ အတွက်လည်း လက်မှတ်ဖိုးငွေများ ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ONE Championship CEO Mr. Chatri Sityodtong က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာက တဆင့် ပြောထားသည်။

Mr. Chatri Sityodtong က “မိမိတို့အဖွဲ့က ပွဲကို လုံးဝဖျက်သိမ်းဖို့ စဉ်းစားခဲ့ပေမယ့် မဖျက်သိမ်းဖို့ဘဲ ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာက အခုချိန်မှာ မျှော်လင့်ချက်နဲ့ ခွန်အားကို ယခင်ကထက် ပိုလိုအပ်နေတယ်။ မိမိတို့ရဲ့ သူရဲကောင်းတွေကလည်း အကြီးမားဆုံး စွမ်းဆောင်ရည်များနဲ့ သင်တို့ရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးဖို့ ပြင်ဆင်ထားပါပြီ” ဟု ပြောသည်။

ဗိုင်းရပ်စ်အား ကာကွယ်တိုက်ဖျက်ရေး အောင်မြင်ရန်အတွက်လည်း ညီညွတ်မှု၊ ခွန်အားတို့ကို ပြသကြရမည်ဖြစ်ပြီး အချစ်၊ မေတ္တာတရား၊ ခံနိုင်ရည်တို့ဖြင့် ကြမ်းတမ်းသည့် ယခုအချိန်အား အတူတကွ ဖြတ်သန်းကြရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ONE; King Of The Gungle ခေါင်းစဉ်ဖြင့် ပွဲစဉ် ၁၁ ပွဲပါဝင်မည့် ထိုးသတ်ပွဲအား ဖေဖော်ဝါရီ ၂၈ ရက်တွင် စင်္ကာပူနိုင်ငံ၊ မိုးလုံလေလုံ အားကစားရုံး၌ ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

စင်္ကာပူနိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက် အထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၁ ဦး အထိ အတည်ပြုခဲ့ပြီး ၎င်းတို့ထဲမှ ၂၉ ဦးမှာ ဆေးရုံးမှ ပြန်လည် ဆင်းခွင့်ရရှိခဲ့ပြီး ၅၂ ဦးအား ဆေးရုံတွင် ဆက်လက်ကုသလျက်ရှိကြောင်း စင်္ကာပူနိုင်ငံ ကျန်း မာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း

တရုတ်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု နှစ်ရက်ဆက်တိုက် ကျဆင်းလာ

တရုတ်အစိုးရက ဒီရောဂါကို မထိန်းချုပ်နိုင်သရွှေ့ တခြားနိုင်ငံသားတွေကို ပြန်ခေါ်မှာ မဟုတ်ဘူး

The post ကိုရိုနာဗိုင်းရပ်စ်ကြောင့် ONE Championship ပရိတ်သတ် မပါ ကွင်းပိတ်ပွဲ ကျင်းပမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


TTA Oreo Gapp Installer


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း