ပြင်သစ်ရဲ့အတောက်ပဆုံး ကြယ်ပွင့်လို့ ဆိုနိုင်မယ့် ဇီဒန်းကတောင်မှ ရီဘာရီကို jewel of the French football၊ ပြင်သစ် အသင်းအတွက် ရတနာတပါးလို့ တင်စားပြောဆိုခဲ့တာ တွေ့ရပါတယ်။
DFB-Ligapokal ကို ၂၀၀၇ ခုနှစ်က ရတယ်၊ DFL-Supercup ကို ၄ ကြိမ်ရတယ်၊ UEFA ချန်ပီယံလိဂ် တကြိမ်၊ UEFA Super Cup ကို ၂၀၁၃မှာ တကြိမ်၊ FIFA Club World Cupကို ၂၀၁၃မှာ ရဖူးတာ တွေ့ရပါတယ်။ နိုင်ငံအသင်းနဲ့ အတူတော့ အောင်မြင်မှု များများစားစား မရဖူးဘဲ ၂၀၀၆ခုနှစ် FIFA World Cupမှာ Runner-up ဖြစ်ဖူးခဲ့တာပဲ ရှိပါတယ်။
Globe Soccer ကနေ ပေးတဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆု ရတယ်၊ FIFA Club World Cup ရဲ့ရွှေဘော လုံးဆုကို ရတယ်၊ အဆိုပါ ပြိုင်ပွဲရဲ့တန်ဖိုးအရှိဆုံး ကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါသေးတယ်။
အောင်မြင်မှု ရရှိမှုအပိုင်းမှာတော့ အထက်မှာပြောခဲ့တဲ့ အောင်မြင်မှုတွေအပြင် Ligue 2ကို တန်းဆင်းကစားရချိန် ၁၉၉၄-၉၅ခုနှစ်မှာဖလားရတယ်၊ Championnate de France Amatureကို ၁၉၂၉ခုနှစ်က ရဖူးတယ်၊ Coupe de la Ligueကို ၃ ကြိမ်ရဖူးတယ်၊ Trophee des championsကို ၃ ကြိမ်၊ Coupe Charles Dragoကို တကြိမ်ရဖူးတာ တွေ့ရပါတယ်။
ရုပ်သံ အစီအစဉ်တွေမှာ ပါရှိမှု အနေနဲ့ Manhunt ၊ Deal or Not Deal ၊ MADtv ၊ Saturday Night Live ၊ Punk’d ၊ Psych နဲ့ Parks and Recreation လို အစီအစဉ်တွေမှာ ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။
ရုပ်သံ ဇာတ်ကားတွေထဲမှာ သူ့ရဲ့ ပထမ ဇာတ်ကား The Marine ဆိုရင် WWE Studios ကနေ ထုတ်လုပ်တယ်၊ 20th Century Fox ကနေ ဖြန့်ချိတယ်၊ ဝင်ငွေ ၁၈ ဒသမ ၇ သန်းထိ ရခဲ့သလို DVD အနေနဲ့ ဖြန့်ချိချိန်မှာတော့ ပထမ ၁၂ ပတ် အတွင်း သန်း ၃၀ ဖိုးထိ ရောင်းချခဲ့ရတာ တွေ့ရပါတယ်။ ဒီကားက သူ့ အတွက် အအောင်မြင်ဆုံး ဇာတ်ကား ဖြစ်ခဲ့ပြီး နောက်ပိုင်းထွက် ဇာတ်ကားတွေကတော့ လူကြိုက်ရော စီးပွားရေး အရပါ အောင်မြင်မှု နည်းခဲ့ပါတယ်။ အခုနှစ်ထဲမှာတော့ သရုပ်ဖော် Animation ဇာတ်ကား တကားဖြစ်တဲ့ Ferdinand မှာ အသံ သရုပ်ဆောင် အဖြစ် ပါဝင်နေတာလည်း တွေ့ရပါတယ်။
ထူးခြားတဲ့ မှတ်တမ်းတွေ အနေနဲ့ ဆိုရင် သူ့ရဲ့ ကစားသမားဘဝမှာ မကျေပွဲ အဖြစ် ၂၀၀၆ ခုနှစ်က Edge နဲ့ ကစားခဲ့တဲ့ ပွဲစဉ်၊ ၂၀၁၁ ခုနှစ်က CM Punk နဲ့ ကစားခဲ့တဲ့ ပွဲစဉ်၊ ၂၀၀၇ ခုနှစ်က Shawn Michaels နဲ့ ကစားခဲ့တဲ့ Raw ပွဲစဉ်၊ ၂၀၁၁ ခုနှစ်က CM Punk နဲ့ ကစားခဲ့တဲ့ Money In the Bank ပွဲစဉ်၊ ၂၀၁၃ ခုနှစ် Summer Slamမ ှာ Daniel Brayna နဲ့ ကစားခဲ့တဲ့ ပွဲစဉ်၊ ၂၀၀၆ ခုနှစ်က Summer Slam မှာ ကစားခဲ့တဲ့ A J Style နဲ့ ပွဲစဉ်တွေကို အကောင်းဆုံး အဖြစ် လူကြိုက်များတာ တွေ့ရပါတယ်။
နာမည်ကျော် နပန်းသမားကြီး The Rockနဲ့ ၂၀၁၁ ခုနှစ်က ကစားခဲ့တဲ့ ပွဲစဉ် ဆိုရင်လည်း ပွဲကို အကောင်းဆုံး အလှည့် အပြောင်းလုပ် ကစားနိုင်ခဲ့တဲ့ ပွဲကောင်း အဖြစ် အားလုံးက အသိအမှတ်ပြု ခံရတာ တွေ့ရပါတယ်။ AJ Lee နဲ့ အတူ ၂၀၁၂ ခုနှစ်ကလည်း Kiss of the Year လို့ ပေါ်ပြူလာ လုပ်ဆောင်ချက်မျိုး လုပ်ဆောင်ရရှိခဲ့တာလည်း တွေ့ရဖူူးပါတယ်။
တရုတ်စူပါလိဂ် (Chinese Super League) လို့ အတိုကောက်ခေါ်ပြီး လူသိများလာတာ ဖြစ်ပြီး သူ့ရဲ့ အရှည်ကောက်က Chinese Football Association Super League ဖြစ်ပါတယ်။ တချို့လည်း CSL လို့ ခေါ်ပါတယ်။
အင်္ဂလန် ပရီးမီးယား လိဂ်ကို ဘာကလေဘဏ်က စပွန်ဆာပေးချိန် ဘာကလေ ပရီးမီးယားလိဂ်လို့ ခေါ်သလို အခုလည်း တရုတ်စူပါလိဂ်ကို Ping An Chinese Football Association Super League အဖြစ် ခေါ် ပါတယ်။ တရုတ် ဘောလုံး အဖွဲ့ချုပ် Chinese Football Association ရဲ့ လက်အောက်ခံ ပြိုင်ပွဲတခု အဖြစ် ကျင်းပနေတာ ဖြစ်ပြီး တရုတ်ပြည်တွင်း အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံး ဖြစ်ပါတယ်။