Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

မန်ယူရဲ့ ဂိုးသွင်းစက် ဖြစ်နေဦးမယ့် Zlatan Ibrahimovic သို့မဟုတ် မိုဗစ်

$
0
0

ဘဝဟာ အသက် ၄၀ မှ စတယ် လို့ ဆိုပေမယ့် အားကစား သမားတဦး အတွက် အသက် ၃၆-၃၇ ဆိုတဲ့ အရွယ်ဟာ ကစားကွင်း နေဝင်ချိန်လို့တောင် ပြောနိုင်ပါတယ်။ ကစားအား ကျပြီး အနားယူဖို့ ပြင်ဆင်ရတော့မယ့် အနေအထား ဖြစ်သွားပါပြီ။ ဒါပေမယ့် မိုဗစ်က အနားမယူသေးပါ။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူး ဆိုတာ မိုဗစ် ကို ပြောတာ ဖြစ်နိုင်ပါတယ်။ အမည်ရင်းက Zlatan Ibrahimovic ပါ။

အင်္ဂလန်ကလပ် အသင်းတွေထဲမှာ အအောင်မြင်ဆုံး ဖြစ်တဲ့ မန်ယူမှာ ကစားနေတယ်၊ အရင် နှစ်ကလည်း အသင်း အတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင်သူ၊ ဂိုးသွင်းစက် တလုံး ဖြစ်ခဲ့တယ်၊ အဲဒီ အရင် မန်ယူ မတိုင်ခင်ကလည်း ပြင်သစ် ကလပ် PSG မှာလည်း ဂိုးသွင်းစက်ပါပဲ။

ဆွီဒင်သား မိုဗစ်ကို ၁၉၈၁ ခုနှစ် အောက်တိုဘာ ၃ ရက်မှာ မွေးခဲ့တယ်၊ ၂၀၀၁ ခုနှစ်ကနေ စတင်ပြီး ကြေးစား ဘောလုံးသမား တယောက် ဖြစ်လာတယ်၊ ၂၀၁၀ ခုနှစ်မှာ နိုင်ငံလက်ရွေးစင် အသင်းမှာ အသင်းခေါင်းဆောင် နေရာ ခန့်ထားရ လောက်အောင် ထိအောင် အားကိုးနေရပြီ။ ၂၀၁၆ ခုနှစ်ထိ နိုင်ငံအသင်း အတွက် ကစားပေးခဲ့ပြီး အနားယူထား သူပါ။

သူဟာ တိုက်စစ်မှူး နေရာမှာ ကစားတယ်၊ သူ့ ကစားဟန်က နည်းစနစ်ကျတယ်၊ ဖန်တီးနိုင်မှု အားကောင်းတယ်၊ တွန်းတွန်း တိုက်တိုက်နဲ့ အားပြု ကစားတယ်၊ ခေါင်းတိုက်ဘောလုံးတွေနဲ့ ကစားပွဲကို အကောင်းဆုံး အဆုံးအဖြတ် ပေးနိုင်တယ်၊ ကန်ချက်တွေက ပြင်းထန်ပြီး တိကျတယ်၊ ဒီအချက်တွေက သူ့ကို ဂိုးသွင်းစက် တလုံး ဖြစ်နေစေတာပါပဲ။

၂၀၁၇ ခုနှစ် မေလအတွင်းက စာရင်းတွေ အရ သူဟာ လက်ရှိ ကစားနေဆဲ ကစားသမားတွေထဲမှာ ဆုဖလားပေါင်း ဒုတိယ အများဆုံး ရယူထားနိုင်သူ အဖြစ် မှတ်တမ်းဝင် နေပြီး ဆုဖလား ၃၃ လုံးထိ ရထားတာလည်း ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံ၊ မယ်မိုလ်မြို့မှာ မွေးတယ်၊ အရပ် ၆ ပေနဲ့ ၅ လက်မ ရှိတယ်၊ မန်ယူကနေ အဲဗာတန်ကို ရောက်သွားတဲ့ ဂန္ထဝင် တိုက်စစ်မှူး ဝိန်းရူနီရဲ့ နံပတ် ၁၀ ကို ဝတ်ဆင်ကစားမယ် လု့ိ သိရပြီး အခု ၂၀၁၇-၁၈ ဘောလုံး ရာသီ ၁ နှစ်စာ စာချုပ် သက်တမ်းတိုးနဲ့ မန်ယူမှာ ဆက်ရှိနေမှာလည်း ဖြစ်ပါတယ်။ ငယ်စဉ်ကစားသမား ဘဝကိုတော့ မယ်မိုလ်သား မိုဗစ်က မယ်မိုလ်ဘီအိုင် (Malmö BI) မှာ စတင် ဖြတ်သန်းခဲ့ပြီး နောက်တော့ FBK Balkan ရောက်သွားတယ်၊ ပြီးတော့ မယ်လ်မိုအက်ဖ်အက်ဖ် (Malmö FF) ကို ပြန်ရောက် လာပါတယ်။

ကြေးစား ကစားသမား ဘဝကိုလည်း မယ်လ်မိုအက်ဖ်အက်ဖ်မှာ စတင်ခဲ့တာ ဖြစ်ပြီး သူဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် ထိ ၂ နှစ် အတွင်းမှာ ပွဲပေါင်း ၄၀ ကစားပေးခဲ့ပြီး ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း မယ်မိုထက် အင်အားကြီးတဲ့ အေဂျက်ရောက်သွားတယ်၊ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ် အတွင်း အေဂျက်မှာ ၇၄ ပွဲ ကစားခွင့် ရခဲ့ပြီး ၃၅ ဂိုး သွင်းတယ်။ ဒါဟာ မိုဗစ်ရဲ့ အတောက်ပဆုံး အချိန် တခုပါ။

အေဂျက်မှာ ခြေစွမ်းပြနေလို့ နောက်ထပ် တဆင့်မြင့် အီတလီ ထိပ်တန်း ကလပ် ဂျူဗင်က ခေါ်ယူမှုကြောင့် ၂၀၀၄ ခုနှစ်မှာ အီတလီမြေကို ခြေချတယ်၊ ၂၀၀၆ ခုနှစ်ထိ ဂျူဗင်မှာ နေပြီး ပွဲပေါင်း ၇၀ မှာ ၂၃ ဂိုး သွင်းတယ်၊ အကောင်းဆုံး မဟုတ် ပေမယ့် ခြေစွမ်းပြနေဆဲပါ။ ဒါပေမယ့် အေဂျက်မှာနဲ့ စာရင် ဂိုးသွင်းနှုန်း ကျသွားလို့ ဂျူဗင်က မိုဗစ်ကို အင်တာနေစီယွန်နယ် ကို ရောင်းထုတ်လိုက်တယ်။

၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်ထိ အင်တာနေစီယွန်နယ်မှာ ပွဲပေါင်း ၈၈ ပွဲ ကစားပြီး ၅၇ ဂိုးသွင်းတယ်။ မိုဗစ်ရဲ့ အတောက်ပဆုံး အချိန်ကို ပြန်ရောက်လာခဲ့တာပါ။ ဒီလို ဂိုးသွင်းခြေ ရှိတဲ့ မိုဗစ်ကို ၂၀၀၉ ခုနှစ်မှာတော့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကလပ် အသင်းလို့ ဆိုနိုင်တဲ့ စပိန်ကလပ် ဘာစီလိုနာက ခေါ်လိုက်ပါတယ်။ ၂၀၀၉-၁၀ မှာတင် ဘာစီလိုနာမှာ မိုဗစ်တယောက် ၂၉ ပွဲ ပါဝင် ကစားခဲ့ပြီး ၁၆ ဂိုး သွင်းပေးခဲ့ပါတယ်။

ဘာစီလိုနာမှာ ကစားခဲ့တဲ နာမည်ကျော် တိုက်စစ်မှူးတွေနဲ့ စာရင်တော့ ဂိုးသွင်းနှုန်း ပြန်ကျသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာက မိုဗစ်ကို ၂၀၁၀-၁၁ မှာ အီတလီ ကလပ် အေစီမီလန် ကို အငှား ၁ နှစ် ပို့လိုက်ပါတယ်။ အေစီမှာ တရာသီ အတွင်း ၂၉ ပွဲ ကစားတယ်၊ ၁၄ ဂိုးသွင်းတယ်၊ အေစီရဲ့ ကစားကွက်နဲ့ အံဝင်နေတဲ့ မိုဗစ်ကို အေစီက ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာ ကနေ အပြီးသတ် ခေါ်လိုက်တယ်။

၂၀၁၁-၁၂ ရာသီမှာ အေစီနဲ့ အတူ ၃၂ ပွဲထိ ပွဲထွက်ခွင့် ရခဲ့ပြီး ၂၈ ဂိုးထိအောင် သွင်းခဲ့လို့ ငွေအားသုံးပြီး အောင်မြင်မှု ရှာနေတဲ့ ပြင်သစ် ကလပ် PSG က အေစီကနေ မိုဗစ်ကို ခေါ်လိုက်ပါတယ်။ PSG မှာ မိုဗစ် တယောက် စံချိန်တင် လစာ၊ ပြောင်းရွှေ့ကြေး တွေနဲ့ ရောက်သွားလို့ အဆင်ပြေသွားပါတယ်။ PSG မှာတော့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် ထိ ၁၂၂ ပွဲ ပါဝင် ကစားခဲ့ပြီး ဂိုးပေါင်း ၁၁၃ ဂိုးထိ သွင်းခဲ့တာပါ။

ဒါဟာ တပွဲ တဂိုးနှုန်း နီးပါးထိအောင် သွင်းခဲ့လို့ အံ့မခန်းပါပဲ။ ဒီလို ခြေစွမ်းတွေကြောင့် ဂိုးသွင်းသေချာတဲ့ ဝါရင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဗန်ပါစီ၊ ဘာဘာတော့လို ကစားသမားတွေကို ခေါ်သုံးလေ့ရှိတဲ့ မန်ယူက ၂၀၁၆ ခုနှစ်မှာ မိုဗစ်ကို PSG ကနေ ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ မန်ယူမှာတော့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ပွဲပေါင်း ၂၈ ပွဲ ကစားပြီး ၁၇ ဂိုးထိ သွင်းနိုင်ခဲ့လို့ သူ့ အသက် အရွယ်နဲ့ စာရင် တကယ်ကို ဂိုးသွင်း သမားကောင်း တယောက် အဖြစ် ရှိနေဆဲ ဖြစ်တယ် လို့ ဆိုရမှာပါ။ အခုလည်း ဒီနှစ် ဘောလုံးရာသီ အတွက် မိုဗစ်ကို မန်ယူက တနှစ် စာချုပ်နဲ့ ထပ်ခေါ်ထားပါတယ်။ သူ့ရဲ့ ဂိုးတွေကို မန်ယူ အတွက် မြင်ရဦးမှာပါ။

တဖက်က နိုင်ငံအသင်း အတွက် ကစားပေးမှု အပိုင်းကို ကြည့်မယ် ဆိုရင်တော့ ၁၉၉၉ ခုနှစ်မှာ ကတည်းက ဆွီဒင် ၁၈ နှစ်အောက် အသင်းမှာကတည်းက မိုဗစ်က ပါဝင်ကစားခဲ့သူ ဖြစ်ပြီး ၁၉ နှစ်အောက် အသင်းအတွက် ၄ ပွဲမှာ ၁ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ၂၁ နှစ်အောက် အသင်းအတွက် ပါဝင်ခဲ့ပါတယ်။ ၇ ပွဲမှာ ၆ ဂိုးထိအောင် သွင်းပေးထားခဲ့ပါတယ်။ အဲဒီလို ခြေစွမ်းနဲ့ အတူ အဆိုပါ ၂၀၀၁ခုနှစ်က စပြီး လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံရလို့ ၂၀၁၆ ခုနှစ် နိုင်ငံ အသင်းကစားသမား အဖြစ်ကနေအနား မယူခင်ထိအောင် ဆွီဒင် လက်ရွေးစင် အသင်း အတွက် ၁၁၆ ပွဲ ကစားပေးပြီး ၆၂ ဂိုးထိအောင် ရယူပေးထားနိုင်တာလည်း တွေ့ရပါတယ်။

မိုဗစ်ရဲ့ ဆုဖလား ရယူထားနိုင်မှုတွေကို ကြည့်မယ် ဆိုရင်တော့ မယ်မိုလ်မှာ ဆုဖလားမရခဲ့ပေမယ့် အေဂျက်နဲ့ အတူ Eredivise ကို ၂ ကြိမ်၊ KNVBဖလားကို ၁ ကြိမ်၊ Johan Cruyff ဒိုင်းကို ၁ ကြိမ်ရတယ်၊ အင်တာနေစီယွန်နယ်နဲ့ အတူ Serie A မှာ ၃ ကြိမ် ဗိုလ်စွဲတယ်၊ Supercoppa Italiana ကို ၂ ကြိမ်ရတယ်၊ ဘာစီလိုနာနဲ့ အတူ လာလီဂါဖလား ၁ ကြိမ်၊ Supercopa de Espanaကို ၂ ကြိမ်၊ UEFA Super Cup ၁ ကြိမ်၊ FIFA Club World Cup ကို ၁ ကြိမ်ရတယ်။

အေစီမီလန်နဲ့ အတူ Serie A ကို ၁ ကြိမ်၊ Supercoppa Italiana ကို ၁ ကြိမ်ရတယ်၊ PSG ရောက်တော့ Ligue 1 ကို ၄ ကြိမ် ဗိုလ်စွဲတယ်၊ Coupe de France ကို ၂ ကြိမ်ရတယ်၊ Coupe de la Ligue ကို ၃ ကြိမ်၊ Trophee des Champions ကို ၃ နှစ် ဆက်တိုက် ရပြန်ပါတယ်။ မန်ယူရောက်တော့ အရင်နှစ်က EFL ဖလားရတယ်၊ ယူရိုပါလိဂ် ဖလား ရတယ်၊ ကွန်မြူနတီဒိုင်းလည်း ရထားပါတယ်။

တယောက်ချင်း ဆုတံဆိပ်ရရှိမှု အပိုင်းမှာတော့ ဆွီဒင် အကောင်းဆုံး ကစားသမားဆုကို ၂၀၀၂ ခုနှစ်က ရဖူးတယ်၊ Eurosport ရဲ့ တနှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကို ၂၀၀၄ ခုနှစ်က ရတယ်၊ UEFA Euro 2004 မှာ အီတလီနဲ့ ပွဲအတွင်း အကောင်းဆုံး ကစားသမား ဖြစ်လာတယ်၊ Serie A ရဲ့ ပရိတ်သတ် အများဆုံး ကစားသမား အဖြစ် ၂၀၀၅ခုနှစ်က မှတ်တမ်းဝင်တယ်၊ ၂၀၀၈ခုနှစ်မှာ Serie A ရဲ့ တနှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကို ရတယ်၊ ယူရို ၂၀၀၈ မှာလည်း ဂရိနဲ့ ပွဲအတွက် အကောင်းဆုံး ကစားသမား ဆုရတယ်။

ပြီးတော့ Ballon dor ဆုကိုလည်း ၂၀၀၅ မှာ အဆင့် ၈၊ ၂၀၀၇ မှာ အဆင့် ၇၊ ၂၀၀၈ မှာ အဆင့် ၉၊ ၂၀၀၉ ခုနှစ်မှာ အဆင့် ၇ တွေ အဖြစ် ဆန်ကာတင် အဆင့်ထိအောင်ရောက်ဖူးတယ်၊ Serie A ရဲ့ တနှစ်တာ အကောင်းဆုံး ပြည်ပ ကစားသမားဆုကို ၃ ကြိမ် ရဖူးတယ်၊ Serie A မှာပဲ တနှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ၃ ကြိမ်ရပြန်တယ်၊ Golden Foot ဆုကို ၂၀၁၂ ခုနှစ်က ရဖူးတယ်၊ Serie A မှာ ဂိုးသွင်းဘုရင် ၂ ကြိမ် ဖြစ်ဖူးတယ်၊ ၂၀၁၂-၁၃ ချန်ပီယံလိဂ်မှာ ဂိုးရရှိဖိ့ု ထောက်ပံ့မှု အများဆုံး ကစားသမား ဖြစ်ဖူးတယ်။

အဲဒါ အပြင် FIFA Ballon Dor မှာ ၂၀၁၂ ခုနှစ် အတွက် အဆင့်၁၀၊ ၂၀၁၃ ခုနှစ်အတွက် အဆင့် ၃ ရဖူးတယ်၊ ၂၀၁၃ ရဲ့ FIFA ကနေ ထုတ်ပြန်တဲ့ အကောင်းဆုံး အသင်းသား စာရင်းမှာ ပါဖူးတယ်၊ FIFA ကနေ ပေးအပ်တဲ့ Puskas ဆုကို ၂၀၁၃မှာ ရခဲ့တယ်၊ ဆွီဒင် အကောင်းဆုံး ဂိုးသွင်းဆုကိုလည်း ၂ ကြိမ်ရထားတယ်၊ UEFA ကနေ ထုတ်ပြန်တဲ့ တနှစ်တာ အကောင်းဆုံး အသင်းသား လူစာရင်းမှာ ၄ ကြိမ်ထိအောင် ပါဖူးတယ်။ ဒီလို နာမည်ကျော် ဆုတွေ အပြင် အခြား ဆုပေါင်း ၃၀ ကျော်ကို တယောက်ချင်း ထူချွန်မှု အဖြစ် ရယူထားနိုင်တာ တွေ့ရပါတယ်။

Ref: www.en.m.wikipedia.org

The post မန်ယူရဲ့ ဂိုးသွင်းစက် ဖြစ်နေဦးမယ့် Zlatan Ibrahimovic သို့မဟုတ် မိုဗစ် appeared first on ဧရာဝတီ.


အင်္ဂလန်မှာ ကြီးလေးကြီး စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ Tottenham Hotspur F.C

$
0
0

ကမ္ဘာမှာ လူကြိုက် အများဆုံး အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဖြစ်တဲ့ အင်္ဂလန် ပြည်တွင်း ပရီးမီးယားလိဂ်မှာ ဟိုယခင် ကတည်းကရော အခုချိန်ထိ အအောင်မြင်ဆုံး အသင်း၊ လူကြိုက် အများဆုံး အသင်းတွေ အဖြစ် မန်ယူ၊ အာဆင်နယ်၊ ချယ်ဆီးနဲ့ လီဗာပူးတွေသာ ရှိခဲ့ပြီး အခုနောက်ပိုင်းနှစ်မှာတော့ ငွေကြေးသုံးစွဲနိုင်မှုနဲ့ ကစားသမားကောင်းတွေ ဝယ်ယူ အားဖြည့်မှုကြောင့် မန်စီးတီးလိုအသင်းဟာလည်း အသင်းကြီး စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ ဒီလိုပဲ မန်စီးတီးလို ငွေများများ မသုံးပေမယ့် ကြိုးစားအားထုတ်မှုတွေနဲ့ အတူ ကြီးလေးကြီး အသင်းဝင်အောင် အားထည့်လာတဲ့ စပါးအသင်းအကြောင်း ပြောပြချင်ပါတယ်။

အသင်းရဲ့ နာမည် အပြည့်အစုံက Tottenham Hotspur Football Club ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ စပါးလို့ လူသိများကြပါတယ်။ လန်ဒန်အခြေစိုက် ကလပ်တခု ဖြစ်ပါတယ်။ အခုနှစ် ဘောလုံးရာသီ ဖြစ်တဲ့ ၂၀၁၇-၁၈ မှာ အိမ်ကွင်းအဖြစ် အရင် သုံးနေတဲ့ စပါးရဲ့ အိမ်ကွင်း White Hart Lane ကို ပြန်လည် တည်ဆောက်မှုတွေ လုပ်ဆောင်နေတာကြောင့် အင်္ဂလန်ရဲ့ အိမ်ကွင်း ဝင်ဘာလေကို ခေတ္တရယူပြီး အိမ်ကွင်း အဖြစ် လက်ခံကစားနေတာ ဖြစ်ပါတယ်။

အသင်းရဲ့ အမည်ပြောင်တွေက Spurs လို့လည်းခေါ်ကြသလို The Lilywhites လို့လည်းခေါ်ကြပါတယ်။ လွန်ခဲ့တဲ့ ၁၃၄ နှစ်၊ ၁၈၈၂ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ စတင် တည်ထောင်ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ အဆိုပါ အချိန်ကတော့ Hotspur F.C အဖြစ် အမည်နဲ့ ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း တော့တင်ဟမ် စာလုံး ဖြည့်ခဲ့ပါတယ်။

ဒီနှစ် အိမ်ကွင်း အဖြစ် သုံးနေတဲ့ ဝင်ဘာလေကွင်း ကတော့ ပရိတ်သတ် ၉၀၀၀၀ ထိအောင် ဆံ့ပါတယ်။ အသင်းကို ENIC International Ltd. ကပိုင်ဆိုင်ထားပြီး လက်ရှိ နည်းပြအဖြစ် ပိုချက်တီနိုက ကိုင်တွယ်နေ တာ တွေ့ရပါတယ်။ အရင်နှစ်က ပရီးမီးယားလိဂ်မှာ နာမည်ကျော် မန်ယူ၊ မန်စီးတီး၊ အာဆင်နယ် တွေကို ကျော်ဖြတ်ပြီး အဆင့် ၂ နေရာမှာ ရာသီသိမ်းနိုင်အောင် ရပ်တည်ထားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

အသင်းက အိမ်ကွင်း အနေနဲ့တော့ အဖြူရောင် အင်္ကျီနဲ့ ခြေအိတ်ကို ဝတ်ဆင်ပြီး ဘောင်းဘီက အပြာ ဖြစ်ပါတယ်။ အဝေးကွင်းမှာတော့ အပြာရောင် အင်္ကျီရော ဘောင်းဘီးနဲ့ ခြေအိတ်ပါ ဝတ်ဆင် ကစားတာပါ။ အသင်းက ၁၉၀၁ ခုမှစ်မှာ FA ဖလားကိုရယူနိုင်ပြီး အသင်းရဲ့ ပထမဆုံး အကြီးမားဆုံး အောင်မြင်မှု ရလာပါတယ်။

၁၉၆၀-၆၁ ခုနှစ် ဘောလုံးရာသီမှာ ဆိုရင် တနှစ်တည်း League ဖလားရော FA ဖလားပါ ရယူနိုင်ခဲ့လို့ ၂၀ ရာစုအတွင်း ပထမဆုံး ဖလား နှစ်လုံး တနှစ်တည်း ရယူနိုင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်း ဝင်ထားပါတယ်။ ၁၉၆၃ ခုနှစ်မှာ FA ဖလားကြောင့် ဥရောပ ဝင်ခွင့် ရခဲ့ပြီး European Cup Winners Cup ကိုရယူနိုင်ခဲ့လို့ ပထမဆုံး အင်္ဂလန်အခြေစိုက် အသင်းတွေထဲက ဖလားရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စပါးဟာ League ဖလား ၂ ကြိမ် ရခဲ့ပါတယ်။ ပြီးတော့ ၁၉၇၂ ခုနှစ်မှာလည်း UEFA Cup ရခဲ့ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန် အခြေစိုက် ကလပ် အသင်းတွေထဲက ပထမဆုံး ဥရောပအဆင့် ပြိုင်ပွဲမှာ ဖလား နှစ်လုံး ပထမဆုံး ရယူနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်လာပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တော့ စပါးက FA ဖလား ၂ ကြိမ်ရတယ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ၁၉၈၄ ခုနှစ်မှာ UEFA Cup ၁ ကြိမ် ထပ်ရပါတယ်။

၁၉၉၀ ပြည့်လွန် နှစ်မှာတော့ FA ဖလား ၁ ကြိမ်နဲ့ League ဖလား ၁ ကြိမ် ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ League ဖလား ၁ ကြိမ် ထပ်ရပြီး အသင်းက နောက်ဆုံး ဆယ်စုနှစ် ၆ စု အတွင်း မန်ယူလို သြဇာကြီးမားတဲ့ အသင်းနဲ့ အတူ ဆယ်စုနှစ်တိုင်း ဆုဖလားရယူနိုင်ခဲ့တဲ့ အသင်းအဖြစ် ရပ်တည်လာနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

အသင်းရဲ့ အဓိက ပြိုင်ဖက်ကတော့ တမြို့တည်းအခြေစိုက် နာမည်ကျော် အာဆင်နယ် အသင်း ဖြစ်ပြီး သူတို့ နှစ်သင်း ထိပ်တိုက် တွေ့ဆုံပွဲတွေကို မြောက်လန်ဒန်ဒါဘီပွဲတွေ အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြသလို အကျိတ်အနယ် ယှဉ်ြပိုင်လေ့ရှိတာလည်း တွေ့ရပါတယ်။

အသင်းက ပထမဆုံး အိမ်ကွင်းလက်ခံကစားမှုကို Park Lane ဆိုတဲ့ အများပိုင် ကွင်းမှာ လက်ခံ ကစားတာပါ။ ပထမဆုံး စပါးအသင်း အကြောင်းကို ပုံနှိပ်ဖော်ပြခံရမှုက ၁၈၈၃ ခုနှစ် အောက်တိုဘာ ၆ ရက်မှာ ဘရောင်းလိုးရိုဗာ အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ နိုင်လို့ မီဒီယာ စာမျက်နှာထက် ရောက်လာခဲ့ပါတယ်။ အိမ်ကွင်း အတွက် အခက်အခဲ ရှိနေတဲ့ စပါးက အိမ်ကွင်းအတွက် နေရာကို Asplins Farm ဆီကနေ ကွင်းနေရာ အတွက် တနှစ်ကို ၁၇ ပေါင်နဲ့ ငှားရမ်းခဲ့ပြီး အဆိုပါ နေရာမှာ ပထမဆုံး လက်ခံကစားပွဲကို ၁၈၈၈ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ လက်ခံ ကစားလာနိုင်ခဲ့ပါတယ်။

အဆိုပါကွင်းမှာ ထိုင်ခုံ ၁၀၀ ပဲ ရှိပါတယ်။ ၁၈၉၈ ခုနှစ်မှာ စပါးက ဝိုးဝှစ်အာဆင်နယ်နဲ့ ကစားမယ့်ပွဲမှာ ပရိတ်သတ် ၁၄၀၀၀ လောက် လာရောက်အားပေးခဲ့ပါတယ်။ ကစားကွင်း ထိုင်ခုံနေရာ မလောက်လို့ ပွဲကြည့်စင် အမိုးတွေပေါ် တက်ကြည့်ရင်း မတော်တဆမှုတွေကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၈၉၉ မှာတော့ မူလကွင်းထက် ပိုမို ကျယ်ဝန်းတဲ့ အခုအိမ်ကွင်း White Hart Lane မှာ ပြောင်းလဲ ကစားလာခဲ့ကြ တာပါ။

ဒီကွင်းနေရာက အမှန်ဆို အဖျော်ယမကာ ကုမ္ပဏီ Charringtons က ပိုင်ဆိုင်ထားတာပါ။ စပါးရောက်လာလို့ မြေငှားစာချုပ်နဲ့ ငှားခဲ့သလို စပါးကွင်းကလည်း ပရိတ်သတ် ၂၅၀၀၀ ထိအောင် ဆံ့လာပါတယ်။ White Hart Lane မှာ ပထမဆုံး လက်ခံကစားတဲ့ ပွဲကို စပါးနဲ့ အတူ နော့ကောင်တီက လာကစားပြီး အဆိုပါ ပွဲမှာ စပါးက ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နော့ကောင်တီနဲ့ ပွဲက အပျော် ခြေစမ်းပွဲပါ။ ပြိုင်ဖက် အဖြစ် ပထမဆုံး အနေနဲ့ စပါးက အိမ်ကွင်းမှာ QPR ကို လက်ခံကစားပြီး ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့ပါတယ်။ ဒါတွေက စပါးအိမ်ကွင်းရဲ့ အစကောင်းတွေပါ။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် အောက်တိုဘာ အတွင်းက စပါးကနေ အိမ်ကွင်း အဆောက်အဦသစ် ဆောက်လုပ်မယ် လို့ ကြေငြာခဲ့သလို နောက်ပိုင်း အခက်အခဲတွေကြောင့် ကြန့်ကြာနေခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာလ အတွင်းမှာမှ အပြီးသတ် အတည်ပြုချက် ရယူနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် အတွင်း တည်ဆောက်မှု လုပ်ငန်းတွေ စတင် ဆောင်ရွက် နေခဲ့သလို ကွင်းသစ်ကို အခုနှစ်တွေမှာ ဆောက်လုပ်နေပြီး ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ပြန်လည် အသုံးပြု နိုင်ဖို့ ရည်မှန်းထားကြ သလို ကွင်းသစ် အမည်ကို White Hart Lane ကနေ ပြောင်းဖို့ ရှိပေမယ့် အခုတော့ နာမည် မပေးရသေးတာ တွေ့ရပါတယ်။

စပါးအသင်းဟာ အင်အားကြီးအသင်း တသင်းဖြစ်သလို အခြားဘောလုံးအသင်းတွေလိုပဲ အမျိုးသမီး အသင်း လည်း ရှိနေတာ တွေ့ရပါတယ်။ ၁၉၈၅ ခုနှစ်ကတည်းက စပါးအမျိုးသမီးအသင်းကို Broxbourne Ladies အမည်နဲ့ ဖွဲ့စည်းထားခဲ့တာ ဖြစ်သလို စပါးအမည်ကိုတော့ ၁၉၉၁-၉၂ မှာမှ စတင် အသုံးပြုလာခဲ့တာပါ။ ၂၀၀၇-၀၈ မှာ စတုတ္ထအဆင့် အမှတ်ပေး ဖလားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့လို့ တန်းတက်ခွင့် ရလာပြီး အခုတော့ FA Women’s Premier League Southern Division ဆိုတဲ့ တတိယတန်းမှာ ကစားနေတာ တွေ့ရပါတယ်။

စပါးရဲ့ အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင် ယခင် ပထမတန်း၊ အခုပရီးမီးယားလိဂ် ဖလားကို ၂ ကြိမ်ရဖူး တယ်၊ ယခင် ဒုတိယတန်း၊ အခု ချန်ပီယံရှစ်ဖလားကို ၂ ကြိမ် ရဖူးတယ်၊ FA ဖလား ၈ ကြိမ်ထိအောင် ရထားတယ်၊ League Cup ၄ ကြိမ် ရထားတယ်။ ကွန်မြူနတီဒိုင်းလည်း ၇ ကြိမ် ရဖူးတယ်၊ ဥရောပအဆင့်မှာ ဆိုရင် UEFA Cup Winner’s Cup ကို ၁ ကြိမ်၊ ယူရိုပါလိဂ်လို့ အခုခေါ်တဲ့ UEFA Cupကို ၂ကြိမ် ရဖူးပါတယ်။

Southern League နဲ့ Western League မှာလည်း ၁ ကြိမ်စီ ဗိုလ်စွဲဖူုးတယ်၊ အခြားဆုဖလားပေါင်းများစွာ လည်း ရယူထားနိုင်တာ တွေ့ရပြီး နာမည်ကျော် Peace Cup ကို ၂၀၀၅ ခုနှစ်က ရဖူးတယ်၊ AIA ဖလားကို လည်း ၂၀၁၅ ခုနှစ်က ရယူထားနိုင်တာ တွေ့ရပါတယ်။ အသင်းအတွက် ပွဲအများဆုံး ကစားထားသူ အဖြစ်တော့ Steve Perryman က ရှိနေပြီးသူက ၁၉၆၉ ခုနှစ်ကနေ ၁၉၈၆ ခုနှစ် အတွင်းပွဲပေါင်း ၈၅၄ ပွဲ ကစားပေး ထားတာ ဖြစ်ပါတယ်။ ဂိုး အများဆုံး သွင်းထားပေးသူ အဖြစ်ကတော့ Jimmy Greaves ရှိနေပြီး သူက ပွဲပေါင်း ၃၈၀ ကစားပေးခဲ့ပြီး ၂၆၆ ဂိုး သွင်းယူးပေးထားတာပါ။

Ref: www.en.m.wikipedia.org

The post အင်္ဂလန်မှာ ကြီးလေးကြီး စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ Tottenham Hotspur F.C appeared first on ဧရာဝတီ.

လုံခြုံရေး အခြေအနေကြောင့် ကာဂျစ်စတန်နှင့် မြန်မာ ဘောလုံးပွဲစဉ် ရွေ့ဆိုင်း

$
0
0

မနက်ဖြန်ကစားမည့် ကာဂျစ်စတန်နှင့် မြန်မာ အမျိုးသား ဘောလုံးအသင်းတို့၏ အာရှဖလား ခြေစစ်ပွဲ ကို လုံခြုံရေး စိတ်မချရသဖြင့် ရွေ့ဆိုင်းလိုက်ပါတယ်။

အစ္စလာမ်ဘာသာဝင်အများစု နေထိုင်တဲ့ အာရှအလယ်ပိုင်းက ကာဂျစ်စတန် နဲ့ ယှဉ်ပြိုင်မယ့်ပွဲမှာ လုံခြုံရေး စိတ်မချရသဖြင့် ရက်ရွေ့ပေးရန် ကာဂျစ် ဘောလုံးအဖွဲ့ချုပ်က အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မေတ္တာရပ်ခံခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ပါ တယ်။

ထို့အတွက် ကာဂျစ်နှင့် မြန်မာတို့ ကစားမည့်ပွဲစဉ်ကို အာရှဘောလုံးအဖွဲ့ချုပ်က ပြန်လည်ရေးဆွဲ ထုတ် ပေးသွားမယ်လို့ ဆိုပါတယ်။

လတ်တလော ရခိုင်မြောက်ပိုင်းမှ ဘင်္ဂလီအကြမ်းသမား၏ တိုက်ခိုက်မှုအပြီး မြန်မာတပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေခြင်း ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ကန့်ကွက်ဝေဖန်မှုများ ပြုလုပ် နေရာ ရုရှားနိုင်ငံမှာရှိတဲ့ ချေချင်းညှာက အစ္စလာမ်ဘာသာဝင်များကလည်း လူစုလူဝေးဖြင့် ကန့်ကွက် မှုပြုလုပ်နေပါတယ်။

ရခိုင်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က စစ်ဆင်ရေးနယ်မြေ ၅ခုသတ်မှတ်ကာ အကြမ်းဖက်သမား များကို ရှင်းလင်းလျှက်ရှိပါတယ်။

The post လုံခြုံရေး အခြေအနေကြောင့် ကာဂျစ်စတန်နှင့် မြန်မာ ဘောလုံးပွဲစဉ် ရွေ့ဆိုင်း appeared first on ဧရာဝတီ.

ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားများ

$
0
0

အခု ပြောပြမှာက ကမ္ဘာ့ လက်ဝှေ့သမိုင်းတလျှောက် အကောင်းဆုံး လက်ဝှေ့သမားတွေနဲ့ လက်ရှိ ထိုးသတ်နေဆဲ လက်ဝှေ့ အကျော်အမော်တွေ အကောင်းဆုံး အတော်ဆုံးသူတွေ အကြောင်းကို ပြောမှာ ဖြစ်ပါတယ်။

(၁၀) Willie Pep ။ ။ Featherweights တန်းမှာ ထိုးသတ်ကစားတဲ့ လက်ဝှေ့သမား တဦးပါ။ ထိုးသတ်ဟန် ပေါ့ပါး သွက်လက်မှုကို ဦးစားပေး ကစားပါတယ်။ ကစားသမား သက်တမ်းတလျှောက် ပွဲပေါင်း ၂၂၉ ပွဲထိ ထိုးသတ်ခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ ၆၅ ပွဲထိအောင် အနိုင်ရဖူးထားသူ ဖြစ်ပါတယ်။ လက်ရှိ ကစားနေတဲ့ မက်နီပက်ကွီအို နဲ့ အိုင်ဗန်ကယ်ဒီရွန် တို့လို ကစားဟန်နဲ့ ဆင်ပါတယ်။ မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်း ကစားသမားဘဝက အနားယူသွားခဲ့သလို ၂၀၀၆ ခုနှစ်၊ အသက် ၈၄ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

(၉) Julio Cesar Chavez ။ ။ မက္ကဆီကို လက်ဝှေ့အကျော်အမော် ဖြစ်ပြီး ၁၉၈၀ ကနေ ၂၀၀၅ခုနှစ်ထိအောင် ကစားသမား ဘဝကို ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ အဆိုပါ အချိန်က နာမည်ကျော် လက်ဝှေ့သမားတွေ ဖြစ်တဲ့ အော်စကာဒီလာဟိုရာ၊ မယ်ဒရစ်တေလာနဲ့ ဟက်တာကမာချိုလို ကစားသမားတွေ ထိုးသတ်ဖူးတာလည်း တွေ့ရပါတယ်။

သူနဲ့ ပတ်သတ်တဲ့ ထူးခြားချက် တခုကတော့ ကစားသမား သက်တမ်းတလျှောက် ၁၃ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၈၇ ပွဲဆက် ရှုံးပွဲ မရှိ ထိုးသတ် အနိုင်ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးတော့ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၄ ခုနှစ် အတွင်း ဝိတ်တန်း ၃ တန်းမှာ ကမ္ဘာ့အဆင့် ခါးပတ်ပေါင်း ၆ ခုထိအောင်လည်း ရယူနိုင်ခဲ့သူပါ။ အခုတော့ သူ့ရဲ့ သားဖြစ်သူ ချာဗက်ဂျူနီယာရဲ့ နည်းပြ အဖွဲ့မှာ ပါဝင်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

(၈) Bernard Hopkins ။ ။ အသက်အရွယ်နဲ့ မလိုက်လောက်အောင် အလေးချိန် အကြီးတန်း ကစားသမားတွေကို အကောင်းဆုံး ယှဉ်ပြိုင် ထိုးသတ်နိုင်သူပါ။ ၁၉၆၅ ခုနှစ်မှာ မွေးဖွားပြီး အခု သူ့ အသက် ၅၂ နှစ် ရှိပါပြီ။ ကစားသမား ဘ၀ Middleweight မှာ ထိုးသတ်နေတဲ့ အချိန် Light Heavyweight တန်းထိအောင် စိန်ခေါ်ထိုးသတ် အနိုင်ယူနိုင်ခဲ့သူပါ။

ဒါကြောင့်လည်း သူ့အရင် George Foreman တင်ထားတဲ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို အသက်အကြီးဆုံး အရွယ်နဲ့ ယူထားနိုင်ခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ Ring မဂ္ဂဇင်းရဲ့ အလေးချိန်တူ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ခံရသူလည်း ဖြစ်ပါတယ်။

(၇) Joe Frazier ။ ။ နာမည်ကျော် ကစားသမား မိုဟာမက်အလီရဲ့ အကောင်းဆုံး ပြိုင်ဖက် အဖြစ် လူသိများပါတယ်။ Joe ကတော့ အိုလံပစ် ရွှေတံဆိပ်ဆု ရယူထားနိုင်သူ တဦး ဖြစ်ပြီး Heavyweight တန်းမှာ ခါးပတ်အကြိမ်ကြိမ် ရယူထား နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ Smokin Joe အဖြစ် လူသိများပါတယ်။ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်ထိ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ အမေရိကန် လက်ဝှေ့သမား Joe က ပွဲပေါင်း ၃၇ ပွဲ ထိုးသတ်ခဲ့ဖူးပြီး ၃၂ ပွဲထိအောင် အနိုင်ရခဲ့ သလို ၄ ပွဲပဲ ရှုံထားဖူးတာ တွေ့ရပါတယ်။

(၆) Roberto Duran ။ ။ Hands of Stone အဖြစ် လူသိများပါတယ်။ Lightweight တန်းမှာ ထိုးသတ်သူ ဖြစ်ပြီး ခါးပတ် အကြိမ်ကြိမ် ရခဲ့သူပါ။ ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ Welterweights တန်း ကစားသမားတွေ ထဲက အကောင်းဆုံး ၄ ဦးစာရင်းဝင်လည်း ဖြစ်ပါတယ်။ Lightweight ကနေ Middleweight အတွင်းရှိ အလေးချိန်တန်း ၄ ခုအတွင်း ကစားပွဲပေါင်း များစွာ ဝင်ရောက် ထိုးသတ်သူလည်း ဖြစ်ပါတယ်။ သူက ကစားသမား သက်တမ်းကို ၁၉၆၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်ထိအောင် ထိုးသတ်ခဲ့လို့ ဆယ်စုနှစ် ၅ စုထိအောင် ထိုးသတ်ခဲ့သူ ဒုတိယမြောက် လက်ဝှေ့သမား အဖြစ် မှတ်တမ်းဝင် နေသူလည်း ဖြစ်ပါတယ်။

(၅) Mike Tyson ။ ။ Heavyweight တန်းဝင်တွေထဲမှာတော့ ထိုးချက် အားအပြင်းဆုံး ကစားသမား တယေက် အဖြစ် နာမည်ကျော် လူသိများပါတယ်။ ထိုးသတ်ချက်တွေ မြန်ဆန်တယ်၊ ထိုးချက်ပြင်းထန်တယ်၊ ကမ္ဘာ့ အသက် အငယ်ဆုံး Heavyweight ခါးပတ်ကို ရယူထားနိုင်တဲ့ စံချိန် တင်ထားတယ်၊ ၁၉၈၆ ခုနှစ် အတွင်း Trevor Berbik ကို ၂ ချီအတွင်း အနိုင်ရပြီး အသက်အငယ်ဆုံး ခါးပတ်ပိုင်ရှင် ဖြစ်လာခဲ့တာပါ။ ၁၉၉၆ ခုနှစ်မှာ ဟိုလီဖီးနဲ့ ထိုးသတ်ပြီး ၁၁ ချီမှာ ရှုံးတယ်၊ နောက်ထပ် ပြန်ထိုးတဲ့ ပွဲမှာ ဟိုလီဖီးရဲ့ နားရွက်ကို ကိုက်ခဲ့လို့ နာမည်ပျက်ခဲ့ သလို ထပ်ပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရ ပြန်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကစားသမား ဘဝကနေ အနားယူခဲ့ပါတယ်။


(၄) Sugar Ray Robinson ။ ။ အလေးချိန်တူ ထိုးသတ်နိုင်သူတွေထဲမှာ အကောင်းဆုံးလို့တောင် သတ်မှတ်နိုင် ပါတယ်။ တကယ်လို့ အခုစာရင်း ကလည်း အလေးချိန်တူ ထိုးသတ်သူတွေထဲက အကောင်းဆုံး လက်ဝှေ့သမားတွေကို ပြောနေတာ ဆိုရင် Sugar က နံပတ် ၁ လို့ သတ်မှတ်နိုင်မယ့် သူပါ။ အပျော်တမ်း ကစားသမား ဘဝမှာ ၈၅ ပွဲ ထိုးတယ်။ ရှုံးပွဲ လုံး၀ မရှိဘူး။ ကစားသမား သက်တမ်းတလျှောက် ပွဲပေါင်း ၂၀၀ ထိုးတယ်၊ ၁၇၃ ပွဲနိုင်တယ်၊ အဲဒီထဲမှာ တဆက် တည်း အနိုင်ရပွဲ ၉၁ ပွဲ ရှိသေးတယ်။ နိုင်ပွဲ အားလုံးထဲမှာ ၁၀၈ ပွဲက ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

(၃) Manny Pacquiao ။ ။ အာရှရဲ့ ကျားတကောင်းပါ။ ဖိလစ်ပိုင်သားက သီချင်းလည်း ဆိုတယ်၊ နိုင်ငံရေးလည်း လုပ်တယ်။ မင်းသားလည်း လုပ်သေးတယ်။ အလေးချိန်တန်း များစွာမှာ ဝင်ရောက် ထိုးသတ် အနိုင်ရလို့ နာမည်ကျော်သူ ပါ။ အလေးချိန်တန်း ၈ ခုမှာ ခါးပတ်ပေါင်း ၁၀ ခုထိအောင် ရထားသူလည်း ဖြစ်ပါတယ်။ အစပိုင်းမှာတော့ Light flyweight တန်းမှာ စတင်ထိုးသတ်ခဲ့တာပါ။ နောက်တော့ Ring မဂ္ဂဇင်းရဲ့ အလေးချိန်တူ ထိုးသတ်နိုင်တဲ့ အကောင်းဆုံး လက်ဝှေ့ ကစားသမား ဖြစ်လာပါတယ်။ နောက်ပိုင်း အမေရိကန်မှာ နာမည်ကျော် ဘာရီရာ၊ မိုရာလက်၊ မာ့ကွစ်၊ ဒိုင်ယာ့လို ကစားသမားတွေကို အနိုင်ရပြီး နာမည်ကြီးလာ ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းကတော့ ကြည့်ရှုခွင့်တင် ဒေါ်လာ ၄ ဒသမ ၄ သန်း လောက်ရခဲ့တဲ့ မေဝယ်သာနဲ့ ပွဲမှာ ရှုံးထားခဲ့တာ တခုပဲ ကြီးမားတဲ့ ရှုံးပွဲ တွေ့ထားဖူးသေးသူ ပါ။

(၂) Joe Louis ။ ။ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၉ ခုနှစ်ထိအောင် ကမ္ဘာ့ Heavyweight ခါးပတ်ကို ထိန်းထားနိုင်သူပါ။ ထိုးသတ်မှု အပိုင်းမှာ သန့်သန့်ရှင်းရှင်း ကစားတယ်၊ မျှတတယ်။ ဒီအတွက် သူ့ကို လူကြိုက်များပါတယ်။ အာဖရိက-အမေရိက ကပြားကစားသမား တဦး အနေနဲ့ ပထမဆုံး အမေရိကန် အတွက် ခါးပတ်ရယူပေးနိုင်သူလည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီဝါဒ ဆန့်ကျင်သူ အဖြစ်လည်း လူသိများပါတယ်။

ကစားသမား ဘဝကနေ အနားယူပြီးသည့် တိုင်အောင် အခွန်တွေ ပေးဆောင်စရာ ရှိလို့ အကြွေး ဒေါ်လာ ၅ သိန်း အတွက် လက်ဝှေ့ပွဲ ပြန်လည် ထိုးသတ်ခဲ့ရပြီး အဆိုပါ ထိုးပွဲတွေထဲမှာ နာမည်ကျော် မာစီယာနိုကို အနိုင်ယူခဲ့နိုင်တာလည်း တွေ့ရပါ တယ်။

(၁) Muhammad Ali ။ ။ အခုချိန်ထိအောင် ကမ္ဘာ့ အကောင်းဆုံး လက်ဝှေ့သမားဘယ်သူလဲ ဆိုတဲ့ နေရာမှာ အလီကို ဖယ်ထုတ်နိုင်သူ၊ မဲမပေးချင်သူ မရှိလောက်အောင် ကောင်းပါတယ်။ နာမည်ကျော် ဖရေဇာနဲ့ ဖိုးမန်းလို ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့သူပါ။ သူဟာ ဘာသာရေးကို ယုံကြည် ဦးစားပေးတဲ့ ကစားသမား တဦး ဖြစ်ပါတယ်။

ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ အတွက်ရော ပွဲအတွက် ဖျော်ဖြေမှု ကောင်းကောင်းပါ ပေးနိုင်သူလည်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသား အလီက ကစားသမား ဘဝတလျှောက်မှာ ၆၁ ပွဲထိအောင် ထိုးသတ်ခဲ့ပြီး ၅ ပွဲပဲ ရှုံးခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်မှာ မွေးပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၃ ရက်နေ့က အသက် ၇၄ နှစ်မှာ ကွယ်လွန်ပါတယ်။

Ref: www.wonderlist.com

The post ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားများ appeared first on ဧရာဝတီ.

ကမ္ဘာ့ အချမ်းသာဆုံး အင်္ဂလန် ဘောလုံးအသင်း ပိုင်ရှင်များ

$
0
0

ကမ္ဘာပေါ်မှာလူကြိုက် အများဆုံးအဖြစ် ရှိနေတဲ့ အင်္ဂလန်ပြည်တွင်း အမှတ်ပေးဖလား ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ အသင်းပိုင်ရှင်တွေထဲက အချမ်းသာဆုံး သူဌေးကြီးတွေ အကြောင်း ပြောပြပါ့မယ်။


(၁) Sheikh Mansour ။ ။ မန်းစီးတီး အသင်းပိုင်ရှင်က လက်ရှိ ပရီးမီးယားလိဂ် အသင်းပိုင်ရှင်တွေ ထဲမှာတော့ အချမ်းသာဆုံး အဖြစ် ရပ်တည်နေပါတယ်။ ၂၀၀၈ ခုနှစ် ကတည်းက အသင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး ဒီအတောအတွင်းမှာ FA ဖလား ၁ ကြိမ်နဲ့ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ League ဖလား ၂ ကြိမ် ရထားပါတယ်။ ပိုင်ဆိုင်မှု အသားတင် စတာလင် ပေါင် ဘီလီယံ ၂၀ လောက် ရှိတယ် လို့ သိရပါတယ်။


(၂) Ronam Abramovich ။ ။ ရုရှ သူဌေး အေဗရာမိုဗစ် လက်ထဲမှာ ချယ်ဆီးအသင်းကပရီးမီးယားလိဂ် ဖလား ၅ ကြိမ် ရထားတယ်၊ FA ဖလား ၄ ကြိမ်၊ League ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ လုံးနဲ့ ယူရိုပါလိဂ်ဖလား ၁ လုံး ရခဲ့ပါတယ်။ အားရစရာပါ။ သူ့လက်ထဲကို အသင်း ရောက်ရောက်ပြီးချင်း ၁၀ နှစ် အတွင်းမှာအသုံးစရိတ် ဒေါ်လာ ၂ ဘီလီယံလောက်ထိ အသုံးချ အားထည့်မှုတွေ လုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။ Sunday Times ရဲ့ ဖော်ပြချက်မှာ မိုဗစ်ကပေါင် ၈ ဘီလီယံလောက် ချမ်းသာပါတယ်။


(၃) Stan Kroenke ။ ။ အမေရိကန် ဆောက်လုပ်ရေး လုပ်ငန်းရှင်က အခု အာဆင်နယ် အသင်းအပြင် အခြားသော အမေရိကန် အခြေစိုက် ဘတ်စကတ်ဘော အသင်းတွေနဲ့ အခြား အားကစား အသင်း အများအပြားကိုလည်း ပိုင်ဆိုင်ထား ပါသေးတယ်။ သူဟာ အသက် ၃၆ နှစ် ကတည်းက Kroenke Group လိုလုပ်ငန်းစုကို တည်ထောင် လုပ်ကိုင်နေတာ ဖြစ်ပြီး Forbes ရဲ့ ဖော်ပြချက်မှာ Kroenke ရဲ့ ပိုင်ဆိုင်မှုကပေါင် ၅ ဒသမ ၈ ဘီလီယံလောက် ရှိပါတယ်။


(၄) Coates မိသားစု ။ ။ Sunday Times ရဲ့ ဖော်ပြချက် အရ ပေါင် ၅ ဘီလီယံလောက် ချမ်းသာတဲ့ Coates မိသားစုဟာ လက်ရှိ အွန်လိုင်း လောင်းကစား လုပ်ငန်းတခုဖြစ်တဲ့ 365bet ကိုလည်း ပိုင်ဆိုင်ထားသလို စတုတ်စီးတီးလို အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ 365bet အနေနဲ့ပဲ စတုတ်ကို ဂျာစီစပွန်ဆာလည်း ပေးထားတာပါ။


(၅) Guo Guangchang ။ ။ တရုတ် အခြေစိုက် FosunInternational ရဲ့ တည်ထောင်သူလည်း ဖြစ်သလို လက်ရှိဥက္ကဌ လည်း ဖြစ်သူက အင်္ဂလန်ကလပ် ဝုဗ်ဘာဟက်တန်ကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၆ ခုနှစ် အတွင်းက Guo အနေနဲ့ အသင်းကို ပေါင် ၄၅ သန်းနဲ့ ဝယ်ခဲ့တာ ဖြစ်ပါတယ်။ Forbes ရဲ့ ဖော်ပြချက် အရတော့ Guo ကပေါင် ၄ ဒသမ ၇၂ ဘီလီယံလောက် ချမ်းသာပါတယ်။


(၆) Joe Lewis ။ ။ Sunday Times ရဲ့ ဖော်ပြချက် အရ Lewis ရဲ့ ပိုင်ဆိုင်မှုက ပေါင် ၄ ဒသမ ၆ ဘီလီယံလောက် ရှိပါတယ်။ သူ့လက်ထဲမှာ စပါးက ဥရောပအဆင့်ထိ နာမည်ကြီးလာပြီး လက်ရှိ ကစားသမားတွေ ဖြစ်တဲ့ Dele Alli နဲ့ Harry Kane တို့က အင်္ဂလန်ရဲ့ အကောင်းဆုံး မျိုးဆက်သစ် ကစားသမားတွေ အဖြစ် သတ်မှတ်ခံထားရသလို စပါးရဲ့ ပုံရိပ်ကိုလည်း ပိုမိုလူသိများစေတာ တွေ့ရပါတယ်။


(၇) Vichai Srivaddhanaprabha ။ ။ ကျနော်တို့နဲ့ အိမ်နီးချင်း နိုင်ငံထိုင်းက ဘီလီယံနာ ဖြစ်ပြီး ၂၀၁၀ ခုနှစ် အတွင်း လက်စတာစီးတီးအသင်းကို ဝယ်ယူလိုက်ပြီး ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ချန်ပီယံ ဖြစ်နိုင်ချေ ၅၀၀၀ လေး ၁ လေးကို ကျော်လွန်ပြီး ချန်ပီယံဖြစ်သည် အထိ အောင်မြင်ခဲ့ပါတယ်။ သူ့သား Aiyawatt ကို အသင်းရဲ့ လက်ထောက်ဥက္ကဌ အဖြစ် ထားရှိလုပ်ကိုင်နေပြီး Forbes ရဲ့ ဖော်ပြချက် အရ Vichai ဟာပေါင် ၃ ဒသမ ၆၄ ဘီလီယံလောက် ချမ်းသာသူ ဖြစ်ပါတယ်။


(၈) Glazer မိသားစု ။ ။ လက်ရှိကမ္ဘာမှာ တန်ဖိုးအကြီးဆုံး အသင်းအဖြစ် ရပ်တည်နေတဲ့ မန်ယူကို ပိုင်ဆိုင်ထားသူပါ။ ၁၉၉၅ ခုနှစ်ကနေ စတင်ပြီး အသင်းကို ဝယ်ယူခဲ့တာ ဖြစ်ပေမယ့် ၂၀၀၃ ခုနှစ်မှာမှ အပြီးသတ် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ဂလေဇာလက်ထဲမှာ မန်ယူက အမှတ်ပေးဖလား ၅ ကြိမ်၊ League ဖလား ၃ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ် ရခဲ့ပါတယ်။ talk SPORT ရဲ့ ဖော်ပြချက် အရ ဂလေဇာမိသားစုဟာ ပိုင်ဆိုင်မှု ပေါင် ၃ ဒသမ ၃ ဘီလီယံလောက် ချမ်းသာပါတယ်။


(၉) Katharina Liebherr ။ ။ ဆောက်လုပ်ရေးသုံး မော်တော်ယာဉ်တွေ ထုတ်လုပ်သူ တဦးပါ။ Liebherr အနေနဲ့ ဆောက်သမ်တန်ကို ဝယ်ယူစဉ် အခါက အသင်းက LeaugeOne မှာ ကန်နေရတာပါ။ အခုတော့ ပရီးမီးယားလိဂ်မှာ ကစားနေရပါပြီ။ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းကနေLiebherr အနေနဲ့ အသင်းနဲ့ ပတ်သက်ပြီး တရုတ် ရင်းနှီးမြှပ်နှံသူတွေနဲ့ တိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့လို့ ပြန်ရောင်းထုတ်တော့မှာလား စောင့်ကြည့်နေကြပါတယ်။ talk SPORT ရဲ့ ဖော်ပြချက်မှာ သူဟာ ပေါင် ၃ ဘီလီယံလောက် ချမ်းသာပါတယ်။


(၁၀) Guochuan Lai ။ ။ သူက ပရီးမီးယားလိဂ် ကလပ် တခု ဖြစ်တဲ့ ဝက်စ်ဘရွန်းဝှစ်ချ်အယ်ဘီယွန်ကို ပိုင်ဆိုင်ထားသူ ပါ။ Birmingham Mail ရဲ့ ဖော်ပြချက် အရ Lai က ပိုင်ဆိုင်မှု ပေါင် ၂ ဒသမ ၈ ဘီလီလောက် ရှိပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာ အသင်းကို ရယူပိုင်ဆိုင်လာတာပါ။ အရင်နှစ်က ဝက်စ်ဘရွန်းဟာ ပရီးမီးယားလိဂ်မှာအဆင့် ၁၀ နဲ့ ရာသီသိမ်းနိုင် လို့ အရင်ထက် ပိုမို ကောင်းမွန်တဲ့ ခြေစွမ်းကို တွေ့လာရတယ် လို့ ဆိုရမှာပါ။


(၁၁) Mike Ashley ။ ။ သူက ၁၆ နှစ်နဲ့ ကျောင်းက ထွက်တယ်၊ မိဘတွေဆီကနေ ပေါင် ၁ သောင်းချေးပြီး အားကစား ပစ္စည်း အရောင်းဆိုင် ဖွင့်တယ်၊ ဒီလိုနဲ့ အောင်မြင်လာတဲ့ Ashely က အခုဆို အားကစားပစ္စည်း ဆိုင်ပေါင်း ၄၀၀ လောက် ပိုင်ဆိုင်နေသူ ဖြစ်နေပါပြီ။ ၂၀၀၇ ခုနှစ် အတွင်းကAshely က နယူးကာဆယ်ကို ပေါင် ၁၃၅ သန်းနဲ့ ဝယ်ခဲ့တယ်။ အရင်နှစ်က နည်းပြဘင်နီတက်နဲ့ လက်အောက်မှာ အသင်းက ချန်ပီယံရှစ် ဖလားကို ရယူပြီး တန်းတက်လာ နိုင်သလို Sunday Times ရဲ့ ဖော်ပြချက်မှာ သူက ပေါင် ၂ ဒသမ ၁ ဘီလီယံလောက် ချမ်းသာသူ ဖြစ်နေပါပြီ။


(၁၂) John W Henry ။ ။ အမေရိကန် ဘေ့စ်ဘောအသင်း Boston Red Sox ကိုလည်း ပိုင်ဆိုင်ထားတဲ့ Henry က အင်္ဂလန် ကလပ် လီဗာပူးလ်ကိုလည်း ပိုင်ထားပါတယ်။ ဒါပေမယ့် သူကဘေ့စ်ဘောနဲ့ ပိုအကျိုးပေးတယ် ပြောရမှာ ဖြစ်ပြီး Sox အသင်းက ၂၀၀၄ နဲ့ ၂၀၀၇ တွေမှာ World Series တွေမှာ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ နေ့စဉ် သတင်းစာတစ်စောင် ဖြစ်တဲ့ Boston Globe ကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပြီး Sunday Times ရဲ့ ဖော်ပြချက် အရ Henry က ပေါင် ၁ ဒသမ ၉၄ ဘီလီယံလောက် ချမ်းသာသူပါ။


(၁၃) Shahid Khan ။ ။ NFL မှာ ကစားနေတဲ့ အသင်း Jacksonville Jaguars ကိုလည်း ပိုင်ဆိုင်တာ တွေ့ရသလို အရင်က ပရီးမီးယားလိဂ်မှာ ရပ်တည် နေနိုင်ခဲ့ပေမယ့် အခုနှစ်တွေမှာ ခြေကျလို့ ချန်ပီယံရှစ်မှာ ကစားနေတဲ့ ဖူဟမ်ကို ပိုင်ဆိုင်ထားသူပါ။ ဖူဟမ်ကို ၂၀၁၃ ခုနှစ် ကတည်းက ဝယ်ယူထားတာ ဖြစ်ပြီး အရင်နှစ်က ချန်ပီယံရှစ်မှာ တန်းတက်ခွင့် အတွက် ရှုံးထွက် အဆင့်ထိ ရောက်ခဲ့ပေမယ့် ရီဒင်ကို ရှုံးလို့ အခုနှစ် တန်းတက် မလာခဲ့ရတာလည်း ဖြစ်ပါတယ်။ Sunday Times ရဲ့ ဖော်ပြချက် အရ Khan က ပိုင်ဆိုင်မှု ပေါင် ၁ ဒသမ ၈၅ ဘီလီယံလောက် ရှိပါတယ်။


(၁၄) Stephen Lansdown ။ ။ FTSE 100 အမည်ရှိ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းကို ပူးပေါင်း တည်ထောင်သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံးနှစ်တွေမှာ ဘရစ်စတိုး အခြေစိုက် အားကစားအသင်းတွေမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင် ခဲ့ပြီး ဘရစ်စတိုးရပ်ဘီ အသင်း၊ ဘရစ်စတိုး ဘတ်စကတ်ဘော အသင်းနဲ့ အတူ ဘရစ်စတိုး ဘောလုံးအသင်း တွေရဲ့ ရှယ်ယာ အများစုကို ပိုင်ဆိုင်လာသူပါ။ Sunday Times ရဲ့ ဖော်ပြချက်မှာ Lansdown က ပိုင်ဆိုင်မှု ပေါင် ၁ ဒသမ ၄၈ ဘီလီယံ ရှိပါတယ်။


(၁၅) Tony Bloom ။ ။ Business Insider ရဲ့ ဖော်ပြချက် အရ Bloom က ပိုင်ဆိုင်မှု ပေါင် ၁ ဘီလီယံလောက် ချမ်းသာပြီး ၂၀၀၉ ခုနှစ် ကတည်းက ဘရိုက်တန် အသင်းကို ပိုင်ဆိုင်ထားသလို အသင်းက အခုနှစ် ပရီးမီးယားလိဂ်မှာ ကစားခွင့် ရထားတာလည်း တွေ့ရပါတယ်။ အသင်းအတွက် ပေါင် သန်း ၂၀၀ လောက်ထိအောင် အသုံးပြုခဲ့တာ တွေ့ရသလို အထူးသဖြင့် အိမ်ကွင်းကို ချဲ့လိုက်တာကြောင့် ၂၀၁၁ ခုနှစ်မှာ ကတည်းကဘရိုက်တန် အိမ်ကွင်းက ပရိတ်သတ် ၃၀၀၀၀ လောက် ထိအောင် ဆံ့လာတာ ဖြစ်ပါတယ်။

The post ကမ္ဘာ့ အချမ်းသာဆုံး အင်္ဂလန် ဘောလုံးအသင်း ပိုင်ရှင်များ appeared first on ဧရာဝတီ.

လီဗာပူးလ်အသင်းရဲ့ ပဲ့ပိုင်ရှင် John W Henry

$
0
0

သူ့ရဲ့ နာမည် အပြည့်အစုံက John William Henry II ဖြစ်ပြီး သူ့ကို ၁၉၄၉ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ မွေးပါတယ်။ ဒါကြောင့် မကြာခင်မှာ သူ့ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ ရောက်တော့မှာပါ။ John W. Henry ကုမ္ပဏီကို တည်ထောင် လုပ်ကိုင်နေသူ ဖြစ်ပြီး ဒီကုမ္ပဏီက ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ စီမံ အုပ်ချုပ်ရေး ဝန်ဆောင်မှုတွေကို လုပ်ကိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

အားကစား အသင်းတွေ၊ ဘဏ်လုပ်ငန်းတွေ ဘက်မှာလည်း ရင်းနှီးမြှပ်နှံထားသူ တဦး ဖြစ်ပြီး Boston Globe ဆိုတဲ့ သတင်းစာ အပြင် Boston Red Sox ဘေ့စ်ဘော အသင်းကိုလည်း ပိုင်ဆိုင်ထားတယ်၊ ပြီးတော့ အင်္ဂလန် နာမည်ကြီး လီဗာပူးလ် အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူဟာ Roush Fenway Racing ပြိုင်ပွဲကိုလည်း ပူးပေါင်း တည်ထောင် သူ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် မတ်လထုတ် ဘော်စတွန် မဂ္ဂဇင်းမှာ ဟင်နရီ အနေနဲ့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံလောက် ပိုင်ဆိုင်တယ် လို့ ဆိုထားပေမယ့် အဆိုပါ ကာလတွေ အတွင်းက ကုမ္ပဏီ အနေနဲ့ အခက်အခက်တွေနဲ့ ရင်ဆိုင်နေတယ် လို့လည်း မှတ်ချက်ပေး ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၁၂ခုနှစ် နိုဝင်ဘာလမှာတော့ ကုမ္ပဏီ အနေနဲ့ ၂၀၁၂ နှစ်ကုန်ပိုင်း ကနေ စတင်ပြီး စီမံရေးရာ အလုပ်တွေ ဆက်လက် လုပ်ဆောင်မှာ မဟုတ်တော့ဘူး လို့ ကြေငြာခဲ့သလို ဟင်နရီ ကိုယ်တိုင်ကလည်း အဆိုပါ အချိန် အတွင်း ဒေါ်လာ သန်း ၁၀၀ လောက်ထိ ဆုံးရှုံးမှု ရှိခဲ့တယ် လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ဇွန် ၁၇ မှာတော့ နာမည်ကျော် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်မှာ ဟင်နရီက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံလောက် ချမ်းသာနေသေးတယ် လို့လည်း တွေ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ အီလီနွိုက်မှာ မွေးတဲ့ ဟင်နရီက အိမ်ထောင် ၃ ခါကျဖူးတယ်။ ပထမ ဇနီးသည် Mai Henry နဲ့ ကွာရှင်းပြီး ၁၉၉၃ ခုနှစ်မှာ Peggy Sue Henry နဲ့ လက်ထပ်တယ်၊ ၂၀၀၈ ခုနှစ်မှာ Sue နဲ့ ကွာရှင်းပြန်တယ်၊ အခုတော့ တတိယ ဇနီးသည် Linda Pizzuti နဲ့ အိမ်ထောင်မြဲနေပြီး ၂၀၀၉ ခုနှစ်ကတည်းက လက်ထပ်ထားတာပါ။ ပထမ ဇနီးသည် Mai နဲ့ သမီးတယောက် ရတယ်၊ တတိယ ဇနီးသည် Linda နဲ့တော့ သမီးတယောက်၊ သားတယောက် ရထားပါတယ်။

ဟင်နရီရဲ့ ပထမဆုံး ကုမ္ပဏီ JWH ကို ၁၉၈၁ ခုနှစ်မှာ စတင် တည်ထောင်တယ်၊ ၁၉၈၂ ခုနှစ်မှာ လုပ်ငန်းတွေ စတင် လုပ်ကိုင် လာတယ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၉ မှာ အဆိုပါ နှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်ကနေ စတင်ပြီး လုပ်ငန်း ဆက်လက် လုပ်ကိုင်တော့မှာ မဟုတ်ဘူးလို့ ကြေငြာပြီး လုပ်ငန်းကို ပိတ်သိမ်းခဲ့ပါတယ်။

ဘေ့စ်ဘော အားကစားနဲ့ ပတ်သတ်လို့ ကတော့ သူဟာ Senior Professional Baseball Association ကိုလည်း တည်ထောင်ခဲ့တယ်။ Boston Red Sox အသင်းနဲ့ အတူ ၁၉၈၉-၉၀ မှာ West Palm Beach Trophics ကို ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ၁၉၉၀ မှာတော့ ဟင်နရီက သူပိုင်ဆိုင်တဲ့ Red Sox ရဲ့ ရှယ်ယာတွေကို ပြန်ရောင်းထုတ်ခဲ့တာ တွေ့ရပါတယ်။

နောက်ပိုင်း ၁၉၉၁ ခုနှစ်မှာ New York Yankees အသင်းကို ဝယ်တယ်၊ မေဂျာလိဂ်ဘေ့စ်ဘောလောကကို အဆိုပါ အသင်းနဲ့ အတူ ခြေချခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Wayne Huizenga ဆီကနေ ဒေါ်လာ ၁၅၈ သန်းနဲ့ Florida Marlins အသင်းကို ထပ်မံ ဝယ်ယူခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ Marlins အသင်းကို ၂၀၀၂ ခုနှစ်မှာ Jeffery Loria ဆီ ပြန်လည် ရောင်းထုတ်ခဲ့ပါတယ်။

Marlins ကို ရောင်းပြီး ဟင်နရီက အရင် အသင်းဟောင်း Red Sox ကို Tom Werner နဲ့ ပေါင်းပြီး ဝယ်ဖို့ ပြင်ဆင်ခဲ့ ပါတယ်။ ဟင်နရီက အသင်းပိုင်ရှင် အနေနဲ့ ဖြစ်ပြီး Werner ကတော့ အသင်း ဥက္ကဌ အနေနဲ့ ပေါင်းပြီး ခွဲခြမ်း ဝယ်ယူခဲ့ကြတာပါ။ အသင်းနဲ့ အတူ ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ World Series ကို ရခဲ့ပါတယ်။ သူဟာ ဘေ့စ်ဘော ဝါသနာရှင် တဦး ဖြစ်ပြီး အသင်းနဲ့ အတူ ဘေ့စ်ဘော ဝင်ရောက်ကစားတတ်တယ် လို့လည်း သိရပါတယ်။

လီဗာပူးနဲ့ ပတ်သတ်ရင်တော့ ၂၀၁၀ ခုနှစ် အောက်တိုဘာမှာ ဟင်နရီရဲ့ Fenway Sports Group က အသင်းကို ရယူပိုင်ဆိုင် ခဲ့တာပါ။ အသင်းက ဟင်နရီ လက်ထဲ ရောက်ပြီး ပထမဆုံး ဆုဖလား အနေနဲ့တော့ ၂၀၁၂ ခုနှစ် ဝင်ဘလေကွင်းမှာ ကစားတဲ့ League ဖလားပြိုင်ပွဲမှာ ကာဒစ်စီးတီးကို ခက်ခက်ခဲခဲ ကစားပြီး ဖလား ရယူနိုင်ခဲ့တာပါ။ ပွဲချိန်တွင်း ၁ ဂိုးစီ သရေ၊ အချိန်ပိုမှာ ၂ ဂိုးစီ သရေနဲ့ ပင်နယ်တီ ကန်တော့ ၃ ဂိုး ၂ ရဂိုးနဲ့ နိုင်ခဲ့တာပါ။ ဒါဟာ ၂၀၀၆ ခုနှစ် အတွင်းက လီဗာပူး FA ဖလား ရပြီး နောက်ပိုင်း ပထမဆုံး ဖလားပြန်ရခြင်းလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်း ဒက်ကလစ်လို နည်းပြကို ရလဒ်တွေ ဆိုးရွားမှုကြောင့် ထုတ်ပယ်မှုတောင် လုပ်ခဲ့ပြီး အသင်းကို အောင်မြင်အောင် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာလည်း တွေ့ရပါတယ်။

ဘရီဒန်ရော်ဂျာကို နည်းပြသစ် အဖြစ် ခန့်တယ်၊ ၂၀၁၃-၁၄ ရာသီမှာ ဖလား ရနိုင်လောက်သည် အထိအောင် အဆင့်မြင့်မြင့် ရပ်တည် နိုင်ခဲ့ပေမယ့် ဖလား မရခဲ့လို့ ဘရီဒန်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာ ၄ ရက်ထိအောင် လီဗာပူးလ်မှာ နေပြီး ထွက်သွားခဲ့သလို သူ ထွက်သွားပြီး ၄ ရက် အကြာမှာ ဂျာမနီ ဘွန်ဒက်လီဂါမှ ဒေါ့မန်နဲ့ အတူ အောင်မြင်မှုတွေ ရနေတဲ့ ဂျာဂန်ကလော့ကို အသင်းနည်းပြအသစ် အဖြစ် ခန့်ထားခဲ့တာလည်း တွေ့ရပါတယ်။

အခုနှစ် ရာသီမှာတော့ ပြီးခဲ့တဲ့ သတင်းပတ် အတွင်း အဓိက ပြိုင်ဘက် အသင်းကြီး ဖြစ်တဲ့ အာဆင်နယ်ကို လီဗာပူးလ်က ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ရာသီ အစ ကောင်းထားတာလည်း တွေ့ရပါတယ်။ ဒီလို နည်းပြ အပြောင်းအလဲတွေ၊ နာမည့်ကျော် နည်းပြတွေကို ခေါ်ယူ အားဖြည့်မှုတွေက ဟင်နရီ အနေနဲ့ လီဗာပူးလ်နဲ့ အတူ အောင်မြင်မှုတွေ ရချင်နေကြောင်း သိသာနေ ပါတယ်။ သို့ပေမယ့် လီဗာပူးလ်ဟာ အခုအထိ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး နေရာကို မန်ယူအသင်းကို ပေးလိုက်ရပြီး အောင်မြင်မှုတွေ ပြန်လည်ရရှိဖို့ ကြိုးစားနေဆဲလို့ပဲ သုံးသပ်ရပါတယ်။

Ref: www.en.m.wikipedia.org

The post လီဗာပူးလ်အသင်းရဲ့ ပဲ့ပိုင်ရှင် John W Henry appeared first on ဧရာဝတီ.

ကမ္ဘာ့ အလှဆုံး အားကစားကွင်းများ

$
0
0

ကမ္ဘာတဝှမ်းရှိ အားကစားကွင်းတွေ ထဲကနေ အလှဆုံး ပတ်ဝန်းကျင်နဲ့ တွဲစပ်ဖန်တီးမှု၊ ပရိသတ်ကို ဆွဲဆောင်မှု အကောင်းဆုံး၊ အလှဆုံး အားကစားကွင်းတွေ အကြောင်း တင်ပြပါမယ်။

(၁) Estadio BBVA Bancomer ။ ။ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမှာ ရှိပါတယ်။ အရင်က C.F. Monterrey ရဲ့ အိမ်ကွင်း အဖြစ် အသုံးပြုတာတွေ့ရပါတယ်။ ဖန်တီးမှု အကောင်းဆုံး ဘောလုံးကွင်းလို့ ဆိုရလောက်အောင် ဒီဇိုင်းပိုင်း ကေင်းမွန်လှ ပါတယ်။ မက္ကဆီကိုမှာတော့ အကြီးဆုံး ခေတ်မီအားကစားကွင်း ဆိုရင်လည်း မမှားပါဘူး။ အကြီးဆုံး ပြိုင်ပွဲကိုတော့ ၂၀၁၅ ခုနှစ် အတွင်း မွန်တာရေးအသင်း နှစ် ၇၀ ပြည့် အဖြစ် ကစားခဲ့တာ တွေ့ရပါတယ်။

(၂) HPCA Stadium ။ ။ အိန္ဒိယနိုင်ငံ၊ ဒါရာမာစလာမှာ ရှိပါတယ်။ ဒလိုင်းလားမား နေထိုင်ရာ မြို့မှာ ရှိတယ်လို့ ဆိုနိုင် ပါတယ်။ အခုကွင်းက Himachal Pradesh ခရစ်ကတ် အသင်းရဲ့ အိမ်ကွင်း ဖြစ်ပြီး အခြား နိုင်ငံတကာပွဲတွေကိုလည်း လက်ခံ ကစားတာ တွေ့ရပါတယ်။ နှင်းတောင်တွေ အကြားမှာ ဖန်တီးထားတဲ့ ကစားကွင်းပါ။ မိုးတွင်းမှာလည်း မိုးကြီးတတ် သလို ဆောင်းတွင်းမှာလည်း နှင်းတွေ အကျများတယ် လို့ သိရပေမယ့် ကစားပွဲတွေကိုလည်း ပုံမှန် နီးပါး ကစားနိုင်နေတယ် လို့ ဆိုပါတယ်။

(၃) Big Sky Golf ။ ။ ကနေဒါနိုင်ငံ၊ ပန်ဘာတွန်မှာ ရှိပါတယ်။ မြောက်အမေရိကန်တိုက် အတွက်ကတော့ ပတ်ဝန်းကျင် ရှုခင်း အကောင်းဆုံးကို တွေ့မြင် ခံစားနိုင်မယ့် ဂေါက်ကွင်းပါ။ အထူးသဖြင့်တော့ ကောင်းကင် တိမ်သားတွေနဲ့ အနီးစပ်ဆုံးနေထိုင် ကစားနိုင်လို့ သဘောကျစရာပါ။

(၄) Estadi Comunal D’ Andorra La Vella ။ ။ အန်ဒိုရာနိုင်ငံမှာ ရှိပါတယ်။ စပိန်နဲ့ ပြင်သစ် အကြားက Pyrenean တောင်ပေါ်မှာ ဖန်တီးထားတာပါ။ ပရိသတ် ၁၃၀၀ လောက်ပဲ ဆံ့ပါတယ်။ ပွဲစင်ကြီးတွေ လက်ခံကစားနိုင်အောင် ဖန်တီးထားတာ မဟုတ်ပေမယ့် တောင်ပေါ် ရှုခင်းကောင်းတွေနဲ့ အတူသဘောကျစရာ အားကစားကွင်းတခု ဖြစ်ပါတယ်။

(၅) Queenstown Event Centre ။ ။ နယူးဇီလန်မှာ ရှိပါတယ်။ ကမ္ဘာ့ခရစ်ကတ်ပြိုင်ပွဲတွေ အတွက် လက်ခံ ကစားရာ နေရာကောင်း တခုပါ။ DC Comics အဖွဲ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ရော၊ အမှတ်ပေး ဖလားရယူနိုင်ခဲ့တဲ့ ခရစ်ကတ် အသင်း အာဆင်နယ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ရော တောင်တန်းပေါ်မှာ တည်ရှိပြီး အဆိုပါ တောင်တန်းအမည်ကိုပါ ရယူ မှည့်ခေါ် ထားတာလို့ လို့ သိရပါတယ်။ အခုကွင်းမှာ နယူးဇီလန်သား Corey Anderson က ၂၀၁၄ ခုနှစ် အတွင်း One Day International Century မှာ ၃၆ လုံး သွင်းပြီး အမြန်ဆုံး စံချိန်ကို ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။

(၆) Stadion GospinDolac ။ ။ ခရှိအေးရှားမှာ တည်ရှိပါတယ်။ ဘော့စနီးယားနဲ့ နယ်စပ်အနီးမှာ ထားရှိ တည်ဆောက်ထားတာ ဖြစ်ပြီး နိုင်ငံလက်ရွေးစင် ဘောလုံးပွဲတွေ လက်ခံကစားဖို့ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေက ပရိသတ် ၄၀၀၀ လောက်ပဲ ဆံ့တဲ့ ကွင်းဖြစ်ပြီး နောက်ပိုင်း အသုံးပြုချိန် ကြာလာလို့ အန္တရာယ် ရှိလာနိုင်တာကြောင့် နောက်ပိုင်း ပြန်လည် တည်ဆောက်မှု လုပ်ဆောင်ထားတာပါ။

(၇) Century Link Field ။ ။ ဆီယက်တဲလ်မှာ ရှိပါတယ်။ ဆီယက်တဲလ်ဆီးဟော့ အသင်းအတွက်ရော အမေရိကန် ဘောလုံးအသင်း အတွက်ပါ အိမ်ကွင်း ဖြစ်ပါတယ်။ ဂင်းနစ် စံချိန်တင်ပွဲ ၂ ကြိမ်ထိ လက်ခံကျင်းပထားတာ တွေ့ရပြီး လူအစုလိုက် အကျယ်ဆုံး အော်ဟစ်နိုင်မှု မှတ်တမ်းဝင် ကစားကွင်းပါ။

(၈) The Floating Stadium ။ ။ စင်ကာပူမှာရှိပါတယ်။ ဒီကစားကွင်း နာမည်ကြီးတာက ကစားသမားတွေကြောင့်လို့ ဆိုရမှာပါ။ ကစားကွင်းကို ထူးခြားအောင် ရေထဲမှာ တည်ဆောက် ထားတယ်၊ ပွဲကြည့်စင်ကတော့ ကုန်းပေါ်မှာပါ။ ဘောလုံး ကစားနေရင်း ရေထဲ ကျမသွားအောင် ထိန်းသိမ်း ဆော့ကစားရအောင် ဖန်တီးထားတဲ့ ကစားကွင်းတခုပါ။

(၉) Hasteinsvollur ။ ။ အိုက်စလန်မှာ ရှိပါတယ်။ ပြိုင်ပွဲစုံ လက်ခံကျင်းပတဲ့ အားကစားကွင်းပါ။ Iprottabandalag Vestmannaeyja ဘောလုံးအသင်းရဲ့ အိမ်ကွင်း ဖြစ်ပါတယ်။ ကျောက်တောင်းတန်း အနီးမှာ တည်ဆောက်ထားပြီး ရှုခင်း အထူးကောင်းမွန်လှပပါတယ်။

(၁၀) Circuit de Monaco / The Monte Carlo ။ ။ မိုနာကိုမှာ ရှိပါတယ်။ ကမ္ဘာပေါ်က အလှဆုံးအားကစားကွင်းလို့ ဆိုနိုင်ပေမယ့် တကယ်တော့ ကားမောင်းပြိုင်ကွင်း ပုံစံပတ်လမ်းပါ။ အန္တရာယ်လည်း များလှပါတယ်။ အကွေ့အကောက် တွေလည်း များတယ်၊ မောင်းနှင် ပြိုင်ပွဲဝင်နေချိန် ပတ်ဝန်းကျင်ကို အာရုံရောက်သွားတာနဲ့ မတော်တဆမှု ဖြစ်စေနိုင် လောက်အောင် လမ်းကလည်း ခက်ပါတယ်။

Ref: www.bbc.co.uk

The post ကမ္ဘာ့ အလှဆုံး အားကစားကွင်းများ appeared first on ဧရာဝတီ.

အစဉ်အလာကြီးတဲ့ A.S. Roma အသင်းနဲ့ သက်တော်ရှည် ကစားသမား တော့တီ

$
0
0

အီတလီ အခြေစိုက် သြဇာအကြီးဆုံး ဘောလုံး အသင်းတွေ ဖြစ်တဲ့ ဂျူဗင်၊ အေစီ၊ အင်တာနဲ့ နာပိုလီ အသင်းတွေ ပြီးရင် ရိုးမားဟာ အင်အားအကြီးဆုံး အသင်း တသင်း ဖြစ်ပါတယ်။ အင်္ဂလန်မှာ စပါး၊ အဲဗာတန်လို အသင်းကြီးတွေ ကြောက်ရတဲ့ ဖြတ်မျဉ်း အသင်းတွေလိုပဲ ရိုးမားကလည်း အသင်းကြီးတွေကို အကောင်းဆုံး ဖိအားပေး ကစားနိုင်တဲ့ အသင်း တသင်းပါ။ နာမည်ကျော် ကစားသမား တော့တီရဲ့ သက်တမ်း အကြာဆုံး အသင်းဖြစ်လို့ တော့တီနဲ့ အတူ အခု ရိုးမားကို လူသိများကြ ပါတယ်။

အသင်းရဲ့ နာမည် အပြည့်အစုံက Associazone Sportiva Roma ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ ရောမမြို့ အခြေစိုက် ဘောလုံး အသင်း ဖြစ်ပြီး လူတိုင်းက ရိုးမား လို့ပဲ ခေါ်ပါတယ်။ အသင်းကို နာမည်ပြောင် အနေနဲ့ကတော့ The Yellow and Reds, The Magic One နဲ့ The She-Wolf တွေ အဖြစ် ခေါ်ကြပါတယ်။ အသင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၊ ၁၉၂၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တည်ထောင်ခဲ့ပါတယ်။ အိမ်ကွင်း အဖြစ်နဲ့ Stadio Olimpico ကွင်းကို သုံးတယ်၊ ဒီကွင်းက ပရိတ်သတ် ၇၀၆၃၄ ဦး ဆံ့တာကြောင့် အီတလီမှာ ရှိတဲ့ ကွင်းတွေထဲမှာတော့ အကြီးဆုံး ဘောလုံးကွင်း တခုပါ။

လက်ရှိမှာ ရိုးမားအသင်းက အများပိုင် ပုံစံ အနေနဲ့ ရှိနေပြီး အများဆုံး ရှယ်ယာတွေကိုတော့ NEEP Roma Holding SpA ကနေ ရှယ်ယာ ၇၉ ဒသမ ၀၄ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ လက်ရှိ အီတလီ ပြည်တွင်း အမှတ်ပေး ဖလားပြိုင်ပွဲ စီးရီးအေမှာ ကစားနေတာ တွေ့ရပြီး အရင်နှစ်က အခြား အသင်းကြီးတွေကို ကျော်တက်ပြီး အဆင့် ၂ နဲ့ ရာသီသိမ်းမှာ နိုင်အောင် ကစားထားနိုင်တာလည်း တွေ့ရပါတယ်။

အသင်းက အိမ်ကွင်းမှာ နီညိုရောင် အင်္ကျီနဲ့ ဘောင်းဘီးကို ဝတ်ဆင်ပြီး ခြေအိတ်က အနက်ရောင် ဝတ်သလို အဝေးကွင်း မှာတော့ အင်္ကျီရော ဘောင်းဘီရော ခြေအိတ်ကိုပါ အဖြူရောင် ဝတ်ဆင်ပြီး ခဲရောင် အောက်ခံသားနဲ့ လိုင်းစင်းလေး အနည်းငယ် ပါရှိတာ ဝတ်ဆင် ကစားပါတယ်။

အခုချိန်ထိ ရိုးမားအနေနဲ့ စီးရီးအေ ဖလားကို ၃ ကြိမ် ရယူထားနိုင်တာ တွေ့ရပြီး ၁၉၄၂ ခုနှစ်၊ ၁၉၈၃ ခုနှစ်နဲ့ ၂၀၀၁ ခုနှစ်တွေမှာ ရခဲ့တာ ဖြစ်ပါတယ်။ Coppa Italia ဖလားကိုတော့ ၉ ကြိမ်ထိအောင် ရထားသလို Supercoppa Italiana ကို ၂ ကြိမ် ရယူထားနိုင်တာ ဖြစ်ပါတယ်။ ဥရောပ အဆင့် ပြိုင်ပွဲတွေကိုလည်း အသင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖူးတာ တွေ့ရပြီး ဥရောပ အဆင့် ပွဲတွေထဲမှာ Inter-Cities Fairs Cup ကို ၁၉၆၁ ခုနှစ်က ရဖူးတယ်။ European Cup ကို ၁၉၈၄ ခုနှစ်မှာ ဒုတိယ ရဖူးတယ်၊ UEFA ဖလားကို ၁၉၉၁ ခုနှစ်ကလည်း ရဖူးထားတဲ့ အသင်းပါ။

အသင်း အနေနဲ့ အိမ်ကွင်းကို တသင်းပိုင် အနေနဲ့တော့ ကစားနေတာ မဟုတ်ပဲ ရောမမှာပဲ အခြေစိုက်တဲ့ အခြား နာမည်ကြီး ဘောလုံး အသင်း လာဇီယိုနဲ့ အတူ ၁၉၅၃ ခုနှစ် ကတည်းက အခု အိမ်ကွင်း Stadio Olimpico ကို ပူးတွဲ လက်ခံ ကျင်းပ ကစားတာ တွေ့ရပါတယ်။ ဒီကွင်းက အများဆုံး ပရိတ်သတ် ၇၂၀၀၀ ထိအောင် ဆံ့တယ်လို့ ဆိုပြီး အီတလီမှာ ဒုတိယ အကြီးဆုံး ဘောလုံးကွင်း လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ လာဇီယိုနဲ့ အိမ်ကွင်းတူနေလို့ အခြား ကွင်းသစ်ကို ဆောက်လုပ် လက်ခံကစားဖို့ တည်ဆောက်ရေးတွေ စတင်နေပြီလို့လည်း သိရပါတယ်။

အီတလီမှာတော့ ၂၀၀၆ ခုနှစ်က စာရင်းတွေ အရ ဘောလုံး ပရိတ်သတ် အားလုံးရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ရိုးမားရဲ့ ပရိတ်သတ်တွေ ဖြစ်ပြီး သူ့ထက် လူကြိုက်များတဲ့ အသင်းတွေက ဂျူဗင်၊ အင်တာ၊ အေစီနဲ့ နာပိုလီတွေ အဖြစ် အစဉ်လိုက် ရှိနေတယ်လို့ သိရပါတယ်။

အသင်း အနေနဲ့တော့ ပြည်တွင်း အသင်းတွေထဲက အဓိက ပြိုင်ဖက်တွေ အဖြစ် တမြို့တည်း အခြေစိုက် လာဇီယိုနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလို့ ဆိုရမှာပါ။ ရိုးမားနဲ့ လာဇီယိုတို့ ဒါဘီပွဲကို Derby della Capitaleလို့ ခေါ်ပါတယ်။ ဒီနေ့ခေတ် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီတွေထဲက တစ်ခုပါ။ ပရိတ်သတ် အချင်းချင်း ခိုက်ရန်ဖြစ်မှုတွေ ဖြစ်တတ်ပြီး ၁၉၈၀ ရာသီက ပွဲစဉ်မှာ လာဇီယို ပရိတ်သတ် တဦး သေဆုံးခဲ့ရဖူးပါတယ်။

နောက်ပြီး အခြား ပြိုင်ဖက် အဖြစ် နာပိုလီ ရှိပါသေးတယ်။ နာပိုလီနဲ့ ဆိုရင်တော့ Derby del Sole လို့ ခေါ်ပါတယ်။ အင်တာ၊ အေစီလို အသင်းကြီးတွေနဲ့လည်း အနိုင်ရလိုစိတ် ပြင်းပြင်းထန်ထန်နဲ့ ကစားတတ်တာ တွေ့ရပါတယ်။

ရိုးမားရဲ့ အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင် စီးရီးအေ ဖလားကို ၃ ကြိမ်ရဖူးတယ်၊ Coppa Italia ဖလားကို ၉ ကြိမ်၊ Supercoppa Italiana ကို ၂ ကြိမ်၊ စီးရီးဘီကို တန်းဆင်းကစားရချိန် ၁၉၅၂ မှာ စီးရီးဘီ ဖလားရဖူးတယ်။ အသင်း အတွက် ပွဲအများဆုံး ကစားပေးသူကတော့ အထက်မှာ ပြောခဲ့သလို ရိုးမားရဲ့ သစ္စာတော်ခံ Francesco Totti (တော့တီ) ဖြစ်ပြီး သူက ၂၀၁၇ ခုနှစ် မေလအတွင်း အထိပွဲတွေ အပါအဝင် အခုချိန်ထိ ရိုးမားအတွက် ပွဲပေါင်း ၇၈၅ ပွဲ ပါဝင်ကစားပေး ထားတာ တွေ့ရပါတယ်။ တော့တီဟာ ၁၉၉၃ ခုနှစ်ကတည်းက ရိုးမားမှာ ကစားနေတာ ဖြစ်ပြီး အသင်းနဲ့ အတူ ဘောလုံး ရာသီ ၂၅ ရာသီ ဖြတ်သန်းကစားထား တာလည်း ဖြစ်ပါတယ်။

အထက်မှာ ပြောခဲ့တာက ရိုးမားနဲ့ တော့တီရဲ့ ပြိုင်ပွဲစုံ ကစားထားမှု ဖြစ်ပြီး စီးရီးအေ ပွဲတွေပဲ သီးသန့် ကစားထားမှုမှာ လည်း ၂၀၀၈ ခုနှစ် မတ်လ ၁ ရက်နေ့က ရိုးမားနဲ့ ပါးမား ကစားတဲ့ ပွဲမှာ တော့တီ ဝင်ကစားခဲ့ပြီး အဆိုပါ အချိန်ကတည်းက စီးရီးအေပွဲ အများဆုံး ကစားထားသူ စံချိန်ရှင် Giacomo Losi ရဲ့ စံချိန်ကို ချိုးဖျက်ပြီး ပွဲပေါင်း ၆၁၈ ပွဲ ကစားပြီး စံချိန်သစ် တင်ထားတာ တွေ့ရပါတယ်။

အသင်း အတွက် ဂိုးအများဆုံး သွင်းထားသူ စာရင်းမှာလည်း တော့တီကပဲ ထိပ်ဆုံးက ရပ်တည်နေတာပါ။ အသင်း အတွက် ၃၀၇ ဂိုးထိအောင် သွင်းပေးထားပါတယ်။ ဒီထဲက ဂိုးပေါင်း ၂၅၀ က စီးရီးအေ ပြိုင်ပွဲတွေမှာ သွင်းထားတဲ့ ဂိုးတွေပါ။ အသင်း အနေနဲ့ အကြီးမားဆုံး နိုင်ပွဲတွေ အနေနဲ့ ၁၉၃၀ မှာ စီရီမိုနီ အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ နိုင်ဖူးတယ်၊ အကြီးမားဆုံး ဂိုးပြတ် ရှုံးပွဲတွေ အဖြစ်တော့ ၇ ဂိုး ၁ ဂိုးနဲ့ ၃ ပွဲထိအောင် ရှုံးထားဖူးတာ တွေ့ရပြီး ၁၉၃၂ ခုနှစ်က ဂျူဗင်၊ ၁၉၄၈ ခုနှစ်က တိုရီနိုနဲ့ ၂၀၀၇ ခုနှစ်က မန်ယူတို့ကို ၇ ဂိုး ၁ ဂိုးတွေနဲ့ ရှုံးထားတာ ဖြစ်ပါတယ်။

Ref: www.en.m.wikipedia.org

The post အစဉ်အလာကြီးတဲ့ A.S. Roma အသင်းနဲ့ သက်တော်ရှည် ကစားသမား တော့တီ appeared first on ဧရာဝတီ.


အာဆီယံယူ ၁၈ ချန်ပီယံ အတွက် မလေးရှားကို မြန်မာ ကျော်ဖြတ်နိုင်မလား

$
0
0

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံယူ ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ မြန်မာယူ ၁၈ အသင်းဟာ အကြိုဗိုလ်လုပွဲ တက်ဖို့ ဖြစ်နိုင်ခြေနည်းပါးနေတဲ့ အနေအထားကနေ ဗီယက်နမ်အသင်းကို အနိုင်ကစားပြီး အကြို ဗိုလ်လုပွဲ တက်ရောက်လာခဲ့တဲ့ အတွက် အကြိုဗိုလ်လုပွဲမှာတော့ ၂၀၁၇ ခုနှစ် အတွင်း ခြေစွာ နေတဲ့ မလေးရှား အသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ပြိုင်ပွဲဝင်နေတဲ့ မြန်မာယူ ၁၈ အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က အချိန်ပေးပြီး ပြင်ဆင်မှု များစွာ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ မြန်မာယူ ၁၈ အသင်းသား တွေကို ဖီးနစ် (မီးလျှံငှက်) အသင်းနာမည်နဲ့ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲမှာ တရာသီလုံး ဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပြီး အာဆီယံယူ ၁၈ ပြိုင်ပွဲ မတိုင်မီမှာလည်း ပွဲကြို ခြေစမ်းပွဲ အဖြစ် ကမ္ဘာ့ထိပ်တန်းကလပ် အင်တာမီလန် ယူ ၁၈ အသင်း၊ အာဆီယံပြိုင်ဘက် ထိုင်းယူ ၁၈ အသင်းတို့နဲ့ ခြေစမ်းယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့ မြန်မာယူ ၁၈ အသင်းဟာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ပြုလုပ်တဲ့ အာဆီယံ ယူ ၁၈ ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ဧည့်သည် အင်ဒိုနီးရှားကို ကိုယ့်မြေပေါ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် မြန်မာဘောလုံး ပရိသတ်တွေရဲ့ ပြစ်တင်ရှုတ်ချ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မြန်မာ လူငယ် အသင်းဟာ ခြေစွမ်းကောင်းကောင်းနဲ့ ဘရူနိုင်းကို ၇ ဂိုးပြတ်၊ ဖိလစ်ပိုင်ကို ၇ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ ပါတယ်။

အုပ်စု နောက်ဆုံးပွဲစဉ်မှာ အုပ်စု (ခ) အတွင်း မြန်မာအသင်းကို နှိပ်ကွပ်ခဲ့တဲ့ အင်ဒိုနီးရှား အသင်းကိုတောင် ၃ ဂိုးပြတ်သွင်းပြခဲ့တဲ့ ခြေစွာနေတဲ့ ဗီယက်နမ်ကို အနိုင်ကန်နိုင်မှ အုပ်စုကျွတ်ပြီး အကြိုဗိုလ်လုပွဲ တက်နိုင်မယ့် အခြေအနေ ရောက်ရှိခဲ့တဲ့ အတွက် မြန်မာပရိတ်သတ်တွေ အနေနဲ့ မြန်မာယူ ၁၈ အသင်း အကြိုဗိုလ်လုပွဲ တက်နိုင်ပါ့မလားလို့ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

တကယ်တမ်း ယှဉ်ပြိုင်ချိန်မှာ ပွဲအစ ၁ မိနစ်မှာတင် ဗီယက်နမ်က ဦးဆောင်ဂိုး သွင်းသွားလို့ မြန်မာအသင်း အကြိုဗိုလ်လုပွဲ တက်နိုင်ရေး အခြေအနေ ပိုမိုဆိုးရွားသွားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာယူ ၁၈ အသင်းဟာ ကစားအား ကျမသွားဘဲ ဒုတိယပိုင်း ၇၄ မိနစ်နဲ့ ၈၆ မိနစ်မှာချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီးဗီယက်နမ်ကို ဖြုတ်ချကာ အကြိုဗိုလ်လုပွဲကို ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့တဲ့ အတွက် မြန်မာပရိတ်သတ်တွေ အားရကျေနပ် ခဲ့ကြပါတယ်။

အကြိုဗိုလ်လုပွဲမှာ မြန်မာနဲ့ ယှဉ်ပြိုင်ရမယ့် မလေးရှားယူ ၁၈ အသင်းကတော့ အုပ်စုအတွင်းမှာ လာအိုကို ၄ ဂိုး ၁ ဂိုး၊ စင်္ကာပူကို ၃ ဂိုး ၁ ဂိုး၊ အရှေ့တီမောကို ၃ ဂိုးဂိုးမရှိ၊ ကမ္ဘောဒီယားကို ၂ ဂိုး ဂိုးမရှိ၊ ထိုင်းအသင်းကို ၁ ဂိုးစီ သရေကန်ပြီး အုပ်စုပထမနဲ့ အကြိုဗိုလ်လုပွဲ တက်ရောက်လာတာ ဖြစ်ပါတယ်။ မလေးရှား အသင်းဟာ ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ရာမှာ ၄ ပွဲနိုင် ၁ ပွဲ သရေ၊ ရဂိုး ၁၃ ဂိုး၊ ပေးဂိုး ၃ ဂိုး ရရှိခဲ့ပြီး မြန်မာအသင်းဟာ ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ရာမှာ ၃ ပွဲနိုင် ၁ ပွဲရှုံး၊ ရဂိုး ၁၇ ဂိုး၊ ပေးဂိုး ၃ ဂိုး ရရှိခဲ့ပါတယ်။ဒါကြောင့် အုပ်စုတွင်း ယှဉ်ပြိုင်မှု ရလာဒ်တွေ အရ မြန်မာအသင်းဟာ မလေးရှားထက် ၁ ပွဲ လျော့ကန်ထားပေမယ့် သွင်းဂိုး ၄ ဂိုး ပိုသွင်းနိုင် ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က စတင်ပြီး အမည်ပြောင်းလဲ ကျင်းပတဲ့ အာဆီယံယူ ၁၉ ပြိုင်ပွဲ သမိုင်း တလျှောက် အောင်မြင်မှု ရလာဒ်တွေ ဖော်ပြရမယ် ဆိုရင် မြန်မာအသင်းဟာ ချန်ပီယံ ၂ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ စတုတ္ထ ၃ ကြိမ် ရရှိ ထားပြီး ထိုင်းနဲ့ သြစတြေးလျပြီးရင် တတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်ပါတယ်။ မလေးရှား အသင်းကတော့ တကြိမ်မှ ဗိုလ်စွဲဖူးခြင်း မရှိဘဲ ဒုတိယ ၄ ကြိမ်၊ တတိယ ၁ ကြိမ်၊ စတုတ္ထ ၂ ကြိမ် ရရှိကာ အောင်မြင်မှု အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ မနက်ဖြန် စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီမှာ ယှဉ်ပြိုင်မယ့် အကြို ဗိုလ်လုပွဲမှာ မြန်မာအသင်းအနေနဲ့ မလေးရှားကို ကျော်ဖြတ်နိုင်ဖို့ အဓိက လိုအပ်ချက်ကတော့ ကြံ့ခိုင်မှုနဲ့ ပွဲအပေါ် အာရုံစူးစိုက်မှုတွေ ဖြစ်တယ်လို့ အားကစားကလောင်ရှင် ဦးရဲနိုင်ဝင်း က သုံးသပ်ပါတယ်။

“ပြိုင်ပွဲ အနေအထားအရ တရက်ခြား တပွဲ ကန်နေရတော့ ကလေးတွေ အမြန်ဆုံး ပြန်လည် ကြံ့ခိုင်ဖို့ လိုအပ်တယ်။ မြန်မာအသင်းထက် မလေးရှားက နားချိန်ပိုရထားတော့ အမြန်ဆုံး ပြန်လည် ကြံ့ခိုင်တဲ့ အသင်းက အခြေအနေ ပိုကောင်းနိုင်တယ်။ ပြီးတော့ မြန်မာကစားသမားတွေမှာ တပွဲလုံးကို အာရုံစူးစိုက် ကစားနိုင်မှုမှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဒါတွေ ပြုပြင်နိုင်ဖို့ လိုတယ်။ ဒါပေမယ့် အားလုံး ခြုံကြည့်လိုက်ရင် ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းနဲ့ အိမ်ရှင်အားသာချက် ရှိနေတဲ့ မြန်မာအသင်းက ဒီပွဲမှာ အသာစီးရနေပါတယ်” လို့ သူက ပြောပါတယ်။

ဧည့်သည် မလေးရှား အသင်းအနေနဲ့ ခံစစ်လုံအောင် ကစားပြီး တန်ပြန် တိုက်စစ်ကနေ မြန်မာအသင်းအမှားကို စောင့်ကစားမယ့် အခြေအနေ ရှိနေပြီး တိုက်စစ်ကစား အားကောင်းတဲ့ အိမ်ရှင် မြန်မာအသင်းအနေနဲ့ ပွဲချိန် မိနစ် ၉၀ အတွင်း ၁ ဂိုး၊ ဂိုးမရှိ အနေအထားလောက်နဲ့ ကပ်ပြီးအနိုင်ရသွားနိုင်သလို မလေးရှားအသင်း အနေနဲ့ ခံစစ်ကို ပိုအားစိုက် ကစားခဲ့မယ် ဆိုရင် မိနစ် ၉၀ အတွင်း အနိုင်အရှုံး မပေါ်ဘဲ ပယ်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့ အထိလည်း ယှဉ်ပြိုင်သွား ရနိုင်တယ် လို့လည်း ဦးရဲနိုင်ဝင်း က ခန့်မှန်းပါတယ်။

မြန်မာယူ ၁၈ အသင်းနည်းပြချုပ် ပြင်သစ်လူမျိုး ဘန်လာဘီကတော့ မလေးရှားနဲ့ ထိုင်းအသင်း ၁ ဂိုးစီ သရေကျတဲ့ပွဲကို ကြည့်ရှုထားပြီး မလေးရှားကို အကောင်းဆုံး ယှဉ်ပြိုင် ကစားနိုင်ဖို့ နည်းဗျူဟာတွေ ပြင်ဆင်ထားကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“မလေးရှားနဲ့ ထိုင်း ၁ ဂိုးစီသရေကျတဲ့ပွဲကို ကြည့်ခဲ့ပါတယ်။ မလေးရှားအသင်းက လူကောင်လည်း ကြီးတယ်။ မြန်လည်း မြန်တယ်။ ကျနော့်မှာ သူတို့ကို အကောင်းဆုံး ကစားသွားနိုင်ဖို့ နည်းဗျူဟာတွေ ရှိပါတယ်။ ကြံ့ခိုင်မှု အပိုင်းကိုတော့ အဓိက ပြင်ဆင်သွားမှာပါ။ အဲဒီ အတွက် ဘယ်လို လုပ်သွားရမလဲ ဆိုတာ သိပါတယ်။ ကျနော့်မှာ ယူအေအီး၊ ဂျပန်နဲ့ တရုတ်တို့မှာ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံကောင်းတွေ အများကြီးရှိပါတယ်” လို့ မြန်မာယူ ၁၈ အသင်းနည်းပြချုပ် ဘန်လာဘီက ပြောပါတယ်။

အာဆီယံယူ ၁၉ ပြိုင်ပွဲ တလျှောက် မြန်မာအသင်းနဲ့ မလေးရှား အသင်းတို့ဟာ ဗိုလ်လုပွဲမှာ ၂ ကြိမ် တတိယ နေရာ လုပွဲမှာ ၁ ကြိမ် တွေ့ဆုံဖူးခဲ့ပါတယ်။ မြန်မာနဲ့ ဗီယက်နမ် အိမ်ရှင် အဖြစ် ပူးတွဲ ကျင်းပတဲ့ ၂၀၀၂ ခုနှစ် ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာက မလေးရှားကို ၄ ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့သလို ၂၀၀၅ ခုနှစ် အင်ဒိုနီးရှားမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာလည်း မြန်မာက မလေးရှားကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ ပါတယ်။

ထူးခြားချက်အနေနဲ့ မြန်မာအသင်းဟာ ဒီပြိုင်ပွဲမှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ရာမှာ ၂ ကြိမ် စလုံးမလေးရှားကို အနိုင်ယူကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပြိုင်ပွဲမှာတော့ တတိယ နေရာလုပွဲမှာ မြန်မာနဲ့ မလေးရှား ဂိုး မရှိသရေဖြစ်တဲ့ အတွက် အချိန်ပို ဆက်ကစားပြီး သရေကျနေလို့ ပယ်နယ်တီ အဆုံးအဖြတ်ကန်ရာမှာ မြန်မာအသင်းက ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

ဗီယက်နမ်နဲ့ ကန်တဲ့ပွဲလို စိတ်ဓာတ်နဲ့ ကြိုးစား အားထုတ်မှု အတိုင်းမလေးရှားကို ကစားရင် မြန်မာ အသင်း အနိုင်ရလိမ့်မယ် လို့ မြန်မာ့ရွှေခေတ် ဘောလုံးသမားဟောင်းကြီး ဦးတင်အောင် (ဂိုး) က သုံးသပ် ပြောဆိုပါတယ်။

“ဗီယက်နမ်နဲ့ပွဲမှာ ပထမပိုင်းခြေ အတိုင်း ကစားရင် မနိုင်ဘူး။ ဒါပေမယ့် သူတို့ စိတ်ဓာတ် ကောင်းကောင်းနဲ့ ကြိုးစားလို့ ရှုံးနေရာကနေ ဒုတိယပိုင်းမှာ ပြန်နိုင်ခဲ့တာ အရမ်းအားရ ကျေနပ်ဖို့ ကောင်းတယ်။ မလေးရှား ကလည်း အသင်းကောင်း တသင်းပါ။ ဒါပေမယ့် မြန်မာအသင်းက ဗီယက်နမ်နဲ့ပွဲလို ကစားမယ်ဆို ကျိန်းသေနိုင်ပါတယ်။ တခုတော့ရှိတယ်။ နောက်တန်းက အမှားမလုပ်မိဖို့ လိုတယ်။ တဖက်အသင်းကို အခွင့်အရေး မပေးမိဖို့ လိုတယ်။ ဒီအဆင့်မှာ မှားတဲ့ အသင်းခံရမှာပဲ” လို့ သူက ပြောပါတယ်။

အကြိုဗိုလ်လုပွဲမှာ ဧည့်သည်မလေးရှား အသင်းကပဲ အိမ်ရှင်မြန်မာကို ဖြုတ်ချပြီး သူတို့ မရဖူးသေးတဲ့ ချန်ပီယံ ဆုဖလား လမ်းကြောင်းပေါ် ဆက်လျှောက်နိုင်မလား၊ အိမ်ရှင်မြန်မာအသင်းကပဲ မလေးရှားကို အနိုင်ယူပြီး တတိယမြောက် ချန်ပီယံ ဆုဖလား အတွက် ဗိုလ်လုပွဲကို တက်လှမ်းသွားမလား ဆိုတာ မနက်ဖြန် စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီမှာ သုဝဏ္ဏအားကစားကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး အကောင်းဆုံး အဖြေ ထုတ်ကြတော့မှာ ဖြစ်ပါတယ်။ ။

The post အာဆီယံယူ ၁၈ ချန်ပီယံ အတွက် မလေးရှားကို မြန်မာ ကျော်ဖြတ်နိုင်မလား appeared first on ဧရာဝတီ.

အချမ်းသာဆုံး တင်းနစ်ကစားသမား ၁၀ ဦး

$
0
0

မကြာခင်မှာ ကျင်းပမယ့် အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲ မတိုင်ခင်မှာ ထုတ်ဖော် ပြသလာတဲ့ စာရင်းဖြစ်ပြီး ကစားသမား ၄ ယောက်ပဲ ဝင်ငွေ စတာလင်ပေါင် သန်း ၅၀ နဲ့ အထက်ရရှိထားတာလည်း တွေ့ရပါတယ်။ အခုနှစ် Grand Slam ပြိုင်ပွဲဟာ သမိုင်းတလျှောက် ဆုကြေး အများဆုံး ပေးအပ်မယ့် ပြိုင်ပွဲ ဖြစ်လာပြီး ဆုကြေးငွေ စုုစုပေါင်း စတာလင်ပေါင် ၃၈ ဒသမ ၅ သန်းထိ ပေးအပ်မှာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲ မစခင်ကတည်းက Business Insider ကနေ ဖော်ပြထားတဲ့ ဝင်ငွေ အကောင်းဆုံး တင်းနစ် ကစားသမား ၁၀ ကို ကြည့်ရအောင်ပါ။

(၁၀) David Ferrer ။ ။ သူက စပိန် ကစားသမားပါ။  ပေါင် ၂၃ ဒသမ ၄ သန်းကျော် ပိုင်ဆိုင်ပါတယ်။ Grand Slam ဆု မရဖူးပါဘူး။ အခြား ဆု ၂၇ ဆုတော့ ရထားပါတယ်။

(၉) Andre Agassi ။ ။ သူက အမေရိကန် ကစားသမားဖြစ်ပြီး ပေါင် ၂၃ ဒသမ ၈သန်းကျော် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆုကို ၈ ကြိမ်ထိ ရထားပါတယ်။ သြစတြေးလျအိုးပင်းမှာ ၄ ကြိမ်၊ အမေရိကန် အိုးပင်းမှာ ၂ ကြိမ်၊ ဝင်ဘယ်ဒန်မှာ ၁ ကြိမ်၊ ပြင်သစ် အိုးပင်းမှာ ၁ ကြိမ် ရထားပါတယ်။ အခြား ဆု ၆၀ လည်း ရထားပါတယ်။

(၈) Maria Sharapova ။ ။ သူက ရုရှသူ ဖြစ်ပြီး ပေါင် ၂၇ ဒသမ ၉ သန်းလောက် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆု ၅ ကြိမ် ရဖူူးပြီး ပြင်သစ်အိုးပင်းကနေ ၂ ကြိမ်၊ ဝယ်ဘယ်ဒန်၊ အမေရိကန်နဲ့ သြစတြေးလျအိုးပင်းတွေကနေ ၁ ကြိမ်စီ ရထားတာပါ။ အခြား ဆု ၃၅ ဆု ရထားပါတယ်။

(၇) Venus Williams ။ ။ သူက အမေရိကန် ကစားသမားပါ။ ပေါင် ၂၈ ဒသမ ၉ သန်းလောက် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆု ၇ ကြိမ် ရထားပြီး ဝင်ဘယ်ဒန်ကနေ ၅ ကြိမ်နဲ့ အမေရိကန် အိုးပင်းကနေ ၂ ကြိမ် ရထားတာပါ။ အခြားဆု ၄၉ ခုလည်း ရထားပါသေးတယ်။

(၆) Pete Sampras ။ ။ အမေရိကန် ကစားသမား ဖြစ်ပြီးသူလည်း ပေါင် ၃၃ သန်းကျော်လောက် ချမ်းသာပါတယ်။ Grand Slam ဆု ၁၄ ကြိမ်ထိအောင် ရထားတာ တွေ့ရပြီး ဝင်ဘယ်ဒန်ကနေ ၇ ကြိမ်၊ အမေရိကန် အိုးပင်းကနေ ၅ ကြိမ်၊ သြစတြေးလျအိုးပင်းကနေ ၂ ကြိမ် ရထားသလို အခြား ဆု ၆၄ ဆု ရယူထားပါတယ်။

(၅) Andy Murray ။ ။ ဗြိတိန်ကစားသမား ဖြစ်ပြီး ပေါင် ၄၆ ဒသမ ၄ သန်းကျော် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆု ၃ ကြိမ်ပဲ ရဖူးပါတယ်။ ဝင်ဘယ်ဒန်ကနေ ၂ ကြိမ်နဲ့ အမေရိကန်အိုးပင်းကနေ ၁ ကြိမ် ဖြစ်ပါတယ်။ အခြားဆုတော့ ၄၅ ခုလောက် ရထားပါတယ်။

(၄) Serena Williams ။ ။ အမေရိကန် ကစားသမား ဖြစ်ပြီး ပေါင် ၆၄ ဒသမ ၅ သန်းလောက်ထိ ပိုင်ဆိုင်ထားသူပါ။ Grand Slam ဆုကို ၂၃ ကြိမ်ထိအောင် ရယူထားနိုင်သူ ဖြစ်ပါတယ်။ ဝင်ဘယ်ဒန်ကနေ ၇ ကြိမ်၊ သြစတြေးလျ အိုးပင်းကနေ ၇ ကြိမ်၊ အမေရိကန် အိုးပင်းကနေ ၆ ကြိမ်၊ ပြင်သစ်အိုးပင်းကနေ ၃ ကြိမ် ရထားသလို အခြားဆုတွေနဲ့ဆိုရင် အားလုံးပေါင်း ၇၂ ခု ရထားပါတယ်။

(၃) Rafael Nadal ။ ။ စပိန်ကစားသမား ဖြစ်ပြီး သူကလည်း ပေါင် ၆၅ ဒသမ ၉ သန်းလောက် ပိုင်ဆိုင်ထားပါတယ်။ Grand Slam ဆု ၁၄ ကြိမ်ထိအောင် ရထားပါတယ်။ ပြင်သစ်အိုးပင်းကနေ ၉ ကြိမ်၊ အမေရိကန် အိုးပင်းကနေ ၂ ကြိမ်၊ ဝင်ဘယ်ဒန်ကနေ ၂ ကြိမ်၊ သြစတြေးလျ အိုးပင်းကနေ ၁ ကြိမ် ရထားပြီး အခြားဆု ၇၃ ခုလည်း ရထားသူပါ။

(၂) Roger Federer ။ ။ ဆွစ်ဇာလန် ကစားသမား ဖြစ်ပြီးသူက ပေါင် ၈၂ ဒသမ ၃ သန်းလောက်ထိ ချမ်းသာသူပါ။ Grand Slam ဆု ၁၉ ကြိမ်ထိအေင် ရယူထားနိုင်တာ တွေ့ရပါတယ်။ ဝင်ဘယ်ဒန်ကနေ ၈ ကြိမ်၊ အမေရိကန် အိုးပင်းနဲ့ သြစတြေးလျ အိုးပင်းတွေကနေ ကြိမ်စီ၊ ပြင်သစ်အိုးပင်းကနေ ၁ ကြိမ် ရထားပါတယ်။

(၁) Novak Djokovic ။ ။ ဆားဘီးယား ကစားသမားက အခုလက်ရှိမှာ အချမ်းသာဆုံး တင်းနစ် ကစားသမား ဖြစ်နေပြီး ပေါင် ၈၃ ဒသမ ၈ သန်းလောက်ထိအောင် ပိုင်ဆိုင်ပါတယ်။ Grand Slam ဆု ၁၂ကြိမ် ရထားပြီး သြစတြေးလျ အိုးပင်းကနေ ၆ ကြိမ်၊ ဝင်ဘယ်ဒန်ကနေ ၃ ကြိမ်၊ အမေရိကန် အိုးပင်းကနေ ၂ ကြိမ်၊ ပြင်သစ်အိုးပင်းကနေ ၁ ကြိမ် ရထားသလို အခြားဆု ၆၈ ခု ရထားတာ ဖြစ်ပါတယ်။

Ref: www.dailymail.co.uk 

The post အချမ်းသာဆုံး တင်းနစ်ကစားသမား ၁၀ ဦး appeared first on ဧရာဝတီ.

ဘောလုံးဝါသနာပါတဲ့ နိုင်ငံရေးသမား ရှိတ်မန်ဆာ

$
0
0

သူ့ရဲ့ နာမည်အရင်းက Mansour bin Zayed bin Sultan bin Zayed bin Khalifa Al Nahyan ဖြစ်ပြီး ရှိတ်မန်ဆာ (Sheikh Mansour) အဖြစ် လူသိများပါတယ်။ လူသိများရတဲ့ အကြောင်းကလည်း ၂ချက် ရှိပါတယ်။ ပထမ တချက်က သူက UAEရဲ့ လက်ထောက် ဝန်ကြီးချုပ်ဖြစ်လို့၊ နိုင်ငံရေးနယ်ပယ်မှာ လူသိများတာ ဖြစ်ပြီး လူမှု ဝန်းကျင်မှာ နာမည်ကြီး လူသိများရတဲ့ အကြောင်းကတော့ လူကြိုက်များ အင်္ဂလန် အမှတ်ပေး ဖလားပြိုင်ပွဲဝင် ကလပ် အသင်း မန်စီးတီးကို ပိုင်ဆိုင်သူ ဖြစ်လို့ပါပဲ။

မန်ယူပရိသတ် အများအပြားရှိနေတဲ့ ဘောလုံးလောကမှာ မန်ယူနဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီးအနေနဲ့ တကူးတက ကြော်ငြာနေစရာ မလိုအောင် အတူတွဲပြီး နာမည်ကြီးလာသလို အခု နောက်ပိုင်းနှစ်တွေမှာလည်း ပရီးမီးယားလိဂ်ဖလား ရယူစိန်ခေါ်လာနိုင်မှုတွေကြောင့် အသင်းကလည်း နာမည်ကြီးသလို အသင်းပိုင်ရှင် ရှိတ်မန်ဆာလည်း လူသိများလာတာ ဖြစ်ပါတယ်။

ဖခင် Zayed bin Sultan Al Nahyanနဲ့ မိခင် Fatima bint Mubarak Al Ketbi တို့က သူ့ကို ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှာ အခု UAE လို့ခေါ်တဲ့ Trucial မှာ မွေးခဲ့ပါတယ်။ အခုဆို အသက် ၄၆ နှစ် ရှိပါပြီ။ အစ်ကို ၅ ယောက် ရှိပါတယ်။ အိမ်ထောင် ၂ ခါ ကျထားပြီး ပထမ အိမ်ထောင်ဖက် Alia bint Mohammed bin Butti Al Hamed ကို ၁၉၉၅ ခုနှစ်မှာ လက်ထပ်တယ်၊ နောက်အိမ်ထောင် Manal bint Mohammed Al Maktoumကို ၂၀၀၅ ခုနှစ်က လက်ထပ်ခဲ့ပါတယ်။

သားသမီး ၆ ယောက် ရှိပြီး Al Nahyan အိမ်တော်မှာ နေထိုင်နေပါတယ်။ ပညာရေးပိုင်းမှာ ၁၉၈၉ ခုနှစ်အတွင်းက အင်္ဂလိပ်စာ အထူးပြုကျောင်းသား အနေနဲ့ Santa Barbara Community College မှာ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၃ခုနှစ်မှာ UAE တက္ကသိုလ်ကနေ နိုင်ငံတကာရေးရာ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သူပါ။

Emirates Investment Authority နဲ့ Emirates Racing Authority ရဲ့ စီမံ အုပ်ချုပ်ရေး အဖွဲ့မှာလည်း ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားပါတယ်။ ရေနံထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ထိပ်သီး အစည်းအဝေးပေါင်း များစွာ တက်ဖူးတယ်၊ International Petroleum Investment Companyနဲ့ Abu Dhabi Investment Council လို လုပ်ငန်းတွေရဲ့ ဘုတ်အဖွဲ့မှာလည်း ပါရှိခဲ့ဖူးတာ တွေ့ရပါတယ်။

လုပ်ငန်းရှင်တယောက် အနေနဲ့ပါ ရပ်တည်လုပ်ကိုင်နေတဲ့ ရှိတ်မန်ဆာကို Virgin Galacticနဲ့ Sky News Arabia လို လုပ်ငန်းတွေ တည်ထောင် လုပ်ကိုင် အောင်မြင်မှုနဲ့ အတူ နာမည်ကြီးပါတယ်။ Abu Dhabi United Group (ADUG) ကိုလည်း ပိုင်ဆိုင်ထားပြီး ဒီလုပ်ငန်းကနေပဲ ၂၀၀၈ ခုနှစ် စက်တင်ဘာလက စတင်ပြီး မန်စီးတီးကို ဝယ်ယူထားပါတယ်။

သူ့လက်ထဲ မန်းစီးတီး ရောက်ပြီဆိုတာနဲ့ ပြောင်းရွှေ့ကြေး များများနဲ့ ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်မှုတွေ လုပ်ဆောင်ခဲ့သလို ပရီးမီးယားလိဂ် ဖလား အပါအဝင် အဓိက ဖလား ၂ ခုကိုလည်း ရယူခဲ့နိုင်လာတာလည်း တွေ့ရပါတယ်။

၂၀၁၃ ခုနှစ် မေလ ၂၁ ရက်မှာလည်း အမေရိကန် အမှတ်ပေး ဘောလုံး ပြိုင်ပွဲ မေဂျာလိဂ်ရဲ့ ထုတ်ပြန်ချက် အရ New York City Metropolitan Area အနေနဲ့ New York City FC အနေနဲ့ ၂၀၁၅ ခုနှစ်ကနေ စတင်ပြီး မေဂျာလိဂ်ဘောလုံး ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားတော့မှာ ဖြစ်တယ်လို့ ကြေညာခဲ့သလို ဒီအသင်းကလည်း ရှိတ်မန်ဆာအတွက် ဒုတိယမြောက် ပိုင်ဆိုင်တဲ့ အသင်း ဖြစ်လာပါတယ်။

ဒါပေမယ့် ဒီအသင်းကိုတော့ ရှိတ်မန်ဆာတယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ဘဲ သူ့ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ Hal နဲ့ Hank Steinbrenner တို့ ပေါင်းစပ် ပိုင်ဆိုင်ကြတာပါ။
လုပ်ငန်း လုပ်ကိုင်နေမှု အပိုင်းမှာ International Petroleum Investment Company (IPIC) မှာ ၇၁ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ထားတယ်၊ ၂၀၀၅ ခုနှစ်မှာ Supreme Petroleum Council မှာ အဖွဲ့ဝင် ဖြစ်လာတယ်၊ အဲဒီနှစ်မှာပဲ IPIC မှာလည်း ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ ဖြစ်လာတယ်၊ Abu Dhabi Investment Authority မှာလည်း ဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။ ၂၀၀၇ ခုနှစ် မှာတော့ Emirates Investment Authoruty ရဲ့ ဥက္ကဋ္ဌ ဖြစ်လာ ပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်အတွင်းက Virgin Galastic မှာ ရင်းနှီးထည့်ဝင်မှု ဒေါ်လာ သန်း ၂၈၀ လုပ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီရဲ့ ၃၂ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ပြီးတော့ အင်္ဂလန် အခြေစိုက် British Sky Brocasting နဲ့ ပေါင်းပြီး Sky News Arabia သတင်းရုပ်သံဌာနကို ထူထောင်လုပ်ကိုင် နေပြီး ဒီသတင်းဌာနက Emirate of Abu Dhabi မှာပဲ ရုံးချုပ် ထားရှိ လုပ်ကိုင်နေတဲ့ အာရဗီဘာသာနဲ့ ထုတ်လွှင့်တဲ့ သတင်းဌာန တခုလည်း ဖြစ်ပါတယ်။

ရှိတ်မန်ဆာက မြင်းစီး ဝါသနာပါတယ်၊ မြင်းပြိုင်ပွဲတွေလည်း ကြည့်တယ်၊ မြင်းစီးသမားကောင်းတွေကို စုစည်းထားပြီး ပြိုင်ပွဲ ဝင်စေသလို အရှေ့အလယ်ပိုင်းမှာ ကျင်းပတဲ့ မြင်းစီးပြိုင်ပွဲ အများစုမှာ ရှိတ်မန်ဆာရဲ့ မြင်းအဖွဲ့ တွေက အများအပြား အနိုင်ရထားပါတယ်။ Emirates မြင်းပြိုင်ပွဲ အဖွဲ့ရဲ့ ဥက္ကဋ္ဌ နေရာကို တာဝန်ယူထားသလို Al Jazira အားကစား ကုမ္ပဏီမှာလည်း ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ဒီကုမ္ပဏီက FIFA Club War Cup ပွဲတွေကို ၂၀၀၉နဲ့ ၂၀၁၀ ခုနှစ်တွေမှာ UAE မှာ ကျင်းပဖို့ လေလံ အောင်မြင် ခဲ့သူလည်း ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လက်အောက်မှာ Al Jazira အမည်နဲ့ အားကစားအသင်းတွေ ရှိသေးပြီး ဘောလုံး၊ ဘောလီဘောနဲ့ ဘတ်စကက်ဘော အသင်းတွေ ရှိနေတာပါ။ ဘောလုံးအသင်းက ၂၀၁၀-၁၁ နဲ့ ၂၀၁၁-၁၂ ခုနှစ်တွေမှာ President’s Cup တွေကို ရယူနိုင်ခဲ့ပါတယ်။

အခြား ပြည်ပ ဘောလုံးအသင်း ဝယ်ယူ လုပ်ဆောင်မှုကိုတော့ City Football Group လို့ ခေါ်ပြီး မန်စီးတီး၊ မယ်ဘုန်းစီးတီးနဲ့ နယူးယောက် စီးတီး အသင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ City Football Group ကို ၂၀၀၉ ခုနှစ်က စတာလင်ပေါင် ၂၆၅ သန်းနဲ့ ဝယ်ယူထားတယ် လို့ ဆိုပါတယ်။

ဝယ်ယူပြီး ၁ နှစ် အကြာမှာ ကုမ္ပဏီရဲ့ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ပြန်ရောင်းထုတ်ခဲ့ပြီး စီးပွားရေး ကောင်းကောင်း လုပ်တတ်တဲ့ ရှိတ်မန်ဆာရဲ့ ရှယ်ယာ ၁၃ ရာခိုင်နှုန်း ရောင်းချမှုက ပြီးခဲ့တဲ့ နှစ်က အဆိုပါ G Group တခုလုံးကို ဝယ်ခဲ့တဲ့ တန်ဖိုးလောက် ပြန်ရခဲ့တယ် လို့ သိရပါတယ်။

Ref: www.en.m.wikipedia.org

http://en.m.wikipedia.org/wiki/Mansour_bin_Zayed_Al_Nahyan

The post ဘောလုံးဝါသနာပါတဲ့ နိုင်ငံရေးသမား ရှိတ်မန်ဆာ appeared first on ဧရာဝတီ.

အင်္ဂလန်မှ အီတလီရောက် ကစားသမား ဂျူယန်

$
0
0

အင်္ဂလန် ကစားကွက်နဲ့ပဲ အံမဝင်လို့လား၊ ချယ်ဆီးနဲ့ပဲ အဆင်မပြေလို့လား၊ ဒါပေမယ့် သက်လတ်ပိုင်း ကစားသမား တယောက် အတွက်တော့ အခြား နာမည်ကြီး အသင်းတသင်းကို ရောက်သွားတာ အားငယ် စရာတော့ မဟုတ်ပါဘူး။ အီတလီအသင်း ဂျူဗင်က အာရှမှာ လူကြိုက်မများဘူး ဆိုပေမယ့် ချယ်ဆီးနဲ့ ယှဉ်ရင်တော့ ချန်ပီယံလိဂ်လိုပွဲတွေမှာပါ နှစ်တိုင်းလိုလို အမြင့်ဆုံးထိအောင် တက်လှမ်းနိုင်နေလို့ ချယ်ဆီးကနေ ဂျူယန် ထွက်ခွာသွားရတာ အတွေ့အကြုံသစ် ရှာဖို့ပဲ လို့ သဘောထားရမှာပါ။

သူ့ရဲ့ နာမည် အပြည့်အစုံက Juan Guillermo Cuadrado Bello ပါ ။ ၁၉၈၈ ခုနှစ် မေလ ၂၆ရက်မှာ မွေးပါ တယ်။ ကိုလံဘီယာလူမျိုးပါ။ အသက် ၂၉နှစ် ရှိပြီဆိုတော့ ဘောလုံးသမားတယောက် အနေနဲ့ အကျပိုင်း ရောက်ချင် လာနေပေ မယ့် သက်လတ်ပိုင်းအဖြစ် သတ်မှတ်ရဦးမှာပါပဲ။ အခုနှစ် ဘောလုံးရာသီမှာတော့ အီတလီထိပ်သီး ဂျူဗင်ကိုရောက်သွား တယ်။

နိုင်ငံအသင်း ကိုလံဘီယာအတွက်လည်း ကစားပေးနေသေးတာ တွေ့ရပါတယ်။ တဦးချင်း ထိုးဖောက်ဟန် သွက်လက် မြန်ဆန်မှုကြောင့် လူသိများပါတယ်။ အလယ်တန်းခံစစ် ကစားသမားအဖြစ် စတင် ကစားခဲ့ပေမယ့် အခုတော့ ညာ တောင်ပံ ထိုးဖောက်ကစားသမား၊ တိုက်စစ်ဦးစားပေး ထောက်ပံ့သူ ဖြစ်လာပါတယ်။ ဂျူဗင်မှာ သူ့ရဲ့ကျောနံပါတ်က ၇ ပါ။

အရပ် ၅ ပေနဲ့ ၁၀ လက်မခွဲ ရှိပါတယ်။ ငယ်ရွယ်စဉ်က AtleticoUraba နဲ့ IndependienteMedellin တွေမှာ ကစားခဲ့ပြီး ဘောလုံးပညာတွေ သင်ယူခဲ့တယ်လု့ိ ဆိုရမှာပါ။ အသင်းကြီး ကစားသမားအဖြစ်နဲ့ ကြေးစားဘ၀ ကိုတော့ အဆိုပါ Independiente မှာ စတင်ခဲ့ပြီး ၂၀၀၈-၀၉ တရာသီ ကစားခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ၂၀၀၉ မှာ အီတလီ အလယ်အလတ်တန်းအဆင့်ရှိ အသင်း အူဒီးနီး (Udinese) ကို ရောက်လာပါတယ်။ ဒါပေမယ့် အူဒီးနီးမှာ ဂျူယန် အဆင်မပြေသလို အကောင်းဆုံးခြေစွမ်းကိုလည်း မပြသနိုင်ခဲ့ပါဘူး။

၂၀၁၁-၁၂ မှာ အူဒီးနီးက Lecce ကို အငှားချခံခဲ့ရပါတယ်။ ဒါပေမယ့် ထူးမလာပါဘူး။ တချို့ကလည်း ကစားကွက် အံ မဝင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ၂၀၁၂ မှာတော့ Fiorentina ကို ရောက်သွားပါတယ်။ ၂၀၁၅ ခုနှစ်ထိ ဖီအိုရင်တီးနားမှာ နေခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေလည်း သွင်းလာနိုင်သလို ဂိုးရရှိဖို့ ထောက်ပံ့မှုတွေလည်း လုပ် ဆောင်လာနိုင်ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အင်္ဂလန် ထိပ်တန်းအဆင့် ချယ်ဆီးက ဂျူယန်ကို ခေါ်လိုက်ပါတယ်။ ဒါပေမယ့် အီတလီမှာ ကြီးပြင်းခဲ့တဲ့ ကိုလံဘီယာသားက အီတလီကစားကွက် ဖြစ်တဲ့ ကစားကွက် ဦးစားပေးပုံစံနဲ့ အသားကျနေလို့ သွက်လက်မှုနဲ့ တိုက်စစ် ဦးစားပေးဆန်တဲ့ ချယ်ဆီးကစားကွက်နဲ့ အဆင်မပြေတာကြောင့် အဆိုပါ ၂၀၁၅-၁၆ ဘောလုံးရာသီမှာပဲ အီတလီက ဂျူဗင်ကို ပြန်ပြီး အငှားချခံရပါတယ်။ ဂျူယန်နဲ့ ဂျူဗင် အသင်းတို့ အသားကျသလို ပွဲထွက်ခွင့်လည်း ပုံမှန် ရခဲ့ပါတယ်။ ဂျူဗင်ကလည်း ထပ်ခေါ်ထားချင်သလို ချယ်ဆီးကလည်း နောက်ထပ် ၂၀၁၆-၁၇ ဘောလုံးရာသီမှာပါ အငှားထပ်ချပြန်ပါတယ်။ တနှစ်ခွဲလောက် အငှားနဲ့ သွားနေရတဲ့ ဂျူယန်တယောက် အခုတော့ ဂျူဗင်မှာ ပျော်နေပြီ ထင်ပါတယ်။ အခုနှစ်မှာတော့ ဂျူဗင်ကို အပြီးသတ် ပြောင်းရွှေ့သွားပါတော့တယ်။

နိုင်ငံအသင်းအတွက်ကတော့ အခြားကစားသမားတွေလို အောက်သက်ကြေ U18 လို သက်ငယ် အသင်း တွေကတည်းက နိုင်ငံအသင်းအတွက် ကစားပေးခဲ့သူမဟုတ်ဘဲ ၂၀၁၀ ကနေမှ စတင်ပြီး ကိုလံဘီယာ နိုင်ငံ လက်ရွေးစင် အသင်းအတွက် ကစားပေးနေသူ ဖြစ်ပါတယ်။

ပွဲကစားမှုနဲ့ ဂိုးသွင်းနိုင်မှု အပိုင်းမှာတော့ ကစားသမား ဘ၀ မီဒီလင်းမှာ ပွဲ ၃၀ ထိ ဝင်ကစားပြီး ၂ဂိုး သွင်းပေး နိုင်ခဲ့တယ်၊ အဲဒီနောက် အူဒီးနီးမှာ ပွဲ ၂၀ထိ ကစားပေးနိုင်ခဲ့တယ်၊ လက်စီမှာ ၃၃ ပွဲ ကစားတယ်၊ ၃ဂိုး သွင်း တယ်၊ ဖီအိုရောက်တော့ ၈၅ ပွဲ ထိအောင် ကစားပေးနိုင်ခဲ့ပြီး ဂိုး ၂၀ သွင်းလာနိုင်ခဲ့တယ်၊ ချယ်ဆီးမှာတော့ ၁၃ပွဲပဲ ကစာခွင့် ရခဲ့တယ်၊ အငှားချလိုက်တော့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ဂျူဗင်အတွက် ၂၈ ပွဲ ကစား တယ်၊ ၄ဂိုး သွင်းတယ်၊ နောက်ထပ် ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ၂၉ ပွဲ ကစားခွင့်ရတယ်၊ ၂ဂိုး သွင်းတယ်၊ အခုနှစ်အတွင်းမှာတော့ ဂျူဗင် အတွက် ၃ပွဲ ကစားပြီး ၁ဂိုး သွင်းပေးထားတာ တွေ့ရပါတယ်။ ကိုလံဘီယာ အသင်းအတွက်ကတော့ အခုချိန်ထိအောင် ၆၇ပွဲ ကစားပေးထားပြီး ၇ဂိုး သွင်းပေးထားတာလည်း ဖြစ်ပါတယ်။

ဆုတံဆိပ် ရရှိမှု အပိုင်းမှာတော့ ပွဲစဉ်ဘယ်လောက်မှ ကစားခွင့် ကောင်းကောင်း မရခဲ့ပေမယ့် ချယ်ဆီးနဲ့ အတူ ၂၀၁၄-၁၅ ခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ရတယ်၊ အဲဒီနှစ်မှာပဲ League Cup ကိုလည်း ရလိုက်တာ တွေ့ရပါတယ်။ ဂျူဗင်နဲ့ အတွဲညီတဲ့ ဂျူယန် အတွက်ကတော့ အီတလီမြေမှာအသင်းနဲ့ အတူ စီးရီးအေ ဆုဖလားကို ၂၀၁၆ မှာရော ၂၀၁၇မှာပါ ၂နှစ်ဆက်တိုက် ၂ကြိမ် ရတယ်။ ပြီးတော့ ဖလား ၂လုံး တပြိုင်နက်တည်း ရယူနိုင်မှု ကံကောင်းတဲ့ ဂျူယန်က အဆိုပါ နှစ်တွေမှာပ စီးရီးအေဖလားနဲ့ အတူ CoppaItalia ဖလားတွေကို တနှစ် ဖလား ၂လုံးစီ အပြိုင် ရယူထားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

နိုင်ငံတကာပွဲတွေမှာတော့ ကိုလံဘီယာအသင်းနဲ့ အတူ Copa America ဖလားမှာ ၂၀၁၆ ခုနှစ်က တတိယ ရခဲ့ဖူးတာ တွေ့ရပါတယ်။ တဦးချင်း ဆုတံဆိပ်ရရှိမှု အပိုင်းမှာတော့ ၂၀၁၄ ခုနှစ် FIFA ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ဂိုးရရှိရေး ဖန်တီးနိုင်မှု အများဆုံး ဖြစ်ခဲ့ပါတယ်။

Ref: www.en.m.wikipedia.org

The post အင်္ဂလန်မှ အီတလီရောက် ကစားသမား ဂျူယန် appeared first on ဧရာဝတီ.

မြန်မာ ယူ –၁၈ အသင်းနည်းပြကို ထုတ်ပယ်

$
0
0

မြန်မာ ယူ – ၁၈ အသင်း၏ နည်းပြဖြစ်သူ ပြင်သစ်နိုင်ငံသား ဘန်လာဘီ အား စာချုပ်လက်ကျန် နှစ်လစာ ပေးလျော်ကာ နှစ်ဖက်သဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ယနေ့ ကြေညာလိုက်သည်။

အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အာဆီယံချန်ပီယံရှစ် ယူ – ၁၈ ပြိုင်ပွဲတွင် မြန်မာ အသင်းအနေဖြင့် စတုတ္ထ နေရာသာ ရရှိခဲ့ပြီး နည်းဗျူဟာ ပိုင်နိုင်ကျွမ်းကျင်စွာ အသင်းအား ဦးဆောင်နိုင်မှု မရှိသည့်အတွက် MFF နည်းစနစ်အဖွဲ့မှ အစည်း အဝေး ပြုလုပ်၍ ဆုံးဖြတ်ကာ ယနေ့မနက်ပိုင်းတွင် ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

နည်းပြ ဘန်လာဘီသည် ယခုနှစ် ဒီဇင်ဘာလအထိ စာချုပ်က်တမ်း ကျန်ရှိနေသူဖြစ်ပြီး လက်ကျန် နှစ် လစာအား ပေးလျော်ခဲ့သည် ဆိုသော်လည်း ပမာဏကို ဖော်ပြခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံအနေဖြင့် နိုဝင်ဘာလတွင် ကျင်းပမည့် 2018 AFC U-19 Championship ပြိုင်ပွဲကို ပြီးခဲ့သည့် ယူ ၁၈ အသင်း ကစားသမားများကို အမာခံဖွဲ့စည်းထားသည့် ယူ ၁၉ အသင်းနှင့် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

အာရှ ယူ ၁၉ ခြေစစ်ပွဲအတွက် အသင်းမန်နေဂျာအဖြစ် ဦးတင်မြင့်အောင်၊ ယာယီနည်းပြချုပ် အဖြစ် ဦးချစ်နိုင်(Horizon FC)၊ လက်ထောက်နည်းပြ ဦးမင်းသူ(MFF)၊ ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦး၊ အသင်းအတွင်းရေးမှူး ဦးမိုးဝေအောင်တို့ တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

အာရှ ယူ၁၉ ခြေစစ်ပွဲများအဖြစ် နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်း အနေဖြင့် တရုတ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အသင်းများနှင့် ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံး အဆင့် ပွဲစဉ်များကိုတော့ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်မှလည်း ယနေ့ မနက်ပိုင်းတွင် ယူ – ၁၈ လက်ရွေးစင် ကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး အရှုံးအပေါ်တွင် စိတ်ပျက်မနေဘဲ မိမိတို့၏ ခြေစွမ်းနှင့် စိတ်ဓာတ်အစစ်အမှန်ကို လာမည့် အာရှခြေစစ်ပွဲ အောင်မြင်ခြင်းဖြင့် တုန့်ပြန်ကြရန် အရေးကြီးသည်ဟု တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ ယူ – ၁၈ အသင်းသည် ပြီးခဲ့သည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး တတိယနေရာလုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ထပ်မံယှဉ်ပြိုင်ခဲ့ရာတွင်လည်း ၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ စတုတ္ထနေရာသာရရှိခဲ့သည်။

The post မြန်မာ ယူ – ၁၈ အသင်းနည်းပြကို ထုတ်ပယ် appeared first on ဧရာဝတီ.

ဘရိုက်တန်အသင်း ပဲ့ကိုင်ရှင် ဖဲဝိဇ္ဇာ Tony Bloom

$
0
0

Tony Bloom ကို အလွယ်ဆုံး မိတ်ဆက်ပေးရရင်တော့ ဘောလုံး အသင်းပိုင်ရှင်၊ နာမည်ကျော် အောင်မြင်တဲ့ ပေါ်ကာ ဖဲသမား တယောက်လို့ ဆိုရမှာပါ။ The Lizard (ပုတက်လေး) အဖြစ်လည်း နာမည်ပြောင် ခေါ်ကြပါတယ်။ သူ့ကို အင်္ဂလန်နိုင်ငံ၊ ဆက်ဆက်ဇ် ပြည်နယ် ဘရိုက်တန်မြို့မှာ ၁၉၇၀ ခုနှစ်က မွေးပါတယ်။

World Series of Poker ပွဲမှာ ၁၁ ပွဲထိ အနိုင်ရဖူးတယ်၊ နိုင်ကြေး အများဆုံး အဖြစ် ၂၀၀၆ ခုနှစ်က ၅၁၂ ကြိမ်မြောက်မှာ အနိုင်ရခဲ့တယ်။ ပြီးတော့ World Poker Tour မှာလည်း နိုင်ပွဲ ၂ ပွဲ ရဖူးတာ တွေ့ရပါတယ်။ European Poker Tour မှာတော့ နိုင်ပွဲ ၁ ကြိမ် ရခဲ့ပါတယ်။ ဒါက တရားဝင် ကျင်းပတဲ့ ပွဲစဉ်ကြီးတွေမှာ အနိုင်ရမှု ဖြစ်ပြီး အပျော်တမ်း ပြိုင်ပွဲတွေမှာ အနိုင်ရမှုနဲ့ နိုင်ကြေးရမှုတွေ ကတော့ စာရင်းလုပ်ဖို့ ခက်ပါလိမ့်မယ်။

Late Night Poker ရုပ်သံ အစီအစဉ်မှာလည်း ပါဝင်ခဲ့ဖူးတာ တွေ့ရပါတယ်။ World Poker Tour လို နာမည်ကြီး ပြိုင်ပွဲတွေမှာ ပါဝင်ပြိုင်တယ်၊ Poker Million မှာလည်း နောက်ဆုံး အဆင့်ထိအောင် ၂ ခါ ရောက်ဖူးတယ်၊ သူ့ရဲ့ ပထမဆုံး ပြိုင်ပွဲကြီးမှာ အနိုင်ရတာကတော့ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ အတွင်းက ဖြစ်ပြီး မဲလ်ဘုန်းမှာ ကျင်းပတဲ့ Australasian Poker Championship မှာ အနိုင်ရခဲတာ ဖြစ်ပြီး အဆိုပါ ပွဲမှာ နိုင်ကြေး အနေနဲ့ သြစကြေးလျ ဒေါ်လာ ၄ ဒသမ ၂ သိန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သိန်း၊ ယူရို ၁ ဒသမ ၈ သိန်း) ရခဲ့တာ တွေ့ရပါတယ်။

၂၀၀၅ ခုနှစ် သြဂတ်လ ၅ ရက်နေ့ လန်ဒန်မှာ ကျင်းပတဲ့ No Limit Hold’em VC Poker Cup ကို အနိုင်ရပြီး ဆုကြေး ပေါင် ၂ သိန်း (ဒေါ်လာ ၃၅၁၄၀၁) ရတယ်။ အဆိုပါ နှစ်မှာပဲ World Series of Poker Tournament of Champions မှာ အဆင့် ၄ထိအောင် ရောက်တယ်၊ အင်္ဂလန်အသင်းနဲ့ အတူ Poker Nations Cup ကိုလည်း ဝင်ပြိင်ဖူးတယ်။

၂၀၀၈ ခုနှစ်မှာ ပြိုင်ပွဲစုံကနေ အနိုင်ရတဲ့ ဆုကြေး ဒေါ်လာ ၁ ဒသမ ၅ သန်းထိ ရရှိနေခဲ့ပါပြီ။ ပြီးတော့ ၂၀၀၉ ခုနှစ် ဇန်နဝါရီ အတွင်းမှာ ကျင်းပခဲ့တဲ့ Australian Poker Millions ရဲ့ High Rollers Challenge မှာလည်း ဒုတိယ ရပြီး ဒေါ်လာ ၆ သိန်း ထပ်ရတယ်။ ဒါတောင် ၂၀၁၀ ဒီဇင်လာ ၁၀ မှာ ကျင်းပတဲ့ Poker Million IX မှာ Gus Hansen ကို ရှုံးပြီး အဆင့် ၂ ပဲ ရလို့ အခုထက် ပိုပြီး ဆုကြေး များများ မပိုင်ဆိုင်တာပါ။ ဒါက သူ့ရဲ့ ဖဲကစားမှု အပိုင်းပါ။

ဘောလုံး အသင်းနဲ့ ပတ်သတ်ရင်တော့ အခုနှစ် ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ ဘရိုက်တန် အသင်းမှာ ဘလွန်းက ဥက္ကဌ အဖြစ်နဲ့ ၂၀၀၉ ခုနှစ်ကတည်းက ရှိနေ၊ ပိုင်ဆိုင်နေခဲ့တာပါ။ ဒီ ဘရိုက်တန်အသင်းက ၃၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပရီးမီးယားလိဂ်လို အင်္ဂလန် အမြင့်ဆုံး အမှတ်ပေး ပြိုင်ပွဲကို ပြန်လည် တန်းတက်လာ တာလည်း ဖြစ်ပါတယ်။သူဟာ အသင်းကို Dick Knight မှာ အသင်းရဲ့ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ရယူနိုင်လိုက်တာ ဖြစ်ပြီး အသင်းအောင်မြင်မှု ရဖို့ အသင်း အိမ်ကွင်း Falmer ကို အကေင်းဆုံး ပြင်ဆင်ရရှိဖို့ အတွက် ပေါင် ၉၃ သန်းလောက် ထိ အသုံးပြုခဲ့တာလည်း တွေ့ရပါတယ်။

ဘရိုက်တန် အသင်းကို သူ ပိုုင်ဆိုင်လာပြီး “ကျနော်က ဘောလုံးဝါသနာရှင် တယောက်လည်း ဖြစ်သလို ဖဲကစားရတာကို လည်း အသက် ၇ နှစ် ၈ နှစ်လောက်ကတည်းက နှစ်သက်ခဲ့တာပါ” လို့ ပြောတာ တွေ့ရပါတယ်။ ဘရိုက်တန်အသင်းမှာလည်း ဘလွန်းရဲ့ ဦးလေးဖြစ်သူ Ray က အသင်း ဒါရိုက်တာ အဖြစ်ရော သူ့အဖိုး ဖြစ်သူ Harry က လက်ထောက် ဥက္ကဌ အဖြစ်ပါ ၁၉၇၀ ပြည့်နှစ်တွေက တာဝန်ယူခဲ့ဖူးတာ တွေ့ရပါတယ်။ မြို့ခံလည်း ဖြစ်၊ အသင်းနဲ့လည်း နီးစပ်သူမို့ အသင်းကို ရယူ အကောင်းဆုံး ဖြစ်အောင် ရင်းနှီးနေခဲ့တာလည်း ဖြစ်ပါတယ်။

အသင်းမှာ ဘလွန်း ဥက္ကဌ ဖြစ်လာတော့ ဥရုဂွေးက Gus Poyet ကို မန်နေဂျာ အဖြစ် တာဝန်ပေးတယ်၊ ၂၀၁၃ ခုနှစ် ထိအောင် Poyet က အသင်းမှာ နေခဲ့ပြီး အဆိုပါ နှစ်မှာ တန်းတက်ခွင့် အတွက် ခရစ်စတယ်ပဲလေ့နဲ့ ရှုံးထွက်ပွဲမှာ ရှုံးလို့ Poyet လည်း အသင်းက ထွက်သွားခဲ့ပါတယ်။.

၂၀၁၃ ဇွန်မှာ ဘလွန်းက Oscar Garica ကို နည်းပြသစ် အဖြစ် တာဝန်ပေးတယ်။ ဒါပေမယ့် ၂၀၁၄ မေလအတွင်း ဒါဘီကောင်တီကို ရှုံးလို့ Gracia လည်း အသင်းက ထပ်ထွက်သွားပါတယ်။ နောက်တော့ လီဗာပူးလ်ကစားသမားဟောင်း Sami Hyypia ရောက်လာပါတယ်။

ဒါပေမယ့် အောင်မြင်မှု မရပဲ ပြန်ထွက်သွားခဲ့ပြီး အခု လက်ရှိ နောက်ဆုံး နည်းပြ Chris Hugton ရောက်လာမှ အသင်းလည်း တန်းတက်ခွင့် ရလာတာမို့ အောင်မြင်လာတယ် လို့ ဆိုရမှာပါ။ ဒါက ဘလွန်းတယောက် နည်းပြ အပြောင်းအလဲတွေ လုပ်ပြီး ဘရိုက်တန်ကို တန်းတက်ခွင့်ရဖို့ ကြိုးစားခဲ့တာတွေ ဖြစ်သလို သူ့ရဲ့ ဘ၀ ဖြတ်သန်းမှု ပုံရိပ် တချို့ပဲ ဖြစ်ပါတယ်။

Ref: www.en.m.wikipedia.org

The post ဘရိုက်တန်အသင်း ပဲ့ကိုင်ရှင် ဖဲဝိဇ္ဇာ Tony Bloom appeared first on ဧရာဝတီ.

အောင်လအန်ဆန်နှင့် မွေထိုင်း ဟဲဗီးဝိတ်ချန်ပီယံ ရန်ကုန်တွင် ထိုးသတ်မည်

$
0
0

မြန်မာ့စပါးအုံးမြွေအမည်ဖြင့် ထင်ရှားသည့် MMA ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်နှင့် မွေထိုင်း ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အယ်လိန် နာလာနီ (Alain Ngalani)တို့ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ နိုဝင်ဘာ ၃ ရက်နေ့တွင် ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ကြောင်း ONE Championship အဖွဲ့က ကြေညာလိုက်သည်။

ထိုပွဲသည် ONE Championship ကိုယ်ခံပညာ ဘက်စုံသုံး သိုင်းပြိုင်ပွဲ Mixed Martial Arts (MMA) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် အတွက် ရွှေခါးပတ်ကာကွယ်ပွဲ မဟုတ်ဘဲ MMA မှ စီစဉ်သည့် ယှဉ်ပြိုင်ဘက် နှစ်ဦး၏ နည်းလမ်းစုံ တိုက်ခိုက်မှု စွမ်းရည်ယှဉ်ပြိုင်ပွဲသာဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန် က “ဒီပွဲကြီးက ခက်ခဲမယ်ဆိုပေမယ့်လည်း မြန်မာပရိသတ်တွေရဲ့ရှေ့မှာ ယှဉ်ပြိုင်ခွင့်ရတာကိုပဲ ကျနော့်အတွက် တကယ့်ကို အားတက်စေပါတယ်။ မြန်မာ့ဂုဏ်ဆောင် တယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားသွားပါ့မယ်လို့ကတိပေးပါတယ်” ဟု သူ၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာထက်တွင် ရေးသား ဖော်ပြထားသည်။

ကျားသစ်နက် ဟုလူသိများသည့် ကင်မရွန်းနိုင်ငံဖွား အယ်လိန် နာလာနီ (Alain Ngalani)နှင့် မြန်မာ့စပါးအုံးမြွေဟု လူသိများသည့် အောင်လအန်ဆန် တို့၏ ပွဲသည် ၅ ချီ စိန်ခေါ်ပွဲဖြစ်ကြောင်း ONE Championship ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု ဒါရိုက်တာ ချက်ထရီ စစ်ယုဒ်တောင် (Chatri Sityodtong) က ပြောသည်။

အောင်လအင်ဆန်းသည် ၉၃ ကီလို ရှိပြီး အယ်လိန် နာလာနီမှာ ၁၂၀.၂ ကီလို ရှိသဖြင့် ဝိတ်တန်း မတူသော အလွတ်တန်း ယှဉ်ပြိုင်ပွဲ ဖြစ်ကြောင်းလည်းသိရသည်။

“သူ့ (အယ်လိန် နာလာနီ)ရဲ့ အဓိက လူသိများတဲ့ အချက်ကတော့ လျင်မြန်မှုနဲ့ သူ့ရဲ့ခြေကန်ချက်ပါပဲ။ အယ်လိန် နာလာနီ ဟာ လွယ်လွယ်နဲ့ အနိုင်ယူလို့ ရလောက်မယ့် ပြိုင်ဘက် မျိုးတော့ မဟုတ်ဘူး။ ကျနော့်ဘဝအတွက် သမိုင်းဝင်စေမယ့် ပွဲတပွဲ ဖြစ်လာမှာ အသေအချာပါပဲ” ဟု အောင်လအန်ဆန်က ဆိုသည်။

အယ်လိန် နာလာနီ သည် ONE Championship ဟဲဗီးဝိတ်တန်း စိန်ခေါ်သူ ဂျပန်နိုင်ငံသား ဟိုက်ကီ စက်ကိုင် (Hideki Sekine) ခေါ် Shrek ကို ၁၁ စက္ကန့် အတွင်း အလဲထိုး အနိုင်ယူပြီး ကမ္ဘာ့ အမြန်ဆုံး အလဲထိုးနိုင်သူ အဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သည်။

ထို့အတူ ကရာတေးဒို၊ ဂျူဂျစ်ဆုအပါအဝင် ကိုယ်ခံပညာငါးမျိုးခန့် တတ်မြောက်ထားသူဖြစ်ပြီး ကမ္ဘာ့ မွေထိုင်းချန်ပီယံ ဘွဲ့ကို လေးကြိမ်ရယူထားနိုင်သူဖြစ်ကြောင်းသိရသည်။ အလားတူ MMA ပြိုင်ပွဲတွင်လည်း စုစုပေါင်း ၇ ပွဲယှဉ်ပြိုင်ထားရာတွင် ၃ ပွဲနိုင် ၃ ပွဲရှုံးထားသည်ဟုသိရသည်။

အောင်လအင်ဆန်းသည် ပြီးခဲ့သည့် ဇွန်က သက်တမ်းတလျှောက် ရှုံးပွဲမရှိသေးသည့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ် (Vitaly Bigdash) ကို မြန်မာ့မြေပေါ်တွင် ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ရရှိကာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ONE Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သူ ဖြစ်သည်။

အသက် ၃၂ နှစ်ရှိ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ၎င်း၏ပြိုင်ဘက်ကို အလဲထိုးရာတွင် ဖမ်းချုပ်ရစ်ပတ်သည့် နည်းစနစ်ကြောင့် MMA (Mixed Martial Arts) လောကတွင် “မြန်မာ့စပါးအုံးမြွေ” ဟု တင်စားခေါ်ဝေါ်ခြင်း ခံထားရသူ ဖြစ်သည်ပြီး MMA ပြိုင်ပွဲ တလျှောက် ပွဲ ၃၀ ထိုးသတ်ထားပြီး ပွဲ ၂၀ အနိုင်ရရှိကာ ၁၀ ပွဲရှုံးထားသူဖြစ်သည်။

The post အောင်လအန်ဆန်နှင့် မွေထိုင်း ဟဲဗီးဝိတ်ချန်ပီယံ ရန်ကုန်တွင် ထိုးသတ်မည် appeared first on ဧရာဝတီ.


သမိုင်းတလျှောက် အကောင်းဆုံး ဘတ်စကက်ဘော ကစားသမားများ

$
0
0

ပြည်တွင်းမှာတော့ ဘတ်စကတ်ဘော ပရိသတ် နည်းပေမယ့် ကမ္ဘာမှာ ပရိသတ်နဲ့ လစာ၊ ဆုကြေး အများဆုံး ပေးနေတဲ့ အားကစားနည်းတွေထဲမှာ ဘောလုံး၊ တင်းနစ်နဲ့ ဂေါက်သီးတွေ ပြီးရင် အမြင့်ဆုံး ရရှိ လူကြိုက်များနေတာက ဘတ်စကက် ဘော အားကစားနည်းပါ။ သမိုင်းတလျှောက် ကစားခဲ့တဲ့ ဘတ်စကက်ဘော ကစားသမားတွေထဲကရော အကောင်းဆုံး အဖြစ် သတ်မှတ်နိုင်မယ့် NBA (National Basketball Association) ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။

(၁) Kareem Abdul Jabbar ။ ။ သူက လက်ရှိကစားသမား မဟုတ်တော့ပါဘူး။ အနားယူသွားပြီ ဖြစ်တဲ့ အမေရိကန် ကြေးစား ကစားသမားပါ။ NBA သမိုင်း တလျှောက် ရမှတ် အများဆုံး ရယူထားနိုင်သူ ဖြစ်ပြီး ၃၈၃၈၇ မှတ်ရထားပါတယ်။ ၁၉၆၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ် အတွင်း Milwaukee Bucks နဲ့ Los Angeles Lakers အသင်းတွေမှာ ကစားခဲ့ပါတယ်။ NBA ဆု ၆ ဆု ရဖူးပါတယ်၊ MVP ဆု ၆ ဆု ရဖူးပါတယ်။ နှစ် ၂၀ကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး အခုချိန်ထိ ရမှတ်အများဆုံး စံချိန် တင်ထားနိုင်ဆဲပါ။

(၂) Michael Jordan ။ ။ သူက ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေ အတွင်း ဘတ်စဘတ်ဘောလောက ကမ္ဘာတလွှားမှာ နာမည်ကြီး လူသိများလောက်အောင် လွှမ်းမိုးမှုရှိခဲ့တဲ့ ကစားသမားပါ။ NBA ဆု ၆ ကြိမ်နဲ့ MVP ဆု ၅ ကြိမ် ရထားပါတယ်။ အိုလံပစ် ရွှေ ဆုတံဆိပ် ၂ ဆု ရထားတယ်။ NCAA ဆုလည်း ၁ ကြိမ်ရထားပါသေးတယ်။ သူ့ကြောင့် ဘတ်စကတ်ဘော အားကစားတင် မဟုတ်ပဲ NBA ဆိုတဲ့ အမေရိကန် ဘတ်စကတ်ဘော အမှတ်ပေး ပြိုင်ပွဲကိုပါ လူသိများစေခဲ့တာပါ။ အမှတ်ပေး ပြိုင်ပွဲတွေမှာ တိုက်စစ်အနေနဲ့ရော ခံစစ် ကစားသမား အနေနဲ့ပါ အကောင်းဆုံး ဝင် ထွက် ကစားနိုင်သူ အဖြစ် လူသိများပါတယ်။

(၃) Bill Russell ။ ။ သူဟာ NBA ကစားသမားတွေထဲမှာ တန်ဖိုး အရှိဆုံး ကစားသမား အဖြစ် ၅ ကြိမ် အရွေးခံထားရသူပါ။ All-Star လူစာရင်းမှာ ၁၂ ကြိမ်ပါဖူးတယ်၊ Celtics အသင်းနဲ့ အတူ ကစားသမား ဘ၀ ၁၃ နှစ် အတွင်းမှာ NBA ဆုကို ၁၁ ကြိမ် ရခဲ့ပါတယ်။ MVP ဆု ၅ ကြိမ် ရထားပါတယ်။ အိုလံပစ် ရွှေတံဆိပ်လည်း ရဖူးတယ်၊ အမှတ်ပေး ပြိုင်ပွဲ တလျှောက်မှာ တော့ သူ့ကို အကောင်းဆုံး ခံစစ် ကစားသမား အဖြစ် သတ်မှတ်ထားတာလည်း တွေ့ရပါတယ်။ ငယ်ချိန်မှာ ကစားသမား၊ အသက်ကြီးတော့ နည်းပြလုပ်တယ်၊ ကစားသမား အဖြစ်ရော နည်းပြ အဖြစ်နဲ့ပါ ပထမဆုံး NBA ဆု ရယူနိုင်တဲ့ လူမည်း အဖြစ် မှတ်တမ်းဝင်ထားပါသေးတယ်။

(၄) Larry Bird ။ ။ သူလည်း NBA All-Star လူစာရင်းမှာ ၁၂ ကြိမ်ထိအောင် ပါခဲ့ဖူးပါတယ်။ MVP လို့ ဆိုတဲ့ တန်ဖိုး အရှိဆုံး ကစားသမား အဖြစ် ၃ ကြိမ် ရွေးချယ်ခံရဖူးတယ်။ Boston အသင်းနဲ့ အတူ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ပြီး NBA ချန်ပီယံဆုကို ၃ ကြိမ်၊ NBA ဆုကို ၃ ကြိမ်နဲ့ အိုလံပစ် ရွှေတံဆိပ် ၁ ခုလည်း ရတယ်၊ ကစားချိန်အတွင်း တဖက် အသင်းရဲ့ ကစားကွက် အားနည်းချက်ကို အကောင်းဆုံးရှာဖွေ ဝင်ရောက်နိုင်သူ၊ အဝေးပြစ် ဘောလုံး အကောင်းဆုံး ကစားသမား စသဖြင့် လူသိများပါတယ်။

(၅) Magic Johnson ။ ။ သူက ၁၉၈၀ ပြည့်နှစ်တွေမှာ Lakers အသင်းနဲ့ အတူ ချန်ပီယံဆုရော MVP ကစားသမား အဖြစ်ပါ ၁ နှစ်တည်းမှာတင် ရွေးချယ်ခံထားရသူပါ။ ကစားသမား သက်တမ်းအတွင်း NBA ဆုပေါင်း ၅ ကြိမ် ရခဲ့တယ်၊ MPV ဆု ၃ကြိမ် ရခဲ့ပါတယ်။ ၁၉၉၁ မှာ ကစားသမားဘဝက နားမယ်လို့ ကြေငြာခဲ့ပြီး အနားယူခဲ့ပေမယ့် ၁၉၉၂ ခုနှစ်မှာတော့ All-Star အဖွဲ့နဲ့ အတူ ရန်ပုံငွေပွဲ ကစားပေးခဲ့သေးတာ တွေ့ရပါတယ်။ NCAA ဆုတွေ၊ အထက်တန်းကျောင်း မှာ ဆုတွေ ရခဲ့တဲ့ အပြင် အိုလံပစ် ရေ့ွှတံဆိပ်တွေလည်း ရဖူးပါတယ်။ အရပ် ၆ ပေနဲ့ ၉ လက်မ ရှိပြီး ကွင်းအတွင်း ကစားနေရာ ၅ နေရာထိ တာဝန်ယူ ကစားပေးနိုင်သူပါ။ ၉ ပွဲ ဝင်ရောက် ကစားရာမှာ ဆု ၅ ဆု ရပြီး ပွဲအရေ အတွက် အနည်းဆုံးနဲ့ ဆုအများရသူ အဖြစ် မှတ်တမ်းဝင်နေသူလည်း ဖြစ်ပါတယ်။

(၆) Wilt Chamberlain ။ ။ သူက အရပ် ၇ ပေနဲ့ ၁ လက်မရှိပြီး ပေါင် ၂၅၀ လေးတဲ့ ကစားသမားပါ။ နောက်တော့ ကိုယ်ခန္ဓာ ပိုမို တောင့်တင်းလာပြီး Lakers အသင်းနဲ့ အတူ ကစားနေရင်း ၂၇၅ ပေါင်၊ ပေါင် ၃၀၀ ထိအောင် အလေးချိန် ရှိလာခဲ့ ပါတယ်။ ကွင်းလယ် ကစားသမား အဖြစ် ကစားပါတယ်။ NBA ဆု ၂ ကြိမ်၊ MVP အဖြစ် ၄ ကြိမ် သတ်မှတ် ခံရပါတယ်။ ကစားသမား ဘဝတ လျှောက် ပြစ်ဒဏ်ဘော လုံး၀ မလုပ်ခဲ့သူပါ။ သန့်သန့် ရှင်းရှင်း ကစားခြင်းနဲ့ အတူ လူသိများ ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

(၇) Kobe Bryant ။ ။ သူဟာ အရင် New Orleans Hornets မှာ ကစားတယ်၊ အခု Pelicans မှာ ရောက်နေတယ်။ NBA ဆုကို ၅ ကြိမ်ထိအောင် ရဖူးတယ်၊ MVP အဖြစ်လည်း ၁ ကြိမ် အရွေးခံရဖူးပါတယ်။ သူက ပွဲပြီးချိန်တွေမှာ အကောင်းဆုံး အရှုံး ကနေ အနိုင်ရလဒ် ရအောင် ဖန်တီးနိုင်သူ၊ အသင်းကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးနိုင်သူ၊ အဝေးပြေး ဘောလုံး အလွန်ကောင်းသူ တယေက် အဖြစ် လူသိများပါတယ်။ တပွဲတည်းမှာ သူ တယောက်တည်း အများဆုံး ၈၁ မှတ်ထိ ရအောင် သွင်းယူခဲ့တဲ့ ပွဲစဉ်တွေ၊ အသင်းဟောင်း နယူးအော်လန်း အတွက် အမှတ်ပေါင်း ၃၀၀၀၀ လောက်ထိ ယူပေးထား နိုင်တာတွေကိုတော့ ဘယ်လိုမှ မေ့ရမယ် မထင်ပါ။

 

(၈) Tim Duncan ။ ။ လက်ရှိမှာတော့ သူက San Antonio Spurs အသင်းမှာ ကစားနေသူပါ။ သူရဲ့ ကစားကွက် က တကယ်ဆိုရင် ရိုးရိုးလေးပါ၊ သွက်လက်မှုထက် တည်ငြိမ်ဟန်ကို ဦးစားပေး ကစားတာပါ။ NBA ချန်ပီယံဆုကို ၄ ကြိမ် ရဖူးသလို MVP အဖြစ်လည်း ၂ ကြိမ် ရွေးချယ်ခံရဖူး ပါတယ်။ သူက အခြား သူတွေလို အဝေးပစ် ဘောလုံးစွမ်းရည်ထက် ထောင့်နေရာတွေ ကနေ အမှတ်ရရှိအောင် ပစ်သွင်းနိုင်မှု ပိုမို ကောင်းမွန်တာက ထူးခြားချက် ဖြစ်သလို တခြားသူတွေ ထက် သိသာ လူကြိုက်များ စေတာလည်း ဖြစ်ပါတယ်။ NBA သမိုင်း တလျှောက် အကောင်းဆုံး ခံစစ် ကစားသမား ၉ ဦးစားရင်းမှာလည်း သူ ပါပါသေးတယ်။

(၉) Kevin Durant ။ ။ သူက NBA ဆုကိုတော့ ၁ ကြိမ်ပဲ ရဖူးသလို MVP အဖြစ်လည်း ၁ ကြိမ်ပဲ ရွေးချယ် ခံရဖူးပါတယ်။ ဖြတ်ပေး ဘောလုံးတွေ ကောင်းတယ်၊ တိကျတယ်၊ ပွဲအတွင်း အကောင်းဆုံး လှုပ်ရှား ကစားနိုင်သူပါ။ LeBron လို တကွင်းလုံး ကစားနိုင်သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၅ နှစ် အတွင်း ချန်ပီယံဆု ရယူနိုင်တဲ့ အကောင်းဆုံး ကစားသမားတွေရဲ့ ရမှတ်စံချိန်ကို ၃ နှစ်လောက်ထိ တန်းတူလိုက်နိုင်ခဲ့ပါတယ်။ Howard လိုလည်း အကောင်းဆုံး ခံစစ်ပါ ကစားနိုင်သူ မဟုတ်ပေမယ့် နောက်တန်းမှာလည်း ကစားကွက် ထိန်းချုပ်သူ အဖြစ် ကောင်းကောင်း ကစားနိုင်သေးတာ တွေ့ရပါတယ်။ နေရာစုံ ကစားနိုင်သူ အဖြစ်ထက် ကစားကွက်ကို ထိန်းချုပ်နိုင်သူ အဖြစ် လူသိများပါတယ်။

(၁၀) Shaquille O’neal ။ ။ အနားယူသွားပြီ ဖြစ်တဲ့ အမေရိကန် ကစားသမား တဦးပါ။ NBA သမိုင်းတလျှောက် လွှမ်းမိုးမှု အရှိဆုံး လူကြိုက် အများဆုံး ကစားသမား တယောက်ပါ။ တိုက်စစ်မှာ ကစားပါတယ်၊ သူ့ရဲ့ အရပ်အမောင်း၊ ကိုယ်ခန္ဒာ တွေက တဖက် ခံစစ်ကို မြင်ရုံနဲ့ ကြောက်လန့်စေနိုင်ပါတယ်။ NBA ချန်ပီယံ ၄ ကြိမ်ရဖူးသလို MVP လည်း ၁ ကြိမ် ရွေးချယ် ခံရဖူးပါတယ်။ တရာသီ အတွင်း ရမှတ် အများဆုံး ရယူနိုင်သူ အဖြစ်လည်း ၂ ကြိမ် သတ်မှတ်ခံရဖူးပါတယ်။ Boston Celtics အသင်း အတွက် နောက်ဆုံး ကစားပေးခဲ့တာ တွေ့ရပါတယ်။

Ref: www.wonderlist.com

The post သမိုင်းတလျှောက် အကောင်းဆုံး ဘတ်စကက်ဘော ကစားသမားများ appeared first on ဧရာဝတီ.

Lethwel Nation Fight ရိုးရာလက်ဝှေ့နိုင်ငံတကာပွဲကျင်းပမည်

$
0
0

မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်ဖြစ် နိုင်ငံခြားသား တွဲဆိုင်းများပါဝင်မည့် Lethwel Nation Fight မြန်မာရိုးရာ လက်ဝှေ့ပွဲကို ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ ဒိုင်းမွန်ပလာဇာတွင် စက်တင်ဘာ ၂၄ ရက်နေ့ နေ့လည် ၁ နာရီ တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

“ပြည်ပကစားသမားတွေက မြန်မာရိုးရာလက်ဝှေ့ကို လာရောက်ထိုးသတ်ကြရတာကို ဂုဏ်ယူကြတယ်။ပြည်ပကစားသမားတွေထဲက ရိုးရာလက်ဝှေ့ထိုးသူတွေ ပျံနှံ့သွားမယ်ဆိုရင် နောင်တချိန် အဲဒီနိုင်ငံတွေမှာ ရိုးရာလက်ဝှေ့ပွဲတွေ သွားရောက်စီစဉ်နိုင်မယ်၊ အဲဒီလိုမျှော်မှန်းချက်နဲ့ အခုလို နိုင်ငံတကာပွဲတွေစီစဉ်ပြီး မျိုးစေ့ချနေတဲ့သဘောပါပဲ”ဟု မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ နိုင်ငံတကာပွဲများ စီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောသည်။

အဆိုပါပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှုး၍ မန္တလေးတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာပွဲများအဖြစ် ဘရာဇီး၊ ထိုင်း၊ ကမ္ဘောဒီယားနိုင်ငံများ မှ နာမည်ကျော်လက်ဝှေ့ကစားသမားများနှင့် မြန်မာနိုင်ငံမှ နာမည်ကျော်လက်ဝှေ့ကစားသမားများ ယှဉ်ပြိုင်ကြမည့် တွဲဆိုင်းများ ပါဝင်ကြောင်း သိရသည်။

မန္တလေးမြို့မှနေ၍ ယခင်အချိန်များက နာမည်ကျော်ရိုးရာလက်ဝှေ့ကစားသမားအများအပြားပေါ်ထွက်လာခဲ့သော်လည်း ယခုအခါ ကစားသမားထွက်ပေါ်လာမှု အလွန်နည်းလာပြီး မျိုးဆက်ပြတ်သလိုဖြစ်နေကြောင်း၊ ၁၉၂၀ ခုနှစ်ဝန်းကျင်က မန္တလေးတွင် လက်ဝှေ့ကလပ်များ၊ ကစားသမားများ အများကြီးရှိခဲ့သဖြင့် မြန်မာပြည် အထက်/အောက် ယှဉ်ပြိုင်ကြသည့် ရိုးရာလက်ဝှေ့ပွဲများ မကြာခဏလုပ်ဖြစ်သည်။

ထို့ကြောင့် မန္တလေးမှ ရိုးရာလက်ဝှေ့ကစားသမားများများ ပေါ်ထွက်လာ စေရန်ဆိုသည့် ရည်ရွယ်ချက်အပြင် မန္တလေးက လက်ဝှေ့ဝါသနာရှင်များအတွက် ယခုလို နိုင်ငံတကာပွဲကြီးကို ကျင်းပပြု လုပ်ပေးရခြင်းဟု သိရသည်။

“လက်ရှိအချိန်မှာ ပြည်ပကစားသမားတွေက မြန်မာနိုင်ငံမှာ မြန်မာကစားသမားတွေနဲ့ လာရောက် ထိုးသတ်ယှဉ်ပြိုင်ကြ တယ်၊ မြန်မာကစားသမားတွေအနေနဲ့ လက်ရှိအချိန်မှာဆိုရင် ထိုင်းနိုင်ငံမှာသွားရောက်ပြီး မွေ့ထိုင်းလက်ဝှေ့ သွားရောက် ထိုးနေတာရှိတယ်၊ နောင်တချိန်မှာ အဲဒီနိုင်ငံတွေမှာလည်း ရိုးရာလက်ဝှေ့ပွဲတွေ ထိုးနိုင်အောင် စီစဉ်တော့မှာဖြစ်ပါတယ်” ဦးစိုင်းဇော်ဇော်က ပြောသည်။

ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း၌ ရိုးရာလက်ဝှေ့ နိုင်ငံတကာပွဲများကို မကြာခဏပြုလုပ်နေလျက်ရှိပြီး Lethwel Nation Fight ရိုးရာလက်ဝှေ့ နိုင်ငံတကာပွဲ ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့တွင် ကျင်းပပြု လုပ်ပေးခဲ့ပြီး ယခု ပြုလုပ်မည့် Lethwel Nation Fight ရိုးရာလက်ဝှေ့ နိုင်ငံတကာပွဲသည် ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ် ကာ မန္တလေးမြို့အတွက် ပထဆုံးအကြိမ် နိုင်ငံတကာပွဲဟု သိရသည်။

“ကျနော် လက်ဝှေ့ထိုးရတာကို ဝါသနာပါတယ်၊ လက်ဝှေ့အားကစားနဲ့ နိုင်ငံဂုဏ်ဆောင်နိုင်အောင် ကြိုးစားနေတယ်၊ ပြည်ပကစားသမားတွေနဲ့ ယှဉ်ပြိုင်ထိုးခဲ့တာ ပွဲနှစ်ဆယ်ကျော်ပါပြီ၊ နိုင်ငံခြားသားတွေနဲ့ယှဉ်ပြိုင်တဲ့အခါ အားကစား စိတ်ဓာတ်ကိုပဲ ဦးစားပေးယှဉ်ပြိုင်ပါတယ်၊ အခုပွဲမှာလည်း အားကစား စိတ်ဓာတ်ကို အခြေခံပြီးတော့မှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ”ဟု ၂ နှစ်ဆက်တိုက် ရွှေခါးပတ်ချန်ပီယံ ရဲသွေးနီက ပြောသည်။

ယခုပွဲတွင် နိုင်ငံခြားသား တွဲဆိုင်းများအဖြစ် သပြေညို(မြန်မာ)နှင့် နာရူတို(ထိုင်း)၊ သွေးသစ်အောင်(မြန်မာ)နှင့် ဂိုမက်စ်ဒီ ဆေးဗား (ဘရာဇီး)၊ ရဲသွေးနီ(မြန်မာ)နှင့် လိုင်ဖေး (ကမ္ဘောဒီယား)၊ စောဖိုးခွား(မြန်မာ)နှင့် ချန်ပိုလစ်(ထိုင်း)၊ ကရင်လေး(ခ)ဖဒါဝယ် (မြန်မာ)နှင့် ကွန်ကရိုင် (ထိုင်း) တွဲဆိုင်းများပါဝင်မည်ဖြစ်သလို ပြည်တွင်းတွဲဆိုင်းများ၊ မန္တလေးမှ မျိုးဆက်သစ် လူငယ်တွဲဆိုင်း ၃ တွဲ အပါအဝင် တွဲဆိုင်း ၁၂ တွဲ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခုအခါ မြန်မာရိုးရာလက်ဝှေ့အားကစားနည်းကို ပြည်ပပွဲများအဖြစ် စင်ကာပူနိုင်ငံတွင်သုံးကြိမ်၊ ဂျပန်နိုင်ငံတွင် ၅ ကြိမ် ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။

The post Lethwel Nation Fight ရိုးရာလက်ဝှေ့နိုင်ငံတကာပွဲကျင်းပမည် appeared first on ဧရာဝတီ.

ချန်ပီယံဆုပေါင်းများစွာနဲ့ ပြိုင်ကားမောင်း ဘုရင် Lewis Hamilton

$
0
0

သူ့နာမည် အပြည့်အစုံက Lewis Carl Davidson Hamilton ဖြစ်ပါတယ်၊ ၁၉၈၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှာ မွေးခဲ့တဲ့ နာမည်ကျော် ပြိုင်ကားမောင်းသမားပါ။ အင်္ဂလန် ပြိုင်ကားမောင်းသမားက လက်ရှိမှာတော့ Mercedes AMG နဲ့ အတူ Formual 1 ကားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတာ တွေ့ရပါတယ်။ သူဟာ Formula One World Champion အဖြစ် ၃ ကြိမ် ဗိုလ်စွဲထားသူလည်း ဖြစ်ပါတယ်။ F1 ပြိုင်ပွဲ တလျှောက်မှာတော့ အခုချိန်ထိ အကောင်းဆုံး ကားမောင်းသမား အဖြစ် သတ်မှတ်ဖို့ တပေးခံနေရသူလည်း ဖြစ်ပါတယ်။

သူရဲ့ ပထမဆုံး ကြေးစား ကျွမ်းကျင် ပြိုင်ပွဲဝင် ဘဝမှာတော့ အခု Mercedes နဲ့ စတင်ခဲ့တာ မဟုတ်ပဲ အခြား နာမည်ကျော် ပြိုင်ကားကုမ္ပဏီ ဖြစ်တဲ့ McLaren နဲ့ အတူ စခဲ့ပြီး ပထမဆုံး ချန်ပီယံဆုကို ၂၀၀၈ ခုနှစ်နဲ့ McLataren နဲ့ အတူရခဲ့တာ ဖြစ်ပါတယ်။ အခု Mercedes ကိုရောက်ပြီးမှ နောက်ထပ် ကမ္ဘာ့ချန်ပီယံဆု ၂ ကြိမ်ကို ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ၂ နှစ်ဆက်တိုက် ထပ်မံ ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန် ပြိုင်ကားမောင်း သမားတွေထဲမှာတော့ နိုင်ပွဲ အများဆုံး ရရှိထားတဲ့ ကားမောင်းသမား အဖြစ် မှတ်တမ်း ဝင်နေပြီး အခုချိန်ထိ ပြိုင်ပွဲစုံမှာ နိုင်ပွဲ ၅၉ ပွဲထိ ရရှိထားတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ပြိုင်ပွဲတလျှောက်ရမှတ် အများဆုံး ရယူထားနိုင်တဲ့ ကားမောင်းသမား အဖြစ်လည်း ပြိုင်ပွဲစုံကနေ ရမှတ်ပေါင်း ၂၄၈၅ မှတ်ရထားပြီး ထိပ်ဆုံးမှာ ရှိနေပါတယ်။

နောက်ထပ် စံချိန်တခု ရှိပါသေးတယ်၊ ပြိုင်ကွင်းစုံမှာ အနိုင်ရမှု အများဆုံး ကားမောင်းသမား ဖြစ်နေပြီး ပွဲပေါင်း ၂၄ ပွဲ အနိုင်ရယူထားပါတယ်။ တနှစ် အတွင်း ပြိုင်ပွဲ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သူ အဖြစ် တနှစ်တည်း ၁၇ ပွဲထိ ဝင်မောင်းထားတာလည်း တွေ့ရပါတယ်။ ပြီးတော့ နှစ်တိုင်းမှာ Grand Prix တခုတော့ အနည်းဆုံး ရယူထားနိုင်တဲ့ ကားမောင်းသမားဆိုလို့လည်း သူတယောက်ပဲ ရှိသေးတာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြိုင်ပွဲဝင် ကားနံပါတ်က ၄၄ ပါ၊ ပြိုင်ပွဲဝင်ချိန် ကာလ တလျှောက် ပြိုင်ကွင်းပတ်လမ်းကို အမြန်ဆုံး အဖြစ် ဦးဆောင် မောင်းနှင် ပန်းဝင်နိုင်မှု အခုချိန်ထိ ၃၇ ကြိမ် ရှိခဲ့ပါတယ်။ ပထမဆုံး ပြိုင်ပွဲ အဖြစ် ၂၀၀၇ ခုနှစ် Australian Grand Prix မှာ ပါဝင် ယှဉ်ပြိုင်ခဲ့တယ်၊ ပထမဆုံး နိုင်ပွဲ အနေနဲ့တော့ ၂၀၀၇ ခုနှစ် Canadian Grand Prix မှာ နိုင်ပွဲရတယ်၊ လက်ရှိ အချိန်ထိအောင် နောက်ဆုံး နိုင်ပွဲ ရထားမှု အဖြစ် ၂၀၁၇ ခုနှစ် Italian Grand Prix မှာ နိုင်ထားတယ်၊ နောက်ဆုံး ပြိုင်ပွဲဝင်မှု အဖြစ်တော့ ၂၀၁၇ ခုနှစ် Sigapore Grand Prix မှာ ဝင်ပြိုင်ပေမယ့် အနိုင်မရခဲ့ပါဘူး။

သူဟာ ကားမောင်းသမား အဖြစ်တော့ ၁၉၉၈ ခုနှစ်ကတည်းက McLaren ရဲ့ လူငယ်ကားမောင်းသမား လေ့ကျင့်ရေး အစီအစဉ်မှာ ပါရှိ လေ့ကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။ သူလေ့ကျင့်ရေး သမား အဖြစ် ၃ နှစ်အကြာ လေ့ကျင့်ပြီးတော့ အဆိုပါ အချိန်က နာမည်ကျော် McLaren ကားမောင်းသမား Ron Dennis ကို တွေ့ပြီး တနေ့မှာ သူလည်း Dennis လို နာမည်ကျော် ပြိုင်ကားမောင်းသမား ဖြစ်ချင်တယ် လို့ ပြောခဲ့ဖူးတာ တွေ့ရပါတယ်။ အဲဒီနောက် British Formula Renault, Formula Three Euroseries နဲ့ GP2 တွေမှာ အနိုင်ရပြီးတော့ ဟာမီတန်ဟာ McLaren ရဲ့ ဦးဆောင် ပြိုင်ပွဲဝင် ကားမောင်းသမား ဖြစ်လာပါတယ်။ ၂၀၀၇ မှာ McLaren နဲ့ အတူ ပြိုင်ပွဲ စတင် ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ထူးခြားချက်က ဟာမီတန်ရဲ့ ဖခင်က လူမည်း ဖြစ်ပြီး မိခင်က လူဖြူပါ၊ ဒီ့အတွက် သူဟာ F1 ပြိုင်ပွဲမှာ ပထမဆုံး ပါဝင်ယှဉ်ပြိုင်သူ၊ အနိုင်ရသူ လူမည်း စာရင်း ဝင်ခဲ့ပါတယ်။

ပထမ ရာသီမှာပဲ သူဟာ နိုင်ပွဲ ရမှု နည်းပြီး ဒုတိယနေရာတွေသာ အများဆုံး ရခဲ့ပေမယ့် စံချိန်သစ် တင်နိုင်မှုတော့ များခဲ့ပါတယ်။ တနှစ်တည်း အတွင်းမှာ ထိပ်ဆုံးနေရာက အများဆုံး တာထွက်နိုင်သူ အဖြစ် ၉ ပွဲ၊ ပွဲဦးထွက် ရာသီအနေနဲ့ အနိုင်ရမှု အများဆုံးသူ အဖြစ် ၄ ပွဲနဲ့ စံချိန်တင်နိုင်ခဲ့သလို ပွဲဦးထွက်ပွဲစဉ်မှှာ အမှတ်အများဆုံး ရရှိသူ အဖြစ် ၁၀၉ မှတ်တွေ ရခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အတွင်းမှာ ဆိုရင်လည်း တနှစ်တည်းမှာတင် ပြိုင်ပွဲစုံ နိုင်ပွဲ ၁၁ ပွဲထိအောင် ရှိခဲ့သလို NIco Rosberg ကို ကျော်တက်ပြီး ကမ္ဘာ့ချန်ပီယံဆုကိုပါ ဒုတိယ အကြိမ် ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ မှာလည်း ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲ ပြီးဆုံးဖို့ ၃ ပွဲ အကျန်ချိန်အထိ ဟာမီတန်ဟာ အဆင့် ၃ မှာပဲ ရှိနေခဲ့သူပါ။ ဒါပေမယ့် လက်ကျန် ပွဲတွေကို အကောင်းဆုံး အနိုင်ယူပြီး တနှစ် အတွင်း နိုင်ပွဲ ၁၀ ပွဲနဲ့ အတူ ၂၀၁၅ မှာပါ ကမ္ဘာ့ ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။

၂၀၁၆ မှာတော့ Nico Rosberg က ၅ မှတ်အသာနဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်သွားပေမယ့် ဟာမီတန်က ကမ္ဘာ့ ချန်ပီယံ မဖြစ်သည့်တိုင် တနှစ်အတွင်း ပွဲအများဆုံး နိုင်သူ အဖြစ် စာရင်းဝင်ခဲ့ပြီး အရင်နှစ်က တနှစ် အတွင်း နိုင်ပွဲ ၁၀ ပွဲထိအောင် ရခဲ့ပါတယ်။ အခုချိန်ထိအောင်လည်း ဟာမီတန်က Grand Prix ပြိုင်ပွဲတွေမှာ နိုင်ပွဲပေါင်း ၅၉ ပွဲ ရထားပြီး နိုင်ပွဲ အများဆုံး ရသူ စာရင်းမှာ Michael Schumancher ရဲ့ ၉၁ ပွဲ အနိုင်ရ စံချိန်ကို ချိုးဖျက်ဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်။

ဟာမီတန်ရဲ့ အဓိက အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင် Mercedes အသင်းနဲ့ အတူ Formula One World Constructors Championship ကို ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ တွေမှာ ရထားတယ်၊ တဦးချင်း အနေနဲ့တော့ Formula One World Drivers’ Championship ကို ၃ ကြိမ်ရဖူးတယ်၊ DHL Fastest Lap Award ဆုကို ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ရတယ်၊ GP2 Series Championship ကို ၂၀၀၆ မှာ ရဖူးတယ်၊ FIA Pole Trophy ကို ၂၀၁၅ နဲ့ ၂၀၁၆ မှာရတယ်၊ Formula 3 Euro Series Championship ကို ၂၀၀၅ ခုနှစ်က ရဖူးတယ်၊ Laureus World Sports Award ရဲ့ တနှစ်တာ အကောင်းဆုံး အားကစားသမားဆုကို ၂၀၀၈ ခုနှစ်က ရတယ်။

 

Lorenzo Bandini Trophy ကို ၂၀၀၉ မှာ ရတယ်၊ Hawthorn Memorial Trophy ကို ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ရခဲ့တယ်၊ BBC Sports Personality of the Year ကိုလည်း ၂၀၁၄ ခုနှစ်က ရတယ်၊ ESPY ရဲ့ အကောင်းဆုံး ကားမောင်းသမားဆုကို ၂၀၁၇ က ရတယ်၊ Autosport ကပေးတဲ့ International Racing Driver Award ဆုကို ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ရဖူးတယ်၊ PAP ကနေ ပေးအပ်တဲ့ ဥရောပ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂၀၁၄ ခုနှစ်က ရတယ်၊ GQ ကပေးတဲ့ တနှစ်တာ အကောင်းဆုံး အားကစားသမားဆုကိုလည်း ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ရဖူးတာ တွေ့ရပါတယ်။

Ref: www.en.m.wikipedia.org

The post ချန်ပီယံဆုပေါင်းများစွာနဲ့ ပြိုင်ကားမောင်း ဘုရင် Lewis Hamilton appeared first on ဧရာဝတီ.

ဥရောပရဲ့ အကောင်းဆုံး ဘောလုံးအသင်း ဖြစ်လာတဲ့ Borussia Dortmund

$
0
0

ဥရောပ အခြေစိုက် အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွေထဲမှာ လူကြည့်အများဆုံး ဘောလုံး ပြိုင်ပွဲက ဂျာမနီ ဘွန်ဒက်လီဂါ ဆိုပေမယ့် တကယ်တော့ ပြည်တွင်းမှာ သိပ်မကြိုက်လှ။ အကြောင်းကတော့ ဘွန်ဒက်လီဂါမှာ တကောင်တည်းပြေးတဲ့ မြင်းပဲ ရှိလို့ လူသိပ်မကြိုက်တာပါ။ ဥပမာ စပိန်မှာဆိုရင် ရီးရဲမက်ဒရစ် ရှိပေမယ့် သူနဲ့ အပြိုင် ဘာစီလိုနာ ရှိတယ်၊ ဘယ်သူ ဗိုလ်စွဲမလဲ သိချင် စိတ်ဝင်စားကြတယ်။ ပြည်တွင်းမှာ လူကြိုက် အများဆုံးက အင်္ဂလန် ပရီးမီးယားလ်ဂ်ဆိုရင် အသင်းကြီး တွေက မန်ယူ၊ မန်းစီးတီး၊ ချယ်ဆီး၊ အာဆင်နယ်၊ လီဗာပူးနဲ့ အခု နောက်ပိုင်း စပါးလို အသင်းတွေကပါ ခြေစွမ်း ကောင်းလာလို့ ပွဲစဉ်တိုင်းကိုတောင် လူကြိုက်များကြပါတယ်။

ဒါပေမယ့် အခု ဘွန်ဒက်လီဂါမှာတော့ ဘိုင်ယန်မြူးနစ်ဟာ အင်အားအကြီးဆုံးနဲ့ ဘယ်အသင်းနဲ့ ကန်ကန်၊ နိုင်နေတဲ့ အသင်းဖြစ်လို့ နှစ်တိုင်း ဘွန်ဒက်လီဂါဆုကို ဘယ်သူရသလဲ ဆိုရင် ဘိုင်ယန်ပါပဲ။ ဒါကြောင့် လူစိတ်ဝင်စားမှု နည်းတာပါ။ ဒါပေမယ့် အခု ပြောမယ့် ဒေ့ါမန်ကတော့ ဘိုင်ယန်အတွက် ဖြတ်မျဉ်းပါပဲ။ လူငယ်တွေကို မွေးထုတ်ပြီး ကြိုးစားခဲ့လို့ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းက ဘိုင်ယန်မြူးနစ် ရယူနေကြ ဘွန်ဒက်လီဂါ ကိုတောင် ရယူလာနိုင်တဲ့ အထိ ခြေသွက် အောင်မြင်လာ ပါတယ်။ အခုနှစ်ရော တကျော့ပြန် ကျား အဖြစ်နဲ့ ဘိုင်ယန်ကို ကောင်းကောင်း ကျော်ဖြတ်နိုင်ပါ့ မလားတော့ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ အခု ဂျာမနီ အသင်းတွေထဲက အသင်းကောင်း တသင်းဖြစ်တဲ့ ဒေါ့မန်အကြောင်း နည်းနည်း ကြည့်ရအောင်ပါ။

အသင်းရဲ့ နာမည် အပြည့်အစုံက Ballspielverein Borussia 09 e.V. Dortmund ဖြစ်ပါတယ်။ အများစုကတော့ ဒေါ့မန်လို့ပဲ သိကြပါတယ်။ ရိုင်းမြစ် မြောက်ပိုင်းဒေသမှာ ရှိတဲ့ ဒေါ့မန်မြို့မှာ အခြေစိုက်ပါတယ်။ အသင်းမှာ အမာခံ ပရိတ်သတ် အသင်းဝင် ၁၄၅၀၀၀ ထိအောင် ရှိပြီး ဂျာမနီမှာတော့ ဒုတိယ လူကြိုက် အများဆုံး အသင်းပါ။ လက်ရှိမှာတော့ ဂျာမနီ အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ ဘွန်ဒက်လီဂါမှာ ကစားနေပါတယ်။ ဂျာမနီ ကလပ် အသင်းတွေထဲမှာတော့ အောင်မြင်မှု အများဆုံး ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

နာမည်ပြောင် အနေနဲ့တော့ The Black and Yellows (အနက်၊ အဝါကြားများ)လို့ ခေါ်ပါတယ်။ BVB အဖြစ်လည်း အတိုကောက် ခေါ်ပါတယ်။ အသင်းကို လွန်ခဲ့တဲ့ ၁၀၇ နှစ်၊ ၁၉၀၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင် ဖွဲ့စည်း တည်ထောင်ပါတယ်။ အိမ်ကွင်း အနေနဲ့ Westfalenstadion ကို အသုံးပြု လက်ခံ ကစားပြီး သူက ပရိတ်သတ် ၈၁၃၉၅ ယောက် ဆံ့ပါတယ်။ လက်ရှိ နည်းပြ အဖြစ် Peter Bosz က တာဝန်ယူထားပါတယ်။ အရင်နှစ် ဘွန်ဒက်လီဂါမှာ ရာသီသိမ်း အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ထားပြီး အခုနှစ် ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ရရှိအောင် စွမ်းဆောင်ထား နိုင်တာလည်း ဖြစ်ပါတယ်။

 

အသင်းဟာ အိမ်ကွင်းမှာ အကျႌ အဝါခံပေါ်မှာ အနက်ရောက် ကန့်လန့်ဖြတ် အစင်း၊ ဘောင်းဘီအနက်နဲ့ ခြေအိတ်၊ အဝါနဲ့ အနက်စင်းကို ဝတ်ဆင် ကစားပါတယ်။ အဝေးကွင်းမှာတော့ အကျႌအနက်ရောင် ဝတ်ဆင်ပါတယ်၊ လက်မောင်းပေါ်မှာ အဝါရောင် အစင်းငယ် ပါရှိပါတယ်။ ဘောင်းဘီကတော့ အနက်ရောင် ဖြစ်ပြီး၊ ခြေအိတ်ကတော့ လည်ပင်းသားမှာပဲ အဝါရောင် ထည့်ထားပြီး ကျန်အနက်သားနဲ့ ခြေအိတ်ကို ဝင်ဆင် ကစားပါတယ်။ ကြားကွင်းမှာတော့ ဝတ်စုံတခုလုံး မီးခိုးရောင် ဆင်တူ ဝတ်ဆင် ကစားပါတယ်။

အသင်း အနေနဲ့ ဂျာမနီ ဘောလုံး အသင်းတွေထဲမှာ စံချိန်တင်ထားနိုင်မှု အနေနဲ့ ဆိုရင် ၁၉၆၆ ခုနှစ်က Cup Winner’s Cup ကို ပထမဆုံး ရယူနိုင်ခဲ့ပြီး ဥရောပ အဆင့် ဖလားကို ပထမဆုံး ရယူနိုင်ခဲ့တဲ့ ဂျာမနီ ဘောလုံး အသင်း ဖြစ်လာ ပါတယ်။ နောက်ထပ် ထူးခြားချက်က အခု ဒေါ့မန်ရဲ့ အိမ်ကွင်းဟာ ဂျာမနီမှာ အကြီးဆုံး ဘောလုံးကွင်းလည်း ဖြစ်ပါတယ်။ ဥရောပမှာတော့ ၇ ခုမြောက် အကြီးဆုံး ဘောလုံးကွင်းပါ။ ပျမ်းမျှ ပွဲကြည့်ပရိတ် ဝင်ရောက်နှုန်းမှာလည်း ကမ္ဘာ့ ဘောလုံး ကွင်းတွေထဲမှာ လူဝင်မှု အများဆုံး ကွင်း အဖြစ် မှတ်တမ်း ဝင်နေပါတယ်။

အသင်း အနေနဲ့ အဓိက ပြိုင်ဘက်ကတော့ Schalke 04 ရှိနေပြီး သူတို့ရဲ့ ဒါဘီပွဲစဉ်ကို Revierderby အဖြစ် ခေါ်ဆိုတာ တွေ့ရပါတယ်။ Football Money League ရဲ့ ဖော်ပြချက် အရဆိုရင် ဝင်ငွေ၊ ပရိတ်သတ်နှုန်းတွေ အရ ဒေါ့မန်ဟာ ဂျာမနီမှာ ဒုတိယမြောက် အကြီးဆုံး ဘောလုံး အသင်းဖြစ်ပြီး ကမ္ဘာမှာ ၁၁ ခုမြောက် အကြီးဆုံး အသင်း အဖြစ် ရပ်တည် နေတာလည်း ဖြစ်ပါတယ်။

အသင်းနဲ့ ပတ်သတ်ပြီး စံချိန်တင် ထားနိုင်မှုတွေကို ကြည့်မယ် ဆိုရင် ဒေါ့မန်ကစားသမား Michael Zorc က ကစားပွဲပေါင်း ၄၆၃ ပွဲ ကစားထားပြီး အသင်း အတွက် ပွဲအများဆုံး ကစားထားသူ အဖြစ် ရှိနေတယ်၊ ပွဲစဉ် အတွင်း သွင်းဂိုး အများဆုံး အဖြစ် ၂၀၁၆-၁၇ ဘောလုံးရာသီ၊ UEFA ချန်ပီယံလိ၈်မှာ ဝါဆောကို ၈ ဂိုး ၄ ဂိုးနဲ့ နိုင်ပြီး စုစုပေါင်း တပွဲတည်း ၁၂ ဂိုးထိ သွင်းခဲ့ဖူးတယ်၊ ချန်ပီယံလိဂ် ပွဲစဉ်တွေထဲမှာ ဂိုးအများဆုံး သွင်းယူနိုင်မှု အဖြစ် ၂၀၁၆-၁၇ ဘောလုံး ရာသီ ချန်ပီယံလိဂ် အုပ်စုပွဲတွေမှာ စုစုပေါင်း ၂၁ ဂိုးထိအောင် သွင်းနိုင်ခဲ့ဖူးတယ်။

အသင်း အတွက် ဂိုး အများဆုံး သွင်းယူပေးထားသူ အဖြစ် Alfred Preissler ဖြစ်ပြီး ၁၆၈ ဂိုးထိအောင် သွင်းထားတယ်၊ ဒေါ့မန်အသင်းမှာ အသက်အငယ်ဆုံး ကစားသမား အဖြစ် ပါဝင်ကစားနိုင်သူက ၁၆ နှစ် ၃၃၅ ရက်ပဲ ရှိသေးတဲ့ Nuri Sahin ပါဝင်ကစားထားနိုင်ခဲ့တယ်။ အသက်ငယ်ဆုံး ဂိုးသွင်းသူ အဖြစ်လည်း သူကပဲ ၁၇ နှစ်နဲ့ ၈၂ ရက်မှာ ဂိုးသွင်းယူနိုင်ခဲ့တယ်။

အဆိုးဆုံး ရလဒ် အဖြစ် ၁၉၇၈ ခုနှစ် ဧပြီ ၂၉ ရက်မှာ ကစားခဲ့တဲ့ မိုချန်ဂလာဘတ်နဲ့ ပွဲမှာ ၁၂ ဂိုး ဂိုး မရှိနဲ့ ရှုံးဖူးတယ်၊ ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ဒိုင်နာမိုနဲ့ ကစားတဲ့ ပွဲမှာ တပွဲတည်း အနီကတ် ၅ ကတ်ထိအောင် ပြသ ထုတ်ပယ် ခံရဖူးတယ်၊ ၂၀၀၁ ခုနှစ် ဧပြီ ၇ ရက်နေ့က ကစားတဲ့ ဘိုင်ယန်နဲ့ ပွဲမှာ နှစ်ဖက် အသင်းသားတွေ အတွက် တပွဲတည်း အဝါ၊ အနီကတ် ပြသခံရမှု ၁၅ ကြိမ်ရှိခဲ့ပြီး ဒေါ့မန်အတွက် ၃ ကတ်နဲ့ ဘိုင်ယန်အတွက် ၁၂ ကတ် ထိအောင် ပြသခံခဲ့ရဖူးတယ်။ ၁၉၆၅ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က မိုချန်ဂလာဘတ်နဲ့ ပွဲမှာ တပွဲတည်း ပင်နယ်တီ ၅ ကြိမ်ထိအောင် ပေးခဲ့ရဖူးတယ်။

အသင်းက ဆုဖလား ရရှိမှု အပိုင်းမှာတော့ ဂျာမန်ချန်ပီယံလို့ ဆိုနိုင်မယ့် ဘွန်ဒက်လီဂါ ဆုကို ၈ ကြိမ်ထိအောင် ရဖူးတယ်၊ နောက်ဆုံး ရယူထားနိုင်မှုကတော့ ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၆ တွေမှာ ဖြစ်ပါတယ်။ ဒုတိယတန်းလို့ ဆိုနိုင်မယ့် 2.Bundesliga North ကိုတော့ ဒုတိယ တခါရဖူးတယ်၊ German Cup ကို ၄ ကြိမ် ရဖူးတယ်၊ ဒုတိယ ၅ ကြိမ် ရဖူးတယ်၊ DFB Supercup ကို ၅ ကြိမ်နဲ့ ဒုတိယ ၄ ကြိမ် ယူထားနိုင်တယ်၊ DFB Ligapokal ကို ဒုတိယ ၁ ကြိမ် ရဖူးပါတယ်။ ဥရောပ အဆင့်မှာ ချိန်ပီယံလိဂ် ဖလားကိုတောင် ရယူထားနိုင်ဖူးပြီး ၁၉၉၇ခ ုနှစ်က ၁ ကြိမ် ရဖူးတယ်၊ ၂၀၁၃ မှာလည်း ဒုတိယ ရဖူးတယ်၊ Cup Winner’s Cup ၁ ကြိမ်၊ UEFA Cup ကို ဒုတိယ ၂ ကြိမ် ရထားတယ်၊ UEFA Super Cup မှာ ၁၉၉၇ က ဒုတိယ ရဖူးတယ်။ နိုင်ငံတကာ အနေအထားမှာလည်း Intercontinental Cup ကို ၁၉၉၇ က ရဖူးပါတယ်။ တနှစ်တည်း ဖလား ၂ လုံး ရယူနိုင်မှုတော့ ၁ ကြိမ် တွေ့ရပြီး ၂၀၁၁-၁၂ ဘောလုံး ရာသီမှာ ဘွန်ဒက်လီဂါနဲ့ German Cup ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ အတွင်း UEFAရဲ့ ထုတ်ပြန်ချက်မှာ ဒေါ့မန်က ဥရောပ အကောင်းဆုံး ဘောလုံး အသင်းတွေ စာရင်းမှာ အဆင့် ၈ ထိအောင် ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ သူ့အထက်မှာ အဆင့် ၃ ဘာစီလိုနာကနေ ဘိုင်ယန်၊ ဂျူဗင်၊ ဆီဗီလာ၊ PSG တွေ အစဉ်လိုက် ရှိနေသလို ဒေါ့မန်ရဲ့ အောက်မှာ အဆင့် ၉ အဖြစ် မန်စီးတီးနဲ့ အဆင့် ၁၀ အဖြစ် ဘင်ဖီကာတွေ ရှိနေတာ တွေ့ရပါတယ်။

Ref: www.en.m.wikipedia.org

The post ဥရောပရဲ့ အကောင်းဆုံး ဘောလုံးအသင်း ဖြစ်လာတဲ့ Borussia Dortmund appeared first on ဧရာဝတီ.

ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အတောက်ပဆုံး ချန်ပီယံများ

$
0
0

ရွှံ့စေးဆန်ဆန် မြေကြောင့် ခဏခဏ လဲကျတတ်တဲ့၊ ပြိုင်ဆိုင်ရ ခက်ခဲတဲ့၊ သက်တမ်း နှစ်ပေါင်း ၁၂၀ ကျော်ရှိနေပြီ ဖြစ်တဲ့ ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အတောက်ပဆုံး ချန်ပီယံတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရွှံ့စေးဆန်ဆန် မြေကြောင့် ခဏခဏ လဲကျတတ်တဲ့၊ ပြိုင်ဆိုင်ရ ခက်ခဲတဲ့၊ သက်တမ်း နှစ်ပေါင်း ၁၂၀ ကျော်ရှိနေပြီ ဖြစ်တဲ့ ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အတောက်ပဆုံး ချန်ပီယံတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) Margaret Court ။ ။ သူက ၁၉၆၀ နဲ့ ၇၀ ပြည့်နှစ်တွေမှာ အမျိုးသမီး တင်းနစ်လောကကို လွှမ်းမိုးနိုင်ခဲ့တဲ့ သြစတြေးလျ တင်းနစ် ကစားသမားပါ။ ပြင်သစ်အိုးပင်း ပြိုင်ပွဲ တခုတည်းမှာတင် ၅ ကြိမ်ထိ ဗိုလ်စွဲဖူးပါတယ်။ ၁၉၆၂၊ ၆၄၊ ၆၉၊ ၇၀နဲ့ ၇၃ နှစ်တွေမှာ ဖြစ်ပါတယ်။ Grand Slam ဆုပေါင်း ၂၄ ဆုထိ တဦးချင်း အနေနဲ့ ရခဲ့သလို နှစ်ယောက်တွဲ ပွဲစဉ်တွေမှာလည်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဆုပေါင်း ၄၀ ထိ ရထားတာ ဖြစ်ပါတယ်။

(၂) Rafael Nadal ။ ။ တင်းနစ်ကို ဘယ်လို ကစားရမယ်၊ ပြိုင်ဘက်ကို ဘယ်လို အနိုင်ယူရမယ် ဆိုတာ ကောင်းကောင်း နားလည် သဘောက်ပေါက်သူပါ။ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းမှာ သူက ပြင်သစ်အိုးပင်းကို ၉ ကြိမ်ထိအောင် အနိုင် ရထားတာက ထူးခြားတဲ့ မှတ်တမ်းဖြစ်လာစေပါတယ်။ ၂၀၀၅၊ ၀၆၊ ၀၇၊ ၀၈၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ် တွေမှာ အနိုင်ရခဲ့တာပါ။ ၂၀၀၉ ခုနှစ်က နာဒယ် ဗိုလ်မစွဲတဲ့ နှစ်မှာတော့ Roger Federer က Robin Soderling ကို အနိုင်ကစားပြီး ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။

(၃) Chris Evert ။ ။ သူ့ရဲ့ ကစားသမား သက်တမ်းတလျှောက် Grand Slam ဆုပေါင်း ၁၈ ဆုထိ ရခဲ့ပါတယ်။ ၁၉၇၀ နဲ့ ၈၀ ပြည့်လွန် နှစ်တွေမှာ အကောင်းဆုံး တင်းနစ် ကစားသမား အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၆ ခုနှစ် အတွင်း Evert က ပြင်သစ်အိုးပင်းမှာ ချန်ပီယံ ၇ ကြိမ် ဖြစ်ခဲ့ပါတယ်။ ပြင်သစ်အိုးပင်းမှာ နိုင်ပွဲ အများဆုံး ရသူ အဖြစ် မှတ်တမ်းကို ၂၀၁၃ ခုနှစ်ထိအောင် ရပ်တည်နေနိုင်ခဲ့ပြီး အဆိုပါနှစ်မှာ နာဒယ်ကနေ စံချိန်ကို ကျော်သွားခဲ့ပါတယ်။

(၄) Steffi Graf ။ ။ သူဟာ ၁၉၈၀ နဲ့ ၉၀ ပြည့်လွန် နှစ်တွေမှာ အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး အမျိုးသမီး တင်းနစ် ကစားသမားတွေထဲက တဦးပါ။ ကမ္ဘာ့ အကောင်းဆုံး အဆင့် ၁ အဖြစ်လည်း သတ်မှတ်ခံရဖူးတဲ့ သူမက ပြင်သစ်အိုးပင်း ကို ၆ ကြိမ်ထိ အနိုင်ရဖူးပါတယ်။ ၁၉၈၇၊ ၈၈၊ ၉၃၊ ၉၅၊ ၉၆ နဲ့ ၁၉၉၉ တွေမှာ ဖြစ်ပါတယ်။ ပြင်သစ်အိုးပင်းမှာတင် မဟုတ်ဘဲ ဝင်ဘယ်ဒန်လို ပြိုင်ပွဲမှာပါ ၇ ကြိမ်ထိအောင် ဗိုလ်စွဲဖူးတာတွေက သူမကို အကောင်းဆုံး ကစားသမား ဖြစ်စေခဲ့ ပါတယ်။

(၅) Bjorn Borg ။ ။ သူက ၁၉၈၃ ခုနှစ်မှာ ကစားသမားဘဝက အနားမယူခင်ထိ သူဟာ ကမ္ဘာ့ အကောင်းဆုံး ဆိုသူတွေထဲက တဦးပါ။ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ၆ ကြိမ်ထိအောင် ဗိုလ်စွဲဖူးပါတယ်။ ၁၉၇၄၊ ၇၅၊ ၇၈၊ ၇၉၊ ၈၀ နဲ့ ၈၁ ခုနှစ်တွေမှာ ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ သူ့ရဲ့ ချန်ပီယံဖြစ်မှုက ပြိုင်ပွဲ သမိုင်းမှာ အသက်အငယ်ဆုံး ချန်ပီယံ အဖြစ် မှတ်တမ်းဝင်နိုင် ခဲ့ပါတယ်။ ၁၈ နှစ်ပြည့်ပြီး မကြာခင်မှာပဲ ပြင်သစ်အိုးပင်းမှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။

(၆) Monica Seles ။ ။ သူဟာ ဆားဘီးယား တင်းနစ်မယ် ဆဲလက်စ်ကို စံချိန်ချိုးဖျက်သူ အဖြစ် လူသိများပါတယ်။ အသက် ၂၀ မပြည့်ခင် ၁၉၉၀၊ ၉၁ နဲ့ ၉၂ တွေမှာ ၃ နှစ်ဆက် ပြင်သစ် အိုးပင်းချန်ပီယံ ဖြစ်ခဲ့တာနဲ့ အတူ စံချိန်တွေ တင်နိုင်၊ ချိုးဖျက်နိုင်ခဲ့ပါတယ်။ သူ့လိုပဲ ၃ နှစ်ဆက် ချန်ပီယံ ဖြစ်သူကတော့ ၁၉၉၈ ခုနှစ်မှာ Spaniard Arantxa Sanchez Vicario ရှိလာပြီး ၈ နှစ်ကြာ ၃ ပွဲဆက် ချန်ပီယံဆိုတဲ့ စံချိန် တင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

(၇) Gustavo Kuerten ။ ။ သူက ဘရာဇီး ကစားသမားတွေထဲမှာတော့ ပြင်သစ်အိုးပင်းမှာ အအောင်မြင်ဆုံး ကစားသမားပါ။ ကစားသမား ကာလတလျှောက် အခု ပြင်သစ်အိုးပင်းမှာ ၃ ကြိမ် အနိုင်ရ ဗိုလ်စွဲဖူးပါတယ်။ ၁၉၉၇၊ ၂၀၀၀ နဲ့ ၂၀၀၁ တွေမှာ နိုင်ခဲ့တာပါ။ ဒါပေမယ့် ထူးခြားချက်က အခြား Grand Slam ပွဲစဉ်ကြီးတွေ ဖြစ်တဲ့ ဝင်ဘယ်ဒန်၊ အမေရိကန်နဲ့ သြစတြေးလျ ပြိုင်ပွဲတွေမှာ အနိုင်ရခြင်း မရှိတာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံး အနေနဲ့ အမေရိကန်အိုးပင်းနဲ့ ဝင်ဘယ်ဒန်တွေမှာ ကွာတားဖိုင်နယ် ထိ ၂ ကြိမ် ရောက်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

(၈) Martina Navratilocva ။ ။ သူဟာ ချက်နိုင်ငံ ကစားသမားတွေထဲမှာတော့ အကောင်းဆုံး တင်းနစ် ကစားသမား အဖြစ် စာရင်းဝင်ပါတယ်။ ကစားသမားဘဝကို နှစ်ပေါင်း ၃၀ လောက်ထိ ဖြတ်သန်းခဲ့ပြီး Grand Slam ဆုပေါင်း ၁၈ ဆုထိအောင် ရဖူးပါတယ်။ ပြင်သစ်အိုးပင်းကိုတော့ ၁၉၈၂ နဲ့ ၁၉၈၄ တွေမှာ ၂ ကြိမ် ရခဲ့ပါတယ်။ တကယ်ဆိုရင် သူ့ အနေနဲ့ အခုထက် အကြိမ်ရေ များများ ချန်ပီယံ ဖြစ်သင့် ပေမယ့် အမေရိကန် ကစားသမား Chris Evert နဲ့ ဂျာမနီ ကစားသမား Steffi Graf တွေကို ဗိုလ်လုပွဲမှာ ၃ ကြိမ်ထိအောင် ရှုံးခဲ့လို့ အခုလို ၂ ကြိမ်ပဲ ဗိုလ်စွဲခဲ့တာပါ။

(၉) Ivan Lendl ။ ။ သူဟာ ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ အောင်မြင်မှု အများဆုံး ရခဲ့တဲ့ ချက်ကစားသမားပါပဲ။ အဆိုပါ ၁၀ နှစ် အတွင်း Grand Slam ဆုပေါင်း ၉ ဆုထိ ရရှိခဲ့ သလို ပြင်သစ်အိုးပင်းကနေ ၁၉၈၄၊ ၁၉၈၆ နဲ့ ၁၉၈၇ တွေမှာ ၃ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အခုတော့ နည်းပြလောကထဲ ရောက်နေတဲ့ သူက Andy Murray ကို လေ့ကျင့်ပေးနေပြီး အောင်မြင်မှုတွေ ရအောင် ကူညီပေးနေတာ တွေ့ရပါတယ်။ သူဟာ ပြင်သစ်အိုးပင်းမှာ ဗိုလ်လုပွဲထိအောင် ၅ ကြိမ်ရောက် ခဲ့သူလည်း ဖြစ်ပါတယ်။

(၁၀) Justine Henin ။ ။ အခြား တင်းနစ် ကစားသမားတွေက အသက် ၂ နှစ်လောက် ဆိုရင် Grand Slam ဆုတွေ ရနေပါပြီ။ ဒါပေမယ့် ဘယ်ဂျီယမ် ကစားသမား ဟီနင်အတွက်ကတော့ ငယ်စဉ်အချိန် ကစားသမား ဘဝတွေက အနားယူနေတာတွေ များနေခဲ့တာပါ။ ကစားသမားဘ၀ တလျှောက် Grand Slam ဆုပေါင်း ၉ ဆုရခဲ့ပြီး ပြင်သစ်အိုးပင်း ကနေတော့ ၄ ကြိမ် ရဖူးပါတယ်။ ပထမဆုံး ပြင်သစ်အိုးပင်း ချန်ပီယံဆုကိုတော့ ၂၀၀၃ ခုနှစ်ကနေ ရတယ်၊ ထူးခြားချက်က ကျန်တဲ့ ချန်ပီယံဆုတွေကို Roland Garros နဲ့ပဲ ၃ ပွဲလုံး ၃ နှစ်ဆက်တိုက် ယှဉ်ပြိုင် အနိုင်ရပြီး၂၀၀၅၊ ၀၆၊ ၀၇တွေမှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ။

Ref: www.wonderslist.com

The post ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အတောက်ပဆုံး ချန်ပီယံများ appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live