Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

ကမ္ဘာ့ဖလားပွဲကို ချီမည့် သုံးရောင်ခြယ်တပ်တော်

$
0
0

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်မည့် ဝတ်စုံတခုနဲ့ သုံးရောင်ခြယ်တပ်တော် ဆိုတာ မက္ကဆီကိုဘောလုံးအသင်းကို ရည်ညွန်းတာပါ။ ဘာကြောင့် သုံးရောင်ခြယ် တပ်တော်လို့ ခေါ်ကြတာတာလဲ။ တကယ်တော့ အသင်းက အမည် အပြည့်အစုံးက မက္ကဆီကိုနိုင်ငံ ဘောလုံးအသင်း (Mexico National Football Team) လို့ ခေါ်ပါတယ်။ မက္ကဆီကို နိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အသင်း အနေနဲ့ ကစားနေတာပါ။

မက္ကဆီကို ဘောလုံး အဖွဲ့ချုပ်လက်အောက်မှာ ရှိပြီး ကမ္ဘာ့ ဘောလုံး နယ်ပယ် ခွဲခြားမှုမှာတော့ ကွန်ကာကာ့ဖ် (CONCACAF) ဆိုတဲ့ မြောက်အမေရိကရယ်၊ ဗဟိုအမေရိကရယ်၊ ကာရေဘီယံ ပင်လယ်တွင်း ဒေသအတွင်းမှာ ဝင်ပါတယ်။ အသင်းက အိမ်ကွင်း အနေနဲ့ မက္ကဆီကိုစီးတီးမှာ ရှိတဲ့ အက်စတာဒီယိုအက်ဇ်တီးကား (Estadio Azteca) ကွင်းကို အသုံးပြု ကစားနေတာပါ။

အသင်းကို နာမည်ပြောင် အနေနဲ့ El Tri (The Tri) နဲ့ El Tricolor (The Tricolor)၊ သုံးရောင်ခြယ် တပ်တော် အဖြစ် ခေါ်ကြပါတယ်။ လက်ရှိမှာ အသင်းကို Juan Carlos Osorio က တာဝန်ယူ ကိုင်တွယ်နေပြီး အသင်း ခေါင်းဆောင် အဖြစ်နဲ့တော့ Andres Guardado က တာဝန်ယူထားပါတယ်။

ထူးခြားချက် တခု အနေနဲ့ အသင်းက ဝတ်စုံ အနေနဲ့ တစုံပဲ ထားရှိ ကစားနေတာ ဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်း ဘယ်လို ကစားပွဲမှာပဲ ဖြစ်ဖြစ် အကျႌက အစိမ်းရင့်ရောင်၊ ပခုံးမှာ အဖြူရောင် လိုင်းစင်းလေးတွေ ထည့်ထားပြီး ဘောင်းဘီက အဖြူရောင်၊ ဘေးဘက်မှာ အစိမ်းရောင်း အစင်းတွေ ပါရှိသလို ခြေအိတ်က အနီရောင်ကို လည်ပင်းမှာ အဖြူရောင် အစင်းတွေ ကွပ်ထားပါတယ်။ ဒီလို အစိမ်း၊ အဖြူ၊ အနီ သုံးရောင်စပ် ဝတ်ဆင်ကစားလို့လည်း အသင်းကို သုံးရောင်ခြယ် တပ်တော်လို့ ခေါ်ဆိုုတာ ဖြစ်ပါတယ်။

အသင်းက လက်ရှိ ဖီဖာရဲ့ အဆင့်သတ်မှတ်ချက် အရ ကမ္ဘာ့အဆင့် ၁၇ မှာ ရပ်တည်နေပြီး ဒါဟာ အခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၂ လဆက်တိုင် ဒီအဆင့်မှာ ရပ်တည်နေတာပါ။ သမိုင်းတလျှောက် အမြင့်ဆုံး အဆင့် သတ်မှတ်ခံရမှု အဖြစ် အဆင့် ၄ ထိ ၂ ကြိမ် ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီကနေ ဇွန်လ ထိ ၅ လ ဆက်တိုက် ရပ်တည်ခဲ့သလို ၂၀၀၆ ခုနှစ် မေကနေ ဇွန်လထိလည်း ၂ လဆက်တိုက် အမြင့်ဆုံး အဆင့် ရောက်ခဲ့တာပါ။

စံံချိန်တင် အဆင့် လျော့ကျမှု ဆိုးရွားလောက်အောင် မရှိခဲ့ဘဲ ၂၀၁၅ ခုနှစ် ဇူလိုင်လက အဆင့် ၄၀ ထိ ရောက်ခဲ့တာပဲ တွေ့ရပါတယ်။

ဥရောပ အသင်းတွေနဲ့ စာရင်တော့ ဘောလုံး နယ်ပယ် တိုးတက်မှု နောက်ကျပြီး ပထမဆုံး နိုင်ငံတကာပွဲစဉ် အဖြစ် ၁၉၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာမှ စတင် ကစားခဲ့တာ တွေ့ရသလို အဆိုပါ ပွဲကို ဂွာတီမာလာနိုင်ငံ၊ ဂွာတီမာလာစီးတီးမှာ ကစားခဲ့ပြီး အဖွင့်ပွဲစဉ်မှာ အဝေးကွင်း ဖြစ်ပေမယ့် ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

သမိုင်း တလျှောက် အကြီးမားဆုံး နိုင်ပွဲ အနေနဲ့တော့ ၁၉၈၇ ခုနှစ် ဧပြီ ၂၈ ရက်နေ့က မက္ကဆီကိုနိုင်ငံ၊ တိုလူကာမှာ ကစားတဲ့ ဗဟားမားနဲ့ ပွဲမှာ ၁၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ အကြီးမားဆုံး ရှုံးပွဲ အနေနဲ့တော့ ၁၉၆၁ ခုနှစ် မေလ ၁၀ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ ကစားတဲ့ပွဲမှာ အင်္ဂလန်ကို မထင်မှတ်ပဲ ၈ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆိုရင်လည်း ၁၉၃၀ ခုနှစ်ကနေ စတင်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သလို အခုထိအောင် ၁၆ ကြိမ် အထိ ခြေစစ်ပွဲ အောင်ထားသလို အခုနှစ် ကမ္ဘာ့ဖလားမှာလည်း မက္ကဆီကို အသင်းကို တွေ့ရမှာပါ။ စံချိန်တင် အဆင့် အမြင့်ဆုံး ထိ ရောက်ရှိတာကတော့ ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားတွေမှာ ကွာတားဖိုင်နယ်ထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ကတည်းက ၇ ကြိမ် ဆက်တိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်း ၆ သင်းပဲ ရှိတဲ့ အထဲမှာ တသင်း အပါအဝင် ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံး ကမ္ဘာ့ဖလား ၆ ကြိမ်ထဲမှာ အုပ်စုအဆင့်ကနေ အမြဲတမ်း ကျော်ဖြတ်ပြီး နောက်တဆင့် တက်လှမ်းနိုင်ခဲ့တဲ့ အသင်း ၃ သင်းပဲ ရှိတဲ့ အထဲက တသင်းပါ။

ဒီလို နောက်ဆုံး ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်တိုက် ခြေစစ်ပွဲလည်း အောင်တယ်၊ အုပ်စုအဆင့် ကနေလည်း တက်ရောက် နိုင်ခဲ့တဲ့ ၃ သင်းက မက္ကဆီကိုနဲ့ အတူ ဂျာမနီနဲ့ ဘရာဇီးတွေ ဖြစ်ပါတယ်။ အသင်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ဘက် အဖြစ် ပြင်သစ်နဲ့ ကစားခဲ့ပြီး ၁၉၃၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ကစားခဲ့တာပါ။

ရလဒ်နဲ့ အောင်မြင်မှုတွေ အရတော့ မက္ကဆီကိုဟာ ကွန်ကာကာ့ဖ် နယ်မှာ အအောင်မြင်ဆုံး အသင်းပါ။ အထက်မှာ ပြောခဲ့တဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုတွေ အပြင် ကွန်ကာကာ့ဖ် Gold Cupကို ၇ ကြိမ်၊ ကွန်ကာကာ့ဖ် ချန်ပီယံအဖြစ် ၃ ကြိမ်၊ NAFC ချန်ပီယံ အဖြစ် ၃ ကြိမ်၊ ကွန်ကာကာ့ဖ်ဖလား ၁ ကြိမ်ရထားပါတယ်။

ဒီလိုပဲ ဖီဖာကနေ တရားဝင် အသိအမှတ်ပြု ပြိုင်ပွဲ ကွန်ဖက်ဒရေးရှင်း ဖလား ကိုလည်း ၁၉၉၉ ခုနှစ်က ၁ ကြိမ် ရခဲ့ဖူးပြီး ဒီဖလား ရဖူးတဲ့ ကွန်ကာကာ့ဖ်နယ်က တသင်းတည်းသော အသင်း အဖြစ် မှတ်တမ်းဝင်နေတာပါ။ ကွန်ကာကာ့ဖ်နယ် အတွင်း ဝင်နေပေမယ့် မက္ကဆီကိုကို Copa America ဖလား ပြိုင်ပွဲမှာ ဖိတ်ခေါ် ကစားခြင်း ခံရလေ့ ရှိသလို အခုထိ အဆိုပါ ပြိုင်ပွဲကို ၁၀ ကြိမ် ဝင်ကစားခဲ့ပြီး ၁၉၉၃ နဲ့ ၂၀၀၁ တွေမှာ ဒုတိယ ၂ ကြိမ် ရဖူးတာ တွေ့ရပါတယ်။

 

အသင်းရဲ့ အိမ်ကွင်း အကြောင်း နည်းနည်း ပြောရမယ် ဆိုရင် အင်္ဂလိပ် စာလုံးပေါင်း အနေနဲ့တော့ Aztec Stadium လို့ ခေါ်ရမှာ ဖြစ်ပြီး မက္ကဆီကို ဘာသာနဲ့တော့ Estadio Azteca အဖြစ် ခေါ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေ ကတည်းက မက္ကဆီကို စီးတီးမှာ တည်ဆောက် အသုံးပြုနေခဲ့တာပါ။

အခု ပြောနေတဲ့ လက်ရွေးစင် အသင်းကလည်း အိမ်ကွင်း အဖြစ် သုံးသလို မက္ကဆီကို ပြည်တွင်း အမှတ်ပေး ဘောလုံး ပြိုင်ပွဲဝင် အသင်း တသင်းဖြစ်တဲ့ Club America ကလည်း အိမ်ကွင်း အဖြစ် သုံးပါတယ်။ ပရိတ်သတ် ၈၇၀၀၀ လောက် ဆံ့ပါတယ်။

အမေရိကမှာ အကြီးဆုံး ဘောလုံးကွင်း အဖြစ် စာရင်းဝင်နေသလို ကမ္ဘာမှာ တတိယအကြီးဆုံး ကွင်းလို့လည်း ဆိုနိုင် ပါတယ်။ ဒီကွင်းနဲ့ပဲ ၁၉၇၀ နဲ့ ၁၉၈၆ ကမ္ဘာ့ဖလားတွေကို အိမ်ကွင်း အဖြစ် အဓိက လက်ခံကစားခဲ့တာလည်း တွေ့ရပါတယ်။

အသင်းရဲ့ နောက်ဆုံး ရလဒ်တွေကို ကြည့်မယ် ဆိုရင် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့က ကစားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ထရီနီဒက်ကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်တယ်၊ အောက်တိုဘာ ၁၀ ရက်မှာ ကစားတဲ့ ဟွန်ဒူးရပ်နဲ့ ခြေစစ်ပွဲမှာတော့ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးတယ်၊ နိုဝင်ဘာ ၁၀ရက်မှာ ကစားတဲ့ ဘယ်ဂျီယမ်နဲ့ ခြေစစ်ပွဲမှာ တဖက် ၃ ဂိုးစီ သရေကျတယ်၊ နိုဝင်ဘာ ၁၃ ရက်မှာ ကစားတဲ့ ပိုုလန်နဲ့ ခြေစမ်းပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ သလိုု အခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ကစားတဲ့ ဘော့စနီးယား နဲ့ ခြေစမ်းပွဲမှာ ၁ ဂိုး ဂိုး မရှိနဲ့ ထပ်နိုင်ထားပါတယ်။

နောက်ဆုံးပွဲ ရလဒ်တွေ အရတော့ အသင်းရဲ့ ခြေစွမ်းက အသင်းကြီးတွေနဲ့ ဆိုရင် ရလဒ် မကောင်း သလို ဂိုးပြတ်နိုင်ပွဲ လည်း မရှိလို့ သိပ်တော့ အားရစရာ မကောင်းလှပါဘူး။
ကမ္ဘာ့ဖလားပွဲစဉ် အနေနဲ့တော့ လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ဖွင့်ပွဲ အနေနဲ့ အင်အားကြီး ဂျာမနီနဲ့ ကစားရမယ်။ ဇွန်လ ၂၃ ရက်နေ့မှာတော့ တောင်ကိုရီးယားကို ဆက်လက် ယှဉ်ပြိုင်ရဖိုု့ ရှိနေပြီး ဇွန်လ ၂၇ ရက်နေ့မှာတော့ ဆွီဒင်နဲ့ ကစားရမှာ ဖြစ်လို့ ၇ ကြိမ်ဆက် ခြေစစ်ပွဲအောင်၊ ၇ ကြိမ်ဆက် အုပ်စု အဆင့်က တက်နိုင်မယ့် စံချိန်ကို ရဖို့ ခက်ခဲသွားစေပါတယ်။

ဂျာမနီကလည်း ဖလားရဖို့ အထိ မျှော်မှန်းထားတဲ့ အသင်း၊ တောင်ကိုရီးယားက အာရှရဲ့ အကောင်းဆုံး အသင်း၊ ဆွီဒင်က လည်း လျှော့တွက်လို့ မရပါဘူး။ ဒီတော့ သုံးရောင်ခြယ်တပ်တော်ကြီးရဲ့ ၂၀၁၈ ကမ္ဘာ့ဖလား စစ်ပွဲကတော့ တော်တော်ကို ကြမ်းတမ်းမယ့် သဘောပါပဲ။

အသင်းအတွက် ပွဲ အများဆုံး ကစားထားသူတွေကို ကြည့်မယ် ဆိုရင် ၁၉၉၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အတွင်း ကစားပေးခဲ့တဲ့ Claudio Suarez က ၁၇၇ ပွဲထိ ကစားပေးထားတာ တွေ့ရပြီး လက်ရှိ ကစားသမားထဲမှာ ပွဲ အများဆုံး ကစားထားသူကတော့ ၁၉၉၇ ခုနှစ်ကတည်းက ကစားပေးနေခဲ့တဲ့ Rafael Marquez ပဲ ဖြစ်ပါတယ်။

သူက အသင်း အတွက် ၁၄၃ ပွဲထိ ကစားပေးထားတာပါ။ အသင်းမှာ အားရစရာ အနေနဲ့တော့ ဝါရင့်တိုက်စစ်မှူးလည်းဖြစ်၊ လာဘ်ကောင်လေးလို့ အခေါ်ခံရတဲ့ အရင် မန်ယူ တိုက်စစ်မှူးဟောင်း Javier Hernandez က ၂၀၀၉ ခုနှစ်ကနေ စပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲ ၁၀၀ ဝင် ကစားထားပေးသလို ၄၉ ဂိုးထိ သွင်းယူပေးထားသူ ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: en.m.wikipedia.org

The post ကမ္ဘာ့ဖလားပွဲကို ချီမည့် သုံးရောင်ခြယ်တပ်တော် appeared first on ဧရာဝတီ.


အင်္ဂလန် ပရီးမီးယားရောက် အာရှရဲ့ “အပြာရောင် နဂါးတကောင်” အကြောင်း

$
0
0

အာရှမှာ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ တောင်ကိုရီးယား ဘောလုံးအသင်းနဲ့ အတူ သူတို့ရဲ့ကစားသမားတွေကလည်း တခြား နိုင်ငံသား ကစားသမားတွေထက် နာမည်ကြီး အသင်းတွေ၊ ကလပ်တွေမှာ ကစားနိုင်နေကြတာ တွေ့ရပါတယ်။ အခုလည်း လီချောင်ယွန်း (Lee Chung-yong) က အင်္ဂလန် ကလပ် အသင်း ခရစ်စတယ်ပဲလေ့မှာ ကစားနေနိုင်ပြီ ဖြစ်တဲ့ အာရှ ဘောလုံးသမား တယောက်ပါ။

သူ့ကို ၁၉၈၈ ခုနှစ် ဇူလိုင် ၂ရ က်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ မွေးပါတယ်။ လက်ရှိမှာတော့ တောင်ကိုရီးယား လက်ရွေးစင် အသင်း အတွက်ရော ပဲလေ့ အသင်း အတွက်ပါ ကစားပေးနေနိုင်ပါပြီ။ အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ လီချောင်ယွန်းကို အရပ် ၅ ပေနဲ့ ၁၁ လက်မ ရှိပါတယ်။ အာရှ ဘောလုံးသမား တယောက် အတွက်တော့ ပုံမှန်ပါပဲ။ သူက တောင်ပံကစားသမား အနေနဲ့ ကစားပါတယ်။ ပဲလေ့မှာ ကျောနံပါတ် ၁၄ ကို ဝတ်ဆင် ကစားပါတယ်။

သူက တခြား နာမည်ကြီး ဘောလုံးသမားတွေလို ဘောလုံး အကယ်ဒမီထွက် တယောက်တော့ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်၊ လီချောင်ယွန်း အသက် ၁၃ နှစ်မှာမှ သူ ကျောင်းတက်တဲ့ Dobong Middle School မှာ ဘောလုံး စကစားခဲ့ပါတယ်။ ပြောရရင်တော့ ကျောင်းအသင်းမှာ ဘောလုံးဝင်ကန်ပါတယ်။ အပျော်တမ်း အဆင့်ပေါ့။

ဒါပေမယ့် အလယ်တန်းကျောင်းသား ဘ၀ ကနေ စပြီး ဘောလုံး ဝါသနာပါခဲ့တဲ့ လီက ဘောလုံးကွင်းထဲမှာ အမြဲလိုလို ရှိနေ၊ လေ့ကျင့်နေတတ်တယ်လို့ ဆိုပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ သူ့ရဲ့ ခြေစွမ်းကို သဘောကျလို့ တောင်ကိုရီးယား အခြေစိုက် ကလပ်အသင်း FC Seoul ရဲ့ ခေါ်ယူခြင်း ခံရပါတယ်။ တောင်ကိုရီးယား ပြည်တွင်းမှာ အင်အားကြီး အသင်း ဖြစ်တဲ့ ဆိုးလ်ရဲ့ ခေါ်ယူမှုက လီချောင်ယွန်းကို မြေတောင်မြှောက်ပေး သလို ဖြစ်လာပါတယ်။

ဆိုးလ်အသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိအောင် ကစားခဲ့သလို အသင်းအတွက် ၅၄ ပွဲ ဝင်ကစားခဲ့ပြီး ၁၁ ဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဆိုးလ်က သူ့ကို ဘောလုံး ပညာပေးတယ် ဆိုပေမယ့် ၂၀၀၉ ခုနှစ် အထိ လီချောင်ယွန်း အသက် ၂၁ နှစ်ပဲ ရှိသေးလို့ သက်ငယ် ကစားသမား အနေနဲ့ ပွဲထွက်ခွင့် သိပ်မပေးခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်း လီချောင်ယွန်းရဲ့ ဘောလုံး စွမ်းရည်နဲ့ ပါရမီက အသင်းကြီးတွေမှာ ကစားနိုင်လောက်အောင် ကောင်းမွန်နေပါပြီ။ ဒီလိုနဲ့ ၂၀၀၉ ခုုနှစ်မှာ လီချောင်ယွန်း တယောက် အင်္ဂလန်မြေကို ခြေစချပါတယ်။

၂၀၀၉ ဘောလုံးရာသီ အစမှာ အင်္ဂလန် အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် ကလပ် Bolton Wanderers က သူ့ကို ခေါ်ယူခဲ့ပါတယ်။ အဆိုပါ အချိန်က ဘော်လ်တန်က ခြေစွမ်းပိုင်း ကျဆင်းနေချိန် ဖြစ်ပေမယ့် အတွေ့အကြုံ နည်းသေးသလို အသက်ငယ်သေးတဲ့ သူ့ အတွက် အင်္ဂလန် အသင်းတသင်းရဲ့ ခေါ်ယူခြင်း ခံရတာကတော့ ဂုဏ်ယူစရာပါ။ ဒီလိုနဲ့ ဘော်လ်တန်မှာ သူ ၆ နှစ်ကြာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ထိ ဘော်လ်တန် အတွက် ၁၇၆ ပွဲ ကစားခွင့်ရခဲ့သလို ၁၇ ဂိုး သွင်းခဲ့ပါတယ်။

ဒါပေမယ့် သိတဲ့ အတိုင်း လက်ရှိ အချိန်ထိ ဘော်လ်တန်က ပရီးမီးယားလိဂ်ကို ကောင်းကောင်း ခြေပြန်ချနိုင်မှု မရှိသေးလို့ ၂၀၁၅ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရနေတဲ့ လက်ရှိ ကလပ် ခရစ်စတယ်ပဲလေ့စ် (Crystal Palace) ရဲ့ ခေါ်ယူခြင်းကို လက်ခံခဲ့ပြီး အသင်း ပြောင်းလာခဲ့ပါတယ်။ လက်ရှိ ခရစ်စတယ်ပဲလေ့စ် အတွက် ၃၃ ပွဲ ကစားပေးထားပြီး ၁ ဂိုး သွင်းယူပေးထားနိုင်တဲ့ တောင်ပံ ကစားသမားပါ။

တောင်ကိုရီးယား အသင်းနဲ့ ပတ်သတ်ရင်တော့ လီက ၂၀၀၃ ကတည်းက U17 အသင်း အတွက် ကစားပေးနိုင်နေသူ ဖြစ်ပြီး ၂၀၀၅ ခုုနှစ် အထိ ၆ ပွဲ ကစား၊ ၆ ဂိုး သွင်းတယ်၊ ၂၀၀၆-၀၇ မှာတော့ U20 အသင်း အတွက် ရွေးချယ်ခံရတယ်၊ ၁၈ ပွဲ ဝင်ကစားပေးခဲ့ပြီး ၁ ဂိုး သွင်းတယ်၊ ၂၀၀၇-၀၈ မှာတော့ U23 အသင်းမှာပါ ဆက်လက် ရွေးချယ်ခံရပြီး ၇ ပွဲ ကစားပေးခဲ့တယ်။ ၂၀၀၈ ခုနှစ်ကနေ နောက်ပိုင်းမှာတော့ လက်ရွေးစင် အသင်း အတွက် ခေါ်ယူကစားခွင့်ရခဲ့ပြီး အခုထိ အသင်းအတွက် ၇၈ ပွဲ ကစားပြီး ၈ ဂိုး သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။

လီချောင်ယွန်းကို ပရိတ်သတ်က ပေးထားတဲ့ ချစ်စနိုးနာမည် ရှိပါတယ်၊ Blue Dragon ပါတဲ့။ အပြာရောင်နဂါးကြီး ပေါ့။ ဒါကလည်း သူ့နာမည် Chung-yang ဆိုတာက Hanja ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပြီး နာမည်ရဲ့ အဓိပ္ပာယ်က အပြာရောင်နဂါးမင်း လို့ ဆို ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လီချောင်ယွန်းဟာ အာရှရဲ့ ဘောလုံးကြယ်တပွင့်ပါ။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာအတွင်းက The Times မဂ္ဂဇင်းရဲ့ တောက်ပလာမယ့် ဘောလုံးကြယ်ပွင့် လူ ၅၀ စာရင်းမှာ သူပါဝင်တဲ့ အထိ လူသိများခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ဘဝအကြောင်း နည်းနည်း ပြောရရင် လီချောင်ယွန်းက စံနမူနာ ယူထိုက်သူပါ။ အချစ်ရေးမှာ လီချောင်ယွန်းက အချစ်ကြီးသူ တယောက်လို့ ဆိုရမယ်။ အလယ်တန်း ကျောင်းမှာကတည်းက ချစ်သူ ဖြစ်ခဲ့တဲ့ ကောင်မလေးကို နာမည်ကြီး ဘောလုံးသမား ဖြစ်သွားသည့်တိုင်အောင် မပြောင်းလဲသော ချစ်ခြင်းနဲ့ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့က ဆိုးလ်မြို့၊ Hotel Shilla မှာ လက်ထပ်ခဲ့တယ်။ သူက ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး၊ ကော်ဖီတောင် သင့်တင့်ရုံပဲ သောက်သူ၊ တရက်ကိုု အင်္ဂလိပ်စာ လေ့လာမှု ၂ နာရီကနေ ၃ နာရီထိ လေ့ကျင့် ဖတ်ရှုသလို အင်္ဂလိပ်စာသင်တန်း တွေလည်း တက်ရောက်လေ့ရှိတယ် လိုု့ ဆိုပါတယ်။

အသင်း များများစားစား မကစားခဲ့ဖူးသလို အသင်းကြီးတွေမှာ ကစားခွင့်ရရှိမှု နည်းပါးလို့ ဆုဖလား ရယူနိုင်မှု အားနည်း ပေမယ့် သူက ဆိုးလ်အသင်းနဲ့ အတူ K League လို့ ဆိုတဲ့ တောင်ကိုရီးယား အမှတ်ပေးပြိုင်ပွဲမှာ ၂၀၀၆ ခုနှစ်က အသင်းနဲ့ အတူ ဖလား ၁ ကြိမ် ရဖူးထားတာ တွေ့ရပါတယ်။ တောင်ကိုရီးယား အသင်းနဲ့ အတူ ဆိုရင်လည်း ၂၀၁၅ ခုနှစ် AFC ကနေ ကျင်းပတဲ့ အာရှ ဖလားပြိုင်ပွဲမှာ ဒုတိယထိ ရထားပါသေးတယ်။

တဦးချင်း အနေနဲ့တော့ ၂၀၀၇ ခုုနှစ်က အမှတ်ပေးပြိုင်ပွဲမှာ တရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဆု ရထားပါတယ်။ ပြီးတော့ ၂၀၀၈ ခုနှစ် အတွင်း K League ရဲ့ တရာသီစာ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာလည်း ပါဝင်ရွေးချယ်ခံခဲ့ရတာ တွေ့ရပါတယ်။

ဒါဟာ လက်ရှိ အင်္ဂလန်မှာ သာနေတဲ့ အာရှရဲ့ ဘောလုံး လတစင်း အကြောင်းပါ။ အင်္ဂလန်လို နေရာမှာ ပြိုင်ဆိုင်မှု ပြင်းထန်လို့ နာမည်ကောင်း မထွက်လှဘူး ဆိုပေမယ့် အာရှသား တယောက် အနေနဲ့ အင်္ဂလန်ကနေ ခေါ်ယူကစားခြင်း ခံနေရတာဟာ အာရှ အတွက် ဂုဏ်ယူစရာတခုပါပဲ။

Ref : en.m.wikipedia.org

The post အင်္ဂလန် ပရီးမီးယားရောက် အာရှရဲ့ “အပြာရောင် နဂါးတကောင်” အကြောင်း appeared first on ဧရာဝတီ.

မက္ကဆီကို အသင်းအတွက် ဂိုးအများဆုံး သွင်းပေးတဲ့ ချီချာရီတို ပဲစေ့လေး အကြောင်း

$
0
0

ကလေးတယောက်လို ချစ်စရာ မျက်နှာပေးနဲ့ မန်ယူ အသင်းမှာ ကစားခဲ့တာကြောင့် သူ့ကို လူသိများတယ်။ ချီချာရီတို (Chicharito) ဆိုပြီး၊ မက္ကဆီကို လေသံနဲ့ သူ့ကို ခေါ်တယ်၊ အင်္ဂလိပ်လိုတော့ Pea (ပဲစေ့လေး) ဆိုပြီး ချစ်စနိုး အခေါ်ခံရသူ။ သူက ဂျေဗီးယာဟာနန်ဒက်ဇ် (Javier Hernandez)။

သူ့ကို ၁၉၈၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က မက္ကဆီကို နိုင်ငံ၊ ဂူရာဒါလာဂျာရာမှာ မွေးပါတယ်။ အရင်တော့ မန်ယူ ကစားသမားဟောင်းပေါ့။ အခုတော့ ဝက်စ်ဟမ်းမှာ ကစားနေသူပါ။

မက္ကဆီကို နိုင်ငံသားဖြစ်တော့ မက္ကဆီကို လက်ရွေးစင် အသင်း အတွက် ကစားပေးတယ်။ ဒါပေမယ့် သူ့မှာ ထူးခြားတဲ့ အောင်မြင်မှု တခု ရှိတယ်။ အဲဒါက ဂိုးလာဘ်ကောင်းတာပဲ။ မန်ယူမှာ ကစားချိန်ကလည်း ဂိုးတွေ သွင်းပေးနိုင်တယ်။ တချို့ အသင်း ပရိတ်သတ်တွေက သူ့ကို “ကောက်စား” လို့ ခေါ်ရလောက်အောင် မထင်မှတ်တဲ့ အဆုံးသတ်တွေနဲ့ ဂိုးတွေ ရအောင် သွင်းယူတတ်တယ်။ မက္ကဆီကို အသင်း အတွက်ကတော့ အများဆုံးလို့ ဆိုနိုင်ပြီး လက်ရှိ မက္ကဆီကို အသင်း သမိုင်းမှာ ဂိုးအများဆုံး သွင်းယူပေးထားသူ အဖြစ် မှတ်တမ်းဝင်နေ ပါတယ်။

သူ့နာမည် အပြည့်အစုံက ဂျေဗီးယားဟာနန်ဒက်ဇ် ဘယ်လ်ကာဇား (Javier Hernandez Balcazar) ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ပဲ ရှိသေးလို့ တိုက်စစ်မှူး နေရာမှာ ကစားတဲ့ တိုင်အောင် နောက်ထပ် အနည်းဆုံး ၃ နှစ်တော့ အကောင်းဆုံး ခြေစွမ်း ပိုင်ဆိုင်နေဦးမှာပါ။ အရပ် ၅ ပေနဲ့ ၉ လက်မပဲ ရှိပါတယ်။ တိုက်စစ်မှူး တယောက် အတွက်တော့ အရပ်ပုတယ် မဆိုသာ ပေမယ့် ခေါင်းတိုက်ဘောလုံးလို တိုက်ကွက်တွေ အတွက်တော့ အားနည်းချင်ပါလိမ့်မယ်။

အင်္ဂလန် အခြေစိုက် West Ham United အသင်းမှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ကစား ပါတယ်။ သူ့ရဲ့ ငယ်စဉ် ကစားသမားဘဝက မွေးရပ်မြေ အခြေစိုက် အသင်း ဖြစ်တဲ့ ဂွာဒါလာဂျာဇာ (Guadalajazar) မှာ စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိ ၉ နှစ်ကြာ ကစားခဲ့သူပါ။ အသက်  ၉ နှစ် အရွယ် ကတည်းက ဘောလုံုး ကစားလာခဲ့တဲ့ ဂျေဗီးယားဟာနန်ဒက်ဇ် ကို ၂၀၀၆ ခုနှစ်၊ သူ့ အသက် ၁၈ နှစ် အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်လာ ပါတယ်။ ဘောလုံး ပညာ သင်ယူခဲ့တဲ့ ဂွာဒါလာဂျာဇာမှာ အသင်းကြီးမှာပဲ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အထိ ကစားခဲ့တာပါ။

ပရောဖက်ရှင်နယ် ဘောလုံးသမားဘ၀ အစ ၄ နှစ် အတွင်း အသင်း အတွက် ၆၄ ပွဲ ကစားခွင့် ရခဲ့ပြီး ၂၆ ဂိုး သွင်းယူခဲ့တာ ပါ။ သိရသလောက် ၂၀၀၉-၁၀ တွေမှာ သူ့ရဲ့ ခြေစွမ်း သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး ၂၀၁၀ ဘောလုံးရာသီမှာ တော့ ကမ္ဘာ့ပရိတ်သတ် အများဆုံး ရှိနေတဲ့ မန်ယူလို အသင်းကြီးကနေ ချက်ချင်း ခေါ်ယူခြင်းကို ခံခဲ့ရတာပါ။

၂၀၁၀ ကနေ ၂၀၁၅ ခုနှစ် အတွင်း ၅ နှစ်ကြာ သူ မန်ယူမှာ ကစားတယ်။ အဆိုပါ ကာလအတွင်း အငှားချ ခံရတဲ့ ၁ နှစ်ပဲ ရှိခဲ့သလို အဆိုပါ ၁ နှစ်မှာတောင် ကမ္ဘာ့ ထိပ်တန်း ကလပ် စပိန် အခြေစိုုက် Real Madrid ကို ၂၀၁၄-၁၅ ရာသီက ရောက်သွားခဲ့တာပါ။

မန်ယူမှာ ၅ နှစ် အတွင်း ပွဲပေါင်း ၁၀၃ ပွဲ ကစားခဲ့ပြီး ၃၇ ဂိုး သွင်းယူခဲ့တာ တွေ့ရသလို ရီးရဲကို အငှားကျနေတဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီမှာလည်း အသင်းအတွက် ၂၃ ပွဲ ဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူပေးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ဒီလိုနဲ့ မန်ယူမှာ နည်းပြ အပြောင်းအလဲတွေ ဖြစ်ပြီး ကစားကွက်နဲ့ အံမဝင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟာနန်ဒက် တယောက် အင်္ဂလန် ကနေ ဂျာမနီကို ၂၀၁၅ ခုနှစ်ထဲမှာ ရောက်သွားပါတယ်။

၂၀၁၅ ကနေ ၂၀၁၇ အထိ ဂျာမနီ ကလပ် Bayer Leverkusen မှာ သွား ကစားပါတယ်။ ၂ ရာသီ အတွင်း လေဗာကူဆင် အတွက် ၅၄ ပွဲပဲ ကစားပေးနိုင်ခဲ့ ပေမယ့် ၂၈ ဂိုး သွင်းယူ ပေးနိုင်ခဲ့တာကတော့ အားရစရာပါ။

ဒါပေမယ့် အင်္ဂလန်နဲ့ ကံမကုန်သေးတဲ့ ဟာနန်ဒက်က ပြီးခဲ့တဲ့ ၂၀၁၇ အတွင်းမှာ လန်ဒန် အခြေစိုက် ဝက်စ်ဟမ်းကို ပြန်ရောက် လာပါတယ်။ ပြောရရင်တော့ ဝက်စ်ဟမ်းမှာ အထောင်တိုက်စစ်မှူး ကောင်းကောင်း လိုနေလို့ ခေါ်ယူခြင်း ခံရတာပါ။ အခုထိတော့ အသင်း အတွက် ၂၁ ပွဲထိအောင် ကစားပေးထားပြီး ၇ ဂိုး သွင်းယူပေးထားလို့ မဆိုးလှပါဘူး။

မက္ကဆီကို အသင်းနဲ့ ပတ်သတ်ရင်တော့ သူက ၂၀၀၇ ကတည်းက မက္ကဆီကို U20 အတွက် ကစားပေးလာခဲ့ပြီး ၂ ပွဲကစား ၁ ဂိုး သွင်းပေးခဲ့ပါတယ်။ ချက်ချင်း ဆိုသလို လက်ရွေးစင် အသင်းက ခေါ်ယူခြင်း ခံရပြီး ၂၀၀၉ ခုနှစ် ကနေ စတင်ကာ လက်ရွေးစင် အသင်း အတွက် ၉၉ ပွဲ ကစားပေးထားပြီး ၄၉ ဂိုး သွင်းယူကာ အသင်း သမိုင်း တလျှောက် ဂိုး အများဆုံး သွင်းယူပေးထားသူ ဖြစ်လာပါတယ်။

မက္ကဆီကို အသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလားလည်း ကန်ဖူးတယ်၊ ၂၀၁၁ ခုနှစ် ကွန်ကာကပ် ရွှေဖလားပွဲလည်း ပါဖူးတယ်။ ၂၀၁၃ ဖီဖာ ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား၊  ကိုပါ အမေရိက ဖလား၊ ၂၀၁၇ ခုနှစ် ဖီဖာ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတွေကို ဝင်ပြိုင်ထားသလို အခုနှစ် ကမ္ဘာ့ဖလားမှာလည်း မက္ကဆီကိုရဲ့ အားအထားရဆုံုး တိုက်စစ်မှူး အဖြစ် ပွဲထွက်လာမှာပါ။

မက္ကဆီကိုရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆက်တိုက် အောင်မြင်မှုနဲ့ အတူ ဟာနန်ဒက် အတွက်ကတော့ ကစားသမား ဘ၀ ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ဝင်ကစားခွင့် ရခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီလိုပဲ ၂၀၁၁ ခုနှစ် ကွန်ကာကပ် ရွှေဖလားပြိုင်ပွဲမှာ ဆိုရင် သူက ဂိုး အများဆုံး သွင်းသူ ဖြစ်ခဲ့သလို ပြိုင်ပွဲ တလျှောက် တန်ဖိုးအရှိဆုံးကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။

ဟာနန်ဒက်ရဲ့ ကစားဟန်က အနီးကပ် ဂိုး ကန်သွင်းတတ်သူ၊ အဝေးကန်ဘောတွေထက် အနီးကပ် အကောင်းဆုံး ကစားကွက် ဖန်တီး ဂိုးရယူနိုင်သူ အဖြစ် သတ်မှတ်ရမှာပါ။ ဘောလုံး ထိန်းသိမ်းမှု သင့်တယ်၊ ပေးပို့မှု သင့်တယ်၊ စွမ်းဆောင်ရည် သင့်တယ်၊ အကောင်းဆုံး မဟုတ် ပေမယ့် ထူးခြားချက်က သူ့ရဲ့ လားရာကို တဖက် နောက်ခံလူက ခန့်မှန်းရ ခက်တာပါပဲ။ ဟာနန်ဒက်က ခြေထောက်ထဲက ဘောလုံးကို အဆင်ပြေသလို လားရာကို ဆွဲယူ ကစားတတ်သူပါ။

ဂျာမနီရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံရတဲ့ မီရိုဆလဗ်ကလိုဆေး (Miroslav Klose) နဲ့ နှိုင်းယှဉ် ခံရပါတယ်။ ဒါပေမယ့် ကလိုဆေးလို အရပ်မမြင့်လို့ ခေါင်းတိုက်ဘောတွေ ကတော့ ဟာနန်ဒက်က သိပ်မရပါဘူး။ ဟာနန်ဒက် ကိုယ်တိုင်ကလည်း ၂၀၁၆ ခုနှစ် မေလအတွင်းက Sports Illustrated နဲ့ အင်တာဗျူးမှာ သူ့ အနေနဲ့ ပင်နယ်တီစည်း အတွင်း ကစားရတာ အပိုင်နိုင်ဆုံးနဲ့ စိတ်ကြိုက် အဖြစ်ဆုံးလို့ ဖြေသွားတာ တွေ့ရဖူးပါတယ်။

ဆုဖလား ရရှိမှု အပိုင်းမှာတော့ ဂွာဒါလာဂျာရာမှာ ကစားချိန်က ၂၀၀၆ ခုနှစ် မက္ကဆီကို ပရီးမီးယား Apertura ကို ၁ ကြိမ် ရခဲ့တယ်။ မန်ယူ ရောက်တော့ ၂၀၁၁ နဲ့ ၂၀၁၃ ခုနှစ် ပရီးမီးယားလိဂ် ဖလား ၂ လုံးရတယ်၊ ၂၀၁၀ ခုနှစ် ကွန်မြူနတီဒိုင်း လည်း ရခဲ့ပါတယ်။ ရီးရဲကို အငှားနဲ့ ရောက်ရှိချိန် ၁ ရာသီမှာပဲ FIFA Club World Cup ကို ၂၀၁၄ မှာ ရလိုက်ပါသေးတယ်။ နိုင်ငံ အသင်းနဲ့ ဆိုရင်တော့ ကွန်ကာကပ်ရွှေဖလားကို ၂၀၁၁ ခုနှစ်က ၁ ကြိမ်၊ ၂၀၁၅ ခုနှစ် ကွန်ကာကပ်ဖလား ၁ ကြိမ် ရထားသူပါ။

တဦးချင်း အနေနဲ့တော့ မက္ကဆီကို အသင်း သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် မက္ကဆီကို ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ ဂိုး အများဆုံး သွင်းယူခဲ့သူပါ။ ဒါကြောင့်လည်း အဆိုပါ နှစ်ရဲ့ Balon de Oro ဆိုတဲ့ အကောင်းဆုံး တိုက်စစ်မှူးဆု ရခဲ့ပါတယ်။ ၂၀၁၀-၁၁ ရာသီ အတွက် Sir Matt Busby တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရဖူးပါတယ်။

၂၀၁၁ခုနှစ် ကွန်ကာကပ်ရွှေဖလားပွဲရဲ့ ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့သလို MVP ဆိုတဲ့ တန်ဖိုးအရှိဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်အတွက် IFFHS ကနေ ထုတ်ပြန်တဲ့ လူကြိုက် အများဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ရ တာပါ။

လေဗာကူဆင်မှာ ကစားနေချိန် ဘွန်ဒက်လီဂါ တလတာ အကောင်းဆုံး ကစားသမား အဖြစ် ၅ ကြိမ်ထိ ရွေးချယ်ခံရဖူး ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ ခုနှစ် ဘွန်ဒက်လီဂါရဲ့ Idol အဖြစ် ရွေးချယ်ခံရပါတယ်။ ဒါဟာ အားလုံးသိထားတဲ့ မက္ကဆီကို ပဲစေ့လေး ဟာနန်ဒက် အကြောင်းပါ။

အသက် အရွယ်အရ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ သူပါလာဖို့ မသေချာတော့ပေမယ့့် အခုတော့ ခြေစစ်ပွဲလည်း အောင်ထားပြီး ဖြစ်တဲ့ မက္ကဆီကို အသင်းနဲ့ အတူ သမိုင်း တလျှောက် ဂိုး အများဆုံး သွင်းယူပေးထားသူက အခု ကမ္ဘာ့ ဖလားမှာရော အသင်း အတွက် ဘယ်လောက်ထိ ကူညီပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။   ။

Ref: en.m.wikipedia.org

The post မက္ကဆီကို အသင်းအတွက် ဂိုးအများဆုံး သွင်းပေးတဲ့ ချီချာရီတို ပဲစေ့လေး အကြောင်း appeared first on ဧရာဝတီ.

နပန်းလောကက ချန်ပီယံခါးပတ် အများဆုံး ရထားသူ ၅ ယောက်

$
0
0

နိုင်ငံတကာလက်ခံတဲ့ တရားဝင် အားကစား မဟုတ်ပေမယ့် အမေရိကန် နပန်း WWE ဆိုတာ ကမ္ဘာမှာ လူကြိုက် အများဆုံး တိုက်ခိုက်ရေး ပွဲစဉ်တွေထဲက တခုပါ။ အခုထိ နပန်းသမားပေါင်းရာနဲ့ချီပြီး ပါဝင် ထိုးသတ်ဖူးတယ်၊ ခါးပတ် အမျိုးအစားအစုံနဲ့ ပွဲရလဒ်တွေ မျိုးစုံ ဖြစ်နိုင်လိုု့ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပါ။ ဒီလို နပန်းသမားပေါင်း များစွာ ထဲက ဘယ်နပန်းသမားတွေက ကမ္ဘာ့အဆင့်လို့ အမည် သတ်မှတ် ခေါ်ဆိုတဲ့ ခါးပတ်တွေကို အများဆုံးရထားခဲ့ပါသလဲ။ လေ့လာတင်ပြပါမယ်။

(၅) ဟပ်လ်ခ် ဟိုဂန် (Hulk Hogan) ။ ။ WCW ချန်ပီယံခါးပတ် ၆ ကြိမ်နဲ့ WWE ချန်ပီယံ ၆ ကြိမ် ရပြီးစုစုပေါင်း ၁၂ ကြိမ် ခါးပတ် ရထားပါတယ်။သမိုင်းတလျှောက် အကောင်းဆုံး နပန်းသမား စာရင်းမှာလည်း ပါရှိသူပါ။ ၁၉၉၀ ခုနှစ် ဝန်းကျင် ကတည်းက လူကြိုက်များ ကျော်ကြားသူ ဖြစ်ပြီး အသက် အရွယ်အရ အခုနောက်ပိုင်းတော့ နပန်းကစားတာ မတွေ့ရတော့ပါဘူး။ ၂၀၀၂ခုနှစ် အတွင်း Backlash ပွဲစဉ်မှာ WWE Undisputed ခါးပတ်ကို အသက် ၄၈ နှစ် အရွယ်မှာ ရခဲ့သေးလို့ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ နပန်းသမားကောင်း တဦးလို့သတ်မှတ်နိုင်စေခဲ့ပါတယ်။

(၄) ရန်ဒီအော်တွန် (Randy Orton) ။ ။ WWEချန်ပီယံအဖြစ် ၉ ကြိမ်ရဖူးသလို World Heavyweight ချန်ပီယံ အဖြစ် ၄ ကြိမ်၊ စုစုပေါင်း ချန်ပီယံ ၁၃ ကြိမ် ရထားပါတယ်။ အခုနောက်ပိုင်း နှစ်တွေမှာ WWE ရဲ့ ပရိတ်သတ် နှစ်သက်မှု အများဆုံး နပန်းသမား စာရင်းမှာရော ဝင်ငွေ အကောင်းဆုံးစာရင်းမှာပါ ထိပ်ပိုင်းက ရပ်တည်လာနိုင်သူပါ။ အထူးသဖြင့် ခန္ဒာကိုယ် အနေအထားက အထက်၊ အောက် မျှပြီး ဆွဲဆောင်မှု အကောင်းဆုံး နပန်းသမားတဦး ဖြစ်နေလို့ပါ။ နပန်းလောကရဲ့ ဒုတိယမျိုးဆက်ဝင် အဖြစ် သတ်မှတ်ပြီး ၂၀၀၄ ခုနှစ် အတွင်းက သူ့ အသက် ၂၄ နှစ်မှာတင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့လို့ အခုထိ အသက်ငယ်ဆုံး ကမ္ဘာ့ချန်ပီယံ အဖြစ် မှတ်တမ်းဝင်နေဆဲပါ။

(၃) ထရစ်ပယ် အိတ်ချ် (Triple H) ။ ။ WWE ချန်ပီယံအဖြစ် ၉ ကြိမ်နဲ့ World Heavyweight ချန်ပီယံအဖြစ် ၅ ကြိမ်၊ စုစုပေါင်း ၁၄ ကြိမ် ရထားပါတယ်။ နပန်းသမားဘဝကနေ အနားယူနေပြီ ဖြစ်ပေမယ့် WWE ရဲ့ တာဝန်ရှိသူ တဦးအနေနဲ့ ရှိနေဆဲပါ။ ၁၉၉၉ ကတည်းက ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်ထားသူပါ။ ၂၀၀၀ ကနေ ၂၀၁၀ အတွင်းခါးပတ် ၁၂ ကြိမ် ရခဲ့ပြီး နာမည်ကျော် နပန်းသမားတွေ ဖြစ်တဲ့ The Rock, Stone Cold, Chris Jericho, Shawn Michaels တို့ကို အနိုင်ရခဲ့ ဖူးပါတယ်။ NXT, Cruiserweight division နဲ့ United Kingdom Championship Tournament လိုပွဲစဉ်တွေကို ဦးဆောင် စီစဉ်ကျင်းပနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

(၂) ဂျွန်စီနား (John Cena) ။ ။ WWE ခါးပတ် အများဆုံး ရထားသူအဖြစ် မှတ်တမ်းဝင်ထားပြီး ၁၃ ကြိမ်၊ World Heavyweight ချန်ပီယံ ၃ ကြိမ်၊ စုစုပေါင်း ၁၆ ကြိမ် ထိ ရထားပါတယ်။ ဇွဲရှိရှိနဲ့ ကစားတတ်လို့၊ သန့်သန့်ရှင်းရှင်း ကစားတတ်လို့ သူ့ကို ကလေးတွေကအစ အားပေးကြပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း WWE ခါးပတ်နဲ့ အတူ မြင်တွေ့ရမှု အများဆုံး နပန်းသမား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်တွေမှာ ဒဏ်ရာ ပြသနာတွေနဲ့ ရင်ဆိုင်နေရပြီးအရင်လောက် ပွဲများများ ထိုးသတ်မှု မရှိတော့ပါဘူး။ ဒါပေမယ့် အခုနှစ်တွေ အတွင်း အေဂျေစတိုင်းစ် (AJ Styles) နဲ့ ဘရော့်ခ်လီစနာ (Brock Lesnar) လိုကစားသမားတွေကို အနိုင်ရခဲ့လို့ လူကြိုက်များနေဆဲ ဖြစ်သလို The Rock နဲ့ ၂ ပွဲ ကစားထားမှုတွေ အရလည်း ပရိတ်သတ် အခိုင်အမာအားပေးမှု ရနေဆဲ ဖြစ်ပါတယ်။

(၁) ရစ်ခ်ဖလဲယား (Ric Flair) ။ ။ NWA ချန်ပီယံအဖြစ် ၈ ကြိမ်၊ WCW ချန်ပီယံအဖြစ် ၆ ကြိမ်၊ WWE ချန်ပီယံ အဖြစ် ၂ ကြိမ်၊ စုစုပေါင်း ၁၆ ကြိမ် ရဖူးပါတယ်။ နပန်းလောက အစ အကောင်းဆုံးနဲ့ လူကြိုက် အများဆုံး နပန်းသမားတွေထဲက တဦးပါ။ သူက ရှေးနပန်းသမား ဖြစ်လို့ အခုခေတ် ကစားသမားတွေနဲ့ စာရင် ကစားကွက် ရိုးသလိုလို ရှိပေမယ့် သူ့ခေတ် သူ့အခါက ပြောဟန်ဆိုဟန်က အစ ကစားကွက်ပါ အဆန်းဆုံး ကစားနိုင်ခဲ့သူပါ။ Hulk Hogan တို့နဲ့ ခေတ်ပြိုင်လို့ ဆိုနိုင်ပြီး ခြေထောက်ချုပ်ကွက် ကောင်းကောင်းရှိသူ ဖြစ်လို့ ရစ်ခ်ဖလဲယားရဲ့ ချုပ်ကွက်မိရင် အရှုံးပေးရသူအများအပြား ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Ref: www.wwe.com

The post နပန်းလောကက ချန်ပီယံခါးပတ် အများဆုံး ရထားသူ ၅ ယောက် appeared first on ဧရာဝတီ.

အာရှမှာရော ဥရောပမှာပါ အောင်မြင်နေတဲ့ ကိုရီးယား ဘောလုံးသမား ကီဆွန်းယောင်

$
0
0

အာရှသာမက ဥရောပမှာပါ နာမည်ကျော်နေတဲ့ တောင်ကိုရီးယား အသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင်လည်း ဖြစ်သလို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်း တသင်း ဖြစ်တဲ့ ဆွမ်ဆီးမှာပါ ကစားနေတဲ့ ကစားသမား ကီဆွန်းယောင် (Ki Sung-yueng) အကြောင်း ပြောပြပါမယ်။

သူ့ကို ၁၉၈၉ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမှာ မွေးပါတယ်။ တောင်ကိုရီယားသား ဆိုပေမယ့် အရပ်အမောင်းကောင်းသူ တယောက်ဖြစ်ပြီး အရပ် ၆ ပေနဲ့ ၂ လက်မ မြင့်ပါတယ်။ တကယ်ဆို ဒီ အရပ်အမောင်းက ခံစစ်နောက်တန်း ကစားသမား ဖြစ်နိုင်ပေမယ့် ကီဆွန်းယောင် ကတော့ ကွင်းလယ်ဗဟို ကစားသမား စစ်စစ် အဖြစ် ကစားတာ တွေ့ရပါတယ်။ ကလပ် အသင်း အနေနဲ့ ဆိုရင်တော့ ဆွမ်ဆီးမှာ ကစားနေပြီး ကျောနံပါတ် ၄ ကို ဝတ်ဆင် ကစားပါတယ်။

ငယ်စဉ် ကစားသမား ဘဝကို ၂၀၀၁ ခုနှစ်၊ ကီဆွန်းယောင် အသက် ၁၂ သား ကတည်းက John Paul College ရဲ့ ကျောင်းအသင်းမှာ ဝင်ကစားခဲ့ပါတယ်။ ကျောင်းတဖက်နဲ့ ကျောင်းအသင်းမှာ ၂၀၀၅ ခုနှစ်ထိ ကစားခဲ့ပါတယ်။ အဆိုုပါနှစ် အတွင်း Kumho အထက်တန်းကျောင်း အသင်းအတွက်လည်း ဝင်ကစားခဲ့တာ တွေ့ရပါသေးတယ်။

ဥရောပ ကစားသမားတွေနဲ့ ကွာခြားချက်ကတော့ ဥရောပ ပရို ကစားသမားတွေက ငယ်စဉ် အသက် ၁၀ နှစ်လောက် ကတည်းက ဘောလုံး အကယ်ဒမီ ရောက်ပြီး ဘောလုံး ပညာသင်ကြားလေ့ရှိသလို ၁၆ နှစ် ဝန်းကျင်လောက်မှာ ပရိုဘ၀ ရောက်ရှိလာတတ်ကြတာပါ။ ကီဆွန်းယောင်တိ့ုလို အာရှ ကစားသမားတွေ ကတော့ အခုလို ကျောင်းအသင်း အတွက် ကစားပေးတာလောက်ပဲ ရှိပြီး အကယ်ဒမီထွက် ဘောလုံးသမားတွေလောက်တော့ ဘောလုံးပညာ အခြေခံနဲ့ ငယ်စဉ်ကတည်းက မရင်းနှီးခဲ့ရပါ။

ဒါပေမယ့် ကျောင်းအသင်းအတွက် ကစားပေးနေတဲ့ ကီဆွန်းယောင်က ၂၀၀၆ ခုနှစ်မှာတော့ ကြေးစားကစားသမား ဘဝကို ကူးပြောင်း လာပါတယ်။ နာမည်ကျော် ကိုရီးယား ကစားသမားတွေ ထွက်ရှိရာ FC Seoul အသင်းမှာ ဝင်ကစားတာပါ။ ၂၀၀၆ ခုနှစ်ထိ ၃ ရာသီကြာ ဆိုးလ်မှာ ကစားခဲ့ပြီး ၆၄ ပွဲ ကစားတယ်၊ ၇ ဂိုး သွင်းတယ်။

အဆိုပါ ကာလလအတွင်း ကီဆွန်းယောင်ရဲ့ ကွင်းလယ်ကစားကွက်ကို သဘောကျနေတာက နာမည်ကြီး ဆဲလ်တစ် (Celtic) ဖြစ်ပါတယ်။ စကော့တလန်က ဆဲလ်တစ်လို အသင်းရဲ့ ခေါ်ယူမှု ခံရတာက ဂုဏ်ယူစရာ တခုပါ။

၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ ကီဆွန်းယောင် က ဆဲလ်တစ်မှာ ၆၆ ပွဲကစားပြီး ၉ ဂိုးသွင်းပါတယ်။ ဆဲလ်တစ် အနေနဲ့ အစပိုင်း နှစ်တွေမှာ အသင်းသား အဖြစ် ခေါ်ထားခဲ့ပေမယ့် ဘောလုံး ပညာသင်ပေးနေခဲ့တာ ဖြစ်လို့ ပွဲထွက်ခွင့် မရခဲ့ဘဲ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာမှ ပွဲထွက်ခွင့် ရလာခဲ့သလို ခြေစွမ်းလည်း ပြလာနိုင်ခဲ့တာပါ။ နောက်ပိုင်း ဆဲလ်တစ်မှာ ခြေစွမ်းပြလာတော့ အင်္ဂလန် ကလပ် ဆွမ်ဆီးရဲ့ စိတ်ဝင်စားခြင်း ခံလာရပြီး ၂၀၁၂ ခုနှစ်မှာ ဆွမ်ဆီးကို ရောက်လာပါတယ်။

ဆွမ်ဆီးကလည်း ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ ခေါ်နိုင်မှု အရ အသင်းကို ခေါ်ခဲ့ပေမယ့် ၂၀၁၃ အရောက်မှာတော့ တရာသီ စာချုပ်နဲ့ ကီဆွန်းယောင်ကို ဆန်းဒါးလန်း အသင်းထံ အငှားချခြင်း ခံရတယ်။ ၂၀၁၃-၁၄ ရာသီမှာ အငှားနဲ့ ဆန်းဒါးလန်း ရောက်လာပြီး တရာသီ အတွင်း ၂၇ ပွဲ ကစားတယ်၊ ၃ ဂိုး သွင်းတယ်။ ကီဆွန်းယောင်ရဲ့ ခြေစွမ်း အမှန်ကို တွေ့ရပြီး ၂၀၁၄ ကနေ စလို့ ဆွမ်းဆီက  အသင်းမှာ ပြန်ခေါ်ထားပြီး ပုံမှန် ပွဲထွက်ခွင့်ပေးနေသလို အခု ၃ နှစ် အတွင်း ဆွမ်ဆီး အသင်း အတွက် ပွဲပေါင်း ၁၃၀ ထိအောင် ကစားပေးပြီး ၁၁ ဂိုး သွင်းယူပေးထားတာ တွေ့ရပါတယ်။

မိခင်နိုင်ငံ တောင်ကိုရီးယား အသင်း အတွက် ၂၀၀၄ ခုနှစ်ကတည်းက U17 အသင်းမှာ ပါဝင်ကစားပေးခဲ့ပြီး ၆ ပွဲမှာ ၃ ဂိုး သွင်းခဲ့တယ်။ ၂၀၀၆-၀၇ ရာသီ အတွက် U20 အသင်းမှာ ပါဝင်ခဲ့ပြီး ၁၆ ပွဲမှာ ၂ ဂိုး ထပ်သွင်းတယ်။ ၂၀၀၇ ကနေ ၂၀၁၂ ခုနှစ် အတွင်းမှာ U23 အသင်းက လိုအပ်ရင်လည်း ဝင်ကစားပေးခဲ့ပြီး ၂၂ ပွဲမှာ ၁ဂိုး သွင်းခဲ့တယ်။

လက်ရွေးစင် အသင်းသား အနေနဲ့တော့ ၂၀၀၈ ခုနှစ်ကတည်းက စတင် ရွေးချယ်ခြင်း ခံလာရတာ ဖြစ်ပြီး အခုထိ ၉၇ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးထားနိုင်တာ တွေ့ရပါတယ်။

ကီဆွန်းယောင်ကို ကစားကွက်ဖန်တီးနိုင်မှု၊ ဘောလုံး နည်းပညာ ကျွမ်းကျင် လိမ္မာမှု၊ အဝေးကနေ ဘောလုံး ပေးပိုု့မှု သေချာ တိကျမှု၊ ဖြတ်တင်ဘောတွေ ကောင်းမွန်မှု၊ အနီးကပ် ဘောလုံး အပြန်အလှန် ပေးပို့ကစားခြင်း တွေမှာလည်း သေသပ် ကောင်းမွန်လို့ လူသိများ နာမည်ကြီးပါတယ်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားလည်း ကန်ဖူးတယ်၊ အခုနှစ် ကမ္ဘာ့ဖလားမှာလည်း အသင်းခေါင်းဆောင် အနေနဲ့ ပါဝင်လာ နိုင်တယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် AFC အာရှ ဖလားပြိုင်ပွဲတွေလည်း ကစားဖူးလို့ အသင်း အတွက်တော့ အားထားရတဲ့ ဝါရင့် ကစားသမား တယောက် အဖြစ် ရှိနေတာပါ။

၂၀၁၅ ခုနှစ် မေ ၂၀ ရက်မှာ ဆိုရင် ဆွမ်ဆီး အသင်း အတွက် ၃၃ ပွဲမှာ ၈ ဂိုး သွင်းသလို ဂိုးဖန်တီးမှု များပြီး ခြေစွမ်းပြမှု တွေကြောင့် တနှစ်တာ အကောင်းဆုံး ဆွမ်ဆီးကစားသမားဆု ရခဲ့သူပါ။

မိသားစု ဘဝမှာတော့ ကီဆွန်းယောင်ဟာ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက သူ့အနေနဲ့ ရုပ်ရှင် မင်းသမီး ဟန်ဟေးဂျင် (Han Hye-jin) နဲ့ တွဲနေကြောင်း ထုတ်ဖော်ပြောလာခဲ့သလို အဆိုပါနှစ် မေလမှာပဲ စေ့စပ်ခဲ့တာ တွေ့ရပါတယ်။ ဇွန်လ ၂၅ ရက်မှာ လက်မှတ် ထိုးတယ်၊ ဇူလိုင် ၁ ရက်မှာ Intercontinental Hotel Seoul မှာ လက်ထပ်ပွဲ ကျင်းပခဲ့တယ်။ ကီဆွန်းယောင်တို့ နှစ်ဦးစလုံးက ခရစ်ယာန်ဘာသာ အထူးယုံကြည်သူတွေ ဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှာတော့ သမီးလေး တယောက် မွေးဖွားခဲ့ပါတယ်။

ဆုဖလား ရယူနိုင်မှု အနေနဲ့ ဆိုရင် ကီဆွန်းယောင်က ဆဲလ်တစ်မှာ ကစားနေချိန် ၂၀၁၂ ခုနှစ်က စကော့တလန် ပရီးမီးယားလိဂ်ကို ၁ ကြိမ်၊ ၂၀၁၁ ခုနှစ်မှာ စကော့တလန် ဖလားလည်း ၁ ကြိမ်ရဖူးပါတယ်။ ဒီဘက် ဆွမ်ဆီး ရောက်လာတော့ မီဒီယာတွေကနေ လူသိများပေမယ့့် ဆဲလ်တစ်မှာလောက်တော့ အောင်မြင်မှု မရှိတော့ပဲ ၂၀၁၃ ခုနှစ်က League Cup ၁ ကြိမ်ရတယ်။ ၂၀၁၄ အတွင်း ဆန်းဒါးလန်းမှာ ကစားနေချိန် League Cup ကို ဒုတိယနေရာထိ ရောက်ခဲ့သေးတာလည်း တွေ့ရပါတယ်။ ကိုရီးယား U23 အသင်းနဲ့ ဆိုရင် ၂၀၁၂ ခုနှစ် နွေရာသီ အိုလံပစ်မှာ ကြေးတံဆိပ် ရဖူးတယ်။ လက်ရွေးစင် အသင်းနဲ့ကတော့ ၂၀၁၅ ခုနှစ် AFC အာရှဖလားမှာ ဒုတိယနေရာနဲ့ ကျေနပ်ထားရတာ တွေ့နိုင်ပါတယ်။

တဦးချင်း ဆုတံဆိပ်ရယူနိုင်မှု အနေနဲ့တော့ ၂၀၀၈ ရော ၂၀၀၉ မှာပါ ၂ နှစ်ဆက်တိုက် K League တနှစ်တာ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာ ပါခဲ့တယ်။ ၂၀၀၉ ခုနှစ် အတွက် တနှစ်တာ အကောင်းဆုံး လူငယ် အာရှ ကစားသမားဆု ရခဲ့တယ်။ ၂၀၁၀-၁၁ ဘောလုံးရာသီ အောက်တိုဘာလ အတွက် SPL ကနေ ပေးအပ်တဲ့ တလတာ အကောင်းဆုံး လူငယ်ကစားသမား ဖြစ်ခဲ့တယ်။

၂၀၁၁ ခုနှစ် စကော့တလန် ဖလား ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၄-၁၅ ရာသီ ဆွမ်ဆီး အသင်းရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ တွေမှာလည်း KFA ကနေ ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၂ နှစ်ဆက်တိုက် ရထားပါတယ်။ ၂၀၁၅ ခုနှစ် AFC အာရှဖလား ပွဲစဉ်မှာ Dream Team အသင်းဝင် ကစားသမား အဖြစ်ပါ ရွေးချယ်ခံခဲ့ရသူပါ။            ။

Ref: en.m.wikipedia.org

The post အာရှမှာရော ဥရောပမှာပါ အောင်မြင်နေတဲ့ ကိုရီးယား ဘောလုံးသမား ကီဆွန်းယောင် appeared first on ဧရာဝတီ.

ကမ္ဘာ့ဖလားအိပ်မက်က ဒီလှိုင်းနီတို့ အတွက် ကံကောင်းမှာလား

$
0
0

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ခြေစစ်ပွဲအောင်ချင်တဲ့ဲ၊ ဝင်ခွင့်ရချင်တဲ့ အိပ်မက်ဟာ နိုင်ငံအသင်းတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့့် ဒေသတွင်း ခြေစစ်ပွဲတွေကန်၊ အနိုင်ရမှ ဝင်ခွင့်ရမယ့် အနေအထားဟာ ခြေစွမ်းမကောင်းဘူး၊ ခြေစွမ်း မမှန်ဘူး ဆိုရင် ဘယ်လိုမှ ဝင်ခွင့်ရဖို့ မလွယ်ပါ။ အခုပြောမယ့် ပနားမားဆိုရင် အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာမှ ပထမဆုံး ခြေစစ်ပွဲ အောင်၊ ဝင်ခွင့်ရလာတာ ဖြစ်လို့ဒီနှစ် ပြိုင်ပွဲမှာပနားမားသားတွေ ဘယ်လောက်တောင် ဂုဏ်ယူနေမလဲ ဆိုတာ တွေးကြည့့်တာနဲ့ သိနိုင်ပါတယ်။

အသင်းကို Panama National Football Team လို့ ခေါ်ပါတယ်။ ပနားမားနိုင်ငံလက်ရွေးစင် အသင်း ဖြစ်ပြီး အစိုးရရဲ့ လက်အောက်ခံ ပနားမားဘောလုံးအဖွဲ့ချုပ်ကနေ ထိန်းချုပ်ထားပါတယ်။ ဘောလုံးနယ်ပယ် အနေအထားမှာတော့ CONCACAF နယ် အတွင်း ဝင်ပါတယ်။ ဒါပေမယ့် ကွန်ကာကပ်နယ်က ကြီးမားလို့ နယ်ပြန်ခွဲတဲ့ အနေအထားမှာ UNCAF ဆိုတဲ့ ယူအင်ကပ်ဖ် ဗဟို အမေရိကနယ်ဝင် အသင်း ဖြစ်ပါတယ်။

အသင်းကို နာမည်ပြောင် အနေနဲ့ Los Canaleros (The Canal Men)၊ La MareaRoja (The Red Tide) လို့ ခေါ်ပါတယ်။ နာမည်ကျော် ပနားမား တူးမြောင်းရှိလို့ တူးမြောင်းသမားများ ဒါမှမဟုတ် ဒီလှိုင်းနီတွေ အဖြစ် ခေါ်ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသင်းနည်းပြ အဖြစ် Hernan Dario Gomez က ကိုင်တွယ်နေပြီး အသင်းခေါင်းဆောင် အဖြစ်တော့ Roman Torres က တာဝန်ယူထားပါတယ်။ အိမ်ကွင်းအနေနဲ့တော့ Estadio Rommel Fernandez ကွင်းကို လက်ခံကစားတဲ့ အသင်းပါ။

ဝတ်စုံ အနေနဲ့ ဆိုရင် အိမ်ကွင်းမှာ အနီရောင် ဘောင်းဘီ၊ အင်္ကျီ၊ ခြေအိတ်တွေကို ဝတ်ဆင်ပြီး ပခုံးသားမှာ အပြာရောင် လိုင်းစင်း၊ ခါးနဲ့ ဘောင်းဘီအောက်ဖျားမှာ အဖြူရောင် အစင်းငယ်လေးတွေနဲ့ ခြေအိတ်လည်ပင်းမှာ အပြာနဲ့ အဖြူရောင် အစင်းလေးတွေ ကွပ်ထားတာပဲ ပါရှိပါတယ်။

အဝေးကွင်းမှာ ဆိုရင်တော့ အဖြူရောင် အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်တွေကို ဆင်တူ ဝတ်ဆင်ပြီး ပခုံး၊ ဘေးဘက်နဲ့ ဘောင်းဘီအထိ ဘေးဘက်တွေမှာ အပြာရောင် အစင်းတွေ ထည့်ထားပါတယ်။  ခြေအိတ်မှာ အနက်ရောင် အစင်းနဲ့ လည်ပင်း ကွပ်ထားတာ တွေ့ရပါတယ်။

အသင်းက လက်ရှိဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၅၃ အဖြစ် ရှိနေပြီး ဒါက ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက ရပ်တည်နိုင် နေတဲ့ အဆင့်ကိုထိန်းထားနိုင်တာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ သမိုင်းတလျှောက် အမြင့်ဆုံးအဆင့် သတ်မှတ်ခံရမှု အဖြစ် ၂၀၁၄ ခုနှစ် မတ်လက အဆင့် ၂၉ ထိ ရောက်ခဲ့တာာပါ။  ဒါဟာ တခြားကမ္ဘာ့ဖလား ခြေစစ်ပွဲအောင် အသင်းတွေနဲ့ စာရင် သိသာလောက်တဲ့ အဆင့်ကောင်းကောင်း မရခဲ့ဖူးသလို လက်ရှိအဆင့်ကလည်း အားရစရာတော့ မကောင်းလှပါဘူး။

အသင်းက နိုင်ငံတကာပွဲကစားမှုမှာ အမေရိက အခြေစိုက် အသင်းတွေထက် နောက်ကျတာ တွေ့ရပြီး ပထမဆုံးပွဲကို ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာမှ ပနားမားနိုင်ငံ၊ ပနားမားစီးတီးမှာ ဗင်နီဇွဲလား အသင်းကို လက်ခံကစားခဲ့ပြီး အဆိုပါပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တာ တွေ့ရပါတယ်။ အသင်းရဲ့ အကြီးမားဆုံး နိုင်ပွဲ အဖြစ်နဲ့တော့ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က ကိုလံဘီယာနိုင်ငံမှာ ကစားတဲ့ ပေါ်တိုရီကိုနဲ့ ပွဲမှာ ၁၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ ဂိုးပြတ်ရှုံးပွဲ အဖြစ် ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပနားမားမှာ ကစားတဲ့ ကော်စတာရီကာနဲ့ ပွဲမှာ ၁၁ ဂိုး ဂိုးမရှိနဲ့ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပွဲစဉ်နဲ့ ပတ်သတ်ပြီး အသင်းအနေအထားကို ပြန်ကြည့်ရင် ၁၉၃၀ ကနေ ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို လုံး၀ ဝင်နိုင်ခဲ့ခြင်း မရှိတာပါ။ ပထမဆုံး ခြေစစ်ပွဲဝင်မှု အနေနဲ့ ၁၉၇၈ ခုနှစ်ကမ္ဘာ့ဖလားမှာ ဝင်လာပါတယ်။ ဒါပေမယ့် အဆိုပါ အကြိမ်ကနေ စပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားထိ နှစ်စဉ် ခြေစစ်ပွဲ ဝင်ခဲ့ပေမယ့် မအောင်ခဲ့တာပါ။ ဒါကြောင့်လည်း အခု ၂၀၁၈ ကမ္ဘာ့ဖလားဟာ အသင်းအတွက် ပထမဆုံး ခြေစစ်ပွဲအောင် ဝင်ခွင့်ရလာခြင်း ဖြစ်ပါတယ်။

အသင်းက အောင်မြင်မှု အနေအထားကို ကြည့့်မယ် ဆိုရင် ကွန်ကာကပ် နယ်အတွင်းမှာကိုပဲ အသင်းသေး အဆင့်ပဲ ရှိပြီး ကွန်ကာကပ် ရွှေဖလားပွဲမှာ ၂၀၀၅ နဲ့ ၂၀၁၃တွေမှာ ဒုတိယ ၂ ကြိမ်ရဖူးတယ်၊ ၂၀၁၁ နဲ့ ၂၀၁၅ တွေမှာ တတိယ ၂ ကြိမ်ရထား ပါတယ်။ Copa Centromaericana မှာ ၂၀၀၉ ခုနှစ်က ချန်ပီယံ ၁ ကြိမ် ဖြစ်တယ်၊ ၂၀၀၇ နဲ့ ၂၀၁၇ မှာ ဒုတိယ ၂ ကြိမ်၊ ၁၉၉၃၊ ၂၀၁၁ နဲ့ ၂၀၁၄ တွေမှာ တတိယ ၃ ကြိမ် ရထားပါတယ်။ CCCF Championship မှာတော့ ၁၉၅၁ ခုနှစ်က ချန်ပီယံ ၁ ကြိမ်၊ ၁၉၄၈ ခုနှစ်က တတိယ ၁ ကြိမ်ရထားတာကလွဲရင် ကြီးမားတဲ့ ဆုဖလားရယူထားနိုင်မှု မရှိသေးပါဘူး။

အသင်းက ကမ္ဘာ့ဖလား မတိုင်ခင်မှာတော့ ခြေစမ်းပွဲတွေ ကစားပြီး အကောင်းဆုံး ပြင်ဆင်မှု လုပ်ဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။ လာမယ့့် မတ်လ ၂၂ ရက်မှာ ဒိန်းမတ်နဲ့ ကစားမယ်၊ ၂၇ ရက်နေ့မှာ ဆွစ်ဇာလန်နဲ့ ကစားမယ်၊ မေလ ၂၉ ရက်နေ့မှာ မြောက်အိုင်ယာလန်နဲ့ ကစားမယ်၊ ဇွန်လ ၆ ရက်နေ့ထိ နော်ဝေနဲ့ ခြေစမ်းပွဲတွေ ဆက်တိုက် ကစားဖို့ စီစဉ်ထား တာပါ။

ကမ္ဘာ့ဖလားပွဲစဉ် အနေနဲ့ကတော့ ပထမဆုံးပွဲ အနေနဲ့ ဇွန်လ ၁၈ ရက်နေ့မှာ ဘယ်ဂျီယမ်၊ ဇွန်လ ၂၄ ရက်နေ့မှာ အင်္ဂလန်၊ ၂၈ ရက်နေ့မှာ တူနီးရှားတွေနဲ့ ကစားရဖို့ ရှိနေပြီး အုပ်စုအတွင်းမှာ အင်္ဂလန်နဲ့ ဘယ်ဂျီယမ် အသင်းတွေ ပါဝင်နေတာက မျက်နှာသစ် ပနားမား အတွက်တော့ နောက်တဆင့် တက်ဖို့ မျှော်လင့်ချက်က မရှိသလောက်လို့တောင် ဆိုရမှာပါ။ ဒါပေမယ့် ဘာမဆို ဖြစ်နိုင်တဲ့ ဘောလုံးလောကမှာ ပထမဆုံး ဝင်ခွင့်ရပြီး အောင်မြင်မှု မှတ်တိုင်တခုလည်း စိုုက်ထူနိုင်ကောင်း စိုက်ထူနိုင်တယ် လို့လည်း မျှော်လင့်ရပါတယ်။

အသင်းအတွက် ပွဲအများဆုံး ကစားထားသူ အဖြစ် ၂၀၀၃ ခုနှစ်ကနေလက်ရှိအချိန်ထိ ကစားပေးနေသူ Gabriel Gomez ရှိပြီး သူကပွဲပေါင်း ၁၄၀ မှာ ၁၂ ဂိုးထိအောင် သွင်းပေးထားသူ ဝါရင့် ကစားသမားတဦးပါ။ ထူးခြားချက် အနေနဲ့ကတော့ လက်ရှိပွဲ အများဆုံး ကစားထားသူ စာရင်းမှာ ထိပ်ဆုံး ၇ ဦးက လက်ရှိ ကစားသမားတွေ ဖြစ်နေလို့ ဝါရင့် ကစားသမားတွေ နဲ့ ကမ္ဘာ့ဖလားကို ရင်ဆိုင်လာဖို့ ရှိနေပါတယ်။

အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားသူကတော့ ၂၀၀၁ ခုနှစ် ကတည်းက အသင်းအတွက် ကစားပေးနေသလို လက်ရှိလည်း ပနားမား တိုက်စစ်မှူးဖြစ်တဲ့ Luis Tejada ရှိနေပြီးသူက အသင်းအတွက် ၁၀၄ ပွဲမှာ ၄၃ ဂိုးထိ သွင်းပေးထား တာာပါ။

ဒါဆိုရင်တော့ ကမ္ဘာ့ဖလားမှာမျက်နှာသစ် ပနားမားက ဝါရင့်ကစားသမားတွေနဲ့ ပွဲထွက်လာမှာ ဖြစ်ပြီး တိုက်စစ်ထက် ကစားကွက် ဦးစားပေး ကစားတတ်တဲ့ ပနားမား အတွက်တော့ အခုနှစ် ကမ္ဘာ့ဖလားမှာ အုပ်စုကျပ်ကနေ ကံကောင်းပြီး တက်လာမလား၊ တက်မလာနိုင်ဘူးလား ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Ref: en.m.wikipedia.org

The post ကမ္ဘာ့ဖလားအိပ်မက်က ဒီလှိုင်းနီတို့ အတွက် ကံကောင်းမှာလား appeared first on ဧရာဝတီ.

မစ်ဒယ်ဘရော့ အသင်းကို ပိုင်တဲ့ မစ်ဒယ်ဘရော့မြို့သားစစ်စစ် စတိဗ်ဂစ်ဘ်ဆင်

$
0
0

အမည် အရင်းက Stephen Gibson ဖြစ်ပေမယ့် အများစုကတော့ စတိဗ် (Steve) လို့ပဲခေါ်ကြပါတယ်။ သူ့ကို အင်္ဂလန် နိုင်ငံ၊ မစ်ဒယ်ဘရော့မှာ ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က မွေးပါတယ်။ စတိဗ် အတွက် ဂုဏ်ယူစရာ ကောင်းတာက မစ်ဒယ်ဘရော့မြို့သား ဖြစ်ပြီး အခုလည်း မြို့ခံမစ်ဒယ်ဘရော့ ဘောလုံးအသင်း (Middlesbrough Football Club) ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် အတွင်း Sunday Times ကနေဖော်ပြတဲ့ အချမ်းသာဆုံး စာရင်းမှာ သူက ၄၅၁ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် ပါရှိခဲ့ပြီး အဆိုပါ အချိန်ကတည်းက ပေါင် ၁၆၅ သန်းထိ ကြွယ်ဝသူ တဦး ဖြစ်ခဲ့ပါတယ်။

အဓိက အနေနဲ့ သူ့ကို လူသိများတဲ့ အကြောင်းအရင်းက နိုင်ငံရေးလည်း လုပ်တယ်၊ စီးပွားရေး လုပ်ငန်းမှာလည်း အောင်မြင်သလို လူသိများတဲ့၊ ယခင် အသင်းလတ် တသင်းအဖြစ် သတ်မှတ်နိုင်တဲ့ မစ်ဒယ်ဘရော့ကို ပိုင်ဆိုုင်ထားလို့ ဖြစ်ပါတယ်။

သူက ကိုယ်ထူးကိုယ်ချွန် သမားတယောက်ပါ။ မစ်ဒယ်ဘရော့မြို့က အခြေခံကျောင်း St Pius X Primary ကျောင်းမှာ စနေတယ်။ နောက်တော့ St Mary’s College မှာ တက္ကသိုလ် ဆက်တက်ခဲ့တယ်။ ၁၉၇၉ ခုနှစ် ရောက်တော့ သူက မစ်ဒယ်ဘရော့မြို့မှာ အသက် အငယ်ဆုံး အလုပ်သမားရေးရာ ကိုယ်စားလှယ် ဖြစ်လာပါတယ်။ ပြောရရင်တော့ Park End မဲရွေးချယ်ပွဲမှာ သူ့ အသက် ၂၁ နှစ် မှာပဲ ရွေးချယ် တင်မြှောက်ခံရတာပါ။

ကျောင်းပြီးလို့ အလုပ်သမားရေးရာ ကိုယ်စားလှယ် ဖြစ်လာတာက သူ့ကို နိုင်ငံရေးနယ်ပယ်မှာ လူသိများလာစေသလို တဖက်က စီးပွားရေးနယ်မှာ ဆိုရင်လည်း ၁၉၈၁ ရောက်တော့ စတိဗ်က Bulkhaul Limited ကို စတင် တည်ထောင်ခဲ့ပါတယ်။

ဒီကုမ္ပဏီက ကမ္ဘာ့အနှံ့အပြားကို မီးလုံးထုတ်လုပ်မှု အတွက် အဓိက လိုအပ်တဲ့ အရည်၊ အမှုန့်နဲ့ ဓာတ်ငွေ့တွေ ပို့ဆောင် ရောင်းချတဲ့ လုပ်ငန်းပါ။ တကယ်ဆိုရင် အခုကုမ္ပဏီကို စတင် တည်ထောင်ဖို့ စတိဗ်က သူ့အဖေဆီကနေ ပေါင် ၁၀၀၀ ချေးပြီး လုပ်ခဲ့တာပါ။

ရုံုးကို အင်္ဂလန်မှာ နာမည်ကြီးတဲ့ Bulkhaul စင်တာမှာ ထားရှိလုပ်ကိုင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ဥရောပ၊ အတ္တလန်တိတ် နဲ့ ပစိဖိတ်နယ်တွေမှာ သူ့ရဲ့ လုပ်ငန်းက အောင်မြင်မှု အထူးရခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုရဲ့ အဓိက အကြောင်းအရင်းမှာလည်း သူက ပစ္စည်းပေးပို့ ရောင်းချမှုကို ခေတ်မီကွန်ပျူတာ နည်းပညာရော သယ်ယူပို့ဆောင်ရေး ယာဉ်ကောင်းကောင်းတွေကိုပါ သုံးခဲ့လို့ တိကျ သေချာပြီး ဝယ်လက်တွေရဲ့ စိတ်ကြိုက် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

သိရသလောက် ကမ္ဘာ့ အဆင့် ၁ ဓာတုဗေဒ လုပ်ငန်းနဲ့တောင် အရင်းနှီးဆုံး တွဲဖက် လုပ်ကိုင်တာတွေ ရှိခဲ့တယ် လို့ ဆိုပါတယ်။ ပစ္စည်း ထုတ်လုပ်တာကိုတော့ နောက်ပိုင်းမှာTeesside မှာပြောင်းရွှေ့လုပ်ကိုင်ပေမယ့် ရုံုးချုပ်ကတော့ အခုထိ မစ်ဒယ်ဘရော့မှာပဲ ထားရှိလုပ်ကိုင်နေဆဲပါ။

နောက်တော့ သူက Gibson O’Neill Company Ltd မှာလည်း ရှယ်ယာ ၇၅ ရာခိုင်နှုန်းလောက်ထိ အများဆုံးထည့်ဝင် ထားတာတွေ့ရပါတယ်။ သိရသလောာက် ဒီလုပ်ငန်းက နှစ်စဉ် ဝင်ငွေ ပေါင် ၁၉၇ ဒသမ ၆၉ သန်းထိ ရှိပြီးအသားတင် အမြတ် ပေါင် ၂၉ ဒသမ ၇၂ သန်းထိ ရနေတာ ဖြစ်တယ် လို့ သိရပါတယ်။ ဒီလုပ်ငန်းစုက စတိဗ် တဦးတည်းပိုင် Bulkhaul နဲ့ မစ်ဒယ်ဘရော့အသင်းတွေ အပြင် Rockliffe Hall Hotel ကိုပါ ပိုင်ဆိုင်ထားပြီး လုပ်ငန်းအားလုံးကို စုပေါင်းဦးစီး လုပ်ကိုင်နေတဲ့ လုပ်ငန်းစုလည်း ဖြစ်ပါတယ်။

ဒီလုပ်ငန်းစုက ၂၀၁၅ ခုနှစ် ကနေ စတင်ပြီး တနှစ်ကို အမြတ်ငွေ ၅ းသမ ၉ သန်းလောက် ရှိနေရာကနေ ၂၃ ဒသမ ၇ သန်းထိ ခုန်တက်သွားပြီး အခုတော့ စတိဗ်က ပေါင် သန်းရာချီချမ်းသာသူ၊ နှစ်စဉ် ပေါင် သန်းဆယ်နဲ့ ချီပြီး ဝင်ငွေ ရှိနေသူ ဖြစ်နေပါပြီ။

The Boro လို့ နာမည်ပြောင်ခေါ်တဲ့ မစ်ဒယ်ဘရော့အသင်းနဲ့ စတိဗ် ပတ်သက်မှုက မြို့ခံအသင်းဖြစ်လို့ သူက အသင်းရဲ့ ထာဝရ ပရိတ်သတ် တယောက် ဖြစ်နေခဲ့တာ က စပါတယ်။ အသင်းကို Willie Maddren နည်းပြနေချိန်၊ စတိဗ်အသက် ၂၆ နှစ်မှာအသင်းရဲ့ အသက်အငယ်ဆုံး ဒါရိုက်တာတယောက် အဖြစ် ချိတ်ဆက်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ်ရောက်တော့ Scottish & Newcastle ဆီက အသင်းရှယ်ယာတချို့ စတင် ဝယ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ ရှယ်ယာတွေ လိုက်ဝယ်ထားလိုက်တာ ၁၉၉၄ ရောက်တော့ ပိုင်ဆိုင်မှု ၉၀ ရာခိုင်နှုန်းထိ ရှိလာပြီး အသင်းဥက္ကဌ ရာထူးကိုပါ ရယူလာနိုင်ပါတော့တယ်။

၁၉၉၅ ခုနှစ် ရောက်တော့ အသင်းကိုယခင် အိမ်ကွင်း AyresomePark ကနေလုံးဝအသစ် တည်ဆောက်ထားတဲ့ ကွင်းသစ် Riverside Stadium ကို ပြောင်းလဲ ကစားစေခဲ့ပါတယ်။ နာမည်ကြီး ကစားသမားတွေကို ခေါ်ဖို့ အသုံးစရိတ်လည်း ပိုချပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ နည်းပြ ဘရိုင်ယန်ရော့ဘ်ဆင် (Bryan Robson) ကို ခေါ်ယူပြီး အားဖြည့်လာသလို ရလဒ်ကတော့ ၁၉၉၇-၉၈မှာ ၂ နှစ် အတွင်း ဝင်ဘလေဖလား ဗိုလ်လုပွဲထိ ၃ ကြိမ် ရောက်သည် အထိ ရလဒ်တွေ ပြန်ကောင်းလာပါတယ်။ နည်းပြ ဘရိုယန်ရောဘ်ဆင် ထွက်သွားတော့ နောက်ထပ် စတိဗ်မက်လာရင်း (Steve McLaren) ရောက်လာပါတယ်။ သူ့ လက်ထက် ၂၀၀၄ ခုနှစ်မှာ အသင်းက ၁၂၈ နှစ်တာကာလအတွင်း ပထမဆုံးဆုဖလား League Cup ကို စတင်ရခဲ့ ပါတယ်။ UEFA ဖလားဗိုလ်လုပွဲထိ ရောက်ခဲ့ပါသေးတယ်။

အဆိုပါ အချိန်ကတည်းက စတိဗ်က အသင်းကို ဥရောပပွဲတွေမှာ အမြဲကစားရစေချင်တယ် လို့ ဆိုခဲ့ပါတယ်။ ဒီလို အသင်းကို အောင်မြင်အောင် လုပ်ဆောင်မှုရော ပေါင် ၁၀၀၀ ကနေ သန်းကြွယ်သူဌေး ဖြစ်လာတာ အတွက်ပါ ဗြိတိသျှ အင်ပါယာကနေ ပေးအပ်တဲ့ Order of the British Empire (OBE) ဆုကို ၂၀၁၆ ခုနှစ်မှာရခဲ့ပါတယ်။

ဒါဟာ မစ်ဒယ်ဘရော့ကို အသင်းသမိုင်းတလျှောက် ပထမဆုံး League Cup ရယူစေနိုင်ခဲ့သူ၊ ဥရောပပွဲစဉ် ကစားခွင့် ရစေခဲ့သူ၊ UEFA Cup ကို ဗိုလ်လုပွဲ ရောက်ပြီး ဒုတိယ နေရာထိ ရောက်စေခဲ့သူ၊ အသင်းကို အကောင်းဆုံး ထောက်ပံ့ပေးခဲ့သူ ကိုယ်ထူးကိုယ်ချွန်သမား စတိဗ် အကြောင်းတစေ့တစောင်းပါ။

Ref: en.m.wikipedia.org

The post မစ်ဒယ်ဘရော့ အသင်းကို ပိုင်တဲ့ မစ်ဒယ်ဘရော့မြို့သားစစ်စစ် စတိဗ်ဂစ်ဘ်ဆင် appeared first on ဧရာဝတီ.

ရန်ကုန်၊ ပုသိမ် ဘောလုံးအကယ်ဒမီများ၌ သင်ကြားရန် ဂျပန်နည်းပြ ၂ဦးရောက်ရှိ

$
0
0

မြန်မာ့ဘောလုံးလောက တိုးတက်ဖွံ့ဖြိုးရေး ဂျပန်ဘောလုံးအဖွဲ့ချုပ်က အကူအညီပေးသည့် အနေဖြင့် နည်းပြ ၂ဦးကို ရန်ကုန်နှင့် ပုသိမ်ရှိ ဘောလုံး အကယ်ဒမီများတွင် တာဝန်ထမ်းဆောင်ရန် မကြာသေး မီက စေလွှတ်လိုက်ကြောင်း သိရသည်။

လာရောက်တာဝန်ထမ်းဆောင်မည့် နည်းပြ ၂ဦးမှာ တီရာမီနီ အာကီရာနှင့် ယိုရှိဒါ အာကီရာတို့ ဖြစ်ပြီး၊ နည်းပြ တီရာမီနီ မှာ ရန်ကုန်ဘောလုံးအကယ်ဒမီတွင် U-13 ကစားသမားများကို သင်ကြား ပေးရမည်ဖြစ်သလို၊ မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်အပါအဝင် တခြားသော ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာ့ဘောလုံးလောက တိုးတက်အောင်မြင်ရေးနှင့် အနာဂတ်ကာလ ကမ္ဘာ့ဖလားပြိုင်ပွဲများ ဝင်ရောက်လာနိုင် သည့်အထိ ကူညီသွားမည်ဟု ဆိုသည်။

အလားတူ နည်းပြ ယိုရှီဒါမှာ ပုသိမ်ဘောလုံးအကယ်ဒမီတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး၊ သူအနေဖြင့် တခြားသော ဂျပန်နည်းပြများကဲ့သို့ ကြီးမားသော မျှော်လင့်ချက်ရှိပြီး ၊ ဦးဇော်ဇော်၊ ဦးတင်မြင့်အောင် အပါအဝင် တခြားသော မြန်မာနည်းပြများနှင့် အတူ ကစားသမားများ စွမ်းရည်ပိုမိုမြင့်တက်လာရေးအတွက် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းဆိုသည်။
.
ဂျပန်ဘောလုံးအဖွဲ့ချုပ်(JFA)သည် အာရှတိုက်အတွင်း ဘောလုံးဖွံဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး နည်းပြများ စေလွှတ်၍ ကူညီနေရာ ပြီးခဲ့သည့် နှစ်အတွင်းကလည်း နည်းပြ ဂိုဂါ တာကူမာကို မန္တလေး ဘောလုံးအကယ်ဒမီတွင် တာဝန်ထမ်း ဆောင်ရန် စေလွှတ်ခဲ့ပြီးဖြစ်သည်။

The post ရန်ကုန်၊ ပုသိမ် ဘောလုံးအကယ်ဒမီများ၌ သင်ကြားရန် ဂျပန်နည်းပြ ၂ဦးရောက်ရှိ appeared first on ဧရာဝတီ.


မက်ဆီရဲ့ မိုးပြာရောင် အာဂျင်တီးနား တပ်သားများနဲ့ ကမ္ဘာ့ဖလား

$
0
0

လာမယ့် ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်နိုင်မယ် လို့ မျှော်လင့်ခွင့် ရှိတဲ့ အသင်းထဲ တသင်းပါ။ ကမ္ဘာ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မှုနဲ့ အတူ မက်ဆီ ကိုယ်တိုင် ကလည်း အခု ပြိုင်ပွဲမှာ ဗိုလ်စွဲချင်တယ်လို့ ဝန်ခံထားပါတယ်။ အာဂျင်တီးနားနိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အသင်း(Argentina national football team) အဖြစ် အာဂျင်တီးနားဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်မှာ ရှိနေပါတယ်။

အသင်းကို အမည်ပြောင် အနေနဲ့ Celeste y blanca (The White and Sky Blue)၊ အသင်းရဲ့ ဝတ်စုံ အတိုင်း အဖြူနဲ့ မိုးပြာရောင် တပ်သားများ အဖြစ် ခေါ်ကြပါတယ်။ တကယ်လည်း အသင်းဝတ်စုံနဲ့ ပတ်သတ်ပြီး ထူးခြားချက် တခု ရှိပါတယ်။ အဲဒါကတော့ အာဂျင်တီးနားအသင်းဟာ အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ အဖြူနဲ့ အပြာကြား ဝတ်စုံကိုပဲ ဝတ်ဆင်တာပါ။ တခြား အသင်းတွေလို ဝတ်စုံ ၂ ခု၊ ၃ ခု မရှိပါဘူး။

 

အမေရိက တောင်ပိုင်း နယ်ဝင် အသင်း ဖြစ်ပြီး လက်ရှိမှာ အသင်းကို နည်းပြ Jorge Sampaoli က ကိုင်တွယ်နေပါတယ်။ အသင်းခေါင်းဆောင်ကတော့ နာမည်ကျော် တိုက်စစ်မှူး လိုင်ယွန်နယ် မက်ဆီ (Lionel Messi) ဖြစ်ပါတယ်။ အသင်းက အိမ်ကွင်း အနေနဲ့ Antonio Vespucio Liberti မှာ လက်ခံကစားပါတယ်။ ဝတ်စုံ အနေနဲ့တော့ အကျႌက အဖြူနဲ့ မိုးပြာရောင် အကြား၊ ဘောင်းဘီက အနက်နဲ့ ခြေအိတ်က အဖြူမှာ အနက်ရောင် အနားကွပ်ထားပါတယ်။

လက်ရှိ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက်မှာ ကမ္ဘာ့ အဆင့် ၄ ထိ ရှိနေပြီး ဒါဟာ ဖေဖော်ဝါရီလ အတွင်း အဆင့် သတ်မှတ် ချက်အတိုင်း တည်မြဲနေတာ လည်း ဖြစ်ပါတယ်။ သမိုင်းတလျှောက် အသင်းကြီး ပီပီ ကမ္ဘာ့ အဆင့် ၁ ကို ရောက်ဖူးထား တာ တွေ့နိုင်ပြီး ၂၀၀၇ ခုနှစ် မတ်လ၊ အောက်တိုဘာ၊ ၂၀၀၈ ခုနှစ် ဇွန်၊ ၂၀၁၅ ခုနှစ် ဇူလိုင်ကနေ အောက်တိုဘာ၊ ၂၀၁၆ ခုနှစ် ဧပြီနဲ့ ၂၀၁၇ ခုနှစ် ဧပြီလတွေမှာ ၆ ကြိမ်တိုင်တိုင် အဆင့် ၁ အဖြစ် သတ်မှတ်ခံရဖူးပါတယ်။ စံချိန်တင် အဆင့့် လျော့ကျမှု အနေနဲ့တော့ ၁၉၉၆ ခုနှစ် သြဂုတ်လ အတွင်းက အဆင့် ၂၄ ထိ ရောက်သွားတာပဲ ဖြစ်ပါတယ်။

အသင်းက ဘောလုံးအစဉ်အလာ ကြီးမားသလို နိုင်ငံပွဲ ကစားမှုမှာလည်း သက်တမ်း ရင့်နေပြီ ဖြစ်ပါတယ်။ ပထမဆုံး နိုင်ငံပွဲကို ၁၉၀၁ ခုနှစ် မေလ ၁၆ရက်နေ့က ဥရုဂွေးနိုင်ငံ၊ မွန်တီဘိုင်ဒီရိုမှာ ဥရုဂွေးနဲ့ ကစားခဲ့ပြီး အဆိုပါ ပွဲမှာ အဝေးကွင်း ဖြစ်ပေမယ့် ၃ ဂိုး ၂ ဂိုုးနဲ့ နိုင်ခဲ့တာ တွေ့ရပါတယ်။

စံချိန်တင် အကြီးမားဆုံး ဂိုးပြတ် နိုင်ပွဲ အဖြစ်တော့ ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ဥရုဂွေးမှာ ကစားတဲ့ အီကွေဒေါနဲ့ ပွဲမှာ ၁၂ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းကြီးပီပီ ဂိုးပြတ် ရှုံးပွဲ များများစားစား မတွေ့ရဖူးပဲ အများဆုံး ၅ ဂိုးပြတ်နဲ့ပဲ ရှုံးပွဲတွေဖူးထားပြီး ချက်ကိုဆလိုဗက်ကီးယား၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ဘိုလီဗီးယားလို အသင်းတွေကို ၅ ဂိုးပြတ် ရှုံးထားဖူးပါတယ်။

ကမ္ဘာ့ဖလားမှာ ဆိုရင်လည်း ဝါရင့် အသင်းလို့ ဆိုနိုင်ပြီး အခုချိန်ထိအောင် ခြေစစ်ပွဲ ၁၇ ကြိမ်အောင်ထားတယ်။ ၁၉၃၀ ခုနှစ် ကတည်းက စတင် ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်သလို ၁၉၇၈ နဲ့ ၁၉၈၆ လို ပြိုင်ပွဲတွေမှာ ၂ ကြိမ်တိုင်တိုင် ချန်ပီယံ ဖြစ်ထားဖူးတာပါ။ Copa America ဖလားမှာလည်း ၁၉၁၆ ကတည်းက ဝင်ပြိုင်နေခဲ့တာ ဖြစ်ပြီး အခုထိ ၄၁ကြိမ် ဝင်ပြိုုင်ပြီး ချန်ပီယံ အနေနဲ့ ၁၉၂၁၊ ၁၉၂၅၊ ၁၉၂၇၊ ၁၉၂၉၊ ၁၉၃၇၊ ၁၉၄၁၊ ၁၉၄၅၊ ၁၉၄၆၊ ၁၉၄၇၊ ၁၉၅၅၊ ၁၉၅၇၊ ၁၉၅၉၊ ၁၉၉၁ နဲ့ ၁၉၉၃ ခုနှစ် တွေမှာ ချန်ပီယံ အဖြစ် စုစုပေါင်း ၁၄ ကြိမ်ထိ ဖြစ်ထားပါတယ်။ ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲမှာလည်း ၁၉၉၂ ကနေ စတင်ပြီး အခုထိ ၃ ကြိမ် ဝင်ပြိုင်ထားသလို အဆိုုပါ နှစ်မှာပဲ ချန်ပီယံ ဖြစ်ထားဖူးပါတယ်။

ကမ္ဘာ့ဖလားမှာ ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးပေမယ့် တကယ်တော့ အာဂျင်တီးနား အနေနဲ့ ဗိုလ်လုပွဲကို ၅ ကြိမ်ထိ ရောက်ဖူးတာပါ။ ၁၉၃၀ ဗိုလ်လုပွဲမှာ ဥရုဂွေးကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးလို့ ဒုတိယပဲ ရတယ်၊ ၁၉၇၈ ခုနှစ် ဗိုလ်လုပွဲမှာတော့ နယ်သာလန်ကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်တယ်၊ နောက်တော့ ၁၉၈၆ ခုနှစ် ဗိုလ်လုပွဲမှာ အနောက်ဂျာမနီကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံ ထပ်ဖြစ်တယ်။ ၁၉၉၀ ဗိုလ်လုပွဲမှာ အနောက်ဂျာမနီနဲ့ ပြန်တွေ့ပြီး ၈၇ မိနစ်မှာမှ ၁ ဂိုး အသွင်းခံရပြီး အဆိုပါ ဂိုးကြောင့် ချန်ပီယံ မဖြစ်ခဲ့တာပါ။ ၂၀၁၄ ကမ္ဘာ့ဖလားမှာလည်း မက်ဆီရဲ့ ဦးဆောင်မှုနဲ့ အတူ ဗိုလ်လုပွဲ ရောက်ပေမယ့် အချိန်ပိုမှာ ဂျာမနီရဲ့ သွင်းဂိုးကို ခွင့်ပြု လိုက်ရလို့ ဒုတိယပဲ ရခဲ့ပြန်ပါတယ်။

အိုလံပစ်ပြိုင်ပွဲတွေမှာလည်း အသင်းက ဝင်ပြိုင်ဖူးပြီး ၂၀၀၄ ခုနှစ် အေသင်နဲ့ ၂၀၀၈ ခုနှစ် ဘေကျင်း အိုလံပစ်တွေမှာ အနိုင်ရခဲ့ပါတယ်။ ဖီဖာရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့ဖလား၊ ကွန်ဖက်ဒရေးရှင်းနဲ့ အိုလံပစ် ပြိုင်ပွဲ ၃ ခုလုံးမှာ အအောင်မြင်ဆုံး အသင်း အဖြစ် အာဂျင်တီးနား အပါအဝင် ဘရာဇီး၊ ဂျာမနီ၊ ပြင်သစ်၊ စုစုပေါင်း ၄ သင်းပဲ ရှိတာပါ။ အသင်း အနေနဲ့လည်း အဓိက ပြိုင်ဘက် အနေနဲ့ ဘရာဇီး၊ ဥရုဂွေး၊ အင်္ဂလန် နဲ့ ဂျာမနီတွေ ရှိနေတာပါ။

အသင်းရဲ့ နောက်ဆုံး ရလဒ်တွေ ကတော့ ခြေစမ်းပွဲတွေမှာ လူစုံ မထုတ်သလို အလွယ် ကစားထားလို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ကစားတဲ့ ရုရှနဲ့ ပွဲမှာ ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ထားပေမယ့် နိုဝင်ဘာ ၁၄ ရက်နေ့က ကစားတဲ့ နိုက်ဂျီးရီးယား နဲ့ ပွဲမှာ ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးထားတာ တွေ့ရ့ပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင်မှာ ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေသေးပြီး မတ်လ ၇ ရက်နေ့မှာ စပိန်၊ ၂၃ ရက်နေ့မှာ အီတလီ၊ ဇွန်လ ၉ ရက်နေ့မှာ အစ္စရေး အသင်းတွေနဲ့ ကစားဖို့ ရှိနေတာပါ။

ကမ္ဘာ့ဖလားမှာတော့ အုပ်စုအဖွင့်ပွဲ အနေနဲ့ ဇွန်လ ၁၆ ရက်နေ့မှာ အိုက်စလန်၊ ၂၁ ရက်နေ့မှာ ခရိုအေးရှား၊ ၂၆ ရက်နေ့မှာ နိုက်ဂျီးရီးယားတို့နဲ့ ကစားရဖို့ ရှိနေပြီး အုပ်စုချောင်နေလို့ နောက်တဆင့် တက်ရောက်နိုင်ဖို့ အသေချာဆုံး အသင်း အဖြစ် အလေးပေး ခံထားရပါတယ်။

အသင်း အတွက် ပွဲအများဆုံး ကစားထားသူကို ကြည့်မယ် ဆိုရင် Javier Zanetti က ၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ပွဲပေါင်း ၁၄၃ ပွဲ ကစားပေးထားတာပါ။ လက်ရှိ ကစားသမားထဲမှာ ပွဲအများဆုံး ကစားထားသူ ကတော့ ၂၀၀၃ ခုနှစ်ကတည်းက အသင်းအတွက် ကစားနေတဲ့ Javier Mascherano ရှိနေပြီး ၁၄၁ ပွဲ ကစားပေး ထားပါတယ်။

အသင်း အတွက် ဂိုး အများဆုံး သွင်းယူပေးထားသူကတော့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ မက်ဆီ ဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက ကစားပေးလာခဲ့တာ ဖြစ်သလိုု ပွဲပေါင်း ၁၂၃ ပွဲမှာ ၆၁ ဂိုးထိ သွင်းယူပေးထားတာ တွေ့ရပါတယ်။ အခုနှစ် ကမ္ဘာ့ဖလား ရနိုင်ခြေများနေတဲ့ အာဂျင်တီးနား အသင်းကို စောင့်ကြည့်ရမှာ ပါ။ ။

Ref: en.m.wikipedia.org

The post မက်ဆီရဲ့ မိုးပြာရောင် အာဂျင်တီးနား တပ်သားများနဲ့ ကမ္ဘာ့ဖလား appeared first on ဧရာဝတီ.

အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဓာတ်ခွန်အား ပိုကောင်း သလား

$
0
0

ကမ္ဘာ့အဆင့် တင်းနစ်ပွဲတွေမှာ ကစားသမားတွေရဲ့ စိတ်ခံစားချက်နဲ့ ဖိအားတွေကို လေ့လာမှု လုုပ်ရာကနေ အားကစား သမားတွေထဲမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် စိတ်ဖိစီးမှု ပိုမို ခံစားကြရတယ် ဆိုတာ တွေ့လာရသလို အမျိုးသမီး ကစားသမားတွေ ကတော့ စိတ်ဖြေသိမ့် ကျေနပ်မှု မြန်မြန် ပြန်ရတတ်ပြီး ဖိအားနည်းနည်းနဲ့ အမြန်ဆုံး ပြန် ကစားနိုင်တယ် ဆိုတာ သိလာရပါတယ်။

လေ့လာသူတွေက ကျား၊ မ မခွဲဘဲ ပြိုင်ပွဲ အပေါ်မှာ ထားရှိတဲ့ စိတ်နေသဘောထားနဲ့ ပတ်သတ်ပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်ခဲ့ကြပြီး အမျိုးသမီး ကစားသမားတွေ ကတော့ ပွဲပန်းမှု၊ ရှုံးပွဲဆက်မှုတွေ အတွက်ကိုပဲ စိတ်ဖြေသိမ့်မှု မြန်ုမြန် ပြန်ရပြီး လက်ရှိ အချိန်၊ ပြိုင်ပွဲအပေါ် အာရုံ ပြန်ထည့်နိုင်တာ မြန်ဆန်တယ် လို့ ဆိုပါတယ်။

ကိုယ်ခန္ဓာ အင်အားချင်း ကြည့်ရင်တော့ အမျိုးသားတွေက အမျိုးသမီးတွေထက် သာလွန် သန်မာတာ မှန် ပေမယ့် အခု လေ့လာချက် အရတော့ အမျိုးသမီးတွေက စိတ်ဓာတ် ခွန်အားမှာတော့ အမျိုးသားတွေထက် အသာရနေ ပြန်တာ တွေ့ရပါတယ်။

အထူးသဖြင့် ဗိုလ်လုပွဲလို၊ ရှုံးထွက် ကစားပွဲလို အရေးကြီးတဲ့ ပွဲတွေ၊ ရှုံးပွဲတွေ ဆက်နေမှု အတွက်ကိုပဲ အမျိုးသမီးတွေဟာ စိတ်ညစ်နေတဲ့၊ စိတ်ဓာတ်ကျနေတဲ့ အနေအထားကနေ မြန်မြန်ဆန်ဆန် ပြန်လည် ရုန်းထွက်နိုင်တာ တွေ့ရတယ် လို့ လေ့လာချက်က ဆိုပါတယ်။ အမျိုးသားတွေကတော့ ဒီလို ပြိုင်ပွဲ ဖိအားတွေနဲ့ ပတ်သတ်ပြီး စိတ်ခံစားချက်များ သလို ပြိုင်ပွဲ အတွင်းမှာလည်း အဆိုုပါ ဖိအားတွေကြောင့် အမှားတွေနဲ့ တွေ့ရဖို့ ရာခိုင်နှုန်း ပိုတာ တွေ့လာရပါတယ်။

ဆွစ်ဇာလန်နိုင်ငံက University of St. Gallen က လေ့လာသူတွေက Grand Slam တင်းနစ်ပြိုင်ပွဲပေါင်း ၈၂၀၀ ကျော်ကို ပြန်လည် သုံးသပ် လေ့လာမှု လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ ၂၀၁၀ ခုနှစ် အတွင်းက ပြင်သစ်၊ အမေရိကန်၊ သြစတြေးလျနဲ့ ဝင်ဘယ်ဒန် ပြိုင်ပွဲတွေကနေ စပြီး နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေ အထိ စောင့်ကြည့်လေ့လာမှု ပြန်လုပ် ခဲ့တာပါ။

ဒီလို စောင့်ကြည့်မှုမှာ တွေ့လာရတာက အမျိုးသား ကစားသမားတွေ အနေနဲ့ ဖိအား တခုခု ရှိလာတာနဲ့ ပြိုင်ပွဲ ရလဒ် မကောင်းတော့တာမျိုး ပိုများပြီး အထူးသဖြင့် ၄-၄ လို ရမှတ်တူ အမှားမခံတော့တဲ့ ပြိုင်ပွဲ အနေအထားမျိုးမှာ စိတ်ပူပန်မှု တိုးလာပြီး အမှားတွေ ဖြစ်တာ တွေ့ရတယ် လို့ ဆိုုပါတယ်။ တွက်ချက်ကြည့်မှု အရ အခုလိုု အမှတ်တူ ပွဲကျပ် အနေအထားမှာ အမျိုးသားတွေက စိတ်ဖိစီးမှု အမှားကြောင့် ရှုံးပွဲတွေ့ဖို့ ၇ ရာခိုင်နှုန်း ပိုလာစေတယ်လိုု့ ဆိုပါတယ်။

ကျား၊ မ တင်းနစ်ပွဲပေါင်း ၈၂၈၀ လောက်ကို လေ့လာစောင့်ကြည့်တာ အရ အမျိုးသားတွေရဲ့ ပြိုင်ပွဲ အပေါ် စိတ်ဖိစီးမှုက ပိုများတယ်၊ အမှားလည်း ပိုတယ်၊ အမျိုးသမီးတွေကတော့ စိတ်ဖိစီးမှု အနည်းဆုံး ပုံစံနဲ့ ဆက်လက် ပြိုင်ပွဲ ဝင်နိုင်တာ တွေ့ရတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် အခုလို စိတ်ဖိစီးမှု အပိုင်းမှာသာ အမျိုးသမီးတွေက ဖြေသိမ့်နိုင်မှု မြန်ဆန် ကောင်းမွန် ပေမယ့် ခွန်အားနဲ့ ပွဲဆက်များများ၊ ရေကုန်ရေခမ်း ကစားလာရချိန်မှာတော့ ခွန်အားပိုင်း အကျမြန်တာ တေ့ွရတယ် လို့ ဆိုပါတယ်။ အမျိုးသားတွေထက် ကိုပဲ ခွန်အား ကျဆင်းမှုက ပွဲချိန်ကြာ၊ ပွဲဆက်များလာရင် ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပါ သတဲ့။

၂၀၁၀ ခုနှစ် အတွင်းက Christopher Cotton, Frank McIntyre နဲ့ Joseph Price တို့ရဲ့ လေ့လာချက် တခုမှာလည်း အမျိုးသားတွေရဲ့ ပြိုင်ပွဲ ရလဒ် ကောင်းမွန်မှု အပေါ်ကို စိတ်ဖိစီးမှု ပိုုထားတယ်၊ ဒါပေမယ့် ပိုမို အားထုတ်လေ့ ရှိပြီး အနိုင်ရလိုစိတ် များသွားတယ် လို့ ဆိုထားသလို ပြိုင်ပွဲတွင်း စိတ်ဖိစီးမှုကနေ အမှားတွေ ပိုစေတာ တွေ့ရတယ် လို့ ဆိုပါတယ်။

အမျိုးသမီးတွေကတော့ စိတ်ဓာတ်ပိုင်းမှာ ဖြေသာနိုင်မှု လွယ်တာကြောင့် အမှားတွေကနေ အမြန်ဆုံး ပြန်လည် ရုန်းထွက်နိုင်တာ တွေ့ရပြီး နိုင်ပွဲရဖို့ ပိုမို နီးစပ်တယ်လိုု့ ဆိုပါတယ်။

ဘော်စတွန်တက္ကသိုလ်က စီးပွားရေး ပညာရှင် ပါမောက္ခ M. Daniele Paserman ကလည်း ကျား၊ မ ကစားသမားတွေမှာ ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ ဖိအား ကိုယ်စီ ရှိပြီး ဒီဖိအားတွေကို ဖယ်ထုတ်နိုင်သူတွေက ရလဒ်ပိုကောင်းအောင် ကစားနိုင်တယ် လို့ ပြောပါတယ်။

ကျား-ကျား၊ မ-မ လို တင်းနစ်ပြိုင်ပွဲတွေမှာ စိတ်ဖိစီးမှု ရှိသူတွေက အရှုံးများတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ကျား-ကျား ချင်း တင်းနစ်ပွဲတွေမှာ စိတ်ဖိစီးမှု ပိုများတဲ့ ကစားသမားက ရှုံးသလို ကျားတွေက အမှားများများ ပိုလုပ်တတ်ပေမယ့် မ-မ ပွဲစဉ်တွေမှာတော့ တကြိမ်၊ နှစ်ကြိမ် မှားသွားပြီး ဖြစ်သည့် တိုင်အောာင် နောက်ထပ် ထပ်မမှားအောင် ကြိုးစား ကစားနိုုင်တာ ပိုုတယ်လို့ ဆိုပါတယ်။

ဒါဟာ ဇီဝဖြစ်စဉ် တခုလည်း ဖြစ်နိုင်ပါတယ်၊ အမျိုးသားတွေမှာ နှလုံးခုန်မှုနဲ့ သွေးလည်ပတ်မှုတွေက အမျိုးသမီးတွေထက် မြန်တယ်၊ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းလည်း ထွက်ရှိမှု ပိုလာစေပြီး စိတ်ဖိစီးမှု ပိုများလာစေ သလိုု အမှားတွေ ကျုးလွန် မိလာစေတာ ဖြစ်နိုင်တယ် လို့ ရှင်းပြပါတယ်။ ကျား-မ နှစ်ယောက်တွဲ ပွဲတွေမှာ ဆိုရင်လည်း ကျားတွေက အမှားတွေ အတွက် ထပ်မှားမိ နေတတ်ကြပေမယ့် မ-တွေကတော့ အမှားတွေကို အမြန်ဆုံး ပြင်ဆင် ကစားနိုင်လေ့ ရှိတယ် လို့လည်း ဆိုပါတယ်။

ရုပ်ပိုင်းဆိုင်ရာမှာတော့ အမျိုးသားတွေက အသာရ၊ သန်မာနေဆဲပါ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားကင်းကင်း နေနိုင်၊ ကစားနိုင်မှုမှာတော့ အမျိုးသမီးတွေက သာပါတယ်။ ရလဒ်လည်း ပိုကောင်းအောင် စွမ်းနိုင်ကြပါတယ်။ ဒါဟာ သဘဝက ပေးတဲ့ အားသာချက် တခုလည်း ဖြစ်ပါတယ် လို့ ဖော်ပြထားပါတယ်။

Ref: www.businessinsider.com

The post အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဓာတ်ခွန်အား ပိုကောင်း သလား appeared first on ဧရာဝတီ.

ကြောင်နက်များရဲ့ ပဲကိုင်ရှင် အမေရိကန်လူမျိုးက ဘယ်သူလဲ

$
0
0

ဆန်းဒါးလန်းအသင်း ဆိုတာ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ ပရီးမီးယားလိဂ်မှာ အမြဲလိုလို ကျင်လည်နေတဲ့ အသင်း တသင်း။ ဒါပေမယ့် အရင်နှစ် ၂၀၁၆-၁၇ ရာသီမှာ အမှတ်ပေးဇယားမှာ အဆင့် ၂၀ ရောက်သွားလို့ လတ်လတ်ဆတ်ဆတ် တန်းဆင်းထားရပေမယ့် မျှော်လင့်ရတာက မကြာခင် တန်းပြန်တက်လာလိမ့်မယ် ဆိုတာပါပဲ။

အကြောင်းက တခြား အင်္ဂလန် အခြေစိုက် အသင်းတွေနဲ့စာရင် ဝါရော သမ္ဘာရော ပညာပါ သာလို့ နယူးကာဆယ် လိုပဲ တနှစ် တန်းဆင်းရတယ်၊ ဒါပေမယ့် နောက်နှစ် ချန်ပီယံရှစ်မှာ ချန်ပီယံ ဖြစ်ပြီး တန်းပြန်တက်လာသလို ပြန်တက်လာမယ့် အသင်းပါ။

ဆန်းဒါးလန်းကို တချို့က မန်ယူရဲ့ အသင်းငယ်လို့တောင် ပြောကြပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မန်ယူရဲ့ ကစားသမား တော်တော်များများ ဆန်းဒါးလန်းကို အငှားချတာတွေ၊ ပြောင်းရွှေ့ခွင့် ပေးလေ့ ရှိတာတွေ ကြောင့်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အရင်နှစ်က ရလဒ်တွေ ဆိုးရွားမှုကို ဆန်းဒါးလန်း အနေနဲ့ ပြန်ပြီး အဖတ်ဆယ်နိုင် လိမ့်မယ် လို့ ယူဆရပါတယ်။

တကယ်တော့ ဘောလုံး အသင်းတသင်း အောင်မြင်မှု ရဖို့ ဆိုတာ အသင်း ဥက္ကဌရော အသင်းပိုင်ရှင်နဲ့ပါ သက်ဆိုင်မှု ရှိနေပါတယ်။ အသင်း အသုံးစရိတ် အတွက် ငွေကြေး လုံလုံလောက်လောက် ချပေးမှ ကစားသမားကောင်းတွေ ခေါ်နိုင် မယ်၊ နည်းပြကောင်းတွေ ခေါ်နိုင်မယ် ပေါ့။

ဆန်းဒါးလန်း တန်းဆင်းသွားရတော့ အသင်းပိုင်ရှင် အီးလစ်စ်ရှော့ထ် (Ellis Short) မှာ တာဝန်မကင်းဘူး လို့ ရမှာပါ။ အီးလစ်စ်ရှော့ထ်က အသင်း အတွက် ဘယ်လို ပိုင်ရှင်မျိုးပါလဲ။

၁၉၆၀ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ မစ်ဇူရီပြည်နယ်၊ အင်ဒီပန်းဒန့်စ်မှာ အီးလစ်စ်ရှော့ထ်ကို မွေးပါတယ်။ အိုင်းရစ်-အမေရိကန် လူမျိုး ဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ စီးပွားရေး အများစုရှိရာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ နေထိုင်နေသူ ဖြစ်ပါတယ်။

မစ်ဇူရီ သိပ္ပံနဲ့ နည်းပညာ တက္ကလိုလ်ကနေ ၁၉၈၃ ခုနှစ်က Mechanical ပိုင်းနဲ့ ဘွဲ့ရခဲ့သူပါ။ သူ့ရဲ့ အဓိက လုုပ်ငန်း အနေနဲ့က အခု ဆန်းဒါးလန်းအသင်းကို ဝယ်ယူပိုင်ဆိုင်ထားတာနဲ့ Kildare Partners လုပ်ငန်းစုကို တည်ထောင် လုပ်ကိုင်နေတာတွေ ဖြစ်ပါတယ်။

အခုနောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေထဲ ရင်းနှီးမြှပ်နှံထားမှုတွေ အရ ပိုင်ဆိုင်မှု အတိအကျ မသိရပေမယ့် ၂၀၁၅ ခုနှစ်က ထုတ်ခဲ့တဲ့ နောက်ဆုံး စာရင်းတွေ အရတော့ အီးလစ်စ်ရှော့ထ်က စတာလင်ပေါင် ၁ ဘီလီယံလောက်ထိ ချမ်းသာကြွယ်ဝသူလို့ သိရပါတယ်။ သူက ဆန်းဒါးလန်းလို အသင်းကို ပိုင်ဆိုင် လုပ်ကိုင်နေသူ၊ ဇနီးသည်ကလည်း တင်းနစ်မယ် (Eve Zimmerman)၊ ဆိုတော့ သူဟာ အားကစားဘက်ကို အားသန်သူလို့ ပြောရမှာပါ။

ကျောင်းပြီးတာနဲ့ ၁၉၈၃ ခုနှစ်မှာပဲ အီးလစ်စ်ရှော့ထ် တယောက် General Electric မှာ အလုပ်ဝင်ခဲ့ပါတယ်။ ၁၉၉၅ ရောက်တော့ သူ Lone Star Funds နဲ့ ချိတ်ဆက်တယ်။ ဒီအဖွဲ့က ဒဲလက်မှာ အခြေစိုက်ထားတာ ဖြစ်ပြီး သူက အဖွဲ့ရဲ့ ဥက္ကဌလည်း ဖြစ်လာ သလို အာရှဒေသဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဦးဆောင်သူ ဖြစ်လာတယ်။

၂၀၀၃ ခုနှစ် ရောက်တော့ အီးလစ်စ်ရှော့ထ်က Skibo Castle ဆိုတဲ့ စကော့တလန်က ဟိုတယ်နဲ့ ကလပ်နဲ့ တွဲဖက် ဖွင့်လှစ်ထားတဲ့ လုပ်ငန်းကို ပေါင် ၂၃ သန်းနဲ့ ဝယ်ယူလုပ်ကိုင်တယ်။ ဒီဟော်တယ်က ၂၀၀၀ ခုနှစ် အတွင်း နာမည်ကျော် အဆိုတော် မက်ဒေါနားရဲ့ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပခဲ့တာမို့ လူသိများတဲ့ ဟော်တယ်ကြီးလည်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်ရောက်တော့ ဆန်းဒါးလန်း အသင်းရဲ့ ရှယ်ယာ တချို့ကို အီးလစ်စ်ရှော့ထ် စတင်ဝယ်ယူပါတယ်။ အဆိုပါ နှစ်ကုန်ပိုင်း မှာပဲ ကျန်တဲ့ အသင်းရဲ့ ရှယ်ယာတွေကို Drumaville Construction ဆီကနေ အပြီးသတ် ဝယ်ယူပြီး အသင်း တသင်းလုံးကို သူပိုင်ဆိုင်လာခဲ့တာ သူဟာ Black Cats (ကြောင်နက်များ) အသင်းရဲ့ ပဲကိုင်ရှင် ဖြစ်လာပါတော့တယ်။

ဒါပေမယ့် သူ အသင်းကို ဝယ်လိုက်တော့ အဆိုပါ အချိန်က အသင်းနည်းပြ Roy Keane နဲ့ အဆင်မပြေလို့ နည်းပြက နုတ်ထွက် သွားပါတယ်။ ၂၀၀၉ ခုနှစ် မေလအတွင်းမှာတော့ အသင်းဟာ သူ တဦးတည်းပိုင် အဖြစ် အပြီးသတ် ဝယ်ယူနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ဒီလို အင်္ဂလန် အခြေစိုက် ဆန်းဒါးလန်းကို ဝယ်ယူလိုက်နိုင်တာက အမေရိကန်လူမျိုး အင်္ဂလန် အသင်းပိုင်ရှင် ယခင်က ၃ ဦးပဲ ရှိတဲ့ အထဲမှာ အီးလစ်စ်ရှော့ထ်က လေးဦးမြောက် မှတ်တမ်းဝင်သွားပါတယ်။ အရင်ကတော့ မန်ယူ၊ အက်စတွန်ဗီလာ၊ လီဗာပူးလ် အသင်းတွေကို အမေရိကန်တွေ ပိုင်ဆိုင်ထားတာပါ။

၂၀၁၁ ခုနှစ် နိုဝင်ဘာမှာ အသင်းရလဒ်တွေ ဆိုးရွားမှုကြောင့် နည်းပြသစ် ဖြစ်လာသူ Steve Bruce ကို ထုတ်ပယ်တယ်။ နည်းပြ လစ်လပ်သွားပြီး ၉ ရက်အကြာမှာ Martin O’Neill ကို အစားထိုးတယ်။ မာတင်အိုနေး လက်ထဲမှာ ဆန်းဒါးလန်းဟာ တော်တော်လေး ခြေစွမ်းပြန်တက်လာ ပါတယ်။ ဒါပေမယ့် အိုနေးလဲ ၂ နှစ်ပဲ နေတယ်၊ Gus Poyet ရောက်လာတယ်။

၂၀၁၅ ခုနှစ်မှာတော့ Dick Advocaat ရောက်လာတယ်။ ဒါပေမယ့် အသင်းက နှစ်တိုင်းလိုလို ရလဒ်ကောင်းကောင်း မရဘဲ ဖြစ်နေခဲ့လို့ ၂၀၁၅ ရာသီမှာ နာမည်ကြီး Sam Allardyce ကို ခေါ်တယ်၊ ဆမ်အလာဒိုက်စ်လည်း အသင်းကို မကယ်နိုင်ဘူး၊ အဲဗာတန်မှာ နည်းပြချိန်က နာမည်ရခဲ့ သလို မန်ယူရဲ့ အနာဂါတ် နည်းပြလို့ တင်စားခံခဲ့ရပြီး မန်ယူနည်းပြ ဖာဂူဆန် အနားယူ သွားပြီး နောက်ပိုင်း မန်ယူကို ခဏတာ နည်းပြခဲ့ရတဲ့ David Moyes ကို ၂၀၁၆ ခုနှစ်မှာ ခေါ်တယ်။

ဘယ်လောက်ထိ ကံဆိုးသလဲ ဆိုရင် မိုးရေးလက်ထဲမှာ အသင်းက အဆင့် ၂၀ နဲ့ ရာသီသိမ်းပြီး တန်းတောင် ဆင်းသွားခဲ့ရ ပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ Simon Grayson ဆန်းဒါလန်းကို ရောက်လာတယ်။ ရာသီအစပိုင်း ရလဒ် ဆိုးရွားမှုတွေကြောင့် ဆိုင်မွန်ဂရေးဆင်လည်း နားသွားတယ်။ ၂၀၁၇ နိုဝင်ဘာ ၁၉ ရက်မှာ လက်ရှိ နည်းပြ Chris Coleman ရောက်လာပြီးနောက် အသင်းက အခုတော့ ခြေစွမ်းပြန်လည် တည်ငြိမ်လာနေတာ တွေ့ရပါတယ်။

ဒါဆိုရင်တော့ အီးလစ်စ်ရှော့ထ်က အသင်းကို ပစ်ထားသူ မဟုတ်ဘဲ နည်းပြ အပြောင်းအလဲတွေ လုုပပ်တယ်၊ နည်းပြကောင်းတွေ ခေါ်ပေးတယ်။ အသင်းကို ရလဒ်ကောင်းအောင် သူ စွမ်းသလောက်တော့ ကြိုးစားနေတာ မြင်ရပါတယ်။

ဒါပေမယ့် လူတယောက်မှာ ကံနိမ့်ချင်ရင် အစစ အရာရာ အဆင်မပြေ ဖြစ်တတ်လေ့ ရှိတော့ အသင်းလည်း တန်းဆင်း သွားရတာ ကံတရားလို့ပဲ ပြောရတော့မှာပါ။ ဒါပေမယ့် အသင်း အနေနဲ့ အဆင်မပြေသေးပေမယ့် အီးလစ်စ်ရှော့ထ်ကတော့ တခြား ပိုင်ဆိုင်မှုတွေ၊ လုပ်ငန်းတွေနဲ့ စီးပွားဖြစ်နေဆဲပါ။ အင်္ဂလန်မှာ လာပြီး တောက်ပနေတဲ့ အမေရိကန်ကြယ်တပွင့် ပေါ့။

Ref: en.my.wikipedia.org

The post ကြောင်နက်များရဲ့ ပဲကိုင်ရှင် အမေရိကန်လူမျိုးက ဘယ်သူလဲ appeared first on ဧရာဝတီ.

ဘရာဇီးကို ကမ္ဘာ့ဖလားမှာ ပြန်မျှော်လင့်နိုင်ဦးမလား

$
0
0

လက်ရှိ ဘောလုံးလောကမှာ ကလပ်အသင်း အလိုက် ပရိတ်သတ် အများဆုံး ရှိနေတဲ့ ပြိုင်ပွဲတွေက ဥရောပမှာ ရှိတဲ့ ပြိုင်ပွဲတွေ ဆိုပေမယ့် နိုင်ငံအသင်း အလိုက် အောင်မြင်မှု အများဆုံးရထားတဲ့ အသင်းကတော့ တောင်အမေရိကတိုက်ရဲ့ အင်အားအကြီးဆုံး ဘရာဇီးပါ။

ဘရာဇီးနိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အသင်း အနေနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်နေတာ ဖြစ်ပြီး ဘရာဇီးဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အသင်းဖြစ်ပါတယ်။ ၁၉၁၆ ကတည်းက တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် လက်အောက်ခံနယ်ဝင် အသင်း ဖြစ်ပေမယ့် ၁၉၂၃ ခုနှစ်ရောက်မှ ဖီဖာရဲ့ တရားဝင် အသိအမှတ်ပြု ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဘရာဇီးအသင်းရဲ့ နည်းပြက Tite ပါ၊ သူ့ အမည်အရင်းက Adenor Leonardo Bacchi ဖြစ်ပေမယ့် Tite လို့ပဲ ခေါ်ကြပါတယ်။ အရင်က ဘရာဇီးအသင်းသားဟောင်း ဖြစ်ပြီး ကစားသမားဘဝက အနားယူပြီး နည်းပြလောကမှာ ကျင်လည်နေသူပါ။ အသင်းခေါင်းဆောင် အဖြစ်နဲ့တော့ ပုံသေ ရွေးချယ်ထားမှု မရှိဘဲ ဝါရင့် ကစားသမားတွေကို အလှည့်ကျ ပုံစံ ခန့်အပ်တာဝန် ပေးတတ်တာ တွေ့ရပါတယ်။

ESPN ကနေ ဖော်ပြချက် အရတော့ အခုလာမယ့် ကမ္ဘာ့ဖလား အတွက် ဘရာဇီးအသင်းက ဂိုးသမား အနေနဲ့ ရိုးမားမှာ ကစားနေတဲ့ Alisson ပါမယ်၊ ကိုရင်သီယန်မှာ ကစားနေတဲ့ Cassio နဲ့ မန်းစီးတီးမှာ ကစားနေတဲ့ Ederson တို့ကို ရွေးချယ်ထားတာပါ။

နောက်တန်း အတွက်က မန်းစီးတီးမှာ ကစားနေတဲ့ Danilo၊ အင်တာမီလန်မှာ ကစားနေတဲ့ Miranda၊ ပီအက်ဂျီမှာ ကစားနေတဲ့ Marquinhos, Thiago Silva, Daniel Alves၊ မိုနာကိုမှာ ကစားနေတဲ့ Jemerson၊ အက်သလက်တီကိုမှာ ကစားနေတဲ့ Fillipe Luis နဲ့ ရီးရဲမက်ဒရစ်မှာ ကစားနေတဲ့ Marcelo တို့ ပါဝင်ပါတယ်။

အလယ်တန်း အတွက်ကို ရီးရဲမှာ ကစားနေတဲ့ Casemiro၊ မန်းစီးတီးမှာ ကစားနေတဲ့ Fernandinho၊ ဘာစီလိုနာမှာ ကစားနေတဲ့ Paulinho၊ ပေကျင်းဂူအန်မှာ ကစားနေတဲ့ Renato Augusto၊ လီဗာပူးလ်မှာ ကစားနေတဲ့ Philippe Coutinho၊ ချယ်ဆီမှာ ကစားနေတဲ့ Willian၊ ဂရီမီယိုမှာ ကစားနေတဲ့ Athur၊ ဖလာမင်ဂိုမှာ ကစားနေတဲ့ Diego၊ ရှက်တာဒိုးနက်မှာ ကစားနေတဲ့ Fred တို့ ဖြစ်ပါတယ်။

ရှေ့တန်း အတွက်ကတော့ ရှန်ဒေါင်းလူနန်မှာ ကစားနေတဲ့ Deigo Tardelli၊ မန်းစီးတီးမှာ ကစားနေတဲ့ Gabriel Jesus၊ ပီအက်ဂျီမှာ ကစားနေတဲ့ Neymar၊ လီဗာပူးလ်မှာ ကစားနေတဲ့ Roberto Firmino တို့ကို ရွေးချယ်ထားတာ တွေ့ရပါတယ်။

အိမ်ကွင်းမှာ ဝတ်စုံ အနေနဲ့ အကျႌကို အဝါရောင်၊ ဘောင်းဘီက အပြာရောင်၊ ခြေအိတ်ကတော့ အဖြူရောင်ပါ။ အဝေးကွင်း ဝတ်စုံ အနေနဲ့တော့ အကျႌကို အပြာရောင်၊ ဘောင်းဘီက အဖြူနဲ့ ခြေအိတ်ကတော့ အပြာရောင်ကို ဝတ်ဆင် ကစားတာ တွေ့ရပါတယ်။

လက်ရှိမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အနေနဲ့ ဘရာဇီးက ဖီဖာ သတ်မှတ်ချက် အဆင့် ၂ မှာပါ။ ဒါက ဖေဖော်ဝါရီလ ကတည်းက အဆင့်ကို ဆက်လက် ထိန်းထား နေနိုင်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး အသင်းလို့ ဆိုနိုင်လောက်တဲ့ အသင်းကြီးဖြစ်လို့ လစဉ် အဆင့် သတ်မှတ်ချက် ပြောင်းလဲမှုမှာ ကမ္ဘာ့ အကောင်းဆုံး အဆင့် ၁ နေရာကို ၁၅၃ ကြိမ်ထိအောင် သတ်မှတ်ခံရဖူးတာလည်း တွေ့ရပါတယ်။ သမိုင်းတလျှောက် စံချိန်တင် အဆင့် အနိမ့်ဆုံး အဖြစ်နဲ့တော့ ၂၀၁၃ ခုနှစ် ဇွန်လ အတွင်းက အဆင့် ၂၂ ထိအောင် ၁ ကြိမ် ရောက်သွားဖူးတာပဲ ရှိပါတယ်။

အသင်းက နိုင်ငံပွဲ ကစားမှု အနေနဲ့ ၁၉၁၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်က မက္ကဆီကို နိုင်ငံ၊ မက္ကဆီကိုစီးတီးမှာ အာဂျင်တီးနားနဲ့ ပထမဆုံးပွဲ ကစားခဲ့ပြီး အဖွင့့်မကောင်းဘဲ ၃ ဂိုး ဂိုး မရှိနဲ့ ရှုံးခဲ့ပါတယ်။ သမိုင်းတလျှောက် အကြီးမားဆုံး နိုင်ပွဲ အဖြစ်တော့ ၁၉၇၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ချီလီနိုုင်ငံ၊ ဗီနာ ဒယ် မာမှာ ကစားတဲ့ နီကာဂွာရာနဲ့ ပွဲမှာ ၁၄ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာပါ။ ဒီလိုပဲ စံချိန်တင် ဂိုးပြတ်ရှုံးပွဲ အနေနဲ့ ၁၉၂၀ စက်တင်ဘာ ၁၈ ရက်က ဥရုုဂွေးနဲ့ ပွဲရယ်၊ ၂၀၁၄ ခုနှစ် ဇူလိုင် ၈ ရက်က ကစားတဲ့ ဂျာမနီနဲ့ ပွဲတွေမှာ ၆ ဂိုးပြတ် ရှုံးဖူးတာ တွေ့ရပါတယ်။

ဘရာဇီးဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု အမြင့်ဆုံး အသင်းပါ။ အခုထိအောင် ခြေစစ်ပွဲ ၂၁ ကြိမ် အောင်ပြီး ဝင်ခွင့်ရထားတယ်၊ ချန်ပီယံ ၅ ကြိမ်ထိအောင် ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ရထားပါတယ်။ Copa America ဖလားပွဲမှာလည်း ဘရာဇီးရဲ့ သြဇာကြီးမားမှုကို တွေ့နိုင်ပြီး ၁၉၁၆ ကတည်းကနေ အခုထိအောင် ၃၅ ကြိမ် ဝင်ပြိုင်ပြီး ချန်ပီယံံ ၈ကြိမ် ဖြစ်ထားပါတယ်။

ကွန်ဖက်ဒရေးရှင်း ဖလားမှာလည်း ၁၉၉၇ ကတည်းကနေ ၇ ကြိမ် ဝင်ခွင့်ရသလို ချန်ပီယံ ၄ ကြိမ် ဖြစ်ထားတာတွေက ဂုဏ်ယူစရာ သမိုင်းကြောင်းတွေပါ။ အိုလံပစ်ပြိုင်ပွဲတွေမှာလည်း ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်မှာ ရွှေ၊ ၁၉၈၄ ခုနှစ် လော့အိန်းဂျလိစ် အိုလံပစ်မှာ ငွေ၊ ၁၉၈၈ ဆိုးလ်အိုလံပစ်မှာ ငွေ၊ ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်မှာ ငွေ၊ ၁၉၉၆ ခုနှစ် အန်တလန်တာ အိုလံပစ်မှာ ကြေး၊ ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ်မှာ ကြေး ဆုတွေ ရထားဖူးပါတယ်။

ဘရာဇီးဟာ ကမ္ဘာပေါ်က တိုက်အစုံမှာ ကမ္ဘာ့ဖလား ရထားဖူးတဲ့ ၁ သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ဖလားရချိန်က ဆွီဒင်မှာ အောင်ပွဲခံလို့ ဥရောပမြေမှာ ဖလားရတာပါ၊ ၁၉၆၂ ခုနှစ် ချီလီမှာ ဖလားထပ်ရတော့ တောင်အမေရိကတိုက်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

၁၉၇၀ မက္ကဆီကိုနဲ့ ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားတွေမှာ ဖလား ၂ လုံးရတော့ မြောက်အမေရိကတိုက်မှာ ဖလား ၂ ကြိမ် ကိုင်မြှောက်တယ်၊ ၂၀၀၂ ခုနှစ် ဂျပန်၊ ကိုရီးယား ကမ္ဘာ့ဖလားမှာ ဖလားရပြန်တော့ အာရှမှာ အောင်ပွဲ ထပ်ခံထားတာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံ အသင်းပွဲစဉ်တွေမှာ စပိန်နဲ့ အတူ ၃၅ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကိုလည်း တင်ထားနိုင်ပါသေးတယ်။

အသင်းရဲ့ နောက်ဆုံး ခြေစမ်းပွဲတွေကိုတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ချီလီနဲ့ ကစားတယ်၊ ၃ ဂိုးပြတ်နဲ့ နိုင်တယ်၊ နိုဝင်ဘာ ၁၀ ရက်က ဂျပန်နဲ့ ကစားထားတယ်၊ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်တယ်၊ နိုဝင်ဘာ ၁၄ ရက်က အင်္ဂလန်နဲ့ သရေကျထားတယ်၊ ရလဒ်တွေကတော့ အားရစရာပါ။

ကမ္ဘာ့ဖလားမတိုင်ခင် လာမယ့် မတ် ၂၃ ရက်မှာ ရုရှ၊ ၂၇ ရက်မှာ ဂျာမနီ၊ ဇွန် ၃ ရက်မှာ ခရိုအေးရှား၊ ၁၀ ရက်မှာ သြစတီးယားတွေနဲ့ ခြေစမ်းပွဲတွေ ကစားမှာပါ။

ကမ္ဘာ့ဖလားပွဲစဉ် အနေနဲ့ကတော့ အုပ်စု အဖွင့်ပွဲ အနေနဲ့ ဇွန်လ ၁၇ ရက်မှာ ဆွစ်ဇာလန်၊ ၂၂ ရက်မှာ ကော်စတာရီကာ၊ ၂၇ ရက်မှာ ဆားဘီးယားတွေနဲ့ ကစားမှာ ဖြစ်ပြီး အုပ်စုတွင်း အင်အားအကြီးဆုံး အသင်း အဖြစ်ရော ၁၆ သင်း အဆင့် တက်ရောက်ဖို့ပါ ရေပန်းအစားဆုံး အသင်း တသင်း အဖြစ် သတ်မှတ်ခံထားရတာပါ။

လက်ရှိ ဘရာဇီးရဲ့ လူူအင်အားစုဖွဲ့မှု အရလည်း စပိန်၊ ဂျာမနီတို့နဲ့ အပြိုင် အခုနှစ် ကမ္ဘာ့ဖလားကို ကောင်းကောင်း စိန်ခေါ်နိုင်စွမ်း ရှိနေတယ်လို့ ဘောလုံး သုံးသပ်သူတွေက

The post ဘရာဇီးကို ကမ္ဘာ့ဖလားမှာ ပြန်မျှော်လင့်နိုင်ဦးမလား appeared first on ဧရာဝတီ.

ရုရှားကမ္ဘာ့ဖလားကို နာဇီခေတ် အိုလံပစ်နှင့်နှိုင်းယှဉ်၍ ဗြိတိန် စွပ်စွဲပြောဆို

$
0
0

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲ လက်ခံကျင်းပကာ ၁၉၃၆ ခုနှစ် က နာဇီအာဏာရှင် ဟစ်တလ အိုလံပစ်ပွဲကို အသုံးချသည့် အတိုင်း ရုရှား၏ ဂုဏ်သတင်းကို မြှင့်တင် လိမ့် မည်ဟု ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်က ပြောလိုက်သည်။

ထိုသို့ ဂျာမနီက လက်ခံကျင်းပခဲ့သည့် ၁၉၃၆ ခုနှစ် အိုလံပစ်ပွဲနှင့် ၂၀၁၈ခု ရုရှားတွင် ကျင်းပမည့် ကမ္ဘာဖလား ကို နှိုင်းယှဉ် စတင်ပြောဆိုသူမှာ ဗြိတိန် အတိုက်အခံ ပါလီမန်အမတ် အီယန်အော် စတင်ဖြစ်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်ကပါ သံယောင်လိုက်ကာ ထိုအကဲဖြတ်ချက်ကို သဘောတူကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့ဖလားပွဲကျရင် မော်စကိုမှာ ဖြစ်လာမယ့် ကိစ္စတွေ ခင်ဗျား ပြောသွားတာ အရမ်းကောင်းတယ်၊ ဘယ်နေရာက ကြည့်ကြည့် ၁၉၃၆ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် လုံးဝမှန်တယ်”လို့ ဘောရစ်ဂျွန်ဆင်က ပြောတာ ဖြစ်ပါတယ်။

ရုရှားနှင့် ဗြိတိန်အကြား လတ်တလောဖြစ်ပွားနေသည့် ပြဿနာမှာ ရုရှား နှစ်ဖက်ချွန် သူလျှို ဆာဂျေ စကေရီ ပယ် ဓာတုအဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ရုရှားသံတမန် ၂၃ဦး ကို ဗြိတိန်က နှင်ထုတ်ခဲ့ သလို ဘောရစ်ဂျွန်ဆင် ပါလီမန်သို့ ရောက်လာခြင်းမှာလည်း ယင်းလုပ်ကြံသတ် ဖြတ်မှုနှင့် ပတ်သက်၍ ဖြေကြားရန် ဖြစ်သည်။

လာမည့် ရုရှားကမ္ဘာ့ဖလားသို့ ဗြိတိန်အနေဖြင့် ဝန်ကြီးများ၊ တော်ဝင်မိသားစုများကို စေလွှတ်မည် မဟုတ် ဟု သိရသည်။ သို့သော် အင်္ဂလန်အသင်း၏ ကစားသမားများ အနေဖြင့် ပြိုင်ပွဲမှ နှုတ်ထွက် လျှင် တရားမျှတမှု ရှိမည်မဟုတ်ဟု ဂျွန်ဆင်က ဆက်ပြောသည်။

ဘောရစ်ဂျွန်ဆင်၏ အင်္ဂလန်အသင်းမှာ ၂၀၁၄ ဘရာဇီး ကမ္ဘာဖလားတွင် အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည့် အသင်းဖြစ်သည်။

အဓိက အင်္ဂလန်၏ ပြဿနာမှာ ဘောလုံး လူရမ်းကားများပင်ဖြစ်ပြီး၊ ဗြိတိန်ဘောလုံး ပရိသတ်များ၏ လုံခြုံရေး၊ ဗြိတိန်သံရုံးနှင့် ကောင်စစ်ရေးရာရုံး၏ အကာအကွယ်ပေးနိုင်စွမ်းနှင့် ပတ်သက်၍ စိုးရိမ်စရာဖြစ်နေသည်။

ပြင်သစ်နိုင်ငံတွင် ၂၀၁၆ ခုနှစ်က ကျင်းပသော ဥရောပဖလားပွဲအတွင်းက ဗြိတိန်နှင့် ရုရှား ပရိသတ်များအကြား ပဋိပက္ခများဖြစ်ပွားခဲ့ဖူးသည်။

ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့၏ ဘောလုံးအသင်းကိုထောက်ခံသူများကိုသာမက ပြည်ပမှ လာရောက်ကြည့်ရှု သူများ၏ မည်သည့် ပြဿနာကိုမဆို ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ယခင်က ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလာအတွက် ရုရှားနိုင်ငံသို့ သွားရောက်ရန် လျှောက်ထားသူ အရေအတွက်မှာ ၂၀၁၄ ခုနှစ်က ဘရာဇီးနိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့ဖလားမတိုင်မီ အလာတူကာလက အရေအတွက်၏ လေးပုံတပုံသာ ရှိသည်ဟုလည်း ဂျွန်ဆင်ကပြောသည်။

“အဲဒီကို သွားတဲ့ ရုရှားဘောလုံးပရိသတ်ရဲ့လုံခြုံရေးကို တာဝန်ယူဖို့က ရုရှားနိုင်ငံရဲ့တာဝန်ပဲ” ဟုလည်း ဂျွန်ဆင်ပြောသည်။

The post ရုရှားကမ္ဘာ့ဖလားကို နာဇီခေတ် အိုလံပစ်နှင့်နှိုင်းယှဉ်၍ ဗြိတိန် စွပ်စွဲပြောဆို appeared first on ဧရာဝတီ.

မြန်မာရဲ့ အာရှဖလားအိပ်မက် ကာဂစ်ကို ရှုံးနိမ့်ခြင်းကြောင့် ပျောက်ကွယ်

$
0
0

တောင်ကိုရီးယားနိုင်ငံ အင်ချုံး အားကစားကွင်းတွင် မတ်လ ၂၂ ရက်နေ့က ကျင်းပသည့် ခြေစစ်ပွဲတွင် မြန်မာအသင်းသည် ကာဂစ်သမ္မတနိုင်ငံအသင်း ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၂၀၁၉ ခုနှစ်အာရှဘောလုံးအဖွဲ့ချုပ်၏ အာရှဖလား ခြေစစ်ပွဲ အောင်မြင်ရေးအတွက် မြန်မာနိုင်ငံ၏ အိပ်မက်မှာ နိဂုံးချုပ်သွားခဲ့သည်။

အုပ်စု (က) ခြေစစ်ပွဲ၏ လွန်စွာမြန်ဆန်သော ပွဲအစတွင် အစ္စလမ် ရှမ်ဆွိဗ် က ဂိုးစည်းပြင်ပအနီးတွင် ဘောလုံးကိုရရှိခဲ့ပြီးဂိုးသမား ကျော်ဇင်ထက်ကို ဖြတ်ကျော်ကာ ကာဂစ်အသင်းအတွက် ဗွေဆော်ဦး ဂိုးကို ၂ မိနစ်အတွင် လျှင်မြန်စွာ ကန်သွင်းခဲ့သည်။

နောက် ၃ မိနစ်ကြာသောအခါ ကိုင်ရက် ဂျာဂယ်ဘက် အူလူက ခံစစ်ကြောင်းကို ကျော်ပေးလိုက်သော ဘောလုံးကို အန်တွန်ဇမ်လီယန်နူခင်ကစွဲယူပြီး ဇင်ထက်ကို လိမ်ကာ ဒေးဗစ်ထန်က ခေါင်းဖြင့်တိုဖျက်ထုတ်ရန်ကြိုးစားနေသည့်ကြားမှ သွေးအေးအေးဖြင့် နေရာမှန်သို့ ပင့်ကန်ပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့သည်။

ထို့နောက်တွင် မြန်မာအသင်းသည် အားထုတ်မှု မလျှော့သော်လည်း တချိန်လုံး ခက်ခက်ခဲခဲကစားနေရပြီး ဒုတိယပိုင်းတွင် ကျော်ကိုကို ကို ထည့်သွင်းကစားခဲ့ရသည်။ သို့သော်လည်း တဖက်အသင်း၏ ခံစစ်ကို ထိုးဖေါက်နိုင်ခြင်း မရှိခဲ့ပေ။

ကာဂစ်အသင်းကသာ ၆၃ မိနစ်တွင် ရှမ်ဆွိဗ်သယ်ဆောင်လာသော ဘောလုံး ပိတ်စို့ခံရပြီးနောက်အန်တွန်ဇမ်လီယန်နူခင်က ထိုဘောလုံးကို ရယူပြီး နောက်ထပ်ဦးဆောင်ဂိုးကို သွေးအေးအေးဖြင့် သွင်းယူနိုင်ခဲ့သည်။

၇၄ မိနစ်တွင် အန်တွန်ဇမ်လီယန်နူခင်၏ အရေးပါသော လုပ်ဆောင်ချက်ကြောင့် ကာဂစ်အသင်းအတွက် စတုထ္ထဂိုးကို သွင်းယူရရှိခဲ့သည်။ ဂိုးစည်းအတွင်း နေရာလွတ်ကိုတွေသော ရှေ့တန်းကစားသမား အန်တွန်ဇမ်လီယန်နူခင်က ဂိုးစည်းနှင့်အပြိုင် လှလှပပ ကန်ပေးလိုက်သော ဘောလုံးကြောင့်ဂိုးသမား ကျော်ဇင်ထက် ဟန်ချက်ပျက်သွားပြီး အစားထိုးဝင်ရောက်လာသူ ဗစ်တာလီလပ်စ်က အသာအယာ ကန်သွင်းနိုင်ခဲ့သည်။

သို့သော် ၈၃ မိနစ်တွင် ကာဂစ်အသင်း၏ ခံစစ်အနေအထားပျက်နေချိန်တွင် အောင်သူ ပေးလိုက်သော ဘောလုံးကို အကောင်းဆုံး အသုံးချပြီး ဂိုးသမား ဗယ်လာရီ ကရှူဘာကို ဖြတ်ကျော်ပြီး ကျော်ကိုကိုက အနီးကပ် သွင်းယူခဲ့သောကြောင့် မြန်မာ အသင်းသည် နှစ်သိမ့်ဂိုးတခုရခဲ့သည်။

သို့သော် ကာဂစ် အသင်းကသာ ပွဲကို ဦးဆောင်ကစားနေပြီး ပွဲပြီးရန် ၃ မိနစ်အလိုတွင် ဖာခတ် မူဆာဘီကော့ ထံမှ ဘောလုံးကို ဆာဂျင်ဘေယက် ဘက်ဇ်ခန်က ဝိုက်ကန်လိုက်ပြီး အောင်ပွဲဝင်ဂိုးကို သွင်းယူကာ ၂၀၁၉ ခုနှစ်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ကျင်းပမည့် အာရှဖလားအတွက် နေရာတနေရာ ရယူနိုင်ခဲ့သောကြောင့် မြန်မာအသင်းအတွက် မျှော်လင့်ချက်များ ပျက်သုန်းသွားခဲ့သည်။

မြန်မာအသင်းသည် လာမည့် အင်္ဂါနေ့တွင် အုပ်စု အောက်ဆုံးမှ မက္ကာအိုအသင်းနှင် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကာ ရည်မှန်းချက်ကြီးမားလှသော ခြေစစ်ပွဲမှ ထွက်ခွာရမည်ဖြစ်သည်။ ကာဂစ်အသင်းသည် အိန္ဒိယအသင်းနှင့် အုပ်စု (က)၏ အုပ်စုဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။

ကိုးကား ။ ။ Fox Sports Asia

The post မြန်မာရဲ့ အာရှဖလားအိပ်မက် ကာဂစ်ကို ရှုံးနိမ့်ခြင်းကြောင့် ပျောက်ကွယ် appeared first on ဧရာဝတီ.

ကမ္ဘာအနှံ ရွက်လွှင့်သူ ဗြိတိသျှလူမျိုး ဂျွန်ဖစ်ရှာ သေဆုံးပြီဟု Volvo Ocean Race ဥက္ကဋ္ဌယူဆ

$
0
0

Volvo Ocean Race ဗော်လ်ဗို သမုဒ္ဒရာဖြတ်ကျော် ရွက်လှေပြိုင်ပွဲ ယှဉ်ပြိုင်ရင်း ပျောက်ဆုံးသွား သည့် ကမ္ဘာ့အနှံရွက်လွှင့် နေသူ ဗြိတိသျှလူမျိုး ဂျွန်ဖစ်ရှာမှာ သေဆုံးဖွယ်ရှိသည်ဟု ပွဲစီစဉ်သူများက ပြောသည်။

ဂျွန်ဖစ်ရှာသည် SHK/Scallywag အမျိုးအစားရွက်လှေဖြင့် တောင်အမေရိကတိုက် အဖျားမှ ကိတ်ဟွန်းအငူ၏ အနောက်ဘက် ၂၂၅၀၀ ကီလိုမီတာ(မိုင် ၁၄၀၀) အကွာရှိ ပင်လယ်ပြင်တွင် ရွက်လွှင့်နေစဉ် ပြီးခဲ့သည့် တနင်္လာနေ့က ပျောက်ဆုံး သွားခြင်းဖြစ်သည်။

၎င်းသည် အသက်ကယ် အင်္ကျီနှင့် ပစ္စည်းကရိယာများပါသော်လည်း ရှာဖွေမတွေဘဲဖြစ်နေပြီး၊ ရှာဖွေသူများမှာလည်း ရာသီဥတု ဆိုးရွားသဖြင့် ကမ်းသို့ ပြန်ခဲ့ရကြောင်းသိရသည်။

Volvo Ocean Race ဗော်လ်ဗို သမုဒ္ဒရာဖြတ်ကျော် ရွက်လှေပြိုင်ပွဲ ဥက္ကဋ္ဌ ရစ်ချတ် ဘရိုင်စီးယပ်စ်က ဂျွန်ဖစ်ရှာကို တွေ့ရှိဖို့ မျှော်လင့်ချက် မရှိတော့ကြောင်း ပြောသည်။

“အေးခဲလုမတတ် ဖြစ်နေတဲ့ရေပြင်နဲ့ ဆိုးရွားတဲ့ ပင်လယ်ပြင်အခြေအနေကြောင့် အခုသူထွက်သွားတဲ့အချိန်နဲ့ အခုအချိန် တွက်ဆကြည့်ရင် အချိန်အင်မတန်နှောင်းသွားပါပြီ။ ဂျွန်တယောက်တော့ ပင်လယ်ပြင်မှာ ပျောက်သွားပြီလို့ပဲ ကျနော်တို့ ယူဆရတော့မယ်” ဟု သူက အင်္ဂ ါနေ့က နောက်ဆုံးပြောကြားသည်။

“ကျနော်တို့အားလုံး ဗော်ဗိုသမုဒ္ဒရာရွက်လှေအသင်းနေရာကနေ ဂျွန်ရဲ့ မိသားစု၊ သူ့မိတ်ဆွေတွေ၊ သူ့ရွက်လှပြိုင်ဖော်ပြိုင် ဖက်တွေထံကိုပဲ စိတ်မကောင်းစွာနဲ့ ဝမ်းနည်းကြေကွဲစရာသတင်းပို့ခဲ့ရ ပါတယ်။ အခုခက်ခဲကျပ်တည်းအချိန်မှာပဲ ကျနော် တို့ စွမ်းနိုင်သမျှ သူတို့ကို ပံ့ပိုးသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ဘရိုင်စီးယပ်က စုံစမ်းစစ်ဆေးရေး စတင်ပြုလုပ်ရန် ပြောကြားလိုက်ပြီး “မေးစရာမေးခွန်းတွေ အများကြီးရှိတယ်” ဟု ပင်လယ်ပြင်မတော်တဆမှုနှင့်ပတ်သက်ပြီး မှတ်ချက်ချသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ် အဖြစ်အပျက်နှင့် ရင်ဆိုင်ရသည့်အတွက် ဂျွန်ဖစ်ရှာ၏ ရွက်လှေအသင်းဖော်များမှာ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းသွားကြောင်း၊ ယခုအချိန်တွင် အသင်းသားများအတွက် ထောက်ပံကူညီရေးကိုသာ အာရုံ စိုက်လုပ်ကိုင်နေကြောင်း ၎င်းကပြောသည်။

The post ကမ္ဘာအနှံ ရွက်လွှင့်သူ ဗြိတိသျှလူမျိုး ဂျွန်ဖစ်ရှာ သေဆုံးပြီဟု Volvo Ocean Race ဥက္ကဋ္ဌယူဆ appeared first on ဧရာဝတီ.


ဖြူနီကြားနဲ့ ပီရူးသားတို့ ဒီတချီထူးမှာလား

$
0
0

ပီရူးလက်ရွေးစင် ဘောလုံး အသင်းကို ၁၉၂၇ ခုနှစ် ကတည်းက ဖွဲ့စည်း တည်ထောင်ပြီး ပီရူးနိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အသင်း အနေနဲ့ နိုင်ငံတကာ ဘောလုံးပွဲတွေမှာ ပါဝင်ကစားနေတဲ့ အသင်းပါ။ ပီရူးဘောလုံး အဖွဲ့ချုပ်က ကိုင်တွယ်ပါတယ်။ တောင်အမေရိကတိုက် ဘောလုံး အဖွဲ့ချုပ်နယ်ဝင်ပါ။ ဒီနယ်မှာ ၁၀ နိုင်ငံပဲ ရှိပြီး သူတို့ထဲက တသင်းပါ။ ၁၉၃၀ နဲ့ ၁၉၇၀ ပြည့်နှစ် အချိန်တွေဟာ ပီရူးရဲ့ ရွှေခေတ်လို့ ပြောလို့ ရလောက်အောင် တောက်ပအောင်မြင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

အဲဒီနှစ်တွေ နောက်ပိုင်း အနည်းငယ်မှေးမှိန်သလို ဖြစ်နေရာက အခုနှစ်ပိုင်းမှာတော့ အသင်းက ခြေစွမ်းပြန်ပြလာတာ တွေ့ရပါတယ်။ မကြာမီမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားမှာ ပီရူးအသင်းဟာ အလယ်အလတ်အသင်း ဆိုပေမယ့် မထင်မှတ်တဲ့ ရလဒ်တွေ ရအောင် ယူဆောင်နိုင်တဲ့ အသင်း တသင်းလို့ မှတ်ချက်ပေးခံထားရပါတယ်။

အသင်းကို နာမည်ပြောင် အနေနဲ့တော့ La Blanquirroja (The White and Red) လို့ ဖြူနီကြားတွေ အဖြစ် ခေါ်ပါတယ်။ လက်ရှိ အသင်း နည်းပြက Ricardo Gareca ဖြစ်ပြီး အသင်းခေါင်းဆောင် ရာထူးကိုတော့ Paolo Guerreo က တာဝန်ယူ ထားတာ တွေ့ရပါတယ်။ အိမ်ကွင်း အဖြစ်တော့ Estadio Nacional ကွင်းကို အသုံးပြုပါတယ်။

အိမ်ကွင်းမှာ အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်၊ အားလုံးက အဖြူပါ။ အင်္ကျီမှာ အနီရောင် ပခုံးစင်းနဲ့ ရင်ဘတ်မှာ အနီရောင် ကန့်လန့်စင်း ပါရှိတယ်၊ ခြေအိတ်လည်ပင်းကို အနီရောင် လိုင်းစင်းနဲ့ ကွပ်ထားတယ်၊ အဝေးကွင်းမှာ ဝတ်စုံက အနီရောင် ဖြစ်သွားတယ်၊ အဖြူရောင် လိုင်းစင်ကို အိမ်ကွင်း ဝတ်စုံမှာလို ကန့်လန့်ထည့်ထားတယ်။ ဒါကြောင့်လည်း သူတို့ကို ဖြူနီကြားတွေလို့ ခေါ်တာပါ။ ဝတ်စုံနဲ့ ပတ်သတ်ပြီး ထူးခြားတာက အခု ဝတ်စုံကို ၁၉၃၆ ခုနှစ်ကနေ စပြီး ဒီဇိုင်း ပြောင်းလဲမှု သိသာအောင် မပြင်ဘဲ ဝတ်ဆင်ကစားနေလာခဲ့တာ ဖြစ်ပါတယ်။

အသင်းက အခုနှစ်တွေ အတွင်းမှာ ခြေစွမ်း အကောင်းဆုံး ပြန်ပြနေပြီး နောက်ဆုံး မတ်လအတွင်း ဖီဖာ အဆင့် သတ်မှတ်ချက် အရ ၁၁ နေရာမှာ ရှိနေပါတယ်။ ဒါဟာ ရှေ့ပိုင်း ဖေဖော်ဝါရီလ အတွင်း ကတည်းက အဆင့်ကို ထိန်းထားနိုင်တာပါ။ ဒီလိုပဲ ၂၀၁၇ ခုနှစ် အောက်တိုဘာ အတွင်းက အသင်း သမိုင်း တလျှောက် အမြင့်ဆုံး အဆင့် သတ်မှတ်ခံရမှု ၁၀ ထိအောင် ရောက်သွားခဲ့ဖူးပါတယ်။

ဒါကြောင့် ထိပ်ဆုံး ၁၀ သင်း စာရင်းကို စိန်ခေါ်လာနိုင်နေလို့ သူတို့ကို အခု ကမ္ဘာ့ဖလားမှာ လျှော့တွက်လို့ မရဘူးလို့ ထင်ကြေးပေး ခံနေရတာပါ။ သမိုင်းတလျှောက် စံချိန်တင် အဆင့် ကျဆင်းမှု အနေနဲ့တော့ ၂၀၀၉ ခုနှစ် စက်တင်ဘာ အတွင်းက အဆင့် ၉၁ ထိအောင် ကျဆင်းဖူးပါတယ်။

အသင်းက ပထမဆုံး နိုင်ငံတကာပွဲစဉ် အဖြစ် ၁၉၂၇ ခုနှစ် နိုဝင်ဘာ ၁ရက်နေ့က ပီရူးနိုင်ငံ၊ လီမာမှာ ဥရုဂွေးကို လက်ခံ ကစားခဲ့ပြီး ၄ ဂိုးပြတ် ရှုံးခဲ့ပါတယ်။ အစ မကောင်းပေမယ့် အကြီးမားဆုံး ဂိုးပြတ်နိုင်င်ပွဲကို စံချိန်တင် အနေနဲ့ ၁၉၃၈ ခုနှစ် သြဂုတ် ၁၁ ရက်နေ့က ကိုလံဘီယာနိုင်ငံ၊ ဘိုတိုဂါမှာ ကစားတဲ့ အီကွေဒေါနဲ့ ပွဲမှာ ၉ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ အသင်းရဲ့ စံချိန်တင် ရှုံးပွဲကတော့ ၁၉၉၇ ခုနှစ် ဘိုလီဗီးယားနိုင်ငံ၊ ဆန်တာခရုမှာ ကစားတဲ့ ဘရာဇီးနဲ့ ပွဲမှာ ၇ ဂိုးပြတ် ရှုံးထားခဲ့တာပါ။

အသင်း အနေနဲ့ ကမ္ဘာ့ဖလားကို အခုအကြိမ်နဲ့ ဆိုရင် ၅ ကြိမ်တိုင် ဝင်ခွင့်ရထားတာပါ။ ပထမဆုံး ခြေစစ်ပွဲ အောင်ခဲ့တာက ၁၉၃၀ ခုနှစ်က ဖြစ်ပါတယ်။ အမြင့်ဆုံး အဆင့် ရောက်ရှိမှု အနေနဲ့ ၁၉၇၀ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်ထိ ရောက်ဖူးတယ်၊ ၁၉၇၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ဒုတိယ အဆင့်ထိ ရောက်ဖူးပါတယ်။ ကျန်တဲ့ ၂ ကြိမ်ကတော့ အုပ်စုအဆင့် ကနေပဲ ပြန်လာခဲ့ရတာပါ။ ၅ ကြိမ်မြောက် အခု ကမ္ဘာ့ဖလားမှာတော့ ခြေစွမ်းတက်နေလို့ ဘယ်အဆင့်ထိ ရောက်မယ် ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Copa America ဖလားကို ၁၉၂၇ ခုနှစ်ကနေ နှစ်တိုင်းလိုလို ဝင်ပြိုင်တယ်၊ ဝင်ခွင့် ၂၉ ကြိမ် ရတယ်၊ ၁၉၃၉ နဲ့ ၁၉၇၅ ခုနှစ်တွေမှာ ဖလား ၂ ကြိမ် ရဖူးတယ်။ ကွန်ကာကပ်ရွှေဖလား ဆိုရင်လည်း ၂၀၀၀ ခုနှစ်မှာ ၁ ကြိမ် ဝင်ပြိုင်ဖူးပြီး ဆီးမီးဖိုင်နယ် အထိ ရောက်ခဲ့တာ တွေ့ရပါတယ်။

နိုင်ငံအသင်း အနေနဲ့ ဘိုလီဗီးယား အားကစားပွဲမှာ ၁၉၃၈ ခုနှစ်က ဝင်ပြိုင်ဖူးသလို ရွှေ ရတယ်။ ဗဟိုအမေရိက အားကစားပွဲကိုလည်း ၁၉၈၉ ခုနှစ်က ဝင်ပြိုင်တယ်၊ ကြေး ရတယ်၊ ကီရင်ဖလား (Kirin Cup) ဆိုရင်လည်း ၁၉၉၉ ခုနှစ်၊ ၂၀၀၅ နဲ့ ၂၀၁၁ တွေမှာ ရွှေတွေ ၃ ကြိမ် ရဖူးသေးတယ်။ မာရီဘိုရိုဖလားမှာတော့ ၁၉၈၉ ခုနှစ်က ငွေ ရတယ်၊ အမေရိကန် ဖလား မှာလည်း ၁၉၉၇ ခုနှစ်က ဝင်ပြိုင်ပြီး ကြေး ရဖူးပါတယ်။

အသင်း အနေနဲ့တော့ အရင်က အသင်းသေး အဆင့်ပဲ ရှိနေရာကနေ အခုတော့ အလယ်အလတ် အသင်း ဖြစ်လာတယ်။ အဓိက ပြိုင်ဘက် အနေနဲ့တော့ ချီလီနဲ့ အီကွေဒေါတို့ ဖြစ်ပါတယ်။ သမိုင်းတလျှောက် ပြိုင်ဆိုင်မှု ပြင်းထန်သလို ရလဒ်တွေ အရ ပီရူးက အီကွေဒေါကို အသာရပေမယ့် ချီလီကို ရှုံးပွဲ များထားပါတယ်။ ချီလီ-ပီရူးပွဲကို ပစိဖိတ်ဒါဘီလို့တောင် တင်စား ခေါ်ဝေါ်ခံရလောက်အောင် ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။

လာမယ့် ကမ္ဘာ့ဖလားမှာတော့ ပီရူးအနေနဲ့ ဇွန်လ ၁၆ ရက်နေ့မှာ ဒိန်းမတ်၊ ၂၁ ရက်နေ့မှာ ပြင်သစ်၊ ၂၆ ရက်နေ့မှာ သြစတြေးလျ အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပြီး အုပ်စုတွင်း ပြင်သစ်ကလွဲရင် ဒိန်းမတ်နဲ့ ဒုတိယနေရာ လုပြီး နောက်တဆင့် တက်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။

နာမည်ကျော် ESPN ရဲ့ ခန့်မှန်းချက်မှာတော့ ပြင်သစ်က အုပ်စု ပထမနဲ့ ဒိန်းမတ်နဲ့ ပီရူး ၂ သင်းထဲက ၁ သင်းက နောက်တဆင့် တက်နိုင်လိမ့်မယ် လို့ ခန့်မှန်းထားရလို့ ပီရူးအတွက် မျှော်လင့်ချက် ထားနိုင်တဲ့ အုပ်စုတွင်းပါ။ ဒါဟာ ကံမျက်နှာသာ ပေးမှု တခုလား။ ကမ္ဘာ့ဖလားမှာ ၅ ကြိမ်ပဲ ဝင်ခွင့်ရတာက အတွေ့အကြုံနည်းနေသေးတာ မှန်ပေမယ့် ခြေတက် ပီရူး အတွက်ကတော့ အခု ပြိုင်ပွဲဟာ နောက်ထပ် ၁၆ သင်း အဆင့် တက်နိုင်မယ့် အလင်းတန်းတွေ မြင်နေရပါတယ်။ ။

Ref: en.wikipedia.org

The post ဖြူနီကြားနဲ့ ပီရူးသားတို့ ဒီတချီထူးမှာလား appeared first on ဧရာဝတီ.

အဆင်းရော အချင်းပါ ပြည့်စုံတဲ့ ကိုရီးယားဂုဏ်ဆောင် စကိတ်မယ် ကင်ယူနာ

$
0
0

ကိုရီးယားကြော်ငြာတွေမှာ တွေ့ရများပြီး ချစ်ဖို့ကောင်းတဲ့ အသွင်အပြင် ပိုင်ဆိုင်ထားတဲ့ ကိုရီးယား စကိတ်မယ် ကင်ယူနာ (Kim Yuna) ကို စက်တင်ဘာလ ၅ ရက်နေ့၊ ၁၉၉၀ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

အသက် ၆ နှစ် အရွယ်ကတည်းက စတင် စကိတ်စီးခဲ့ပြီး သူမရဲ့ နည်းပြကတော့ သူမရဲ့ အရပ်နဲ့ ခန္ဓာကိုယ် အချိုးအစားက စကိတ်စီးဖို့ အသင့်တော်ဆုံးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ အရပ်အမောင်းက ၅ ပေ၊ ၄ လက်မ ခွဲ ရှိတာကြောင့် ကြော်ငြာတွေမှာလည်း မော်ဒယ် တယောက်လို လှပနေပါတယ်။

သူမဟာ  “2010 Olympic Champion, 2009, 2013 World Champion, 2009 Four Contients Champion, Grand Prix Champion, 2006 World Junior Champion, 2005 Junior Grand Prix Final Champion နဲ့ South Korean national Champion” အဖြစ် ၆ ကြိမ်တိုင် ရပ်တည်နိုင်ခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားပါတယ်။

ကိုရီးယား စကိတ်မယ် ကင်ယူနာ (ဓာတ်ပုံ – USA TODAY Sports)

သူမက အိုလံပစ်၊ ISU Championship. Senior Grand Prix event တွေမှာ ဆုတံဆိပ်ရယူနိုင်ခဲ့တဲ့ ပထမဦးဆုံးသော တောင်ကိုရီးယားက စကိတ်မယ် ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်မှုတွေကြောင့် ကမ္ဘာ တလွှားမှာ မီဒီယာတွေရဲ့ ဘုရင်မ ယူနာလို့ တင်စားခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၀ Time မဂ္ဂဇင်းရဲ့ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်အယောက် ၁၀၀ ထဲမှာ ပါဝင်ခဲ့သလို Forbes မဂ္ဂဇင်းရဲ့   ကိုရီးယားနာမည်ကြီး Celebrities စာရင်းမှာလည်း ထိပ်ဆုံးအယောက် ၁၀ စာရင်းထဲ ၅ နှစ်တိုင်တိုင် ပါဝင်ခဲ့ပါတယ်။ UNICEF Goodwill သံတမန်အဖြစ် ၂၀၁၀ က ဆောင်ရွက်ခဲ့သလို Korean American Leadership Foundation ရဲ့ ကိုရီးယားနိုင်ငံ ဂုဏ်ဆောင်ဆုအပြင် အခြားသောဆုတွေ အများကြီး ရရှိခဲ့ပါသေးတယ်။

J.Estina, Coca Cola, Sk telecom အစရှိတဲ့ ကုန်ပစ္စည်းကြော်ငြာ တော်တော်များများမှာလည်း သူမ သရုပ်ဆောင် ထားပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာ အားကစားသမားဘဝကနေ အနားယူခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ သူမဟာ ကိုရီးယား ပြည်သူတွေရဲ့ အချစ်တော် တယောက်အဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။

ဒါကတော့ ကိုရီးယားဂုဏ်ဆောင် စကိတ်မယ် ကင်ယူနာအကြောင်း အကျဉ်းချုပ်ဖြစ်ပြီး ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် မျှဝေလိုက်ပါတယ်။

The post အဆင်းရော အချင်းပါ ပြည့်စုံတဲ့ ကိုရီးယားဂုဏ်ဆောင် စကိတ်မယ် ကင်ယူနာ appeared first on ဧရာဝတီ.

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းတွေ အကြောင်း

$
0
0

လာမယ့် ဇွန်လ အတွင်း စတင် ကျင်းပတော့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ အတူ အရင့် အရင်က ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား သမိုင်း တလျှောက် စံချိန်တင်ထားနိုင်တဲ့ မှတ်သားစရာလေးတွေ အကြောင်း ပြောပြပါမယ်။ ၂၀၁၈ ကမ္ဘာ့ဖလား မတိုင်ခင် ပြိုင်ပွဲတွေရဲ့ စံချိန်တွေလို့ ဆိုရင်လည်း ရပါတယ်။ ဒီစံချိန်တွေကို သိထားရင် ဘယ်သူတွေက ဘယ်လို စံချိန်တွေကို ချိုးဖျက်ပြီး စံခိျန်သစ် တင်မလဲ ဆိုတာ ခန့်မှန်းနိုင်ဖို့ပါ။

ပထမဆုံး ပြောပြချင်တဲ့ စံချိန်တခု ဖြစ်တဲ့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဆုဖလား အများဆုံး ရယူထားနိုင်တဲ့ အသင်းဟာ ဘရာဇီးပါ။ ဘရာဇီးအသင်းဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားတွေ ရယူထားနိုင်ခဲ့ ပြီး စုစုပေါင်း ၅ ကြိမ် ရထားပါတယ်။ ဒီစံချိန်ကို အခုနှစ် ကမ္ဘာ့ဖလားမှာ ဘရာဇီးက ၆ ကြိမ်မြောက် ရယူပြီး စံချိန် ထပ်တင်မှာလား၊ ၄ ကြိမ်ထိ ချန်ပီယံ ဖြစ်ထားတဲ့ ဂျာမနီ အသင်းက အမီလိုက်ပြီး စံချိန်တူ ဖြစ်လာမှာလား ဆိုတာတွေက ရင်ခုန်စရာတွေပါ။

ဒီလိုပဲ ကမ္ဘာ့ဖလားမှာ ဒုတိယ ဖလားအများဆုံး ရထားတဲ့ အသင်းကတော့ ဂျာမနီပါ။ ဗိုလ်လုပွဲကို အများဆုံး တက်ရောက် နိုင်တဲ့ အသင်းလို့လည်း ဆိုရမှာပါ။ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၄၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၂၀၀၂ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး ချန်ပီယံ ၄ ကြိမ်၊ ဒုတိယ ၄ ကြိမ် ရထားပါတယ်။ ဒုတိယ ရရှိတဲ့ အကြိမ်ရေပါ ထည့်တွက်ရင်တော့ အခုနှစ် ကမ္ဘာ့ဖလားသာ ဂျာမနီရခဲ့ရင် ဘရာဇီးကို ကျော်တက်ပြီး အောင်မြင်မှု အများဆုံး၊ အမြင့်ဆုံး အသင်း ဖြစ်လာမှာပါ။

ဗိုလ်လုပွဲ တက်ရောက်မှု အများဆုံး အသင်း၊ ဒုတိယ ရရှိမှု အများဆုံး အသင်း အပြင် တတိယနေရာလုပွဲ ကစားရမှု အများဆုံး အသင်း၊ တတိယ ရရှိမှု အများဆုံး အသင်းကလည်း ဂျာမနီပါပဲ။ ၁၂ ကြိမ်တိုင် ထိပ်ဆုံး ၃ သင်းမှာ ဝင်ဖူးပါတယ်။

ဒီလိုပဲ ထိပ်ဆုံး ၄ သင်း (စတုတ္ထ) အသင်းဝင် အနေနဲ့လည်း ဂျာမနီကပဲ ၁၃ ကြိမ်နဲ့ အများဆုံး အောင်ပွဲခံထားပါတယ်။ ထိပ်ဆုံး ၈ သင်း အဆင့်ထိ အမြဲတမ်း အများဆုံး ရောက်တဲ့ အသင်းကလည်း ဂျာမနီပါပဲ။ ပြိုင်ပွဲ အားလုံးထဲမှာ ၁၇ ကြိမ် ရောက်ထား ပြန်ပါသေးတယ်။

ဒါပေမယ့် အုပ်စုအဆင့်ကနေ အမြဲတမ်း ၁၆ သင်း အဆင့် တက်ရောက်နိုင်မှု အများဆုံး အသင်းကတော့ ဘရာဇီးပါ။ အခုထိ ကမ္ဘာ့ဖလားကို ၂၁ ကြိမ် ခြေစစ်ပွဲ အောင်ပြီး ခြေစစ်ပွဲ အောင်မြင်မှု အများဆုံး အသင်း ဖြစ်တဲ့ ဘရာဇီးက ၂၁ ကြိမ်မှာ အကြိမ် ၂၀ ထိအောင် အုပ်စုကနေ တက်ပြီး ၁၆ သင်း အဆင့်ရောက်နေကျပါ။

ဂျာမနီဟာ ၁၉၆၆၊ ၁၉၈၂၊ ၁၉၈၆နဲ့ ၂၀၀၂တွေမှာ ကမ္ဘာ့ဖလား ၄ ကြိမ်ရပြီး ဆုဖလား ရယူနိုင်မှုမှာ ဘရာဇီးကို ဖိအားပေးနေနိုင်တဲ့ အသင်းပါ။ တတိယ အများဆုံး ရထားတဲ့ အသင်းကလည်း ဂျာမနီ အသင်းပဲ ဖြစ်ပြီး ၁၉၃၄၊ ၁၉၇၀၊ ၂၀၀၆ နဲ့ ၂၀၁၀တွေမှာ ၄ ကြိမ် ရထားတာပါ။ စတုတ္ထ အများဆုံး ရထားတဲ့ အသင်းကတော့ ဥရုဂွေးပါ၊ ၁၉၅၄၊ ၁၉၇၀ နဲ့ ၂၀၁၀ တွေမှာ ရထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ဖူးသူ ၂ သင်း ရှိပါတယ်။ သူတို့က ၁၉၃၄ နဲ့ ၁၉၃၈ ကမ္ဘာ့ဖလားမှာ ၂ ကြိမ်ဆက်တိုက် ချန်ပီယံ အီတလီနဲ့ ၁၉၅၈ နဲ့ ၁၉၆၂ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ချန်ပီယံ ဘရာဇီးတို့ပါ။

ဒီလိုပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆက်တိုက် အများဆုံး ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းက ဂျာမနီပါ။ ၁၉၃၀ကနေ အခု ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားထိ ၂၁ ကြိမ် ဆက်တိုက် ခြေစစ်ပွဲ အောင်ထားပါတယ်။ ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ဒုတိယ နေရာပဲ ရတဲ့ အသင်းလည်း ၂ သင်း ရှိပါတယ်။

၁၉၇၄ နဲ့ ၁၉၇၈ ကမ္ဘာ့ဖလားတွေမှာ ၂ နှစ်ဆက် ဒုတိယ ရတဲ့ နယ်သာလန်နဲ့ ၁၉၈၂ နဲ့ ၁၉၈၆ ကမ္ဘာ့ဖလားမှာ ၂ နှစ်ဆက် ဒုတိယရသူ ဂျာမနီတို့ပဲ ဖြစ်ပါတယ်။ တတိယနေရာကို ၂ နှစ်ဆက်ရဖူးသူကလည်း ဂျာမနီ ဖြစ်ပါတယ်။ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတွေမှာ ၂ နှစ်ဆက် တတိယနေရာနဲ့ ကျေနပ်ခဲ့ရတာပါ။

အိမ်ရှင်အဖြစ် လက်ခံကစားပြီး ဇာတိမြေမှာ ချန်ပီယံ ဖြစ်ထားတဲ့ အသင်းတွေ ရှိပါတယ်။ ၁၉၃၀ ခုနှစ်မှာ ဥရုဂွေးက အိမ်ရှင်လည်း ဖြစ်တယ်၊ ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၃၄ မှာလည်း အီတလီက ပြိုင်ပွဲကို လက်ခံကစားတယ်၊ သူပဲ ချန်ပီယံ ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်မှာ အင်္ဂလန်က လက်ခံကစားပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တယ်။ ၁၉၇၄ မှာ ဂျာမနီ၊ ၁၉၇၈ မှာ အာဂျင်တီးနားနဲ့ ၁၉၉၈ တွေမှာ ပြင်သစ်တို့ကလည်း အိမ်ကွင်းတွေမှာ လက်ခံကစားပြီး ချန်ပီယံ ဖြစ်ခဲ့လို့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေဟာ အိမ်ရှင်တွေ စိုးမိုးနိုင်မှု ပိုများတာ တွေ့နိုင်ပါတယ်။

ကမ္ဘာ့ဖလား ၁ ကြိမ်မှ  မရဖူးပေမယ့် ဒုတိယနေရာနဲ့ပဲ အခုထိ ကျေနပ်နေရတဲ့ အသင်း ၁ သင်း ရှိပါတယ်။ နယ်သာလန်ပါ။ ဗိုလ်လုပွဲ ၃ ကြိမ် ရောက်ဖူးပါတယ်။ ၁၉၇၄၊ ၁၉၇၈ နဲ့ ၂၀၁၀ တွေပါ။ ဒါပေမယ့် ၃ ကြိမ်လုံး ဒုတိယပဲ ရခဲ့ပါတယ်။ ဒီလိုပဲ ခြေစစ်ပွဲ အောင်လို့ ဝင်ခွင့်ရပေမယ့် တခါမှ အုပ်စုအဆင့်ကို မကျော်ဖြတ်ဖူးသေးတဲ့ အသင်း ၁ သင်း ရှိပါတယ်။ သူက စကော့တလန်ပါ။ အခုထိ ကမ္ဘာ့ဖလား ဝင်ခွင့် ၈ ကြိမ် ရထားဖူးပေမယ့် အုပ်စုအဆင့်ကနေ ၁ ကြိမ်မှ နောက်တဆင့် မတက်နိုင်ခဲ့သေးပါဘူး။

ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲအောင်တယ်၊ ပြိုင်ပွဲ ဝင်ခွင့်ရတယ်၊ အုပ်စု အဆင့်ရောက်တယ် ပေါ့။ ဒါပေမယ့် အုပ်စု အဆင့်မှာ နိုင်ပွဲ ၁ ပွဲတောင် မရဖူးတဲ့ အသင်း ၂ သင်း ရှိပါသေးတယ်။ ၁၉၃၀၊ ၁၉၅၀၊ ၁၉၉၄ တွေမှာ ဝင်ပြိုင်ခဲ့တဲ့ ဘိုလီဗီးယားနဲ့ ၁၉၈၂၊ ၂၀၁၀၊ ၂၀၁၄ တွေမှာ ခြေစစ်ပွဲ အောင်လို့ အုပ်စုပွဲ ကစားခဲ့ရတဲ့ ဟွန်ဒူးရပ်စ် အသင်းတွေက အုပ်စုတွင်းမှာတောင် ၁ ပွဲမှ အနိုင်မရခဲ့ပါဘူး။ ဗိုလ်လုပွဲမှာ ဆုံတွေ့မှု အများဆုံး အသင်း ၂ သင်းကတော့ ၁၉၈၆၊ ၁၉၉၀၊ ၂၀၁၄ ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲမှာ ဆုံခဲ့တဲ့ အာဂျင်တီးနားနဲ့ ဂျာမနီတို့ပဲ ဖြစ်ပါတယ်။       ။

Ref: en.m.wikipedia.org

The post ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းတွေ အကြောင်း appeared first on ဧရာဝတီ.

ဂန္တဝင် နပန်းသမားကြီး Johnny Valiant ကုန်တင်ကားတစ်စီးနဲ့ တိုက်မိပြီး ကွယ်လွန်

$
0
0

ပရော်ဖက်ရှင်နယ် ဂန္တဝင်နပန်းသမားကြီး Johnny Valiant ဟာ ဧပြီ ၄ ရက်မှာ ကွယ်လွန်သွားခဲ့ပြီ လို့ သိရပါတယ်။ WWE Hall of Famer ချန်ပီယံဟောင်းကြီးဟာ ဧပြီ ၄ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ်၊ Ross မြို့နယ်မှာရှိတဲ့ လူသွား လူလာများတဲ့ North Hills လမ်းမမှာ လမ်းဖြတ်ကူးနေစဉ် ကုန်တင်ကား တစီးက  ဝင်တိုက်ခဲ့ပြီးနောက်  ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပရော်ဖက်ရှင်နယ်သမား  ဟောင်း  Johnny ကို နံနက် ၅ နာရီ ပတ်ဝန်းကျင်လောက်မှာ McKnight လမ်းပေါ်ကနေ လာတဲ့  ကုန်တင်ကား  တစင်း ရဲ့ ဝင်တိုက်မှုကို ခံခဲ့ရတာ ဖြစ်ပြီး သူဟာ လူကူမျဉ်းကနေ ဖြတ်သန်းနေခဲ့တာ မဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီနောက် သူ့ကို ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး မရှေးမနှောင်းမှာပဲ ကွယ်လွန်ပြီဖြစ်ကြောင်း  အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ross မြို့နယ် စုံစမ်းရေးမှူး Brian Kohlhepp က “ကျနော်တို့ဆီမှာ မျက်မြင်သက်သေတွေ ရှိပါတယ်၊ အဲဒီအချိန် McKnight လမ်းပေါ်မှာ မီးပွိုင့်မိနေခဲ့တာရှိပါတယ်၊ ဒါကြောင့် ကျနော်တို့က အဲဒီမတော်တဆမှုကို  တကယ်မြင်တွေ့ ခဲ့ရတဲ့ လူတွေနဲ့ စကားပြောနိုင်ခဲ့ပါတယ်၊ ကုန်တင်ကားမောင်းသူဟာ အခင်းဖြစ်ရာနေရာမှာ ရှိနေခဲ့ပါတယ် ၊ ပြင်းထန်တဲ့ မတော်တဆမှု တခုထက်ပိုတယ်ဆိုတဲ့အရာကို ဖော်ပြနေတာမျိုးတော့ မရှိသေးပါဘူး၊ ဒါပေမယ့် ကျနော်တို့ စုံစမ်းနေ ဆဲ ဖြစ်ပါတယ်”လို့ WPXI မီဒီယာကို ပြောဆိုခဲ့ပါတယ်။

သူရုတ်တရုတ် ကွယ်လွန်ခဲ့ပြီဆိုတဲ့ သတင်းထွက်ပေါ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့နပန်းအင်တာတိန်းမန့် (WWE) က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက်ထဲမှာ “WWE Hall of Famer ဖြစ်တဲ့ ‘Luscious’ Johnny Valiant ဟာ အသက် ၇၁ နှစ်အရွယ် ဒီမနက်မှာ ကွယ်လွန်သွားခဲ့ပြီဆိုတာကို ဝမ်းနည်းဖွယ်သိရှိခဲ့ရပါတယ်၊ WWE ဟာ Valiant ရဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ပရိသတ်တွေနဲ့ထပ်တူ  ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်” လို့  ဖော်ပြထားပါတယ်။

လက်ရှိပရိုနပန်းသမား Luke Gallows က “ငြိမ်းချမ်းစွာ အနားယူပါတော့ Luscious Johnny Valiant ရေ၊   ကျနော့် အပေါ် အမြဲတမ်း ကြင်နာပေးပြီး ကျနော့်လုပ်ငန်းမှာလည်း အစောပိုင်းကတည်းက အကူအညီ ပေးခဲ့ပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ တခြား WWE နပန်းသမားတဦးဖြစ်တဲ့ Sean Waltman က “Johnny Valiant ရဲ့ WWEHOF ဆုလက်ခံ ကျေးဇူးတင်စကားက အကောင်းဆုံးစကားတခုပါ” လို့ ပြောကြားခဲ့ပါတယ်။

နာမည်ရင်း Thomas Sullivan လို့ခေါ်တဲ့ Valiant ဟာ သူ့ရဲ့ နပန်းသမားအလုပ်ကို ၁၉၆၉ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ သူဟာ ၁၉၇၄ ခုနှစ်မှာ The Valiant Brothers အဖွဲ့အနေနဲ့ “Handsome” Jimmyလို့ခေါ်တဲ့ James Fanning နဲ့အတူ World Tag Team ချန်ပီယံရှစ်မှာ အနိုင်ရရှိခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာ သူဟာ John Hill  လို့ခေါ်တဲ့ “Gentleman” Jerry Valiant နဲ့ တွဲဖက်ပြီး World Tag Team ချန်ပီယံရှစ်မှာ အနိုင်ရရှိခဲ့ပါသေးတယ်။ ပြိုင်ပွဲတွေကနေ အနားယူပြီးတဲ့နောက် သူဟာ ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေမှာ Hulk Hogan လိုမျိုး နပန်းသမားတွေကို စီမံခန့်ခွဲပေးခဲ့ပါတယ်။  သူနဲ့ “Handsome” Jimmy တိုု့ဟာ ၁၉၉၆ ခုနှစ်မှာ WWE Hall of Fame ထဲကို ထည့်သွင်းပေးခြင်းခံခဲ့ရပါတယ်။

သူဟာ နပန်းအလုပ်အပြင် “The Sopranos” နဲ့ Law & Order” ဇာတ်လမ်းတွဲတို့မှာလည်း ပါဝင်ခဲ့ပါသေးတယ်။ Johnny Valiant, Jimmy Valiant နဲ့ Larry Brisco, Sky Hosoya တို့လိုမျိုး နပန်းသမားတွေ ပါဝင်တဲ့မှတ်တမ်းရုပ်ရှင်  “The Absolute Truth About Pro Wrestling (Parts 1 and 2)” ကို ၂၀၀၈ ခုနှစ်မှာ ဖြန့်ချီခဲ့ပါတယ်။

Ref ; aceshowbiz

The post ဂန္တဝင် နပန်းသမားကြီး Johnny Valiant ကုန်တင်ကားတစ်စီးနဲ့ တိုက်မိပြီး ကွယ်လွန် appeared first on ဧရာဝတီ.

ရုရှားက လူငယ်ဘောလုံးပွဲ မြန်မာဘောလုံးအကယ်ဒမီမှ မင်းခန့်သူဝင်ယှဉ်ပြိုင်မည်

$
0
0

ကမ္ဘာ့ဖလားပွဲမတိုင်မီ ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ ဥရောပဘောလုံး အဖွဲ့ချုပ်(UEFA) တို့နှင့် မိတ်ဖက်အဖွဲ့အစည်း ဂက်ဇ်ပရွန်မှ ဦးစီးကျင်းပမည့် Football for Friendshp လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီ ကျောင်းသား မင်းခန့်သူ ပါဝင်ယှဉ်ပြိုင် သွားမည်ဟု မြန်မာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ယင်း ပြိုင်ပွဲတွင် အသက် ၁၂ နှစ်အရွယ် ကစား သမား ၆ဦးစီဖြင့် ဖွဲ့စည်းထားသည့် အသင်းပေါင်း ၃၂ သင်းပါဝင်ပြီး မြန်မာကစားသမားလေး မင်းခန့်သူမှာ Gharial အသင်းတွင် နောက်ခံကစားသမား အဖြစ် မော်ဒိုဗာ၊ ဆာမိုအာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူး နိုင်ငံများမှ ကစားသမားများဖြင့် အတူတကွ ပူးပေါင်း ကစားရမည်ဟု သိရသည်။

The Football for Friendship (F4F) အစီအစဉ်အား ၂၀၁၇ ခုနှစ်က ၆၄ နိုင်ငံဖြင့်သာ ကျင်းပခဲ့သော် လည်း ယခု ၂၀၁၈ ခုနှစ်တွင် နိုင်ငံဒေသပေါင်း ၂၁၁ ခုဖြင့် ရုရှားနိုင်ငံ မော်စကို မြို့တွင် ဇွန်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်တွင် ပထမဆုံးအကြိမ် ဖိတ်ကြားခံရခြင်းဖြစ်ကာ မြန်မာ ဘောလုံး အကယ်ဒမီများအနက် ကျောင်းစာအတော်ဆုံး ကစားသမားအား စိစစ်ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်။

မြန်မာကစားသမားလေး မင်းခန့်သူသည် F4F ဘောလုံးပွဲတော် ဆင်နွဲပြီးသည်နှင့် ခြောက်ကြိမ် မြောက် နိုင်ငံတကာ ကလေးများဖိုရမ် The Sixth International Football for Friendship Children’s Forum သို့တက်ရောက်ရမည် ဖြစ်သကဲ့သို့ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ခွင့်ရ မည်ဖြစ်သည်ဟု MFF တွင်ရေးသားထားသည်။

The post ရုရှားက လူငယ်ဘောလုံးပွဲ မြန်မာဘောလုံးအကယ်ဒမီမှ မင်းခန့်သူဝင်ယှဉ်ပြိုင်မည် appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live