Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

သက်ထားသူဇာ အင်ဒိုကြက်တောင်မယ်ကို ရှုံးနိမ့်

$
0
0

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် အင်ဒိုနီးရှားမှ ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီ နှင့် ယနေ့ ယှဉ်ပြိုင်ရာ နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ်သည်။

သက်ထားသူဇာသည် မဟာရာနီ ဆီကာ ဘာတရီကို ပထမပွဲတွင် ၂၁-၁၅ ဖြင့်လည်ကောင်း၊ ဒုတိယပွဲ တွင် ၂၁-၁၇ ဖြင့် ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား အမျိုးသမီး ကြက်တောင်ကစားသမား မဟာရာနီ ဆီကာ ဘာတာရီမှာ နိုင်ခြေအဆင့် ၆ သတ်မှတ်ခံထားရ သော်လည်း လက်ရည်မှာ ဆတူဖြစ်နိုင်ကြောင်း သက်ထားသူဇာက ပွဲမစမီ ဧရာဝတိ ပြောဆိုထားသည်။

အင်ဒို ကြက်တောင်မယ်မှာ ယမန်နေ့က တရုတ်တိုင်ပေ ကစားသမားကို အနိုင်ယူထားသူဖြစ်သည်၊ လက်ရှိ ကမ္ဘာ့ကြက် တောင်အဖွဲ့ချုပ် (BWF)က သတ်မှတ်ထားသည့် ကမ္ဘာ့အဆင့် (World Ranking) အရ ၂၈၃တွင် ရှိနေပြီး၊ ကမ္ဘာ့အဆင် ၇၃တွင် ရှိသည့် သက်ထားသူဇာကို အနိုင်ရလိုက်သည့် အတွက် မဟာရာနီ ဆီကာ ဘာတာရီ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် တက်လာဖွယ်ရှိသည်။

You may also like these stories:

သက်ထားသူဇာ ယနေ့တွင် အင်ဒိုပြိုင်ဘက်နှင့် ကစားမည်

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော

သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ

The post သက်ထားသူဇာ အင်ဒိုကြက်တောင်မယ်ကို ရှုံးနိမ့် appeared first on ဧရာဝတီ.


သက်ထားသူဇာ နိုင်ငံတကာပြိုင်ပွဲအတွက် မော်လဒိုက်သို့ ထွက်ခွာ

$
0
0

မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာက မော်လဒိုက်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံ တကာ ကြက်တောင် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့နံနက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။

မော်လဒိုက်နိုင်ငံတွင် စက်တင်ဘာ ၁၇ရက်မှ ၂၂ရက်အထိ Maldives International Future Series 2019 ပွဲစဉ်များကို လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၉ ရက်နေ အထိ Maldives International Challenge 2019 ပြိုင်ပွဲကို လည်ကောင်း ဆက်တိုက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

“Futureက သူထက်နိမ့်တာမှန်ပေမယ့် အဲဒီ မော်လဒိုက်မှာက ပြိုင်ပွဲက နှစ်ခုရှိနေတာ။ တနေရာထဲဆို တော့ Futureလည်း အမှတ်ရတယ်။ Challenge က သူထက်မြင့်တယ်လေ။ နောက်ပြီး လေယာဉ်ခ လည်း သိပ်မကုန်ဘူး ဆိုတော့ နှစ်ပွဲလုံးကို စာရင်းသွင်း လိုက်တာ။ စာရင်းမှာ ပါသွားရင် ရိုက်လို့ ရပြီ”ဟု ဦးထွန်းထွန်းဇော်က ပြောသည်။

ထိုပွဲကို ကစားသမားများဖြစ်သည့် သက်ထားသူဇာ၊ လှိုင်မွန်ကြူနှင့်အတူ သက်ထားသူဇာ၏ ကိုယ်ပိုင် နည်းပြ အင်ဒိုနီးရှား မှ Mr Didit Suluhpatriaတို့လိုက်ပါသွားကြသည်။

အင်ဒိုနီးရှားနည်းပြကို အဆိုပါ မော်လဒိုက်ပြိုင်ပွဲ နှစ်ခုအတွက် သက်ထားသူဇာအား လေ့ကျင့်ပေးရန် Get Digital Store အုပ်စု ၏ အထောက်အပံ့ပေးမှု့ဖြင့် ယာယီငှားရမ်းထားခြင်းဖြစ်ကြောင်း သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော် က ပြောသည်။

သက်ထားသူဇာ၏ ကိုယ်ပိုင်နည်းပြဖြစ်သူ Mr Didit Suluhpatria သည် ၂၀၁၄ ခုနှစ်တွင် အင်ဒိုနီး ရှားကြက်တောင် အဖွဲ့ ချုပ်(PBSI) တွင် အမျိုးသား ၁ ဦးခြင်း နည်းပြအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ ပြီး အင်ဒိုနာမည်ကြီး ကစားသမားများဖြစ်သည့် Ginting နှင့် Jonatan တို့အား လေ့ကျင့်ပေးခဲ့သူ တဦးလည်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံတွင် ကျင်းပသည့် Myanmar International Series 2019 အမျိုးသမီးတဦးချင်း ပြိုင်ပွဲတွင် သက်ထားသူဇာသည် အင်ဒိုနီးရှားမှ ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီကို ဆီမီးဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်ကာ တတိယဆုဖြင့်သာ ကျေနပ်လိုက်ရသည်။

“ညီမ ဒီပွဲမှာ တတိယဆုရတယ်ပေါ့။ ဆီမီးမှာနိုင်ရင် ဖိုင်နယ်တက်ရမယ်လေ။ ရှုံးရင်တော့ တတိယ ဆုရတယ်။ နောက် ဆက်လာမယ့် ပြိုင်ပွဲတွေမှာလည်း ပိုကောင်းအောင် ထရိန်နင်တွေ ပိုလုပ်ပြီး ကြိုးစားသွားပါ့မယ်။ ပြိုင်ပွဲတွေလည်း ရှိသေးတာကြောင့် ဆက်ပြီးစောင့်ကြည့်အားပေးကြပါ”ဟု သက်ထားသူဇာက ဧရာဝတီသို့ ပြောသည်။

Myanmar International Series 2019 နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ လက်ခံ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုပြိုင်ပွဲတွင် နိုင်ငံ ၁၂ နိုင်ငံမှ အားကစားသမားပေါင်း ၁၃၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည့် အားကစားသမား ၁၃ ဦးအနက် သက်ထားသူဇာ ၁ ဦးထဲသာ တတိယဆုရရှိခဲ့ပြီး အခြားကစားသမားများ ဆုမရှိ ခဲ့ကြပေ။

ဆက်စပ်ဖတ်ရှုရန်

သက်ထားသူဇာ အင်ဒိုကြက်တောင်မယ်ကို ရှုံးနိမ့်

ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော

သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ

စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည်

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

The post သက်ထားသူဇာ နိုင်ငံတကာပြိုင်ပွဲအတွက် မော်လဒိုက်သို့ ထွက်ခွာ appeared first on ဧရာဝတီ.

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ

$
0
0

၂၀၁၉ ခုနှစ်အတွက် Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမား စာရင်းမှာ ထိပ်ဆုံးနေရာကို ထပ်မံ ယူသွားသူကတော့ တင်းနစ်မယ် ဆရီနာ ဝီလျံ (Serena Williams) ပဲဖြစ် ပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ထိပ်ဆုံးနေရာမှာရှိခဲ့ပြီး ၂ နှစ်ဆက်တိုက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဝင်ငွေအများဆုံး အမျိုးသား အားကစားသမား စာရင်းမှာ ဘောလုံး၊ ဘေ့စ်ဘော၊ အမေရိကန် Football နဲ့ ဘတ်စ်ကတ်ဘော ကစားသမားတွေ ပါဝင်ပေမယ့် ထူးခြားမှုအနေနဲ့ အမျိုးသမီး အားကစားသမားစာရင်းမှာတော့ ထိပ်တန်း ၁၂ ယောက်မှာ ၁၁ ယောက်က တင်းနစ်မယ်တွေ ဖြစ်နေတဲ့ အချက်ပါပဲ။

တင်းနစ်မယ် ဆရီနာဝီလျံ

ထိပ်ဆုံးမှာ ၂ နှစ်ဆက်တိုက် ဦးဆောင်နေတဲ့ တင်းနစ်မယ် ဆရီနာဝီလျံဟာ ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ၂၉ ဒဿမ၂ သန်း ရရှိခဲ့ပြီး ဒုတိယနေရာက တင်းနစ်မယ် နာအိုမီ အိုဆာကာ (Naomi Osaka) ကတော့ ၂၄ ဒဿမ ၃ သန်းပဲ ဝင်ငွေ ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ် အမေရိကန် အိုပင်းတင်းနစ်ပြိုင်ပွဲရဲ့ နောက်ဆုံးဖိုင်နယ်အဆင့်မှာ တွေ့ခဲ့ကြပြီး လူငယ်ကစားသမား နာအိုမီက အနိုင်ရရှိခဲ့ပါတယ်။

တင်းနစ်မယ် နာအိုမီ

၂၀၁၈ ခုနှစ်အတွင်း အထင်ကရ Grand ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့တာကြောင့် တင်းနစ်မယ် နာအိုမီဟာ ဝင်ငွေ အကောင်းဆုံးစာရင်းကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပြီး ဒုတိယနေရာကို ရရှိခဲ့တာပါ။

ကာရိုလိုင်း ဝေါနက်စကီး (Caroline Wozniacki)

မနှစ်က ဒုတိယနေရာမှာရှိနေခဲ့တဲ့ ကာရိုလိုင်း ဝေါနက်စကီး (Caroline Wozniacki) ကတော့ ဝင်ငွေ ၇ ဒဿမ ၅ သန်း နဲ့ ဆဋ္ဌမနေရာကို ဆင်းပေးခဲ့ရပါတယ်။

အမျိုးသမီး ဘောလုံးကစားသမား အဲလက်စ် မောဂန် (Alex Morgan)

တင်းနစ်မယ် မဟုတ်တဲ့ တဦးတည်းသော သူကတော့ အမေရိကန် အမျိုးသမီး ဘောလုံးကစားသမား အဲလက်စ် မောဂန် (Alex Morgan) ပဲ ဖြစ်ပါတယ်။ သူကတော့ ဝင်ငွေ ၅ ဒဿမ ၈ သန်းနဲ့ အဆင့် ၁၂ နေရာမှာ ရှိနေခဲ့တာပါ။

ဗီးနပ်စ် ဝီလျံ (Venus Williams)

ဆရီနာဝီလျံရဲ့ အစ်မဖြစ်သူ ဗီးနပ်စ် ဝီလျံ (Venus Williams) ကလည်း တင်းနစ်ကစားပွဲတွေမှာ အသက် အရွယ်ကြောင့် အောင်မြင်မှုတွေ မရယူနိုင်တော့ပေမယ့် ဝင်ငွေစုစုပေါင်း ၅ ဒဿမ ၉ သန်းနဲ့ အဆင့် ၁၀ မှာရှိနေခဲ့ပါတယ်။ ဗီးနပ်စ်ဟာ ကမ္ဘာတင်း နစ်အဆင့်မှာ ၅၂ နေရာမှာရှိနေခဲ့ပေမယ့် သူ့ဝင်ငွေ အများစုကတော့ စီးပွားရေးလုပ်ငန်းတွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။

မာရီယာ ရုရှာပိုဗာ (Maria Sharapova)

နောက်ထပ် တင်းနစ်ပြိုင်ပွဲတွေနဲ့ ဝေးကွာနေသူ တယောက်ဖြစ်တဲ့ ရုရှားတင်းနစ်မယ် မာရီယာ ရုရှာပိုဗာ (Maria Sharapova) လည်း တားမြစ်ဆေး အရှုပ်တော်ပုံတွေကြောင့် ဝင်ငွေစာရင်းမှာ အနုတ်လက္ခဏာဆောင်နေပေမယ့် စုစုပေါင်းဝင်ငွေ ၇ သန်းနဲ့ သတ္တမနေရာမှာ ရှိနေသေးပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီးအားကစားသမား ၁၂ ယောက် ကတော့ အောက်ပါအတိုင်းပါ။

၁။ ဆရီနာ ဝီလျံ (၂၉.၂ သန်း)

၂။ နာအိုမီ အိုဆာကာ (၂၄.၃ သန်း)

၃။ အန်ဂျလစ် ဂါဘာ (၁၁.၈ သန်း)

၄။ ဆိုင်မွန်နာ ဟာလပ် (၁၀.၂ သန်း)

၅။ ဆလိုအန်း စတီဗန် (၉.၆ သန်း)

၆။ ကာရိုလိုင်း ဝေါနက်စကီး (၇.၅ သန်း)

၇။ မာရီယာ ရုရှာပိုဗာ (၇ သန်း)

၈။ ကာရိုလီနာ ပလီစကိုဗာ (၆.၃ သန်း)

၉။ အဲလီနာ ဆဗစ်တိုလီနာ (၆.၁ သန်း)

၁၀။ ဗီးနပ်စ် ဝီလျံ (၅.၉ သန်း)

၁၁။ ဂါဘိုင်း မူဂူရူးဇာ (၅.၉ သန်း)

၁၂။ အဲလက်စ် မော်ဂန် (၅.၈ သန်း)

Ref: The Street

You may also like these stories:

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ

ခွန်အားနှင့် အလှပြည့်စုံသော ရုရှားအားကစားနတ်မိမယ်များ

သမိုင်းတလျှောက် အကောင်းဆုံး ဆိုင်ကယ်မောင်း အားကစားသမားများ

အကောင်းဆုံး ကနေဒါ အားကစားသမားများ

The post Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ appeared first on ဧရာဝတီ.

တရုတ်တိုင်ပေကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားသည့် သက်ထားသူဇာ

$
0
0

မော်လဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019 ကြက်တောင်ပြိုင်ပွဲ တွင် မြန်မာအားကစားမယ် သက်ထားသူဇာသည် တရုတ်တိုင်ပေကြက်တောင်မယ် ရာဇူကျူ့နှင့် ယနေ့ ယှဉ်ပြိုင်ရာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသည့် သက်ထားသူဇာက တရုတ်တိုင်ပေကြက်တောင်မယ် ရာဇူကျူ့(၂၁-၇၊ ၂၁-၁၅)နှင့် ၂ပွဲပြတ် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွား ခြင်းဖြစ်သည်။

“သူနိုင်သွားပါပြီ။ ဒါက ရှုံးထွက်ပွဲစဉ်ဖြစ်တာကြောင့် ကွာတားဖိုင်နယ်ကို သူတက်သွားပြီပေါ့”ဟု သက်ထား သူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ထိုပွဲတွင် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအတွက် Round 2 (၁၆ဦးအဆင့်)ရှုံးထွက်ပွဲကနေ စပြီး ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Maldives International Future Seriesက ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားသည့် ပြိုင်ပွဲ အနက် အနိမ့်ဆုံးအဆင့် ပြိုင်ပွဲဖြစ်ပြီး၊ ဆုကြေးငွေလည်း နည်းပါးမှုကြောင့် အရှေ့တောင် အာရှ၏ ထိပ်တန်း ကြက်တောင်မယ်များ လာရောက် ယှဉ်ပြိုင်ခြင်း မရှိပါဟုလည်း သိရသည်။

သက်ထားသူဇာသည် ယခုအခါ ပြိုင်ပွဲပေါင်း ၇၄ပွဲယှဉ်ပြိုင်ထားရာ ၅၅ပွဲနိုင်ထားပြီး ၁၉ပွဲရှုံးထား ကြောင်း သိရသည်။

အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန် နိုင်ငံတကာစီးရီးပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဉ်ပြိုင်ရင်း အမှတ်ရ ယူနေသည့် သက်ထားသူဇာသည် ယခုဆိုလျှင် အမှတ်ပေါင်း ၂၄၄၃၀ရှိပြီး ကမ္ဘာအဆင့် သတ်မှတ်ချက် ၇၀ရှိသွားပြီဖြစ်သည်။

ကြက်တောင်မယ် သက်ထားသူဇာသည် ၂၀၁၈ခုနစ်၊ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲ အပါအဝင် လက်ရှိတွင် စုစုပေါင်း ရွှေတံဆိပ် ၆ဆု ရရှိ ထားသော် လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ့မြေတွင် ကျင်းပသည့် Myanmar International Series 2019 ကြက်တောင် ပြိုင်ပွဲ၌မူ အင်ဒိုနီးရှား ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီ ကို နှစ်ပွဲပြတ်ရှုံးနိမ့်ကာ တတိယဆုဖြင့် သာ ကျေနပ်ခဲ့ရသည်။

You may also like these stories:

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

The post တရုတ်တိုင်ပေကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားသည့် သက်ထားသူဇာ appeared first on ဧရာဝတီ.

ဆာလောင်နေချိန် ဟမ်ဘာဂါ ကျွေးခဲ့ဖူးတဲ့ အမျိုးသမီးကို ပြန်လည် ရှာဖွေခဲ့တဲ့ စီရော်နယ်ဒို

$
0
0

ကမ္ဘာကျော် ဘောလုံးသမား စီရော်နယ်ဒိုဟာဆိုရင်တော့ သူ့ငယ်ဘဝအကြောင်း အင်တာဗျူးပြုလုပ်ခဲ့စဉ်မှာ သူဟာ McDonald က Edna လို့အမည်ရတဲ့ အမျိုးသမီး ဝန်ထမ်းတဦးကို ကျေးဇူးဆပ်ဖို့အတွက် ပြန်လည်ရှာဖွေနေတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

သူ ငယ်စဉ် ကလေးဘဝတုန်းက ဟမ်ဘာဂါ ဝယ်စားဖို့တောင် ပိုက်ဆံ မရှိခဲ့ချိန်၊ အလွန်အမင်း ဗိုက်ဆာနေချိန်မှာ McDonald က Edna ဆိုတဲ့ အမျိုးသမီးနဲ့ တခြားဝန်ထမ်း အမျိုးသမီးနှစ်ဦးတို့ဟာ သူ့ကို ကြင်ကြင်နာနာနဲ့ ပိုက်ဆံ မယူဘဲ အလကား ကျွေးခဲ့ဖူးတာကို အခုချိန်ထိ သတိတရ ရှိနေဆဲပဲလို့ စီရော်နယ်ဒိုက ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘောလုံး အကျော်အမော် စီရော်နယ်ဒိုဟာ သူ့ရဲ့ငယ်ဘဝနဲ့ ပတ်သက်ပြီး ITV နဲ့အင်တာဗျူးမှာ အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“ဗိုက်ကလည်းဆာ၊ မုန့်ဝယ်စားဖို့လည်း ပိုက်ဆံ မရှိခဲ့ချိန်တုန်းက ကျနော် McDonald ရဲ့ဆိုင်တံခါးကို အရဲစွန့်ပြီး သွားခေါက်ခဲ့ဖူးပါတယ်။ ကျနော့်ကို သူများတွေစားလို့ ပိုတဲ့ ဟမ်ဘာဂါဖြစ်ဖြစ်၊ ရောင်းလို့ မကုန်တဲ့ ဟမ်ဘာဂါ နည်းနည်းလောက်ဖြစ်ဖြစ် ကျွေးဖို့ သွားပြောတော့ အဲဒီက အမျိုးသမီး ၃ ဦးက ပိုက်ဆံ မယူဘဲ ဟမ်ဘာဂါ ခပ်ကြီးကြီးတလုံံးကို ကျွေးခဲ့ပါတယ်”

“အဲဒီ ၃ ယောက်ထဲက တယောက်နာမည်ကိုပဲ ကျနော်သိပါတယ်။ ကျနော်သူတို့ကို ရှာနေတာ ကြာပါပြီ။ ပေါ်တူဂီက အဲဒီဆိုင်ကလည်း ပိတ်သွားတာကြာပြီဆိုတော့ ရှာလို့ မရခဲ့ပါဘူး။ တကယ်လို့ ဒီအင်တာဗျူးကို သူတို့ကြည့်နေမယ် ဆိုရင် ကျနော့်ကို ဆက်သွယ်ဖို့ ပြောချင်ပါတယ်”လို့ ပြောရင်း ဘောလုံးအကျော်အမော်ကြီးဟာ မျက်ရည်တွေ ကျနေခဲ့ပါတယ်။

မိသားစုထဲမှာ အငယ်ဆုံးနဲ့ ၄ ယောက်မြောက် သားတဦးဖြစ်တဲ့ Cristiano Ronaldo ဟာဆိုရင် ပေါ်တူဂီနိုင်ငံက Madeira ကျွန်းမှာ မွေးဖွားခဲ့တာပါ။

ငယ်စဉ်က ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းခဲ့ရပေမယ့် အခုလိုအောင်မြင်ချိန်မှာ သူ့ကို ကူညီခဲ့ဖူးတဲ့ ဝန်ထမ်းအမျိုးသမီးတွေကို သတိတရ ပြန်လည်ပြောပြပြီး တွေ့ဆုံကျေးဇူးဆပ်ချင်ကြောင်း တီဗီ အင်တာဗျုးမှာ ပြောကြားခဲ့တာကြောင့် သူ့ပရိသတ်တွေကတော့ သူနဲ့ထပ်တူ ဝမ်းနည်းခဲ့ကြရကာ ဝိုင်းဝန်းရှာဖွေပေးခဲ့တာကြောင့် အင်တာဗျူးအပြီး သိပ်မကြာခင်မှာပဲ ပြန်လည် ဆုံစည်းနိုင်ခဲ့ကြပါတယ်။

Ref. www.boredpanda.com

You may also like these stories: 

ကိုရီးယား Variety Show မှာ ပါဝင်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တဲ့ ခရစ္စတီရာနို ရော်နယ်ဒို

Instagram မှာ Follower အများဆုံးပုဂ္ဂိုလ်နေရာကို ဖယ်ပေးလိုက်ရတဲ့ Selena Gomez

The post ဆာလောင်နေချိန် ဟမ်ဘာဂါ ကျွေးခဲ့ဖူးတဲ့ အမျိုးသမီးကို ပြန်လည် ရှာဖွေခဲ့တဲ့ စီရော်နယ်ဒို appeared first on ဧရာဝတီ.

ဆီမီးဖိုင်နယ်ရောက် သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်နှင့် ယှဉ်ပြိုင်ရမည်

$
0
0

မော်လ်ဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019 ကြက်တောင်ပြိုင်ပွဲ၌ သက်ထား သူဇာသည် သီရိလကာၤမှ ပရာမိုဒီကာကို နှစ်ပွဲပြတ်နိုင်ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်း သွားပြီး ယနေ့တွင် အိန္ဒိယ ကြက်တာင်မယ် ရှရူတီ မန်ဒါဒါနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသည့် သက်ထားသူဇာက သီရိလကာၤကြက်တောင်မယ် ပရာမိုဒီကာ ကို (၂၁-၁၅၊ ၂၁-၁၂)နှင့် အနိုင်ရလိုက်သည်။

သက်ထားသူဇာသည် တဦးချင်း ပွဲစဉ်တွင် အနိုင်ရခဲ့သော်လည်း အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်တွင်မူ ရှုံးနိမ့်ခဲ့ သည်။

Maldives International Future Seriesက ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားသည့် ပြိုင်ပွဲ အနက် အနိမ့်ဆုံးအဆင့် ပြိုင်ပွဲဖြစ်ပြီး၊ ဆုကြေးငွေလည်း နည်းပါးမှုကြောင့် အရှေ့တောင် အာရှ၏ ထိပ်တန်း ကြက်တောင်မယ်များ လာရောက် ယှဉ်ပြိုင်ခြင်း မရှိပါဟုလည်း သိရသည်။

သက်ထားသူဇာသည် ယခုအခါ ပြိုင်ပွဲပေါင်း ၇၄ပွဲယှဉ်ပြိုင်ထားရာ ၅၅ပွဲနိုင်ထားပြီး ၁၉ပွဲရှုံးထား ကြောင်း သိရသည်။

အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန် နိုင်ငံတကာစီးရီးပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဉ်ပြိုင်ရင်း အမှတ်ရ ယူနေသည့် သက်ထားသူဇာသည် ယခုဆိုလျှင် အမှတ်ပေါင်း ၂၄၄၃၀ရှိပြီး ကမ္ဘာအဆင့် သတ်မှတ်ချက် ၇၀ရှိသွားပြီဖြစ်သည်။

ကြက်တောင်မယ် သက်ထားသူဇာသည် ၂၀၁၈ခုနစ်၊ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲ အပါအဝင် လက်ရှိတွင် စုစုပေါင်း ရွှေတံဆိပ် ၆ဆု ရရှိ ထားသော် လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ့မြေတွင် ကျင်းပသည့် Myanmar International Series 2019 ကြက်တောင် ပြိုင်ပွဲ၌မူ အင်ဒိုနီးရှား ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီ ကို နှစ်ပွဲပြတ်ရှုံးနိမ့်ကာ တတိယဆုဖြင့် သာ ကျေနပ်ခဲ့ရသည်။

You may also like these stories: 

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

The post ဆီမီးဖိုင်နယ်ရောက် သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်နှင့် ယှဉ်ပြိုင်ရမည် appeared first on ဧရာဝတီ.

မော်လဒိုက်ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ အိန္ဒိယကို အနိုင်ရပြီး ဖိုင်နယ်တက်

$
0
0

မော်လ်ဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019တွင် ယှဉ်ပြိုင်နေ သည့် မြန်မာ့ကြက်တောင် မယ် သက်ထားသူဇာသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိန္ဒိယကြက်တောင်မယ် ရှရူတီ မန်ဒါဒါကို ၂၁-၁၀၊ ၂၁-၁၀ ဖြင့် နှစ်ပွဲပြတ် အနိုင်ယူကာ ဖိုင်နယ်ပွဲစဉ်သို့ တက်လှမ်းသွား ပြီဖြစ်သည်။

“သူ အိန္ဒိယမယ်ကို နိုင်သွားလို့ ဖိုင်နယ်တက်ပြီပေါ့။ ပွဲက မနက်ဖြန်နောက်ဆုံး။ ဒါသူရဲ့ အောင်မြင်မှုပါပဲ”ဟု သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

သက်ထားသူဇာသည် Maldives International Future Series 2019 အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ၌ Round 2 (၁၆ဦးအဆင့်)ရှုံးထွက်ပွဲမှ စပြီးယှဉ်ပြိုင်နေရခြင်းဖြစ်သည်။

ယခု International Future Series ပွဲစဉ်များ ပြီးဆုံးပါက သက်ထားသူဇာသည် မော်လဒိုက်နိုင်ငံ ၌ပင် စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပမည့် International Challenge 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာစီးရီးပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဉ်ပြိုင်ရင်း အမှတ်ရ ယူနေခြင်းဖြစ်ပြီး ယခုဆိုလျှင် ကမ္ဘာအဆင့် သတ်မှတ်ချက် ၇၀ရှိပြီး ရွှေတံဆိပ် ၆ဆုပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန် 

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

The post မော်လဒိုက်ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ အိန္ဒိယကို အနိုင်ရပြီး ဖိုင်နယ်တက် appeared first on ဧရာဝတီ.

ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ

$
0
0

မော်လ်ဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019 ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အိန္ဒိယ ကစားသမား Malvika BANSOD အား ရှုံးနိမ့်သွားသဖြင့် ဒုတိယဆုသာ ရရှိခဲ့သည်။

ထိုပွဲတွင် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအတွက် Round 2 (၁၆ဦးအဆင့်)ရှုံးထွက်ပွဲကနေ စပြီးယှဉ်ပြိုင်နေရခြင်း ဖြစ်သည်။

သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က “သူ ရှုံးသွားတယ်။ ကစားတာလည်း သူနည်းနည်းလေး နေတယ်။ ပွဲပန်းတာများတာလည်း ပါတယ်။ လက်ရည်မှာ သူကတောင် သာသေးတယ်။ ပြိုင်ပွဲမှာဖောက်တာ မျိုးက ဖြစ်တတ်ပါတယ်။ လေးနေတော့ ကိုယ်လိုတိုင်းမရောက်ပဲ ဟိုဘက်ကအတိုင်းလိုက် ကစားပေးနေရ တယ်။ နောက် အမှားတွေများတယ်”ဟု ဧရာဝတီသို့ ပြောကြားသည်။

အိန္ဒိယ ကစားသမား Malvika BANSODက နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသည့် သက်ထားသူဇာအား (၂၁-၁၃၊ ၂၁-၁၁)ဖြင့် အနိုင်ရရှိသွားသည်။

Maldives International Future Seriesက ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားသည့် ပြိုင်ပွဲ အနက် အနိမ့်ဆုံးအဆင့် ပြိုင်ပွဲဖြစ်ပြီး၊ ဆုကြေးငွေလည်း နည်းပါးမှုကြောင့် အရှေ့တောင် အာရှ၏ ထိပ်တန်း ကြက်တောင်မယ်များ လာရောက် ယှဉ်ပြိုင်ခြင်း မရှိပါဟုလည်း သိရသည်။

ယခု International Future Series ပွဲစဉ်များ ပြီးဆုံးပါက သက်ထားသူဇာသည် မော်လဒိုက်နိုင်ငံ ၌ပင် စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပမည့် International Challenge 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ သူ၏ လက်ရည် အနေအထားနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ဆက်စပ်ဖတ်ရှု့ရန် 

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

မော်လဒိုက်ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ အိန္ဒိယကို အနိုင်ရပြီး ဖိုင်နယ်တက်

The post ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ appeared first on ဧရာဝတီ.


ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ဟောင်း ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရမည့် သက်ထားသူဇာ

$
0
0

Maldives International Challenge 2019 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာ သည် ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ဟောင်း ဗီယမ်နမ်မှ ဗူသီထရန်နှင့် ယနေ့တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကမ္ဘာ့အဆင့် ၆၄ရှိသည့် ဗီယက်နမ် ကြက်တောင်မယ် ဗူသီထရန်နှင့် သက်ထားသူဇာတို့သည် နိုင်ဂျီးရီးယားနိုင်ငံတွင် ကျင်းပသည့်ပွဲ၌ တွေ့ဆုံခဲ့ဖူးရာ ထိုစဉ်က သက်ထားသူဇာက ရှုံးသွားသည့် အတွက် ယခုပွဲမှာ မကျေပွဲဟု ပြောနိုင် ကြောင်း ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ ပြောသည်။

“ပွဲကတော့ သိပ်အလွယ်ကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် သူရိုက်တာ တောက်လျှောက်တော့ ကောင်းလာတယ်။ သူ အဲလိုလေး ကောင်းနေမယ်ဆိုရင် မဆိုးဘူး။ နိုင်ခြေရှိပါတယ်။ အခု သူ့လက်နဲ့ သူ့စိတ်နဲ့က ဟပ်မိနေတဲ့ အတွက် ၅၀-၅၀ပါပဲ”ဟု ဦးထွန်းထွန်းဇော်က သုံးသပ်သည်။

သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၄၇ ရှိ ကနေဒါ ကစားသမား ဘရစ်တနီတမ် အား (၂၁-၁၉/၁၄-၂၁/၂၁-၉) ဖြင့် အကြိတ်အနယ်ကစား ပြီး အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားခြင်း ဖြစ်သည်။

ထိုပွဲတွင် သက်ထားသူဇာအနေဖြင့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအတွက် ၃၂ဦးအဆင့် ရှုံးထွက်ပွဲစဉ်မှ စ၍ ယှဉ်ပြိုင် ကစားရသည်။

သက်ထားသူဇာအနေဖြင့် Maldives International Challenge ပွဲအပါအဝင် နိုင်ငံတကာ Challeng ပွဲများကို ၄ကြိမ် မြောက်ဝင် ရောက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ အီရန်၊ ဗီယက်နမ်နှင့်နိုင်ဂျီးယားတို့ တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရာ အီရန်တွင် ကစားသည့်ပွဲ၌ တတိယရရှိခဲ့ဖူးသည်ဟု သိရသည်။

၂၀၂၀ခုနစ် တိုကျိုတွင် ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန်  ရည်ရွယ်ထားသည့် သက်ထားသူဇာသည် ဖိတ်ခေါ်ပြိုင်ပွဲများ၊ နိုင်ငံတကာပြိုင်ပွဲများနှင့် Future Seriesအပါအဝင် ပြိုင်ပွဲပေါင်း ၇၈ပွဲကစားထားရာ ၅၈ပွဲ အနိုင်ရပြီး ပွဲ၂၀ရှုံးထားသည်။

သက်ထားသူဇာသည် လက်ရှိတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)က သတ်မှတ်ထားသည့် World rankings 68 တွင်ရှိနေပြီး အမှတ်ပေါင်း ၂၂၄၃၀ရရှိထားသူဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန် သက်ထားသူဇာအနေဖြင့် Grade ၃ခုကို ဖြတ်ကျော်ရမည်ဖြစ်သည်။ Grade 1 မှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁မှ ၁၆အတွင်းရရှိထားသူများအတွက်ဖြစ်ပြီး Grade 2တွင် level 6ခုရှိကာ Grade 3၌ level 3ခု ရှိကြောင်း သိရသည်။

သက်ထားသူဇာ လက်ရှိယှဉ်ပြိုင်ကစားနေသည့် Future Seriesနှင့် International Seriesများက Grade 3၊ level 2အဆင့်တွင်သာ ရှိသေးသည်။ level 3 ဖြစ်သည့် Challengeကို သက်ထားသူဇာ အနေဖြင့် အနိုင်ရ အောင် ရိုက်နိုင်ပါက အိုလံပစ်ဝင်ရန် ပထမအဆင့်အောင်မြင်ပြီဟု ဆိုနိုင်မည်ဖြစ် သည်။

မြန်မာကြက်တောင်လောက အိုလံပစ်ဝင်သည့် ကြက်တောင်အားကစားသမား တဦးတယောက်မျှ မပေါ်သေး သည့်အတွက် သက်ထားသူဇာက မြန်မာ့ကြက်တောင်လောကအတွက် အိုလံပစ်ဝင်ရန် မျှော်လင့်ချက် တခုလည်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် အိုလံပစ်ဝင်ရန် အခက်အခဲများစွာရှိသော်လည်း ခြွင်းချက်တခုရှိပါသေး သည်။ White Card ဟု ခေါ်သည့် ဆင်းရဲသော ကြက်တောင်ဖွံ့ဖြိုးစနိုင်ငံများကို ပေးသည့် အထူး အခွင့်အရေးတရပ်ရှိသည်။ ထိုအခွင့်အရေးက မြန်မာ့အားကစားသမားများအနေဖြင့် အိုလံပစ်ဝင်ရန် မျှော်လင့်ခွင့်ရှိနေသေးသည်။

သက်ထားသူဇာအနေဖြင့် အိုလံပစ်ဝင်ရန်အတွက် ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်နေရဦးမည်ဖြစ်သည်။ ၎င်းသည် မော်ဒိုက် ပြိုင်ပွဲပြီးပါက အိန္နိယနှင့် နီပေါတို့တွင် ၂ပွဲဆီ စုစုပေါင်း ၄ပွဲ ဆက်လက်ယှဉ်ပြိုင်ရန် ရှိနေသေးသည်ဟု သိရသည်။

You may also like these stories:

မော်လဒိုက်ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ အိန္ဒိယကို အနိုင်ရပြီး ဖိုင်နယ်တက်

တရုတ်တိုင်ပေကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားသည့် သက်ထားသူဇာ

သက်ထားသူဇာနဲ့ “ချစ်ချစ်တုံး” ဆိုတဲ့ Music Video ရိုက်ကူးထားတဲ့ အဆိုတော် ရဲလေး

သက်ထားသူဇာ နိုင်ငံတကာပြိုင်ပွဲအတွက် မော်လဒိုက်သို့ ထွက်ခွာ

The post ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ဟောင်း ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရမည့် သက်ထားသူဇာ appeared first on ဧရာဝတီ.

ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်ဖို့ အကြိုပြင်ဆင်မှုတွေ စတင်ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ

$
0
0

ထိုင်းနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။ ဘန်ကောက်မှာ ကျင်းပတဲ့ အစည်းအဝေးတခုမှာ ခရီးသွားနဲ့ အားကစားဝန်ကြီး Pipat Ratchakitprakan က ၂၀၃၄ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲကို အာဆီယံနိုင်ငံတွေနဲ့အတူ လက်ခံ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ စတင်ဆောင်ရွက်နေပြီလို့ ပြောကြားလိုက်ပါတယ်။

အစည်းအဝေးအပြီးမှာ ဝန်ကြီးက ထိုင်းနိုင်ငံက မီဒီယာတွေကို ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်ဖို့အတွက် အကောင်အထည်ဖော်မယ့် အစီအစဉ်တွေကို ဝန်ကြီးချုပ် Prayut Chan–o-Cha ညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ခံ ကျင်းပဖို့အတွက် အကောင်ထည်ဖော် ဆောင်ရွက်မှုကို ခရီးသွားနဲ့ အားကစားဝန်ကြီးဌာနက အမြဲတမ်း အတွင်းရေးမှူးက ဦးဆောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ အာဆီယံ ၁၀ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတို့ပူးပေါင်းပြီး ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပနိုင်အောင် အကောင်ထည်ဖော် ဆောင်ရွက်နေကြတာပါ။

ကျင်းပနိုင်ဖို့ စိတ်အားထက်သန်နေပေမယ့် လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ FIFA အဆင့်သတ်မှတ်ချက် ဘောလုံးကွင်း မရှိသေးကြောင်း ထိုင်းနိုင်ငံ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

ဒါပေမယ့်လည်း ဘောလုံးကွင်းဟောင်းတွေကို အဆင့်မြင့်တင်ပြီး စံသတ်မှတ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်သွားမယ့်အပြင် ချောင်ဘူရီမှာလည်း ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် လူငယ်နွေရာသီ အိုလံပစ်ပွဲတော်အတွက် အဆင့်မြင့် အားကစားကွင်း ဆောက်လုပ်သွားဖို့ ရှိပါတယ်။

နိုင်ငံတွင်းမှာရှိတဲ့ အသုံးပြုနေဆဲ ဘောလုံးကွင်းတွေကိုပါ ကမ္ဘာ့ဖလားနဲ့ တခြားအားကစားပွဲတွေ လက်ခံကျင်းပနိုင်တဲ့ထိ ပြင်ဆင်မွမ်းမံသွားဖို့ ရှိပါတယ်။ ဘန်ကောက်မှာရှိတဲ့ Rajamangala အမျိုးသားအားကစားကွင်း၊ ချင်းမိုင်းက 700th Anniversary အားကစားကွင်းနဲ့ နာခွန် ရတ်ချာစီမာမှာရှိတဲ့ နတ်ရွာစံဘုရင် ဘူမိဘောရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အားကစားကွင်းတွေကို အဓိကထား ပြင်ဆင်မွမ်းမံမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Ref: Channel New Asia

You may also like these stories:

ဥရောပရဲ့ အကြီးဆုံး ဘောလုံးကွင်းမျာ

ဆာလောင်နေချိန် ဟမ်ဘာဂါ ကျွေးခဲ့ဖူးတဲ့ အမျိုးသမီးကို ပြန်လည် ရှာဖွေခဲ့တဲ့ စီရော်နယ်ဒို

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ

၂၀၂၄ အိုလံပစ်ပွဲမှာ Breaking အက ပြိုင်ပွဲများ ပါဝင်မည်

The post ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်ဖို့ အကြိုပြင်ဆင်မှုတွေ စတင်ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ appeared first on ဧရာဝတီ.

အောင်လနှင့် ဗီရာ ဘယ်သူနိုင်မလဲ

$
0
0

ဝမ်းချန်ပီယံရှစ်၏ ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ဘရန်ဒန် ဗီရာ၏ စိန်ခေါ်မှုကို အောင်လအန်ဆန်း လက်ခံခဲ့ချိန်တွင် မြန်မာနိုင်ငံမှ အောင်လ၏ သန်းနှင့်ချီသော ပရိတ်သတ်များအားလုံး ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြသည်။

၎င်းထက် ဝိတ်တန်းမြင့်သော ဟဲဗီးဝိတ် ချန်ပီယံနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရမည့် အောင်လအတွက် စိတ်ပူကြသည့် ပရိတ်သတ်များ ရှိသလို ဘရန်ဒန်ဗီရာလို ဟဲဗီးဝိတ်ချန်ပီယံကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ် ချန်ပီယံဘွဲ့နှင့် ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြစေလိုသည့် ပရိတ်သတ်များလည်း ရှိခဲ့သည်။

လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ ပရိတ်သတ်များ မျှော်လင့် စောင့်စားခဲ့ကြသည့် အောင်လအန်ဆန်းနှင့် ဘရန်ဒန်ဗီရာတို့၏ လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ခါးပတ်လုပွဲက ပရိတ်သတ်များ ရှေ့မှောက်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

ဒီပွဲစဉ်က ဝမ်းချန်ပီယံရှစ်၏ သမိုင်းတလျှောက် အခမ်းအနားဆုံးနှင့် အကြီးကျယ်ဆုံးပွဲ ဖြစ်ကြောင်း အာရှတလွှား တိုက်ခိုက်ရေး အားကစားပွဲများ စီစဉ်ကျင်းပနေသည့် ဝမ်းချန်ပီယံရှစ် အဖွဲ့က ညွန်းဆိုထားသည်။

ထိုသို့ ပြောမည်ဆိုလျှင်လည်း ပြောလောက်စရာ ဖြစ်သည်။ ဗီရာနှင့် အောင်လတို့ ထိုးသတ်မည်ဟု တွေးကြည့် ရုံမျှနှင့် ရင်ခုန်ဖွယ်ရာ၊ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်။ အားပါပြီး ပြင်းထန်သော ပါဝါလက်သီးချက်၊ ခြေကန်ချက်များ၊ ဒူးတိုက်ချက်များဖြင့် ပြိုင်ဘက်တွေကို လှဲဖြိုလေ့ရှိသည့် ဘရန်ဒန် ဗီရာက လက်ရှိ ဝမ်းချန်ပီယံရှစ်၏ အမြင့်ဆုံး ဟဲဗီးဝိတ်တန်းတွင် ရှုံးပွဲ မရှိသည့် ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံဖြစ်သလို အာရှတွင်လည်း ထိပ်တန်း အဆင့်ရှိသည့် တိုက်ခိုက်ရေး သမားတဦး ဖြစ်သည်။

မြန်မာတို့၏ အချစ်တော် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား အောင်လအန်ဆန်းကလည်း ၂၀၁၇ ဇူလိုင်လတွင်
ချန်ပီယံ ဘစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံခါးပတ် သိမ်းပိုက်ခဲ့ချိန်မှစ၍ ၆ ပွဲ ဆက်တိုက် အနိုင် ရရှိထားသူဖြစ်ပြီး ဝမ်းချန်ပီယံရှစ် သမိုင်းကြောင်း တလျှောက် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံခါးပတ် ၂ ခုကို ပထမဆုံး သိမ်းပိုက်ခဲ့သည့် နှစ်ထပ်ကွမ်း ချန်ပီယံဖြစ်သည်။

အဆိုပါ ချန်ပီယံ ၂ ဦး၏ ရေကုန်ရေခမ်း ထိုးသတ်မည့်ပွဲစဉ်က မြန်မာပြည် သာမက၊ အာရှတလွှားမှ တိုက်ခိုက်ရေး အားကစားကို ခုံမင်ကြသည့် ပရိတ်သတ်များ၏ စိတ်အာရုံကို ဖမ်းစားထားပြီ ဖြစ်သည်။

အောင်လ၏ လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံခါးပတ်ကို လုယူရန် စိန်ခေါ်ခဲ့သူ ဘရန်ဒန် ဗီရာကို အမေရိကန်နိိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ နော့ဖော့မြို့တွင် ၁၉၇၇ ခုနှစ်၊ အောက်တိုဘာလက မွေးဖွားခဲ့သည်။ ဖခင်မှာ ဖိလစ်ပိုင်လူမျိုး ဖြစ်ပြီး မိခင်မှာ အီတလီနိုင်ငံသူ ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဗီရာမှာ အောင်လကဲ့သို့ပင် ဖိလစ်ပိုင် နိုင်ငံ၏ တိုက်ခိုက်ရေးအားကစား လောကတွင် နာမည် ကျော်ကြား ထင်ရှားသူ ဖြစ်သည်။

အမေရိကန် လေတပ်သားဟောင်း တဦး ဖြစ်သူ ဗီရာမှာ ငယ်စဉ်ကတည်းကပင် တိုက်ခိုက်ရေး အားကစားကို ခုံမင်စွာ လေ့ကျင့့်သင်ကြားခဲ့သူဖြစ်ပြီး တက္ကသိုလ် တက်ရောက်ချိန်နှင့် လေတပ်၌ စစ်မှုထမ်းချိန်များတွင်လည်း နပမ်းပညာရပ်များကို စဉ်ဆက်မပြတ် သင်ကြား လေ့ကျင့်ခဲ့သူဖြစ်သည်။

လက်တွင် ဒဏ်ရာရခဲ့သည့်အတွက် လေတပ်မှ ထွက်ပြီးနောက် MMA လောက၏ နာမည်ကြီး နည်းပြတဦး ဖြစ်သူ လွိုက်အိုက်ဗရင်ထံတွင် MMA ပညာရပ်များ လေ့ကျင့် သင်ကြားခဲ့သည်။ ထို့နောက် ဗီရာမှာ ၂၀၀၂ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ ကိုယ်ခံပညာ ဘက်စုံသုံး တိုက်ခိုက်ရေး အားကစား အဖွဲ့ဖြစ်သည့် WEC တွင် ဝင်ရောက် ထိိုးသတ်ကာ MMA ဖိုက်တာဘဝကို စတင်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်တွင် တိုက်ခိုက်ရေး အားကစား လောကကို ဝင်ရောက်ခဲ့သူ ဗီရာ၏ MMA ခရီးအစက တရှိန်ထိုး အောင်မြင်ခဲ့သည်။ စတင်ထိုးသတ်သည့် ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ၃ နှစ်တာအတွင်း ၄ ပွဲ ထိုးသတ်ရာ ၄ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် WEC ၏ ဟဲဗီးဝိတ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ထို့နောက် ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလတွင် ကမာ္ဘကျော် တိုက်ခိုက်ရေး အားကစားပွဲများ စီစဉ်ကျင်းပနေသည့် UFC တွင် ဝင်ရောက် ထိုးသတ်ခဲ့ပြီး ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ ဖိုက်တာဘ၀ အစမှာပင် ၈ ပွဲဆက်တိုက် အနိုင်ယူ ပြခဲ့သဖြင့် ဗီရာကို UFC တွင် ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာနိုင်သည့် ဖိုက်တာအဖြစ် ထင်ကြေးပေး ခံခဲ့ရသည်။

သို့သော် UFC ပြိုင်ပွဲ ၅ ပွဲမြောက် ထိုးသတ်ချိန်မှ စတင်၍ ဗီရာတယောက် ရှုံးပွဲ စတင်ကြုံတွေ့ခဲ့ပြီး ၂၀၀၅ ခုနှစ်မှ
၂၀၁၃ ခုနှစ်အထိ နိုင်တလှည့်၊ ရှုံးတလှည့်ဖြင့် MMA လောက၌ ကျင်လည်ခဲ့ရသည်။ UFC တွင် ဗီရာ အနေဖြင့် ၁၅ ပွဲ ထိုးသတ်ခဲ့ရာ ၈ ပွဲသာ အနိုင်ရပြီး ရှုံးပွဲ ၇ ပွဲ ကြုံတွေ့ခဲ့ရသည်။

ထို့နောက် ၂၀၁၄ ခုနှစ်တွင် စင်္ကာပူ နိုင်ငံအခြေစိုက် ဝမ်းချန်ပီယံရှစ်အဖွဲ့နှင့် လက်မှတ်ထိုးကာ အာရှဒေသရှိ တိုက်ခိုက်ရေးအားကစား လောကသို့ ပြောင်းရွှေ့ထိုးသတ် ခဲ့သည်။

ဖခင်ဖြစ်သူက ဖိလစ်ပိုင်လူမျိုး ဖြစ်နေသည့်အတွက် ဝမ်းချန်ပီယံရှစ်တွင် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြုကာ ထိုးသတ် ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ONE; Sprit of Champions ပြိုင်ပွဲ၌ ပြိုင်ဘက် ပေါလ်ချန်းကို အလဲထိုး အနိုင်ယူကာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ဖြစ်လာခဲ့ပြီး ဖိလစ်ပိုင် တိုက်ခိုက်ရေး အားကစားလောက၏ သူရဲကောင်းတဦး အဖြစ် ထင်ရှားလာခဲ့သည်။

ဘရန်ဒန် ဗီရာမှာ လက်ရှိတွင် ဝမ်းချန်ပီယံရှစ်၌ ၄ ပွဲထိုး ၄ ပွဲအနိုင် ရလဒ်ဖြင့် ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို သိမ်းပိုက် ထားသူဖြစ်သည်။

သို့သော် ဝမ်းချန်ပီယံရှစ်၌ ဗီရာထိုးခဲ့သမျှ ပွဲစဉ်များကို ပြန်ကြည့်လျှင် သူ၏ပြိုင်ဘက် ၄ ဦးစလုံးကို ပထမအချီမှာပင် အလဲထိုးဖြင့် ပွဲသိမ်းနိုင်ခဲ့သည်ကို တွေ့ရသည်။

ယင်းအချက်ကိုကြည့်လျှင် ဗီရာကို ဝမ်းချန်ပီယံရှစ် ကြိုးဝိုင်းအတွင်း အခက်တွေ့အောင် ထိုးသတ်နိုင်သူ ဖိုက်တာ မပေါ်ပေါက်သေးသည့် သဘော ဖြစ်နေသည်။ ကြိုးဝိုင်းအတွင်း၌ သူတပြန် ကိုယ်တပြန် အကြိတ်အနယ် ထိုးသတ်လိုသည့် ဗီရာက သူနှင့် ထိုးသတ် တိုက်ခိုက်ရန် ပြိုင်ဘက်ကို ရှာဖွေချိန်တွင် မြန်မာ့ ဂုဏ်ဆောင် ၂ ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းကို စိန်ခေါ်ထိုးသတ်ရန် မျက်စိကျခဲ့သည်။

ထို့ကြောင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၏ မစ်ဒယ်ဝိတ်တန်း နံပါတ် ၁ ဖိုက်တာ ကန်ဟာဆဲဂါဝါကို အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ ခါးပတ်ကို ကာကွယ်သည့် ပွဲစဉ် အပြီးတွင် ဘရန်ဒန် ဗီရာက စင်ပေါ်တက်လာပြီး အောင်လ၏ လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ ချန်ပီယံခါးပတ်အတွက် ထိုးသတ် လိုကြောင်း စိန်ခေါ်ခဲ့သည်။

အောင်လကလည်း လိုလိုလားလား လက်ခံခဲ့သည့်အတွက် ဝမ်းချန်ပီယံရှစ် သမိုင်းတလျှောက် အကောင်းဆုံး ဖြစ်လာနိုင်သည့် ပွဲစဉ် ဖြစ်တည်လာခဲ့သည်။

အောင်လအန်ဆန်းက ဗီရာနှင့်ယှဉ်လျှင် MMA ပွဲစဉ် ထိုးသတ်မှု ပိုများသည်။ ဗီရာက MMA လောကသို့ ၂၀၀၂ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ၂၃ ပွဲထိုး ၁၆ ပွဲနိုင်၊ ၇ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားကာ အောင်လအန်ဆန်းက ၂၀၀၅ ခုနှစ်က စတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘဝသက်တမ်းတလျှေက် ၃၅ ပွဲထိုး၊၂၅ ပွဲနိုင်၊ ၁၀ ပွဲရှုံး ရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင် ကမာ္ဘ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရခဲ့ပြီး မြန်မာပြည် ကိုယ်စားပြု ပထမဆုံးသော ကမာ္ဘ့ မစ်ဒယ်ဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ၎င်းထိုးသတ်နေသည့် မစ်ဒယ်ဝိတ် ထက် တဆင့်မြင့်သော လိုက်ဟဲဗီးဝိတ် ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

၂၀၁၇ ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ထိုးသတ်သည့် မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်နောက်ပိုင်း အောင်လအန်ဆန်း ထိုးသတ်သည့်ပွဲတိုင်း ရှုံးပွဲမရှိခဲ့ဘဲ
၆ ပွဲထိုးသတ်ရာ ၆ ပွဲစလုံး အနိုင်ရရှိထားသည်။ အဆိုပါ နိုင်ပွဲ ၆ ပွဲတွင် လက်ဘနွန် နိုင်ငံသား ဖိုက်တာ ကရာကီနှင့် ဂျပန်ဖိုက်တာ ဟာဆဲဂါဝါကို ၂ ပွဲဆက်တိုက် အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ ခါးပတ်ကို ကာကွယ်ထိုးသတ် နိုင်ခဲ့သည့် ပွဲစဉ် ၃ ပွဲ ပါဝင်သည်။

အောင်လ အနေဖြင့် မစ်ဒယ်ဝိတ်ခါးပတ်ကို ကာကွယ်ပြီးသည့်နောက် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို ထပ်မံ ကာကွယ် ထိုးသတ်ရတော့မည်ဖြစ်သည်။ ယခုပွဲစဉ်တွင် အောင်လ အနိုင်ရရှိပါက လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံနှင့်
မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံအဖြစ် ဆက်လက် ရပ်တည်နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ အဖြစ်
ဆက်လက် တည်ရှိမည်ဖြစ်သည်။

စိန်ခေါ်သူ ဘရန်ဒန်ဗီရာ အနိုင်ရရှိခဲ့ပါက ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံနှင့် လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံအဖြစ် ရပ်တည် နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက ၎င်းမူလပိုင်ဆိုင်သည့် ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ အဖြစ် ဆက်လက်ရပ်တည် နိုင်မည်ဖြစ်သည်။

အောင်လအတွက် ဗီရာနှင့်ပွဲစဉ်က သူ၏ကစားသမားဘ၀ သက်တမ်းတလျှောက် ဟဲဗီးဝိတ် ဖိုက်တာတဦးနှင့် ပထမဦးဆုံး အကြိမ် ချန်ပီယံ ခါးပတ်လုပွဲ ယှဉ်ပြိုင်ရခြင်း ဖြစ်သလို သူနှင့်ယှဉ်ပြိုင်မည့် ဗီရာက သူ နှစ်ပေါင်း များစွာ အားပေးခဲ့သည့် ဖိုက်တာ တဦး ဖြစ်နေခဲ့သည်။ ယခုတော့ သူအားပေးသည့်ဖိုက်တာနှင့် ဂျပန်မြေပေါ်တွင် ယှဉ်ပြိုင်ထိုးသတ်ရတော့မည် ဖြစ်သည်။

အောင်လအနေဖြင့် ဗီရာနှင့်ထိုးသတ်ရန်အတွက် ၎င်း၏ခန္ဓာကိုယ်အလေးချိန်ကို ၂၀၅ ပေါင်မှ မြှင့်တင်ခဲ့ရသလို ဗီရာ အနေဖြင့်လည်း အောင်လနှင့် ထိုးသတ်ရန်အတွက် ၎င်း၏ ခန္ဓာကိုယ်အလေးချိန်ကို ဟဲဗီးဝိတ်တန်း အလေးချိန် ဖြစ်သည့် ၂၄၅ ပေါင်မှ ၂၂၄ ပေါင်အထိ လျော့ချခဲ့သည်။

ဘရန်ဒန် ဗီရာက ပြိုင်ဘက်ကို ချုပ်ကိုင်သည့် ဘရာဇီး ဂျူဂျစ်ဆုပညာတွင် ခါးပတ်နက်အဆင့်ရှိပြီး ကစ်ဘောက်ဆင် နှင့် နပမ်းပညာတို့တွင်လည်း ကျွမ်းကျင်သည်။ လျင်မြန်သည့် ပါဝါလက်သီးချက်၊ ခြေကန်ချက်နှင့် ဒူးတိုက်ချက် တို့ဖြင့် ပြိုင်ဘက်ကို ဖြိုလှဲတတ်သည်။

ထို့ကြောင့် ဗီရာနှင့် ထိုးသတ်ရန်အတွက် အောင်လ အနေဖြင့် အချိန် ၆ လခန့် ကြိုတင်ပြင်ဆင်ခဲ့ပြီး ဗီရာလို အရပ်မြင့်ပြီး လျင်မြန်သည့် ဟဲဗီးဝိတ် ဖိုက်တာများနှင့် လေ့ကျင့်ခဲ့ရသည်။

“သူက ကျနော့်ထက် ပိုအရပ်မြင့်တယ်။ ခြေတံလည်း ရှည်တယ်။ ပြီးတော့ သူက ဟဲဗီးဝိတ် ချန်ပီယံမို့လို့ ဟဲဗီးဝိတ် ပါဝါရှိတယ်။ မြန်တယ်သွက်တယ်။ ဒါကြောင့် သူ့ထက်ပိုကြီးပြီး ပိုမြန်တဲ့ အားကစားသမားတွေနဲ့ ကျနော် လေ့ကျင့်တယ်။ သူ့ရဲ့ကန်ချက်တွေနဲ့ ဆင်တဲ့တိုက်ကွက်တွေကို ဘယ်လိုခုခံရမယ်ဆိုတာ ကျနော်တို့ လေ့ကျင့်ပါတယ်”ဟု အောင်လအန်ဆန်းက မြန်မာပြည်မှ အွန်လိုင်းမီဒီယာတခုနှင့် အင်တာဗျူးခဲ့စဉ်က ပြောဆိုသည်။

အရပ်အမောင်းအားဖြင့် စိန်ခေါ်သူ ဘရန်ဒန် ဗီရာက အရပ် ၆ ပေ ၂ လက်မ (၁၈၇ ဒဿမ ၉၆ စင်တီမီတာ) ရှိပြီး မြန်မာတို့၏ အချစ်တော် ချန်ပီယံ အောင်လအန်ဆန်းက ၆ ပေ ၁ လက်မ (၁၈၅ ဒဿမ ၄၂ စင်တီမီတာ) ရှိသည်။

အောင်လအနေဖြင့် သူ့ထက် အရပ်အမောင်းကောင်းသည့် ဗီရာကို ပူးထိုးမလား၊ ခွာထိုးမလား၊ ဂျူဂျစ်ဆုနည်းဖြင့် ချုပ်ကိုင်မလား၊ ဘယ်လိုနည်းစနစ်တွေနဲ့ ထိုးသတ်သွားမလဲ ဆိုသည်က စိတ်ဝင်စားဖို့ကောင်းသည်။

ခွာထိုးလျှင်တော့ ဗီရာ၏ လက်သီးချက်၊ ခြေကန်ချက်များက အောင်လကို ဒုက္ခပေးနိုင်သည်။ ဂျူဂျစ်ဆုနည်းဖြင့် ချုပ်ဖို့ကလည်း ဗီရာကိုယ်တိုင်က ဂျူဂျစ်ဆုပညာ ကျွမ်းကျင်နေသူ တဦး ဖြစ်သည့်အတွက် မလွယ်ကူသည့် အခြေအနေ ဖြစ်သည်။

“ဒီပွဲမှာ ခွာပြီးတော့ ကစားလို့ မရဘူး။ ပူးကပ်ပြီးတော့ ကစားမှာပါ။ ပြီးတော့ ချုပ်ကွက်လည်း မသုံးပါဘူး။ ဒီပွဲယှဉ်ပြိုင်ဖို့ နည်းဗျူဟာတွေ ကောင်းကောင်း ရေးဆွဲထားပါတယ်”ဟု အောင်လအင်ဆန်းက မြန်မာပြည်မှ အွန်လိုင်းမီဒီယာနှင့် အင်တာဗျူးတွင် ပြောဆိုသည်။

ဗီရာအနေဖြင့်လည်း ဂျူဂျစ်ဆု ကျွမ်းကျင်နေသည့် အောင်လကို ချုပ်ကိုင်မည့်နည်းလမ်း အသုံးပြုနိုင်ချေ နည်းပါးနေပြီး လူချင်းခွာ ကစားကာ သူအားသာသည့် ပါဝါလက်သီး၊ ခြေကန်ချက်၊ ဒူးတိုက်ချက်များဖြင့် အောင်လကို ဖြိုလှဲဖို့ ကြိုးစားလာမည် ဟု ယူဆရသည်။

အောင်လနှင့် ဗီရာတို့ လက်သီးချင်း ယှဉ်ထိုးမည်ဆိုလျှင်တော့ ပွဲက အချိန်တိုင်း၊ စက္ကန့်တိုင်းမှာ အသည်းတယားယားနှင့် ကြည့်နေရမည့် သဘောရှိသည်။ နှစ်ဦးစလုံးက လက်သီး၊ ဒူး၊ ခြေကန်ချက်များ ကောင်းကြသည့်အတွက် အလစ်အငိုက် ချက်ကောင်းထိသွားသူက ယိုင်လဲပြိုဆင်း သွားနိုင်သည်။ MMA မှာက တချက်မှားသည်နှင့် ပြိုင်ဘက်က အခွင့်အရေးကို အမိအရ အသုံးချပြီး ပွဲသိမ်းလိုက်မည် ဖြစ်သည်။

အောင်လအတွက် အားသာချက် တခုကတော့ အသက် ၄၂ နှစ် အရွယ်ရှိနေသည့် ဘရန်ဒန် ဗီရာ၏ သက်လုံပိုင်း အခြေအနေ ဖြစ်သည်။ UFC တွင် ဗီရာရှုံးနိမ့်ခဲ့သည့် ပွဲစဉ် ၇ ပွဲတွင် ၃ ချီမြောက်၌ ရှုံးနိမ့်ခဲ့သည့်ပွဲစဉ် ၄ ပွဲရှိပြီး၊ ၄ ချီမြောက်တွင် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ် ၁ ပွဲရှိခဲ့သည်။

ဗီရာအနေဖြင့် ပွဲချိန်ကြာလာသည်နှင့်အမျှ အသက်အရွယ်အရ သက်လုံကျ ခဲ့လျှင်တော့ ပွဲချိန် ၄ ချီနှင့် ၅ ချီမြောက်တို့တွင် အောင်လအန်ဆန်းက အလဲထိုးဖြင့် အနိုင်ယူ သွားနိုင်သည့် အနေအထား ရှိသည်။

ဗီရာ သက်လုံမကျခဲ့လျှင်တော့ ဒီပွဲစဉ်တွင် နှစ်ဘက် အလဲထိုးနိုင်မည့် အခြေအနေ နည်းပါးနေပြီး
၅ ချီ ပြည့်သည်အထိ ပွဲချိန်ပြည့် ထိုးသတ်ရင်း အမှတ်ပေးစနစ်ဖြင့် ဒိုင်များ၏ အဆုံးအဖြတ်ကို ခံယူရနိုင်သည့် အနေအထား ရှိနေသည်။

“အောင်လအန်ဆန်းက တကယ်သန်မာတဲ့ သတ္တိကောင်းတဲ့လူ။ သူက ကြောက်ဖို့ကောင်းတဲ့ ဖိုက်တာ တဦးလည်း ဖြစ်တယ်။ သူနဲ့ထိုးဖို့ ကျနော် အရမ်း စိတ်လှုပ်ရှားရပါတယ်။ အရမ်းကြည့်ကောင်းတဲ့ ပွဲကြီးပွဲကောင်း တပွဲ ဖြစ်လာမှာပါ”ဟု စိန်ခေါ်သူ ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ဘရန်ဒန် ဗီရာက ဝမ်းချန်ပီယံရှစ်နှင့် အင်တာဗျူးတွင် ပြောဆိုသည်။

လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံခါးပတ်အတွက် ရေကုန်ရေခမ်း ထိုးသတ်ကြမည့် အောင်လအန်ဆန်းနှင့် ဘရန်ဒန် ဗီရာတို့ ပွဲစဉ် ပါဝင်သော ONE ; 100 CENTURY ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌
ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြည်တွင်းအခပေး ရုပ်သံလိုင်းဖြစ်သည့် စကိုင်းနက်ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ONE; 100 CENTURY ပွဲစဉ် အပိုင်း ၁ ကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် စတင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ အပိုင်း ၁ အစီအစဉ်တွင် မြန်မာနိုင်ငံမှ ဖိုက်တာ ဖိုးသော်နှင့် ကိုရီးယားဖိုက်တာ ယွန်ချန်မင်းတို့ ထိုးသတ်မည် ဖြစ်ကြောင်း သိရသည်။

ONE; 100 CENTURY ပွဲစဉ် အပိုင်း ၂ ကို နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် စတင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်၏ နောက်ဆုံးပွဲ (ခေါင်ပွဲ) အဖြစ် လိုက်ဟဲဗီးဝိတ် ချန်ပီယံလုပွဲ အဖြစ် လက်ရှိ ချန်ပီယံ အောင်လအန်ဆန်းနှင့် စိန်ခေါ်သူ ဘရန်ဒန် ဗီရာတို့ ထိုးသတ်ကြမည် ဖြစ်သည်။

အောင်လအနေဖြင့် ဂျပန်ဖိုက်တာ ဟာဆဲဂါဝါကို ၂ ကြိမ်၊ လက်ဘနွန်ဖိုက်တာ ကရာကီကို ၁ ကြိမ် အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ ရွှေခါးပတ်နှင့် ထိုက်တန်ကြောင်း သက်သေပြထားခဲ့သလို အောက်တိုဘာ ၁၃ ရက်နေ့ ပွဲစဉ်တွင်လည်း ဘရန်ဒန် ဗီရာကို အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ရွှေခါးပတ်နှင့် ထိုက်တန်ကြောင်း ထပ်မံ သက်သေပြသရန် လိုအပ်နေပြီဖြစ်သည်။

အောင်လ အနိုင်ရခဲ့လျှင် ဟဲဗီးဝိတ် ချန်ပီယံကို အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်သည့် မှတ်တမ်းသစ် ရေးထိုးနိုင်မည် ဖြစ်သလို တိုက်ခိုက်ရေး အားကစားလောကတွင်လည်း ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံကို အနိုင်ယူပြခဲ့သည့် ၎င်း၏နာမည်နှင့် အရှိန်အဝါ ပိုမိုကြီးထွားလာမည့် အနေအထား ရှိသည်။

ဘရန်ဒန် ဗီရာအနေဖြင့် အောင်လကို အနိုင်ရခဲ့ပါက ၎င်း၏ MMA ကစားသမား ဘဝ၌ ပထမဆုံးအကြိမ် အဖြစ် ဟဲဗီးဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ခါးပတ်ပိုင်ဆိုင်သည့် ၂ ထပ်ကွမ်း ချန်ပီယံအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့လျှင်တော့ ဝမ်းချန်ပီယံရှစ်၌ သူပထမဆုံး ရှုံးနိမ့်ခဲ့သူက အောင်လအန်ဆန်းဟူသည့်
မြန်မာပြည်သားတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

အောင်လအန်ဆန်းနှင့် ဘရန်ဒန် ဗီရာတို့ မည်သူ နိုင်သည်ဖြစ်စေ ONE ; 100 CENTURY ပြိုင်ပွဲ၌ ထိုးသတ်မည့် ၎င်းတို့ ၂ ဦး၏ ပွဲစဉ်က အာရှတလွှားမှ ပရိတ်သတ်များကို ရင်ခုန်စိတ်လှုပ်ရှားမှုနှင့် ဖျော်ဖြေမှု အပြည့်အ၀ ပေးစွမ်း နိုင်မည့် ပွဲကောင်းတပွဲ ဖြစ်လာဖို့ ရှိနေသည်။

You May Also Like These Stories:

ဂျပန်တွေ ကျေးဇူးတင် အမှတ်ရနေတဲ့ ဦးကျော်ဒင် 

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ 

အရှေ့တောင်အာရှ နိုင်ငံတွေမှာပဲ တွေ့ရှိနိုင်တဲ့ အားကစားများ 

The post အောင်လနှင့် ဗီရာ ဘယ်သူနိုင်မလဲ appeared first on ဧရာဝတီ.

အီဂျစ်ကြက်တောင်ပြိုင်ပွဲ သက်ထားသူဇာ ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူး

$
0
0

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပနေသည့် Egypt International 2019 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာ ကြက် တောင်မယ် သက်ထားသူဇာသည် အမျိုးသမီး တစ်ဦးချင်း ဖိုင်နယ်ပွဲစဉ်တွင် ဂရိတ်ဗြိတိန်တွင် ပါဝင်သည့် ဝေလ နယ်မှ ကစားသမား ဂျော်ဒန်ဟတ်ကို အနိုင်ရပြီး ချန်ပီယံဆုကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။

သက်ထားသူဇာသည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပီရူးကစားသမား ဒန်နီလာ မာစီးယက်ကို (၂၁-၈၊ ၂၁-၁၃)ဖြင့် နှစ်ပွဲပြတ် အနိုင်ရပြီး ဖိုင်နယ်သို့ တက်လှမ်းပြီးနောက် ယနေ့ ဖိုင်နယ်ပွဲစဉ်တွင် သက်ထားသူဇာက ဂျော်ဒန်ဟတ်ကို ပထမပွဲစဉ်တွင် ၂၁-၆ ဖြင့် အနိုင်ရပြီးနောက် ဒုတိယပွဲစဉ်တွင် ပြိုင်ဘက် ဂျော်ဒန်ဟတ်မှာ ဒဏ်ရာရသွားသဖြင့် အရှုံးပေးသွားခဲ့ခြင်းဖြစ် သည်။

“သူ(သက်ထားသူဇာ)နိုင်သွားပါတယ်။ သူ့နည်းပြတော့ မရှိပါဘူး။ ကျနော်ပဲ လေ့ကျင့်ရေးလုပ်ပေးနေတာ။ ကျနော် လုပ် ပေးနေလို့ ပြောတာမဟုတ်ပါဘူး။ သူ အရင်ကထက် တိုးတက်လာပါတယ်။ ကျနော်က သူ့အားနည်းချက်လေးတွေကို ပြင်ပေးပါတယ်”ဟု သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ထိုပွဲတွင် သက်ထားသူဇာသည် နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသူဖြစ်ပြီး ဂျော်ဒန်ဟတ်က နိုင်ခြေအဆင့် (၂) ရရှိထားသူဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၈ခုနစ်၊ကလည်း အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲ၌ ပထမဆုံးရွှေတံဆိပ်ကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ချန်ပီယံဆုကို ထပ်မံဆွတ်ခူး နိုင်ခြင်းဖြစ် သည်။

သက်ထားသူဇာသည် လက်ရှိတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)က သတ်မှတ်ထားသည့် World rankings 65 တွင်ရှိနေပြီး အမှတ်ပေါင်း ၂၃၁၀၀ရရှိထားသူဖြစ်သည်။

၂၀၂၀ခုနစ် တိုကျိုတွင် ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန် ရည်ရွယ်ထားသည့် သက်ထားသူဇာသည် ဖိတ်ခေါ်ပြိုင်ပွဲများ၊ နိုင်ငံတကာပြိုင်ပွဲများနှင့် Future Seriesအပါအဝင် ပြိုင်ပွဲပေါင်း ၈၃ပွဲကစားထားရာ ၆၂ပွဲ အနိုင်ရပြီး ပွဲ၂၁ ရှုံးထားသူလည်း ဖြစ်သည်။

သက်ထားသူဇာသည် နီပေါနိုင်ငံတွင် ကျင်းပမည့် Challengeပွဲနှင့် အိန္နိယနိုင်ငံတွင် ကျင်းပမည့် Tour 300ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

UAE နိုင်ငံ ဒူဘိုင်းတွင် ပြုလုပ်သည့် Tour 300ပြိုင်ပွဲတွင် သက်ထားသူဇာသည် ဂျပန်နိုင်ငံမှ ပြိုင်ဘကို ရှုံး၍ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

“Tour 100၊ Tour 300၊ Tour 500၊ Tour 700 ရှိတယ်။ Tour 300က သူ့အတွက် နောက်ဆုံးပွဲပါ။ Tour ပွဲတွေကတော့ အမြင့်ဆုံးပွဲလို့ ပြောရမှာပေါ့”ဟု ဦးထွန်းထွန်းဇော်က ရှင်းပြသည်။

You May Also Like These Stories:

ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ

ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ဟောင်း ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရမည့် သက်ထားသူဇာ

The post အီဂျစ်ကြက်တောင်ပြိုင်ပွဲ သက်ထားသူဇာ ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူး appeared first on ဧရာဝတီ.

ဆယ်စုနှစ်တခုအတွင်း ထိုင်းလက်ရွေးစင်အသင်း ဘောလုံးအသင်း ထိပ်ဆုံးသို့ရောက်လာ

$
0
0

ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် (FIFA)က နောက်ဆုံး ထုတ်ပြန်သည့် အဆင့်သတ်မှတ်ချက်အရ ထိုင်း အမျိုးသား လက်ရွေးစင် ဘောလုံးသင်းသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးသို့အဆင့်သို့ တက်လာသည်။

War Elephants ဟု ခေါ်သော ထိုင်းလက်ရွေးစင်အသင်းသည် ယခုလအတွင်းကျင်းပသည့် ချစ်ကြည်ရေးပွဲ  တွင် ကွန်ဂိုအသင်းကို ၁-၁ သရေကစားနိုင်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာရပ်စော်ဘွားများနိုင်ငံ (UAE) အသင်းကို ၂-၁ ဖြင့် အနိုင်ရပြီးနောက် အဆင့် ၁၁၄ မှ အဆင့် ၁၀၉ သို့တက်လာသည်။

ထိုအဆင့်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးဖြစ်ပြီး ထိုစဉ်က ထိုင်းအသင်းသည် အဆင့် ၁၀၅ တွင်ရှိသော်လည်း အာစီယံတွင် ဗီယက်နမ်၏ အောက်တွင်သာရှိနေသည်။

The post ဆယ်စုနှစ်တခုအတွင်း ထိုင်းလက်ရွေးစင်အသင်း ဘောလုံးအသင်း ထိပ်ဆုံးသို့ရောက်လာ appeared first on ဧရာဝတီ.

မန်ယူကစားသမားဟောင်း ဖာဒီနန်၊ လမ်းပေါ် ဘောလုံးကစားသူတွေရဲ့ ကျွမ်းကျင်မှုကို ချီးကျူး

$
0
0

Tiger Street Football အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မန်ချက်စတာ ယူနိုက် တက် ကစားသမားဟောင်း ရီယိုဖာဒီနန်က လမ်းမပေါ်တွင် ဘောလုံးကစားကြသည့် မြန်မာလူငယ်တွေ၏ ဘောလုံးကျွမ်းကျင်မှုသည် အံ့သြစရာကောင်းကြောင်း ချီးကျူး ပြောကြားလိုက်သည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန် မြို့ ရှိ သုဝဏ္ဍဘူမိ Event Park တွင် ပြုလုပ်သည့် သတင်းစာရှင်းလမ်းပွဲတွင် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ရရှိခဲ့သော အတွေ့အကြုံ ပတ်သက် ပြီး ပြောကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံက ဘောလုံးကစားသမားတွေရဲ့ ပင်ကို အရည်အသွေးကို ကျနော်တော်တော်ကြီး လေးစားအထင်ကြီး မိပါတယ်။ လမ်းမတွေပေါ် မှာ ကစားတဲ့ သူတို့ရဲ့ ဘောလုံး ကျွမ်းကျင်မှု နဲ့ ဖန်တီးနိုင်စွမ်းက အတော်လေးအားကောင်းပါတယ်” ဟု ဖာဒီနန်က ပြောသည်။

အင်္ဂလန်နှင့် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရီယိုဖာဒီနန်သည် ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြေနီကုန်း ဂုံးကျော်တံတားအောက်တွင် ဘောလုံး ကစားနေကြသူများ နှင့် တွေ့ဆုံကာ ဘောလုံး အတူတူကစားခြင်းများ ပြုလုပ်ခဲ့သည်။

“ဖိနပ်မပါဘဲ ဘောလုံးကစားတာရယ် ကျနော်တို့ W ဘောလုံး ကစားတာကို ကော်ဘောလုံး ကန်ကြတာကို သူတော်တော်အံ့သြပြီး သဘောကျကြောင်း ပြောပြတယ်” ဟု ဖာဒီနန်နဲ့ Tiger Street Football အစီအစဥွ် ပါဝင်သည့် သရုပ်ဆောင် ထွန်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဘောလုံးကစားနည်းမှာ ယခင်က အောင်မြင်ခဲ့သည့် နိုင်ငံတခုဖြစ်ခဲ့ကြောင်း၊ ဘောလုံးကစားနည်းသည် အခြေခံအုတ်မြစ်သည် အရေးကြီးသည့် ကစားနည်းဖြစ်ခြင်းကြောင့် အချိန်တခုတွင် ပြန်လည်အောင်မြင်လာမည့်ဟု မျှော်လင့်ကြောင်း ဖာဒီနန်က ပြောဆိုသည်။

Tiger Street Football ဘောလုံးပြိုင်ပွဲများကို ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် မလေးရှာနိုင်ငံများ တွင်လည်း ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျင်းပလျက်ရှိပြီး ယနေ့ တွင် နောက်ဆုံး ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားများကို ကျင်းပလျက်ရှိသည်။

You may also like these stories:

မြန်မာဘောလုံးအဖွဲ့ချုပ် ပထမဆုံးအကြိမ် ဘောလုံးစပွန်ဆာရရှိ

မြန်မာဘောလုံးအသင်းကို စီးပွားရေးလုပ်ငန်းရှင်များက ဒေါ်လာ ၅ သောင်း ဆုချ

အင်္ဂလန် ပရီးမီးယားရောက် အာရှရဲ့ “အပြာရောင် နဂါးတကောင်” အကြောင်း

The post မန်ယူကစားသမားဟောင်း ဖာဒီနန်၊ လမ်းပေါ် ဘောလုံးကစားသူတွေရဲ့ ကျွမ်းကျင်မှုကို ချီးကျူး appeared first on ဧရာဝတီ.

ဆီးဂိမ်းအဖွင့်ပွဲစဉ် မြန်မာဘောလုံးအသင်း မလေးရှားနှင့်သရေကျ

$
0
0

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ ၂၂ အသင်းနှင့် မလေးရှား ယူ ၂၂ အသင်းတို့ ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ တဖက်တဂိုးစီ သရေကျခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ပွဲချိန် ၁၃ မိနစ်၌ နောက်ခံလူ စိုးမိုးကျော်က ထောင့်ကန်ဘောကို ခေါင်းတိုက်၍ မြန်မာအသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် မြန်မာအသင်း နောက်တန်း၏ လူပေးမှားယွင်းမှုမှတဆင့် မလေးရှားအသင်း တိုက်စစ်မှူး ဟာဒီ ဖာယတ် (ကျောနံပါတ် ၉) က ချေပဂိုး သွင်းယူခဲ့သည်။

ပထမပိုင်း ပွဲကစားချိန် ၁၅ မိနစ်ကျော်အထိ မြန်မာအသင်း ကစားကွက်အသာဖြင့် မလေးရှားဘက်သို့ ထိုးဖောက်ကစားနိုင် ခဲ့သော်လည်း ချေပဂိုးရပြီးနောက် မလေးရှားအသင်း ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် မြန်မာအသင်းအပေါ် ပြန်လည် ဖိအား ပေးကစားနိုင်ခဲ့သည်။

ပထမပိုင်းပွဲချိန်အတွင်း အပြန်အလှန် ထိုးဖောက်ကစား သော်လည်း ထပ်မံဂိုးသွင်းနိုင်ခြင်း မရှိသဖြင့် ပထမပိုင်းပြီးချိန်တွင် တဖက်တဂိုးစီ သရေကျနေခဲ့သည်။

ပွဲချိန် ၁၃ မိနစ်၌ နောက်ခံလူ စိုးမိုးကျော်က ထောင့်ကန်ဘောကို ခေါင်းတိုက်၍ မြန်မာအသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် မြန်မာအသင်း နောက်တန်း၏ လူပေးမှားယွင်းမှုမှတဆင့် မလေးရှားအသင်း တိုက်စစ်မှူး ဟာဒီ ဖာယတ် (ကျောနံပါတ် ၉) က ချေပဂိုး သွင်းယူခဲ့သည်။

မြန်မာအသင်းကွင်းလယ်သည် မလေးရှားအသင်းတိုက်စစ်ကို ထိရောက်စွာ ဖြတ်တောက်ကစားနိုင်ခြင်း မရှိသလို မြန်မာအသင်း တိုက်စစ်ကိုလည်း ထိရောက်စွာ ပံ့ပိုးနိုင်မှု အားနည်းနေခဲ့သည်။

အထူးသဖြင့် မြန်မာယူ ၂၂ အသင်းမှ ခေါ်ယူအားဖြည့်ထားသည့် သက်ကြီးကစားသမား ၂ ဦးဖြစ်သော လှိုင်းဘိုဘိုနှင့် စည်သူအောင်တို့မှာ ယူ ၂၂ အသင်းမှ ကြယ်ပွင့်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေတို့နှင့် ချိတ်ဆက် ကစားနိုင်မှု အားနည်းနေခြင်း၊ မလေးရှားအသင်း ကွင်းလယ်နှင့် နောက်တန်း၏ကစားပုံ ကျစ်လစ်မာကျောနေမှုကြောင့် မြန်မာအသင်း ကစားကွက် ပျက်နေခဲ့သည်။

ယနေ့ပွဲစဉ်တွင် မလေးရှားကွင်းလယ်လူ၏ အနိမ့်ကန်ချက်ကို မြန်မာအသင်း ဂိုးသမား ဆန်းဆက်နိုင် အကောင်းဆုံး အနေ အထားဖြင့် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၆၃ မိနစ်တွင် မလေးရှားအသင်း၏ ပြစ်ဒဏ်ဘောကန်ချက် ဘားတိုင် ထိခဲ့ သည့်အတွက် မြန်မာအသင်း ရှုံးနိမ့်မည့်အခြေအနေမှ လွဲချော်ခဲ့သည်။

မြန်မာအသင်းဘက်မှ ထက်ဖြိုးဝေနှင့် လှိုင်းဘိုဘိုတို့၏ အဝေးကန်ချက်များကိုလည်း မလေးရှားဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်သည့်အတွက် ပွဲပြီးချိန်တွင် တဖက်တဂိုးစီဖြင့် သရေကျခဲ့သည်။

မြန်မာသင်းမှာ ဆီးဂိမ်းပြိုင်ပွဲ အုပ်စု (က) တွင် အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အရှေ့တီမော အသင်းတို့နှင့် တအုပ်စုတည်း ကျရောက်နေပြီး နိုဝင်ဘာ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၂ နာရီ ၃၀ မိနစ်တွင် ဆီမီးဖိုင်နယ်တက်ရေး အတွက် အဓိက ပြိုင်ဘက်အသင်းဖြစ်သည့် အိမ်ရှင် ဖိလစ်ပိုင် ယူ ၂၂ အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

You may also like this story:

မန်ယူကစားသမားဟောင်း ဖာဒီနန်၊ လမ်းပေါ် ဘောလုံးကစားသူတွေရဲ့ ကျွမ်းကျင်မှုကို ချီးကျူး

The post ဆီးဂိမ်းအဖွင့်ပွဲစဉ် မြန်မာဘောလုံးအသင်း မလေးရှားနှင့်သရေကျ appeared first on ဧရာဝတီ.


မြန်မာဘောလုံး အသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေ

$
0
0

မြန်မာယူ ၂၂ အသင်းနှင့် အိမ်ရှင် ဖိလစ်ပိုင် ယူ ၂၂ အသင်းတို့ ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်း က၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရပြီး အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အခြေအနေကောင်းနေသည်။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုး သား ဘောလုံးပွဲစဉ်အဖြစ် အဖွင့် ပွဲစဉ်တွင် မလေးရှားအသင်းနှင့် သရေကျခဲ့သည့်အတွက် ယနေ့ ပွဲစဉ်တွင် အနိုင်ရလဒ် ထွက်ပေါ်စေရန် မြန်မာအသင်း လူကုန်ထုတ်၍ ကစားခဲ့သည်။

ပွဲကစားချိန် ၁၇ မိနစ်တွင် တောင်ပံကစားသမား ထက်ဖြိုးဝေ၏ အကွက်မြင်စွာ ဖန်တီးပေးမှုမှ တဆင့် တိုက်စစ်မှူး အောင် ကောင်းမာန်က ဂိုးသမားနှင့် တယောက်ချင်း အတွေ့တွင် အပိုင်ကန်သွင်းကာ အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။

ထို့နောက် တောင်ပံ တိုက်စစ်များမှ မြန်မာအသင်းသည် ဖိလစ်ပိုင်ဘက်သို့ ဆက်တိုက် ထိုးဖောက်ကစားခဲ့ပြီး ကန်သွင်း ခွင့်များ ရရှိသော်လည်း တိုက်စစ်မှူးများ အဆုံးသတ် အားနည်းခဲ့သဖြင့် ဦးဆောင်ဂိုး ထပ်မံ ရရှိမည့် အခွင့်အရေးများ လွဲ ချော်ခဲ့သည်။

ဖိလစ်ပိုင်အသင်းကလည်း ဘယ်ညာ တောင်ပံတိုက်စစ် ကစားသမားများ၏ ဖြတ်တင်ဘောများမှ တဆင့် မြန်မာ အသင်း ဘက်သို့ ဖိအားပေး ကစားခဲ့သည်။ ပထမပိုင်းပွဲ ကစားချိန် ၄၅ မိနစ်တွင် မြန်မာအသင်း နောက်တန်း၏ လူကပ်ကစားပုံ အားနည်းမှုမှ တဆင့် ဘယ်တောင်ပံမှ ဖြတ်တင်ပေးသည့် ဘောလုံးကို ဖိလစ်ပိုင်အသင်း နောက်ခံလူ ဂျပ်စတင်း ဘတ်စ် က ၁၈ ကိုက်စည်းအတွင်း အပြင်း ကန်သွင်းကာ ချေပဂိုး ပြန်လည် သွင်းယူခဲ့သဖြင့် ပထမပိုင်းပွဲချိန် အပြီးတွင် တဖက် ၁ ဂိုးစီဖြင့် သရေ ရလဒ် ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် ဖိလစ်ပိုင် အသင်းမှာ တောင်ပံတိုက်စစ် ကစားသမား အသင်းခေါင်းဆောင် စတီဗင် ရှရော့၏ ထိုးဖောက်မှုများဖြင့် မြန်မာအသင်း နောက်တန်းကို ဖိအားပေး ထိုးဖောက်ခဲ့ပြီး ကန်သွင်းခွင့် တချို့ ရရှိခဲ့သော် လည်း ဂိုးပေါက် လွဲချော်ခဲ့သည်။

ယနေ့ မြန်မာအသင်းနှင့် ဖိလစ်ပိုင် အသင်းတို့ ကစားနေစဉ် (ဓာတ်ပုံ-Myanmar Football Federation)

ဒုတိယပိုင်း ပွဲကစားချိန် အစောပိုင်းတွင် ဖိလစ်ပိုင် အသင်း၏ ဖိအားပေး ထိုးဖောက်မှုကြောင့် မြန်မာအသင်း ကစားကွက် ပျက်နေခဲ့သည်။

ဖိလစ်ပိုင်အသင်း၏ ဖိအားပေးမှုကို မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမားတို့ အကောင်းဆုံး ခုခံကာကွယ်ခဲ့ပြီး ဖိလစ်ပိုင် နောက်တန်း ကစားသမားများ တိုက်စစ်သို့ အလွန်အကျွံ လိုက်ပါလာမှုကို အခွင့်ကောင်းယူကာ မြန်မာအသင်း တောင်ပံ ကစားသမား ထက်ဖြိုးဝေနှင့် မြတ်ကောင်းခန့် တို့၏ တွဲလုံးများဖြင့် ပြန်လည် ထိုးဖောက် ကစားခဲ့သည်။

တန်ပြန် တိုက်စစ်မှ တဆင့် တိုက်စစ်မှူး အောင်ကောင်းမာန် အပိုင် ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပဲ ဖိလစ်ပိုင် အသင်း ဂိုးသမား ကာကွယ်သွားခဲ့သည်။

မြန်မာအသင်း နည်းပြ ပိုပေါ့ဗ်က ကစားအားကျနေသည့် အောင်ကောင်းမာန်နေရာတွင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို လူစား လဲခဲ့ရာ မြန်မာအသင်း တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ပွဲကစားချိန် ၇၈ မိနစ်တွင် ထက်ဖြိုးဝေ၏ ဖန်တီး ပေးမှုမှ တဆင့် လူစားဝင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ၁၈ ကိုက်စည်းအတွင်း အပိုင်ကန်သွင်းကာ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။

ဦးဆောင်ဂိုး ရရှိပြီးနောက် ကစားအား ကျနေသည့် ဖိလစ်ပိုင်နောက်တန်းကို အဝေးဘော ပေးပို့မှုများ၊ မြန်နှုန်းမြှင့် ပြေး အား တိုးအားများဖြင့် မြန်မာအသင်း တိုက်စစ်ဆင်ခဲ့ပြီး တိုက်စစ်မှူး ဝင်းနိုင်ထွန်း ဂိုးသမားနှင့် တယောက်ချင်းအပိုင် ကန်သွင်းခွင့် ရခဲ့သော်လည်း ဖိလစ်ပိုင်အသင်း ဂိုးသမား ကာကွယ် သွားနိုင်ခဲ့သည်။

ဦးဆောင်ဂိုးပေး လိုက်ရသဖြင့် ဖိလစ်ပိုင်အသင်း တသင်းလုံး နီးပါး တိုက်စစ်ဆင် ကစားခဲ့သော်လည်း မြန်မာအသင်းကွင်း လယ်ခံစစ်နှင့် နောက်တန်း ကစားသမားများ ခုခံကစားနိုင်ခဲ့သည့် အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက အိမ်ရှင် ဖိလစ်ပိုင်အသင်းကို၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယနေ့ ပွဲစဉ်တွင် မြန်မာယူ ၂၂ အသင်း အနိုင်ရရှိခဲ့သော်လည်း ကစားပုံ လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် မြန်မာအသင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် ၂ ပွဲစလုံးတွင် တည်ငြိမ်သည့် ကစားဟန်၊ အသင်းလိုက် စုစည်းမှု၊ နားလည်မှု ရှိစွာ အချိတ်အဆက် မိမိ တွဲဖက်ကစားနိုင်သည့် အခြေအနေ အားနည်းနေဆဲ ဖြစ်ပြီး တစ်ဦးချင်း ကျွမ်းကျင်မှုနှင့် ကစားအားကို အခြေပြု၍ ယှဉ်ပြိုင် ကစားနေသည်ကို တွေ့ရသည်။

တိုက်စစ် ကစားသမားများ အဆုံးသတ် ကန်သွင်းမှု၊ ရရှိလာသည့် အခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချနိုင်မှု အားနည်းနေပြီး ကွင်းလယ် ကစားသမားများကလည်း ပြိုင်ဘက်အသင်းက ဖိအားပေးကစားချိန်တွင် အသင်း၏ ကစားကွက် အမြန်ဆုံး ပြန်လည် တည်ငြိမ်အောင် ကစားကွက်ဖော် ဆောင်နိုင်မှု၊ အသင်းကို ထိန်းကျောင်းနိုင်မှု အားနည်းနေဆဲ ဖြစ်သည်။

မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမားတို့မှာလည်း မလိုအပ်ဘဲ ဘောလုံး ကိုင်ကစားခြင်း၊ နောက်ပြန် ၍ လူပေးခြင်း အခြေအနေများက စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး အမှားအယွင်း တကြိမ် ကျူးလွန်မိသည်နှင့် ပြိုင်ဘက်အသင်းကို ဂိုးပေးလိုက် ရမည့်အနေအထားများ ရှိနေသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်စွဲလိုပါက မြန်မာအသင်း တိုက်စစ်မှူးများ အဆုံးသတ် ပိုမိုကောင်းမွန်ရန် လိုအပ်နေပြီး တည်ငြိမ် သည့် ကစားဟန်နှင့် အသင်းလိုက် စုစည်း ချိတ်ဆက် ကစားနိုင်မှုများ ယခုထက် ပိုမို ကောင်းမွန်ရန် လိုအပ်နေသည်။

မြန်မာအသင်းမှာ ယနေ့ပွဲစဉ်တွင် အိမ်ရှင် ဖိလစ်ပိုင်အသင်းကို အနိုင်ရခဲ့သည့်အတွက် ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ်ဖြင့် အုပ်စု (က) ၏ ပထမနေရာကို ယာယီ သိမ်းပိုက်ထားနိုင်ခဲ့သည်။

လာမည့် နိုဝင်ဘာလ ၂၉ ရက်၊ မြန်မာစံတော်ချိန် နေ့လယ်၂ နာရီ ၃၀ မိနစ်တွင် မြန်မာ ယူ ၂၂ အသင်းနှင့် အရှေ့တီမော ယူ ၂၂ အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန် 

ဆီးဂိမ်းအဖွင့်ပွဲစဉ် မြန်မာဘောလုံးအသင်း မလေးရှားနှင့်သရေကျ

The post မြန်မာဘောလုံး အသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေ appeared first on ဧရာဝတီ.

ဆီးဂိမ်း ကျင်းပနေစဉ် အင်ဒိုနီးရှားကစားသမားတွေကို ဝက်သား မှားကျွေးမိတဲ့ ဖိလစ်ပိုင်နိုင်ငံ

$
0
0

အခုလက်ရှိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ SEA Games ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း အစ္စလာမ်ဘာသာဝင်တွေ အများစုပါဝင်တဲ့ အင်ဒိုနီးရှား ဘောလုံးအသင်းသားတွေက ဝက်သားကို မှားယွင်းပြီး စားမိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ခဲ့တဲ့အတွက် ရှုတ်ချမှုတွေဖြစ်နေပြီး ကျန်တဲ့ အသားများကလည်း Halal ဖြစ်၊ မဖြစ် မသိရတာကြောင့် ပြဿနာတွေ ပေါ်ထွက်နေပါတယ်။

“အခုအချိန်အထိကို ကျနော်တို့ စားနေတဲ့ အစားအသောက်တွေက Halal ဖြစ်၊ မဖြစ် မသိရသေးဘူး။ နောက်ရက်တွေတော့ မျှော်လင့်ရတာပဲ”လို့ အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဝက်သားစားသုံးခြင်းကို အစ္စလာမ်ဘာသာဝင် နိုင်ငံတွေမှာ တားမြစ်ထားတာကြောင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းစတဲ့ နိုင်ငံတွေက ပြိုင်ပွဲဝင်တွေမှာ အခက်အခဲ ရှိနေတာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ပြုလုပ်နေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games မှာ လာရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံတိုင်းနီးပါး အခက်အခဲတွေ ကြုံတွေ့နေရပြီး ထိုင်းနိုင်ငံ ဘောလုံးအသင်းရဲ့ လက်ထောက်နည်းပြ Sawin Jaraspetcharanan ကလည်း အစားအစာနဲ့ ရေမလုံလောက်မှုတွေ ရှိတယ်လို့ ပြစ်တင်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက အားကစားသမားတွေလည်း အစားအစာနဲ့ ရေမလုံလောက်တဲ့ အလားတူပြဿနာတွေကို ကြုံတွေ့နေရပြီး ဖိလစ်ပိုင်နိုင်ငံကို စတင်ရောက်ရှိချိန်မှာ မြန်မာကစားသမားတွေကို ကြိုဆိုချိန်ကစလို့ ပြဿနာတွေ အများကြီးရှိနေတာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ဟာ ဝေဖန်မှုတွေကို ခံနေရတယ်လို့ သိရပါတယ်။

Ref; mb.com

You may also like these stories:

မြန်မာဘောလုံး အသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေ

မန်ယူကစားသမားဟောင်း ဖာဒီနန်၊ လမ်းပေါ် ဘောလုံးကစားသူတွေရဲ့ ကျွမ်းကျင်မှုကို ချီးကျူး

 

The post ဆီးဂိမ်း ကျင်းပနေစဉ် အင်ဒိုနီးရှားကစားသမားတွေကို ဝက်သား မှားကျွေးမိတဲ့ ဖိလစ်ပိုင်နိုင်ငံ appeared first on ဧရာဝတီ.

ဆီးဂိမ်းတွင် ကမ္ဘာ့ကြက်တောင်ချန်ပီယံများလည်း ပါသဖြင့် သက်ထားသူဇာအတွက် ခက်ခဲနိုင်

$
0
0

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကမ္ဘာ့ကြက်တောင်ချန်ပီယံများ ပါဝင်မည်ဖြစ်သည့် အတွက် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အနေဖြင့် အခက်အခဲရှိသည်ဟု ၎င်းက ဧရာဝတီသို့ ပြောကြားသည်။

30th SEA GAMESပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး နိုဝင်ဘာလ ၃ဝရက်နေ့မှ ဒီဇင်ဘာလ ၁ဝရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

သက်ထားသူဇာက“ဆီးဂိမ်းမှာတော့ လူကောင်းတွေ အများကြီးလာကြမှာ။ ထိုင်းက ဒီနှစ်အသင်းအပြည့် ကစားမယ်။ ကမ္ဘာ့ချန်ပီယံတွေတောင် ပါလာတယ်။ အင်ဒိုနီးရှားကလည်း လာမှာဆိုတော့ နည်းနည်း ခက်လိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် အနေဖြင့် ဆီးဂိမ်းတွင် သက်ထားသူဇာအပါအဝင် ၆ဦးဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး အင်အားကြီးနိုင်ငံမှ ကြက်တောင်အားကစားသမားများ ပါဝင်ကစားကြမည်ဖြစ်သည့်အတွက် အခက်အခဲရှိ သော်လည်း အမျိုးသမီးတဦးချင်းပွဲ၌ အမြင့်ဆုံး တတိယဆုရရှိရန် မျှော်မှန်းထားသည်ဟု ဧရာဝတီသို့ ပြောကြားသည်။

သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်ကလည်း “ဆီးဂိမ်းမှာတော့ အနည်းလေး Semi Final ဝင်အောင် ကြိုးစားရမှာပေါ့။ Finalအထိတော့ မှန်းမထားပါဘူး။ Semi Finalဝင်နိုင်ရင်ပဲ တော်တော်လေး အဆင့်မြင့် နေပြီ။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း အဲဒီသုံးနိုင်ငံလုံးက အကုန်လုံးက တကယ့် တော်တဲ့သူတွေနဲ့ ရိုက်ရမှာဆိုတော့ ခက်တာတော့ ခက်မှာပေါ့”ဟု ဆိုသည်။

ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ကလည်း ဆီးဂိမ်းပြိုင်ပွဲ တွင် ရွှေ၊ ငွေ၊ ကြေးရရှိသော အားကစားသမားများကိုလည်း ထိုက်တန်သော ဆုကြေးငွေများရရှိအောင် ကြိုးစားဆောင်ရွက် နေကြောင်း ပြိုင်ပွဲဝင်အားကစားသမားများနှင့်တွေ့ဆုံသည့် ပွဲတွင် အားပေးစကားပြော ကြားထားသည်။

သက်ထားသူဇာ အနေဖြင့် SEA GAMESပြိုင်ပွဲအတွက် လက်ရှိတွင် မလေးရှားနိုင်ငံ၌ လေ့ကျင့်ရေးများ ပြုလုပ် နေသည်မှာ ၂လခန့်ရှိပြီဖြစ်သည်။ မလေးရှားမှ နည်းပြနှင့် သက်ထားသူဇာ၏ ဖခင်ဖြစ်သူတို့က အနီးကပ် လေ့ကျင့်မှုများ ပြုလုပ်ပေး လျှက်ရှိသည်ဟု သိရသည်။

ဦးထွန်းထွန်းဇော်က“သူ(သက်ထားသူဇာ) တော်တော်လေး တိုးတက်လာတယ်။ အခုလောလောဆယ်မှာတော့ Speed တွေ၊ Power တွေ ကောင်းလာတယ်။ သူ့လိုအပ်ချက်တွေကို အဓိက ထားပြီး မလေးရှားမှာ လေ့ကျင့်ပေး နေတယ်။ အဲဒါတွေကိုပဲ နည်းပြနဲ့ ကျနော်တိုင်ပင်ပြီး လုပ်ပေးတယ်”ဟု ဆိုသည်။

သက်ထားသူဇာအနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ တိုးတက်လာစေရန် နိုင်ငံတကာပြိုင်ပွဲများ ဆက် တိုက်ဝင်ပြိုင် နေရသည့်အတွက် ပြိုင်ပွဲများအပေါ် ပင်ပန်းငြီးငွေ့မှုရှိနေကြောင်း၊ ထိုသို့ ပင်ပန်းမှုများ ရှိသော် လည်း ကမ္ဘာ့အဆင့် သတ် မှတ်များက တပတ်နှင့်တပတ် တိုးတက်မှု ရှိလာသည်ဟု ၎င်းက သုံးသပ်သည်။

သက်ထားသူဇာသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိန္နိယနိုင်ငံတွင် ကျင်းပသည့် Challengeပွဲ၌ တတိယဆု ရရှိထားပြီး HSBC BWF World Tour Super 300 Category ပြိုင်ပွဲတွင် ပထမဆုံးပွဲစဉ်၌ ကိုရီးယားကစား သမား Sim Yu Jinနှင့်တွေ့ကာ ရှုံးနိမ့်သွားခဲ့ရသည်။

၂၀၂၀ခုနစ် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန်  ရည်ရွယ်ထားသည့် သက်ထားသူဇာ သည် လက်ရှိတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် World rankings 61 တွင်ရှိကာ ပွဲပေါင်း ၉၂ပွဲကစားထားရာမှ ပွဲ၇၀နိုင်ထားပြီး ၂၂ပွဲရှုံး ထား သည်။

ဆက်စပ်ဖတ်ရှုရန်

မော်လဒိုက်ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ အိန္ဒိယကို အနိုင်ရပြီး ဖိုင်နယ်တက်

သက်ထားသူဇာ ယနေ့တွင် အင်ဒိုပြိုင်ဘက်နှင့် ကစားမည်

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

The post ဆီးဂိမ်းတွင် ကမ္ဘာ့ကြက်တောင်ချန်ပီယံများလည်း ပါသဖြင့် သက်ထားသူဇာအတွက် ခက်ခဲနိုင် appeared first on ဧရာဝတီ.

မြန်မာ အမျိုးသမီးဘောလုံးအသင်း အကြိုဗိုလ်လုပွဲတွင် ထိုင်းနှင့် တွေ့မည်

$
0
0

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် မြန်မာအသင်းနှင့် ထိုင်း အသင်းတို့ ထိပ်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယနေ့မွန်လွဲပိုင်းက မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် မလေးရှား အမျိုးသမီးအသင်းနှင့် ကစားရာ ၅ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ယူလိုက်သဖြင့် အုပ်စု(က)တွင် အုပ်စုဗိုလ်ဖြစ်ကာ အကြိုဗိုလ်လုပွဲသို့ တက် ရောက်ခဲ့ခြင်းဖြစ်သည်။

အုပ်စု(ခ)တွင် ထိုင်းလက်ရွေးစင်အမျိုးသမီးအနေဖြင့်လည်း ယနေ့ပွဲစဉ်တွင် အင်ဒိုနီးရှားအမျိုးသမီး အသင်းအား ၅ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရကာ အုပ်စုဒုတိယဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အုပ်စု(က)တွင် မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ပါဝင်ပြီး အုပ်စု ပထမပွဲစဉ်အဖြစ် မြန်မာနှင့် ဖိလစ်ပိုင်တို့ ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်ခဲ့သည့် အတွက် ရမှတ်တူ၊ ဂိုကွားခြားချက်တူဖြင့် ၎င်းတို့ ၂ သင်းအုပ်စု တက် ခဲ့ခြင်းဖြစ် သည်။

ဆက်စပ်ဖတ်ရှုရန်

မြန်မာဘောလုံး အသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေ

ဆီးဂိမ်းတွင် ကမ္ဘာ့ကြက်တောင်ချန်ပီယံများလည်း ပါသဖြင့် သက်ထားသူဇာအတွက် ခက်ခဲနိုင်

The post မြန်မာ အမျိုးသမီးဘောလုံးအသင်း အကြိုဗိုလ်လုပွဲတွင် ထိုင်းနှင့် တွေ့မည် appeared first on ဧရာဝတီ.

အပျို မစစ်တာကြောင့် ကျွမ်းဘားအဖွဲ့က ထုတ်ပယ်ခံရတဲ့ အားကစားမယ်

$
0
0

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games မှာ ကျွမ်းဘားကစားနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်ဒိုနီးရှား အားကစားမယ် တဦးကို အပျို မစစ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်ဒိုကျွမ်းဘားအဖွဲ့က ပြိုင်ပွဲဝင်စာရင်းကနေ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၆ နှစ်အရွယ် အားကစားမယ် Shalfa Avrila Sania ဟာ အသက် ၈ နှစ်ကတည်းက အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကျွမ်းဘားကစားကို ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ဆုတံဆိပ်ပေါင်း ၅၀ ထက်မနည်း ရရှိထားသူလည်း ဖြစ်ပါတယ်။ နည်းပြကတော့ အပျို မဟုတ်တော့တာကြောင့် ဒီလို ယှဉ်ပြိုင်ခွင့် စာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားအခြေစိုက် iNews Jatim က ဖော်ပြထားပါတယ်။

“ကျမ သမီးက ယောကျာ်းလေး သူငယ်ချင်းတွေနဲ့ အပြင်သွားလေ့ရှိပြီး အိမ်ပြန်နောက်ကျလေ့ ရှိတာကြောင့် နည်းပြက ကျမ သမီးလေးကို အပျို မဟုတ်တော့ဘူးလို့ ပြောတယ်။ အဲဒါကြောင့် ပြိုင်ပွဲဝင်ခွင့် မပေးတော့ဘူးလို့ ပြောတော့ ကျမတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ရတယ်”လို့ Shalfa ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

Shalfa ရဲ့ မိသားစုကတော့ Shalfa ဟာ အပျိုစစ်ကြောင်း သက်သေပြနိုင်ဖို့ ဆေးစစ်ချက်တွေ ပြုလုပ်နေပြီး သူမဟာ ဆုတံဆိပ်တွေ အများအပြား ရရှိအောင် လုပ်ထားပေးပြီး ဖြစ်တာကြောင့် လက်ရွေးစင်တွေရဲ့ အရည်အချင်းနဲ့ ကိုက်ညီပြီး ဖြစ်ကြောင့် အင်ဒိုနီးရှား အားကစားဝန်ကြီးဌာနကို တိုင်ကြားစာတွေ ပို့ခဲ့တယ်လို့ သိရပါတယ်။

အားကစားဝန်ကြီးဌာနကတော့ အပျို မစစ်လို့ လူစာရင်းက ချန်လှန်ထားတာ မဖြစ်နိုင်ကြောင်း စည်းကမ်း မလိုက်နာမှုနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကြောင့် ချန်လှပ်ခံရတာသာ ဖြစ်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။

Ref. thesundaily.my

You may also like these stories:

ဆီးဂိမ်း ကျင်းပနေစဉ် အင်ဒိုနီးရှားကစားသမားတွေကို ဝက်သား မှားကျွေးမိတဲ့ ဖိလစ်ပိုင်နိုင်ငံ

အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်

ဆီးဂိမ်းအဖွင့်ပွဲစဉ် မြန်မာဘောလုံးအသင်း မလေးရှားနှင့်သရေကျ

The post အပျို မစစ်တာကြောင့် ကျွမ်းဘားအဖွဲ့က ထုတ်ပယ်ခံရတဲ့ အားကစားမယ် appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live