Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ

$
0
0

Forbes မဂ္ဂဇင်းကနေ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား စာရင်းကို နှစ်စဉ် ထုတ်ပြန်ကြေညာခဲ့ရာ ၂၀၁၉ ခုနှစ်စာရင်းမှာတော့ မနှစ်က ဒုတိယနေရာမှာ ရှိခဲ့တဲ့ လီယွန်နယ် မက်ဆီက ပထမနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံပေါင်း ၂၅ နိုင်ငံက အားကစားအမျိုးအစားပေါင်း ၁၀ မျိုးကျော်ကနေ ကစားသမားတွေရဲ့ တနှစ်တာ ဆုကြေး၊ လစာ၊ ဘောနပ်စ်တွေကို တွက်ချက်ပြီး ဝင်ငွေစုစုပေါင်းကိုကြည့်ကာ ထိပ်တန်းစာရင်းဝင်အယောက် ၁၀၀ ကို ထုတ်ပြန်ခဲ့တာပါ။

ပထမနေရာ ရရှိခဲ့တဲ့ မက်ဆီကတော့ စုစုပေါင်း တနှစ်တာဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၇ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး သူ့ နောက်မှာတော့ နာမည်ကျော် ဘောလုံးကြယ်ပွင့်တွေဖြစ်တဲ့ ခရစ္စတီယာ ရော်နယ်လ်ဒိုက ၁၀၉ သန်း၊ နေမာက ၁၀၅ သန်း၊ မက္ကဆီကို လက်ဝှေ့ကစားသမား Canelo Álvarez က ၉၄ သန်း၊ တင်းနစ်ကြယ်ပွင့် Roger Federer က ၉၃ ဒဿမ ၄ သန်းနဲ့ အဆင့် ၅ အတွင်းမှာ ရပ်တည်ခဲ့ကြပါတယ်။

 

အဆင့် ၆ ကနေ အဆင့် ၁၀ တွင်းကတော့ အမေရိကန် ဘောလုံး ကစားသမား Russell Wilson, Aaron Rodgers နဲ့ ဘတ်စ်ကတ်ဘော ကစားသမား LeBron James, Stephen Curry နဲ့ Kevin Durant တို့ အသီးသီး ရှိနေပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ကစားသမားစာရင်းမှာ အမျိုးသမီးတွေ မပါဝင်ပေမယ့် ၂၀၁၉ မှာတော့ တင်းနစ် ကစားမယ် ဆီရီနာ ဝီလျံက အဆင့် ၆၃ နေရာနဲ့ ပြန်လည် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဝင်ငွေအများဆုံး အဆင့် ၁၀၀ အတွင်းမှာ ဘတ်စ်ကတ်ဘော ကစားသမား ၃၅ ယောက် ပါဝင်ပေမယ့် ဒါဟာ မနှစ်ကထက်စာရင် အရေအတွက် လျော့ကျသွားတယ်လို့ သိရပါတယ်။

 

၂၀၁၉ ရဲ့ ဝင်ငွေအများဆုံး ကစားသမား အယောက် ၁၀၀ စာရင်းမှာ အများစုက အမေရိကန်နိုင်ငံသားတွေ ဖြစ်ပြီး ယူကေက ၅ ယောက်၊ ပြင်သစ်နဲ့ စပိန်က ၃ ယောက်၊ ဘရာဇီး၊ ကနေဒါ၊ ဒိုမီနီကန်၊ ဂျာမနီ၊ ဆားဘီးယားနဲ့ ဗယ်နီဇွဲလားတို့က ၂ ယောက်စီ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဝင်ငွေ အများဆုံး ကစားသမားစာရင်းကို ထုတ်ပြန်နိုင်ဖို့အတွက် ဇွန် ၁ ရက်၊ ၂၀၁၈ ခုနှစ်ကနေ ဇွန် ၁ ရက် ၂၀၁၉ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းကို တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။ မနှစ်ကထက်စာရင် ဝင်ငွေအများစု မြင့်တက်လာပေမယ့် ၂၀၁၈ ခုနှစ်မှာ ဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ မေဝယ်သာရဲ့ စုစုပေါင်းဝင်ငွေ ၂၈၅ သန်းကို မကျော်ဖြတ်နိုင်ခဲ့ကြပါဘူး။

 

၂၀၁၉ မှာတော့ မေဝယ်သာ တယောက် ထိပ်ဆုံးစာရင်းမှာ မပါဝင်တော့ပေမယ့် ဝင်ငွေအများဆုံး ထိပ်ဆုံးနေရာကို လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ၄ ကြိမ်တိတိ ယူထားနိုင်ခဲ့သူပါ။ အချိန်အကြာဆုံး ထိပ်ဆုံးမှာရပ်တည်ခဲ့သူကတော့ ဂေါ့ဖ်ကစားသမား တိုက်ဂါးဝုဒ်ဖြစ်ပြီး နံပါတ် ၁ နေရာကို ၁၂ ကြိမ်တိတိ စံချိန်တင်ရယူ ထားနိုင်ခဲ့ပါတယ်။

Ref: Forbes

The post ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ appeared first on ဧရာဝတီ.


ထိုင်းလှိုဏ်ဂူဖြစ်ရပ် တနှစ်ပြည့်အတွက် အပြေးပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ တောဝက်အသင်းသားများ

$
0
0

ထိုင်းနိုင်ငံက တောဝက်အသင်းသားတွေ အပျော်ခရီးထွက်ရင်း လှိုဏ်ဂူမှာ ပိတ်မိခဲ့ကြတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီဖြစ်ရပ် တနှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ရန်ပုံငွေရှာတဲ့ အပြေးပြိုင်ပွဲတခုကို ဇွန် ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီအပြေးပွဲမှာ ရရှိလာတဲ့ ရန်ပုံငွေတွေကို Tham Luang ဂူ ဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီး အပြေးပွဲမှာ တောဝက်အသင်းနည်းပြနဲ့ အသင်းသားတွေပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအပြေးပွဲမှာ စက်ဘီးစီးသူနဲ့ အပြေးသမား အားလုံးပေါင်း ၄၀၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မနှစ်က ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ Tham Luang လှုဏ်ဂူထဲကို ဘောလုံးသမား ၁၂ယောက်နဲ့ နည်းပြဖြစ်သူတို့ ဝင်သွားရင်း ရေလွှမ်းပြီး ဂူပိတ်တာကြောင့် နိုင်ငံတကာရဲ့ အကူအညီနဲ့ ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအပြေးပွဲမှာ အင်္ဂလန်နိုင်ငံက ဂူကျွမ်းကျင်ပညာရှင် Vernon Unsworth လည်း ပါဝင်ခဲ့ပါတယ်။

အပြေးပွဲမှာ တောဝက် အသင်းသား ၉ ယောက်နဲ့ နည်းပြဖြစ်သူတို့ ပါဝင်ခဲ့ပြီး အသင်းသားတွေဟာ ကျန်းမာပြီး အရပ်ရှည်လာတာကို တွေ့မြင်ရပါတယ်။ ဂူထဲက ထွက်လာပြီးတဲ့ နောက်မှာ သူတို့ဟာ နိုင်ငံတကာက သိတဲ့ ကျော်ကြားသူတွေ ဖြစ်လာပြီး သူတို့ရဲ့ ဖြစ်ရပ်ကို ရုပ်ရှင်ရိုက်ဖို့ စီစဉ်တာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

Ref; itv.com

You may also like these stories:

အသက် ၁၀၀ ကျော်တဲ့ အထိ Drum တီးနေဆဲ ဖြစ်တဲ့ အဘွားအို

ရေငုပ်သမား ၆၃၃ ဦးနဲ့ စံချိန်တင် ရေအောက် သန့်ရှင်းရေးပြုလုပ်

ကမ္ဘာတဝှမ်းက ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနိုင်ငံများ

The post ထိုင်းလှိုဏ်ဂူဖြစ်ရပ် တနှစ်ပြည့်အတွက် အပြေးပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ တောဝက်အသင်းသားများ appeared first on ဧရာဝတီ.

၂၀၂၄ အိုလံပစ်ပွဲမှာ Breaking အက ပြိုင်ပွဲများ ပါဝင်မည်

$
0
0

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမယ့် ၂၀၂၄ ခုနှစ် အိုလံပစ်အားကစားပွဲမှာ ဘရိတ်ဒန့်စ်လို့ လူသိများတဲ့ Breaking အကပြိုင်ပွဲ ပါဝင်မယ်ဆိုတဲ့ အကြောင်း ပွဲကျင်းပရေးကောင်စီက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အဖွဲ့အစည်း IOC (International Olympic Committee) ရဲ့ ပြောကြားချက်အရ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ပြုလုပ်မယ့် ၂၀၂၀ အိုလံပစ်မှာ ပြိုင်ပွဲတွေကို ပွဲဦးထွက် ပြိုင်ခိုင်းဖို့ ရှိတယ်လို့ ဆိုပါတယ်။

ထပ်မံထည့်သွင်းမယ့် အားကစားတွေထဲမှာ Breaking အက၊ စကိတ်စီးခြင်းနဲ့ ရေလွှာလျှောစီးခြင်း စတာတွေ ပါရှိလာမယ်လို့ သိရပါတယ်။

“ကျနော်တို့ အနေနဲ့ ဒီကစားအသစ်တွေကို ထည့်သွင်းရခြင်းကတော့ ကျား၊ မ သာတူညီမျှမှုနဲ့ လူငယ်ဆန်မှုကို ဦးစားပေးချင်လို့ ဖြစ်ပါတယ်။ နောက်တက်လာမယ့် မျိုးဆက်တွေအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေပေးရင်း သူတို့နဲ့ နီးစပ်မှုကို ရချင်လို့ ဖြစ်ပါတယ်”လို့ IOC ရဲ့ ဥက္ကဋ္ဌ Thomas Bach က ဇွန်လ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

Breaking အကပြိုင်ပွဲကို ၂၀၁၈ ခုနှစ်က ကျင်းပတဲ့ လူငယ်အိုလံပစ်ပွဲတွေမှာ ပွဲဦးထွက် ပြိုင်စေခဲ့ပြီး အမေရိကန်နိုင်ငံ ကိုယ်စားပြု အားကစားသမားတော့ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ ရုရှားက အကသမား (B-boy) Sergei Bumblebee Chernyshev နဲ့ ဂျပန်က အကသမား (B-girl) Ramu Kawai တို့က ရွှေတံဆိပ်တွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒီသတင်းဟာ B-boy, B-girl တွေအတွက် သတင်းကောင်းဖြစ်ပြီး နိုင်ငံတကာက အကပညာရှင်တွေလည်း ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေကြတယ်လို့ သိရပါတယ်။

Ref. nbcsports.com

You may also like these stories:

အသက် ၁၀၀ ကျော်တဲ့ အထိ Drum တီးနေဆဲ ဖြစ်တဲ့ အဘွားအို

ထိုင်းလှိုဏ်ဂူဖြစ်ရပ် တနှစ်ပြည့်အတွက် အပြေးပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ တောဝက်အသင်းသားများ

သီချင်းစာသားတွေကို Google က ကော်ပီကူးနေကြောင်း Genuis ဝက်ဘ်ဆိုဒ် စွပ်စွဲ

The post ၂၀၂၄ အိုလံပစ်ပွဲမှာ Breaking အက ပြိုင်ပွဲများ ပါဝင်မည် appeared first on ဧရာဝတီ.

ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

$
0
0

မြန်မာ့အမျိုးသမီးကြက်တောင်အားကစား သမား သက်ထားသူဇာသည် အာဖရိကတိုက် ဘီနင်နိုင်ငံတွင် ကျင်း ပသည့် International Series 2019 အမျိုးသမီးတဦးချင်းကြက်တောင်ပြိုင်ပွဲတွင် ပီရှူးကြက်တောင်မယ် ကို အနိုင်ကစားခဲ့ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်ဟု သိရသည်။

သက်ထားသူဇာသည် ၂၀၁၉ခုနစ်တွင် ပြိုင်ပွဲပေါင်း ၄ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၄ခုရယူနိုင်ခဲ့သကဲ့သို့ ၂၀၁၈ခုနစ်၌ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သဖြင့် လက်ရှိတွင် ရွှေတံဆိပ် ၅ဆုရရှိထားသူဖြစ်သည်။

“ပီရူးကစားသမားကို အနိုင်ရပြီး ရွှေထပ်ရသွားပြန်ပြီ။ နောက်ပြိုင်မယ့်ပွဲမှာလည်း သူရွှေထပ်ရနိုင်ပါတယ်”ဟု မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး၊ တွဲဖက်နည်းပြ  ဦးမိုးကျော်သူက ဧရာဝတီသို့ ပြောသည်။

သက်ထားသူဇာက ၂၀၂၀ ဂျပန်နိုင်ငံ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်နေသူလည်း ဖြစ်သည်။ ၎င်းသည် နိုင်ငံတကာ စီးရီးပြိုင်ပွဲများမှ တဆင့် ကမ္ဘာအဆင့် သတ်မှတ်ချက် ရောက်ရှိရန် လုပ်ဆောင် နေပြီး ထိုမှတဆင့် အိုလံပစ်ပြိုင်ပွဲ ဖိုင်နယ်အဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ခွင့်ရရန် ရည်မှန်းထားသူ ဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန်အတွက် အနည်းဆုံး ကမ္ဘာအဆင့် ၁၀၀အတွင်း ရှိရန်လိုအပ်နေသည့် သက်ထားသူဇာသည် ပြီးခဲ့သည့် Mauritius International Championship 2019  ကြက်တောင်ရိုက်ပွဲ၌ ဖင်လန်နိုင်ငံသူကို အနိုင်ရပြီး ကမ္ဘာအဆင့် ၁၂၆မှ အဆင့် ၁၁၄သို့ ခုန်တက်နိုင်ခဲ့ပြီ ဖြစ်သည်။

သက်ထားသူဇာသည် အိုင်ဗရီကို့စ်နိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ( ၄ ) ရက်နေ့မှ ( ၇ )ရက်နေ့အထိ ကျင်းပမည့်  Cote d’ivoire International 2019ကို သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုမှတဆင့် ဒိန်းမတ် နိုင်ငံသို့ ၂လကြာ သွားရောက်လေ့ကျင့်မည်ဖြစ်သည်ဟု သိရသည်။

ဆက်စပ်ဖတ်ရှု့ရန် – ဒီဆုကို ရကိုရရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားပြိုင်တာ

ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲ၌ “သက်ထားသူဇာ” ရွှေတံဆိပ်ဆု ဆွတ်ခူး

သုံးတောင်ဝတ် အားမငယ်သူများ

The post ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန် appeared first on ဧရာဝတီ.

ကြက်တောင်မယ် သက်ထားသူဇာ ၆ ခုမြောက်ရွှေတံဆိပ် ထပ်မံရရှိ

$
0
0

ကြက်တောင်အားကစားမယ် သက်ထားသူဇာ သည် အိုင်ဗရီကို့စ် နိုင်ငံတွင် ကျင်းပသည့် Cote d’ivoire International 2019 အမျိုးသမီးတဦးချင်း ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၈၂ ရရှိထားသူ အိန္ဒိယ ကစားသမား Sri Krishna Priya KUDARAVALLI ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူပြီး ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးလိုက်သည်။

သူမသည် COTE D’IVOIRE INTERNATIONAL 2019 ပြိုင်ပွဲတွင် အီရန် ကစားသမား Soraya ကို ဆီမီးဖိုင်နယ်တွင် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သကဲ့သို့ ဖိုင်နယ်တွင် နိုင်ခြေ အဆင့် ၁ ရထားသူ ကမ္ဘာ့အဆင့် ၈၂ အိန္ဒိယ ကစားသမား Sri Krishna Priya KUDARAVALLI ကိုလည်း နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာ၏ ဖခင် ကိုထွန်းထွန်းဇော် က “သူ အိန္ဒိယကစားသမားကို နှစ်ပွဲပြတ်နဲ့ အနိုင်ရလိုက်တာ။ ကမ္ဘာအဆင့်က အင်္ဂါနေ့လောက်မှ သိရမယ်။ ၈၀ ကျော်၊ ၉၀ လောက်တော့ရောက်လောက်ပြီ။ အိုလံပစ် ဝင်ဖို့ကတော့ ဆက်ကစားရဦးမှာပါ” ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်နိုင်ရန်အတွက် အနည်းဆုံး ကမ္ဘာ့အဆင့် (world ranking) ၁၀၀ အတွင်း ရှိရန် လိုအပ်နေသည့် အတွက် သက်ထားသူဇာ သည် နိုင်ငံတကာစီးရီးပြိုင်ပွဲများမှ တဆင့် ကမ္ဘာအဆင့် သတ်မှတ်ချက် ရောက်ရှိရန် ဖိတ်ခေါ်ပြိုင်ပွဲများ အပါအဝင် နိုင်ငံတကာစီးရီးပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက် ယှဉ်ပြိုင်ကာ အမှတ်ရယူနေလျှက်ရှိကြောင်း သိရသည်။

သက်ထားသူဇာသည် ပြီးခဲ့သည့် ဘီနင် နိုင်ငံတွင် ကျင်းပသည့် International Series 2019 ကြက်တောင်ရိုက်ပွဲ၌ ပီရူး ကြက်တောင်မယ်ကို အနိုင်ရပြီး ကမ္ဘာအဆင့် ၁၁၄ မှ အဆင့် ၁၀၁ သို့ ခုန်တက်နိုင်ခဲ့သူလည်း ဖြစ်သည်။

မြန်မာ ကြက်တောင် အားကစားမယ်သည် ၂၀၁၈ တွင် အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲ အပါအဝင် လက်ရှိတွင် စုစုပေါင်း ရွှေတံဆိပ် ၆ ဆု ရရှိထားသူဖြစ်သည်။

ယခုအခါ ဒိန်းမတ်နိုင်ငံ၌ ASIA OLYMPIC PROJECT TRAINING ကို ၂ လကြာ သွားရောက်လေ့ကျင့်ပြီး နိုင်ငံတကာ ပြိုင်ပွဲပေါင်း ၇ ပွဲ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ၂၀၁၉ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အသက် ၇ နှစ်အရွယ်ကတည်းက ကြက်တောင်ကစားလာသူဖြစ်ပြီး ၎င်း၏မိခင်နှင့် ဖခင်ဖြစ်သူတို့ကလည်း နိုင်ငံ့လက်ရွေးစင်ဟောင်းများဖြစ်ကြသည်ဟု သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

မြန်မာပြည်အိုလံပစ်ရအောင် ကြိုးစားမယ့် ကြက်တောင်ချန်ပီယံ သက်ထားသူဇာ

The post ကြက်တောင်မယ် သက်ထားသူဇာ ၆ ခုမြောက်ရွှေတံဆိပ် ထပ်မံရရှိ appeared first on ဧရာဝတီ.

အရှေ့တောင်အာရှ နိုင်ငံတွေမှာပဲ တွေ့ရှိနိုင်တဲ့ အားကစားများ

$
0
0

ကမ္ဘာတဝှမ်းမှာ ကျော်ကြားပြီး လူကြိုက်များတဲ့ အားကစားနည်း အများစုဟာ ကမ္ဘာ့ အနောက်နိုင်ငံတွေရဲ့ လူနေမှုစနစ်ကနေ ထွက်ပေါ်လာတဲ့ အားကစားနည်းတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ခေတ်အဆက်ဆက် ကျန်းမာရေးနဲ့ သင့်တော်ပြီး ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု အားကစားနည်းတွေ ရှိပါတယ်။

အဲဒီထဲကမှ အချို့သော အားကစားတွေကို အိုလံပစ် အားကစားပွဲတော်မှာ တစတစ ထည့်သွင်း ကျင်းပလာပြီ ဖြစ်ပါတယ်။ အခု ဖော်ပြပေးမှာကတော့ အရှေ့တောင်အာရှ နိုင်ငံတွေမှာပဲ တွေ့ရှိနိုင်တဲ့ အားကစားများပဲ ဖြစ်ပါတယ်။

(၁) Arnis

လက်နက်တခုကို အဓိကထား ကစားရတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အားကစားနည်းတခုဖြစ်ပြီး တခြားကိုယ်ခံပညာရပ်တွေနဲ့ မတူတဲ့ အချက်ကတော့ စတင်သင်ကြားတဲ့အချိန်မှာ လက်နက် တမျိုးမျိုးနဲ့ လေ့ကျင့်ပြီးမှသာ အလွတ် လေ့ကျင့်တဲ့ အဆင့်ဆီကို ဦးတည်ထားတဲ့ အားကစားနည်း တမျိုးပါ။ လက်တွေ့ကျတဲ့ အားကစားနည်း ဖြစ်တာကြောင့်၂၀၀၅ ခုနှစ်က မနီလာမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မိတ်ဆက် ထည့်သွင်းခဲ့ပြီး ဖိလစ်ပိုင်မှာတော့ Eskrima ဒါမှမဟုတ် Kali လို့လည်း ခေါ်ဝေါ်ကြပါတယ်။

(၂) Muay

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေကို သွားရောက်လည်ပတ်တဲ့အခါ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကိုယ်ပိုင်ဟန်ရှိတဲ့ လက်ဝှေ့အားကစားဖြစ်တဲ့ မွေထိုင်းကို တွေ့မြင်ကြရမှာပါ။ ထိုင်းနိုင်ငံမှာ Muay Thai၊ လာအိုနိုင်ငံမှာတော့ Muay Lao၊ ကမ္ဘောဒီးယားနိုင်ငံမှာPradal serey နဲ့ မြန်မာနိုင်ငံမှာဆိုရင်တော့ လက်ဝှေ့လို့ သိရှိထားကြပြီး ဒေသတွင်း ပြိုင်ပွဲတွေလည်း ကျင်းပလျက် ရှိနေပါတယ်။

(၃) Sepak Takraw

ပိုက်ကျော်ခြင်းဟာ ဆိုရင်လည်း အရှေ့တောင်အာရှနိုင်ငံတွေမှာ ထင်ရှားတဲ့ အားကစားနည်း တမျိုးပဲ ဖြစ်ပါတယ်။ မလေးရှားဘာသာစကားဖြစ်တဲ့ Sepak (ကန်ခြင်း၊ ခတ်ခြင်း) နဲ့ ထိုင်းဘာသာစကားဖြစ်တဲ့ Takraw (ခြင်းလုံး) တို့ ပေါင်းစပ်ထားတဲ့ အားကစား ဖြစ်ပြီး ခေါင်း၊ ခြေ၊ ဒူး၊ ရင်ဘတ်စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အဓိကထား ကစားရတဲ့ အားကစားနည်း ဖြစ်ပါတယ်။

(၄) ခြင်းလုံး

မြန်မာ့ရိုးရာ အားကစားနည်း တမျိုးဖြစ်တဲ့ ခြင်းလုံး အားကစားကတော့ ပြိုင်ဆိုင်မှု တခုအနေနဲ့ ကစားရတဲ့ အားကစားနည်းတင် မဟုတ်ဘဲ တဦးနဲ့ တဦး ကူညီ ဖေးမမှု၊ စည်းလုံးမှု စတာတွေကို လှလှပပ ဖော်ဆောင်ပြီး သက်သောင့်သက်သာရှိတဲ့၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အားကစားနည်းပဲ ဖြစ်ပါတယ်။

(၅) Vovinam

ဗီယက်နမ် လူမျိုးတွေရဲ့ ရိုးရာကိုယ်ခံညာ အားကစားနည်းတမျိုးဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ ဗီယက်နမ်လူမျိုး Nguyen Loc က ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်မိတ်ဆက်ခဲ့ဖူးပြီး ခုနောက်ပိုင်းနှစ်တွေမှာ လူကြိုက်များလာတဲ့ အားကစားနည်း တမျိုးလည်း ဖြစ်ပါတယ်။

Ref. stories.travel360.com

The post အရှေ့တောင်အာရှ နိုင်ငံတွေမှာပဲ တွေ့ရှိနိုင်တဲ့ အားကစားများ appeared first on ဧရာဝတီ.

ပွဲကစားစဉ် ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ရုရှားလက်ဝှေ့သမား ဒါဒါရှက်ဗ် သေဆုံး

$
0
0

ရုရှား လက်ဝှေ့သမား တဦးဖြစ်တဲ့ မက်ဇင်း ဒါဒါရှက်ဗ် (Maksim Dadashev) ဟာ ပွဲကစားစဉ် ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဇူလိုင်လ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နိုင်ငံ မယ်ရီလန်းမှာ ပွာတိုရီကိုနိုင်ငံသား မာတီယက်စ် (Subriel Matías) နဲ့ ယှဉ်ပြိုင်ထိုးသတ်ပြီး ၁၁ ချီမြောက်မှာ ဆေးကုသမှု ခံယူဖို့ ပွဲကို အရှုံးပေးခဲ့တယ်လို့ သိရပါတယ်။

ပေါင် ၁၄၀ တန်း လက်ဝှေ့ပြိုင်ပွဲမှာ ဦးနှောက် ထိခိုက်ဒဏ်ရာ ရရှိတာကြောင့် ဆေးကုသမှု ၄ ရက် ခံယူပြီး နောက်မှာ သေဆုံးသွားတာဖြစ်တယ်လို့ သူ့ရဲ့ လေ့ကျင့်ရေးဆရာက အတည်ပြုပေးခဲ့ပါတယ်။

“မက်ဇင်းဟာ စည်းဝိုင်းအပြင်ဘက်မှာလည်း တာဝန်ကျေတဲ့ ခင်ပွန်းတယောက်၊ ဖခင်တယောက် ဖြစ်ပါတယ်။ သူ့ရဲ့ သေဆုံးမှုကြောင့် အားလုံး ဝမ်းနည်းနေရတယ်”လို့ လေ့ကျင့်ရေးဆရာက ပြောပါတယ်။

ဒါဒါရှက်ဗ်ဟာ ပွဲရှုံးပြီးနောက် ဦးနှောက်တွင်း သွေးယိုစီးမှုတွေ ဖြစ်ခဲ့တဲ့အတွက် အရေးပေါ်ကုသမှုတွေ ခံယူခဲ့ရပေမယ့် ကံဆိုးစွာနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဒါရှက်ဗ်ရဲ့ သေဆုံးမှုအတွက် ရုရှားလက်ဝှေ့အဖွဲ့ချုပ်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

“ကြားရတဲ့ သတင်းတွေကတော့ ဝမ်းနည်းစရာပါပဲဗျာ။ မက်ဇင်းရဲ့ မိသားစုတွေကို ကျနော်တို့အနေနဲ့ တက်နိုင်သလောက် စောင်မပေးသင့်တယ်။ တကယ်တော့ မက်ဇင်းဟာ အရမ်းကို အလားအလာရှိတဲ့ လူငယ် လက်ဝှေ့သမားတယောက်ပါ။ သူဟာ ဒီထက်ပိုတဲ့ အောင်မြင်မှုတွေ ရရှိသင့်တာ”လို့ အမေရိကန် လက်ဝှေ့သမားဟောင်း မက်ဂရင့်ချ်က CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ရုရှားလက်ဝှေ့သမား ဒါဒါရှက်ဗ် သေဆုံးပြီးနောက်မှာတော့ ဇနီးဖြစ်သူနဲ့ ၂ နှစ်အရွယ် သားတယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

Ref. CNN

You may also like these stories:

လက်ဝှေ့သမားဟောင်း Rocky အဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ကြောင်း စတားလုံးပြော

လက်ဝှေ့သမားတယောက်ရဲ့ အတ္ထုပ္ပတ္တိ (သို့) A Prayer Before Dawn (2017)

The post ပွဲကစားစဉ် ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ရုရှားလက်ဝှေ့သမား ဒါဒါရှက်ဗ် သေဆုံး appeared first on ဧရာဝတီ.

ကိုရီးယား Variety Show မှာ ပါဝင်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တဲ့ ခရစ္စတီရာနို ရော်နယ်ဒို

$
0
0

ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒို (Cristiano Ronaldo) နဲ့ KBS2 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ Soccer Variety Show တခုဖြစ်တဲ့ “Let’s Go, Man Soo Ro” မှာ ပါဝင်မယ့် အစီအစဉ် ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး အစီအစဉ်က တာဝန်ရှိသူတွေဘက်က ဖြေရှင်းချက်ပေးခဲ့ပါတယ်။

အစောပိုင်း သတင်းတွေမှာ ဖော်ပြချက်အရ “Let’s Go, Man Soo Ro” အစီအစဉ်မှာ ဂျူဗင်တပ်စ်အသင်းက ဘောလုံးသမားတွေနဲ့ တွေ့ဆုံမေးမြန်းမယ့် အစီအစဉ်မှာ ရော်နယ်ဒိုလည်း ပါဝင်ဖို့ စီစဉ်ခဲ့ပေမယ့် ဂျူဗင်တပ်စ် အသင်းရဲ့ အချိန်ဇယား နောက်ကျမှုကြောင့် ဖျက်သိမ်းခဲ့တာလို့ ရေးသားထားပါတယ်။ အခုလို ပျက်ကွက်မှုကိုလည်း ဂျူဗင်တပ်စ်အသင်းနဲ့ ရော်နယ်ဒိုဘက်က တစုံတရာ အကြောင်းပြချက် မပေးခဲ့သလို တောင်းပန်တာမျိုးလည်း မရှိခဲ့ဘူးလို့ ရေးသား ဝေဖန်ခဲ့ကြပါတယ်။

အခုလို ထွက်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး “ခရစ္စတီရာနို ရော်နယ်ဒို ဒဏ်ရာကြောင့် နောက်ကျပြီး အင်တာဗျူး ဖျက်သိမ်းလိုက်တယ်ဆိုတာ လုံးဝ မမှန်ပါဘူး။ ဂျူဗင်တပ်စ်အသင်းနဲ့ အင်တာဗျူးဖို့ စီစဉ်ထားတာ မှန်ပါတယ်။ ဒါပေမဲ့ အားလုံး စီစဉ်ကြည့်ပြီးတဲ့အခါ အင်တာဗျူး မလုပ်တော့ဖို့ အဖွဲ့သားတွေ တိုင်ပင်ခဲ့ပြီး အစောကတည်းက ဖျက်ထားပြီးသားပါ”

“သတင်းတွေမှာ ရေးထားတာ အစီအစဉ် ဖျက်သိမ်းတာ ဂျူဗင်တပ်စ်နဲ့ ရော်နယ်ဒိုကြောင့်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ ရိုက်ကူးရေးသမားတွေ ကစားပွဲကိုတောင် မသွားခဲ့ကြပါဘူး” လို့ “Let’s Go, Man Soo Ro” အစီအစဉ် တာဝန်ရှိသူတွေဘက်က ဖြေရှင်းချက် ပေးထားပါတယ်။

ခရစ္စတီရာနို ရော်နယ်ဒိုဟာ K-League All-Stars အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ဇူလိုင် ၂၆ ရက်နေ့ World Cup Stadium မှာ ချစ်ကြည်ရေး ကစားမယ့် ပွဲစဉ်အတွက် ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရော်နယ်ဒိုဟာ ကစားပွဲစီစဉ်သူတွေ ကြေညာထားသလို ၄၅ မိနစ်ခန့် ဝင်ရောက် ကစားမယ်ဆိုတဲ့ သဘောတူညီချက်အတိုင်း ကစားသွားခြင်း မရှိတာကြောင့် ကမ္ဘာကျော် ဘောလုံးသမားကို လာရောက် ကြည့်ရှုတဲ့ ပရိသတ်တွေ အလွန်အမင်း စိတ်ပျက်ခဲ့ကြပါတယ်။

ဒါ့အပြင် ချစ်ကြည်ရေးကစားပွဲမှာ ပရိသတ်တွေနဲ့ အမှတ်တရ လက်မှတ်ထိုးမယ့် အစီအစဉ်ကိုလည်း တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဂျူဗင်တပ်စ် အသင်းကတော့ ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် အခုလို ပျက်ကွက်ခဲ့ရတာလို့ ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပေမယ့် ပရိသတ်တွေကတော့ သူတို့ မြင်ချင်တဲ့ ဘောလုံးသမားကို ပွဲစဉ်တလျှောက်လုံး အရန်ခုံမှာပဲ မြင်ခဲ့ရလို့ မချိတင်ကဲ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: Soompi

You may also like these stories:

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ

အားကစားကွင်းထဲ တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းများ

The post ကိုရီးယား Variety Show မှာ ပါဝင်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တဲ့ ခရစ္စတီရာနို ရော်နယ်ဒို appeared first on ဧရာဝတီ.


ဂရိ Hellas Open ကြက်တောင်ပြိုင်ပွဲ သက်ထားသူဇာ ဒုတိယဆွတ်ခူး

$
0
0

ဂရိနိုင်ငံ၌ ကျင်းပနေသည့် Hellas Open ကြက်တောင်ပြိုင်ပွဲတွင် မြန်မာအားကစားမယ် သက်ထား သူဇာ သည် မလေးရှား ကြက်တောင်မယ် ဆယ်ဗာဒူရေးနှင့် ယမန်နေ့က ယှဉ်ပြိုင်ရာ ဒုတိယဆု ဆွတ်ခူးနိုင်ခဲ့သည်။

“မနေ့က သူ ပြင်သစ်နဲ့ ရိုက်တာ ပင်ပန်းသွားတာလည်းပါတယ်။ သူကြည့်ရတာ ပင်ပန်းနေတဲ့ပုံ ရှိတယ်။ ခြေထောက်တွေ လည်း နာနေတယ်။ မနေ့က ၃ပွဲရိုက်တယ်။ ဒီနေ့ ၂ပွဲ။ ဒီနေ့က ဖိုင်နယ်မှာ မလေးကို ရှုံးပြီး ဒုတိယရသွားတာပါ”ဟု သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ချန်ပီယံပထမဆု ဆက်တိုက်ဆွတ်ခူးရရှိထားသူ သက်ထားသူဇာသည် ၂၀၁၉ခုနစ်အတွင်းတွင် ဒုတိယဆုကို ပထမဆုံး အကြိမ် ရရှိခြင်းဖြစ်သည်။

နိုင်ခြေအဆင့်(၃) သတ်မှတ်ခံထားရသည့် သက်ထားသူဇာသည် ပထမအဆင့်တွင် ဟန်ဂေရီ ကြက်တောင်မယ် မာဒါ ရက်ဇ်ကို (၂၁-၁၁၊ ၂၁-၁၃)နှင့် ၂ပွဲပြတ် အနိုင်ရခဲ့ပြီး ဒုတိယအဆင့်တွင်လည်း ပိုလန်ကြက် တောင်မယ် ဒက်ဇင် စကာကို (၂၁-၁၁၊ ၂၁-၁၅)နှင့် ၂ ပွဲပြတ် အနိုင်ရခဲ့သူလည်း ဖြစ်သည်။

၎င်းသည် ကွာတားဖိုင်နယ်တွင်လည်း ယူကရိန်း ကြက်တောင်မယ် ဗော့ဆက်ကို (၂၁-၁၄၊ ၂၁-၁၉)နှင့် အနိုင်ယူ ကျော် ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ပြင်သစ် ကြက်တောင်မယ် လီယိုနစ် ဟူအဲကို (၁၆-၂၁၊ ၂၁-၁၃၊ ၂၁-၁၇)နှင့် အနိုင်ရခဲ့ ကြောင်း သိရသည်။

အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန်အတွက် အနည်းဆုံး ကမ္ဘာအဆင့် ၁၀၀အတွင်း ရှိရန်လိုအပ်နေ သည့် သက်ထားသူဇာသည် ဖိတ်ခေါ်ပြိုင်ပွဲများ အပါအဝင် နိုင်ငံတကာစီးရီးပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက် ယှဉ်ပြိုင်ကာ အမှတ်ရယူနေ ခြင်း ဖြစ်သည်။

သက်ထားသူဇာသည် West Africa က Republic of Côte d’Ivoire နိုင်ငံတွင်ကျင်းပသည့် Cote D’Ivore International Series 2019 မှာ ချန်ပီယံဆုကိုရရှိပြီး ကမ္ဘာအဆင့် ၈၃ရှိရာမှ ယခု ဒုတိယဆုရသည့် အတွက် အဆင့် ၈၀ခန့်ရှိနိုင်ကြောင်း ကိုထွန်းထွန်းဇော်က ခန့်မှန်းပြောကြားသည်။

ကြက်တောင်မယ် သက်ထားသူဇာသည် ၂၀၁၈ခုနစ်၊ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲ အပါအဝင် လက်ရှိတွင် စုစုပေါင်း ရွှေတံဆိပ် ၆ဆု ရရှိထားသူဖြစ်သည်။

ယခုပွဲကို သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံ၌ ASIA OLYMPIC PROJECT TRAININGကို ၂လကြာ လေ့ကျင့်နေရာမှ တဖက်တွင်လည်း နိုင်ငံတကာပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။

ယခုပွဲပြီးသည့်နောက် ဘူဂေးဒီးယားနိုင်ငံတွင်လည်း International Seriesပွဲ ဆက်လက်ယှဉ်ပြိုင်ရန် အတွက် ထွက်ခွာသွားပြီဟု သိရသည်။

ထို့အပြင် ၎င်းသည်၂၀၁၉ ခုနစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင် ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည် ဖြစ်သည်။

သက်ထားသူဇာသည် အသက် ၇နှစ်အရွယ်ကတည်းက ကြက်တောင်ကစားလာသူဖြစ်ပြီး မိခင်နှင့် ဖခင်ဖြစ်သူတို့ကလည်း နိုင်ငံလက်ရွေးစင်ဟောင်းများဖြစ်ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် တက်ရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ချီးမြှင့်သော “အားကစားထူးချွန်” ဂုဏ်ပြုမှတ်တမ်းလွှာကို သက်ထားသူဇာ ရရှိခဲ့သည်။

You may also like these stories:

ကြက်တောင်မယ် သက်ထားသူဇာ ၆ ခုမြောက်ရွှေတံဆိပ် ထပ်မံရရှိ

ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲ၌ “သက်ထားသူဇာ” ရွှေတံဆိပ်ဆု ဆွတ်ခူး

မြန်မာပြည်အိုလံပစ်ရအောင် ကြိုးစားမယ့် ကြက်တောင်ချန်ပီယံ သက်ထားသူဇာ

ဒီဆုကို ရကိုရရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားပြိုင်တာ

The post ဂရိ Hellas Open ကြက်တောင်ပြိုင်ပွဲ သက်ထားသူဇာ ဒုတိယဆွတ်ခူး appeared first on ဧရာဝတီ.

ကြက်တောင်မယ် သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်

$
0
0

မြန်မာနိုင်ငံမှ ကြက်တောင်မယ် သက်ထားသူဇာသည် ဘူဂေရီးယားနိုင်ငံတွင် ကျင်းပသည့် BULGARIAN OPEN CHAMPIONSHIP 2019 ပြိုင်ပွဲ ကွာတားဖိုင်နယ်၌ တူရကီ ကြက်တောင် မယ် နက်စ်လီဟန် ရီဂစ်ကို ရှုံးနိမ်းသွား သည်။

ဘူဂေရီးယားနိုင်ငံတွင် သြဂုတ်လ(၁၂)ရက်နေ့မှ(၁၅)ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Inter national Series ရှုံးထွက်(၃၂)ဦးပြိုင်ပွဲတွင် သက်ထားသူဇာက တူရကီကြက်တောင်မယ်ကို ၂၁-၁၂ / ၁၉-၂၁ / ၂၁-၁၈ဖြင့် ယမန်နေ့က ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဂရိနိုင်ငံတွင် ကျင်းပသည့် ဟယ်လက်စ်အိုးပင်း(Hellas Open)ကြက် တောင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိထားသော သက်ထားသူဇာသည် ယခုရှုံးထွက်ပွဲစဉ်တွင်လည်း ဆီမီးဖိုင်နယ် မရောက်မီ ကွာတားဖိုင်နယ်၌ ရှုံးနိမ့်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သူနည်းနည်း နာနေတယ်။ နောက်ခံစစ်လည်း ဖြစ်နေတာကြောင့်မို့ ရှုံးသွားတယ်ပေါ့။ အမှတ်က တော့ သိပ် အကွာကြီး မဟုတ်ပါဘူး။ နည်းပြကထောက်ပြပေးဖို့ လိုအပ်တာလေးတွေရှိတယ်။ နောက် သူက တယောက်ထဲ ရုန်းရတော့ ဟာကွက်၊ ပျော့ကွက်လေးတွေကို ပြောပြပေးဖို့ လူမရှိဘူး”ဟု သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဘူဂေရီးယားပြိုင်ပွဲတွင် အီရန်ကြက်တောင်မယ် ဆမန်း အိဗ်ခို ဂျာဆက်ကို ၂၁-၁၇ / ၂၁-၁၇၂ ပွဲပြတ်ဖြင့် လည်ကောင်း၊ ကမ္ဘာ့အဆင့်(၂၃၂) ဟန်ဂေရီကြက်တောင်မယ် ရီခါ မာဒါရာဇက်နှင့် ဆက်လက်ယှဉ်ပြိင်ရာတွင်လည်း ၂ပွဲပြတ် အနိုင်ရခဲ့သော်လည်း ကွာတားဖိုင်နယ်တွင် တူရကီ ကြက်တောင်မယ် နက်စ်လီဟန် ရီဂစ်ကို ရှုံးခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံတွင်ကျင်းပမည့် 2020 အိုလံပစ်အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်နိုင်ရန် အတွက် ဒိန်းမတ်နိုင်ငံတွင် ASIA OLYMPIC PROJECT TRAININGကို ၂လကြာ လေ့ကျင့်နေရင်း နိုင်ငံတကာ ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်သည်။

ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က“သူ့နောက်ကိုလည်း ကျနော်တို့တွေ ဘယ်သူမှ လိုက်မသွားနိုင်ဘူး။ သူ့မှာ သူငယ်ချင်း မိတ်ဆွေလည်း မရှိတော့ သူကို အကြံမပေးနိုင်ဘူး။ ပြောပြမပေးနိုင်ဘူး။နောက် ဒိန်းမတ်က နည်းပြက အာရှ အိုလံပစ် အတွက် ခေါ်ထားတာဆိုတော့ အဲဒီအတွက်လုပ်ပေး ရတဲ့ အတွက် သူတို့လည်း လိုက်မပေးနိုင်ဘူး”ဟု ပြောသည်။

ကြက်တောင်မယ် သက်ထားသူဇာသည် အီဂျစ်နိုင်ငံတွင်ကျင်းခဲ့သည့် International Series 2018 ပြိုင်ပွဲမှ စပြီး ရွှေတံဆိပ် ၆ဆုနှင့် ငွေတံဆိပ် ၂ဆုကို ဆက်တိုက်ဆွတ်ခူးထားသူလည်း ဖြစ်သည်။

ဂရိ နိုင်ငံတွင် ကျင်းပနေသည့် ဟယ်လက်စ်အိုးပင်း(Hellas Open)ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ သည် ဒုတိယဆု ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာအဆင့် (World ranking) ၇၃ရှိနေရာမှ ယခုပွဲ ရှုံးသော်လည်း ကမ္ဘာ့အဆင့်မှာ ၆၀ခန့် ဖြစ်လာနိုင်ကြောင်းလည်း ဦးထွန်းထွန်းဇော်က ခန့်မှန်းသည်။

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၏ တွဲဖက်အတွင်းရေးမှူး ဦးမျိုးကျော်သူက “အိုလံပစ်ပွဲအတွက် ထိခိုက်နိုင် တာ မရှိ နိုင်ပါဘူး။ သူက ပွိုင့်system ရဖို့အတွက်ကို စုနေရတာဖြစ် တယ်။ အမှတ်လိုက်စုနေရတာဖြစ်တယ်။ အခု ၇၀ကနေ ၆၀ဖြစ်သွားပြီဆိုတော့ ဘာပဲပြောပြောကောင်းတာ ပေါ့”ဟု ဆိုသည်။

ကြက်တောင်မယ် သက်ထားသူဇာသည် အသက် (၇) နှစ်အရွယ်မှ စတင်၍ ကြက်တောင် အားကစားအား စတင် သင်ကြားလေ့ကျင့်ခဲ့သည်။ အားကစား သက်တမ်းတစ်လျှောက်တွင် ထိုင်းဘုရင်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆု (၆)ဆုအားလည်း လက်ခံရရှိခဲ့သူလည်း ဖြစ်သည်။

ထို့အပြင် သက်ထားသူဇာသည် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကျင်းပပြုလုပ်သည့် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ချီးမြှင့်သော “အားကစား ထူးချွန်” ဂုဏ်ပြုမှတ်တမ်းလွှာကို ရရှိထားသည်။

၂၀၁၉ ခုနစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင် ပွဲသို့ သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင် မည် ဖြစ်ကြောင်း သိရသည်။

You May Also Like These Stories:

ဂရိ Hellas Open ကြက်တောင်ပြိုင်ပွဲ သက်ထားသူဇာ ဒုတိယဆွတ်ခူး

ကြက်တောင်မယ် သက်ထားသူဇာ ၆ ခုမြောက်ရွှေတံဆိပ် ထပ်မံရရှိ

The post ကြက်တောင်မယ် သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့် appeared first on ဧရာဝတီ.

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

$
0
0

မြန်မာ့ကြက်တောင်ကစားသမား သက်ထားသူဇာသည် ဘူဂေးရီးယားနိုင်ငံတွင် ကျင်းပသည့် BULGARIAN OPEN CHAMPIONSHIP 2019 ပြိုင်ပွဲတွင် တူရကီ ကြက်တောင်မယ် နက်စ်လီဟန် ရီဂစ်ကို ကွာတားဖိုင်နယ် အဆင့်တွင် ရှုံးနိမ့်သွားခဲ့သည်။

ပြိုင်ပွဲတိုင်း လိုလို အောင်မြင်မှုများ ရရှိနေသည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် ထိုပွဲစဉ်မတိုင်မီ ဂရိ Hellas Open ကြက်တောင်ပြိုင်ပွဲမှာလည်း မလေးရှား ကြက်တောင်မယ် ဆယ်ဗာဒူးရေးကို ရှုံးနိမ့်ကာ ဒုတိယဆု ရရှိခဲ့သည်။

သို့ဖြစ်ရာ ယခု ပွဲစဉ်တွင်လည်း ၎င်းနှင့်လက်ရည် မကွာသည့် တူရကီကြက်တောင်မယ်ကို ဘာကြောင့် ရှုံးနိမ့်ရသလဲ၊ လက်ရည်များ ကျဆင်းလာပြီလားဟု တွေးတောစရာများလည်း ရှိလာနေသည်။

သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော်က သူ၏ သမီးသည် ဒိန်းမတ်နိုင်ငံ၌ ASIA OLYMPIC PROJECT TRAINING ကို ၂ လကြာ လေ့ကျင့်နေရင်း ပြိုင်ပွဲများကြောင့် စိတ်ဖိစီးမှုများ ရှိသည့် အတွက် ရှုံးနိမ့်ရသည်ဟု ဆိုသည်။

“သူ ဒီ၂ လအတွင်းမှာ စိတ်ပင်ပန်းတဲ့ဒဏ်တွေ တော်တော်တော့ ခံနေရတယ်။ လေ့ကျင့်ရေး ဆင်းတာ လည်း ပင်ပန်းတယ်။ ပြိုင်ပွဲသွားတော့လည်း ရှုံးလိုက် နိုင်လိုက် ဖြစ်တဲ့အပေါ်မှာလည်း သူ စိတ်ဖိစီး တာရှိတယ်။ တခါတလေကျရင် ဖုန်းဆက်ရင် မကိုင်နိုင်ဘူး။ သူငိုနေတာတွေ ရှိတယ်”ဟု ၎င်းက ပြောသည်။

သက်ထားသူဇာတို့ မိသားစု ၃ ဦးသည် ဖခင်၏ ဝင်ငွေဖြင့်သာ ရပ်တည်နေခြင်း ဖြစ်ပြီး ကြက်တောင် ဝါသနာ ပါသော သူ့အတွက် ကိုယ်ပိုင်နည်းပြလည်း မငှားနိုင်သလို ပြိုင်ပွဲတိုင်းသို့ လိုက်ရန် စရိတ် မတတ်နိုင်သည့် အတွက် မိဘများက လိုက်ပါ စောင့်ရှောက်ခြင်း မပြုနိုင်ပါ။

စိတ်ဓာတ်ခွန်အား ပေးကာ ချို့ယွင်းချက်ကို ထောက်ပြမည့် ကြီးကြပ်သူ မပါဘဲ၊ လူငယ် တဦးတည်း သွားလာနေရခြင်း၊ ထောက်ပံ့ပေးမှု မရှိသဖြင့် နည်းမျိုးစုံဖြင့် ချိုးခြံခြွေတာနေရခြင်း၊ အနီးကပ် လမ်းပြပေးမည့် နည်းပြမှာလည်း ပြိုင်ပွဲတွင် မပါလာနိုင်ခြင်း စသည့် အခြေအနေ များစွာက သက်ထားသူဇာ အတွက် စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေပါသည်။

မြန်မာ့လက်ရွေးစင် ကြက်တောင် ကစားသမား ၁ ဦးကလည်း “ဟိုနေ့က သူရှုံးတဲ့ ပွဲဆိုရင် ဘေးကနေ တချက်၊ နှစ်ချက် လောက်ပြောင်းဖို့ ပြောလိုက်တာနဲ့ နိုင်တော့မယ့်ကိစ္စ။ နိုင်ရင် ဆီမီးဖိုင်နယ် တက် မယ်။ တဆင့် တက်သွားတာနဲ့ ကမ္ဘာအဆင့်လည်း တက်မယ်။ အဲဒါ ဆုံးရှုံးတာပေါ့။ အဲဒါဘာကြောင့် လဲဆိုတော့ ပိုက်ဆံမရှိလို့ ဖြစ်တဲ့ကိစ္စ၊ သူများနိုင်ငံတွေလို နောက်ကလိုက်ပြီး ပံ့ပိုးမှု လုပ်မပေး နိုင်တဲ့ ကိစ္စကြောင့်ပေါ့”ဟု ထောက်ပြသည်။

နိုင်ငံ ကိုယ်စားပြု သွားသည် ဆိုသော်လည်း မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်က သက်ထားသူဇာ အနေဖြင့် ယခုကဲ့သို့ ပြိုင်ပွဲဝင်နိုင်ရန် စာရင်းသွင်းခြင်းနှင့် ပြိုင်ပွဲမှ ပြန်လာပါက ဂုဏ်ပြုပွဲ ပြုလုပ် ပေးခြင်းမှ လွဲ၍ တခြား ထောက်ပံ့မှု ပြုလုပ် မပေးနိုင်ကြောင်း အငြိမ်းစား ကြက်တောင်နည်းပြ ဟောင်း ၁ ဦး က ရှင်းပြသည်။

အိုလံပစ်ပြိုင်ပွဲ တက်လှမ်းနိုင်ရေးက အားကစားသမားတိုင်း၏ အိပ်မက်ဖြစ်သကဲ့သို့ ပြိုင်ပွဲဝင်နိုင်ဖို့ ကလည်း အင်မတန် ခက်ခဲသည့် အနေအထားတွင် ရှိသည်။ အထူးသဖြင့် ကြက်တောင် အားကစား ဖွံ့ဖြိုးစနိုင်ငံ ဖြစ်နေသည့် မြန်မာနိုင်ငံ အတွက် ပို၍ ခက်ခဲပါသည်။

အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ရန် အနည်းဆုံး ကမ္ဘာ့အဆင့် (World Ranking) ၁၀၀အတွင်း ရှိရန် လိုအပ် သည့်အတွက် သက်ထားသူဇာသည် ဖိတ်ခေါ်ပြိုင်ပွဲများ အပါအဝင် နိုင်ငံတကာ စီးရီးပြိုင်ပွဲပေါင်း ၁၄ ပွဲကို ၁ နှစ်အတွင်း ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

သက်ထားသူဇာသည် ဘူဂေးရီးယားပွဲစဉ်၌ တူရကီမယ်ကို ရှုံးခဲ့သဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သတ်မှတ်ထား သည့် ကမ္ဘာ့အဆင့် ၇၀ တွင် ရှိပြီး အိုလံပစ်ကွာလီဖိုင်းမှာ နံပါတ် ၂၇ တွင် ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ အိုလံပစ် ဝင်ရောက်နိုင်ရေးက သက်ထားသူဇာအတွက် လက်ရှိအချိန်အထိ မသေချာ မရေရာ သေးသည့် အနေအထားတွင် ရှိရာ ၂၀၁၉ ဒီဇင်ဘာအထိ ဆက်လက် ပြိုင်ပွဲ ဝင်နေရဦးမည် ဖြစ်သည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံတွင် လေ့ကျင့်ရေး ဆင်းရင်း အိမ်ကို လွမ်းသည့်စိတ်၊ ဥရောပ အစားအသောက်များ မစားနိုင်ခြင်း၊ ရာသီဥတု မတူညီသည့် အတွက် နေထိုင်မှု အခက်အခဲ ရှိခြင်း ကြောင့် သူအနေဖြင့် ခေတ္တပြန်လာလိုကြောင်း ဖခင်ဖြစ်သူထံ ခွင့်တောင်းခဲ့သည်အထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရသည်။

သမီးအား ကြံ့ကြံ့ခံနိုင်ရန် အားပေးစကားပြောခြင်း၊ ဗီဒီယိုဖုန်းခေါ်ကာ အမြဲစကား ပြောပေးလေ့ ရှိပြီး ပျော်စရာများလည်း မကြာခဏ ဖန်တီးပေးသည်ဟု သူ့ဖခင် ဦးထွန်းထွန်းဇော်က ဆိုသည်။

ထိုပြဿနာသည် မိဘဖြစ်စေ၊ နည်းပြဖြစ်စေ၊ လေ့ကျင့်ရန် ကစားဖော်ဖြစ်စေ ပါဝင်လျှင် အဆင်ပြေနိုင် မည်ကို သိသော်လည်း ငွေကြေးမတတ်နိုင်ခြင်းကြောင့် တဦးတည်း သွားရောက် ယှဉ်ပြိုင်နေရသည့် သမီးဖြစ်သူကို အားပေး နှစ်သိမ့် နေရသည်ဟု သိရသည်။

သက်ထားသူဇာသည် ပြိုင်ပွဲများစွာ အနိုင်ရခဲ့သော်လည်း ယခုသွားပြိုင်နေသည့် နိုင်ငံတကာပြိုင်ပွဲများ က ဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် သွားခွင့်ရခြင်း မဟုတ်ပါ။ (AOP) ဆိုသည့် အိုလံပစ် ပရိုဂျက် က ပြိုင်ပွဲသွားရန် ခရီးစရိတ်အဖြစ် တနှစ်စာ ဒေါ်လာ ၃ ထောင် ( မြန်မာငွေ ၄၅ သိန်း ဝန်းကျင်) ထောက်ပံ့ပေးခြင်းဖြစ်ပြီး လိုအပ်ငွေကို မိဘများက စိုက်ထုတ် အကုန်အကျခံကာ သွားရောက် ကစားနေခြင်း ဖြစ်သည်။

ထောက်ပံ့ငွေ ရသည့် ဒေါ်လာ ၃၀၀၀ သည် ဥရောပနိုင်ငံများသို့ သွားရောက်ရသည့် ပွဲ ၁ ခု စာ အတွက် စရိတ်သာ ရှိကြောင်း၊ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဒိန်းမတ်နိုင်ငံသို့ အသွားစရိတ် တခုတည်းကပင် ဒေါ်လာ ၁၅၀၀ ခန့် ကုန်ကျခဲ့ သည့် အတွက် ၁၄ ပွဲ ကစားမည့် သက်ထားသူဇာ အနေဖြင့် ငွေမချွေတာ၍ မရပါ။

“ဥရောပပွဲတွေက ၁ ပွဲကို ဒေါ်လာ ၁ ထောင်ကျော်လောက် ကုန်တယ်။ ဒါက ၁ ဦးအတွက်ပဲ။ သူ့ အမေလိုက်မယ်ဆိုရင် ၂ ထောင်ကုန်မယ်။ အဲဒီ ၂ ထောင်ဆိုရင် သမီး ၂ ပွဲရိုက်နိုင်မယ်။ အမှတ်ပိုရမယ် ဆိုပြီး ကျနော်တို့ တွက်ချက် ချင့်ချိန်ရတယ်”ဟု ဦးထွန်းထွန်းဇော်က တွက်ပြသည်။

သို့ဖြစ်ရာ ပြိုင်ပွဲတွင် ငွေကြေးခြွေတာနေရသည့် မြန်မာအားကစားသမား တဦးအတွက် တာဝန်ယူ ပေးနိုင်ရန်၊ ကုန်ကျ စရိတ်ကို ထောက်ပံ့ပေးရန်၊ ပြိုင်ပွဲ ၁၄ ပွဲစာ အတွက် ခန့်မှန်းကုန်ကျငွေ ဒေါ်လာ ၁သောင်း ၄ထောင်ကျော်ကို အားကစား ဝန်ကြီး ဌာနသို့ တင်ပြတောင်းဆိုထားသည်ဟု အား/ကာ သိပ္ပံမှ တာဝန်ရှိသူတဦး၏ ပြောကြားချက် အရ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင်က သက်ထားသူဇာသည် အမှန်တကယ် လှုပ်ရှား လုပ် ဆောင်နေသူ ဖြစ်သဖြင့် ကုန်ကျစရိတ်ကို ထေက်ပံ့ပေးရန် ခွင့်ပြုကြောင်း၊ နေပြည်တော် ရှိ ရုံးသို့ အစီအစဉ် ခေါ်ယူ တွေ့ဆုံ ရန် စီစဉ်သဖြင့် ကာယကံရှင်များက သွားသော်လည်း ကုန်ကျစရိတ်များ ထုတ်ပေးရန် စီစဉ်ပေးပြီးမှ မပေးတော့ဘဲ အစီအစဉ် ပြောင်းခဲ့ကြောင်း လက်ရွေးစင် ကစားသမားဟောင်း တဦးက ၎င်းသိရသမျှကို ပြန်ပြောပြသည်။

သူက “နေပြည်တော်ရောက်တဲ့အခါ စားပွဲဝိုင်းမှာ ဒုဝန်ကြီးရော ညွန်ချုပ်တွေရော စားပွဲဝိုင်းမှာ ပိုက်ဆံ တွေရော မြင်ရပြီးမှ ဝန်ကြီးက မလာတဲ့အတွက် သူတို့ပြန်လာကြတယ်။ အခုတမျိုး ပြောင်းသွားပြီ ပြောတယ်။ တခေါက်သွားမှ တခါတင်ပါတဲ့ ဘယ်တော့ ပေးမယ်။ ဘယ်အချိန်ပေးမယ် တော့ မသိဘူး”ဟု ရှင်းပြသည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး အားကစားဝန်ကြီးဌာနကို အတည်ပြု မေးမြန်းသည့်အခါ အမည်မဖော် လိုသူ တာဝန်ရှိသူတဦးက “ဟုတ်တယ်။ စီတော့စီစဉ်နေတယ်။ ဒါပေမယ့် ကျနော်တို့က ထုံးစံအတိုင်း ရုံးလုပ်ငန်း ဆိုတော့ ပြောလို့မရဘူး။ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်”ဟု ပြောသည်။

ဝါသနာအရင်းခံကာ ပင်ကိုယ်စွမ်းရည် ပါရမီဖြင့် ပြည့်စုံသည်ဟု ဆိုရမည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ တယောက် သွားရောက်ယှဉ်ပြိုင်သည့် ပြည်ပပွဲစဉ်များတွင် အပိုသုံးငွေမရှိဘဲ ခြိုးခြံချွေတာနေရပြီး အာဖရိကပွဲများတွင် ခေါက်ဆွဲထုပ် များ စားသောက်ရင်း ငွေကြေး ခြွေတာကာ ခက်ခဲစွာ နေထိုင်ခဲ့ရသည်ဟု သိရသည်။

ထိုသို့ ငယ်ရွယ်သော်လည်း တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးမည့် အားကစား သမားတယောက် စိတ်ဓာတ်ခွန်အားဖြင့် တက်လှမ်းနိုင်အောင် ကြိုးစားနေသည်မှာ ချီးကျူးစရာပင်ဖြစ်သည်။

မြန်မာနိုင်ငံ ကြက်တောင်အဖွဲချုပ် အထွေထွေအတွင်းရေးမှူး ကိုမျိုးကျော်သူက “ကျနော်တို့ အဖွဲ့ချုပ်ကနေပြီး အမြဲ ဆက် သွယ်အားပေးနေပါတယ်။ သူစိတ်ဓါတ်မကျအောင်၊ ပျော်အောင်ပေါ့။ သွားကစားတာက ဥရောပနိုင်ငံ တွေ ဆိုတော့ ဘာပဲဖြစ်ဖြစ် အခက်အခဲကတော့ ရှိကြတာပဲ။ ဟိုနေ့က ရှုံးတာကလည်း ကြားမှာ ပွဲပန်းတာတွေပါတယ်။ ပြိုင်ပွဲရှိရင် စိတ် ဖိစီးမှုရှိကြတာပဲ။ ပြိုင်ပွဲဆိုတာ ကတော့ အမြဲတမ်းနိုင်ရမယ်တော့ မဟုတ်ဘူး၊ အတွေ့အကြုံအများကြီးရှိတဲ့သူတွေနဲ့ ကစားရတဲ့ အခါကျတော့ သူလည်း ပင်ပန်းမှာပေါ့”ဟု အားပေးသည်။

သက်ထားသူဇာသည် အသက်အားဖြင့် ငယ်သော်လည်း ဇွဲရှိပြီး ကြိုးစားကြောင်း၊ နာခံတတ်သည့် စိတ်လည်း ရှိကြောင်း၊ ထို့အတွက် သူကစားသည့် ပြိုင်ပွဲတိုင်းကို အားပေးနေသည့်အပြင် အများကြီး မျှော်လင်ထားကြောင်း ၎င်းကဆိုသည်။

“အခက်အခဲဆိုတာ အချိန်ခဏလေးပါပဲ ကျော်ဖြတ်နိုင်မှာပါ။ ဒိန်းမတ်မှာ လေ့ကျင့်ရေးဆင်းဖို့က လွယ်တဲ့ အလုပ်မဟုတ် ဘူးလေ။ သူအနေနဲ့ နိုင်နိုင်၊ ရှုံးရှုံး ကျနော်တို့က ဂုဏ်ယူစွာနဲ့ ကြိုဆိုနေမှာပါ”ဟု ကိုမျိုးကျော်သူက အားပေးစကားပြော ဤသို့ ပြောလေသည်။

သက်ထားသူဇာသည် ၎င်း၏ ရည်မှန်းချက်ဖြစ်သည့် အိုလံပစ်ဝင်ရောက်နိုင်ရေးအတွက် ဆက် လက် ကစားနေရဦးမည် ဖြစ်သည်။ သူသည် လက်ရှိတွင် နိုင်ငံတကာပြိုင်ပွဲပေါင်း ၉ ပွဲ ကစားထားပြီး ရွှေတံဆိပ် ၆ ဆု၊ ငွေတံဆိပ် ၂ ခုနှင့် တပွဲရှုံးထားသည်။

ဆက်စပ်ဖတ်ရှုရန်

ကြက်တောင်မယ် သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်

ဂရိ Hellas Open ကြက်တောင်ပြိုင်ပွဲ သက်ထားသူဇာ ဒုတိယဆွတ်ခူး

ကြက်တောင်မယ် သက်ထားသူဇာ ၆ ခုမြောက်ရွှေတံဆိပ် ထပ်မံရရှိ

ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲ၌ “သက်ထားသူဇာ” ရွှေတံဆိပ်ဆု ဆွတ်ခူး

The post အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ appeared first on ဧရာဝတီ.

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

$
0
0

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)၏ သတ်မှတ်ချက် ကမ္ဘာ့အဆင့် ၇၀ တွင် ရှိသည် ကြက်တောင် မယ် သက်ထားသူဇာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သြဂုတ် ၂၇ရက်နေ့က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က ဧရာဝတီသတင်းဌာနမှ နေ၍ မြန်မာ့ကြက်တောင် ကစားသမား သက်ထားသူဇာ ငွေကြေးမှ အစ စိတ်ပိုင်းဆိုင်ရာ အားပေးမှု လိုအပ်နေကြောင်း ဖော်ပြပြီးနောက် ထိုသို့ လှူဒါန်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ် သည်။

သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော်က “တပ်ဘက်ကနေ ကျနော်တို့အဖွဲ့ချုပ်ကိုလာပြီး သမီး အတွက် ဒေါ်လာ ၅ ထောင်လာပေးသွားတယ်။ အဲလို ချီးမြှင့်ပေးတဲ့အတွက် အထူးကျေးဇူးတင် ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊တိုင်းစစ်ဦးစီမှူး (ဗိုလ်မှူးကြီး ) က သက်ထားသူဇာ၏ ဖခင်ဖြစ်သူဦးထွန်းထွန်းဇော်အား အမေရိကန်ဒေါ်လာ ၅၀၀၀ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ထူးချွန်သည့် အားကစားသမားများ ဖြစ်သော အောင်လအန်ဆန်းနှင့် ကြက်တောင်မယ် သက်ထားသူဇာတို့ ပြိုင်ပွဲများ ဆက်လက်ကစားနိုင်ရန် အတွက် လာရောက်လှူဒါန်းဖြစ် သည်ဟု သိရသည်။

ကြက်တော်အားကစားမယ် သက်ထားသူဇာ၏ Facebook တွင်လည်း ထိုသို့ ဂုဏ်ပြုချီးမြှင်မှု အပါအဝင် ကူညီစီစဉ် ဆောင်ရွက်ပေးသူများကို ကျေးဇူး တင်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ကလည်း တိုးတက်အောင်မြင်နေသည့် အားကစားသမား များအပေါ် ထောက်ပံ့မှုပေးခြင်းကို ကြိုဆိုကြောင်းနှင့် အဖွဲ့ချုပ်၏ စီးပွားရေးမိတ်ဆွေ အပေါင်း အသင်း ကလည်း လှူဒါန်းမှု များရှိသည်ဟု မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးမျိုးကျော်သူက ပြောသည်။

“ကြက်တောင်လောကတိုးတက်ရေးအတွက် တော်တဲ့ကစားသမားလေးတွေ မွေးထုတ်နိုင်ဖို့အတွက် သက်ထား သူဇာအတွက် သူက လာပေးသွားတယ်။ ကစားသမားတွေ နိုင်ငံတကာပြိုင်ပွဲတွေမှာ ကစားဖို့အတွက် လိုအပ်တဲ့ဟာ ပံ့ပိုးပေးတာပေါ့” ဟု ကြက်တောင်အဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ဆိုသည်။

ဂုဏ်ပြုချီမြှင့်ငွေပေးအပ်ပွဲသို့ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ် ဥက္ကဌနှင့် အဖွဲ့ဝင်လူကြီးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန် – အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

The post ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့် appeared first on ဧရာဝတီ.

“ဝါသနာရှင်တွေကို ပိတ်ပင်ရင် ပညာရှင်တွေ ဆုံးရှုံးလာနိုင်တယ်”လို့ ထားထက်ထက် ပြော

$
0
0

တချိန်က ကျွမ်းဘားမယ် တယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာ ကျွမ်းဘား အားကစားရဲ့နည်းပြတဦးဖြစ်သူ ထားထက်ထက်ကတော့ လတ်တလောမှာ မြန်မာနိုင်ငံ အားကစားအဖွဲ့အနေနဲ့ ဝါသနာရှင်များကို ပိတ်ပင်တဲ့အတွက် ပညာရှင်တွေကို ဆုံးရှုံးဖို့ဖြစ်လာနိုင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ထားထက်ဆီမှာ သင်တာက နိုင်ငံခြားသားများပေမယ့် မြန်မာတွေလည်း အများကြီးရှိတယ်။ ဝါသနာရှင်တွေကို အဓိက မွေးထုတ်ပေးတာ။ ပရော်ဖက်ရှင်နယ် တယောက် ဖြစ်လာချင်မှ ဖြစ်လာမယ်၊ ဒီတခုတည်းကို တစိုက်မတ်မတ် လုပ်နေတာ မဟုတ်တဲ့အတွက်ပေါ့”

“နေရာတိုင်းမှာ ဝါသနာရှင်ဆိုတာရှိမှ ပညာရှင်ဆိုတာ ထွက်ပေါ်လာမှာ။ အဲ့အတွက်ကြောင့် ဝါသနာရှင်တွေကို မွေးထုတ်ပေးတယ်။ အဲဒီထဲကမှ ပညာရှင်တွေကို အဖွဲ့အစည်းက ကောက်စားပြီး မွေးလို့ ရတယ်။ ထိခိုက်မှုကတော့ တခြားသူတွေအတွက် အများကြီး ရှိနိုင်တာပေါ့” လို့ ထားထက်ထက်ကပြောပါတယ်။

ထားထက်ထက်ကတော့ ကျိုက္ကစံ အားကစားကွင်းအတွင်းမှာ သင်ကြားခဲ့တဲ့နေရာကို အထက်လူကြီးများက သင်ကြားခွင့် ပိတ်ပင်ခဲ့တဲ့အတွက် သက်ဆိုင်ရာ ဌာနများကို စာတင်ပြီး အကြောင်းကြားခဲ့ပေမယ့် ပြန်လည် တုန့်ပြန်ခြင်း မရှိခဲ့တာကြောင့် လက်ရှိ နေရာပြောင်းလဲကာ သိမ်ဖြူ အားကစားရုံမှာ သင်ကြားလျက် ရှိပါတယ်။

“ထားထက်အတွက်ကတော့ အရမ်းကြီး နစ်နာသွားတာမျိုးတော့ မရှိဘူးပေါ့။ ထားထက်က ဒီအလုပ်တခုတည်းလုပ်နေတာ မဟုတ်တဲ့အတွက် ထိခိုက် နစ်နာသွားတာမျိုး မရှိဘူး။ ဒါပေမဲ့ တရားနည်းလမ်း ကျစေချင်တယ်။ ပြီးတော့ ကလေးတိုင်းက လွတ်လပ်စွာ ကစားခွင့် ရစေချင်တယ်”

“အားကစားရုံဆိုတာက အားကစား ကစားချင်တဲ့ ကလေးတိုင်းအတွက် နေရာတခုဖြစ်ရမယ်ပေါ့။ အဓိကက ကလေးတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ကစားချင်တဲ့ကလေးတွေက မကစားရတော့ဘူးပေါ့ လို့ ထားထက်ထက်က ပြောပါတယ်။

ကျွမ်းဘားကစားခြင်းဟာ သင်ထောက်ကူပစ္စည်းများ လိုအပ်ပြီး ယခုလက်ရှိ သင်ကြားနေရတဲ့ နေရာမှာတော့ ပစ္စည်းများ မစုံလင်ဘဲ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

“မကစားရတဲ့ ကလေးတွေအတွက် နစ်နာမှုဖြစ်လာတဲ့အခါမှာ တကယ် လက်ရွေးစင်ဖြစ်မယ့် ကလေးဆိုတာ အဲ့ထဲမှာ ပါကောင်းပါသွားနိုင်တယ်။ တိုင်းပြည်အတွက် လက်ရွေးစင်တယောက်ဖြစ်လာမယ့်သူကိုလည်း ဆုံးရှုံးတာ ဖြစ်လာနိုင်တယ်။ အဲ့တော့ နစ်နာမှုတွေကတော့ ကလေးတွေအတွက်ရော မိဘတွေ အဖွဲ့ချုပ်အတွက်လည်း နစ်နာမှုတွေ ရှိတယ်”လို့ ထားထက်ထက်က ပြောပါတယ်။

နေရာ အပြောင်းအရွှေ့ကြောင့် တချို့သော ကလေးများမှာ ဆက်လက် မသင်ကြားတော့ဘဲ တခြားသော အားကစားများကို ပြောင်းရွှေ့ ဆော့ကစားကြခြင်းများ၊ ကျောင်းစာကိုသာ ဆက်လုပ်သွားတာမျိုးတွေ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

“တချို့ ကလေးတွေကျတော့လည်း မကစားဖြစ်တော့ဘူး။ တချို့ကျတော့လည်း ဒီဘက် သိမ်ဖြူဘက်မှာ လိုက်လာနိုင်တဲ့ ကလေးကျတော့လည်း လိုက်လာပြီး သင်ကြတယ်။ တချို့ကလေးတွေက ဒါကို ဆက်မကစားကြတော့ဘဲနဲ့ တခြားကစားနည်းကို ပြောင်းသွားတာပဲဖြစ်ဖြစ်၊ ကျောင်းစာပဲ လုပ်တာဖြစ်ဖြစ်၊ မကစားဖြစ်ကြတော့ဘူးပေါ့” လို့ ထားထက်ထက်ကပြောပါတယ်။

အဆိုပါ ပြဿနာများ ဖြစ်လာခဲ့သည်မှာ ၂၀၁၈ ခုနှစ်အတွင်းက စတင်ဖြစ်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လက နေပြည်တော်မှ သက်ဆိုင်ရာဌာနများကို စာတင်ခဲ့ပေမယ့် ထူးခြားလာတာမျိုး မရှိတာကြောင့် ထားထက်ထက်က သူ့ရဲ့ လူမှုကွန်ရက် Facebook ကနေတဆင့် လူအများသိရှိစေရန် မျှဝေခဲ့ပါတယ်။

“အဓိကက အထက်မှာရှိတဲ့ လူကြီးတွေက အောက်ခြေမှာရှိတဲ့ အသေးစိတ် ပြဿနာတွေကို သိစေချင်တယ်။ ဒီအဖွဲ့ချုပ် တခုတည်း မဟုတ်ဘူး။ အဖွဲ့ချုပ်တိုင်းမှာလိုလို ဖြစ်နေတယ်။ အကုန်လုံးကို အသေးစိတ်သိစေချင်တယ်။ စာနဲ့လည်း တိုင်ထားတယ်။ Attention တခုအနေနဲ့ပေးပြီးတော့ ထိရောက်စွာ အရေးယူစေချင်တယ်။ အဲဒါကြောင့် ပို့စ်ကို ထပ်တင်လိုက်တာ။ ၃ လလောက်တော့ ကြာပြီ”လို့ ထားထက်ထက်က ပြောပါတယ်။

ထားထက်ထက်ကတော့ အသက် ၅ နှစ်အရွယ်မှ စတင်ကာ ကျွမ်းဘားအားကစားကို ကစားခဲ့ပြီး ဆုများစွာရရှိခဲ့ကာ နိုင်ငံ့လက်ရွေးစင် အနေနဲ့လည်း ရွေးချယ်ခံခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက ကျွမ်းဘား ကစားခဲ့တဲ့ ထားထက်ထက်က အက်ဆီးဒင့် တခုကြောင့် ခါးမှာ ဒဏ်ရာရခဲ့အတွက် ဆက်လက် မကစားနိုင်တော့တဲ့နောက်မှာတော့ နည်းပြတယောက်အဖြစ် သင်ကြားနေတာ ဖြစ်ပါတယ်။

 

The post “ဝါသနာရှင်တွေကို ပိတ်ပင်ရင် ပညာရှင်တွေ ဆုံးရှုံးလာနိုင်တယ်”လို့ ထားထက်ထက် ပြော appeared first on ဧရာဝတီ.

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

$
0
0

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ် ကျင်းပခွင့် ရသည့် Myanmar International Series 2019 ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

ပထမဆုံး ကျင်းပခွင့်ရသည့် Myanmar International Series 2019 ပွဲကို ကမ္ဘာ့ကြက်တောင်အဖွဲ့ ချုပ်နှင့် အာရှ ကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပြီး လာမည့် စက်တင်ဘာလ ၁၀ မှ ၁၅ရက်နေ့ အထိ ရန်ကုန်မြို့ရှိ အမျိုးသားကြက်တောင် အားကစားခန်းမတွင် ၅ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

ထိုပွဲတွင် မူလက ကမ္ဘာ့အဆင့် ၆၃ ရှိသည့် အိန္ဒိယ ကြက်တောင်မယ်ကို နိုင်ခြေအဆင့် ၁ သတ်မှတ်ခဲ့ သော်လည်း ထို ကစားသမား မပြိုင်ဖြစ်တော့သဖြင့် သက်ထားသူဇာမှာ နိုင်ခြေ အဆင့် ၁ ဖြစ်လာ သည်။

သက်ထား သူဇာကိုယ်တိုင်လည်း ရွှေတံဆိပ်ဆု ရရှိနိုင်ရန်လည်း ကြိုးစားမည်ဖြစ်ပြီး ထိုသို့ ရရှိရန် လည်း မျှော်မှန်းထား ကြောင်း ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပွဲနှင့်ပတ်သက်ပြီး “ဒီပွဲက အခက်အခဲတော့ ရှိတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ကြိုးစားသွား မှာပါ။ ရွှေကတော့ မှန်းထားပါတယ်။ နိုင်ခြေအဆင့် ၁လည်း ရထားတယ်။ မြန်မာပရိသတ်ရှေ့မှာ လည်း ဖြစ်တော့ ဖိအားတော့ အရမ်းများ တယ်”ဟု သူက ပြောသည်။

သက်ထားသူဇာသည် ထိုပြိုင်ပွဲတွင် ၅ပွဲ ကစားရမည်ဖြစ်ပြီး ၎င်းထက် Ranking နိမ့်သည့် ကစားသမားများနှင့် ယှဉ်ပြိုင်ရ မည် ဖြစ်သော်လည်း မြန်မာပရိသတ်ရှေ့တွင် အမှား တစုံတရာ လုပ်မိမည်ကို ၎င်းအနေဖြင့် စိုးရိမ်နေကြောင်း သိရသည်။

၂၀၂၀ အိုလံပစ် ပြိုင်ပွဲတွင် ဝင်ပြိုင်နိုင်ရန် ရည်မှန်းထားသည့် သက်ထားသူဇာသည် နိုင်ငံတကာပွဲများ ဝင်ပြိုင်ရင်း အမှတ် ရယူနေသကဲ့သို့ ဒိန်းမတ်နိုင်ငံတွင်လည်း ASIA OLYMPIC PROJECT TRAINING ကို ၂ လကြာ သွားရောက် လေ့ကျင့်ခဲ့ သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှိနေစဉ် အချိန်က Speed နှင့် Power အားနည်းချက် ရှိခဲ့သည့် သက်ထားသူဇာ သည် ဒိန်းမတ်နိုင်ငံတွင် လေ့ကျင့်ပြီးနောက် တိုးတက်မှု ရှိလာခဲ့သည်ဟု သက်ထားသူဇာ၏ ဖခင်ဖြစ် သူ ဦးထွန်းထွန်းဇော်က ထောက်ပြသည်။

သက်ထားသူဇာအနေဖြင့် မြန်မာ့မြေပေါ် ပရိသတ် စိတ်ကျေနပ်မှု ရရှိစေသည့် ပြိုင်ပွဲ ဖြစ်လိုသည့် အတွက် ထိုပြိုင်ပွဲအပေါ် တွင် စိတ်နှင့်ခန္ဓာ နှစ်မြုပ်ပြီး အားအင်အပြည့်ဖြင့် ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရန် လေ့ကျင့် ခန်းများကို ကောင်းစွာပြု လုပ်လျက် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှ နည်းပြချုပ် ဦးမောင်မောင်ကလည်း “ကျနော့် အတွေ့အကြုံအရ ပြောရရင် သက်ထား သူဇာက တိုးတက်လာတယ်လို့ မြင်တယ်။ ရှုံးတယ်နိုင်တယ် ဆိုတာကတော့ အားကစား မှာ ရှိတာပဲ။ ကျနော်တို့နဲ့တော့ မတွေ့ရတာ ၃ လလောက်တော့ ရှိပြီဆိုတော့ အသေးစိတ် တော့ မသိသေးဘူး။ ဒါပေမယ့် သူက သူ့ကိုယ်သူလည်း ဒီထက် ပိုကြိုးစားရမယ်ဆိုတဲ့ စိတ်မျိုး ရှိတာ တွေ တွေ့ရတယ်”ဟု သုံးသပ်သည်။

သက်ထားသူဇာသည် လက်ရှိတွင် ဖိတ်ခေါ်ပြိုင်ပွဲများ၊ အရှေ့တောင်အာရှပြိုင်ပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲများ အပါအဝင် စုစုပေါင်း ၇၁ ပွဲ ကစားထားပြီး ၅၃ ပွဲနိုင်ကာ ၁၈ ပွဲ ရှုံးထားသည်။

နည်းပြချုပ် ဦးမောင်မောင်က“ကျနော်တို့ တနေ့က ဂျပန်ကို သွားကစားတော့ သူတို့တွေ သုံးသပ်တာ က အရင်ထက်စာရင် ဗမာကလေးတွေ တိုးတက်လာတယ်လို့ ပြောတယ်။ အရင်လွန်ခဲ့တဲ့ အဖွဲ့ချုပ် အသစ် တာဝန်ယူပြီးတဲ့ အချိန်မှာ သုံး လေးနှစ် အတွင်းမှာ တိုးတော့ တိုးတက်လာတယ်။ ဒါပေမယ့် ကမ္ဘာကို ရင်ဘောင်တန်းပြီး ကမ္ဘာကို နိုင်ရမယ့်အဆင့် လောက် အထိတော့ မျှော်မှန်းလို့ မရသေးဘူး”ဟု ပြောသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကလည်း အာရှတွင်ရှိသော ကြက်တောင်က ကမ္ဘာကို ကြီးစိုးနိုင်ရန် ရည်ရွယ်ပြီး ကြက်တောင် ဖွံ့ဖြိုးစပြုနေသော နိုင်ငံငယ်များကို အားပေးအားမြှောက် ပြုသည့်အနေဖြင့် မြန်မာနိုင်ငံကို လာရောက် ကျင်းပရခြင်း ဖြစ် သည်ဟု သိရသည်။

ဥရောပနိုင်ငံများက ကြက်တောင်အားကစားနည်းနှင့် ပတ်သက်ပါက အာရှကို ဖြတ်ကျော်နိုင်မှု မရှိ သေးဘဲ လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးနေရာ၌ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ကိုရီးယားစသည့် အာရှနိုင်ငံများက နေရာယူထားသည်။

လက်ရှိ မြန်မာနိုင်ငံသည် ကြက်တောင်အားကစားတွင် အနိမ့်ဆုံးအဆင့်တွင် ရှိနေပြီး ရံဖန်ရံခါ မြန်မာ ထက် တဆင့်နိမ့် သည့် လာအိုကိုပင် ရှုံးရသည့် အခါများလည်း ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ် နာယက ဦးကြည်ညွန့်က ရှင်းပြသည်။

၁၉၉၅ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာ့ကြက်တောင်သည် အာရှတွင် အဆင့် ၁ မှ ၅ အတွင်း ရှိခဲ့သည်။ နောက်ပိုင်း တွင် ထူးချွန်အားကစားသမားများ အနေဖြင့် ပံ့ပိုးထောက်ပံ့မှုများ နည်းလာ သည့်အခါ အဆင်ပြေရာ စီးပွားရေးကို လုပ်ကိုင် ကြရသည့်အတွက် မျိုးဆက်သစ် အားကစားများပါ ကွယ်ပျောက်ခဲ့ရပြီး မြန်မာ့အားကစား လည်း ခါးပြတ်သွားခဲ့ရသည်။

သို့သော် ယခုအခါတွင် မြန်မာ့ကြက်တောင်က ပြန်လည်၍ လူသိများလာပြီး ပြိုင်ပွဲ ရလဒ်ကောင်း များလည်း ရရှိကာ ထူးချွန် အားကစားသမားများကို မွေးထုတ်လာနိုင်သလို International Series ပွဲကိုလည်း မြန်မာ့မြေပေါ်တွင် ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။

ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်ပြီး ပြိုင်ပွဲဝင် ကစားသမားဦးရေ ၁၃၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ သက်ထားသူဇာ အပါအဝင် ကစားသမား ၁၃ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြိုင်ပွဲတွင် ကျား တဦးချင်း၊ မ တဦးချင်း၊ ကျား၂ ယောက်တွဲ၊ မ ၂ ယောက်တွဲ၊ ကျားမ ၂ ယောက်တွဲ ပြိုင်ပွဲများ ဆုကြေးအတွက် ဒေါ်လာ တသောင်း သုံးစွဲမည်ဟု သိရသည်။

ထိုအတွက် အာရှအဖွဲ့ချုပ်က ဒေါ်လာ ရှစ်ထောင် ထောက်ပံ့ ထားပြီး ကြက်တောင်အဖွဲ့ချုပ်မှ ဒေါ်လာ နှစ်ထောင် ထည့်ဝင်ပေးထားသည်ဟု မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်လွင်က ဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

ကြက်တောင်မယ် သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့် 

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

The post မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ appeared first on ဧရာဝတီ.

စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည်

$
0
0

မြန်မာနိုင်ငံတွင် ကျင်းပနေသည့် Myanmar International Series 2019ကြက်တောင်ပြိုင်ပွဲ၌ ကြက်တောင်မယ် သက်ထားသူဇာက အမျိုးသမီးတဦးချင်းပွဲတွင် ယနေ့ စက်တင်ဘာ ၁၂ရက်နေ့၌ စတင်ယှဉ်ပြိုင် မည်ဖြစ် သည်။

“မြန်မာပရိသတ်ရှေ့မှာဖြစ်တဲ့အတွက် ဖိအားတော့ရှိတယ်။ စိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့် စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင်ထားပါတယ်။ အကောင်းဆုံးတော့ ပြင်ဆင်ထားတယ်။ နိုင်ကို နိုင်ရမယ် ဆိုတဲ့ စိတ်ထည့်ကစားမှာပါ”ဟု သက်ထားသူဇာက ဧရာဝတီသို့ ပြောသည်။

သက်ထားသူဇာ၏ ပထမဆုံးပွဲစဉ်တွင် ထိုင်းနိုင်ငံမှ ကြက်တောင်မယ် ဆာရာပွန် နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

လက်ရှိတွင် သက်ထားသူဇာက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သတ်မှတ်ထားသည့် ကမ္ဘာ့အဆင့် (World Ranking) ၇၂တွင် တွင်ရှိနေပြီး ထိုင်းမှ ဆာရာပွန်က (World Ranking) ၈၄တွင် ရှိနေပါ သည်။

သို့သော်လည်း ကြက်တောင်အားကစားနှင့်ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံးနေရာ၌ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်းစသည့် အာရှနိုင်ငံများက နေရာယူထားသောကြောင့် အာရှက ကြက်တောင် ကစားသမားမှာ သတိရမည့် ကစားသမားဖြစ်နေသည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး သက်ထားသူဇာက “ထိုင်းကစားသမားကလည်း သူတို့တွေ ခဏ
တဖြုတ်ပြန်နား လိုက်တာကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် နိမ့်နေတာပါ။ လက်ရည်ကတော့ အရမ်းကြီးမကွာပါဘူး။ သူတို့ တွေက ကစားသမားကောင်းတွေဖြစ်တာကြောင့် သတိတော့ နည်းနည်းထားဖို့လိုတယ်”ဟု ဆိုသည်။

သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲဝင်ရန် ရည်မှန်းချက်ထားသူ ဖြစ်သည့် အတွက် ဒိန်းမတ်နိုင်ငံတွင် လေ့ကျင့်ရင်း တဖက်တွင်လည်း နိုင်ငံတကာစီးရီးပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်များ ရယူနေ သူလည်း ဖြစ်သည်။

You May Also Like These Stories:

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

The post စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည် appeared first on ဧရာဝတီ.


သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ

$
0
0

မြန်မာနိုင်ငံတွင် ကျင်းပနေသည့် Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာက အမျိုးသမီးတဦးချင်း ပွဲတွင် ထိုင်းကြက်တောင်မယ် ဆာရာပွန်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူလိုက်သည်။

ပထမပွဲတွင် ၂၁-၁၀ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲတွင် ၂၁- ၁၄ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာက “သူက ကိုယ်ထက်လည်း ငယ်တယ်။ Rankingကလည်း ကိုယ်ထက်လည်း နည်းတယ်ဆိုတော့ အရမ်းတော့ အားထုတ်ရိုက်တာ မရှိပါဘူး။ ညီမက ဒီအထဲမှာ နိုင်ခြေ အဆင့် ၁ဆိုတော့ ဒီအထဲမှာတော့ အတွေ့အကြုံအရဆိုရင် ညီမက အများဆုံးဖြစ်မယ်။ဒါကြောင့်လည်း ဒီပွဲမှာ နိုင်ခဲ့တာဖြစ်မယ်” ဟု ဧရာဝတီကိုပြောသည်။

ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်ကလည်း ယခုပွဲတွင် အနိုင်ရမည်ဟု နည်းပြအပါအဝင် ကြက်တောင် အားကစား ဝါသနာရှင်များက သုံးသပ်ထားကြောင်း ပြောသည်။

“တဖက်အားကစားသမားက သူထက် rankingနိမ့်တယ်။သူရဲ့ ကစားနည်းကို ကျေနပ်ပါတယ်။ ကျနော်တို့လည်း ဟိုဘက်က ကစားသမားကို လေ့လာထားတာလည်း ရှိတယ်။ နားတဲ့အချိန်မှာ တော့ ကျနော်ရော နည်းပြပါ သူလိုအပ်ချက်တွေကို အကြံပေးဖြစ်တယ်”ဟု ဆိုသည်။

You May Also Like These Stories:

စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည်

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

The post သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ appeared first on ဧရာဝတီ.

ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော

$
0
0

Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ တက်လှမ်း သွားပြီ ဖြစ်သည့် နိုင်ခြေ အဆင့် ၁သတ်မှတ်ခံထားရသည့် မြန်မာ့ကြက် တောင်မယ် သက်ထားသူဇာ သည် အိန္ဒိယနိုင်ငံမှ ကြက်တောင်မယ် ဆာမီယာ အီမစ်ဒ် နှင့် ယနေ့နေ့လည်ပိုင်းတွင် ကစားရ မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံမှ ကြက်တောင်မယ် ဆာမီယာ အီမစ်ဒ်သည် ၂၀၁၇ခုနစ်က မြန်မာပြည်နိုင်ငံတွင် ကျင်းပသွားသည့် Asia Junior U-17 and U-15 Championships 2017 ပထမရရှိခဲ့သူဖြစ်ပြီး အတွေ့အကြုံအရလည်း သက်ထားသူဇာထက် မနိမ့်ဟု သိရသည်။

သက်ထားသူဇာကလည်း “အိန္ဒိယကစားမယ်လေးကလည်း ကောင်းတော့ နည်းနည်းတော့ အားစိုက် ရမယ်။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်မှာပါ။ ပြိုင်ပွဲဆိုတာက ပြောလို့တော့ မရဘူး။ ကိုယ်ထက် Ranking နိမ့်တယ် ပေမယ့် လက်ရည်က ၅၀-၅၀ပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

သက်ထားသူဇာအနေဖြင့် အိန္ဒိယကြက်တောင်မယ်ကို အနိုင်ရလျှင် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင် ပြီဖြစ်သည်။

လက်ရှိတွင် သက်ထားသူဇာက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)သတ်မှတ်ထားသည့် ကမ္ဘာ့အဆင့် (World Ranking) ၇၃တွင် ရှိနေပြီး အိန္ဒိယနိုင်ငံမှ ကြက်တောင်မယ် ဆာမီယာ အီမစ်ဒ် က (World Ranking) ၅၇၇တွင် ရှိနေသည်။

သို့သော်လည်း ကြက်တောင်အားကစားနှင့်ပတ်သက်လျှင် ကမ္ဘာ့အကောင်းဆုံးနေရာ၌ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်းစသည့် အာရှနိုင်ငံများက နေရာယူထားသောကြောင့် မြန်မာ့ကစား သမားများ အနေဖြင့် သတိထားကစားရမည်ဖြစ်သည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး သက်ထားသူဇာက “ဒီမှာက တယောက်နဲ့ တယောက်ရိုက်နေကြတာက လက်ရည်တွေက ၅၀-၅၀တွေချည်းပဲ။ နောက် အိန္ဒိယမယ်လေး လေ့ကျင့်ရေးဆင်းနေတာတွေ့ရတာ တော်တော်အားရစရာကောင်းတယ်။ သူ့ကိုယ်သူလည်း ယုံကြည်ချက်ရှိတယ်”ဟု ဆိုသည်။

နိုင်ငံတကာ အောင်မြင်မှုကို ငံ့လင့်နေသည့် မြန်မာပရိတ်သတ်အနေဖြင့်လည်း သက်ထားသူဇာ၏ အောင်မြင်မှုနှင့် ပတ် သက်၍ မျှော်လင့်ချက်များစွာ ထားကြောင်း ဆိုရှယ်မီဒီယာ လူမှုကွန်ရက်တွင် ချီးကျူးအားပေးစကားများကို မပြတ်ပြော ကြားနေကြသည်။

သက်ထားသူဇာက လာရောက်အားပေးကြသည့် ပရိသတ်များနှင့် အဝေးမှ အားပေးသည့် ပရိတ်သတ် များကို ကျေးဇူး တင်ကြောင်းနှင့် ၎င်းအနေဖြင့် ဆက်ပြီး ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲဝင်ရန် ရည်မှန်းချက်ထားသူ ဖြစ်သည့် အတွက် ဒိန်းမတ် နိုင်ငံတွင် လေ့ကျင့်ရင်း တဖက်တွင်လည်း နိုင်ငံတကာစီးရီးပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်များ ရယူနေ သူလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ

စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည်

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

The post ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော appeared first on ဧရာဝတီ.

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

$
0
0

Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ၏ ယနေ့ကစားသည့် ကွာတား ဖိုင်နယ်ပွဲစဉ်တွင် မြန်မာ ကြက်တောင်မယ် သက်ထားသူဇာသည် အိန္ဒိယ အမျိုးသမီး ကြက်တောင်ကစားသမား ဆာမီယာ အီမစ်ဒ်ကို အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။

သက်ထားသူဇာသည် ဆာမီယာ အီမစ်ဒ်နှင့် ၃ပွဲကစားရာတွင် ၂၁-၁၃ အနိုင်ယူခဲ့ပြီး၊ ဒုတိယပွဲတွင် ၁၃-၂၁ ရှုံးနိမ့်ကာ၊ တတိယပွဲတွင် ၂၁-၁၆ ဖြင့် အကြိတ်အနယ်ကစားပြီး အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ခဲ့ခြင်း ဖြစ်သည်။

ယခုပွဲနှင့် ပတ်သက်၍ သက်ထားသူဇာက “လက်ညီလို့ တော်တော်လေး အားစိုက်လိုက်ရတယ်လို့ ထင်တယ်။ ပွဲတိုင်းကိုတော့ ကြိုးစားပြီး ရိုက်သွားမယ်။ ပွဲတိုင်းကိုတော့ လျော့မတွက်ပါဘူး။ ကျမ ကတော့ ကိုယ်ထက်နိမ့်လို့ဆိုပြီး မတွက်ပါဘူး။ ကိုယ်ရိုက်စရာရှိတာ ရိုက်တာပဲ။ ပင်ပန်းလို့တော့ မဟုတ်ဘူး။ ကိုယ့်အမှားတွေ များသွားတာပါ။ အားပေးတဲ့ ပရိသတ်တွေက အနှောင့်အယှက်တော့ မဖြစ်ပါဘူး။ အားပေးတဲ့ ပရိသတ်များတော့ ကောင်းတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

အိန္ဒိယနိုင်ငံမှ ကြက်တောင်မယ် ဆာမီယာ အီမစ်ဒ်သည် ၂၀၁၇ခုနစ်က မြန်မာပြည်နိုင်ငံတွင် ကျင်းပသွားသည့် Asia Junior U-17 and U-15 Championships 2017 ပထမရရှိခဲ့သူဖြစ်ပြီး အတွေ့အကြုံအရလည်း သက်ထားသူဇာထက် မနိမ့်ပေ။

ထိုပွဲကို လာရောက်ကြည့်ရှု့သည့် ကြက်တောင်ဝါသနာရှင် ကိုမျိုးဦးက “ဟိုဘက်ကလည်း ကောင်း တော့ သူလည်း သေချာထိန်းပြီး ကစားနေရတာကြောင့်ပါ။ ဒုပွဲမှာ ပေါ့သွားတာတော့ မဟုတ်ဘူး။ ဒီလို ကွားတားအဆင့်ဆို ဘယ်သူမှ ဖွင့်မကစားကြဘူးလေ၊ တဖြေးဖြေးနဲ့ လက်ရည်ကတော့ သူတင် ကိုယ် တင်တွေ လာမှာပဲလေသူသာ နောက်ပွဲတွေစိတ်ငြိမ်ငြိမ်လေးနဲ့အေးဆေးကစားမယ်ဆိုရင် သူနိုင်မှာပါ။ အခုက အိမ်ကွင်းနဲ့ ပရိသတ်ဖိအားကြောင့် အရမ်းစိတ်လှုပ်ရှားနေတာလဲ ပါတယ်”ဟု ဆိုသည်။

ဆက်စပ်ဖတ်ရှု့ရန် –

ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော

သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ

စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည်

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

ကြက်တောင်မယ် သက်ထားသူဇာ အတွက် တပ်မတော်မှ ဂုဏ်ပြုချီးမြှင့်

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

The post သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ appeared first on ဧရာဝတီ.

ဂျပန်တွေ ကျေးဇူးတင် အမှတ်ရနေတဲ့ ဦးကျော်ဒင်

$
0
0

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် စက်တင်ဘာလ ၁၀ ရက်နေ့က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ ဂျပန်လက်ရွေးစင်ဘောလုံးအသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဒီပွဲစဉ်မှာ အိမ်ရှင် မြန်မာ့လက်ရွေးစင်အသင်းဟာ ကိုယ့်ထက် အစစအရာရာ သာလွန်နေတဲ့ ဧည့်သည်ဂျပန် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာကစားသမားတွေ တပွဲလုံး အသင်းလိုက် ကြိုးစားကစားခဲ့ကြလို့ သုဝဏ္ဏကွင်းလုံးပြည့်နီးပါး လာရောက် အားပေးခဲ့တဲ့ မြန်မာဘောလုံး ပရိသတ် အများစု ကျေနပ်ခဲ့ကြပါတယ်။

နောက်ထပ် ကျေနပ်ပီတိဖြစ်စရာ မြင်ကွင်း ၁ ခု ကတော့ သုဝဏ္ဏကွင်းထဲအထိ လာရောက်အားပေးခဲ့တဲ့ ဂျပန်အသင်းပရိတ်သတ်များက ဂျပန်လူမျိုးတွေကို ဘောလုံးပညာသင်ကြားပေးခဲ့တဲ့ မြန်မာလူမျိုး ဦးကျော်ဒင်နဲ့ မြန်မာနိုင်ငံကို ကျေးဇူးတင်ကြောင်း မြန်မာဘာသာနဲ့ ဗီနိုင်း ကိုင်ဆောင်ပြခဲ့တဲ့မြင်ကွင်း ဖြစ်ပါတယ်။

ဗီနိုင်းမှာ ရေးထားတဲ့စာသားကတော့ “ဂျပန်ဘောလုံးအားကစားကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦကျော်ဒင်နဲ့ သူရဲ့မိခင် မြန်မာနိုင်ငံအား ကျေးဇူးတင်လျှက်ပါ”လို့ ရေးထားတာ ဖြစ်ပါတယ်။

ဂျပန်ဘောလုံးလောကနဲ့ ပတ်သက်လာရင် ဂျပန်လူမျိုးတွေ အမြဲတမ်းအမှတ်ရနေမယ့် မြန်မာနိုင်ငံသား ဦးကျော်ဒင် အကြောင်းကို အားကစားကလောင်ရှင် ဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား) က ၂၀၁၂ ခုနှစ်တုန်းက ဆောင်းပါး တပုဒ် ရေးခဲ့ပါတယ်။ ဆောင်းပါးခေါင်းစဉ်ကတော့ “ဂျပန်တို့၏ ဘောလုံးကျေးဇူးရှင် မြန်မာရှာပေးကြပါ”ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် တက်လမ်း အားကစားဂျာနယ် အတွဲ (၈) အမှတ် (၄၃) မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား) ရေးခဲ့တဲ့ ဆောင်းပါးထဲက အချက်အလက်တချို့နဲ့ ဂျပန်ဘောလုံးလောက အကြောင်း မှတ်တမ်းတင်ထားတဲ့ Japanese Soccer Archive ဝက်ဆိုဒ်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ဝေမျှရရင် ဦးကျော်ဒင်ဟာ ၁၉၀၀ ပြည့်နှစ်၊ ဇွန်လမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတယောက်ဖြစ်တာ သေချာပေမယ့် ဘာလူမျိုးလဲ၊ ဘယ်မြို့ဇာတိလဲဆိုတာတော့ အချက်အလက် အတိအကျ မသိရပါဘူး။

ဦးကျော်ဒင်ဟာ ၁၉၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ Tokyo Technical Higher School (ယခု Tokyo Institute of Technology) မှာ စက်မှုပညာ တက်ရောက် သင်ယူခဲ့ပါတယ်။

ဦးကျော်ဒင် ဂျပန်နိုင်ငံကို ရောက်ရှိချိန် ၁၉၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းတောင် မရှိဘဲ အထက်တန်းကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ဘောလုံးအသင်းသာ ရှိပါတယ်။

၁၉၁၇ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပတဲ့ ဒေသတွင်း အားကစားပြိုင်ပွဲဖြစ်တဲ့ 1917 Far Eastern Championship Games မှာ ဂျပန်နိုင်ငံ ကိုယ်စားပြု လက်ရွေးစင် ဘောလုံးအသင်းအဖြစ် တိုကျို အထက်တန်းကျောင်းအသင်း – Tokyo Higher Normal School က ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒေသတွင်းက တရုတ်၊ ဖိလစ်ပိုင်နဲ့ အိမ်ရှင်ဂျပန်နိုင်ငံ ၃ ခုသာ ယှဉ်ပြိုင်ကြတဲ့ အဲဒီပြိုင်ပွဲမှာ ဂျပန်ဘောလုံး အသင်းဟာ ဖိလစ်ပိုင်အသင်းကို ၁၅ ဂိုး ၂ ဂိုးနဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီရှုံးနိမ့်မှုရလဒ်ဟာ ဒီကနေ့အချိန်အထိ ဂျပန်ဘောလုံးအသင်း သမိုင်းတလျှောက် အဆိုးရွားဆုံး ရှုံးနိမ့်ခဲ့တဲ့ ရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

တိုကျိုစက်မှုကျောင်းသား ဦးကျော်ဒင်ဟာ တနေ့မှာတော့ သူတက်နေတဲ့ကျောင်းအနီးက အားကစားကွင်းအတွင်း ကိုယ်ကာယ လေ့ကျင့်နေစဉ်မှာ ဂျပန်ဘောလုံးအသင်း တသင်း လေ့ကျင့်ခန်း ဆင်းနေတာကို တွေ့ရှိခဲ့ပါတယ်။

လေ့ကျင့်ခန်း ဆင်းနေတဲ့ ဘောလုံးသမားတွေရဲ့ဘောလုံးကန်ပုံ စနစ်တကျမရှိလို့ ဦးကျော်ဒင်က ဝင်ရောက် သင်ကြားပြသ ပေးရာကနေ အထက်တန်းကျောင်းဘောလုံး အသင်းများကို ဘောလုံးပညာသင်ပေးတဲ့နည်းပြဆရာ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် တိုကျိုစက်မှုကျောင်းသား ဦးကျော်ဒင်ဟာ တဖက်မှာ ပညာသင်ရင်း တဖက်မှာလည်း တိုကျို အထက်တန်းကျောင်း – Tokyo Normal Higher School နဲ့ Junior High School ကျောင်းတို့ ပေါင်းစည်းထားတဲ့ အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

ဦးကျော်ဒင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ အဆိုပါ ဘောလုံးအသင်းဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲမှာ ၂ ကြိမ်တိုင် ဗိုလ်စွဲပြီး အောင်မြင်မှုရခဲ့ပါတယ်။

ဦးကျော်ဒင် နည်းပြအဖြစ်ဆောင်ရွက်နေဆဲ ကာလမှာပဲ ဂျပန်နိုင်ငံမှာ ဘောလုံးအားကစားနဲ့ပတ်သက်လို့ ဂျပန်လူမျိုးတွေ နိုးကြားလာခဲ့ကြပြီး ၁၉၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် – Japan Football Association – JFA ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။

ဂျပန်အထက်တန်းကျောင်းအသင်းနဲ့ အောင်မြင်မှုတွေရရှိလာတဲ့ ဦးကျော်ဒင်ရဲ့ဘောလုံးပညာ သင်ကြားမှုစွမ်းရည်၊ နည်းပြစွမ်းရည်တွေကို သဘောကျတဲ့အတွက် တနိုင်ငံလုံးကို လှည့်လည်ကာ စာသင်ကျောင်းများမှာ ဘောလုံး ပညာသင်ကြားပေးဖို့ ဦးကျော်ဒင်ကို ဂျပန်အစိုးရက ကမ်းလှမ်းခဲ့ပေမယ့် စက်မှုကျောင်းတက်နေရင်း တဖက်နဲ့မို့ ဦးကျော်ဒင် အဆိုပါ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါတယ်။

၁၉၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ ဂျပန်နိုင်ငံ ကန်တိုဒေသမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အတွက် ဦးကျော်ဒင် တက်ရောက်နေတဲ့ တိုကျိုမြို့က တိုကျိုနည်းပညာ အထက်တန်းကျောင်းဟာလည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပါတယ်။ ကျောင်းပြိုကျပျက်စီးခဲ့တဲ့အတွက် ပညာသင်ဘ၀ ရပ်ဆိုင်းခဲ့တဲ့ ဦးကျော်ဒင်ဟာ ဂျပန်နိုင်ငံအတွင်းက ကျောင်းတွေကို ခရီးစဉ်လှည့်လည်ပြီး ကျောင်းသားတွေကို ဘောလုံးပညာ သင်ပေးခဲ့ပါတယ်။

အဲဒီလို ဂျပန်ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေရင်း တဖက်မှာလည်း ကိုကျော်ဒင်ဟာ How to play Association Football ဆိုတဲ့စာအုပ်ကို အင်္ဂလိပ်လို ရေးသားပြီး သူ့တပည့်များ အကူအညီနဲ့ ဂျပန်နိုင်ငံမှာ ၁၉၂၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

ဘောလုံးကစားခြင်း အတွေးအခေါ်တွေ၊ သီအိုရီတွေနဲ့ နည်းစနစ်တွေ ထည့်သွင်းရေးသားထားတဲ့ အဆိုပါစာအုပ်ကို ဂျပန်လိုဘာသာပြန်ဆိုပြီး ၁၉၂၃ ခုနှစ်၊ သြဂုတ်လမှာ ဂျပန်နိုင်ငံမှာ ဖြန့်ချိခဲ့ေ ကြာင်း သိရပါတယ်။

အဆိုပါစာအုပ်ဟာ ဘောလုံးနည်းစနစ်များနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ပထမဆုံး ထုတ်ဝေခဲ့တဲ့စာအုပ်လည်း ဖြစ်ခဲ့ပါတယ်။

ဦးကျော်ဒင်ရဲ့သင်ကြားပြသမှုတွေကြောင့် ဂျပန်နိုင်ငံက အထက်တန်းကျောင်းသားတွေနဲ့ ဘောလုံးနည်းပြတွေဟာ ဘောလုံးကစားခြင်း အတွေးအခေါ်တွေနဲ့ အခြေခံနည်းစနစ်တွေကို ပိုမိုကျွမ်းကျင်တတ်မြောက်ခဲ့ကြပြီး ဒီအချက်တွေက နိုင်ငံတကာ ဘောလုံးစင်မြင့်ကို ဂျပန်နိုင်ငံ တက်လှမ်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်ခဲ့ပါတယ်။

ဦးကျော်ဒင်ရဲ့ကြိုးပမ်းမှုဟာ ဂျပန်ဘောလုံးလောကအပေါ် ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေခဲ့ပါတယ်။ ထင်ရှားတဲ့ သာဓကတစ်ခုကို ပြရမယ်ဆိုရင် ၁၉၁၇ ခုနှစ်တုန်းက နိုင်ငံတကာပွဲစဉ်တွေကန်တိုင်း ရှုံးနေတဲ့ အထက်တန်းကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်လက်ရွေးစင်အသင်းဟာ ၁၉၃၀ ခုနှစ်မှာ ယှဉ်ပြိုင်တဲ့ ဒေသတွင်းအားကစားပြိုင်ပွဲ 1930 Far Eastern Championship Games မှာ တရုတ်နိုင်ငံအသင်းနဲ့ ပူးတွဲချန်ပီယံဆု ရရှိခဲ့ပါတယ်။ ဒီဆုဟာ ဂျပန်လက်ရွေးစင်အသင်း ပထမဆုံးရရှိတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ဘောလုံးလောကကို ဖွံ့ဖြိုးတိုးတက်အောင် အခြေခံအုတ်မြစ်ချ ကူညီပေးခဲ့ပြီးတဲ့နောက်မှာ ဦးကျော်ဒင်ဟာ ၁၉၂၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။

ဦးကျော်ဒင် ချပေးခဲ့တဲ့ ဘောလုံးမျိုးစေ့ကို ဂျပန်နိုင်ငံက ဘောလုံးမျိုးဆက်များက လက်ဆင့်ကမ်းသယ်ဆောင်ပြီး ကြိုးစားခဲ့ရာမှာ လက်ရှိကာလမှာတော့ ဂျပန်အမျိုးသားလက်ရွေးစင်အသင်းရော အမျိုးသမီးအသင်းပါ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိမ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အာရှတိုက်ဂုဏ်ဆောင်ဘောလုံးအသင်း အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်ဘောလုံးသမားများဟာလည်း အင်္ဂလန် ၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊ ပေါ်တူဂီ၊ တူရကီစတဲ့ ဘောလုံးအင်အားကြီးနိုင်ငံက ကလပ်တွေမှာ သွားရောက်ကစားကာ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်အထိ ထိုးဖောက် နိုင်နေပြီ ဖြစ်ပါတယ်။

ဂျပန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများဟာ ဂျပန်ဘောလုံးလောကရဲ့ကျေးဇူးရှင် ၁ ဦးဖြစ်တဲ့ ဦးကျော်ဒင်ရဲ့ မျိုးဆက်ကို မြန်မာနိုင်ငံအထိ အကြိမ်ကြိမ်လာရောက်ရှာဖွေခဲ့ကြပါတယ်။ ဂျပန်တွေကိုယ်တိုင် မြန်မာပြည်ကို လာရောက်ရှာဖွေသလို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကလည်း ၂၀၁၂ ခုနှစ်မှာ ဦးကျော်ဒင်ရဲ့မျိုးဆက်များ ဆက်သွယ်ကြဖို့ဆိုပြီး သတင်းစာနဲ့ အားကစားဂျာနယ်တွေကတဆင့် ကြော်ငြာထည့်သွင်းကာ ရှာဖွေခဲ့ကြပါတယ်။

ဒီကနေ့အချိန်အထိတော့ ဂျပန်ဘောလုံးလောကအတွက် ကျေးဇူးဆပ်လိုတဲ့ ဦးကျော်ဒင်ရဲ့မျိုးဆက်ကို ဂျပန် လူမျိုးများ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။

ဦးကျော်ဒင်ကို ရှာမတွေ့သော်လည်း ကျေးဇူးတရားကို သိတတ်ပြီး လေးစား တန်ဖိုးထားတတ်တဲ့ ဂျပန်လူမျိုးများဟာ ဦးကျော်ဒင်ရဲ့ပုံတူ ရုပ်တုကို ထုလုပ်ကာ တိုကျိုမြို့မှာရှိတဲ့ ဂျပန်ဘောလုံးပြတိုက်မှာ ပြသကာ ဂျပန်ဘောလုံး လောကရဲ့ ဂန္တဝင်တစ်ဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။

အဲဒါအပြင် ဦးကျော်ဒင်ရေးသားခဲ့တဲ့ “How to play Association Football”စာအုပ်ကိုလည်း အဆိုပါပြတိုက်မှာ ပြသထားကြောင်း သိရပါတယ်။

ကမ္ဘာ့အဆင့် ထိုးဖောက်နေတဲ့ ဂျပန်ဘောလုံးလောကရဲ့ ဂန္တဝင်စာရင်းထဲမှာ သူတပါးအပေါ် ကူညီတတ်တဲ့၊ စေတနာကောင်းသော ဦးကျော်ဒင်ဆိုတဲ့ မြန်မာနိုင်ငံသားတယောက် ပါဝင်နေတာကို မြန်မာနိုင်ငံသားများ ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်။

ကျေးဇူးတရားကို တန်ဖိုးထားတဲ့ ဂျပန်လူမျိုးများဟာလည်း သူတို့ရဲ့ ကျေးဇူးရှင် ဦးကျော်ဒင်ရဲ့မျိုးဆက်ကို မလျော့သောဇွဲနဲ့ ဆက်လက်ရှာဖွေနေကြမှာ ဖြစ်ပါတယ်။

“ဝါသနာရှင်တွေကို ပိတ်ပင်ရင် ပညာရှင်တွေ ဆုံးရှုံးလာနိုင်တယ်”လို့ ထားထက်ထက် ပြော

ဘိလိယက်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ အထင်မသေးပါဘူး

ဆီးဂိမ်း၌ ပြေးခုန်ပစ် ကစားသမားများ ရွှေတံဆိပ်ရပါက တိုက်ခန်းနှင့် ကား ဆုချမည်

The post ဂျပန်တွေ ကျေးဇူးတင် အမှတ်ရနေတဲ့ ဦးကျော်ဒင် appeared first on ဧရာဝတီ.

သက်ထားသူဇာ ယနေ့တွင် အင်ဒိုပြိုင်ဘက်နှင့် ကစားမည်

$
0
0

ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ပြီဖြစ်သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် အင်ဒိုနီးရှားမှ ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီ နှင့် ယနေ့ ယှဉ်ပြိုင်မည်ဖြစ်သည်။

 “ကိုယ်ထက် Rankingနိမ့်တယ်ပေမယ့် လက်ရည်က ၅၀-၅၀ပါပဲ။ သူလည်း မနေ့က တရုတ်ထိုင်ပေကို နိုင်ထားတဲ့သူဆိုတော့ လက်ရည်က သိပ်မကွာနိုင်ဘူး။ ပွဲတိုင်းကို အကောင်းဆုံးနဲ့ ကြိုးစားပြီး ရိုက်သွားမှာပါ ဟု သက်ထားသူဇာက ဧရာဝတီသို့ ပြောသည်။

ထိုပြိုင်ပွဲတွင် သက်ထားသူဇာက နိုင်ခြေအဆင့် ၁သတ်မှတ်ခံထားရပြီး အင်ဒို ကြက်တောင်မယ်က နိုင်ခြေ အဆင့် ၆သတ်မှတ်ခံထားရသူဖြစ်သည်။

လက်ရှိတွင် သက်ထားသူဇာက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)သတ်မှတ်ထားသည့် ကမ္ဘာ့အဆင့် (World Ranking) ၇၃တွင် ရှိနေပြီး အင်ဒိုနီးရှားမှ ကြက်တောင်မယ် Maharani Sekar Batari (World Ranking) ၂၈၃တွင် ရှိနေသည်။

သို့သော်လည်း ကြက်တောင်အားကစားနှင့်ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံးနေရာ၌ အင်ဒိုနီးရှား အပါအဝင် ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်းစသည့် အာရှနိုင်ငံများက နေရာယူထားသောကြောင့် မြန်မာ့ကစားသမားများ အနေဖြင့် သတိထားကစားရမည်ဖြစ်သည်။

သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲဝင်ရန် ရည်မှန်းချက်ထားသူ ဖြစ်သည့် အတွက် ဒိန်းမတ်နိုင်ငံတွင် လေ့ကျင့်ရင်း တဖက်တွင်လည်း နိုင်ငံတကာစီးရီးပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်များ ရယူနေ သူလည်း ဖြစ်သည်။

You may also like these stories:

သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ

ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော

သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ

စိတ်ကို အတည်ငြိမ်ဆုံး ထားတယ်ဆိုတဲ့ သက်ထားသူဇာ ယနေ့ စတင်ယှဉ်ပြိုင်မည်

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရေး ရုန်းကန်နေရသည့် ကြက်တောင်မယ် သက်ထားသူဇာ

The post သက်ထားသူဇာ ယနေ့တွင် အင်ဒိုပြိုင်ဘက်နှင့် ကစားမည် appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live