Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all articles
Browse latest Browse all 511

တချိန်က အားကစားသမားတွေ ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာကျော် Celebrity များ

$
0
0

ငယ်ငယ်တည်းက မင်းသား မင်းသမီးလုပ်ရာကနေ နာမည်ကြီးလာတဲ့ Celebrity တွေ အများအပြား ရှိကြပါတယ်။ The Rock လို နာမည်ကြီး မင်းသားဟာ တချိန်က နပန်းပွဲတွေမှာ နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ တချို့တွေကမ္ဘာကျော်တွေ အားကစားသမားဖြစ်ခဲ့ဖူးတာ လူသိကြပေမယ့် တချို့တွေရဲ့ အကြောင်းကိုတော့ မသိကြပါဘူး။ဒါကြောင့် ဒီတခါမှာ တချိန်က အားကစားသမားဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Jason Statham

နာမည်ကျော် အက်ရှင်မင်းသား Jason Statham ဟာ တချိန်က ဒိုင်ဗင်ထိုးအားကစားနည်းမှာ ထူးချွန်ခဲ့သူ ဖြစ်ပါတယ်။သူဟာ အင်္ဂလန်နိုင်ငံကိုယ်စားပြုပြီး ဓနသဟာယပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိုလံပစ်ပွဲ ရောက်လုရောက်ခင် အထိ ထူးချွန်ခဲ့ပါတယ်။

(၂) Kate Middleton

အင်္ဂလန်နိုင်ငံ တော်ဝင်မင်းသား ဝီလျံရဲ့ ဇနီးဖြစ်သူ Kate Middleton ဟာ ယခုအချိန်မှာ တော်ဝင်မိသားစုရဲ့ တာဝန်တွေကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူမဟာ ရေခဲပြင်ဟော်ကီနဲ့ တင်းနစ်အားကစားတွေမှာ ထူးချွန်သူဖြစ်ပါတယ်။ သူမဟာ ၂၀၀၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ အမျိုးသမီးကိုယ်စားပြုအနေနဲ့ လေ့ကျင့်ရေးတွေ လုပ်ခဲ့ပေမယ့် သူမရဲ့ လေ့ကျင့်ရေးကို ဘုရင်မကြီးရဲ့ အမိန့်နဲ့ ရပ်တန့်ခဲ့ရပါတယ်။

(၃) Justin Timberlake

နာမည်ကျော် Pop အဆိုတော်၊ မင်းသား Justin Timberlake ဟာ ဂေါက်ရိုက်ရာမှာ ကျွမ်းကျင်သူပါ။ သူ့ရဲ့ ဂေါက်ရိုက်သမားဘဝကို အသက် ၁၂ က စတင်ခဲ့ပါတယ်။ သူဟာ ဂေါက်ရိုက်နေရရင် လောကကြီးကိုတောင် မေ့ထားနိုင်တယ်လို့ မီဒီယာ တခုကို ပြောဆိုခဲ့ဖူးပါတယ်။

(၄) Channing Tatum

မင်းသား Channing Tatum ကတော့ Glenville State College ကို ဘောလုံးစကော်လားရှစ် နဲ့ တက်ရောက်ခဲ့တာဖြစ်ပေမယ့် ကျောင်းက ထွက်လာခဲ့ပါတယ်။ သူက အားကစားမီဒီယာ တခုဖြစ်တဲ့ ESPN ကို “ကျနော် ဘာလုံးကန်ရတာ ပင်ပန်းတယ်။ တခြားဘာသာရပ်တွေကိုလည်း ကျတော် စိတ်ဝင်စားသေးတယ်ဗျာ။ ပြီးတော့ အိမ်ကိုလည်း လွမ်းလို့ ကျောင်းထွက်ခဲ့တာပါ”လို့ ဖြေကြားဖူးပါတယ်။

(၅) Elsa Hosk

Victoria’s Secret ရဲ့ မော်ဒယ်တဦး ဖြစ်တဲ့ Elsa Hosk ဟာ ဆွီဒင်နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ် အမျိုးသမီး ဘတ်စကတ်ဘောအသင်းမှာ ဆော့ခဲ့ဖူးပါတယ်။ သူမဟာ မော်ဒယ်လောကမှ ၂ နှစ် အနားယူခဲ့ပြီး ဒီလို အနားယူတာဟာ သူမရဲ့ အသင်းဟောင်းနဲ့ ပြန်လည်လေ့ကျင့်ရေးတွေ ဆင်းပြီး ကစားဖို့လို့ သိရပါတယ်။ သူမရဲ့ ပြောကြားချက်အရ ဆွီဒင်နိုင်ငံမှာ ဘတ်စကတ်ဘော အားကစားဟာ အရမ်းလူကြိုက်များခြင်း မရှိပေမယ့် သူမကတော့ ဆက်ပြီး ဆော့နေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref ; bestonline.com

The post တချိန်က အားကစားသမားတွေ ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာကျော် Celebrity များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 511

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...