Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

အင်ဒိုနီးရှားသမ္မတရဲ့ ဆိုင်ကယ်စတန့်ပြကွက် လူမှုကွန်ရက်မှာ လူပြောများနေ

$
0
0

အင်ဒိုနီးရှား သမ္မတဖြစ်တဲ့ Joko Widodo ဟာ ၁၈ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲရဲ့ ဖွင့်ပွဲမှာ ဆိုင်ကယ်စီးပြီး စတန့်ပြခဲ့တာကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ လူပြောများနေခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ် သမ္မတဟာ ဆိုင်ကယ်မောင်းပြီး ဖွင့်ပွဲလုပ်မယ့် အားကစားရုံထဲ ဝင်လာခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့၊ တနင်္ဂနွေနေ့က သမ္မတ Joko Widodo ဟာ ဖွင့်ပွဲကို လာတဲ့လမ်းမှာ သူလိုက်ပါစီးနင်းနေကျ ကားပေါ်က ဆင်းပြီး ယာဉ်တန်းထဲမှာ ပါတဲ့ ယာဉ်ထိန်းရဲရဲ့ ဆိုင်ကယ်ကို ယူပြီး စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို အဲဒီဖွင့်ပွဲမှာ ရှိတဲ့ ရိုက်ကူးရေးအဖွဲ့ ကင်မရာတွေက ရိုက်ကူးမှတ်တမ်း တင်ထားပြီး ဒီဗီဒီယိုကို Youtube မှာ ကြည့်ရှုသူ ၈၀၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဒီဗီဒီယို ထွက်ရှိပြီးတဲ့ နောက်မှာ Twitter အသုံးပြုသူ သန်း ၂၆၀ ကျော်ကြားမှာ ခေတ်စားခဲ့ပါတယ်။

Twitter အသုံးပြုသူတွေကတော့ သမ္မတရဲ့စတန့်ပြကွက်ဟာ “Mission Impossible” ထဲက Tom Curise လို မိုက်ကြောင်း၊ သူတို့ရဲ့အင်ဒိုနီးရှား သမ္မတဟာ “အထာကျဆုံး သမ္မတဖြစ်ကြောင်း” စတဲ့ စာတွေ ရေးတင်ခဲ့ပါတယ်။

တချို့ကတော့ ဒီပြကွက်ဟာ အိုလံပစ်တုန်းက အဲလီစဘတ်ဘုရင်မကြီးနဲ့ ဂျိမ်းစ်ဘွန်း မင်းသားတို့ လုပ်ခဲ့တဲ့ စတန့်ပြကွက်ကို အတုယူရိုက်ကူးထားတာဖြစ်ကြောင်းပြောဆိုခဲ့ပြီး အချို့ကတော့ ဒီဗီဒီယိုဟာ တမင်ရိုက်ကူးထားတာကြောင့် ဆိုင်ကယ်ဦးထုတ် ဆောင်းထားသူဟာ သမ္မတ မဟုတ်ဘဲ စတန့်သမားတဦးသာ ဖြစ်နိုင်ကြောင်း စသည်ဖြင့် ရေးသားထားကြပါတယ်။

တချို့ကလည်း အကယ်၍ ဒီစတန့်ကို သမ္မတကိုယ်တိုင်လုပ်ခဲ့တာ ဆိုရင် မတော်တဆ တခုခုဖြစ်ခဲ့ပါက နိုင်ငံအတွက် ဆုံးရှုံးမှုတွေဖြစ်နိုင်ကြောင်း ရေးသားခဲ့ပါတယ်။

အနုပညာရှင်တဦးဖြစ်တဲ့ Ratna Sarampeat ကတော့ ဒီလို ဗီဒီယိုပြုလုပ်ခြင်းဟာ အပေါစားဆန်ကြောင်း မကြာသေးခင်က Lambok ကမ်းခြေမှာဖြစ်ခဲ့တဲ့ ငလျင်လှုပ်မှုမှာ ထိခိုက်ခဲ့တဲ့ ကလေးတွေ ဆင်းရဲသားတွေအတွက် မလုပ်ပဲ ဒီလို ဗီဒီယိုတွေလုပ်တာဟာ နိုင်ငံရဲ့ဝင်ငွေကို ဖြုန်းတီးတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာရှ အားကစားပြိုင်ပွဲကို ၁၉၆၂ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံအတွင်း ငွေကြေးအခက်အခဲနဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Bangkok Post တွင်ရေးသားထားသော Indonesia president a social media hit after motorbike stunt သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

Ref; bangkokpost.com

The post အင်ဒိုနီးရှားသမ္မတရဲ့ ဆိုင်ကယ်စတန့်ပြကွက် လူမှုကွန်ရက်မှာ လူပြောများနေ appeared first on ဧရာဝတီ.


ကမ္ဘာတဝှမ်းက ရုပ်ရည်အချောမောဆုံး ဘောလုံးသမား ၇ ယောက်

$
0
0

ပရိသတ်အားအပေးဆုံးနဲ့ အအောင်မြင်ဆုံး အားကစားတွေထဲမှာ ဘောလုံးအားကစားဟာ ထိပ်ဆုံးက နေရပ်တည်နေတာဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှာ ဘောလုံးကစားသမားပေါင်း ၂၆၅ သန်း ကျော်ရှိပါတယ်။

အဲဒီထဲကမှ နာမည်ကြီးကစားသမားတွေလည်း ဖြစ်သလို ရုပ်ရည် အချောမောဆုံးလည်း ဖြစ်တဲ့ ဘောလုံးသမားတွေကို ဗဟုသုတအနေနဲ့ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) Cristiano Ronaldo

 

 

“ဒိုလေး” လို့ ချစ်စနိုးခေါ်ကြတဲ့ ကိုယ်ပိုင်စတိုင်အပြည့်ရှိတဲ့ ဘောလုံးကစားသမား စီရော်နယ်ဒိုဟာ ဆိုရင်တော့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေဆဲ ကစားသမားတဦး ဖြစ်ပါတယ်။ ဖက်ရှင် အကျဆုံး ဘောလုံးသမားတွေ စာရင်းမှာလည်း ပါဝင်တဲ့ စီရော်နယ်ဒိုဟာဆိုရင် ကစားသမား လောကမှာ အောင်မြင်မှုများစွာကို သိမ်းပိုက်ထားနိုင်သူတဦး ဖြစ်ပါတယ်။

(၂) Lionel Messi

 

 

ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံရပြီး အာဂျင်တီးနား ကစားသမား တဦးဖြစ်တဲ့ Messi ဟာဆိုရင်လည်း ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ရုပ်ရည် အချောမောဆုံး ဘောလုံးသမားတွေစာရင်းမှာ နံပါတ် ၂ နေရာကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။

(၃) Riccardo Kaka

 

 

ဘရာဇီး ကစားသမားတဦးဖြစ်တဲ့ Riccardo Kaka ဆိုရင်တော့ ဘရာဇီးအသင်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့၊ ကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ ကစားသမားတဦးဖြစ်ပြီး ပျိုမေတွေကြားမှာ ရေပန်းစားသူတဦးလည်း ဖြစ်ပါတယ်။

(၄) David Villa

 

 

New York City ကလပ်ရဲ့ တိုက်စစ် ကစားသမားတဦးဖြစ်တဲ့ David Villa ဟာ ဆိုရင် အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် ဆွဲဆောင်မှု ရှိနေဆဲ ရုပ်ရည်ချောမောတဲ့ ကစားသမားတဦးပဲ ဖြစ်ပါတယ်။

(၅) Neymar

 

 

ဝင်ငွေအကောင်းဆုံး ဘောလုံးသမား စာရင်းဝင်တဦးဖြစ်တဲ့ Neymar ဟာ ဆိုရင် နာမည်ကြီး ထုတ်ကုန်တွေမှာပါ ကြော်ငြာ လက်ခံရိုက်ကူးနေတဲ့ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။

(၆) Mario Gotze

 

 

ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတွေမှာ ကျင်လည် ကစားခဲ့ဖူးတဲ့ Mario Gotze ဟာ ဆိုရင်တော့ ချစ်စရာကောင်းတဲ့ အပြုံး၊ မျက်လုံးတောက်တောက်တွေနဲ့ ပျိုမေတွေကို ဖမ်းစားနိုင်တဲ့ ရုပ်ရည် ချောမောသူတဦး ဖြစ်ပါတယ်။

(၇) Gerard Pique

 

 

ဘာစီလိုနာနဲ့ စပိန်အသင်းတွေမှာ ကစားတဲ့ Gerard Pique ဟာ ဘောလုံးစကေးပိုင်းမှာလည်း ပြောစရာ မရှိသလို ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင့်လည်း လူသိများကျော်ကြားလှတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။

Ref : www.trendrr.net

The post ကမ္ဘာတဝှမ်းက ရုပ်ရည်အချောမောဆုံး ဘောလုံးသမား ၇ ယောက် appeared first on ဧရာဝတီ.

အမျိုးသမီး အားကစားလောကမှာ ဝင်ငွေအများဆုံး တင်းနစ်မယ် “Serena Williams”

$
0
0

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအများဆုံး အမျိုးသမီး အားကစားသမားစာရင်းမှာ ထိပ်ဆုံးက နေရာယူသွားသူကတော့ ပထမဆုံးရင်သွေးလေးမွေးဖွားပြီး အားကစားလောကထဲ ပြန်လည် ဝင်ရောက်လာတဲ့ တင်းနစ်မယ် ဆရီနာဝီလျံ (Serena Williams) ပါ။ တင်းနစ်ကစားမယ် “ဆရီနာဝီလျံ” လို့ ဆိုလိုက်ရင် တင်းနစ်ကွင်းထဲမှာရော ပြင်ပမှာပါ ဖက်ရှင်စတိုင်အမျိုးမျိုးကြောင့် လူသိများပါတယ်။

သူမဟာ ယခုနှစ်အတွင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂၀၀၀ လောက်ပဲ ရှိခဲ့တာတောင် Forbes မဂ္ဂဇင်းရဲ့စာရင်းမှာ ထိပ်ဆုံးက ရပ်တည်သွားခဲ့ပါတယ်။ မနှစ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစလို့ သူမရဲ့ ပထမဆုံး ကိုယ်ဝန်ကြောင့် ပြိုင်ပွဲတွေကနေ ၁၄ လကြာ အနားယူထားခဲ့ပေမယ့် အထင်ကရ ပြိုင်ပွဲကြီး ၂၃ ပွဲကို ဗိုလ်စွဲထားနိုင်ခဲ့တဲ့ စံချိန်ကနေ ရရှိခဲ့တဲ့ဝင်ငွေ ၁၈ သန်းကျော်ကြောင့် အခုလို ထိပ်ဆုံးက ၃ နှစ် ဆက်တိုက် ရပ်တည်နေနိုင်တာပါ။

အမျိုးသား အားကစားသမား ၁၆ ယောက်ပဲ ပြင်ပ စပွန်ဆာကြေးတွေကြောင့် ဆရီနာ့ထက် ဝင်ငွေ ပိုများနေတာကို ကြည့်ရင် သူမဟာ တခြားအမျိုးသမီး အားကစားသမားတွေထက် ၂ ဆလောက် ဝင်ငွေရနေတာကို ဖော်ပြနေပါတယ်။ ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားတွေရဲ့ ၂၀၁၇ ဇွန်လကနေ ၂၀၁၈ ဇွန်လထိ တနှစ်တာ ဝင်ငွေ စုစုပေါင်းဟာ ဒေါ်လာ ၁၀၅ သန်းလောက်ပဲရှိတာမို့ လွန်ခဲ့တဲ့နှ စ်ကထက် ၄ ရာခိုင်နှုန်း၊ လွန်ခဲ့တဲ့ ၅ နှစ် ထက် ၂၈ ရာခိုင်နှုန်း အနုတ်လက္ခဏာ ပြနေပါတယ်။

Forbes က ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေအများဆုံးအားကစားသမား အယောက် ၁၀၀ စာရင်းမှာတော့ ပထမဆုံးရင်သွေးလေးကြောင့် ခဏအနားယူထားတဲ့ ဆရီနာ မပါဝင်ခဲ့ပါဘူး။

 

 

ယခုနှစ်အတွင်း အမျိုးသမီး အားကစားသမားတွေရဲ့ ဝင်ငွေနှုန်းထားကျသွားရတဲ့ အကြောင်းရင်းတွေက တင်းနစ်လောကရဲ့ နာမည်ကျော်တွေဖြစ်တဲ့ လီနာ (Li Na) နဲ့ အန်နာ အိုင်ဗန်နိုဗစ် (Ana Ivanovic) တို့ အနားယူသွားခဲ့တာရယ်၊ ယခုနှစ်အတွက် အဆင့် ၉ မှာပဲရှိနေတဲ့ ပြိုင်ကားမောင်းသူ ဒါနီကာပတ်ထရစ် (Danica Patrick) တို့ ၃ ဦးကြောင့်လို့ ဆိုပါတယ်။

 

 

ကွင်းပြင်ပ ဝင်ငွေများတဲ့ တင်းနစ်မယ် မာရီယာ ရှရှာဗိုပါ (Maria Sharapova) ရဲ့ ၁၆ လကြာ ကစားခွင့် ပိတ်ခံထားရတာကြောင့် သူမ ရဲ့ဝင်ငွေ ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်မှုတွေကလည်း ဒီနှစ် ဝင်ငွေစာရင်းကို အနုတ် လက္ခဏာပြနေတာလို့ သုံးသပ်ကြပါတယ်။

 

 

 

ဝင်ငွေအများဆုံး ဆရီနာဝီလျံ ပြီးရင် နောက်ထပ် တင်းနစ်မယ်တယောက်ဖြစ်တဲ့ သြစတြေးလျ အိုးပင်းချန်ပီယံ ကာရိုလိုင်း ဝေါနီရာစကီ (Caroline Wozniacki) က ဝင်ငွေ ၁၃ သန်းနဲ့ ဒုတိယ နေရာ၊ အမေရိကန်အိုးပင်း ချန်ပီယံ ဆလိုးအန်း စတီဗန် (Sloane Stephens) က ၈ ဒဿမ ၇ ၇ သန်းနဲ့ တတိယနေမှာ အသီးသီး ရပ်တည်နေပါ တယ်။

 

 

ဝင်ငွေအများဆုံး အမျိုးသမီးအားကစားမယ် ၁၀ ဦးစာရင်းမှာ တင်းနစ်ကစားသမား ၈ ဦးထိ ပါဝင် နေပြီး အခြား အားကစားတွေထဲက အိန္ဒိယနိုင်ငံသူ ကြက်တောင်ကစားသူ ပီဗီ ဆင်းဒူး (P.V Sindhu) နဲ့ ပြိုင်ကားမောင်းသူ ပတ်ထရစ်တို့ပဲ ရှိပါတယ်။

Ref: CNN

The post အမျိုးသမီး အားကစားလောကမှာ ဝင်ငွေအများဆုံး တင်းနစ်မယ် “Serena Williams” appeared first on ဧရာဝတီ.

အောင်လအန်ဆန်း ဒုတိယမြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲထိုးသတ်မည်

$
0
0

ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းအနေဖြင့် ဒုတိယမြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲကို လာမည့်အောက်တိုဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

“ONE; PURSUIT OF GREATNESS” အမည်ရှိ ပြိုင်ပွဲကို ဝမ်းချန်ပီယံရှစ်အဖွဲ့မှ လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပရန်စီစဉ်ထားပြီး အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားတို့၏ တခဲနက်အားပေးမှုရရှိထားသည့် ချန်ပီယံ အောင်လအန်ဆန်းနှင့် စိန်ခေါ်သူတို့ ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်အတွက် အောင်လအန်ဆန်းက လက်ခံကာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပြီး အောင်လ၏ ချန်ပီယံခါးပတ်ကို စိန်ခေါ်သူ၏အမည်အား ဝမ်းချန်ပီယံရှစ်အဖွဲ့က ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။ ထို့ပြင် ချန်ပီယံ အောင်လအနေဖြင့် ၎င်းပိုင်ဆိုင်ထားသည့် ခါးပတ်နှစ်ခုအနက် မည့်သည့်ချန်ပီယံခါးပတ်ကို ကာကွယ် ရမည့် ဆိုသည့်အချက်ကိုလည်း ဝမ်းချန်ပီယံရှစ်အဖွဲ့က ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်း က “ကျနော့်ရဲ့နောက်တစ်ပွဲအတွက် လက်မှတ်ထိုးခဲ့ပါပြီ။ ကျနော့်မှာရှိတဲ့ ချန်ပီယံ ခါးပတ်ထဲက တစ်ခုက အောက်တိုဘာလမှာ ပြိုင်ပွဲဆီကို ရောက်လာတော့မှာပါ။ ဒီချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ အသင့်ရှိနေသလို အကောင်းဆုံး တင်ဆက်ဖို့အတွက်လည်း အစွမ်းရှိသမျှ ပြင်ဆင်ထားပါတယ်”ဟု လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့် ပြောဆိုခဲ့သည်။

MMA ချန်ပီယံခါးပတ်နှစ်ခု ချန်ပီယံအောင်လအန်ဆန်းမှာ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် စိန်ခေါ်သူ ဂျပန်နိုင်ငံ၏ နံပါတ်တစ် မစ်ဒယ်ဝိတ်မိုက်တာ ဟာဆီဂါဝါကို အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ပြီး ၅ ချီမြောက်တွင် အလဲထိုးဖြင့် ထိုးသတ်အနိုင်ယူကာ ၎င်း၏ MMA မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

ရန်ကုန်မြို့တွင် လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည့် “ONE; PURSUIT OF GREATNESS” ပြိုင်ပွဲမှာ အောင်လအန်ဆန်း အတွက် ၄ လအတွင်း ဒုတိယမြောက် ထိုးသတ်မည့် ချန်ပီယံခါးပတ် ကာကွယ်သည့်ပွဲစဉ်ဖြစ်ပြီး ၎င်း၏ MMA ကစားသမားဘ၀ သက်တမ်းတလျှောက် ၃၄ ပွဲမြောက် ထိုးသတ်သည့်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

အောင်လအန်ဆန်းမှာ ၂၀၀၅ ခုနှစ်က စတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀ သက်တမ်း တလျှေက် ၃၃ ပွဲထိုး၊ ၂၃ ပွဲနိုင်၊ ၁၀ ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာပြည်ကိုယ်စားပြု ပထမဆုံးသော မစ်ဒယ် ဝိတ်ချန်ပီယံဖြစ်လာခဲ့သည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ၎င်းထိုးသတ်နေသည့် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ်ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးထားခဲ့သူ ဖြစ်သည်

အောင်လအန်ဆန်းမှာ ၎င်း၏မွေးရပ်မြေဖြစ်သည့်မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်မှစတင်၍ ထိုးသတ်မှုများပြုလုပ်ခဲ့ရာ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပွဲစဉ် ၆ ပွဲ ထိုးသတ်ခဲ့ပြီး ၆ ပွဲစလုံး အနိုင်ရရှိကာ မြန်မာ့မြေပေါ်တွင် ရာနှုန်းပြည့် အနိုင်ရရှိထားသည့်စံချိန် ရေးထိုးထားသူ ဖြစ်သည်။

The post အောင်လအန်ဆန်း ဒုတိယမြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲထိုးသတ်မည် appeared first on ဧရာဝတီ.

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအဖွဲ့ ကြေးတံဆိပ် ၂ ခုသာ ရရှိ

$
0
0

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အားကစားသမား ၁၃၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့မှာ ပြိုင်ပွဲများ ပြီးဆုံးချိန်တွင် ကြေးတံဆိပ် ၂ ခုသာ ရရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ပလန်ဘန်းမြို့တို့တွင် သြဂုတ်လ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၈ မျိုး၌ မြန်မာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်နှင့် ဝူရှူးပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကိုက ကြေးတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာအားကစား အဖွဲ့မှာ ကြေးတံဆိပ် ၂ ခုသာရသည့်အတွက် ဆုတံဆိပ်ရသည့်နိုင်ငံများအလိုက် အဆင့်ရပ်တည်မှု တွင် နိုင်ငံပေါင်း ၃၇ နိုင်ငံရှိသည့်အနက် အဆင့် ၃၅ ရရှိခဲ့သည်။ မြန်မာအသင်းအထက် အဆင့် ၃၄ တွင် ပါကစ္စတန်နိုင်ငံ ရှိနေပြီး မြန်မာနှင့် အာဖဂန်နစ္စတန်မှာ အဆင့် ၃၅ တွင် ပူးတွဲရပ်တည်နေခြင်း ဖြစ်သည်။ မြန်မာအသင်း အောက်တွင် ဆီးရီးယားနိုင်ငံက အဆင့် ၃၆ ဖြင့် တန်းစီဇယားအောက်ဆုံးတွင် ရှိနေသည်။

ထို့ပြင် အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယားနှင့် လာအိုအသင်းများအားလုံးမှာ မြန်မာအသင်းအထက်တွင် ရပ်တည်နေပြီး ယင်းအခြေအနေမှာ ၁၉၉၄ ခုနှစ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနောက်ပိုင်း အဆိုးဝါးဆုံး အခြေအနေအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အနီးစပ်ဆုံးဖြစ်သည့် ၂၀၁၀ ခုနှစ်က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင်ကျင်းပသည့် ၁၆ ကြိမ်မြောက်နှင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ၂၀၁၄ ခုနှစ်က ကျင်းပသည့် ၁၇ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ တို့တွင် ရွှေ၊ ငွေနှင့် ကြေးတံဆိပ်များ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအဖွဲ့မှာ ၂၀၁၈ အင်ဒိုနီးရှား အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု သာ ရရှိခဲ့သည်အထိ အောင်မြင်မှုရလာဒ်များ ကျဆင်းခဲ့သည်။

“ဒီရလာဒ်ဟာ အင်မတန်ရှက်စရာကောင်းတယ်။ ဆုတံဆိပ်ဇယားမှာကြည့်လိုက်ရင် မြန်မာအထက်မှာ အာဖဂန်နစ္စတန်၊ မြန်မာအောက်မှာ ဆီးရီးယားပဲ ရှိတော့တယ်။ အဲတော့ အားကစားကဏ္ဍမှာ တာဝန်ရှိသူတဲ့သူတွေ ရှက်ရကောင်းမှန်းသိရဲ့လားလို့ မေးချင်တယ်။ အားကစားဆိုတာ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာပဲ။ လက်ရှိ တိုင်းပြည်က စီးပွားရေးမကောင်း၊ အဘက်ဘက်က ယိုယွင်းနေတဲ့အချိန်မှာ အားကစားကဏ္ဍအပေါ်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဂရုတစိုက် မရှိလို့ အခုလို ရှက်စရာကောင်းတဲ့အခြေအနေတွေ ဖြစ်လာတယ် ထင်တယ်”ဟု အားကစားကလောင်ရှင် ချစ်ဝင်းမောင်က ဝေဖန်ပြောဆိုသည်။

မြန်မာနိုင်ငံ၏အားကစားကဏ္ဍအသီးသီး တိုးတက်မြင့်မားရေးနှင့် ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ရေးအတွက် မြန်မာနိုင်ငံအိုလံပစ်ကောင်စီက တာဝန်ယူ ဆောင်ရွက်နေပြီး ယင်းကောင်စီဥက္ကဋ္ဌအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက တာဝန်ယူ ဆောင်ရွက် နေသည်။

The post အာရှအားကစားပြိုင်ပွဲတွင် မြန်မာအဖွဲ့ ကြေးတံဆိပ် ၂ ခုသာ ရရှိ appeared first on ဧရာဝတီ.

အသတ်အဖြတ် ဂိမ်းတွေကြောင့် Esports ကို အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းတော့မည် မဟုတ်

$
0
0

ဂိမ်းကစားသူတွေ မျှော်လင့်ထားသလို အိုလံပစ်ပြိုင်ပွဲမှာ Esports ကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

အိုလံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ Thomas Bach က “အသတ်အဖြတ် ဂိမ်းတွေဟာ အကြမ်းဖက်မှုနဲ့ လူမျိုးရေးခွဲခြားမှုကို အားပေးတာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ လက်ခံထည့်သွင်းဖို့ မဖြစ်နိုင်ဘူး” လို့ ပြောကြားလိုက်ပါတယ်။

“အကြမ်းဖက်မှုနဲ့ လူမျိုးရေးခွဲခြားမှုကို အားပေးတဲ့ ဂိမ်းတခုကို အိုလံပစ်အစီအစဉ်ထဲ ထည့်လို့ မဖြစ်ပါဘူး။ ဒီလို ‘အသတ်အဖြတ်ဂိမ်းတွေ’ ဟာ ကျနော်တို့ အမြင်မှာတော့ အိုလံပစ် စံချိန်စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတကြောင့် လက်ခံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ Bach က Asian Games ပြိုင်ပွဲကို တက်ရောက်ခဲ့စဉ်က ပြောကြားသွားခဲ့ပါတယ်။

မကြာမီက ဂျာကာတာမှာ ကျင်းပပြီးစီးခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ esports ကို ထည့်သွင်း ကျင်းပခဲ့ပေမယ့် ‘သရုပ်ပြပွဲ’ အနေနဲ့သာ ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး၊ ဒီပွဲက ရတဲ့ ဆုတံဆိပ်တွေကို ပြိုင်ပွဲရဲ့ ဆုတံဆိပ်အရေအတွက်ထဲမှာ ထည့်မရေခဲ့ပါဘူး။

IOC ဟာ တကမ္ဘာလုံးမှာ ပရိတ်သတ် သန်းပေါင်း ၃၂၀ ခန့်အထိရှိလာပြီဖြစ်တဲ့ esports ကို အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းဖို့ ဂျူလိုင်လတုန်းက ဆွေးနွေးမှုတခု ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဓားသိုင်းပြိုင်ပွဲမှာ အိုလံပစ်ရွှေတံဆိပ်တခု ရရှိခဲ့ဖူးတဲ့ Mr Bach ကတော့ esports ဟာ အိုလံပစ်မှာ ပါချင်ရင် အကြမ်းဖက်မှု ဒီထက်ပိုနည်းမှ ရမယ်လို့ ပြောကြားခဲ့ပါတယ်။

“တိုက်ခိုက်ရေး ပြိုင်ပွဲတိုင်းဟာ လူအချင်းချင်း တကယ်တိုက်ကြခိုက်ကြရာကနေ အရင်းပြု ဖြစ်ပေါ်လာတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် အားကစားဆိုတာကြတော့ ဒါကို အဆင့်အတန်းရှိရှိ သရုပ်ဖော်ပြတာပါ။ သတ်ရဖြတ်ရမယ့်ဂိမ်းတွေကတော့ ကျနော်တို့ အိုလံပစ်စံနှုန်းတွေနဲ့ ဘယ်လိုမှ ကိုက်ညီမှာမဟုတ်ပါဘူး” လို့ Bach က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ရှော့ပင်း စင်တာတခုမှာ ပြုလုပ်ခဲ့တဲ့ ဗီဒီယိုဂိမ်းပြိုင်ပွဲတခုမှာ ပြိုင်ဘက်ကစားသမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူ ၂ယောက် သေဆုံးပြီး၊ လူ ၁၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

Ref: Independent, BBC

The post အသတ်အဖြတ် ဂိမ်းတွေကြောင့် Esports ကို အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းတော့မည် မဟုတ် appeared first on ဧရာဝတီ.

ရုပ်ရည်ချောမောပြီး အားကစားဘက်မှာပါထူးချွန်တဲ့ တရုတ်အားကစားမယ် ၇ ယောက်

$
0
0

အားကစားလုပ်တဲ့ အမျိုးသမီးတိုင်းက ကြွက်သားအကြီးကြီးတွေနဲ့ ယောကျာ်းလျာလိုပုံမျိုး မဟုတ်ကြပါဘူး။ အခုပြောပြ ပေးမယ့် အမျိုးသမီးတွေက ရုပ်ရည်လည်းချောမောသလို အားကစားလည်းထူးချွန်ကြပါတယ်။

သူတို့ကတော့ ၂၀၁၆ ခုနှစ် Rio အိုလံပစ်ပြိုင်ပွဲမှာလာပြိုင်တဲ့ အားကစားမယ် တရုတ်မလေးတွေပါ။ နိုင်ငံအတွက် ဆုယူပေးသွားသလို သူတို့ရဲ့ အလှကိုလည်း မြင်သူတိုင်းက သဘောကျရပါတယ်။ သူတို့ကို လိုက်ကြည့်ရင်းနဲ့ စာဖတ်သူ ကိုယ်တိုင်အားကစားလုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာနိုင်ပါတယ်။

(၁) Liu Xiang

 

 

၁၉၉၆ ခုနှစ်ဖွားဖြစ်ပြီး ရေကူးချန်ပီယံတယောက်လည်းဖြစ်ပါတယ်။ ဆုတွေလည်း ပိုင်ဆိုင်ထားသလို သူ့ weibo အကောင့်မှာလည်း The first beauty of swimming ဆိုတဲ့ နာမည်ပြောင်ကို ပရိသတ်တွေက ပေးထားကြပါတယ်။

(၂) Zhao Lina

 

 

Zhao Lina ကတော့ တရုတ်နိုင်ငံအမျိုးသမီးဘောလုံးအသင်းက လက်ရွေးစင်ဘောလုံးဂိုးဖမ်းသမားပါ။ မဂ္ဂဇင်းအချို့ မှာမော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးထားပြီး ရှည်လျားတဲ့အရပ်ကြောင့် မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခြင်းခံရသူပါ။ သူမကတော့ လက်ရှိမှာ ဘောလုံးဂိုးဖမ်းသမားအဖြစ်သာ ရပ်တည်နေပါတယ်။

(၃) Hui Ruoqi

 

 

တရုတ်အမျိုးသမီးလက်ရွေးစင် ဘောလီဘောအဖွဲ့က ကစားသမားတယောက်ပါ။ သူမရဲ့လှပတဲ့ရုပ်ရည်ကြောင့် တရုတ်မှာတင်မက ဂျပန်မှာပါ နာမည်ကြီးပါတယ်။

(၄) He Wenna

 

 

Trampoline ကစားသမားတယောက်ဖြစ်ပြီး ရွှေတံဆိပ်နဲ့ ကြေးတံဆိပ်ကို ဘေဂျင်းနဲ့ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရယူထားသူပါ။ သူမရဲ့ အပြုံးကြောင့် ချစ်ခင်တဲ့ပရိသတ်ထောင်ပေါင်းများစွာ ပိုင်ဆိုင်ထားပါတယ်။

(၅) Wang Qiang

 

 

တင်းနစ်ကစားသမားတယောက်ဖြစ်တဲ့ သူမက ITF tour မှာ တယောက်တည်းကော၊ အဖွဲ့လိုက်မှာပါ ဆုတွေအများကြီး ရယူထားတဲ့ ကစားသမားတယောက်ပါ။

(၆) Shu Siyao

 

 

အခုဆိုရင် အသက်၂၅ နှစ်ရှိပြီဖြစ်တဲ့ Shu Siyao က ရုပ်ကလေးလှသလို ခန္ဓာကိုယ်ပျော့ပျောင်းလှသူလေးပါ။ သူမက ကိုယ်ကာယအလှလေ့ကျင့်တဲ့ အားကစားသမားဖြစ်တဲ့ gymnast တယောက်ပါ။

(၇) Hezi

 

 

တရုတ်မှာ နာမည်ကျော်ကြားတဲ့ရေငုပ်သမားတယောက်ဖြစ်တဲ့ သူမဟာ Rio Olympic ပြိုင်ပွဲမှာ ငွေတံဆိပ်ရယူထား ပါတယ်။ သူမလိုပဲ ရေငုပ်သမားတယောက်ဖြစ်တဲ့ သူနဲ့လက်ထပ်တော့မယ်လို့လည်း သတင်းတွေကြားနေပါတယ်။

ကဲ… သူတို့တွေကတော့ တရုတ်ကအားကစားမယ်လေးတွေပဲဖြစ်ပါတယ်။ ရုပ်လေးတွေချောသလို အားကစားအရာမှာလည်း ထူးချွန်ကြသူတွေဖြစ်ပါတယ်။

www.chinadaily.com.cn

The post ရုပ်ရည်ချောမောပြီး အားကစားဘက်မှာပါထူးချွန်တဲ့ တရုတ်အားကစားမယ် ၇ ယောက် appeared first on ဧရာဝတီ.

“ဘဝအာမခံချက် မရှိတဲ့ လက်ဝှေ့သမား ဘဝပါ”လို့ ပြောလာတဲ့ ထွန်းထွန်းမင်း

$
0
0

မြန်မာ့လက်ဝှေ့လောကမှာ နာမည်ကြီးလက်ဝှေ့သမားတယောက်ဖြစ်တဲ့ ထွန်းထွန်းမင်းက လက်ဝှေ့အားကစားအတွက် မြန်မာနိုင်ငံမှာ ထောက်ပံ့မှု အားနည်းပြီး ဘဝအာမခံချက် မရှိတဲ့အတွက် ကိုယ့်သမိုင်းကိုယ် ရေးကြရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လက်ဝှေ့ထိုးတာက ရတဲ့အချိန်မှာ စုဆောင်းထားဖို့ လိုတယ်။ တခြားအားကစားလို မဟုတ်ဘူး။ ကျနော်တို့ဆီမှာ ထောက်ပံ့မှု အားနည်းတယ်။ ကိုယ့်ဘဝကို ကိုယ်ဘာသာ ရပ်တည်ရတယ်။ ကန်းသွားရင်လည်း ကိုယ်ပဲခံရတာ။ ကိုယ့်ဘဝကို လက်ဝှေ့စထိုးကတည်းက ဆုံးဖြတ်ပြီးတော့ ကိုယ့်သမိုင်းကိုယ်ရေးခဲ့ရတာ။ ကစားရင်းနဲ့ ခြေထောက်တွေ ကျိုးတာတို့ မျက်စိကန်းတာတို့ဆိုရင် ကျနော်တို့ဘာသာ ခံရတာပေါ့။ ကျနော်တို့အတွက် ဘာမှအာမခံချက် မရှိဘူးပေါ့” လို့ ထွန်းထွန်းမင်းက ပြောပါတယ်။

တခြားနယ်ပယ်က အားကစားသမားများထက် ထောက်ပံ့မှု အားနည်းရုံသာမက လက်ဝှေ့သမားများကို လူအများက သိရှိမှုအားနည်းရတဲ့အချက်တွေကတော့ ကြော်ငြာ အားနည်းခြင်းနဲ့ မီဒီယာများမှ ဖော်ပြပေးမှုအားနည်းတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့နိုင်ငံမှာက စာနယ်ဇင်းရှင်းလင်းပွဲတွေဘာတွေက အရမ်းနည်းတယ်။ ပွဲတပွဲ လုပ်ရင် သူများနိုင်ငံတွေနဲ့ မတူဘူး။ လွှင့်တဲ့ ရုပ်သံလိုင်းတွေကလည်း နည်းတယ်။ တိုက်ရိုက်လွှင့်တဲ့ ရုပ်သံလိုင်းဆိုရင် လက်ချိုးရေလို့ရတယ်။ ပြီးကျတော့ ကြော်ငြာအားပေါ့။ ဘယ်နေ့ဘယ်ရက်မှာ ပွဲရှိတယ် ဆိုတာကို သိမ်ဖြူရုံလောက်မှာပဲ ပွဲစတေကာလေး ကပ်ထားတယ်” လို့ ထွန်းထွန်းမင်းက ပြောပါတယ်။

ထွန်းထွန်းမင်းကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ဒေ့ဗ်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်အတွင်း ဒူးဒဏ်ရာရရှိခဲ့တဲ့အတွက် ကာလရှည်အနားယူခဲ့ရပြီး မကြာခင် ၁၂ ပိုင်းမှာတော့ မကျေပွဲ ပြန်နွှဲဖို့ရှိတာကြောင့် လေ့ကျင့်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ကျနော် ၉ ၊ ၁၀ ၊ ၁၁ လပိုင်းတွေမှာပွဲနားထားတယ်။ ၁၂ ပိုင်းကျမှ ပြန်စပါမယ်။ အဲဒီပွဲ အတွက်လည်း အကောင်းဆုံးပြင်ဆင်နေပါတယ်။ ကျနော့်ကို အရင်နဲ့မတူအောင် ပရိသတ်တွေ မြင်ရမယ်။ ပထမတခါ ရှုံးနိမ့်ထားတဲ့အတွက် အရမ်းလည်း ကစားထားတယ်။ ပြီးတော့ ဒီပွဲကလည်း ၂ ယောက် မကျေပွဲဆိုတော့ အရမ်းလည်း ပွဲမြိုင်မယ်လို့ ယုံကြည်တယ်။ အရမ်းလည်း ကြိုးစားထားတယ်” လို့ ထွန်းထွန်းမင်းက ပြောပါတယ်။

အဆိုပါ ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်တို့ရဲ့ မကျေပွဲကိုတော့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ထွန်းထွန်းမင်းကတော့ ၈ နှစ်သားအရွယ်ကတည်းက လက်ဝှေ့ အားကစားကို စတင်ထိုးခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၀ ကျော်ထိုးသတ်ခဲ့ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ လက်ဝှေ့သမားများဖြစ်ကြတဲ့ စောငမန်း၊ တူးတူးနဲ့ ထွန်းထွန်းမင်းတို့ ဦးဆောင်ပြီး လက်ဝှေ့သမားများကို ကူညီရန်အတွက် သူတို့ရဲ့ ထိုးကြေးထဲမှ ၁၀ ရာခိုင်နှုန်းနဲ့ တခြား လက်ဝှေ့သမားများထံမှ ကူညီတာတွေကို စုပေါင်းကာ အဆင်မပြေတဲ့ လက်ဝှေ့ သမားများကို ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

The post “ဘဝအာမခံချက် မရှိတဲ့ လက်ဝှေ့သမား ဘဝပါ” လို့ ပြောလာတဲ့ ထွန်းထွန်းမင်း appeared first on ဧရာဝတီ.


“ကျနော်က လက်ဝှေ့ထိုးတော့ နှိမ်ကြတယ်”

$
0
0

လူငယ်မျိုးဆက်သစ် လက်ဝှေ့ချန်ပီယံ တဦးဖြစ်တဲ့ ရဲတံခွန်ဟာ မိဘအသိုင်းအဝိုင်းများက သဘော မတူတဲ့ကြားက ဝါသနာပါရာ လက်ဝှေ့အလုပ်ကို လုပ်ကိုင်လာခဲ့ပြီး အခုချိန်မှာတော့ နာမည်တခု ရရှိနေတဲ့ လက်ဝှေ့သမားတဦး ဖြစ်နေပါပြီ။

အသက် ၁၆နှစ်အရွယ်ကတည်း လက်ဝှေ့လောကထဲကို ရောက်ရှိလာခဲ့တဲ့ ရဲတံခွန်ကတော့ အခုချိန်မှာ ပွဲပေါင်း ၇၃ပွဲ ထိုးထားပြီး ကြားထဲမှာ ၄နှစ်ကျော်ခန့်အနားယူခဲ့ရပေမယ့် သူ့ရဲ့ ဇနီးဖြစ်သူရဲ့ အားပေးမှုနှင့် သူ့ကိုအစဉ်တစိုက်အားပေးခဲ့ကြတဲ့သူတွေကြောင့် ပြန်လည် ရုန်းထ လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ဝှေ့ချန်ပီယံ ရဲတံခွန်နဲ့ လက်ဝှေ့ဘဝဖြတ်သန်းမှု၊ ဝါသနာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က အခုလို တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာရှိတဲ့ လက်ဝှေ့သမားတွေက သိပ်ပြီးတော့ ပေါ်ပေါ်လွင်လွင်မရှိဘဲ တိမ်မြုပ်နေတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ ကိုရဲတံခွန်ရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ။ ။ လက်ဝှေ့သမားတွေက နာမည်ထွက်လာပြီဆိုရင်တောင် အရမ်းကြီး ဟော့ဟော့ရမ်းရမ်း မရှိကြဘူး။ ပုံမှန်အတိုင်းပဲ နေကြတာများတယ်။ ကိုယ့်ရဲ့ဂုဏ်လည်း မဖော်တတ်ကြဘူး။ အဲဒါကြောင့် လူသိနည်းကြတယ်။ လက်ဝှေ့ပရိသတ်တွေပဲ သိကြတယ်။ တချို့သူတွေဆို လက်ဝှေ့ကိုသိကြတာနည်းသွားရော။ လက်ဝှေ့သမားတွေထဲမှာတော့ ကိုယ့်ရဲ့ ဂုဏ် ကိုမြှင့်တင်တာတွေ ၊ Follower များတဲ့သူတွေ။ လက်ရှိပြည်တွင်းမှာလည်း အောင်မြင်တယ်။ ထွန်းထွန်းပေါက်ပေါက်လည်းရှိတယ်။ ဒါပေမယ့် လူမသိကြသေးတဲ့ လက်ဝှေ့သမားတွေ အရမ်းကိုများပါတယ်။

မေး။ ။ သူတို့တွေကိုကြည့်ပြီး ဘယ်လိုလုပ်ပေးရင် အဆင်ပြေမယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အရင်တုန်းက လက်ဝှေ့သမားကြီးတွေပေါ့။ သူတို့ဆိုရင် အရမ်းကောင်းခဲ့တယ်။ ကြယ်လိုမျိုး ထွန်းထွန်းပေါက်ပေါက်ရှိခဲ့တယ်။ အခုချိန်မှာကျတော့ သူတို့က အရမ်းဆင်းရဲကြတယ်။ ဘဝ အာမခံလည်း မရှိကြဘူး။ သူတို့တွေကို ကြည့်ပြီးတော့ သုံးသပ်နိုင်တာပါ။ အဲဒီလိုတွေမြင်ရတော့ စိတ်တော့မကောင်းဘူး။ ကျနော်လည်း တတ်နိုင်သလောက် ကူညီပေးဖြစ်တယ်။ ကွယ်ရာမှာရော ရှေ့မှာရော ကူညီပေးဖြစ်တယ်။ သူတို့ကို အတုယူပြီး ဒီနေရာရောက်လာတာဆိုတော့ သူတို့ကျေးဇူးလည်း မကင်းပါဘူး။

မေး။ ။ ကိုရဲတံခွန်အနေနဲ့ရော လက်ဝှေ့လောကထဲမှာ လေးစား အတုယူခဲ့ရတဲ့သူဆိုရင် ဘယ်သူဖြစ်မလဲ။

ဖြေ။ ။ အတုယူရတဲ့သူ ရှိပါတယ်။ ကိုဝင်းထွန်းပါ။ အစတုန်းကတော့ ကျနော်နဲ့ Class တခုတည်းပေါ့။ အရင်တုန်းကတော့ သူကိုပဲလေးစားတယ်။ အခုလည်းသူ့ကိုပဲ လေးစားတယ်။ သူက လက်ဝှေ့သမိုင်းတလျှောက်မှာ သူကမှော်ဆန်တယ်ပေါ့။ တိုက်ခိုက်ပုံတိုက်ခိုက်နည်းတွေက မှော်ဆန်တယ်။ ကြိုတွက်လို့မရဘူး။ မှော်ဆန်ဆန်လက်ဝှေ့သမားပေါ့။ အဲဒါကြောင့် သူ့ကို လေးစားပါတယ်။

မေး။ ။ ဒီလက်ဝှေ့လောကထဲကိုရော ဘယ်လိုမျိုးရောက်လာခဲ့တာလဲ။

ဖြေ။ ။ လက်ဝှေ့လောကထဲ ရောက်တာက ရန်ကုန်မှာပဲကြီးတာ။ မျိုးရိုးလည်း မရှိဘူး။ အိမ်ကလည်း သဘောမတူဘူး။ မိဘနဲ့ အတိုက်အခိုက် လုပ်ရတယ်။ အမေဆိုရင် အရမ်း စိတ်ဆင်းရဲခဲ့ရတာ။ အခုမှသာ မနိုင်တော့လို့ လွှတ်ထားလိုက်ရတာ။ အခုချိန်ထိလည်း လက်ဝှေ့ပွဲတွေ တပွဲမှ လိုက်မကြည့်ဖူးသေးဘူး။ အဖေကတော့ ယောင်္ကျားလေးဆိုတော့ သိပ်ပြီးတော့ မတားဆီးဘူး။ အမေကတော့ တားဆီးတယ်။ ပြီးတော့မျိုးရိုးထဲမှာလည်း ဆယ်တန်းအောင်ရင် DSA တက် စစ်ဗိုလ်လုပ်၊ ရှေ့နေလုပ်၊ အဲဒီလိုမျိုးတွေပဲရှိတာ။

မေး။ ။ အဲဒီလိုမျိုးကျတော့ မျိုးရိုးလည်းမရှိတဲ့အခါမှာ အခက်အခဲတွေအနေနဲ့ ဘယ်လိုမျိုး ကြုံတွေ့ခဲ့ရလဲ။

ဖြေ။ ။ အဲဒီလိုမျိုး မျိုးရိုးထဲမှာလည်း မရှိဘဲ ကျနော်က လက်ဝှေ့ထိုးတော့ နှိမ်ကြတယ်။ စကားတောင် မပြောချင်ကြဘူး။ လမ်းမှာတွေ့ရင် မျက်နှာလွှဲသွားတာတွေ ရှိတယ်။ အခုမှသာ လက်ခံနိုင်တဲ့ အခြေအနေရောက်သွားတာ။ အဲဒီလိုပေါ့။ အခက်အခဲတွေ အများကြီးပဲ။ အရင်က ပြောထားတဲ့သူတွေကို စိတ်ထဲမှာ မှတ်ထားပါတယ်။ အရင်ကကိုယ့်ကို နာကျင်အောင် လုပ်ထားတဲ့သူတွေ အကုန်လုံးကို စာအုပ်နဲ့ကို မှတ်ထားတယ်။ သေသေချာချာ ဦးနှောက်ထဲမှာ မှတ်ထားပြီး ကျက်ကို ကျက်ထားတယ်။ မမေ့အောင်လို့။

မေး။ ။ ကိုယ့်ရဲ့ မွေးချင်းထဲမှာကျရော ကိုရဲတံခွန်လို လက်ဝှေ့ဝါသနာ ပါတာမျိုး ရှိလား။

ဖြေ။ ။ ညီလေးတယောက် ရှိတယ်။ ကျနော်လက်ဝှေ့ မသင်ပေးဘူး။ ဒီလက်ဝှေ့က ကျနော် တယောက်တည်းနဲ့ပဲ ပြီးဆုံးချင်တယ်။ ကျနော့်မျိုးရိုး လက်ဝှေ့သမား မဖြစ်စေချင်ဘူး။ ကိုယ့်အသွေးအသား ကိုယ့်လိုမျိုး မနာကျင်စေချင်ဘူး။ အဓိကက အဲဒါကြောင့်ပါ။ ကျနော်တို့မှာ ညီအကို ၂ယောက်တည်းရှိတာ။ သူကအရမ်းသင်ချင်တာ။ ကျနော်က မသင်ပေးဘူး။ အစ်ကိုဖြစ်တဲ့သူက လက်ဝှေ့ထိုးတယ်။ ပိုက်ဆံတွေရနေတယ်ဆိုတော့ သူကလည်း လုပ်ချင်တယ်။ ကျနော်ကလုပ်ခွင့်မပေးဘူး။ သူ့ဘာသာသီးသန့်လိုင်းတလိုင်း သွားပလေ့စေ။ လက်ဝှေ့လောကထဲကို ဘယ်လိုမှအ ကူးမခံဘူး။

မေး။ ။ အခုလိုရင် အောင်မြင်မှုတခုလည်း ရသွားပြီဆိုတော့ အရင်က သဘောမတူခဲ့တာတွေ ၊ သဘောမကျခဲ့တာတွေရော ဘယ်လိုဖြစ်သွားပြီလဲ။

ဖြေ။ ။ အစကဆိုအမေက ပွဲတပွဲထိုးခါနီးဆိုငိုတယ်။ သူ့ကိုအရင်ချော့ရတာ။ နားလည်အောင် ပြောရတယ်။ အခုကျတော့ သူ့ဘာသာ ပြန်ဖြည်တယ်။ အခုဆိုရင် အပြင်တွေဘာတွေထွက်ရင် မျက်နှာပွင့်တော့ သူ့ဘာသာပြန်ဖြေတယ်။ ကိုယ့်သားလုပ်နေတာကို သဘောကျလာတယ်။ ကျနော်က ငယ်ငယ်တည်း ကိုယ်စလိုက်တဲ့ အလုပ်တခုကို အဆုံးသတ်ချင်တယ်။ ဆုံးသွားရင် ပြီးသွားပြီ။

ကိုယ်စလိုက်တဲ့အလုပ်တခုကို အဆုံးမသတ်နိုင်ဘူးဆိုရင် ဘယ်တော့မှ စမလုပ်ဘူး။ အခုဆိုရင်လည်း ကျနော်လက်ဝှေ့လောကမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဒူး မတော်တဆ ဖြစ်တယ်။ ခွဲစိတ်ခဲ့ရတယ်။ ဒဏ်ရာတွေအများကြီးရခဲ့တယ်။ အဲဒါတွေကြောင့် နားခဲ့ရတာတွေ ရှိခဲ့တယ်။ အဲဒီလိုမျိုးဆို အရမ်းစိတ်ဓာတ်ကျတယ်။ နောက်ပိုင်းကျရင် ကိုယ့်ဘာသာ ပြန်ထရတာပဲ။ ရအောင် ရှေ့ကိုပြန်လျှောက်တယ်။

မေး။ ။ အိမ်ထောင်ဖက်ကရော ဘယ်လိုမျိုးအားပေးမှုရှိလဲ။

ဖြေ။ ။ ကျနော့်မှာ အိမ်ထောင်ရှိတယ်။ အိမ်ထောင်ဖက်က ကျနော်လက်ဝှေ့ထိုးတာကို အားပေးတယ်။ သူပြောတဲ့စကားတွေက ကျနော့်ကို အားဖြစ်စေတယ်။ ကျနော်အခုလို လဲကျသွားတယ်။ ပြန်ပြီးထနိုင်သွားတယ်ဆိုတာ သူ့ကြောင့်ပါပဲ။

မေး။ ။ လက်ရှိအချိန်ထိ ရဲတံခွန်ဆိုပြီး ဖြစ်လာအောင် အားပေးခဲ့တဲ့သူတွေကိုရော ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော့်ကို ဟိုးအရင်ကတည်းက အားပေးတဲ့သူတွေရှိပါတယ်။ ကျနော်လဲကျသွားတိုင်း အားပေးတဲ့သူတွေရှိတယ်။ ထလာတဲ့အချိန်မှာလည်း အားပေးတဲ့သူတွေရှိတယ်။ အဲဒီလိုမျိုးသူတွေ တိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ။

The post “ကျနော်က လက်ဝှေ့ထိုးတော့ နှိမ်ကြတယ်” appeared first on ဧရာဝတီ.

ထိုင်းဖိုက်တာကို အနိုင်ယူပြီး မြန်မာ့ဂုဏ်ဆောင်မည်ဟု အန်တိုရီယာ ကြုံးဝါး

$
0
0

ပြိုင်ဘက် ထိုင်းအမျိုးသမီးကို အနိုင်ယူကာ မြန်မာပရိသတ်များအတွက် ဂုဏ်ယူနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၆ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ – MMA တွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးဖိုက်တာ အန်တိုနီယာက ပြောသည်။

ONE: Kingdom of Heroes အမည်ဖြင့် ပြုလုပ်မည့် ယင်းပြိုင်ပွဲနှင့် ပတ်သက်၍ ဘန်ကောက်မြို့တွင် အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ပရိသတ်နှင့် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်းပြိုင်ဘက် Rika Ishige နှင့် ထိုးသတ်မည့် ပွဲသည် အန်တိုနီယာအတွက် ပြည်ပတွင် ပထမဦးဆုံး ထိုးသတ်မည့် MMA ပွဲလည်း ဖြစ်သည်။

အန်တိုနီယာ က “Rika က ကျမအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ ကျမ အဓိက Boxing ကစားသမားဖြစ်ပေမယ့် MMA မှာက အားကစားနည်းပေါင်းစုံ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ကျန်တဲ့အားကစားနည်းတွေကိုလည်း လေ့လာပြီး သင်ယူနေပါတယ်။ လူကိုယ်တိုင် လာရောက်ပြီး အားမပေးနိုင်ပေမယ့် အဝေးကနေအားပေးတဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူနိုင်မယ့်ရလဒ်မျိုးရအောင် ကြိုးစားပါမယ်လို့ မြန်မာပြည်က ပရိသတ်တွေကို ပြောချင်ပါတယ်။ ဒီပွဲက ကျမရဲ့ပထမဦးဆုံး ပြည်ပပွဲဖြစ်လို့ ကျမ ရှေ့ဆက်လျှောက်ရမယ့်ဘဝအတွက် သိပ်ကိုအရေးပါပါမယ်”ဟု ပြောသည်။

အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်း-ဂျပန်နွယ်ဖွား Rika Ishige

အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်း-ဂျပန်နွယ်ဖွား Rika သည် အာခီတိုနှင့် ကရာတေးအားကစားကို ကျွမ်းကျင်သူဖြစ်ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ၌ နိုင်ပွဲများရရှိကာ အတွေ့အကြုံကောင်းများ ရှိထားသူဖြစ်သည်။

Rika Ishige က “ကျမ ဒီပွဲကိုအနိုင်ရလိမ့်မယ်လို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားပါတယ်။ အန်တိုနီယာက တိုက်ခိုက်ပုံ သိပ်ကောင်းတဲ့သူပါ။ သူက သန်လည်းသန်မာပါတယ်။ ကျမတို့နှစ်ယောက်ရဲ့ပွဲက သိပ်ကို ကြည့်လို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ ကျမက သူ့ထက်အတွေ့ အကြုံရှိတဲ့သူဆိုတာ မှန်ပေမယ့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမားဘဝမှာ ကျမ ၅ ကြိမ်ပဲ ထိုးသတ်ဖူးပါသေးတယ်။ သူကလည်း အရင်က ပြိုင်ပွဲဝင်ဖူးတာတွေရှိတာကြောင့် ဒီပွဲက မျှတတဲ့ပွဲပါပဲ။ ကျမရဲ့ မွေးရပ်မြေမှာ တတိယအကြိမ်မြောက် ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်လို့ ကျမ သိပ်ကိုစိတ်လှုပ်ရှားနေမိပါတယ်”ဟု ပြောကြားသည်။

ဘန်ကောက်တွင် အောက်တိုဘာလ ၁ ရက်က ပြုလုပ်ခဲ့သည့် ပရိသတ်မိတ်ဆက်ပွဲ

National Boxing Champion နှစ်ထပ်ကွမ့်း ချန်ပီယံဖြစ်သည့် အန်တိုနီယာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြည်တွင်းတွင် ပြုလုပ်သည့် အက်တန်ဝိတ်တန်း (Atom weight) MMA ပြိုင်ပွဲ၌ ပြိုင်ဘက်ဖြစ်သူ ရွှေစင်အား ၂၄ စက္ကန့်အတွင်း အနိုင်ယူခဲ့ဖူးသူလည်း ဖြစ်သည်။

အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်မည့် ONE: Kingdom Of Heroes ပြိုင်ပွဲတွင် ပွဲစဉ် ၁၄ ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အဓိက ပွဲစဉ်တပွဲအနေဖြင့်လည်းThe Ring Magazine နှင့် WBC စူပါဖလိုင်းဝိတ်ချန်ပီယံ ထိုင်းနိုင်ငံသား Rungvisai နှင့် ၎င်းအား စိန်ခေါ်သူ Diaz တို့ ထိုးသတ်သွားမည်ဖြစ်သည်။

စိန်ခေါ်ခဲ့ရသူ Rungvisai က “ ကျနော့်ရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်သွားဖို့၊ ပြိုင်ဘက်ဖြစ်တဲ့ Diaz ကို အနိုင်ထိုးသတ်သွားဖို့ ကျနော် ကိုယ်စွမ်းရှိသလောက် ကြိုးစားသွားမှာပါ၊ အခုတော့ စကားတွေအများကြီး ပြောရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကြိုးဝိုင်းထဲမှာ စွမ်းရည်ပြရတော့မယ့် အချိန်ပါ”ဟု ပြောသည်။

ONE: Kingdom Of Heroes ပြိုင်ပွဲ၏ အဓိကပွဲစဉ်ကို ယှဉ်ပြိုင်ထိုးသတ်ကြမည့် Rungvisai နှင့် စိန်ခေါ်သူ Diaz

Diaz ကမူ ပြိုင်ဘက်ဖြစ်သူ၏ မြေပေါ်တွင် အနိုင်ထိုးသတ်ကာ ချန်ပီယံဆုကို ရယူသွားရန် အဆင်သင့် ပြင်ထားကြောင်း ပွဲမတိုင်ခင်ပြုလုပ်သည့် ပရိသတ်မိတ်ဆက်ပွဲ၌ ကြွေးကြော်ထားသည်။

“ဒီပွဲကနေ ချန်ပီယံသစ်အနေနဲ့ အောင်မြင်မှုဆွတ်ခူးဖို့ မျှော်လင့်ထားပါတယ်။ မလွယ်ကူမှန်းသိပေမယ့် အနိုင်ရဖို့ အတွက် ဘာမဆိုလုပ်သွားမှာပါ။ ပြိုင်ဘက်နယ်မြေထဲ ဝင်လာခဲ့ပေမယ့် အနိုင်ယူနိုင်တဲ့စွမ်းရည် အပြည့်ရှိတယ်လို့ ယုံကြည်ပါတယ်”ဟု Diaz က ပြောသည်။

ယခု MMA ပြိုင်ပွဲကို ဦးစီးပြုလုပ်သည့် ONE Champion အနေဖြင့် ပရိသတ်မိတ်ဆက်ပွဲတွင် ONE Super App ကို တရားဝင် မိတ်ဆက်ပေးခဲ့သေးသည်။

ယင်း App ကို အသုံးပြု၍ ONE Champion မှ ပြုလုပ်သည့် MMA ပွဲများကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များကိုလည်း တစုတစည်းတည်း ဖော်ပြထားမည် ဖြစ်သည်။

The post ထိုင်းဖိုက်တာကို အနိုင်ယူပြီး မြန်မာ့ဂုဏ်ဆောင်မည်ဟု အန်တိုရီယာ ကြုံးဝါး appeared first on ဧရာဝတီ.

ဘောလုံးကစားသူတွေ သိသင့်တဲ့ အသံတိတ် လူသတ်သမားအကြောင်း

$
0
0

အသက် ၂၆ နှစ်အရွယ်ရှိတဲ့ စပိန်ဘောလုံးကစားသမား Daniel Jarque ရဲ့ သတင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပရိသတ်တွေကတော့ အံ့အားသင့်သွားမှာပါပဲ။ သူဟာ နှလုံးရပ်သေဆုံးခဲ့တယ်လို့ သိရပြီး ဒီလို ငယ်ရွယ်တဲ့အချိန်မျိုးမှာ ရုတ်တရက် လူ့လောကကြီးကနေ စွန့်ခွာသွားရတဲ့အတွက် အားလုံးက နှမြောမဆုံး ဖြစ်နေမှာ အမှန်ပါ။

ဒီလို အလားတူဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၂နှစ်ကလည်း ဖြစ်ဖူးပါတယ်။ Antonio Puerta နဲ့ Marc-Vivien Foe တို့ဟာလည်း ပွဲကစားနေစဉ်မှာ နှလုံးရပ်ပြီး သေဆုံးခဲ့တာပါ။ သူတို့တွေ ရုတ်တရက် သေဆုံးရတာက Sudden Death Syndrome (SDS) ကြောင့် ဖြစ်ပြီး လူငယ်တွေ နှလုံးရပ် သေဆုံးတဲ့ အခြေအနေအတွက် သုံးတယ်လို့ သိရပါတယ်။

SDS တွေဟာ ခွန်အားသုံးရတဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းမျိုးနဲ့ ပေါင်းစပ်တဲ့အခါ အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။ မျိုးရိုးလိုက်ပြီးဖြစ်နိုင်ချေရှိတယ်လို့လည်း European Society of Sports Cardiology ဖြစ်တဲ့ Dr.Sanjay Sharma က ပြောထားပါတယ်။

သင်ဟာ အားကစားအမြဲလုပ်နေတဲ့သူတယောက်ဆိုရင် မကြာခဏ မူးမေ့လဲကျနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ အထူူးသဖြင့် ဘောလုံး၊ ဟော်ကီကစားသူတွေဟာ မကြာခဏပြုတ်ကျပြီး ထိခိုက်မှုတွေ ရှိတာကြောင့် ဦးနှောက်ထိခိုက်မှုပါ ဖြစ်တတ်ပါတယ်။

Scott ဆိုတဲ့ အမျိုးသားကတော့ Leyton Oreint အတွက် ဂိမ်းကစားတုန်းက အလွန်အမင်း ပင်ပန်းခြင်းနဲ့ အသက်ရှူရ ခက်တာမျိုး ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

“ကျနော့် ခြေထောက်တွေကို မခံစားမိတော့ဘူး။ ပထမပိုင်းကိုတော့ မနည်းပြီးအောင်ဆော့ပြီးလို့ ဆရာဝန်ဆီ သွားပြတဲ့အခါ ကျနော့်အားကစားသမားဘဝကို စွန့်လွှတ်ဖို့ သူကပြောတယ်” လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် အီတလီမှာဆိုရင် ကစားသမားတွေဟာ SDS အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်လုပ်ထားတဲ့ လက်မှတ်တွေရှိဖို့ စည်းကမ်းချထားပါတယ်။

SDS ဟာ ကုသဖို့လွယ်ကူပြီး နေ့စဉ်လူနေမှုဘဝမှာ ပြောင်းလဲမှုအသေးစားလေးတွေ လုပ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ အားစိုက်ထုတ်ရတာမျိုး မရှိဘူးဆိုရင် ကောင်းသွားနိုင်တယ်လို့ Dr.Sharma က ဆိုပါတယ်။ သို့သော်လည်း ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင်တော့ အလွန် ပြင်းထန်တဲ့ အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။

Ref ; edition.cnn.com

The post ဘောလုံးကစားသူတွေ သိသင့်တဲ့ အသံတိတ် လူသတ်သမားအကြောင်း appeared first on ဧရာဝတီ.

“ကျမ နိုင်မယ်လို့ သေချာပေါက် ပြောနိုင်ပါတယ်” ဆိုတဲ့ ထိုင်းအမျိုးသမီးဖိုက်တာ Rika

$
0
0

မြန်မာအမျိုးသမီး MMA ဖိုက်တာ အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲတွင် သေချာပေါက် အနိုင်ရမည်ဟု ပြောနိုင်ကြောင်း လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် ထိုင်း-ဂျပန်နွယ်ဖွား ရီကာ Rika “TINY DOLL” Ishige က ကြွေးကြော်လိုက်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ONE: Kingdom of Heroes အမည်ဖြင့် ပြုလုပ်မည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ – MMA တွင် ၎င်းတို့နှစ်ဦး ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်သည်။

MMA ပွဲ ထိုးသတ်မှုမှတ်တမ်းအရ သုံးပွဲနိုင်၊ နှစ်ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသူ ရီကာသည် အာခီတိုနှင့် ကရာတေး သိုင်းပညာရပ်များ တက်ကျွမ်းသူလည်း ဖြစ်ပြီး မြန်မာအမျိုးသမီး MMA ဖိုက်တာ အန်တိုနီယာအတွက်မူ ပြည်ပတွင် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်မည့် ပြိုင်ပွဲ ဖြစ်သည်။

အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် ပြင်ဆင်နေမှု အနေအထား၊ ပြိုင်ဘက်အပေါ် သဘောထားနှင့် မျှော်လင့်ထားချက်များနှင့် ပတ်သက်၍ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီ အပါအဝင် တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေမြန်းမှုများကို ရီကာ က အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

မေး ။ ။ အန်တိုနီယာနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲအတွက် ဘယ်လို လေ့ကျင့်ပြင်နေသလဲ၊ အဆင်သင့်ဖြစ်နေပြီလား။

ဖြေ ။ ။ ဒီပွဲအတွက် ကျမ အချိန် ၆ လလောက် ယူပြီး ပြင်ဆင်ခဲ့ပါတယ်။ ကျမရဲ့ နောက်ဆုံးပွဲနဲ့ အခုပွဲက အချိန် ၆ လလောက် ခြားသွားပါတယ်။ ဒီအချိန် အတောအတွင်းမှာ ကျမရဲ့ စွမ်းရည်တိုးတက်ဖို့အတွက်လည်း ကျမ ကြိုးစားနေခဲ့ပါတယ်။ လေ့ကျင့်မှုက လုံလောက်ပြီလို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် ကျမအတွက် ပြင်ဆင်လေ့ကျင့်ဖို့၊ အနားယူဖို့၊ လေ့ကျင့်ပြီး အားပြန်ယူဖို့ အချိန် လုံလုံလောက်လောက် ရခဲ့ပါတယ်။

မေး ။ ။ ပွဲက ဘာကြောင့် အခုလောက် ဝေးသွားရတာလဲ။

ဖြေ ။ ။ ပြီးခဲတဲ့နှစ်မှာ ကျမ ပွဲအများကြီး ထိုးခဲ့ပါတယ်။ တစ်နှစ်မှာ ၄ ပွဲ လောက်ပေါ့။ ဒီနှစ်မှာတော့ ကျမအနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက်အောင်၊ ကိုယ့်ရဲ့ စွမ်းရည် တိုးတက်အောင်၊ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်အောင်၊ ပြိုင်ပွဲကို ပိုပြီး အာရုံစိုက်နိုင်အောင် အချိန်ယူခဲ့ပါတယ်။ ဒဏ်ရာရလို့ မဟုတ်ပါဘူး။ ကျမ သေသေချာချာ လေ့ကျင့်တာမျိုး၊ ခရီးသွားတာမျိုးတွေ လုပ်ချင်လို့ ပါပဲ။

ထိုင်း-ဂျပန်နွယ်ဖွား အမျိုးသမီး MMA ဖိုက်တာ Rika

မေး ။ ။ ပြိုင်ဘက် အန်တိုနီယာနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ သူ ထိုးခဲ့တဲ့ပွဲကို ကျမ ကြည့်ထားပါတယ်။ သူက သိပ်ကို တော်တဲ့ တိုက်ခိုက်ရေးသမားပါ။ သူက ကျမထက်လည်း ခန္ဓာကိုယ် ပိုထွားပါတယ်။ သူက သန်မာပါတယ်။

မေး ။ ။ ဒီပွဲမှာ ရလဒ်ကို ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ ။ ။ ပြင်ဆင်မှု ပိုကောင်းအောင် လုပ်ထားတဲ့သူကတော့ အနိုင်ရမှာပဲလို့ ကျမထင်ပါတယ်။ ကျမအနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားတာကြောင့် အနိုင်ရလိမ့်လို့ သေချာပေါက် ပြောနိုင်ပါတယ်။

မေး ။ ။ အန်တိုနီယာနဲ့ ပွဲအတွက် Game plan က ဘယ်လိုလုပ်ထားလဲ။

ဖြေ ။ ။ ဒါက ကျမ မပြောနိုင်သေးပါဘူး။ ပွဲပြီးရင်တော့ ပြောပြနိုင်မယ် ထင်ပါတယ်။

မေး ။ ။ Rika က အိမ်ရှင်အနေနဲ့ ကစားရမှာဆိုတော့ ပိုပြီး အားဖြစ်စေလား။ ဒါမှမဟုတ်ရင် ဖိအားဖြစ်စေလာ။

ဖြေ ။ ။ ကျမရဲ့ အမိမြေမှာ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ထိုင်းကစားသမားတွေ အနေနဲ့ ONE Championship လိုမျိုး အဖွဲ့အစည်း အကြီးကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းနဲ့ ထိုင်းရဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံကို ကမ္ဘာကို ပြသနိုင်တော့မှာ ဖြစ်ပါတယ်။ ပြီးတော့ ကျမ စိတ်ဖိအားတွေလည်း ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံသားအားလုံးက ကျမ အနိုင်ရတာကိုပဲ မြင်ချင်ကြမှာလေ။

မေး ။ ။ Rika က နောက်ဆုံးပွဲမှာ ရှုံးထားတယ်ဆိုတော့ အဲဒီအတွက် သင်ခန်းစာရတာ ရှိလား။ ဒီပွဲအတွက် မခံချင်စိတ် ပိုဖြစ်မိလား။

ဖြေ ။ ။ ပြီးခဲ့တဲ့ နောက်ဆုံးပွဲမှာ ကျမ ရှုံးခဲ့ရတာက ကျမ အကောင်းဆုံး ပြင်ဆင်ခဲ့ပေမယ့်လည်း လူတစ်ယောက်ကို ထိုးလိုက်ဖို့ ကျမစိတ်က အဆင်သင့်မဖြစ်ခဲ့သေးလို့ ထင်ပါတယ်။ ဒီပွဲအတွက်တော့ ကျမအနေနဲ့ ရုပ်ပိုင်းဆိုင်ရာသာမကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံး လေ့ကျင့် ပြင်ဆင်ထားပါတယ်။ ကျမ အများကြီး တိုးတက်လာတဲ့အတွက် ဒီပွဲမှာ ပိုပြီး ကောင်းကောင်း ယှဉ်ပြိုင်သွားနိုင်မယ်လို့ ထင်ပါတယ်။

ထိုင်း-ဂျပန်နွယ်ဖွား အမျိုးသမီး MMA ဖိုက်တာ Rika

မေး ။ ။ ပြီးခဲ့တဲ့ ပြိုင်ပွဲရလဒ်တွေ အားလုံးအတွက် ကျေနပ်မှုရော ရှိလား။

ဖြေ ။ ။ ကျမ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေအားလုံးကနေ ကျမ သင်ခန်းစာ ယူပါတယ်။ ကျမက အကောင်းဆုံး ပြင်ဆင်တတ်ပါတယ်။ ဒါပေမယ့်လည်း ဒါက မလုံလောက်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ပွဲမှာဆိုရင် ကျမရဲ့ ပြိုင်ဘက်က ပိုပြီး သာသွားခဲ့ပါတယ်။ ကျမက အရှုံးအတွက် နောင်တ မရပါဘူး။ ကျမ ဘယ်တော့မှ မငိုပါဘူး။ ပိုကောင်းအောင် ဘယ်လို ကြိုးစားရမလဲပဲ တွေးပါတယ်။ ဒီပွဲအတွက် ကျမ ယုံကြည်မှု အများကြီး ရှိထားပါတယ်။

မေး ။ ။ ထိုင်းနိုင်ငံရဲ့ပထမဆုံး MMA အမျိုးသမီး ကစားသမား ဖြစ်ရတာ ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ ထိုင်းနိုင်ငံမှာ ပထမဦးဆုံး MMA အမျိုးသမီး ကစားသမား ဖြစ်ရတာ ကျမ အတွက် သိပ်ကို ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဒီနေရာကို ရောက်ဖို့ ကျမ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ကျမ ကြိုးစားအားထုတ်မှုတွေ လုပ်ရတာ သိပ်ကို ထိုက်တန်ပါတယ်။

မေး ။ ။ Tiny doll ဆိုတဲ့နာမည်ကရော ဘယ်လိုရလာခဲ့တာလဲ။

ဖြေ ။ ။ Tiny ဆိုတာက Licca ကနေ လာတာပါ။ ဂျပန်မှာက Licca ဆိုတာ အရုပ်ကို ပြောတာပါ။ Tiny ဆိုတာက သေးငယ်တယ်ဆိုတော့ ကျမလိုပဲပေါ့။ နာမည်လေးကတော့ အဲဒီလို ရသွားတာပါ။

မေး ။ ။ MMA နဲ့ ပတ်သတ်တဲ့ ရည်မှန်းချက်ကကော ဘာဖြစ်မလဲ။

ဖြေ ။ ။ ကစားသမားတွေ အားလုံးကတော့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ချင်ကြတာပါ။ ကျမလဲ အဲဒီလိုပါပဲ။ ခါးပတ်ရယူသွားနိုင်ဖို့ ကျမအနေနဲ့ ပိုပြီး ကြိုးစားလေ့ကျင့်ဖို့ လိုပါတယ်။ ကျမ ချန်ပီယံ တယောက် ဖြစ်ချင်ပါတယ်။

မေး ။ ။ တခြား အသက်မွေးဝမ်းကျောင်းကကော ဘာတွေ လုပ်သွားဖို့ရှိလဲ။

ဖြေ ။ ။ အခု လောလောဆယ်တော့ ကျမရဲ့ အသက်မွေးဝမ်းကျောင်း အနေနဲ့ ကစားသမားတဦး အဖြစ်ပဲ ရပ်တည်သွားပါမယ်။ ဘာလို့လဲဆိုရင် ကျမက ကိုယ်ခံပညာတွေကို သဘောကျတယ်။ ကျမ အကောင်းဆုံး ကြိုးစားပြချင်တယ်။ အနာဂတ်အတွက်တော့ ကျမ မပြောနိုင်သေးပါဘူး။ ရုပ်ရှင်သရုပ်ဆောင် လုပ်ချင်လည်း လုပ်ဖြစ်မှာပေါ့လေ။ အခု လောလောဆယ်တော့ ကျမ ဒီအလုပ်ပဲ ဆက်လုပ်မှာပါ။

မေး ။ ။ Rika အနေနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကို သတင်းစကား ပေးချင်တာ ရှိလား။

ဖြေ ။ ။ ကျမတို့ရဲ့ပွဲကို လာရောက် အားပေးကြပါ။ ကျမပဲ ဖြစ်ဖြစ်၊ အန်တိုနီယာကိုပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်သူပဲ နိုင်နိုင်၊ ဘယ်သူပဲ ရှုံးရှုံး ပွဲကောင်းတပွဲကို အားလုံး မြင်တွေ့ရမှာပါ။

ဆက်စပ်ဖတ်ရှုရန်ထိုင်းဖိုက်တာကို အနိုင်ယူပြီး မြန်မာ့ဂုဏ်ဆောင်မည်ဟု အန်တိုရီယာ ကြုံးဝါး 

The post “ကျမ နိုင်မယ်လို့ သေချာပေါက် ပြောနိုင်ပါတယ်” ဆိုတဲ့ ထိုင်းအမျိုးသမီးဖိုက်တာ Rika appeared first on ဧရာဝတီ.

အောင်လအန်ဆန် ခရာကီကို ဘယ်လို ကျော်ဖြတ်မလဲ

$
0
0

မြန်မာတို့၏ အချစ်တော် MMA ဖိုက်တာ အောင်လအန်ဆန် အနေဖြင့် ဝမ်းချန်ပီယံရှစ်၏ MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံဘွဲ့ ဆက်လက် ထိမ်းသိမ်းနိုင်ဖို့ ဒီတကြိမ် ကျော်ဖြတ်ရမည့်သူက ဝမ်းချန်ပီယံရှစ် ကဲ့သို့ပင် MMA နှင့် မွေ့ထိုင်း အားကစားပွဲများကို ကမ္ဘာတလွှား စီစဉ်ကျင်းပနေသည့် ဖီးနစ် (Phoenix Fighting Championship) ၏ မစ်ဒယ်ဝိတ် ချန်ပီယံ မိုဟာမက် ခရာကီ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ဂျပန်နိုင်ငံသားဖိုက်တာ ဟာဆီဂါဝါကို နောက်ဆုံးအချီ ဖြစ်သည့် ၅ ချီ မြောက်တွင် အလဲထိုး ဖြင့် အနိုင်ယူပြီး မြန်မာ့မြေပေါ်တွင် ရှုံးပွဲမရှိ မှတ်တမ်းတခု ထပ်မံရေးထိုးကာ သူ၏ MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် အဖြစ် အောင်လအန်ဆန်း ကာကွယ် ထိမ်းသိမ်းနိုင်ခဲ့သည်။

ချန်ပီယံဘွဲ့ ကာကွယ်ပြီး မကြာခင်မှာပင် MMA ၉ ပွဲ ဆက်တိုက် အနိုင်ယူကာ ရှုံးပွဲမရှိ မှတ်တမ်း ရေးထိုးထား သည့် အသက် ၂၇ အရွယ် လက်ဘနွန်နိုင်ငံသား ကရာကီက အောင်လအန်ဆန်ကို ထပ်မံ စိန်ခေါ်လာသည့် နောက်မှာတော့ မစ်ဒယ်ဝိတ် ချန်ပီယံ ၂ ဦး၏ ရေကုန်ရေခန်း ထိုးသတ်မည့်ပွဲစဉ်ကို ဝမ်းချန်ပီယံရှစ်အဖွဲ့ က မြန်မာ့ မြေပေါ်တွင် စီစဉ်ခဲ့ သည်။

မိုဟာမက် ခရာကီဆိုသူက အရှေ့အလယ်ပိုင်းဒေသ၏ အကောင်းဆုံး MMA ဖိုက်တာတဦး ဖြစ်ပြီး ဂျူဂျစ်ဆု(ပြိုင်ဘက်ကို ချုပ်ကိုင်ကာ အနိုင်ယူသည့်ပညာ) ကျွမ်းကျင်ကာ လျှင်မြတ်ဖြတ်လတ် သန်မာသူ ဖြစ်သည်။

သူ၏ MMA ဖိုက်တာဘဝကို Desert Force MMA အားကစားပြိုင်ပွဲ၌ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ၇ ပွဲ ဆက် တိုက် အနိုင်ရရှိခဲ့ပြီး Desert Force ၏ လိုက်ဟဲဗီးဝိတ် နှင့် မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ပြိုင်ဘက်ကို လျှင်မြန်စွာ ပွဲသိမ်းနိုင်ပြီး စနစ်ကျသည့် တိုက်ခိုက်မှုများကြောင့် ခရာကီမှာ အရှေ့အလယ်ပိုင်း၏ နာမည်ကျော် ဖိုက်တာတဦး ဖြစ်လာခဲ့ပြီး ပရိသတ်များ၏ အားပေးမှုကို အခိုင်အမာရရှိခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် ဖီးနစ် MMA ပြိုင်ပွဲသို့ ပြောင်းလဲထိုးသတ်ပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိတွင် ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့် လက်မှတ်ရေးထိုးကာ မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်နှင့် ထိုးသတ် ရန် စိန်ခေါ်လာခြင်း ဖြစ်သည်။

လက်ဘနွန်ဖိုက်တာ ခရာကီက သူထိုးသတ်ခဲ့သည့် နိုင်ပွဲ ၉ ပွဲတွင် ၃ ပွဲကို အလဲထိုးဖြင့် အနိုင်ယူခဲ့သူ ဖြစ်ပြီး ၅ ပွဲက သူ၏ ချုပ်ကွက်များကြောင့် ပြိုင်ဘက်များက အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ပွဲစဉ် ၈ ပွဲစလုံးတွင် ပြိုင်ဘက်များကို ပထမအချီမှာပင် ပွဲသိမ်းခဲ့သူ ဖြစ်သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ထိုးသတ်သည့် အီဘရာဟင် အယ်ဆာဝီနှင့်ပွဲစဉ် တပွဲတည်းသာ နောက်ဆုံး ၅ ချီ အထိ ထိုးသတ် ကာ ဒိုင်၏ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ပြီး Desert Force အဖွဲ့၏ မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

ထူးခြားချက် တခုအနေဖြင့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို လုယူရန် ပထမဦးဆုံး စိန်ခေါ် ခဲ့ သည့် ဂျပန်ဖိုက်တာ ဟာဆီဂါဝါမှာ ယခင်က ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲတွင် တကြိမ်တခါမှ ထိုးသတ်ဖူးခြင်း မရှိခဲ့ ပေ။ အောင်လနှင့် ထိုးသောပွဲစဉ်မှာ ဟာဆီဂါဝါ၏ ပထမဆုံးသော ဝမ်းချန်ပီယံရှစ်ပွဲစဉ် ဖြစ်ခဲ့သည်။

ယခုလည်း အလား တူပင် မိုဟာမက် ခရာကီမှာ ယခင်က ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုးသတ်ခဲ့ဖူးခြင်း မရှိဘဲ အောင်လ နှင့် ပွဲစဉ်မှာ သူ၏ ပထမဆုံးသော ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲ ဖြစ်သည်။

လက်ဘနွန်သား ခရာကီမှာ ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကဲ့သို့ပင် ၎င်း၏ ပထမဆုံးသော ဝမ်းချန်ပီယံရှစ် ပွဲစဉ် တွင် မြန်မာ့မြေ ပေါ်၌ ရှုံးပွဲမရှိ မှတ်တမ်း စိုက်ထူထားသည့် ဝမ်းချန်ပီယံရှစ် ချန်ပီယံခါးပတ် ၂ ခုပိုင်ရှင် အောင်လ အန်ဆန် ကို ထိုးသတ်ရန် ရွေးချယ်ခဲ့သည့်အတွက် ခရာကီ၏ MMA ဖိုက်တာ သက်တမ်းတလျှောက် အခက်ခဲ ဆုံး ပြိုင်ဘက်တဦးကို ရင်ဆိုင်ရမည်မှာ ကျိန်းသေနေပြီ ဖြစ်သည်။

ချန်ပီယံ အောင်လနှင့် ထိုးသတ်ရန် ခရာကီ အနေဖြင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ ထိပ်တန်း နည်းပြ များနှင့် လေ့ကျင့်ထားပြီး အောင်လအန်ဆန် ထိုးသတ်ထားသည့် ပွဲစဉ်များ အားလုံးကိုလည်း ကြည့်ရှု ထားကာ အနိုင်ရရန် ၉၉ ရာခိုင်နှုန်းသေချာကြောင်း ခရာကီက ရန်ကုန်မြို့တွင် အောက်တိုဘာလ၂၄ ရက် နေ့ က ပြုလုပ်သည့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

“ဒီပွဲက တချီတည်းနဲ့လည်း ပြီးနိုင်တယ်။ ၅ ချီအထိလည်း ဖြစ်သွားနိုင်ပါတယ်။ အနိုင်ရဖို့ကို ၉၉ ရာခိုင်နှုန်း မျှော်လင့် ထား ပါတယ်”ဟု မိုဟာမက် ခရာကီက ပွဲကြို ရှင်းလင်းပွဲတွင် ပြောဆိုသည်။

အောင်လအန်ဆန် အတွက်တော့ ခရာကီနှင့်ပွဲက သူ၏ MMA ကစားသမား ဘဝတလျှောက် ၃၄ ပွဲမြောက် ထိုးသတ် မည့် ပွဲစဉ်ဖြစ်သည်။

အောင်လအနေဖြင့် အရှေ့အလယ်ပိုင်းမှ MMA ဖိုက်တာများနှင့် ထိုးသတ်ဖူးသည့် အတွေ့အကြုံ ရှိထားသော် လည်း ခရာကီ လို ဂျူဂျစ်ဆု (ပြိုင်ဘက်ကိုမလှုပ်နိုင်အောင်ချုပ်သည့်ပညာ) နှင့် လက်သီး၊ တံတောင်ချက်များ ပူးတွဲ အသုံးပြုသည့် တိုက်ခိုက် ရေးသမားကို ဘယ်လိုနည်းလမ်းဖြင့် ယှဉ်ပြိုင် ထိုးသတ်သွားမလဲ ဆိုတာ စိတ်ဝင် စားဖို့ ကောင်းနေသည်။

ခရာကီအနေဖြင့် ၎င်းထိုးသတ်ခဲ့သည့် ပွဲစဉ်များတွင် ပြိုင်ဘက်ကို ဂျူဂျစ်ဆုနည်းဖြင့် ဝင်ရောက်ဖမ်းချုပ်ပြီး အပေါ် စီးမှ မိုး၍ လက်သီးချက်၊ တံတောင် ရိုက်ချက်များဖြင့် ထုထောင်းကာ အဆုံးသတ်လေ့ ရှိသလို အလစ် အငိုက် တွင် ဂျူဂျစ်ဆု နည်းဖြင့် ချုပ်ကိုင်၍ ပြိုင်ဘက်ကို အနိုင်ယူလေ့ရှိသည်။ သူ၏နိုင်ပွဲ ၉ ပွဲတွင် ၅ ပွဲက ပြိုင်ဘက်ကို ချုပ်ကိုင်၍ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

ဂျူဂျစ်ဆုပညာ ထူးချွန်ပြီး ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်အနိုင်ယူလေ့ ရှိသည့်အတွက်“မြန်မာ့ စပါးအုံး မြွေ”ဟု နာမည်ကျော်သည့် အောင်လအန်ဆန် အနေဖြင့် ခရာကီကို ဂျူဂျစ်ဆုနည်းဖြင့် သူချုပ်ကိုယ်ချုပ် အပြန်အလှန် ချုပ်လေ မလား၊ အချုပ်မခံဘဲ လက်သီးချက်၊ ခြေကန်ချက်များဖြင့် ပြိုင်ဘက်ကိုခွာ၍ ထိုးသတ် လေ မလား၊ စိတ်ဝင်စားဖို့တော့ အရမ်းကောင်းသည်။

အောင်လကတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အ၀ ရှိနေပြီး သူ့ကို အနိုင်ယူမယ်လို့ ကြုံးဝါး ထားသည့် ပြိုင်ဘက် ခရာကီ ကို ၃ ချီအတွင်း အနိုင်ယူ ထိုးသတ်သွားမည်ဟု ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ပြိုင်ဘက်ကို ၃ ချီအတွင်း နိုင်မယ်လို့ ယုံကြည်တယ်။ ဒီပွဲက ကြမ်းတမ်းမယ့် ပွဲစဉ်တပွဲ ဖြစ်လာမှာပါ။ ကျနော် ကတော့ ၁၀၀ ရာခိုင်နှုန်း နိုင်မယ်လို့ ယုံကြည်တယ်။ ဒီပွဲကို စိတ်ရောကိုယ်ရော နှစ်ပြီး အကောင်းဆုံး ကြိုးစား ထားလို့ ပရိသတ်တွေ စိုးရိမ်မှု မရှိပါနဲ့လို့ ပြောချင်ပါတယ်”ဟု အောင်လအန်ဆန်က ပြောဆိုသွားသည်။

မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန်/ဓာတ်ပုံ – ONE Championship

ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ အောက်တိုဘာ ၂၆ ရက်နေ့ ညတွင်ကျင်းပမည့် “ONE ; PURSUIT OF GREATNESS” ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လ အန် ဆန် အနေဖြင့် ခရာကီ ကို အနိုင်ရခဲ့ပါက နှစ်ထပ်ကွမ်း ချန်ပီယံအဖြစ် ဆက်လက် ရပ်တည်နိုင်မည် ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဘွဲ့ကို စွန့်လွှတ်ရမည်ဖြစ်ကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

အောင်လအန်ဆန် နှင့် ခရာကီတို့၏ ကစားသမားဘ၀ ထိုးသတ်မှုမှတ်တမ်းများကို နှိုင်းယှဉ်ကြည့်လျှင် မြန်မာ တို့ ၏ အချစ်တော် အောင်လက လက်ဘနွန် ဖိုက်တာထက် များစွာသာလွန်နေသည်။

အောင်လအန်ဆန်သည် ၂၀၀၅ ခုနှစ်ကစတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀ သက်တမ်း တလျှေက် ၃၃ ပွဲထိုး၊ ၂၃ ပွဲနိုင်၊ ၁၀ ပွဲရှုံး ရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် “ONE; LIGHT OF A NATION” ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာပြည် ကိုယ်စားပြု ပထမဆုံးသော မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် “ONE; QUEST FOR GOLD” ပြိုင်ပွဲတွင် ၎င်းထိုးသတ် နေ သည့် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ် ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံ ရှစ် ၏ ပထမဆုံး သော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန် အဖြစ် မှတ်တမ်း သစ် ရေးထိုးထားခဲ့သူ ဖြစ်သည်။

အောင်လ အနေဖြင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံခန်းမတွင် ၂၀၁၆ ခုနှစ် မတ်လက မိုဟာမက်အလီ ကို ထိုးသတ် အနိုင်ယူခဲ့ပြီး ယင်းနှစ် အောက်တိုဘာလတွင် မိုက်ကယ် ပတ်စ်တာနက်နှင့် ထိုးသတ်ရာ အနိုင်ရရှိခဲ့ သည်။

ထို့နောက် ၂၀၁၇ ဇွန်လတွင် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှက်ကို အနိုင်ယူခဲ့ပြီး နိုဝင်ဘာလ တွင်လည်း ၎င်းထက် ဝိတ်တန်းမြင့်သည့် ဟဲဗီးဝိတ် ဖိုက်တာ အလိန်း ငလာနီကို အလဲထိုးဖြင့် အနိုင်ယူခဲ့သူဖြစ် သည်။

ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီလတွင် ဘရာဇီးဖိုက်တာ မာချာဒိုကို အနိုင်ယူခဲ့ပြီး ဇွန်လတွင် ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ် ချန်ပီယံ ရွှေခါးပတ် ကာကွယ်ပွဲတွင် ဂျပန်ဖိုက်တာ ဟာဆီဂါဝါကို အလဲထိုး အနိုင်ယူထားသူ ဖြစ် သည်။

ထို့ကြောင့် အောင်လအန်ဆန် အနေဖြင့် ၎င်း၏ မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင် ၆ ပွဲထိုး၊ ၆ ပွဲနိုင်ရလဒ် ဖြင့် ရွှေခါးပတ် ၂ ခု ရယူကာ ရာနှုန်းပြည့် အနိုင်ရထားသည့် စံချိန်ကို ရေးထိုးထားသူ ဖြစ်သည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၆ ရက်၌ ကျင်းပမည့် “ONE ; PURSUIT OF GREATNESS” ပြိုင်ပွဲ၌ ချန်ပီယံ အောင်လအန်ဆန် နှင့် ခရာကီ တို့ပွဲစဉ်မှာ အဓိကပွဲစဉ်ဖြစ်ပြီး ယင်းပွဲမတိုင်ခင် မြန်မာပြည်မှ MMA ဖိုက်တာ ဖိုးသော် နှင့် မလေးရှား ဖိုက်တာ MIMMA ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း ကီယာနူး ဆပ်ဘာ (Keanu Subba) တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။

MMA ၆ ပွဲဆက်တိုက် အနိုင်ရထားသူ ဖိုးသော် အတွက် ပြည်ပကစားသမား တဦးနှင့် ဒုတိယအကြိမ် ယှဉ်ပြိုင် ထိုးသတ် ခြင်း ဖြစ်ပြီး ကီယာနူး ဆပ်ဘာမှာ ဝမ်းချန်ပီယံရှစ်၏ ဖယ်သာဝိတ်တန်းတွင် အလားအလာ အရှိဆုံးနှင့် အမြင့်ဆုံးအဆင့် သတ်မှတ်ခံရသူ ဖိုက်တာတဦး ဖြစ်သည့် အတွက် အဆိုပါ တွဲဆိုင်းကလည်း ပရိသတ်များ အတွက် ဖျော်ဖြေမှုအပြည့် ပေးနိုင် မည့် ပွဲစဉ်တပွဲ ဖြစ်လာရန် ရှိနေသည်။

အဓိက ပွဲစဉ်ဖြစ်သည့် အောင်လနှင့် ခရာကီပွဲကတော့ အောင်လ၏ စကားတခွန်းကြောင့် ပို၍ ပွဲဆူစေခဲ့သည်။ မြန်မာ့မြေပေါ် တွင် ပြိုင်ဘက်တိုင်းကို အနိုင်ယူထားသည့် အောင်လအန်ဆန်ကို အနိုင်ယူ ထိုးသတ်မည်ဟု ကြုံးဝါး ထားသည့် လက်ဘနွန် သား ခရာကီကို အောင်လက ခပ်ပြတ်ပြတ်ပင် “၃ ချီအတွင်း အနိုင်ထိုးမည်”ဟု ပြောဆိုခဲ့သည့် အတွက် အဆိုပါ စကား တခွန်း က မြန်မာ တနိုင်ငံလုံးရှိ ပရိသတ်များကို အမြင့်မားဆုံး ဖမ်းစား ထား ခဲ့ပြီ ဖြစ်သည်။

အောင်လက ပြောလျှင် ကတိတည်သည်ဟု ဆိုရမည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက သူ့ထက် ဝိတ်တန်း တဆင့်မြင့် သည့် ဟဲဗီးဝိတ်ဖိုက်တာ လူသန်ကြီး ငလာ့နီနှင့် ထိုးသတ်မည့် ပွဲကြိုရှင်းလင်းပွဲတွင် ငလာ့နီကို ၂ ချီအတွင်း အနိုင်ထိုးမည်ဟု ကြိုတင် ပြောဆိုခဲ့သဖြင့် ပရိသတ်များ အားလုံး မယုံမရဲဖြင့် အံ့သြခဲ့ရ သည်။

တကယ်တမ်း ထိုးသတ်ချိန်တွင် ပထမအချီ ၄ မိနစ် ၃၁ စက္ကန့်မှာပင် ဟဲဗီးဝိတ်ဖိုက်တာ ငလာ့နီကို အောင်လက မြန်မာ့ စပါးအုံးမြွေဟု နာမည်ကြီးစေခဲ့သည့် ချုပ်ကွက်ဖြင့် အနိုင်ယူပြခဲ့သည်။

ယခုလည်း မစ်ဒယ်ဝိတ်ချန်ပီယံ ရွှေခါးပတ် ကာကွယ်ရမည့် ပွဲစဉ်မှာပင် ရှုံးပွဲမရှိသည့် ခရာကီကို ၃ ချီအတွင်း အနိုင်ယူပြမည် ဟု အောင်လ ပြောဆိုခဲ့ပြန်သည်။

၉ ပွဲဆက် အနိုင်ရထားပြီး ရှုံးပွဲမရှိသည့် ခရာကီက မြန်မာ့မြေပေါ်တွင် အနိုင်ယူဖို့ ခက်ခဲလွန်းသည့် အောင်လကို အနိုင် ထိုးသတ်၍ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လွဲှပြောင်းယူသွားမလား၊ မြန်မာတို့၏ အချစ်တော် အောင်လအန် ဆန် ကပဲ သူ့စကားအတိုင်း ခရာကီကို ၃ ချီအတွင်း အလဲထိုး၍ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းသွား မလား အောက်တိုဘာ ၂၆ ရက်နေ့ည ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစား ရုံ ၌ကျင်းပမည့် “ONE ; PURSUIT OF GREATNESS” ပြိုင်ပွဲတွင် စောင့်ကြည့်ရမည် ဖြစ်ပါသည်။ ။

The post အောင်လအန်ဆန် ခရာကီကို ဘယ်လို ကျော်ဖြတ်မလဲ appeared first on ဧရာဝတီ.

လက်စတာ စီးတီး အသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်

$
0
0

အင်္ဂလန် ပရီးမီးယားလိဂ်မှ လက်စတာ စီးတီးအသင်းပိုင်ရှင် ထိုင်းသန်းကြွယ်သူဌေး ဗီချိုင် ဆီရီဗဒ်ဟန်နာပရတ်ဘ်သည် စနေနေ့ညက ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားကြောင်း ထိုင်းသတင်းတွေက ဖော်ပြသည်။

အသက် ၆၁ နှစ်ရှိ ဗီချိုင်းဟာ လက်စ်တာရှိ ဝက်စ်ဟမ်းနဲ့ လက်စတာအသင်း ကစားပွဲ အပြီး ၁နာရီခန့်အကြာမှာ ကင်းပါဝါ အားကစားရုံမှ အပြန် ရဟတ်ယာဉ် ပျက်ကျခြင်းဖြစ်ပြီး၊ လိုက်ပါသွားသူ မည်သူမျှ အသက်ရှင်ကျန်ရစ်မှု မရှိကြောင်း၊ ရဟတ်ယာဉ် ပျက်ကျသည့် အကြောင်း အရင်းကိုမူ စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများအဆိုရ ရဟတ်ယာဉ်ဟာ ပျံတက်ပြီးနောက် မြေပြင်ကို ထိုးစိုက်ကျလာကြောင်း ပြောသလို၊ လက်စတာအသင်း၏ အာဏာပိုင်များကလည်း အားကစားရုံတွင် ကြီးမားသည့် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ရဟတ်ယာဉ်ပေါ်၌ ပါဝင်သူများနှင့် ပတ်သက်၍ ကြေညာချက်ထွက်ပေါ်ခြင်းမရှိသေးသော်လည်း ဗီချိုင်းမိသားစုနှင့် နီးစပ်သူများအဆိုအရ အသက် ၆၀ ရှိ အသင်းပိုင်ရှင် ပါဝင်ကြောင်း BBC သတင်းကဆိုသည်။

ဗီချိုင်းသည် ထိုစဉ်က ဒုတိယတန်း အသင်းဖြစ်သော လက်စတာ စီးတီးကို ၂၀၁၀ ခုနှစ်က ဝယ်ယူ ခဲ့ပြီးနောက် တနှစ်အကြာတွင် အသင်းဥက္ကဌ အဖြစ် တာဝန်ယူသည်။ ၂၀၁၅-၁၆ ဘောလုံးရာသီက ရဲရင့် ပြတ်သားသော ထိုအသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာသောအခါ ဘောလုံးလောကကို တုန်လှုပ်စေပြီ အမှိုက်မှ ရွှေ ဖြစ်လာသည်ဟု ပြောစမတ်တွင်ခဲ့သည်။ လက်စ်တာ အသင်းသည် ထိုအချိန်မှ စတင်ပြီး အဓိက အသင်းဖြစ်လာသည်။

ထိုအောင်ပွဲအတွက် ဗီချိုင်းက အသင်းသားများကို ဒေါ်လာ ၁၃၅၀၀၀ တန်သော BMW i8s ၁၉ စင်းဝယ်ပေးပြီး ဂုဏ်ပြုခဲ့သည်။

The post လက်စတာ စီးတီး အသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန် appeared first on ဧရာဝတီ.

နာမည်ကျော် အိုးထရက်ဖို့ဒ်ကွင်းကို လည်ပတ်ခဲ့ကြတဲ့ ထိုင်းတောဝက်ဘောလုံး အသင်းသားများ

$
0
0

ဂူအတွင်း ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ဖြစ်ရပ်ကြောင့် ကမ္ဘာကျော်ခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအသင်းဟာ အောက်တိုဘာ ၂၈ ရက်က အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းပိုင် အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။

မန်ချက်စတာအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုးစ် မော်ရင်ဟိုနဲ့လည်း တွေ့ဆုံခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ရဲ့ ပွဲစဉ်ကိုပါ ဆက်လက်အားပေးကြည့်ရှုခဲ့ကြပါတယ်။

အဆိုပါပွဲမှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘောလုံးပွဲ မတိုင်ခင် အမှတ်တရ လက်မှတ်ရေးထိုးပွဲ မစခင်မှာ နည်းပြဖြစ်သူ မော်ရင်ဟိုက ထိုင်းလူငယ်ဘောလုံးအသင်းမှ အသင်းသားတယောက်ချင်းစီကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး အမှတ်တရဓာတ်ပုံ ရိုက်ပေးခဲ့ပါတယ်။

နည်းပြ မော်ရင်ဟိုအပြင် ထိုင်းလူငယ်အသင်းကို ပေါ့ဘ်ဘာ၊ မာရှယ်၊ ဟာရီရာ၊ အက်ရှလေ ယန်းနဲ့ ဖရက်ဒ် အစရှိတဲ့ ကစားသမားတွေကလည်း တွေ့ဆုံနှုတ်ဆက်ခဲ့သလို ဂန္တဝင်ကစားသမား ပြင်သစ်ကစားသမားဟောင်း အဲရစ် ကန်တိုနာနဲ့လည်း ဆုံတွေ့ခွင့်ရခဲ့ကြပါတယ်။

ထိုင်းလူငယ်ဘောလုံးအသင်း ကစားသမားတွေဟာ အမေရိကန်တော့ရှိုးအစီအစဉ် တခုဖြစ်တဲ့ Ellen Degeneres တင်ဆက်တဲ့ အစီအစဉ်မှာလည်း မန်ယူကစားသမားဟောင်း ဇာလတန် အီဘရာမိုဗစ်နဲ့ ဆုံတွေ့ ခဲ့ကြဖူးပါတယ်။

အခုအလည်အပတ်ခရီးစဉ်မှာ ထိုင်းလူငယ်ဘောလုံးအသင်း ကစားသမားတွေနဲ့အတူ နည်းပြ ၂ ဦး၊ မိသားစုဝင် တွေနဲ့ ထိုင်းနိုင်ငံရဲ့တာဝန်ရှိသူတဦးတို့ပါ လိုက်ပါလာခဲ့ပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ကစားပွဲမတိုင်ခင် မန်ချက်စတာ ယူနိုက်တက်လိုဂိုပါ အနွေးထည်အင်္ကျီ၊ မာဖလာ၊ ခေါင်းစွပ် ဝတ်ဆင်လာကြတဲ့ ထိုင်းလူငယ် ဘောလုံးအသင်းသားတွေ ကွင်းထဲဝင်လာတဲ့အခါ ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်ပွဲ မတိုင်ခင်မှာ စနေနေ့ညနေက လက်စတာ စီးတီးကစားကွင်းအနီး ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ လက်စတာအသင်းပိုင်ရှင်နဲ့ သမီးဖြစ်သူတို့အပြင် လူ ၄ ယောက်အ သက်ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် ၁ မိနစ်ငြိမ်သက်ခဲ့ကြပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ် – တောဝက်ဘောလုံးအသင်းသားများ အမေရိကန်ပြည်ထောင်စု၊ အာဂျင်တီးနားသို့ ခရီးသွားမည်

Ref: CNA , Source: AFP

The post နာမည်ကျော် အိုးထရက်ဖို့ဒ်ကွင်းကို လည်ပတ်ခဲ့ကြတဲ့ ထိုင်းတောဝက်ဘောလုံး အသင်းသားများ appeared first on ဧရာဝတီ.


လက်စတာအတွက် ချန်ပီယံဆုယူပေးသည့် ကွယ်လွန်သူ ဗီချိုင်းကို ဂုဏ်ပြုကြ

$
0
0

လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းဘီလျှံနာသူဌေးကြီး ဗီချိုင်း ရဟတ်ယာဉ် ပျက်ကျ သေဆုံးပြီး နောက် ရာနှင့်ချီသော ပရိသတ်များသည် ဘောလုံးအသင်း၏ လည်စီးများ၊ အင်္ကျီများနှင့် ပန်းစည်း များကို လက်စတာစီးတီးအသင်း၏ ပြင်ပတွင် ချထားဂုဏ်ပြုခဲ့ကြသည်။

၂၀၁၆ ခုနှစ် လက်စတာအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေရန် ငွေကြေးပံ့ပိုးခဲ့သော ဗီချိုင်း ဆရီဗဒ် ဟန်နာ ပရတ်ဘ် ကို ဂုဏ်ပြုသော အရာများတွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းများတွင် တခါ တရံ တွေ့ရလေ့ရှိသော ဟိန္ဒူ နတ်ဘုရားပုံလည်း ပါဝင်သည်။

ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျသော နေရာတွင် အရေးပေါ်လူနာတင် ယာဉ်တစင်း လူးလာခေါက်ပြန် မောင်းနှင်နေပြီး၊ ရှည်လျှားလှသော လူတန်းကြီး က ၎င်းတို့၏ ကျေးဇူးတရားကိုဖေါ်ပြနေကြသည်။

ထိုနေရာတွင် ချိုင်းထောက်နှင့် လူတဦး မတ်တတ်ရပ်နေပြီး၊ ဆယ်ကျော်သက်ရွယ် တဦး၏ ဖခင်ဖြစ် သူက သူ၏သားကို နှစ်သိမ့်နေသလို အမျိုးသမီးတဦးသည်လည်း အသင်း၏ အရောင် ဖြစ်သည့် အဖြူရောင့်နှင့် အပြာရောင် ပန်းစည်းကို သယ်ဆောင် လာသည်။

“သူဟာ လက်စတာကို ကမ္ဘာကသိအောင်လုပ်ပေးခဲ့သူပဲ။ သူဟာ ကျမတို့ကို ကြီးကျယ်ခမ်းနား စေခဲ့ တယ်။ ကျမတို့ဘော လုံးအသင်းဟာ သာမန် အသင်းကလေးမဟုတ်တော့ဘူး”ဟု အသက် ၅၅ နှစ် ရှိပြီဖြစ်သော ကက်သီဒန်း ကပြောသည်။

အသက် ၆၈နှစ်ရှိ ဂျွန်ဝဲလ်ဖို့ကလည်း “သူဟာ အင်မတန်ထူးခြားတဲ့သူပါ။ ကျနော်ဒီအသင်းကို အား ပေးနေတာ နှစ်ပေါင်း ၆၀ လောက်ရှိပြီ။ ကျနော့်အမြင်အရပြောရရင် သူဟာ အကောင်းဆုံး အသင်း ပိုင်ရှင်ပဲ” ဟု ပြောသည်။

ထိုဖြစ်ရပ်များသည် လက်စတာ၏ အိမ်ကွင်းပွဲများသို့ ရဟတ်ယာဉ်ဖြင့် သွားလာလေ့ရှိသည့် အသက် ၆၀ ကျော်ပြီဖြစ်သော လုပ်ငန်းရှင်ကြီးသည် ပျက်ကျသွားသော ရဟတ်ယာဉ်တွင် လိုက်ပါသွားကြောင်း တရားဝင် အတည်မပြုမီကပင် ဖြစ်နေသော ဖြစ်ရပ်များဖြစ်သည်။

လက်စတာစီးတီး အသင်းကို အခက်အခဲအားလုံး ကျော်လွှားပြီး ချန်ပီယံ ဖြစ်စေခဲ့သော သူ့အတွက် အင်္ဂလန် အလယ်ပိုင်း လက်စတာစီးတီးနှင့် ထိုင်းနိုင်ငံမှ လူအများအပြား လွန်စွာ စိုးရိမ်ပူပန်ခဲ့ကြ သည်။

အသင်း၏ ပရိသတ်များအပေါ် သူ၏ ရက်ရောမှုအတွက် သူ့ကို မှတ်မိနေကြသည်။

အဝေးကွင်းပွဲများတွင် ပရိသတ်များကို နံနက်စာ အခမဲ့ကျွေးပြီး သူ၏ မွေးနေ့များတွင် ဘီယာအခမဲ့ တိုက်လေ့ရှိကာ ဆေးရုံတရုံသို့ လှူဒါန်းမှုများအပါအဝင် လက်စတာစီးတီးအတွက် သူ၏ ရက်ရောမှု ကိုလည်း အမှတ်ရနေသည်။

အစောဆုံးလာရောက် ဂုဏ်ပြုသူတဦးဖြစ်သည့် ကန်တီ ပက်တယ်က“ကျနော့်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ၊ သူဟာ အသင်းအတွက် အများကြီး လုပ်ပေးခဲ့တယ်” ဟုပြောသည်။

အခြားသော ပရိသတ်တဦးဖြစ်သူ တွမ်လိုင်ဗာသည်လည်း ဗီချိုင်းကို ဂုဏ်ပြုရန် ချန်ပီယံ လည်စည်း ဖြင့် ရောက်ရှိ လာခဲ့ပြီး “အသင်းကို သူဝယ်လိုက်တုန်းက ဘယ်အဆင့်မှာပဲ ရှိတယ်ဆိုတာ အားလုံး သိကြတယ်။ အသင်းက ဘာအဆင့်မှ ကိုမရှိဘူး။ သူဟာကျနော်တို့ကို ချန်ပီယံဖြစ်အောင် လုပ်ပေးခဲ့ လို့ ချန်ပီယံ လည်စည်းလေးကို ချထားပြီး ဂုဏ်ပြုမယ်” ဟုသူပြောသည်။

ဗီချိုင်းသည် နိုင်ငံတကာ အားကစားလောကတွင် ထိုင်းနိုင်ငံကို ပိုမို အသိအမှတ်ပြုအောင်လည်း လုပ်ဆောင်နိုင်ခဲ့ပြီး ထိုင်းဘောလုံးလောက တိုးတက်စေခဲ့သူဖြစ်သည်။

“သူဟာ ထိုင်းနိုင်ငံ ဘောလုံးအဆင့်ကို မြှင့်တင်ပေးတဲ့ အရေးပါသူတဦးလည်း ဖြစ်တယ်” ဟု ဘန်ကောက် မြို့လယ် ဘောလုံးပွဲတခုတွင် ရောက်နေသည့် လက်စတာ ပရိသတ် အပီချတ် ချစ်ထရက်ကာဗီ ကပြောသည်။

“လက်စတာ ကလပ်ရဲ့ သင်တန်းကျောင်းမှာ လေ့ကျင့်ဖို့ ထိုင်းဆယ်ကျော်သက်တွေကို ရွေးချယ်မယ့် စီမံကိန်းတွေ အများကြီး ရှိတယ်။ သူတို့တွေဟာ အနာဂါတ်မှာ တိုင်းပြည်အတွင် လုပ်မယ့်သူတွေ” ဟု သူဆက်ပြောသည်။

.
အခြားပရိသတ် တဦးဖြစ်သောနက်သာဗတ် ဆရီမွန်တာပွန်ကကလည်း “ သူက လက်စတာ အသင်းပိုင်ရှင်ဖြစ်နေလို့ ထိုင်းနိုင်ငံကို လူပိုသိစေတယ်လို့ထင်တယ်၊ ထိုင်းဘောလုံးလောကကို အကျိုးပြုခဲ့သည်”ဟုဆိုသည်။

The post လက်စတာအတွက် ချန်ပီယံဆုယူပေးသည့် ကွယ်လွန်သူ ဗီချိုင်းကို ဂုဏ်ပြုကြ appeared first on ဧရာဝတီ.

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး အားကစားနည်းများ

$
0
0

အားကစားတိုင်းလိုလိုဟာ ပျော်ရွှင်မြူးတူးသံတွေနဲ့ သမိုင်းတလျှောက် အအောင်မြင်ဆုံး ဖျော်ဖြေမှုတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အရင်အချိန်တွေတုန်းကရော အခုလက်ရှိအချိန်တွေအထိပါ အားကစားသမားတွေဟာ ပြိုင်ပွဲအတွင်း ထိခိုက် အနာတရဖြစ်မှုတွေနဲ့ တွေ့ကြုံနေရဆဲပါ။

ဘယ်လို အားကစားတွေဟာ အန္တရာယ်အများဆုံးဖြစ်မလဲ ဆိုတာကို ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) မြင်းစီးအားကစား

မြင်းစီးအားကစားကြောင့် အသက်သေဆုံးစေနိုင်တဲ့ ထိခိုက်အနာတရ ဖြစ်မှုတွေနဲ့ သေဆုံးမှုတွေဟာ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရတဲ့ မတော်တဆမှုတွေပါ။ ယေဘူယျအားဖြင့် အဖြစ်များတဲ့ မတော်တဆမှုတွေကတော့ ပြုတ်ကျပြီး မြင်းတက်နင်းခြင်း ခံရတာတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် မြင်းပေါ်ကနေ လွင့်စင်ပြုတ်ကျတာ၊ မြင်းကလန့်ပြီး ကန်မိတာတွေကြောင့် အသက်ဆုံးပါးမှုတွေအထိ ဖြစ်စေနိုင်တဲ့ အားကစားတခုပဲ ဖြစ်ပါတယ်။

(၂) ကျွမ်းဘား

ကျွမ်းဘားကစားခြင်းဟာ ခန္ဓာကိုယ်ထိန်းညှိနိုင်စွမ်း၊ ခွန်အားစတာတွေကို အသုံးချ ပြုလုပ်ရတဲ့ အားကစားတခုပါ။ စစ်ပွဲတွေအတွက် စစ်သားတွေကို လေ့ကျင့်ပေးရာကနေစတင်လာခဲ့တဲ့ အားကစားတခုဖြစ်ပြီး အခုအချိန်မှာတော့ အိုလံပစ် အားကစားပြိုင်ပွဲထဲမှာ ထည့်သွင်း ကျင်းပလာပြီဖြစ်တဲ့ အားကစားတခုလည်း ဖြစ်ပါတယ်။

ကျွမ်းဘားကစားခြင်းကြောင့် အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာရမှုတွေကတော့ လက်ကောက်ဝတ်ကျိုးခြင်း၊ ကျောရိုးမ ကျိုး ခြင်း၊ ခြေကျင်းဝတ် အဆစ်လွဲခြင်းနဲ့ အရွတ်ပျက်စီးခြင်းတွေပဲဖြစ်ပါတယ်။

(၃) လက်ဝှေ့

လက်ဝှေ့အားကစားကို ကစားကြတဲ့ ၉၀ ရာခိုင်နှုန်းသော ကစားသမားတွေအနေနဲ့ အဓိက အဖြစ်များတာကတော့ ဦးနှောက်ပျက်စီးခြင်းဖြစ်ပြီး လက်ဝှေ့ထိုးခြင်းကနေ အနားယူပြီးချိန်မှာတော့ Parkinson ဒါမှမဟုတ် Alzheimer ရောဂါတွေ ဖြစ်ပွားလေ့ ရှိကြပါတယ်။ ဦးခေါင်းပိုင်း အကာအကွယ်တွေကို အသုံးပြုပြီး ကစားမယ်ဆိုရင်တော့ ထိခိုက်မှုတွေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

(၄) ဘောလုံး

ဘောလုံးအားကစားကတော့ အန္တရာယ်များတဲ့ အားကစားတွေထဲမှာ ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။ ခန္ဓာကိုယ်တခုလုံးကို အသုံးပြုပြီး ကစားရတဲ့ အားကစားနည်းဖြစ်တဲ့အပြင် စစ်တမ်းတွေအရ ၇၅ ရာခိုင်နှုန်းဟာ ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ ဘောလုံးကန်နေစဉ်အတွင်း အားကစားသမားတွေဟာ ဖိအားတွေနဲ့ အမြဲ ရုန်းကန်နေရပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို တိုက်ရိုက် ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

Ref: listaka.com

The post ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး အားကစားနည်းများ appeared first on ဧရာဝတီ.

တချိန်က အားကစားသမားတွေ ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာကျော် Celebrity များ

$
0
0

ငယ်ငယ်တည်းက မင်းသား မင်းသမီးလုပ်ရာကနေ နာမည်ကြီးလာတဲ့ Celebrity တွေ အများအပြား ရှိကြပါတယ်။ The Rock လို နာမည်ကြီး မင်းသားဟာ တချိန်က နပန်းပွဲတွေမှာ နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ တချို့တွေကမ္ဘာကျော်တွေ အားကစားသမားဖြစ်ခဲ့ဖူးတာ လူသိကြပေမယ့် တချို့တွေရဲ့ အကြောင်းကိုတော့ မသိကြပါဘူး။ဒါကြောင့် ဒီတခါမှာ တချိန်က အားကစားသမားဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Jason Statham

နာမည်ကျော် အက်ရှင်မင်းသား Jason Statham ဟာ တချိန်က ဒိုင်ဗင်ထိုးအားကစားနည်းမှာ ထူးချွန်ခဲ့သူ ဖြစ်ပါတယ်။သူဟာ အင်္ဂလန်နိုင်ငံကိုယ်စားပြုပြီး ဓနသဟာယပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိုလံပစ်ပွဲ ရောက်လုရောက်ခင် အထိ ထူးချွန်ခဲ့ပါတယ်။

(၂) Kate Middleton

အင်္ဂလန်နိုင်ငံ တော်ဝင်မင်းသား ဝီလျံရဲ့ ဇနီးဖြစ်သူ Kate Middleton ဟာ ယခုအချိန်မှာ တော်ဝင်မိသားစုရဲ့ တာဝန်တွေကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူမဟာ ရေခဲပြင်ဟော်ကီနဲ့ တင်းနစ်အားကစားတွေမှာ ထူးချွန်သူဖြစ်ပါတယ်။ သူမဟာ ၂၀၀၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ အမျိုးသမီးကိုယ်စားပြုအနေနဲ့ လေ့ကျင့်ရေးတွေ လုပ်ခဲ့ပေမယ့် သူမရဲ့ လေ့ကျင့်ရေးကို ဘုရင်မကြီးရဲ့ အမိန့်နဲ့ ရပ်တန့်ခဲ့ရပါတယ်။

(၃) Justin Timberlake

နာမည်ကျော် Pop အဆိုတော်၊ မင်းသား Justin Timberlake ဟာ ဂေါက်ရိုက်ရာမှာ ကျွမ်းကျင်သူပါ။ သူ့ရဲ့ ဂေါက်ရိုက်သမားဘဝကို အသက် ၁၂ က စတင်ခဲ့ပါတယ်။ သူဟာ ဂေါက်ရိုက်နေရရင် လောကကြီးကိုတောင် မေ့ထားနိုင်တယ်လို့ မီဒီယာ တခုကို ပြောဆိုခဲ့ဖူးပါတယ်။

(၄) Channing Tatum

မင်းသား Channing Tatum ကတော့ Glenville State College ကို ဘောလုံးစကော်လားရှစ် နဲ့ တက်ရောက်ခဲ့တာဖြစ်ပေမယ့် ကျောင်းက ထွက်လာခဲ့ပါတယ်။ သူက အားကစားမီဒီယာ တခုဖြစ်တဲ့ ESPN ကို “ကျနော် ဘာလုံးကန်ရတာ ပင်ပန်းတယ်။ တခြားဘာသာရပ်တွေကိုလည်း ကျတော် စိတ်ဝင်စားသေးတယ်ဗျာ။ ပြီးတော့ အိမ်ကိုလည်း လွမ်းလို့ ကျောင်းထွက်ခဲ့တာပါ”လို့ ဖြေကြားဖူးပါတယ်။

(၅) Elsa Hosk

Victoria’s Secret ရဲ့ မော်ဒယ်တဦး ဖြစ်တဲ့ Elsa Hosk ဟာ ဆွီဒင်နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ် အမျိုးသမီး ဘတ်စကတ်ဘောအသင်းမှာ ဆော့ခဲ့ဖူးပါတယ်။ သူမဟာ မော်ဒယ်လောကမှ ၂ နှစ် အနားယူခဲ့ပြီး ဒီလို အနားယူတာဟာ သူမရဲ့ အသင်းဟောင်းနဲ့ ပြန်လည်လေ့ကျင့်ရေးတွေ ဆင်းပြီး ကစားဖို့လို့ သိရပါတယ်။ သူမရဲ့ ပြောကြားချက်အရ ဆွီဒင်နိုင်ငံမှာ ဘတ်စကတ်ဘော အားကစားဟာ အရမ်းလူကြိုက်များခြင်း မရှိပေမယ့် သူမကတော့ ဆက်ပြီး ဆော့နေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref ; bestonline.com

The post တချိန်က အားကစားသမားတွေ ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာကျော် Celebrity များ appeared first on ဧရာဝတီ.

အောင်လအန်ဆန်အား သူရဲကောင်းဟု ONE Championship တည်ထောင်သူ ချီးကျူး

$
0
0

သိုင်းပေါင်းစုံ အားကစားပြိုင်ပွဲ(MMA)တွင် အကောင်းဆုံးဆုနှစ်ဆုရရှိခဲ့သည့် အောင်လအန်ဆန်အား လူငယ်များအတွက် စံနမူပြုစရာ သူရဲကောင်းတဦးနှင့် ခိုင်းနှိုင်းကာ ONE Championship ၏ CEO မစ္စတာ ချက်ထရီ ဆစ်ယော့ထုံ Mr. Chatri Sityodtong က ချီးကျူးပြောကြား ခဲ့သည်။

စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် Global Martial Arts Summit တွင် မြန်မာပရိတ်သတ်များ၏ အားပေးမှုကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ONE Championship သည် ယှဉ်ပြိုင်ထိုးသတ်မှု တခုတည်းမဟုတ်ဘဲ မျှော်လင့်ချက်၊ ခွန်အား၊ အိပ်မက်များဖြင့် လက်တွေ့ဘဝ လူစွမ်းကောင်းများအား ပျိုးထောင်မြေထောင်မြောက်ပေးလိုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မစ္စတာ ချက်ထရီ ဆစ်ယော့ထုံက “ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ကလေးငယ်သန်းပေါင်းများစွာအတွက် ပထမဦးဆုံး သူရဲကောင်းတဦးကို ရရှိလိုက်တာပဲဖြစ်ပါတယ်၊ သူတို့ကို စိတ်ခွန်အားတွေပေးနိုင်တဲ့ စံနမူနာပြုစရာလူတယောက်ပေါ့၊ ဘဝမှာ ဘာမဆိုဖြစ်နိုင်တယ်ဆို တဲ့စိတ်ကူးမျိုး အဲ့ဒီကလေးတွေကို ရသွားစေတယ်” ဟု ပြောသည်။

အမေရိကန်နိုင်ငံသား ခံယူထားသည့် အောင်လအန်ဆန်သည် မြန်မာနွယ်ဖွား ကချင်တိုင်းရင်းသားတဦးဖြစ်ပြီး လက်ရှိ ONE Championship တွင် မစ်ဒဲလ်ဝိတ် Middleweight နှင့် လိုက်ဟဲဗီးဝိတ် Light Heavyweight ဝိတ်တန်းနှစ်ခုတွင် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကို ရယူထားနိုင်သူဖြစ်သည်။

နိုဝင်ဘာ ၉ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ်အတွက် MMA တနှစ်တာအကောင်းဆုံးဆုများ ပေးအပ်ပွဲတွင် စုစုပေါင်း ၁၆ ဆုချီးမြှင့်ခဲ့ရာ၌ အောင်လအန်ဆန်အနေဖြင့် အကောင်းဆုံးပွဲဆု (အောင်လအန်ဆန်နှင့် ကင်မ် ဟစဲဂါဝါ ပွဲ)နှင့် အမျိုးသား အကောင်းဆုံး ကစားသမားဆုတို့ကို ရရှိခဲ့သည်။

အောင်လအန်ဆန်က “ပရိတ်သတ်တွေမရှိရင် ဒီလိုကစားနိုင်မှာမဟုတ်ဘူး၊ စည်းလုံးညီညွတ်ခြင်းနဲ့ ကြိုးစားလို့ ဒီလိုအောင်မြင်တယ်လို့ ယူဆတယ်၊ ကျနော့်ရဲ့အိပ်မက်က ကမ္ဘာက မည်သူနဲ့မဆို ယှဉ်ပြိုင်ကစားနိုင်တဲ့ အားကစားသမားကောင်း တယောက် ဖြစ်ဖို့ပါပဲ”ဟု ဆုပေးပွဲအပြီးတွင် ပြောသည်။

MMA ကစားသမားတယောက်အနေဖြင့် ယခုကဲ့သို့ဆုများ လိုချင်၍ ကစားနေခြင်း မဟုတ်သော်လည်း ကမ္ဘာက အသိအမှတ် ပြုသည့်အတွက် ဂုဏ်ယူမိကြောင်းလည်း အောင်လအန်ဆန်က ပြောခဲ့ပြီး ဆုပေးပွဲကို ပြိုင်ဘက် ကင်မ် ဟစဲဂါဝါနှင့်အတူ တက်ရောက်ရယူခဲ့သည်။

ONE Championship အနေဖြင့် စင်္ကာပူတွင် နိုဝင်ဘာ ၇ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖလိုင်းဝိတ် Flyweight နှင့် လိုက်ဝိတ် Lightweight ဝိတ်တန်းများအတွက် World Grand Prix ကိုလည်း ထုတ်ဖော်ကြေညာခဲ့သည်။

ယင်းပြင် ကစားသမားသစ် မိတ်ဆက်မှုအနေဖြင့်လည်း မကြားသေးမီက ONE Championship နှင့် လက်မှတ်ရေးထိုးခဲ့သည့် UFC ကစားသမား “Mighty Mouse” ခေါ် ဒီမီတြိရပ်စ် ဂျွန်ဆန် Demetrious Johnson နှင့် “The Underground King” ခေါ် အယ်ဒီ အဲဗားရက်စ် Eddie Alvarez တို့ကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ပွဲထုတ်ခဲ့သည်။

ဒီမီတြိရပ်စ် ဂျွန်ဆန်က “ အာရှမှာ World Grand Prix အမှတ် တကယ် ယှဉ်ပြိုင်လိုတာ ကျနော့်ရဲ့ အိပ်မက်ပါပဲ၊ အာရှမှာ ယှဉ်ပြိုင်သွားမယ့် ကျနော့်အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါ၊ ကျနော် ဖြတ်လမ်းတွေ သုံးမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

အယ်ဒီ အဲဗားရက်စ်ကလည်း “ကျနော့်အနေနဲ့ ONE Championship နဲ့အတူ နောက်တဖန် ကိုယ့်လမ်းကြောင်း ကိုယ်ပြန်ရှာတွေတယ် လို့ ခံစားရပါတယ်၊ ပြိုင်ဘက်တွေကို လေးစားပါတယ်၊ ကျနော့်အနေနဲ့ ယောကျ်ားဆန်ဆန် တိုက်ခိုက် ကစားသွားမှာပါ၊ ကျနော့် ဘဝတသက်တာ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားခရီးစဉ်ဟာ ဒီနေရာမှာ အသိအမှတ်ပြုတာ ခံရဦးမယ်ဆိုတာ ကျနော်သိနေပါတယ်” ဟု ပြောကြားခဲ့သည်။

ONE Championship တည်ဆောင်သူ မစ္စတာ ချက်ထရီ ဆစ်ယော့ထုံက ၎င်းတို့အနေဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားစစ်စစ်များ ပေါ်ထွက်လာစေချင်ပြီး ယှဉ်ပြိုင်မှု၏ နိုင်ပွဲ ရှုံးပွဲတိုင်းသည် ၎င်းတို့၏ စိတ်နှလုံးဝိဉာဉ်များနှင့် ရင်းနှီးထားရသည့်အတွက် ပရိသတ်များအနေဖြင့် အားကျအတုယူစေချင်ကြောင်း ပြောခဲ့သည်။

The post အောင်လအန်ဆန်အား သူရဲကောင်းဟု ONE Championship တည်ထောင်သူ ချီးကျူး appeared first on ဧရာဝတီ.

အာရှ –ပစိဖိတ် ၁၆ နိုင်ငံ လူငယ်ရွက်လှေပြိုင်ပွဲ ထိုင်းအသင်း ဗိုလ်စွဲ

$
0
0

မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် Optimist Asian & Oceanian Championship (OAOC) ရွက်လှေအသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက အမှတ် အများဆုံးရရှိကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ကြောင်း သတင်းရရှိသည်

နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့်အဆိုပါ OAOC ရွက်လှေပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ နိုင်ငံအပါအဝင် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ အိုမန်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် အမေရိကန်နိုင်ငံများမှ အသက် ၁၅ နှစ်အောက် လူငယ် မျိုးဆက်သစ် ရွက်လှေ အားကစားသမား ၁၂၉ ဦးမှာ တဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အသင်းလိုက် ရွက်လှေပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ တရုတ်အသင်းက ဒုတိယနှင့် စင်္ကာပူအသင်းက တတိယဆုများ ရရှိခဲ့ပြီး တစ်ဦးချင်း ရွက်လှေပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ ပန်ဝါး ဘွန်နက် (PANWA BOONNAK) က ပထမ၊ ထိုင်းနိုင်ငံမှ ဂျက်တဗီး ယွန်ယီနန်း (JEDTAVEE YONGYUENNARN) က ဒုတိယ၊ တရုတ်နိုင်ငံမှ ဂန်ဆီရီ (GANG SIYI) က တတိယဆုများ အသီးသီးရရှိခဲ့သည်။

လက်ရှိပြိုင်ပွဲတွင် အာရှ၊ ပစိဖိတ်သမုဒ္ဒရာဒေသနှင့် မြောက်အမေရိက တဝိုက်မှ မျိုးဆက်သစ် လူငယ် ရွက်လှေ အားကစားသမားများ မွေးထုတ်ပေးရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
ရွက်လှေ အဖွဲ့ချုပ်က ပြောသည်။

အိမ်ရှင်မြန်မာအသင်းအနေဖြင့် အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၈) ဦးပါဝင်ခဲ့ပြီး ပျမ်းမျှအသက်မှာ (၁၂) နှစ်အရွယ်ရှိကြကာ အသက် အငယ်ဆုံး အနေဖြင့် (၁၁) နှစ်အရွယ်ကစားသမားတစ်ဦး ပါဝင်ခဲ့သည်။

ပြိုင်ပွဲတလျှောက် မြန်မာနိုင်ငံမှ ထိပ်တန်းရွက်လှေ အားကစားသမား ၃ ဦးရွေးချယ်ခဲ့ရာ ထက်လင်းဇော်က ပထမ၊
စည်သူဟိန်း က ဒုတိယနှင့် လွင့်ကိုကိုထက်က တတိယဆုများ ရရှိခဲ့သည်။ သို့သော် မြန်မာအားကစားသမား များထဲမှ နိုင်ငံတကာပြိုင်ပွဲ အသင်းလိုက်နှင့် တဦးချင်း အကောင်းဆုံးဆုများဆွတ်ခူးခဲ့ခြင်း မရှိကြောင်း သိရသည်။

OAOC ပြိုင်ပွဲမှာ ကမ္ဘာ့ရွက်လှေအဖွဲ့ချုပ်အောက်ရှိ ရွက်လှေပြိုင်ပွဲအဖွဲ့အစည်းများထဲမှတစ်ခုဖြစ်သော International Optimist Dinghy Association (IODA) မှ ဦးစီးပြုလုပ်သည့် နိုင်ငံတကာအသိအမှတ်ပြု ရွက်လှေပြိုင်ပွဲ တခုဖြစ်ပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ၂၀၁၃ အရှေ့တောင်အားကစား ပြိုင်ပွဲနှင့် ၂၀၁၅ ခုနှစ်ကကျင်းပသည့် Wave Rider Cup ပြိုင်ပွဲနောက်ပိုင်း ငွေဆောင်ကမ်းခြေ၌ ကျင်းပသည့် တတိယမြောက်အကြီးမားဆုံး ရွက်လှေပြိုင်ပွဲဖြစ်သည်။

The post အာရှ – ပစိဖိတ် ၁၆ နိုင်ငံ လူငယ်ရွက်လှေပြိုင်ပွဲ ထိုင်းအသင်း ဗိုလ်စွဲ appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live