Quantcast
Channel: အားကစား - ဧရာဝတီ
Viewing all 511 articles
Browse latest View live

ကမ္ဘာ့အကောင်းဆုံး နပန်းသမားများ အကြောင်း

$
0
0

ကျနော်တို့ ဒီနေ့ ပြည်တွင်းမှာပါ လူကြိုက်များတဲ့ WWE နပန်းပွဲတွေထဲက ဘယ်နပန်းသမားက အကောင်း ဆုံးလဲဆိုတာ ကြည့်ရအောင်ပါ။ ကျနော်ကိုယ်တိုင်လည်း စိတ်ဝင်စားသလို ပြည်တွင်းမှာလည်း ဘောလုံးပြီးရင် အခြား အား ကစားပွဲတွေထက် နပန်းကို စိတ်ဝင်စားကြပါတယ်။

ရုပ်သံတွေကနေလည်း ပြသမှုတွေ ရှိလာသလို အားကစားအခွေအနေနဲ့ဆိုရင်လည်း ဘောလုံးပွဲ Highlights ခွေ မထွက်ရှိ ပေမယ့် နပန်းကား ခွေတွေ အလွယ်တကူ ရနိုင်သလို ကြည့်ရှုသူ များနေတာပါ။

ဒီတော့ အခု ကျနော်တို့ စိတ်ဝင်စားတဲ့ WWE ကစားပွဲတွေထဲက ဘယ်နပန်းသမားက အကောင်းဆုံး ဖြစ်ပါမလဲ။ ဒီနေရာ မှာ Website တခုတည်းကနေ ရွေးချယ်ထားတဲ့ နပန်းသမားကို ပြောရရင် လွယ်လွန်းနေပါလိမ့်မယ်။ အခု ကျနော်လည်း အကောင်းဆုံးနပန်းသမားတွေ ရွေးချယ်ထားတဲ့ Website တွေ အများကြီးကို ကြည့်ပြီး ရွေးချယ် ပြောထားပါတယ်။

ပုံစာ- ဒီဇိုင်း- (ကျော်မျိုးထိုက်/ ဧရာဝတီ)

The Sport Star

အင်္ဂလန်အခြေစိုက် နာမည်ကြီးအားကစားသတင်း Website တခု ဖြစ်တဲ့ The Sport Starရဲ့ ရွေးချယ်မှုမှာတော့ လက် ရှိနာမည်ကြီး John Cena က အဆင့် (၁၉)မှာပဲ ချိတ်ပါတယ်။
သမိုင်းတလျှောက် အကောင်းဆုံး နပန်းသမားကို ရွေးထုတ်မှုအပိုင်းမှာ နာမည်ကြီးမင်းသား ဖြစ်နေသူ The Rock က အ ဆင့် (၁၃)၊ လက်ရှိ WWE ရဲ့ တာဝန်ရှိသူတဦးဖြစ်နေတဲ့ Triple H က အဆင့် (၁၁)၊ နာမည်ကြီး Undertaker က အဆင့် (၅)၊ ၂၀၁၀ ခုနှစ်အတွင်းက သေဆုံးသွားပြီ ဖြစ်တဲ့ Shawn Michaels က အဆင့် (၄)၊ ဂန္တဝင်နပန်းသမားကြီး Hulk Hogan က အဆင့် (၃)၊ လူမိုက်ဆန်ဆန် ဒီဇိုင်းနဲ့ လူကြိုက်များတဲ့ Stone Cold က အဆင့် (၂)၊ အနားယူသွားပြီ ဖြစ်တဲ့ နပန်းသမားကြီး Ric Flair က အဆင့် (၁)အနေနဲ့ အကောင်းဆုံး နပန်းသမားအဖြစ် ရွေးချယ်ထားတာ တွေ့ရပါတယ်။

The Top Tens

သူကတော့ ကိုယ်နှစ်သက်တဲ့ နပန်းသမားကို Vote လုပ်ပြီး မဲ အနည်းနဲ့အများအပေါ်မှာ အခြေခံ ရွေးချယ်ထားတာ ဖြစ် လို့ ပညာရှင်တွေရဲ့ ရွေးချယ်မှုထက် လူကြိုက်များမှုအပေါ်မှာ မူတည်မှာပါ။ ဒီမှာတော့ Undertaker က နံပတ် (၁) အကောင်း ဆုံးအဖြစ် ရွေးချယ်ခံထားရပါတယ်။

ပြီးရင်တော့ Stone Cold က အဆင့်(၂)၊ John Cena က အဆင့် (၃)၊ The Rock က အဆင့် (၄)၊ Shawn Michaels က အဆင့် (၅)၊ Triple H က အဆင့် (၆)၊ Hulk Horgan က အဆင့် (၇)၊ လက်ရှိ လူငယ်တွေထဲမှာ နာမည်ကြီး ရေပန်းစားနေ တဲ့ Randy Ortonက အဆင့် (၉) ရခဲ့ပြီး Ric Flair လို ဂန္တဝင်ကစားသမားက အဆင့် (၁၅)ပဲ ရထားတာ တွေ့ရပါတယ်။

Mirror

အင်္ဂလန်ရဲ့ သြဇာကြီး သတင်း Website ဖြစ်တဲ့ Mirror ကနေလည်း အကောင်းဆုံးနပန်းသမားကို ရွေးချယ်ဖော်ပြမှုရှိပါ တယ်။ သူကတော့ ပညာရှင်အနေနဲ့ရော သုံးသပ်သူအနေနဲ့ပါ ရွေးချယ်ပေးထားတာ ဖြစ်ပြီး နပန်းသမိုင်းတလျှောက်လုံး ပြန်ကြည့်ပြီး ရွေးထုတ်ပြထားတာပါ။

ဂန္တဝင်ကစားသမား Ric Flair ကပဲ အဆင့် (၁)နဲ့ အကောင်းဆုံးအဖြစ် ရွေးချယ်ခံထားရပါတယ်၊ သူ့နောက်မှာတော့ Shawn Michaels က အဆင့် (၂)၊ Stone Cold က အဆင့် (၃)၊ The Rock က အဆင့် (၄)၊ Undertaker က အဆင့် (၅)၊ John Cena က အဆင့်(၇)၊ Hulk Hogan က အဆင့် (၈) ရပါတယ်။ အခြား ထိပ်ဆုံး ၁၀ ဦးတန်းဝင် အကောင်းဆုံးကစားသမား တွေကတော့ လူသိနည်းပြီး ရှေ့ပိုင်း နပန်းပွဲတွေမှာ ထိုးသတ်ခဲ့တာမို့ ထည့်မပြောတော့တာပါဘူး။

Chain Raise

သတင်းဌာနအနေနဲ့ လူသိနည်းပေမယ့် အားကစားပိုင်းမှာတော့ ဝေဖန်ချက် ကောင်းကောင်းပေးနိုင်တဲ့ Chain Raise မှာ Triple H ကို အဆင့် (၁၈) လောက်ပဲ ပေးထားပါတယ်။ Ric Flair ကလည်း အဆင့် (၁၅)ပဲ ရပါတယ်။ Shawn Michales က အဆင့် (၁၁)၊  Stone Cold က အဆင့် (၆)၊ John Cenaက အဆင့် (၅)၊ Undertaker က အဆင့် (၃)၊ The Rock က အဆင့် (၂)နဲ့ Hulk Hogan က အဆင့်(၁) အဖြစ် အကောင်းဆုံး အရွေးချယ် ခံထားရတာ တွေ့ရပါတယ်။

Ranker

သူကလည်း အထက်မှာ ပြောခဲ့တဲ့ Top Ten နဲ့ ဆင်ပါတယ်။ Vote ပေးပြီး လူကြိုက်များမှု အပေါ်မှာ အကောင်းဆုံး ဖြစ် မယ်လို့ ဆိုတာပါ။ မဲပေးသူ ၆၈၁၀၀၀ ဦး ရှိပါတယ်။

ဒါဆိုရင်တော့ ပညာရှင်အနေနဲ့ သုံးသပ်ချက်ထက် လူကြိုက်များမှုကို မြင်နိုင်ပါတယ်။ ဒီမှာတော့ Stone Cold က အဆင့် (၁)နဲ့ အကောင်းဆုံး နပန်းသမားအဖြစ် ရွေးချယ်ခံထားရပါတယ်။
သူ့နောက်မှာတော့ Randy Savage က အဆင့် (၂)၊ Undertaker က အဆင့် (၃)၊ Hulk Hogan က အဆင့် (၄)၊ Bret Hartက အဆင့် (၅)၊ Shawn Michaels က အဆင့် (၁၀)၊ Ric Flairက အဆင့် (၁၁)၊ The Rockက အဆင့် (၁၂)၊ John Cena က အဆင့် (၁၅)တွေပဲ ရကြပါတယ်။ ထူးခြားချက်ကတော့ Triple H ဟာ အဆင့် (၂၇) ရောက်သွားသလို Randy Orton အဆင့် (၃၅) ဖြစ်နေပါတယ်။

Mens Fitness

လက်ဝှေ့၊ နပန်းနဲ့ ကိုယ်ကာယ အားကစားလောကမှာ နာမည်ကြီး Mens Fitnessရဲ့ ရွေးချယ်မှုမှာတော့ Undertaker က အဆင့် (၉)၊ Triple H က အဆင့်( ၇)၊ Shawn Michaels က အဆင့် (၆)၊ The Rock က အဆင့် (၄)၊ Hulk Horgan က အဆင့် (၃)၊ Stone Coldက အဆင့် (၂)နဲ့ Ric Flair ကိုပဲ အဆင့်(၁) ကမ္ဘာ့ အကောင်းဆုံး နပန်းသမားအဖြစ် ရွေးချယ် ထားတာ တွေ့ရပါတယ်။

Wonders List

နာမည်ကြီး ထိပ်ဆုံး ၁၀ စာရင်းတွေကိုပဲ ရွေးချယ်ဖော်ပြနေတဲ့ Wonders List မှာတော့ Hulk Horgan က အဆင့် (၇)၊ Undertaker က အဆင့် (၆)၊ Shawn Michaels က အဆင့် (၃)၊ Stone Cold က အဆင့် (၂)နဲ့ Ric Flair က အဆင့် (၁) အဖြစ် ရွေးချယ်ခံရပါတယ်။

အခြား ထိပ်ဆုံး ၁၀ဦးဝင် ကစားသမားတွေက အထက်မှာ ပြောခဲ့တဲ့ ထိပ်တန်းအဆင့်ဝင် ကစားသမားတွေ မဟုတ်တာ ကြောင့် ချန်လှပ်ခဲ့တာပါ။ အခုချိန်ထိအောင်တော့ Website အများစုမှာ အခု ရွေးချယ်ခံထားရတဲ့ နပန်းသမား အများစု ကိုပဲ အကောင်းဆုံးအဖြစ် အဆင့်အမျိုးမျိုး သတ်မှတ် ရွေးချယ်ထားကြတာ တွေ့ရပါတယ်။

Bleacher Report

ဒီမှာတော့ Hulk Hogan က အဆင့် (၈)၊ Stone Cold က အဆင့် (၆)၊ Triple H က အဆင့် (၅)၊ Undertaker က အဆင့် (၄)၊ Shawn Michaels က အဆင့် (၂)နဲ့ The Rock ကို အဆင့် (၁) ကမ္ဘာ့ အကောင်းဆုံး နပန်းသမားအဖြစ် ရွေးချယ် ထားပါတယ်။ The Rock ရဲ့ အဖေ၊ အဖိုးတွေပါ နပန်းသမားတွေ ဖြစ်သလို ကြိုးဝိုင်းအတွင်းအပြင် အောင်မြင်မှုတွေကြောင့် အခုလို ရွေးချယ်ထားတာလို့ ဖော်ပြထားပါတယ်။

Time inc

လက်ရှိ လူငယ် နပန်းသမား Randy Orton က အဆင့် (၁၇)၊ ကစားသမား သက်တမ်းတလျှောက် ရှုံးပွဲ အနည်းငယ်ပဲ ရှိခဲ့ တဲ့ Bret Hart က အဆင့်(၁၆)၊ Hulk Horgan အဆင့် (၈)၊ John Cena က အဆင့် (၇)၊ Undertaker က အဆင့် (၅) ၊ The Rock က အဆင့် (၄)၊ Stone Coldက အဆင့် (၃)၊ Shawn Michaels က အဆင့် (၂)နဲ့ Ric Flair ကိုပဲ အဆင့် (၁) အကောင်းဆုံးကစားသမား အဖြစ် ရွေးချယ်ထားပါတယ်။

ဧရာဝတီရဲ့ ရွေးချယ်မှု

ကျနော်တို့ရဲ့ အာဘော်နဲ့ပဲ ရွေးချယ်မှု ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တာကတော့ ဘယ် နပန်းသမားဟာ အကောင်းဆုံးဖြစ် တယ်ဆိုတာ သက်ဆိုင်ရာ Website အလိုက် ရွေးချယ်ခံထားရမှုကို ပြောခဲ့တာပါ။ ဒါပေမယ့် သေချာတာ တခုက အထက်မှ ပြောခဲ့တဲ့ ကစားသမားတွေအနေနဲ့ပဲ အကောင်းဆုံး နပန်းသမားအဖြစ် ရွေးချယ်ဖို့ သင့်ပါတယ်။

Hulk Hogan နဲ့ Ric Flairတို့ဟာ အများစုရဲ့ အကောင်းဆုံးအဖြစ် သတ်မှတ်တဲ့ နပန်းသမားတွေ ဖြစ်ပေမယ့် ဝါရင့်နပန်း သမားတွေသလို သူတို့ရဲ့ ပွဲစဉ်၊ လက်ရည်တွေကို ပြန်လည် ခံစားဖို့ အားနည်းချက် ဖြစ်နေတာကြောင့် ကျနော်အနေနဲ့တော့ သူတို့ နှစ်ယောက်ကို အကောင်းဆုံးအဖြစ် မရွေးချယ်ချင်ပါဘူး။ ဂန္တဝင် နပန်းသမားကောင်းကြီးတွေ အဖြစ်ပဲ သတ်မှတ်ပါ ရစေ။

ဒီနေ့ထိအောင် ရှေ့မီနောက်မီ ကစားသမားတွေကတော့ Undertaker, Stone Cold, Shawn Michaels, Triple H နဲ့ The Rock တို့ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း John Cena နဲ့ Randy Orton တို့က လက်ရှိ လူကြိုက်များ ကစားသမားတွေ ဖြစ် ပေမယ့် ကစားဟန်၊ ဝါနဲ့ ပညာတွေမှာ အခြား ကစားသမားတွေကို မီနိုင်ဖို့ လိုအပ်နေသေးတယ်လို့ မြင်မိပါတယ်။

အထက်မှာလည်း John Cenaနဲ့ Randy Orton တို့ဟာ အဆင့် ကောင်းကောင်း၊ နေရာများများ ရမထားလို့ သူတို့ကို အ ကောင်းဆုံးအဖြစ် သတ်မှတ်မယ့် စာရင်းကနေ ဖယ်ထုတ်လိုက်ပါရစေ။

ကစားပွဲ ကစားထားမှု အပိုင်းမှာတော့ Undertaker, The Rock, Stone Cold, Triple H နဲ့  Shawn Michaels အစဉ် လိုက်အတိုင်း နိုင်ပွဲရထားပါတယ်။ ဒါက သူတို့ ၅ ဦး ပတ်လည် ကစားထားမှု အနေအထားကို ပြန်ကြည့်ပြီး ပြောတာပါ။

Shawn Michaels အနေနဲ့ လူကောင်းသေးပေမယ့် အရမ်း ခံနိုင်ရည် ရှိရှိနဲ့ ကစားတတ်လို့ ဇွဲကောင်းတယ်လို့ လူကြိုက်များ ပေမယ့် အောင်မြင်မှု မရှိသလို နိုင်ပွဲ အနည်းဆုံးမို့ အခု သူ့ကို ဖယ်ထုတ်လိုက်ပါရစေ။

Triple H နဲ့ Stone Cold မှာတော့ ကစားကွက်မှာ Stone Coldက သာပါတယ်၊ ပရိတ်သတ်ကို ဆွဲဆောင်နိုင်မှုမှာတော့ Triple H က သာပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ဟာ ကျန်တဲ့ Undertaker နဲ့ The Rock လောက် နိုင်ပွဲ မရသလို ပရိတ်သတ် မရှိပါဘူး။

ဒီတော့ ကျနော်တို့ အခု အကောင်းဆုံးနပန်းသမားကို The Rock နဲ့ Undertaker နှစ်ဦးထဲကနေပဲ ရွေးချယ်ပေးချင်ပါ တယ်။ ဒါဆိုရင်တော့ နိုင်ပွဲရမှုအပိုင်းမှာရော ကစားကွက်နဲ့ သန်မာမှုမှာပါ ပိုသာတဲ့ Undertaker ကို ကမ္ဘာ့အကောင်းဆုံး နပန်းသမားအဖြစ် ရွေးချယ်ရမှာပါ၊

ဒီနေရာမှာ တချက်သတိရမိတာက WWE ဟာ အားကစား ဆိုတာထက် Entertainment ဆိုတဲ့ ဖျော်ဖြေရေးပုံစံ သွားပါ တယ်။ ဒါဆိုရင်တော့ ToyTube လို နေရာမှာက အစ ဟောလီးဝုဒ်မှာပါ အောင်မြင်တယ်၊ ကြိုးဝိုင်း အတွင်းအပြင် ပရိတ် သတ် အများဆုံး ရှိနေတဲ့ The Rock ကို အကောင်းဆုံးအဖြစ် ရွေးချယ်ရတော့မှာပါ။

ကစားကွက်၊ သန်မာမှု၊ ခန္ဓာကိုယ်အနေအထား၊ ဖျော်ဖြေမှု ပေးနိုင်ခြင်း၊ လူကြိုက်များမှု၊ အသက်အရွယ်၊ အားလုံးမှာ The Rock ဟာ Undertaker ထက် သာလွန်နေပါတယ်။ ဒါဆိုရင်တော့ ကျနော်တို့အနေနဲ့ကတော့ The Rock ကို ကမ္ဘာ့ အ ကောင်းဆုံး နပန်းသမားအဖြစ် ရွေးချယ်သတ်မှတ်ချင်ပါတယ်။

The post ကမ္ဘာ့အကောင်းဆုံး နပန်းသမားများ အကြောင်း appeared first on ဧရာဝတီ.


မကြာမီ ကျင်းပတော့မယ့် CONCACAF Gold Cup ဘောလုံးပြိုင်ပွဲ

$
0
0

CONCACAF Gold Cup ဘောလုံးပြိုင်ပွဲဟာ မြောက်အမေရိက၊ ဗဟိုအမေရိကနဲ့ ကာရေဘီယံနယ်တွေက နိုင်ငံ ကိုယ်စားပြု အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံ လုပွဲပါ။ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကတည်းက စတင် ကျင်းပလာခဲ့တာပါ။ အသင်းပေါင်း ၁၂ သင်း ပါဝင် ယှဉ်ပြိုင်ပါတယ်။ အခုနှစ် CONCACAF Gold Cup ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၇ ရက်နေ့ကနေ ၂၆ ရက်နေ့ ထိအောင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

အခုချိန်ထိအောင် CONCACAF Gold Cup မှာ အအောင်မြင်ဆုံး အသင်းက မက္ကဆီကို ဖြစ်နေပြီး ပြီးခဲ့တဲ့ နောက်ဆုံး အကြိမ် ၂၀၁၅ ခုနှစ် CONCACAF Gold Cup မှာလည်း ချန်ပီယံဆုကို ရယူထားတာ တွေ့ရပြီး မက္ကဆီကို ပြိုင်ပွဲ သက်တမ်း တလျှောက် ၁၂ ကြိမ်မှာ ချန်ပီယံ ၇ ကြိမ် ရရှိထားပါတယ်။ ပြိုင်ပွဲကို ၂ နှစ် ၁ ကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ FIFA ရဲ့ ဘောလုံးအဆင့် သတ်မှတ်ချက်အရ အဆိုပါ နယ်အတွင်း အကောင်းဆုံး အသင်း ၁၂ သင်းပဲ ခြေစစ်ပွဲတွေ ကစားပြီး ဝင်ရောက်ခွင့် ရတာပါ။

ချန်ပီယံ အနေနဲ့ကတော့ မက္ကဆီကိုက ၇ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ အမေရိကန်က ချန်ပီယံ ၅ ကြိမ်၊ ဒုတိယ ၄ ကြိမ်၊ ကနေဒါက ချန်ပီယံ ၁ ကြိမ်၊ နာမည်ကြီး ဘရာဇီးက ဒုတိယ ၂ ကြိမ်၊ ကော်စတာရီကာ၊ ကိုလမ်ဘီယာ၊ ဂျမေကာ၊ ဟွန်ဒူးရပ်စ်တို့က ဒုတိယ ၁ ကြိမ်စီ ရရှိထားပါတယ်။ အိမ်ရှင် အဖြစ် အများဆုံး လက်ခံ ကျင်းပသူကတော့ အမေရိကန်ပါ။ ၁၃ ကြိမ်ထိအောင် လက်ခံ ကစားထားပါတယ်၊ မက္ကဆီကိုက ၂ ကြိမ်၊ ကနေဒါက ၁ ကြိမ် လက်ခံကစားထားတာပါ။

အခုနှစ် ပြိုင်ပွဲကိုလည်း အမေရိကန်နိုင်ငံက မြို့ပေါင်း ၁၄ မြို့က ကစားကွင်းတွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်တဲ့ အသင်းက လာမယ့် ၂၀၁၉ ခုနှစ် CONCACAF Gold Cup အတွက်ရော Confederations Cup အတွက်ပါ ခြေစစ်ပွဲ ကစားစရာ မလိုဘဲ ဝင်ခွင့် ရပါမယ်။ အခုနှစ် ပါဝင် ယှဉ်ပြိုင်မယ့် အသင်းတွေက မြောက်အမေရိက ၃ သင်း၊ ဗဟိုအမေရိက က ၄ သင်း၊ ကာရေဘီယံက ၄ သင်း၊ ကာရေဘီယံနယ်နဲ့ ဗဟိုအမေရိက ခြေစစ်ပွဲမှာ အဆင့် ၅ ရရှိသူ ၂ သင်း၊ ရှုံးထွက် ကစားပွဲမှာ အနိုင်ရရှိလာတဲ့ ၁ သင်း၊ စုစုပေါင်း ၁၂ သင်း ပါဝင်ကစားမှာပါ။

ဒီနှစ်မှာ ပါဝင်ကစားမယ့် အသင်း ၁၂ သင်းကတော့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ၊ ဟွန်ဒူးရပ်၊ ပနားမား၊ အယ်လ်ဆာဗေဒို၊ ကော်စတာရီကာ၊ ကူရာကာအို၊ ဂျမေကာ၊ ဖရန့်အူရာနာ၊ မာတီနီကွာ၊ နီကာရာဂွာ အသင်းတွေ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ အုပ်စု (က) ပွဲစဉ်တွေကို ဇူလိုင် ၇ ရက်မှာ ဖရန့် ဂူရာနာနဲ့ ကနေဒါ၊ ဟွန်ဒူးရပ်နဲ့ ကော်စတာရီကာ၊ ဇူလိုင် ၁၁ ရက်နေ့မှာ ကော်စတာရီကာနဲ့ ကနေဒါ၊ ဟွန်ဒူးရပ်နဲ့ ဖရန့် ဂူရာနာ၊ ဇူလိုင် ၁၄ ရက်နေ့မှာ ကော်စတာရီကာနဲ့ ဖရန့်ဂူရာနာ၊ ကနေဒါနဲ့ ဟွန်ဒူးရပ်စ်တို့ ကစားမှာပါ။

အုပ်စု (ခ) မှာတော့ ဇူလိုင် ၈ ရက်နေ့မှာ အမေရိကန်နဲ့ ပနားမား၊ မာတီနီကွာနဲ့ နီကာရာဂွာ၊ ဇူလိုင် ၁၂ရက်နေ့မှာ ပနားမားနဲ့ နီကာရာဂွာ၊ အမေရိကန်နဲ့ မာတီနီကွာ၊ ဇူလိုင် ၁၅ ရက်နေ့မှာ နီကာရာဂွာနဲ့ အမေရိကန်၊ ပနားမားနဲ့ မာတီနီကွာတို့ ကစားမှာ ဖြစ်ပါတယ်။

အုပ်စု (ဂ) မှာတော့ ဇူလိုင် ၉ ရက်နေ့မှာ ကူရာကာအိုနဲ့ ဂျမေကာ၊ မက္ကဆီကိုနဲ့ အယ်လ်ဆာဗေဒို၊ ဇူလိုင် ၁၃ ရက်နေ့မှာ အယ်လ်ဆာဗေဒိုနဲ့ ကူရာကွာအို၊ မက္ကဆီကိုနဲ့ ဂျမေကာ၊ ဇူလိုင် ၁၆ ရက်နေ့မှာ ဂျမေကာနဲ့ အယ်လ်ဆာဗေဒိုု၊ ကူရာကွာအိုနဲ့ မက္ကဆီကိုတို့ ကစားမှာ ဖြစ်ပါတယ်။

နောက် ဒုတိယ အဆင့်မှာတော့ အုပ်စု (က) ရဲ့ အုပ်စုပထမနဲ့ အုပ်စု (ခ) ရဲ့ အုပ်စု ဒုတိယ၊ အုပ်စု (ခ) ရဲ့ အုပ်စု ပထမနဲ့ အုပ်စု (က) နဲ့ အုပ်စု ဒုတိယ၊ အုပ်စု (ဂ) ရဲ့ တတိယ ရရှိတဲ့ အသင်းကနေ ရှုံးထွက်ပွဲမှာ အနိုင်ရရှိသူ၊ အုပ်စု (ဂ) ရဲ့ အုပ်စု ပထမနဲ့ အုပ်စု (က) နဲ့ အုပ်စု (ခ) ရဲ့ တတိယ နေရာရရှိတဲ့ အသင်း ၂ သင်းကနေ ရှုံးထွက်ပွဲမှာ အနိုင်ရရှိသူ၊ အုပ်စု (ခ) ရဲ့ ဒုတိယနဲ့ အုပ်စု (က) ရဲ့ အုပ်စု ဒုတိယတွေ အဖြစ် ကွာတား ဖိုင်နယ်ကို ကစားရမှာ ဖြစ်ပါတယ်။ နိုင်ပွဲရသူတွေက ဆီမီးဖိုင်နယ်ကို တက်နိုင်မှာ ဖြစ်ပြီး၊ ကွာတားဖိုင်နယ်ကို ဇူလိုင် ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကစားမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကိုတော့ ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ကစားမှာ ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကတော့ ဇူလိုင် ၂၆ ရက်နေ့ စင်တာကလာရာမှာ ရှိတဲ့ လီဗီအားကစားကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။ ။

Ref: www.wonderlist.com & www.concacaf.com

The post မကြာမီ ကျင်းပတော့မယ့် CONCACAF Gold Cup ဘောလုံးပြိုင်ပွဲ appeared first on ဧရာဝတီ.

ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံးသမား ၁၀ ဦး

$
0
0

လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး အဖြစ် ရပ်တည်နေတဲ့ နာမည်ကျော် ဘောလုံး သမား ၁၀ ဦး အကြောင်းပဲ ပြောပြပါမယ်။ အဲဒီထဲမှာ ကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်တဲ့ ဘောလုံး သမားတွေလည်း ပါဝင်ပါတယ်။

(၁၀) ဖရန့် လမ်းပတ်။ ။ ချယ်ဆီးလ် အသင်းရဲ့ ဂန္ထဝင် ကွင်းလယ် ကစားသမားကောင်း တယောက်ပါ။ အသင်း အတွက် ၁၃ နှစ် ကြာအောင် ကစားပေးခဲ့ပါတယ်။ အင်္ဂလန် ကစားသမားတွေထဲမှာတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ဝိန်းရွန်းနီ ပြီးရင် အချမ်းသာဆုံး ကစားသမား ဖြစ်ပြီး ဒေါ်လာ ၈၇ သန်း ချမ်းသာတာ တွေ့ရပါတယ်။

(၉) ရော်နယ်ဒင်ဟို။ ။ ဘရာဇီးနိုင်ငံရဲ့ အကောင်းဆုံး ဘောလုံး ကစားသမားတွေထဲက တဦးပါ။ ကွင်းလယ် ကစားသမား ဆိုပေမယ့် နောက်ချန် တိုက်စစ်မှူး အဖြစ် အကောင်းဆုံး လိုက်ပါ ကစားပေးနိုင်သူပါ။ ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်အတွက် FIFA World Footballer ဆန်ကာတင် စာရင်းမှာ ပါရှိခဲ့သလို ၂၀၀၅ ခုနှစ် Ballon d’Or အတွက်လည်း စာရင်းသွင်း ခံခဲ့ရပါတယ်။ လက်ရှိမှာ ဒေါ်လာ ၉၀ ဒသမ ၆ သန်း ပိုင်ဆိုင်နေပါတယ်။

(၈) ရာအူး။ ။ စပိန်ဘောလုံး သမားတွေထဲက အကောင်းဆုံး ကစားသမား တဦးပါ။ နာမည်ကြီး ရီးရဲမက်ဒရစ် အသင်း အတွက် ၁၆ နှစ် ကြာ ကစားပေးခဲ့သူပါ။ ကစားသမား သက်တမ်း တလျှောက်မှာ ၃၂၃ ဂိုး သွင်းခဲ့ပါတယ်။ ချန်ပီယံလိဂ် ဖလား အပါအဝင် UEFA Super Cup ၂ လုံး ထိအောင် ရယူထားနိုင်တာ တွေ့ရပါတယ်။ ဒေါ်လာ ၉၃ သန်း ချမ်းသာသူပါ။

(၇) ဆမ်မြူရယ် အီတိုး။ ။ အာဖရိက ကစားသမားတွေထဲမှာ အချမ်းသာဆုံး ကစားသမားပါ။ ၂၀၀၅ ခုနှစ်ရဲ့ FIFA World Player ဆုကို ရရှိထားပါတယ်။ အန်ဇီ အသင်းမှာ ကစားချိန်အတွင်း ကမ္ဘာ့ လစာ အမြင့်ဆုံး ကစားသမား ဖြစ်လာပြီး ၁ နှစ်ကို လစာ ဒေါ်လာ ၂၅ သန်း ရခဲ့ပါတယ်။ ကင်မရွန်း ကိုယ်စားပြု တိုက်စစ်မှူးပါ။ လက်ရှိမှာ ဒေါ်လာ ၉၅ သန်း ပိုင်ဆိုင်ပါတယ်။

(၆) ကာကာ။ ။ ဘရာဇီးရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦးပါ။ ရီးရဲမက်ဒရစ် အတွက် ကွင်းလယ် ကစားသမား အဖြစ် ကစားရင်း နာမည်ကြီးလာခဲ့ပါတယ်။ အမေရိကန် ပြည်တွင်း MLS ပြိုင်ပွဲဝင် အော်လန်ဒိုစီးတီး အသင်းမှာ ၁ နှစ်ကို လစာ ၇ ဒသမ ၂ သန်းနဲ့ ကစားနေပါတယ်။ UN ရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်မှာ ပါဝင် ကူညီနေသူ ပါ။ ဒေါ်လာ ၁၀၅ သန်း ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

(၅) ဝိန်း ရူနီ။ ။ အင်္ဂလန်အသင်း အတွက်ရော မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ပါ။ ဂိုးသွင်း အများဆုံး စံချိန်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မန်ယူ အသင်းမှာ ၁ ပတ်ကို လစာ ပေါင် ၃ သိန်း ရပြီး လက်ရှိ အင်္ဂလန်လိဂ် တွေထဲမှာ လစာ အများဆုံး ရရှိသူ တဦးလည်း ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု ဒေါ်လာ ၁၁၂ သန်း ရှိပါတယ်။

(၄) ဇလာတန် အီဗရာ ဟီမိုဗစ်။ ။ လက်ရှိ မန်ယူရဲ့ တိုက်စစ်မှူးပါ။ ပြင်သစ် ကလပ် PSG မှာ ကစားခဲ့ပါတယ်။ Nike ကုမ္ပဏီကနေလည်း စပွန်ဆာပေးထားပြီး အဲဒီကနေ ၁ နှစ်ကို ဝင်ငွေ ဒေါ်လာ ၄ သန်းလောက် ရပါတယ်။ ဆွီဒင် ကစားသမားတွေ ထဲက အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒေါ်လာ ၁၁၄ သန်း ပိုင်ဆိုင်ပါတယ်။ လာမယ့်နှစ် ဘောလုံး ရာသီမှာ မန်ယူကနေ ထွက်ခွာဖို့လည်း သတင်းထွက်နေသူပါ။

(၃) နေမာ။ ။ အလားအလာ အကောင်းဆုံး တိုက်စစ်မှူး မျိုးဆက်သစ်လို့ သတ်မှတ်ခံထားရတဲ့ ဘရာဇီး လူငယ် ကစားသမား ပါ။ လက်ရှိမှာ စပိန် ပြည်တွင်း ဘာစီလိုနာမှာ ကစားနေသူပါ။ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ဝင်ငွေ အများဆုံး ရခဲ့ပြီး Forbes ရဲ့ ဖော်ပြချက်မှာ ဒေါ်လာ ၃၃ ဒသမ ၆ သန်းလောက် ရခဲ့သူပါ။ အသင်းနဲ့ အတူ ၂၀၁၉ ထိအောင် စာချုပ်ရှိနေပါတယ်။ လက်ရှိမှာ ဒေါ်လာ ၁၄၈ သန်း ချမ်းသာသူပါ။

(၂) လိုင်ယွန်နီ မက်ဆီ။ ။ စပိန် အသင်း ဘာစီလိုနာမှာ ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူးပါ။ အသင်းကနေ ရရှိတဲ့ လစာတွေ အပြင် အခြား Adidas, EA Sports, Turkish Air Lines နဲ့ အခြား ကုမ္ပဏီတွေ ကနေလည်း စပွန်ဆာ ရနေပါသေးတယ်။ ငွေကြေးအပြင် အခြား ပိုင်ဆိုင်မှုတွေ အရ ဒေါ်လာ ၂၁၈ သန်းထိ ချမ်းသာသူပါ။

(၁) ခရစ်စတီယာနို ရော်နယ်ဒို။ ။ စပိန်ကလပ် ရီးရဲမက်ဒရစ်ရဲ့ လက်ရှိ တိုက်စစ်မှူး ဖြစ်ပြီး ပေါ်တူဂီ ကစားသမားပါ။ မန်ယူကနေ ၂၀၀၉ ခုနှစ်မှာ ရီးရဲကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာသူပါ။ Motorola, Nike နဲ့ Tag Heuer လို ကုမ္ပဏီတွေနဲ့ စပွန်ဆာ ရှိပါတယ်။ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး ဘောလုံးသမား အဖြစ် အင်္ဂလန် ကစားသမား ဒေးဗစ် ဘက်ခမ်းနဲ့ အတူ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၂၃၀ ရှိပါတယ်။

Ref: www.wonderlist.com

The post ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံးသမား ၁၀ ဦး appeared first on ဧရာဝတီ.

ဘာစီလိုနာမှာ ၂၀၂၁ အထိ ဆက်ရှိနေဦးမယ့် မက်ဆီ

$
0
0

ဘာစီလိုနာတိုက်စစ်မှူး လီယိုနယ်မက်ဆီဟာ လက်ရှိအသင်းနဲ့ ၄ နှစ်စာ သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး ၂၀၂၁ ခုနှစ်အထိ ဆက်လက်ကစားဦးမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဘာစီလိုနာနည်းပြဟောင်းဖြစ်တဲ့ ဂွာဒီယိုလာဟာ လက်ရှိအသင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းအတွက် ယခုနှစ်အစောပိုင်းလောက်က မက်ဆီနဲ့ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

မက်ဆီရဲ့အဖေနဲ့ ကိုယ်စားလှယ်တို့ဟာ ဘာစီလိုနာအသင်းနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှစပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာပါ။ သို့သော်လည်း စာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်ရာမှာတော့ အနည်းငယ် ကြန့်ကြာနေခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းကို အသက် ၁၃ နှစ်သားအရွယ်မှာ စတင်ရောက်ရှိလာပြီး၂၀၀၄ ခုနှစ်မှာ စတင် ပွဲထွက်ခွင့်ရခဲ့တာပါ။ ကျောနံပတ် ၁၀ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါပြိုင်ပွဲအတွက် ၃၄၉ ဂိုး သွင်းယူထားပြီး ပြိုင်ပွဲအရပ်ရပ်အတွက်တော့ ဂိုးပေါင်း ၅၀၇ ဂိုးအထိ သွင်းယူပေးထားပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ မက်ဆီဟာ သူ့ရဲ့ငယ်ချစ်ဦးဖြစ်တဲ့ Antonella Roccuzo နဲ့ ပြီးခဲ့တဲ့ တပတ်ကပဲ လက်ထပ်ထိမ်းမြားခဲ့ပြီး ပျားရည်စမ်းခရီးမှပြန်ရောက်ချိန်မှာ ယခုလို သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ကြောင်းလည်း အသင်းမှပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “မက်ဆီဟာ အသင်းမှာ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရှိနေမှာပါ။ သူရဲ့ ဘောလုံးသမားဘဝကို လက်ရှိအချိန်ထိ ဘာစီလိုနာမှာဘဲ မြှုပ်နှံထားခဲ့တဲ့အတွက် ဝမ်းမြောက် ဝမ်းသာဖြစ်မိပါတယ်”ဆိုပြီး အသင်းကလည်း ထုတ်ပြန်ကြေညာခဲ့တာပါ။

လက်ရှိမှာတော့ မက်ဆီဟာ အသင်းမှာကြေးအမြင့်ဆုံးကစားသမား အနေနဲ့ ရပ်တည်နေပြီး ယူရိုငွေ ၃၀၀ မီလီယံအထိ ရှိနေပါတယ်။ လူးဝစ်ဆွာရတ်စ်နဲ့နေမာတို့ကတော့ မက်ဆီရဲ့နောက်မှာ အသီးသီး ရပ်တည် နေခဲ့ပါတယ်။

Ref: dailystar

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ဘာစီလိုနာမှာ ၂၀၂၁ အထိ ဆက်ရှိနေဦးမယ့် မက်ဆီ appeared first on ဧရာဝတီ.

မန်ယူမှာ လက်စွမ်းပြနေတဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာ

$
0
0

ဒေးဗစ်ဒီဂီယာ ကို မြန်မာ ဘောလုံးဝါသနာရှင်များ သိကြမယ် ထင်ပါတယ်။ ပြည်တွင်းမှာ လူကြိုက် အများဆုံး၊ စိတ်အဝင်စားဆုံး အားကစားက ဘောလုံး ဖြစ်နေသလို လူကြိုက်အများဆုံးက အင်္ဂလန် အမှတ်ပေးပွဲ၊ ဒီထဲကမှ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီးလ် အသင်းတွေ ဖြစ်ပါတယ်။ ပရိတ်သတ် စိတ်ဝင်စားမှု အများဆုံးက မန်ယူ ဖြစ်ပြီး ဒီဂီယာဆိုတာက မန်ယူရဲ့ ပင်တိုင် ဂိုးသမားပါ။

ဆာ အဲလက်စ်ဖာဂူဆန် အနားယူသွားပြီး နောက်ပိုင်း နည်းပြတွေ မကြာခဏ အပြောင်းအလဲ ဖြစ်နေသလို နည်းပြနဲ့ ကစားသမားတွေ အကြား အသားမကျမှုကနေ မန်ယူရဲ့ ပြည်တွင်း အမှတ်ပေးဖလား အိပ်မက်တွေ ပျက်နေခဲ့ရပေမယ့် မန်ယူရဲ့ ရှုံးပွဲတွေကို အကောင်းဆုံး တားဆီး ကာကွယ်ပေးနိုင်သူလို့ ဒီဂီယာကို သတ်မှတ်ခံလာရပါတယ်။

တနှစ်တာ အကောင်းဆုံး ကစားသမား စာရင်းမှာလည်း ဂိုးသမား နေရာအတွက် ဒီဂီယာ ကို ကျော်ပြီး အခြား ပြိုင်ဖက် အသင်းတွေက ဂိုးသမား ပေါ်မလာသေးပါ။ အထူးသဖြင့် အခု နောက်ဆုံး ၂ ရာသီဆက်မှာ ဒီဂီယာ ရဲ့ အကောင်းဆုံး လက်စွမ်းနဲ့ အသင်းကို ကာကွယ်မှုတွေ ပေးနေတာပါ။ ဒေးဗစ်ဂီယာ အကြောင်း ပြောပြပါ့မယ်။

နာမည် အပြည့်အစုံက David de Gea Quintana ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ စပိန်နိုင်ငံ၊ မက်ဒရစ်မှာ မွေးတဲ့ စပိန်သား ဖြစ်ပြီး ကလပ် အသင်း အနေနဲ့ မန်ယူ မှာ ဂိုးဖမ်းသလို နိုင်ငံကိုယ်စားပြု အတွက် စပိန်အသင်း ဂိုးသမား နေရာကို တာဝန်ယူထားသူပါ။

ဘောလုံး သမားတွေထဲမှာ ဒီဂီယာက ပိန်ပိန် သေးသေး ဆိုပေမယ့် အရပ်က ၆ ပေနဲ့ ၄ လက်မ ရှိပါတယ်။ စပိန် ကလပ် အက်သလက်တီကို မက်ဒရစ် ရဲ့ အကောင်းဆုံး ကစားသမား မွေးထုတ်နိုင်မှုထဲက တဦးပါ။ ဘောလုံးလောကထဲကိုတော့ ၂၀၀၃ ခုနှစ်ကနေ စတင် ဝင်ရောက်လာခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပြီး အက်သလက်မှာပဲ ၂၀၀၃ ကနေ ၂၀၀၈ ခုနှစ် ထိ ဘောလုံးပညာ သင်နေခဲ့ပါတယ်။ ကစားသမား ဘဝကိုတော့ ၂၀၀၈ ခုနှစ်မှာ အက်သလက်ရဲ့ တန်းခွဲ အသင်းငယ် အက်သလက်တီကို မက်ဒရစ် ဘီ အသင်းမှာ စခဲ့ပါတယ်။

အဆိုပါ အက်သလက် ဘီ အသင်းမှာ ၂၀၀၉ ခုနှစ်ထိအာင် ၁ ရာသီအတွင်း ၃၅ ပွဲလုံး ပါဝင်ခွင့်ရခဲ့ သလို သူ့ရဲ့ လက်ရည် ကြောင့် ၂၀၀၉ ခုနှစ်မှာ အက်သလက် အသင်းကြီးမှာ ကစားခွင့် ရလာပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အတွင်း ဘောလုံးရာသီ ၂ ရာသီမှာ ပွဲစဉ် ၅၇ ပွဲကို ပါဝင်ခွင့်ရလာပါတယ်။

အဲဒီကာလတွေဟာ ဒီဂီယာရဲ့ သက်ငယ်ဘ၀ ဆိုပေမယ့် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ သလို အခြား နာမည်ကြီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး စတင် ရရှိလာခဲ့တာ ပါ။ ၂၀၁၁ ခုနှစ်မှာတော့ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ မန်ယူကို ရောက်လာပါတယ်။ အင်္ဂလန် သမိုင်းမှာတော့ ဂိုးသမား တယောက်အတွက် ပြောင်းရွှေ့ကြေး အများဆုံး သုံးပြီး ခေါ်ယူမှု ဖြစ်ခဲ့ပြီး ပေါင် ၁၇ ဒသမ ၈ သန်း ကုန်ကျခဲ့တာပါ။ အခုနှစ် ဘောလုံးရာသီထိအောင် ပွဲစဉ် ၂၀၀ ပါဝင် ထားပါတယ်။

အက်သလက် ဘီ အသင်းမှာ ကစားနေစဉ် ကတည်းက ဒီဂီယာရဲ့ လက်စွမ်းဟာ နိုင်ငံအသင်း အတွက် ရွေးချယ်ခံရ လောက်အောင် ကောင်းမွန်နေခဲ့တာပါ။ စပိန် ၁၅ နှစ်အောက် အသင်း အတွက် ၂၀၀၄ မှာကတည်းက ပါဝင်ခွင့် ရခဲ့ပြီး အသက်အရွယ် အလိုက် ၁၅ နှစ်အောက် အသင်း အတွက် ၁၂ ပွဲ၊ ၁၇ နှစ်အောက် အသင်း အတွက် ၁၅ ပွဲ၊ ၁၉ နှစ်အောက် အသင်းအတွက် ၁၅ ပွဲ၊ ၂၀ နှစ်အောက် အသင်းအတွက် ၁ ပွဲ၊ ၂၁ နှစ်အောက် အသင်းအတွက် ၂၇ပွဲ၊ ၂၃ နှစ်အောက် အသင်းအတွက် ၅ ပွဲနဲ့ စပိန်လက်ရွေးစင် အသင်းအတွက် အခုချိန်ထိအောင် ပွဲ ၂၀ ပါဝင်ခွင့်ရထားတာ တွေ့ရပါတယ်။

သူ့ရဲ့ စွမ်းရည်နဲ့ ပတ်သတ်ပြီး သတိရစရာတွေကတော့ ၂၀၁၀ ခုနှစ် အတွင်း အက်သလက်ကို UEFA Europa League ဖလားရော၊ အဆိုပါ ဖလား ရယူနိုင်မှုကြောင့် ချန်ပီယံလိဂ်ဖလား ရသူ အသင်းနဲ့ ကစားရတဲ့ UEFA Super Cup ဖလား ရယူနိုင်ဖို့ အတွက် သူ့ရဲ့ လက်စွမ်းကောင်းတွေနဲ့ ကာကွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာလည်း မန်ယူနဲ့ အတူ ယူရိုပါလိဂ် ဖလား ရယူထားနိုင်တာ တွေ့ရပြီး ၂၀၁၀ ခုနှစ်ကလိုပဲ Super Cup ထပ် ယူနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။ မကြာခင်မှာ ချန်ပီယံလိဂ် ဖလား ရထားတဲ့ ရီးရဲမက်ဒရစ်နဲ့ Super Cup ဖလား လုရမှာ ပါ။ မန်ယူကို ရောက်ပြီး ၂ နှစ် အကြာ ၂၀၁၃-၁၄ ဘောလုံး ရာသီကနေ ၂၀၁၅-၁၆ ရာသီ ထိအောင် ၃ ရာသီဆက် Sir Matt Busby Player of the Year ကို ရထားတာလည်း တွေ့ရပါတယ်။

ဆုဖလား ရယူထားနိုင်မှုမှာတော့ အက်သလက်မှာ ၂၀၀၉-၁၀ ခုနှစ် ယူရိုပါလိဂ်ဖလား၊ ၂၀၁၀ ခုနှစ် အတွက် စူပါကပ်ဖလား၊ မန်ယူမှာ ၂၀၁၂-၁၃ ရာသီ အမှတ်ပေးဖလား၊ ၂၀၁၅-၁၆ ရာသီမှာ အက်ဖ်အေ ဖလား၊ ၂၀၁၆-၁၇ ရာသီ EFL ဖလား၊ ၂၀၁၆-၁၇ ရာသီ ယူရိုပါလိဂ်ဖလား၊ ကွန်မြူနတီဒိုင်း ရရှိမှုမှာ ၂၀၁၁၊ ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ် အဖွင့်ပွဲတွေ အတွက် ရရှိထားတာ တွေ့ရပါတယ်။

နိုင်ငံတကာ ပြိုင်ပွဲတွေမှာတော့ စပိန် ၁၇ နှစ်အောက် အသင်းနဲ့ အတူ ၂၀၀၇ ခုနှစ်မှာ ဥရောပ ၁၇ နှစ်အောက် ချန်ပီယံ ဖလား ရထားပါတယ်၊ ၂၁ နှစ်အောက် အသင်းနဲ့ အတူ ၂၀၁၁ နဲ့ ၂၀၁၃ ခုနှစ် တွေမှာ ဥရောပ ၂၁ နှစ်အောက် ချန်ပီယံ ဖလား ၂ လုံး ရခဲ့ပါတယ်။ တဦးချင်း ထူးချွန်ဆုတွေ အဖြစ် ၂၀၁၁ နဲ့ ၂၀၁၃ တွေမှာ ၂၁ နှစ်အောက် အကောင်းဆုံး ဂိုးသမားဆု၊ အင်္ဂလန် အမှတ်ပေးပွဲတွေမှာ ၂၀၁၂-၁၃၊ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇ ဘောလုံး ရာသီတွေ အတွက် PFA အကောင်းဆုံး ဂိုးသမားဆုတွေ ရထားပါတယ်။

၁ လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ရခဲ့ပါတယ်။ မန်ယူ ကစားသမားချင်း မဲပေးပြီး ရွေးချယ်ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆု ကိုလည်း ၂၀၁၃-၁၄ နဲ့ ၂၀၁၄-၁၅ ရာသီတွေ အတွက် ရရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ မန်ယူမှာ အကောင်းဆုံး စွမ်းရည်ပြ ကစားနေတဲ့ ဒီဂီယာကို အခြား နာမည်ကျော် ကလပ်တွေက ခေါ်ယူဖို့ ချဉ်းကပ် ခံနေရသလို အသက် ၂၇ နှစ်ပဲ ရှိသေးတဲ့ ဂိုးသမား အတွက်တော့ နောက်ထပ် ဘောလုံး လောကမှာ ၅ နှစ်လောက် အကောင်းဆုံး ဖြတ်သန်းနိုင်နေဦးမှာ အသေအချာပါပဲ။ ။

Ref: www.wonderlist.com

The post မန်ယူမှာ လက်စွမ်းပြနေတဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာ appeared first on ဧရာဝတီ.

International Champions Cup ပြိုင်ပွဲတွေ လာတော့မယ်

$
0
0

နာမည်ကျော် ဘောလုံးကလပ် အသင်းကြီးတွေ ပါဝင်ကစားမယ့် International Champions Cup ပြိုင်ပွဲ ကတော့ လာမယ့် ဇူလိုင် ၁၈ ကနေ သြဂုတ်လအတွင်းထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ International Champions Cup လို့ ဆိုမေယ့် ဖိတ်ခေါ် ခြေစမ်းပြိုင်ပွဲသဘောမျိုး ဖြစ်ပါတယ်။ လက်ခံ ကစားမယ့် နိုင်ငံတွေကလည်း ပြည်တွင်းက ဘောလုံးပရိတ်သတ်တွေကို ဖျော်ဖြေမှု ကောင်းကောင်း ပေးနိုင်ပြီး ကွင်းတွင်းထိ ကြည့်ရှုခွင့် ရနိုင်သလို သွားရောက် ကစားမယ့် ကလပ် အသင်းတွေကလည်း ပြည်ပမြေမှာ ကစားရင ်းအသင်းပရိတ်သတ်တွေနဲ့ ထိတွေ့ခွင့်ရမှာပါ။

အခုနှစ် International Champions Cup အကြောင်းမပြောခင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပြိုင်ပွဲအကြောင်း နည်းနည်း ပြောချင်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၂ ကနေ သြဂုတ် ၁၃ ရက်နေ့ထိ ကစားခဲ့ပါတယ်။ သြစတြေးလျ၊ ဆွီဒင်၊ စကော့တလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ တရုတ်နဲ့ အမေရိကန်တွေမှာ ကစားခဲ့တာပါ။ အသင်း ၁၇ သင်း ပါဝင်ခဲ့ပါတယ်။ သြစတြေးလျမှာတော့ အီတလီအခြေစိုက် ဂျူဗင်တပ်ကချန်ပီယံ ဖြစ်ခဲ့ပြီး၊ တရုတ်မှာတော့ ပွဲစဉ် တချို့ မကစားဖြစ်ခဲ့လို့ ချန်ပီယံမပေါ်ထွက်ခဲ့ပါဘူး။ အမေရိကန်နဲ့ ဥရောပ ရပ်ဝန်း အတွက် ပြင်သစ် အခြေစိုက် PSG အသင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

International Champions Cup မှာ ဘယ်လိုချန်ပီယံပေးသလဲ။

အရင်နှစ်က သြစတြေးလျမှာ ကစားခဲ့တဲ့ International Champions Cup အသင်း ၄ သင်းရှိတယ်။ သြစတြေးလျ အခြေစိုက် မဲလ်ဘုန်းဗစ်ထရီရယ်၊ အင်္ဂလန် အခြေစိုက် စပါးရယ်၊ အီတလီအခြေစိုက် ဂျူဗင်ရယ်၊ စပိန် အခြေစိုက် အက်သလက်တီကိုရယ် ဖြစ်ပါတယ်။ သူတို့တွေ ပွဲစဉ် ရေးဆွဲညှိနှိုင်းပြီး ပတ်လည် ကစားကြ တယ်၊ အမှတ်အများဆုံးရရှိတဲ့ အသင်းကချန်ပီယံ ဖြစ်လာတာပါ။ အရင်နှစ် သြစတြေးလျမှာ ဂျူဗင်က ၂ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။

ဒီ ပုံစံအတိုင်း အခြား ရပ်ဝန်းတွေမှာလည်း အုပ်စွဲဖွဲ့ပြီး ပတ်လည် ကစားတယ်၊ အမှတ်အများဆုံး ရသူက ချန်ပီယံ ဖြစ်ပါတယ်။ အခုနှစ်လည်း ဒီအတိုင်းပါပဲ။

အခုနှစ် International Champions Cup ကို ကြည့်ရအောင်ပါ။ ဒီနှစ် လက်ခံကစားမယ့် နိုင်ငံက ၃ နိုင်ငံပါ။ တရုတ်၊ အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ ဒေသတွင်းက စင်ကာပူနိုင်ငံတွေ ဖြစ်ပါတယ်။ အစောဆုံး ကစားမယ့် တရုတ်နိုင်ငံ ပြိုင်ပွဲတွေကို လေ့လာကြည့်မယ် ဆိုရင် – ဇူလိုင် ၁၈ ရက်မှာ စပြီး ကစားပါမယ်၊ ဖွင့်ပွဲ အဖြစ် အီတလီ အခြေစိုက် အေစီမီလန်နဲ့ ဂျာမနီအခြေစိုက် ဒေါ့မွန်တို့ ကစားမှာပါ။ ဇူလိုင် ၁၉ ရက်နေ့မှာ ဂျာမနီ အခြေစိုက် ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန် အခြေစိုက် အာဆင်နယ်၊ ဇူလိုင် ၂၂ ရက်နေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ အေစီမီလန်၊ ဇူလိုင် ၂၄ ရက်နေ့မှာ အီတလီအခြေစိုက် အင်တာမီလန်နဲ့ ပြင်သစ်အခြေစိုက် လိုင်ယွန်တို့ ကစားပါမယ်။

အာဆီယံ ဒေသတွင်းက စင်ကာပူမှာတော့ ၃ ပွဲပဲ ကစားမှာ ပါ။ ဇူလိုင် ၂၅ ရက်နေ့မှာ အင်္ဂလန် အခြေစိုက် ချယ်ဆီလ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ ကစားပါမယ်။ ဇူလိုင် ၂၇ ရက်မှာ ဘိုင်ယန်နဲ့ အင်တာမီလန် ကစားပါမယ်၊ ဇူလိုင် ၂၉ ရက်နေ့မှာ ချယ်ဆီးလ်နဲ့ အင်တာမီလန်တို့ ကစားမှာပါ။

အခုနှစ် International Champions Cup မှာ အသင်းအများဆုံး ပါဝင်ကစားမယ့် ရပ်ဝန်းကတော့ အမေရိကန်ပါ။ အရင်နှစ်က ချန်ပီယံ PSG က ဖွင့်ပွဲအနေနဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ အီတလီ အခြေစိုက် ရိုးမားနဲ့ ကစားပါမယ်။ ဇူလိုင် ၂၀ မှာ အင်္ဂလန်ရဲ့ အပြင်းထန်ဆုံး မြို့ခံ ပြိုင်ဖက် မန်ယူနဲ့ မန်စီးတီးကစားပါမယ်၊ ဇူလိုင် ၂၂ ရက်နေ့မှာ အီတလီ အခြေစိုက် ဂျူဗင်တပ်နဲ့ စပိန် အခြေစိုက် ဘာစီလိုနာ တို့ ကစားမယ်၊ အဲဒီနေ့မှာပဲ PSG နဲ့ စပါး တို့ ကစားမယ်၊ ဇူလိုင် ၂၃ ရက်နေ့မှာ စပိန် အခြေစိုက် ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူကစားမယ်။

သူတို့က အခုပွဲပြီးရင် UEFA Super Cup ဖလားကို သြဂုတ်လ ၈ ရက်နေ့မှာ ကစားရဦးမှာ ဖြစ်ပြီး အခုပွဲကတော့ ခြေစစ်ပွဲ သဘောမျိုး ဖြစ်လာနိုင်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာတော့ စပါးနဲ့ ရိုးမား၊ ဇူလိုင် ၂၆ ရက်နေ့မှာ ဘာစီလိုနာနဲ့ မန်ယူ၊ အဆိုပါ တရက်တည်းမှာပဲ PSG နဲ့ ဂျူဗင်တပ်၊ မန်းစီးတီးနဲ့ ရီးရဲမက်ဒရစ်၊ ဇူလိုင် ၂၉ ရက်နေ့မှာ မန်စီးတီးနဲ့ စပါး၊ ဇူလိုင် ၃၀ ရက်နေ့မှာ ရိုးမားနဲ့ ဂျူဗင်တို့ အသီးသီး ကစားပါလိမ့်မယ်။

ပြည်တွင်း ရုပ်သံလိုင်း SkyNet ကနေလည်း အဆိုပါ ပွဲစဉ်တွေကို တိုက်ရိုက် ထုတ်လွှင့်ပြသမယ်လို့ ကြေငြာ ထားပါတယ်။

ဆက်လက်ပြီး စိတ်ဝင်စားမှု အရှိဆုံးနဲ့ လူကြိုက် အများဆုံးပွဲစဉ်တွေက အမေရိကန် ရပ်ဝန်းမှာ ကစားမယ့် ပွဲစဉ်တွေထဲမှာ ပါဝင်ပြီး ရုပ်သံကနေ ထုတ်လွှင့်ပြသမယ့် Channel တွေ အကြောင်း ဖော်ပြပေးပါ့မယ်။

မန်ယူနဲ့ မန်စီးတီးပွဲစဉ်ကို ဇူလိုင် ၂၁ ရက်န့ နံနက် ၈ နာရီ၊ Sport 1 နဲ့ Sport HD တွေကနေ လည်းကောင်း၊ မန်ယူနဲ့ ရီးရဲလ်ပွဲစဉ်ကို ဇူလိုင် ၂၄ ရက်နေ့ မနက် ၃ နာရီခွဲမှာ Sport 1 နဲ့ Sport HD ကနေ လည်းကောင်း၊ ဘာစီလိုနာနဲ့ ရီးရဲလ်ပွဲစဉ်ကို ဇူလိုင် ၃၀ ရက်နေ့ မနက် ၆ နာရီမှာ Sport 1 နဲ့ Sport HD တွေကနေ လည်းကောင်း၊ ဘာစီလိုနာနဲ့ မန်ယူပွဲစဉ်ကို ဇူလိုင် ၂၇ ရက်နေ့ မနက် ၈ နာရီမှာ Sport 1 နဲ့ Sport HD တွေကနေ လည်းကောင်း ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

တရုတ်ပွဲစဉ်တွေထဲက ဘိုင်ယန်နဲ့ အာဆင်နယ်ပွဲကိ ုဇူလိုင် ၁၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်မှာ Sport 1 နဲ့ Sport HD တွေကနေလည်းကောင်း၊ ဇူလိုင် ၂၁ ရက်နေ့ မနက် ၈ နာရီမှာ စင်ကာပူ ပွဲစဉ်တွေထဲက ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် ပွဲစဉ်ကို ဇူလိုင် ၂၅ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်မှာ Sport 1 နဲ့ Sport HD တွေကနေ ထုတ်လွှင့်သွားမယ် လို့ သိရပါတယ်။

Ref: http://en.m.wikipedia.org/wiki/2017-International_Champions_Cup

The post International Champions Cup ပြိုင်ပွဲတွေ လာတော့မယ် appeared first on ဧရာဝတီ.

အကောင်းဆုံး အမျိုးသမီး ဘတ်စကတ်ဘော ကစားသမားများ

$
0
0

အခုပြောမှာကတော့ သမိုင်းတလျှောက် ကမ္ဘာ့ အကောင်းဆုံး အနေနဲ့ သတ်မှတ်နိုင်မယ့် အမျိုးသမီး ဘတ်စကတ်ဘော ကစားသမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်း တလျှောက် အတော်ဆုံး ကစားသမားတွေ ဖြစ်လို့ လက်ရှိ ကစားနေဆဲ သူတွေ ပါချင်မှာလည်း ပါနိုင်ပါလိမ့်မယ်ဗျာ။

(၁) Carol Blazejowski – ၁၉၇၈ခုနှစ် မတ်လ ၆ရက်နေ့က Madison Square Garden မှာ ကစားခဲ့တဲ့ Montclair State အသင်းနဲ့ Queens College အသင်းနဲ့ ပွဲမှာ Montclair အတွက် တယောက်တည်း အမှတ် ၅၂ မှတ်ရယူပေးနိုင်ခဲ့ပြီး မှတ်တမ်းသစ်တင်နိုင်ခဲ့သလို အသင်းကိုလည်း ၁၀၂-၉၁မှတ်နဲ့ အနိုင်ရအောင် ကူညီပေးနိုင်ခဲ့သူပါ။

(၂) Diana Taurasi – ၁၉၈၂ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့သူ Diana က အမေရိကန်ရဲ့ ကြေးစား ပရို ဘတ်စကတ်ဘောကစားသမား တဦး ဖြစ်ပြီး သူက ၂၀၁၁ ခုနှစ်ထိအောင် နိုင်ငံ ကိုယ်စားပြု အသင်းအတွက်ရော Phoenix Mercury အသင်းအတွက်လည်း ကစားပေးခဲ့သူပါ။ ကိုယ်ခန္ဒာ ကြံ့ခိုင်ရေးပိုင်း အားနည်းချက်ကြောင့် ကစားသမားဘဝကနေ အနားယူထားရပါတယ်။

(၃) Tamika Catchings – WNBA သမိုင်း တလျှောက်မှာ အကောင်းဆုံး ကဏ္ဍတိုင်းမှာ ထိပ်ဆုံးအဆင့်တွေကနေ ရပ်တည်နိုင်သူ တစ်ယောက်ပါ။ ပြိုင်ပွဲအတွင်း ဟန်ပြလှည့်ထွက်ကစားနိုင်သူ အကောင်းဆုံး စာရင်းမှာ အဆင့် ၄၊ နောက်ပြန်ပေးကစားကွက်မှာ အကောင်းဆုံး စာရင်း အဆင့် ၄၊ ကစားဖော်ကို အကူအညီပေးနိုင်သူ စာရင်းမှာ အဆင့် ၈၊ ဘောလုံး ရယူနိုင်မှုအကောင်းဆုံး စာရင်းမှာ အဆင့် ၁ ရထားသူပါ။

(၄) Maya Moore – နာမည် အပြည့်အစုံက Maya April Mooreပါ၊ အမေရိကန် ကစားသမား တစ်ဦးဖြစ်ပြီး နိုင်ငံကိုယ်စားပြု အသင်း အတွက် ကစားပေးခဲ့သူပါ။ Naismith Prep Player of the Yearဆုကို ၂၀၀၆ နဲ့ ၂၀၀၇ တွေမှာ ဆက်တိုက်ရထားပါတယ်။ Maya Moore Academy ကို ဖွင့်လှစ်ထားတာ တွေ့ရပြီး မျိုးဆက်သစ် ဘတ်စကတ်ဘောကစားသမားတွေ မွေးထုတ်နေပါတယ်။

(၅) Cynthia Cooper – ကယ်လီဖိုးနီးယား တောင်းပိုင်း NCAA ချန်ပီယံ ၂ ကြိမ်ရဖူးသလို Houston Comets အသင်းနဲ့ အတူ WNBA ချန်ပီယံ ၄ ကြိမ်ဖြစ်ဖူးပါတယ်။ ၁၉၉၇ ခုနှစ်ထိအောင် WNBA ပြိုင်ပွဲ တခုတည်းမှာတင် ၃၄ ပွဲ ကစားဖူးသူပါ။ Comtes အတွက် ချန်ပီယံ ၄ ကြိမ်ရအောင် ကစားတဲ့ ဗိုလ်လုပွဲတွေမှာလည်း အသင်းကို ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပါတယ်။

(၆) Candace Parker – WNBA ရဲ့ ကြယ်ပွင့်တပွင့်ပါ။ လက်ရှိမှာ Los Angeles Sparks မှာ ကစားနေပါတယ်။ WNBA ကစားပွဲတွေ နားထားချိန်မှာ ရုရှအခြေစိုက် Ekaterinburg မှာ သွားရောက် ကစားတာ တွေ့ရပြီး အဆိုပါ အသင်းက ဥရောပတိုက်တွင်း UMMC ပွဲစဉ်တွေမှာ ပါဝင် ယှဉ်ပြိုင်နေတာပါ။ WNBA ကနေ ထုတ်ပြန်တဲ့ အကောင်းဆုံး ကစားသမားစာရင်းမှာ အဆင့် ၂ ချိတ်သူလည်း ဖြစ်ပါတယ်။

(၇) Lauren Jackson – သြစတြေးလျသူ ဖြစ်ပါတယ်။ WNBA ရဲ့ MVP ဆုကို ၂ ကြိမ်ရရှိထားပါတယ်။ Seattle Storm အသင်းမှာ ကစားနေတာ ဖြစ်ပြီး အသင်းရဲ့ အတူ WNBA ချန်ပီယံ ၂ကြိမ်ရထားပါတယ်။ အရပ် ၆ ပေ ၅ လက် မြင့်ပေမယ့် ပြေးနှုန်းနဲ့ သွက်လက်မှုတွေ အထူးကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ။

(၈) Elena Delle Donne – သူမရဲ့ ပင်ကိုယ်ဝါသနာက ဖက်ရှင်လို့ ဆိုပါတယ်။ နောက်တော့ ပါရမီကောင်းပါရှိနေတဲ့ ဘတ်စကတ်ဘော အားကစားဘက် ကူးလာသူပါ။ Delaware တက္ကသိုလ်မှာတက်နေရင်း ကျောင်းကိုယ်စားပြုလည်း ကစားတယ်၊ Blue Hens အသင်းမှာလည်း ဝင်ကစားခဲ့ပါတယ်။ သူမရဲ့ အလှအပကြောင့်ရော ဘောလုံး ကစားမှု ကျွမ်းကျင်မှုကြောင့်ပါ နာမည်ကြီးပါတယ်။

(၉) Lisa Leslie – အိုလံပစ် ရွှေတံဆိပ်ဆု ၄ ခု ရထားပါတယ်။ WNBA ချန်ပီယံ အဖြစ်လည်း ၂၀၀၁နဲ ၂၀၀၂တွေမှာ ၂ကြိမ်ရထားပါတယ်။ နောက်ပြန်ပေး ကစားကွက်မှာ အကောင်းဆုံး အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ MVP အကောင်းဆုံး ကစားသမား အဖြစ်လည်း ၃ကြိမ်သတ်မှတ်ခံထားရပါတယ်။ ဘတ်စကတ်ဘောအားကစားမှာ လက်ရှိအချိန်ထိအောင် ကမ္ဘာ့မှတ်တမ်း ၈ ခု တင်ထားသူပါ။

(၁၀) Lindsay Whalen – ၁၉၈၂ခုနှစ် မေလ ၉ရက်မှာ မွေးဖွားခဲ့သူပါ။ အမေရိကန် အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲ WNBAအတွက် Minnesota Lynx အသင်းကနေ ပါဝင်ကစားခဲ့သလို ဥရောပ ပြိုင်ပွဲ အတွက် AGU Spor အသင်းကနေ ပါဝင်ကစားခဲ့တာပါ။ အမေရိကန် ကိုယ်စားပြု အမျိုးသမီး ဘတ်စကတ်ဘောအသင်းနဲ့ အတူ အိုလံပစ် ချန်ပီယံ ဖြစ်ဖူးသလို Lynxအသင်းနဲ့လည်း WNBA ချန်ပီယံ ၃ကြိမ်ရထားပါတယ်။

ကိုးကား http://www.wonderlists.com/best-female-basketball-players/

The post အကောင်းဆုံး အမျိုးသမီး ဘတ်စကတ်ဘော ကစားသမားများ appeared first on ဧရာဝတီ.

ဘောလုံး သူရဲကောင်း Wayne Rooney ရဲ့ တောက်ပခဲ့သော နေ့ရက်များ

$
0
0

သူ့ရဲ့ နာမည် အပြည့်အစုံက Wayne Mark Rooney ၊ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ဘောလုံးကလပ် အသင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ သူရဲကောင်း၊ အများက သရဲနီခေါ်တဲ့ မန်ယူရဲ့ သူရဲကောင်း ဖြစ်တာကြောင့် သရဲနီ သူရဲကောင်း လို့ သတ်မှတ်ခံရသူတဦးပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု အတွင်း မန်ယူအသင်းရဲ့ သူရဲကောင်း ၃ ဦးရှိပါတယ်။ ပထမဆုံး တဦးက ဒေးဗစ်ဘက်ခမ်း၊ ဒုတိယက စီရော်ဒယ်ဒို (ဒိုလေး)၊ တတိယက ရွန်းနေ တို့ ဖြစ်ပါတယ်။ ရွန်းနေက အခုလည်း အသင်းမှာ သက်တမ်းအကြာဆုံး ကစားသမား တဦးလည်း ဖြစ်ပါတယ်။

မန်ယူအတွက် ဂိုးအများဆုံး သွင်းထားနိုင်သူ ဖြစ်သလို ပြီးခဲ့တဲ့ ၂ နှစ် ကနေစပြီး မန်ယူရဲ့ အသင်းခေါင်းဆောင်၊ အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ဂိုးအများဆုံး သွင်းထားသလို ကလပ် အသင်းအတွက်ရော နိုင်ငံလက်ရွေးစင် အသင်း အတွက်ပါ အသင်းခေါင်းဆောင် ဖြစ်ခဲ့သူပါ။

ဘဝက အသက် ၄၀ မှ စတယ်လို့ ပြောလေ့ရှိပေမယ့် အားကစားသမားတွေ၊ အထူးသဖြင့် ခွန်နဲ့ အားနဲ့ ကစားရတဲ့ လက်ဝှေ့နဲ့ ဘောလုံးလို အားကစားသမားတွေ အတွက်ကတော့ အသက် ၃၀ ဆိုတာ အားကစားလောကရဲ့ နေဝင် ဆည်းဆာချိန်၊ ကစားနိုင်စွမ်းတွေ စတင် ကျဆုံးလာချိန်ပေါ့။

ဒါကြောင့်လည်း သက်တမ်း အကြာကြီး ကစားခဲ့သည့် တိုင်အောင် ကစားအား ကျဆင်းလာလို့ ပွဲထွက်ခွင့် ဆုံးရှုံးလာတဲ့ ရွန်းနေကို မန်ယူကနေလည်း ရောင်းထုတ်ချင်နေသလို ရွန်းနေ ကိုယ်တိုင်ကလည်း မန်ယူမှာ ဆက်နေချင်ပေမယ့် အသင်း ပြောင်းဖို့ အခြေအနေ ဖြစ်လာနေပါပြီ။

နောက်ဆုံးတော့ မန်ယူဟာ အဲဗာတန်ကနေ တိုက်စစ်မှူး လူကာကူကို ရဖို့ အတွက် ရွန်းနေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခွင့်ပေးလိုက်ပါတယ်။ ဇူလိုင် ၉ ရက်နေ့ကပဲ ရွန်းနေဟာ အဲဗာတန်မှာ တပတ်ကို လုပ်ခပေါင် ၁ သိန်းခွဲနဲ့ ၂ နှစ် စာချုပ် ချုပ်ပြီး အဲဗာတန်ကို ရောက်ရှိသွားပါပြီ၊ မန်ယူမှာ တပတ် ပေါင် ၃ သိန်းနဲ့ ပရီးမီးယားလိဂ်ရဲ့ လစာအမြင့်ဆုံး ကစားသမားက အဲဗာတန် အသင်းသမိုင်းမှာလည်း လစာအမြင့်ဆုံး ပေးရတဲ့ ကစားသမားထပ် ဖြစ်လာပါတယ်။

မန်ယူလို အအောင်မြင်ဆုံး အသင်းရဲ့ သက်တမ်းကြာ အအောင်မြင်ဆုံး ကစားသမားရွန်းနေကို အခုချိန် နန်းကျဘုရင် တပါးလို့ သမုတ်တာ မှားမယ် မထင်သလို နောက်ပိုင်းမှာ မှေးမှိန်သွားမယ့် ဘောလုံး သူရဲကောင်းတယောက် လို့လည်း ပြောရမှာပါ။

ရွန်းနေကို ၁၉၈၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်က ခရောက်တက်မှာ မွေးခဲ့ပါတယ်။ အခု ဆိုရင် အသက် ၃၁ နှစ် ရှိပြီ ဖြစ်ပြီး အရပ် ၅ ပေနဲ့ ၉ လက်မ ရှိတဲ့ ရှေ့တန်းတိုက်စစ်မှူး အဖြစ်ရော အလယ်တန်း ကစားသမား အဖြစ်ပါ ကစားပါတယ်။ မန်ယူရဲ့ အသင်းရဲ့ နံပတ် ၁၀ ကို ဝတ်ဆင်သူပါ။

ပရိုကစားသမား ဘဝကို ၂၀၀၂ ခုနှစ်မှာ အဲဗာတန် အသင်းနဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ထိအောင် အဲဗာတန်မှာ အကောင်းဆုံး ခြေစွမ်းပြ နေတဲ့ ရွန်းနေဟာ မန်ယူကို အဲဒီနှစ်မှာပဲ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဗာတန် အတွက် ၂ ရာသီ အတွင်းမှာ ပွဲပေါင်း ၆၇ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းနိုင်ခဲ့သူပါ။ ၂၀၀၄ ခုနှစ်မှာ မန်ယူကို စပြီး ခြေချခဲ့တဲ့ အချိန်ကနေ အခုချိန်ထိ မန်ယူအတွက် ပွဲပေါင်း ၃၉၃ ပွဲ ကစားခဲ့ပြီး ၁၈၃ ဂိုး သွင်းထားပါတယ်။

နိုင်ငံအသင်း အတွက် ဆိုရင်လည်း ၁၅ နှစ်အောက် အသင်း ကတည်းက စတင် ပါဝင်ကစားပေးခဲ့သူ ဖြစ်ပြီး ၂၀၀၀-၀၁ မှာ အင်္ဂလန် U15 အတွက် ၄ ပွဲ ကစားပြီး ၂ ဂိုးသွင်းတယ်၊ ၂၀၀၁-၀၂ မှာ U17 အသင်းအတွက် ၁၂ ပွဲကစားပြီး ၇ ဂိုး သွင်းတယ်၊ ၂၀၀၂-၀၃ မှာ U19 အသင်းအတွက် ၁ ပွဲ ကစားပေးခဲ့တယ်၊ ၂၀၀၃ ခုနှစ်ကနေ နောက်ပိုင်း လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရပြီး အင်္ဂလန်အတွက် ၁၁၉ ပွဲ ကစားပေးခဲ့သလို ၅၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

အသက် ၉ နှစ်ကတည်းက ရွန်းနေက အဲဗာတန်မှာ လေ့ကျင့်မှုတွေ စခဲ့တယ်၊ ၁၆ နှစ် (၂၀၀၂ ခုနှစ်) မှာ အဲဗာတန် အသင်းမှာ ဝင်ကစားနိုင်ခဲ့တယ်၊ ၂၀၀၄ ခုနှစ်မှာ အဲဗာတန်ကနေ မန်ယူကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ ဒသမ ၆ သန်းနဲ့ မန်ယူကို ရောက်လာတယ်၊ ရွန်းနေ မန်ယူမှာ ကစားခဲ့တဲ့ ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဆုဖလား ၅ ကြိမ် ရခဲ့တယ်၊ UEFA ချန်ပီယံလိဂ် ၁ ကြိမ်၊ FIFA Club World Cup ၁ ကြိမ်၊ ကွန်ုမြူနတီဒိုင်း ၄ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ UEFA ယူရိုပါလိဂ်ဖလား ၁ ကြိမ် ရခဲ့ပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း ရွန်းနေက မန်ယူ အတွက် ပြိုင်ပွဲစုံဂိုး ၂၀၀ ပြည့်အောင် သွင်းပေးနိုင်ခဲ့တယ်။ လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံ စုုစုပေါင်း ၂၅၃ ဂိုး သွင်းထားပြီး သမိုင်းတလျှောက် ဂိုးသွင်း အများဆုံး စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဒီစာရင်းမှာ ရွန်းနေက လိဂ်ပွဲသွင်းဂိုး ၁၈၃ ဂိုး၊ FA ပွဲတွေမှာ ၂၂ ဂိုး၊ League Cup မှာ ၅ ဂိုး၊ ဥရောပပွဲတွေမှာ ၃၉ ဂိုး၊ အခြား ပြိုင်ပွဲစုံ ၄ ဂိုး၊ စုစုပေါင်း ၅၅၉ ပွဲမှာ ၂၅၃ ဂိုးသွင်းပြီး ထိပ်ဆုံး ရောက်လာတာပါ။

သူ့နောက်မှာတော့ ဘော်ဘီချာတန်က ပြိုင်ပွဲစုံ ၇၅၈ပွဲမှာ ၂၄၉ဂိုးနဲ့ ဒုတိယ၊ ဒင်းနစ်လောက ပြိုင်ပွဲစုံ ၄၀၄ပွဲမှာ ၂၃၇ဂိုးနဲ့ တတိယတွေ ရှိနေကြပါတယ်။လိဂ်ပွဲတွေမှာအသင်းအတွက် ဂိုးအများဆုံးသွင်းထားသူစာရင်းမှာတော့ ရွန်းနေကအင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်းအလန်ရှီးယားရဲ့ နောက်မှာဒုတိယနေရာရပ်တည်နေတာပါ။ ရှှီးယားကတော့ စုစုပေါင်းဂိုး ၂၆၀ သွင်းထားပြီးဘလက်ဘန်းနဲ့ နယူးကာဆယ် အသင်းတွေမှာကစားရင်းသွင်းထားခဲ့တာပါ။

အင်္ဂလန် အသင်းအတွက် ဆိုရင် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ကတည်းက လက်ရွေးစင် အသင်းမှာ ကစားပေးနိုင်ခဲ့လို့ အသက် အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သိအိုဝဲကော့က အဆိုပါ စံချိန်တင် မှတ်တမ်းကို ရွန်းနေထက် အသက်ငယ်ငယ်နဲ့ ကစားပေးနိုင်ခဲ့လို့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိအောင် ရွန်းနေကအင်္ဂလန် အသင်းအတွက် အသက်အငယ်ဆုံးဂိုးသွင်းသမားပါပဲ။

UEFA ယူရို ၂၀၀၄ ပြိုင်ပွဲမှာ ရွန်းနေ ပါဝင်ကစားခဲ့ပြီး ၄ ဂိုးသွင်းနိုင်ခဲ့လို့ ယူရိုပြိုင်ပွဲမှာ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်နေပါတယ်။ ဒါအပြင် ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲတွေမှာလည်း ပါဝင်ခဲ့ပြီး အသင်း အတွက် အကောင်းဆုံးကစားသမား အဖြစ် မှတ်တမ်းတင်ထားနိုင်ဆဲပါ။

အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ရွေးချယ်ခံထားရပါတယ်။ နိုင်ငံအသင်း အတွက် ၁၁၉ ပွဲ ကစားထားပြီး ၅၃ ဂိုး သွင်းထားလို့ လက်ရွေးစင် အသင်း အတွက် ဂိုးအများဆုံး သွင်းထားသူ အဖြစ် ရပ်တည်နေသလို နိုင်ငံအသင်း အတွက် ကစားပေးမှုမှာတော့ Peter Shilton ရဲ့ နောက်မှာ ၁၁၉ ပွဲနဲ့ ဒုတိယ အများဆုံး ကစားပေးထားတာပါ။

ရွန်းနေက ဒေါသကြီးသူတဦး၊ စိတ်မထင်ရင် မထင်သလို ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူ၊ နာမည်ကျော် အင်္ဂလန် ကစားသမား ဒေးဗဒ်ဘက်ခမ်းနဲ့ အတူ နိုင်ငံအတွက် ကိုယ်စားပြု ကစားပွဲ ၂ ပွဲမှာ အနီကတ် ၂ ခါ အပြခံထားရဖူးပါတယ်။

၂၀၀၉-၁၀ ဘောလုံးရာသီမှာ ရွန်းနေကို PFA Player’s Player of the Year ဆုနဲ့ FWA Footballer of the Year ဆုတွေ ပေးအပ်ခဲ့တာလည်း တွေ့ရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တလတာ အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ်ရဖူးတယ်၊ စတီဗင်ဂျရတ်လို ဝါရင့်ကစားသမားတဦးကနေ သူ့ထက် ပိုကောင်းတဲ့ ကစားသမားပါလို့ မှတ်ချက် ပေးခံရတဲ့ တဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်အတွက် FIFA Ballond’Or ဆု အတွက် ဆန်ကာတင် ၅ ဦးစာရင်းမှာလည်း ပါခဲ့တယ်၊ FFPro World 11 အမည်စာရင်းမှာလည်း ပါခဲ့ပါတယ်။ BBC ရဲ့ Match of the Day ကနေပေးအပ်တဲ့ Goal of the Season ကိုလည်း ရဖူးတယ်၊ ဒီဆုကို မန်စီးတီးနဲ့ ကစားတဲ့ပွဲမှာ Bicycle Kick နဲ့ ဂိုးသွင်းနိုင်ခဲ့လို့ ရရှိခဲ့တာပါ။
ရွန်းနေအကြောင်း ပြောမယ်ဆိုရင် အများကြီး ကျန်နေပါသေးတယ်၊ အခုပြောခဲ့တာက သူရဲ့ တောက်ပတဲ့ အချိန် အခိုက်အတန့်လေးတွေကို ပြန်လည် ပြောပြတာပါ။ နောင် အဆင်ပြေရင်တော့ ပိုပြီး ပြည့်စုံအောင် ပြောပြပါဦးမယ်။

ကိုးကား www.en.m.wikipedia.org/wiki/Wayne Roney

The post ဘောလုံး သူရဲကောင်း Wayne Rooney ရဲ့ တောက်ပခဲ့သော နေ့ရက်များ appeared first on ဧရာဝတီ.


တန်းတက် Newcastle United F.C အကြောင်း တစေ့တစောင်း

$
0
0

အခုပြောမယ့် နယူးကက်စတယ် အသင်းက အင်္ဂလန် အမှတ်ပေး ဖလားပြိုင်ပွဲ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး တသင်းပါ။ မထင်မှတ်ပဲ တန်းဆင်းခဲ့ရပြီး လိဂ်ချန်ပီယံရှစ်မှာ ကျင်လည်နေခဲ့ပါတယ်။ အခုတော့ တန်းပြန်တက်လာပါပြီ။ လာမယ့် သြဂုတ်လ အတွင်း ပြန်ကစားမယ့် ပရီးမီးယားလိဂ်မှာ နယူးကက်စတယ်ကို ပြန်ပြီး တွေ့မြင်ရတော့မှာပါ။

အားကစား ဝါသနာရှင်တွေလည်း စိတ်ဝင်စားလာကြတဲ့ နယူးကက်စ်တယ် အသင်း အကြောင်း ပြောပြပါမယ်။

နယူးကက်စတယ် အသင်းရဲ့ နာမည်အပြည့်အစုံက Newcastle United Football Club ဖြစ်ပါတယ်။ နာမည်ပြောင် ကတော့ The Magpies, Geordies နဲ့ Toon တွေ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ The Magpies ကိုပဲ ငှက်ကြားများ လို့ ခေါ်ကြပါတယ်။ အသင်းကို ၁၈၉၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ထူထောင်ခဲ့တာ ဖြစ်လို့ သက်တမ်း ၁၂၄ နှစ် ရှိနေပါပြီ။ လက်ရှိမှာ အသင်းကို Mike Ashley က ပိုင်ဆိုင်ထားပါတယ်။ အသင်းကို Newcastle East End နဲ့ Newcastle West End တို့ ပေါင်းပြီး နယူးကက်စတယ် အဖြစ် ထူထောင်ခဲ့တာပါ။

“နယူးကာဆယ်” ဆိုပြီး နှုတ်ကျိုးနေပေမယ့် အသံထွက် အမည်က “နယူးကက်စတယ်” ပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂၀၁၆-၁၇ ရဲ့ ၂၀၁၇ ခုနှစ် ချန်ပီယံရှစ်ဖလားရခဲ့ပြီး တန်းပြန်တက်လာတာ ဖြစ်ပါတယ်။ စိန့်ဂျိမ်းပါ့ခ် ဘောလုံးကွင်းကို အိမ်ကွင်း အဖြစ် လက်ခံကစားပါတယ်။

၁၉၉၀ ပြည့်နှစ်တွေ အတွင်း အဆိုပါ စိန်ဂျိမ်းစ်ပါ့ခ် အားကစားကွင်းကို ကွင်းပြည့်၊ ထိုင်ခုံထည့်သွင်း ဖန်တီးမှုတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပြီး ပြင်ဆင်မှုတွေရဲ့ ရလဒ်ကတော့ အခုချိန်မှာ နယူးကက်စတယ် ရဲ့ အိမ်ကွင်းဟာ ပရိတ်သတ် ၅၂၃၅၄ ဦး ဝင်ဆံ့လာပါတယ်။ ၂၀၁၆ ခုနှစ်ထိအောင် ပရီးမီးယားလိဂ် မှာ ၈၅ ရာသီအတွင်း ၃ နှစ်ပဲ တန်းဆင်းဖူး ပါတယ်။

၁၈၉၃ ခုနှစ်ကစပြီး အမှတ်ပေးပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားခဲ့ပြီး နောက်ပိုင်း အချိန်ထိအောင် လိဂ် အဆင့်ခွဲခြားမှု အရ ပရီးမီးယားလိဂ်ရဲ့ အောက်တဆင့် ချန်ပီယံရှစ်ကိုပဲ တန်းဆင်းရမှု ၃ ကြိမ်ရှိခဲ့ပေမယ့် အဆိုပါ ချန်ပီယံရှစ်ရဲ့ အောက်တဆင့် ဒုတိယ ချန်ပီယံရှစ်အဆင့်ကို တခါမှ တန်းမဆင်းရဖူးပါ။

နာမည်ကျော် နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်ရဲ့ လက်ထက်မှာ အခုလို တန်းပြန်တက်လာတာ သလို ချန်ပီယံရှစ်ဖလား လည်း ရခဲ့တာပါ။ အင်္ဂလန် အခြေစိုက် ကလပ်အသင်း တွေထဲမှာ နယူးကက်စတယ် က အောင်မြင်မှု အဆင့်အရ အဆင့် ၉ ရှိပါတယ်။ ၁၉၀၄ ခုနှစ်နဲ့ ၁၉၁၀ ခုနှစ်အတွင်း ကာလတွေဟာ အသင်းရဲ့ အအောင်မြင်ဆုံး ကာလတွေ ဖြစ်ခဲ့ သလို ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ် အတွင်းတွေမှာလည်း အမှတ်ပေးဖလားတွေ ရခဲ့တာကြောင့် အဆိုပါ ကာလတွေဟာ အသင်းရဲ့ အားရစရာ အကောင်းဆုံး အချိန်တွေပါ။

နယူးကက်စတယ် အတွက် အဓိက မြို့ခံ ပြိုင်ဖက်ကတော့ ဆန်းဒါးလန်းအသင်း ဖြစ်ပါတယ်။ Tyne မှာပဲ အခြေစိုက်တာခြင်း တူသလို ဒါဘီပွဲစဉ် အနေနဲ့ ဆိုရင် သူတိ့ု နှစ်သင်းကို ၁၈၉၈ ခုနှစ်ကတည်းက Wear ဒါဘီ အဖြစ် ပိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတာပါ။ အသင်းက အကျႌကို အဖြူနဲ့ အနက်ကျား ဝတ်ဆင်ပြီး ဘောင်းဘီက အနက်၊ ခြေအိတ် အနက်ပါ။

နှစ်စဉ် ဝင်ငွေ အရ ကမ္ဘာမှာ အဆင့် ၁၇ ဆင့်မြောက် ဝင်ငွေကောင်းတဲ့ အသင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဆိုရင် ဝင်ငွေ ၁ နှစ် အတွင်း ယူရို ၁၆၉ ဒသမ ၃ သန်း ရရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်ကလို အသင်း အောင်မြင်နေချိန်က ဆိုရင် နယူးကက်စတယ် အနေနဲ့ အင်္ဂလန်မှာ မန်ယူ အသင်းပြီးရင် ဒုတိယမြောက် ဝင်ငွေ အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နိုင်ခဲ့တာ တွေ့ရပါတယ်။

နယူးကက်စတယ် ရဲ့ အောင်မြင်မှုတွေကို လေ့လာကြည့်တော့ ပရီးမီးယားလိဂ်ဖလား၊ ယခင် ပထမတန်း အမှတ်ပေးဖလား ကို ၁၉၀၅၊ ၁၉၀၇၊ ၁၉၀၈ နဲ့ ၁၉၂၇ ခုနှစ်တွေမှာ စုစုပေါင်း ၄ ကြိမ်ရဖူးပါတယ်။ ချန်ပီယံရှစ်မှာလည်း ၁၉၆၅၊ ၁၉၉၃၊ ၂၀၁၀နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖလား ၄ ကြိမ်ရဖူးပါတယ်။ FA ဖလား ၆ ကြိမ် ရဖူးပြီး ၁၉၁၀၊ ၁၉၂၄၊ ၁၉၃၂၊ ၁၉၅၁၊ ၁၉၅၂ နဲ့ ၁၉၅၅ ခုနှစ်တွေမှာ ဖြစ်ပါတယ်။

ကွန်မြူနတီဒိုင်းကိုတော့ ၁၉၀၉ ခုနှစ်မှာ တကြိမ်ပဲ ရဖူးပါတယ်။ ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ Inter-Cities Fairs Cup ကို ၁၉၆၉ ခုနှစ်က တကြိမ်၊ UEFA Intertoto Cup ကို ၂၀၀၆ ခုနှစ်က တကြိမ်တွေ ဆွတ်ခူးနိုင်ခဲ့တာ တွေ့ရပါတယ်။ ။

Ref: http://en.m.wikipedia.org/wiki/Newcastle_United_F.C.

The post တန်းတက် Newcastle United F.C အကြောင်း တစေ့တစောင်း appeared first on ဧရာဝတီ.

ဝင်ဘယ်ဒန် စံချိန်ရှင် ရော်ဂျာ ဖက်ဒရာ

$
0
0

တင်းနစ် အားကစားဆိုတာ ကမ္ဘာမှာ ပရိတ်သတ် ၁ ဘီလီယံလောက်ထိအောင် ရှိတယ်လို့ ယူဆရတဲ့ အားကစားနည်း။ ဒါပေမယ့် ထူးခြားချက်က သူ့မှာ ဘောလုံးအားကစားလို နိုင်ငံအလိုက်၊ အမှတ်ပေးအလိုက် ဆိုတဲ့ ဆုဖလား ပြိုင်ပွဲ များများ စားစား ရှိတာ မဟုတ်ပါဘူး။ ဥပမာ ဘောလုံးမှာ ပရီးမီးယားလိဂ်တွေ၊ စပိန် လာလီဂါတွေ၊ ဂျာမန် ဘွန်ဒက်လီဂါတွေလို အမှတ်ပေးပွဲတွေ အပြင် နိုင်ငံအလိုက် ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ၊ U23 တွေ အစုံ ရှိပေမယ့် တင်းနစ်မှာတော့ Grand Slamဆိုတဲ့ ပြိုင်ပွဲပုံစံကို လက်ခံကျင်းပတဲ့ နိုင်ငံအလိုက် အကြီးဆုံး ပြိုင်ပွဲ ၄ ခုပဲ ရှိပါတယ်။ သြစတြေးလျ၊ ပြင်သစ်၊ အမေရိကန်နဲ့ ဝယ်ဘယ်ဒန် တင်းနစ် ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ ဒါဆို ပြိုင်ပွဲ များများစားစား မရှိတဲ့ တင်းနစ် လောကမှာ အနိုင်ရ ဗိုလ်စွဲသူတွေရော များများစားစား ရှိပါသလား။ အခုပြောမယ့် ရော်ဂျာ ဖက်ဒရာကတော့ အဆိုပါ ပြိုင်ပွဲကြီး ၄ ခုထဲက အကြီးဆုံးလို့ သတ်မှတ်နိုင်တဲ့ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ သမိုင်း တလျှောက် ၈ ကြိမ်မြောက် ဗိုလ်စွဲသူ ဖြစ်လာပြီး ဗိုလ်စွဲမှု အကြိမ်ရေ အများဆုံး မှတ်တမ်းကို ပိုင်ဆိုင်လိုက်ပါပြီ။ ဒါကြောင့် အားလုံး သိရအောင် သူ့ အကြောင်းနည်းနည်းလောက် ပြောပြချင်ပါတယ်။

ဆွစ်ဇာလန်သား ဖက်ဒရာကို ၁၉၈၁ခုနှစ် သြဂုတ်လ ၈ရက်နေ့က ဘေဆယ်မှာ မွေးဖွားခဲ့ပါတယ်။ အရပ် ၆ ပေနဲ့ ၁ လက်မ ရှိတယ်၊ ညာသန် ကစားသမားဖြစ်ပြီး အခုချိန်ထိအောင် နိုင်ပွဲ ဆုကြေးပေါင်းစုံ ဒေါ်လာ ၁၀၇ သန်းကျော် ရရှိထားတာလည်း တွေ့ရတယ်။ ၁၉၉၈ ခုနှစ်ကနေ စတင်ပြီး ကြေးစား တင်းနစ်သမား အဖြစ် စတင် ကစားခဲ့ပါတယ်။ အောက်တိုဘာကနေ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အထိအောင် Association of Tennis Professionals (ATP) ကနေ သတ်မှတ်တဲ့ ကမ္ဘာ့ အကောင်းဆုံး တင်းနစ် ကစားသမား စာရင်းမှာ ထိပ်ဆုံး အဆင့် ၁၀အတွင်း တောက်လျှောက် ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိ နောက်ဆုံး စာရင်းတွေ အရတော့ ဖက်ဒရာက ကမ္ဘာမှာ တတိယ အကောင်းဆုံး တင်းနစ် ကစားသမား ဖြစ်နေပြီး သူဟာ Grand Slam ပြိုင်ပွဲစုံ ၁၉ ပွဲထိအောင် အနိုင်ရ ဗိုလ်စွဲထားပါတယ်။ ဒါဟာ အမျိုးသား တဦးချင်း ပြိုင်ပွဲမှာလည်း အကြိမ်ရေ အများဆုံး အနိုင်ရရှိထားခြင်းလည်း ဖြစ်ပါတယ်။

Grand Slam ပြိုင်ပွဲတွေအပြင် အခြား ပြိုင်ပွဲစုံ ၉၃ ပွဲ အနိုင်ရထားပြီး Open Era မှာ တတိယမြောက် နိုင်ပွဲ အများဆုံး ရရှိသူအဖြစ် ရပ်တည်နေပါတယ်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလကနေ စတင်ပြီး ကမ္ဘာ့ အကောင်းဆုံး တင်းနစ် ကစားသမား အဖြစ် စတင် မှတ်တမ်းဝင်ခဲ့ပြီး အခု ဇူလိုင်ထိအောင် နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့ အကောင်းဆုံး အဆင့် ၃ ဖြစ်နေတာပါ။

တဆက်တည်းမှာ ဖက်ဒရာရဲ့ အနိုင်ရ ဗိုလ်စွဲမှုတွေကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ Grand Slam ပြိုင်ပွဲကြီး ၄ ခုမှာ ဆိုရင် Australian Open ပြိုင်ပွဲမှာ ၅ ကြိမ် ဗိုလ်စွဲဖူးတယ်၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ အနိုင်ရထားပါတယ်။ French Open မှာ ဆိုရင် ၂၀၀၉ ခုနှစ်မှာ ၁ ကြိမ်ပဲ အနိုင်ရဖူးတာ တွေ့ရပြီး Wimbledon ပြိုင်ပွဲမှာတော့ အများဆုံး အနိုင်ရသူ အဖြစ် ရပ်တည်လာနိုင်ပြီး အခု ၂၀၁၇ ခုနှစ် အတွက် အပါအဝင် ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၉ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ စုစုပေါင်း ၈ ကြိမ်ထိအောင် အနိုင်ရထားပါတယ်။ US Open မှာတော့ ၅ ကြိမ် အနိုင်ရဖူးထားပြီး ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေမှာ အနိုင်ရထားပါတယ်။ အခြား ပြိုင်ပွဲကြီးတွေမှာ အနိုင်ရရှိမှု အနေနဲ့ Tour Finals မှာ ၆ ကြိမ် အနိုင်ရထားဖူးပြီး ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၀နဲ့ ၂၀၁၇ တွေမှာ အနိုင်ရထားပါတယ်။ Oylmpic ပြိုင်ပွဲမှာတော့ ၂၀၁၂ ခုနှစ် ဗိုလ်လုပွဲမှာ အနိုင်ရထားဖူးပါတယ်။ ဒါက တဦးချင်း အမျိုးသား ပြိုင်ပဲွဲတွေမှာ အနိုင်ရမှု ဖြစ်ပြီး အတွဲလိုက် ပြိုင်ပွဲ အပိုင်းမှာတော့ ဒီလောက်ကြီး အောင်မြင်မှု ရရှိမထားပါဘူး။

အတွဲလိုက် ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲမှု ၈ ကြိမ်ပဲ ရှိဖူးတယ်။ ၂၀၀၃ ခုနှစ် ဇွန်လ ၉ရက်မှာ အတွဲလိုက် ကမ္ဘာ့ အကောင်းဆုံး အဆင့် ၂၄ ထိအောင် ရောက်ရှိဖူးတယ်။ Grand Slam ပြိုင်ပွဲ Australian Open အတွဲလိုက် ပြိုင်ပွဲမှာ ၂၀၀၃ ခုနှစ် အတွင်း တတိယအဆင့် ရောက်ဖူးတယ်။ ၂၀၀၀ ခုနှစ် French Open မှာ ပြိုင်ပွဲရဲ့ ပထမ အဆင့် ရောက်ဖူးတယ်။ ၂၀၀၀ ခုနှစ် Wimbledonမှာ ကွာတားဖိုင်နယ် ရောက်ဖူးတယ်။ ၂၀၀၂ခုနှစ် US Openမှာ တတိယအဆင့် ရောက်ဖူးတယ်။ အခြား ပြိုင်ပွဲကြီးတွေထဲက Oylmpic မှာ ၂၀၀၈ ခုနှစ် အတွဲလိုက် ချန်ပီယံ ဖြစ်ဖူးတယ်။ အသင်းလိုက် ပြိုင်ပွဲမှာ Davis Cup ကို ၂၀၁၄ ခုနှစ်က အနိုင်ရဖူးတယ်။ Hopman Cup ကို ၂၀၀၁ ခုနှစ်က အနိုင်ရဖူးတယ်၊ ဒီလောက်ပါပဲ။ မြင်မိသလောက်တော့ ဖက်ဒရာက တဦးချင်း ပြိုင်ပွဲတွေမှာ အနိုင်ရရှိမှု ပိုများပြီး အားထည့် ကစားတာ တွေ့နိုင်ပါတယ်။

ဖက်ဒရာဟာ Grand Slam ပြိုင်ပွဲစုံ ဗိုလ်လုပွဲကို ၂၉ ကြိမ်ထိအောင် ရောက်ဖူးသူပါ။ အဲဒီထဲက စုစုပေါင်း ၁၉ ကြိမ် အနိုင်ရထားတာပါ။ ဒါကြောင့်လည်း သူ့ကို တင်းနစ် ကစားသမားတွေနဲ့ လေ့လာသူတွေက သမိုင်းတလျှောက် အကောင်းဆုံး တင်းနစ် ကစားသမား အဖြစ် သတ်မှတ် မှတ်ချက်ပေးကြတာ တွေ့ရပါတယ်။

ဖက်ဒရာဟာ အသက် ၁၈နှစ်ကတည်းက ၂၀၀၀ ခုနှစ် ဆဒ်ဒနီ အိုလံပစ်ကို စတင် ဝင်ပြိုင်ခဲ့သူပါ။ ဆီမီးဖိုင်နယ်ထိအောင် တက်လှမ်းနိုင်မယ့်သူလို့ အများက ခန့်မှန်းခဲ့ကြပေမယ့် ဆီမီးဖိုင်နယ်မှာ Tommy Haas ကို ရှုံးတယ်ီး တတိယနေရာလုပွဲကို Arnaud Di Pasqualeနဲ့ ကစားပြီး ထပ်ရှုံးလို့ ပြိုင်ပွဲမှာ ကြေးတံဆိပ်နဲ့တောင် လွဲခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ် အေသင် အိုလံပစ် ကစားချိန်မှာ ဖက်ဒရာဟာ ကမ္ဘာ့အကောင်းဆုံး နပတ် ၁ ကစားသမား ဖြစ်နေပါပြီ။ ရလဒ်ကောင်းမယ် ထင်ခဲ့ပေမယ့် အခု ပြိုင်ပွဲမှာလည်း ၁၈ နှစ် အရွယ်ကစားသမား Tomas Berdych ကို ဒုတိယ အဆင့်မှာတင် ရှုံးပြန်ပါတယ်။ နှစ်ယောက်တွဲ ပြိုင်ပွဲမှာလည်း Yves Allegro နဲ့ တွဲကစားပြီး ဒုတိယ အဆင့်မှာတင် ရှုံးပြီး ထွက်ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ်မှာတော့ တစ်ဦးချင်းမှာ James Blake ကို ဆီမီးဖိုင်နယ်မှာ ရှုံးတယ်၊ ဒါပေမယ့် နှစ်ယောက်တွဲမှာတော့ Stan Wawrinka နဲ့ တွဲဖက်ပြီး ရွှေတံဆိပ်ဆု ပထမဆုံး ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာတော့ ဖက်ဒီရာရဲ့ ဘဝတလျှောက် အမြင့်ဆုံး အောင်မြင်မှု ရခဲ့ပြီး ဗိုလ်လုပွဲမှာ အန်ဒီ မာရေးကို ရှုံးလို့ ငွေတံဆိပ်ဆုတော့ ရယူနိုင်ခဲ့ပါတယ်။

ဖက်ဒရာရဲ့ အဓိက ပြိုင်ဖက်တွေ အနေနဲ့တော့ နေဒါးလ် Nadal ရှိမယ်။ ထိပ်တိုက် တွေ့ဆုံမှုမှာ နေဒါးလ်က ဖက်ဒီရာကို ၂၃ ပွဲနိုင်ပြီး ၁၄ ပွဲ ရှုံးထားခဲ့တယ်။ နေဒါးလ်က အသာ ရတဲ့ သဘောပါ။ ပြီးတော့ ဂျိုကိုဗစ် Djokovic ရှိမယ်။ သမိုင်း တလျှောက် ၄၅ ကြိမ် ထိပ်တိုက်တွေ့ဆုံဖူးတယ်။ ဂျိကိုဗစ်ကပဲ အသာရပြီး ၂၃ ပွဲ အနိုင်ရထားပြီး ဖက်ဒီရာကတော့ ၂၂ ပွဲပဲ အနိုင်ပြန်ရထားပါတယ်။ မာရေး Murray နဲ့လည်း ၂၅ ကြိမ် ထိပ်တိုက်တွေ့ဆုံဖူးတယ်။ ဖက်ဒရာက အသာရပြီး ၁၄ ကြိမ် နိုင်ထားတာပါ၊ ရော့ဒစ် Roddick နဲ့ ၂၄ ကြိမ် ကစားထားဖူးပြီး ဖက်ဒရာက အသာစီး ရထားပါတယ်။ ပြိုင်ပွဲစုံမှာ ၂၁ ကြိမ် အနိုင်ရထားတာပါ။ ဟျူးဝစ် Hewitt နဲ့ဆိုရင်လည်း ၂၇ ကြိမ် ကစားဖူးပြီး ဖက်ဒရာက ၁၈ ကြိမ်ထိအောင် အနိုင်ရထားပါတယ်။ နာမည်ကျော် အဂ္ဂါဆီ Agassi နဲ့ ၁၁ ကြိမ် ကစားဖူးတယ်၊ ဖက်ဒရာက ၈ ကြိမ်နိုင်ထားပြန်ပါတယ်။ ဒါကတော့ ဖက်ဒီရာရဲ့ အောင်မြင်မှု တစေ့တစောင်းပါ၊ နောက်ပိုင်းမှာ ပိုပြီး စုံလင်အောင် ပြောပြသွားပါဦးမယ်ဗျာ။

ကိုးကား http://en.m.wikipedia.org/wiki/RogerFederer

The post ဝင်ဘယ်ဒန် စံချိန်ရှင် ရော်ဂျာ ဖက်ဒရာ appeared first on ဧရာဝတီ.

ကွာလာလမ်ပူ SEA Games မှာ မြန်မာတွေလည်း ပါဝင်ဆင်နွှဲမယ်

$
0
0

၂၉ ကြိမ်မြောက် SEA Games ပြိုင်ပွဲကို လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ ကနေ ၃၀ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျင်းပတာဖြစ်လို့ ဒီ SEA Games အားကစားပွဲကို Kuala Lumpur 2017 လို့လည်း ခေါ်ပါတယ်။

မလေးရှားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပပြီး အရှေ့တောင်အာရှ နိုင်ငံတွေကနေ အားကစားနည်း ၃၉ မျိုးကို ပြိုင်ပွဲ ၄၀၅ ပွဲ ခွဲပြီး ကစားသွားမှာ ဖြစ်ပြီး ဆုတံဆိပ်တွေလည်း ပေးအပ်သွားမှာပါ။

မလေးရှားနိုင်ငံ အနေနဲ့ အခုလို SEA Games ပြိုင်ပွဲကို ၂၀၀၁ ခုနှစ် ကလည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတာ ဖြစ်ပြီး အခု ၂၉ ကြိမ်မြောက် SEA Games ထိ အိမ်ရှင် အနေနဲ့ ၆ ကြိမ်မြောက် လက်ခံ ကစားတာ ဖြစ်ပါတယ်။ အရင်က ၂၀၀၁ ခုနှစ်၊ ၁၉၆၅ ၊ ၁၉၇၁၊ ၁၉၇၇ နဲ့ ၁၉၈၉ တွေမှာပါ။

အခုနှစ် SEA Games ရဲ့ ကိုယ်စားပြု စကားလုံးကတော့ Rising Together ဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစား သမားပေါင်း ၄၈၈၈ ဦး လာရောက် ကစားမယ်လို့ ခန့်မှန်းထားပါတယ်။ ဖွင့်ပွဲကို သြဂုတ် ၁၉ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ပိတ်ပွဲကို သြဂုတ် ၃၀ ရက်မှာ ကျင်းပပါမယ်။ မလေးရှားနိုင်ငံရဲ့ အမျိုးသား အားကစားကွင်း Bukit Jalil National Stadium မှာ အဓိက ဖွင့်ပွဲ၊ ပိတ်ပွဲတွေနဲ့ ပြိုင်ပွဲ အများစု ကျင်းပမှာ ဖြစ်ပါတယ်။

အခု SEA Games ပြိုင်ပွဲက ၂ နှစ် တကြိမ် ကျင်းပလာခဲ့တာ ဖြစ်ပြီး နောက်ဆုံး SEA Games ကတော့ ၂၀၁၅ ခုနှစ် အတွင်းက ၂၈ ကြိမ်မြောက် အဖြစ် စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တာ ပါ။ အဆိုပါ ၂၀၁၅ SEA Games မှာ နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစားသမား ၄၃၇၀ ဦးက ပြိုင်ပွဲပေါင်း ၄၀၂ ပွဲကို အားကစားနည်း ၃၆ မျိုး ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်ကနေ ဇွန်လ ၁၆ ရက်နေ့ထိအောင် ကစားခဲ့တာပါ။

အခုနှစ် ၂၉ ကြိမ်မြောက် SEA Games ပြီးရင်တော့ ၂၀၁၉ ခုနှစ်မှာမှ အကြိမ် ၃၀ မြောက် SEA Games ကို နောက်ထပ် ကျင်းပဖို့ ရှိနေပြီး အဆိုပါ ပြိုင်ပွဲကိုတော့ ဖိလစ်ပိုင် နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။

SEA Games ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် နိုင်ငံတွေကတော့ ဘရူနိုင်း (အားကစားသမား ၄၈ ဦး)၊ ကမ္ဘောဒီးယား (အားကစားသမား ၇၈ ဦး)၊ အင်ဒိုနီးရှား (အားကစားသမား ၆၂၉ ဦး)၊ လာအို (အားကစားသမား ၂၀၁ ဦး)၊ မလေးရှား (အားကစားသမား ၈၇၄ ဦး)၊ တီမော (အားကစားသမား ၄၈ ဦး)၊ မြန်မာ (အားကစားသမား ၄၅၇ ဦး)၊ ဖိလစ်ပိုင် (အားကစားသမား ၄၉၇ ဦး)၊ စင်ကာပူ(အားကစားသမား ၅၈၂ ဦး)၊ ထိုင်း(အားကစားသမား ၈၅၈ ဦး)နဲ့ ဗီယက်နမ် (အားကစားသမား ၄၅၅ ဦး) တို့ ဖြစ်ပါတယ်။

အားကစားပွဲ ရုပ်သံ ထုတ်လွှင့်မှုကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေ အလိုက် ဒေသ အခြေစိုက် သတင်းဌာနတွေက ထုတ်လွှင့်မှုတွေ ရှိမှာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ တာဝန်ယူ ထုတ်လွှင့်ဖို့ ရှိတယ် လို့ သိရပါတယ်။

The post ကွာလာလမ်ပူ SEA Games မှာ မြန်မာတွေလည်း ပါဝင်ဆင်နွှဲမယ် appeared first on ဧရာဝတီ.

ယခုနှစ် တန်းတက် ဘရိုက်တန်းအသင်းအကြောင်း တစေ့တစောင်း

$
0
0

ပြည်တွင်းမှာ လူကြိုက်အများဆုံး ဘောလုံးပွဲစဉ်ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကို ယခုနှစ် နောက်ထပ် တန်းတက်လာတဲ့ ဘရိုက်တန် အသင်း အကြောင်း ပြောပြပါမယ်။

အသင်းရဲ့ နာမည်အပြည့်အစုံကတော့ Brighton & Hove Albion F.C ဖြစ်ပြီး ပြည်တွင်းမှာတော့ ဘရိုက်တန် အဖြစ် လူသိများ ခေါ်ဝေါ်ကြပါတယ်။ အင်္ဂလန်နိုင်ငံ၊ Sussex အရှေ့ပိုင်းက Brighton and Hove မှာ အခြေစိုက်ပါတယ်။ အိမ်ကွင်း အဖြစ် Falmer Stadiumကို သုံးပါတယ်။ ဒီကွင်းက ပရိသတ် ၃၀၇၅၀ ထိ ဆံ့ပါတယ်။ အသင်းကို နာမည်ပြောင် အနေနဲ့ The Seagulls လို့လည်း ခေါ်သလို Albion လို့လည်း ခေါ်ပါတယ်။

လွန်ခဲ့တဲ့ ၁၁၆ နှစ်၊ ၁၉၀၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က အသင်းကို စတင် တည်ထောင်ခဲ့ပါတယ်။ လက်ရှိ အသင်း မန်နေဂျာက Chris Hughton ဖြစ်ပါတယ်။ အရင်နှစ် အင်္ဂလန်ချန်ပီယံရှစ်မှာ အသင်း ၂၄ သင်းနဲ့ အတူ ကစားခဲ့ပြီး နယူးကာဆယ်က ဗိုလ်စွဲ ဖလားရခဲ့ပြီး အခု ဘရိုက်တန်ကတော့ ဒုတိယနေရာရခဲ့လို့ တိုက်ရိုက် တန်းတက်လာတာ ဖြစ်ပါတယ်။ အိမ်ကွင်းဝတ်စုံ အနေနဲ့ အပြာနဲ့ အဖြူ အစင်း အကျႌနဲ့ အပြာရောင် ဘောင်းဘီနဲ့ ခြေအိတ်ကို ဝတ်ဆင် ကစားပြီး အဝေးကွင်းမှာတော့ အနက်ရောင် အကျႌ၊ ဘောင်းဘီနဲ့ ခြေအိတ်တို့ကို ဝတ်ဆင်ပါတယ်။

မြို့တွင်း ဒေသခံ ပြိုင်ဘက် ဒါဘီ မရှိပေမယ့် အသင်းရဲ့ အခြေစိုက် Brighton and Hove နဲ့ မိုင် ၄၀ အကွာမှာ အခြေစိုက်ထားတဲ့ ခရစ်စတယ်ပဲလေ့ အသင်းနဲ့က အဓိက ပြိုင်ဘက်တွေပါပဲ။ အသင်းကို တည်ထောင်ပြီး ၁၉၀၁ ခုနှစ်နဲ့ နောက်ပိုင်းကာလတွေမှာ Southern League မှာ ကစားနေခဲ့ပြီး ၁၉၂၀ မှာမှ အင်္ဂလန် အမှတ်ပေး ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားဖို့ ရွေးချယ်ခံခဲ့ရတာပါ။ ၁၉၇၉ ခုနှစ်ကနေ ၁၉၈၃ ခုနှစ် အတွင်း ဘရိုက်တန်ရဲ့ အအောင်မြင်ဆုံး ကာလကို ရောက်ခဲ့ပြီး၊ အမှတ်ပေးပြိုင်ပွဲမှာလည်း ပထမတန်း အဆင့်မှာ ကစားခွင့် ရခဲ့သလို ၁၉၈၃ ခုနှစ် FA ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ဗိုလ်လုပွဲမှာ မန်ယူကို ရှုံးနိမ့်သွားခဲ့ပါတယ်။

အမှတ်ပေးပွဲတွေကို ရှေ့ပိုင်းမှာ ပထမတန်း၊ ဒုတိယတန်းတွေနဲ့ အဆင့်ခွဲခြား သတ်မှတ်ပြီး အခုလို ချန်ပီယံရှစ်တွေ၊ ပရီးမီးယားလိဂ်တွေ အဖြစ် အမည်ပြောင်းလဲ ခေါ်ဆိုပြီး နောက်ပိုင်းမှာ အခု ၂၀၁၇-၁၈ ဘောလုံးရာသီ အတွက် ဘရိုက်တန် တန်းတက်လာခြင်းက ပထမဆုံးပါ။ ဒါဟာ ၃၄ နှစ်တာ အင်္ဂလန်ရဲ့ အမြင့်ဆုံး အမှတ်ပေးပြိုင်ပွဲ ဝင်ရောက်ခွင့် မရတာကို အဆုံးသတ်လိုက်နိုင်ခြင်းပါ။

အသင်းငယ် ဖြစ်လို့ သူ့ အကြောင်း များများစားစား ပြောစရာ မရှိပေမယ့် အရင်နှစ်တွေထဲက တန်းတက် လက်စတာက အသင်းကြီးတွေကို အားလုံးကို ကျော်ဖြတ်ပြီး အမှတ်ပေး ဖလားကို ရယူသွားတာကို ကြည့်ရင် ဘရိုက်တန်အတွက်လည်း ယခုနှစ် အမှတ်ပေးပြိုင်ပွဲမှာ ဘယ်လို အိမ်မက်မျိုးကို မဆို မက်ခွင့်ရှိလာတာတော့ အမှန်ပါ။

ဘရိုက်တန်ရဲ့ အသင်း သမိုင်းတလျှောက် အောင်မြင်မှုတွေ အကြောင်း ပြောရရင် ၂၀၁၆-၁၇ ခုနှစ်၊ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် တိုက်ရိုက်ဝင်ခွင့် ရခဲ့တယ်၊ အမှတ်ပေးပြိုင်ပွဲ တတိယ အဆင့်မှာ ကစားစဉ်က တောင်ပိုင်းဘောလုံးပွဲတွေ မှာ ၃ ကြိမ် ဗိုလ်စွဲဖူးပြီး ၁၉၅၈ ခုနှစ်၊ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ဖလားရခဲ့တယ်။

ဘရိုက်တန် အသင်းဟာ ၁၉၆၅ ခုနှစ်နဲ့ ၂၀၀၁ ခုနှစ်တွေမှာ စတုတ္ထတန်း အမှတ်ပေးပြိုင်ပွဲတွေမှာ ဖလား နှစ် ကြိမ်ရဖူးပါတယ်။ တောင်ပိုင်း ဘောလုံး အဖွဲ့ချုပ် ဖလားကို ၁၉၁၀ ခုနှစ်မှာ တကြိမ်ရခဲ့တယ်။ FA Charity Shield ကို ၁၉၁၀ ခုနှစ်က တကြိမ်ရဖူးတယ်၊ The Sussex Royal Ulster Fifles Charity Cup ကို ၁၉၆၀ နဲ့ ၁၉၆၁ ခုနှစ်တွေမှာ ၂ ကြိမ်ဆက် ရရှိဖူးတာတွေ တွေ့ရပါတယ်။

The post ယခုနှစ် တန်းတက် ဘရိုက်တန်းအသင်းအကြောင်း တစေ့တစောင်း appeared first on ဧရာဝတီ.

ပရီးမီးယားလိဂ်မှာ ပြန်လည် မြင်တွေ့ရတော့မယ့် ဟာနန်ဒက်

$
0
0

ဝက်စ်ဟမ်းအသင်းဟာ ဂျဘီးယား ဟာနန်ဒက် (Javier Hernandez) ကို အသင်းပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းဖြင့် သူလက်ရှိ ကစားနေတဲ့ လေဗာကူဆင်အသင်းနဲ့ သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ ဟာနန်ဒက်ဟာ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှုနဲ့ ဆေးစစ်ချက် အပြီးသတ်လုပ်ဆောင်ဖို့အတွက် လန်ဒန်ကို မကြာမီ ရောက်လာတော့မှာ ဖြစ်ပါတယ်။

အသက်၂၉ နှစ်ရှိပြီဖြစ်တဲ့ ဟာနန်ဒက်ဟာ ယခုနှစ် မေလမှာ မက်စ်ဆီကိုအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာပြီး အချိန်ပြည့် ပွဲထွက်ကစားခွင့်လည်း ရှိနေပါတယ်။ သူဟာ နိုင်ငံအသင်းအတွက် ၉၆ ပွဲ ကစားရာမှာ ၄၈ ဂိုး သွင်းယူပေးထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းမှာတော့ စုစုပေါင်း ၁၅၆ ပွဲကစားခဲ့ပြီး သွင်းဂိုး ၅၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကို အငှားနဲ့ သွားရောက် ကစားခဲ့စဉ်တုန်းကလည်း ၃၃ ပွဲကစားရာမှာ ၉ ဂိုးသွင်းယူခဲ့ပါတယ်။

အဲဒီနောက် ဟာနန်ဒက်ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လမှာ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇.၃ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၇၆ ပွဲမှာ ၃၉ ဂိုးအထိ သွင်းယူပေးထားပါတယ်။

ဟာနန်ဒက်ကို ပရီးမီးယားလိဂ်မှာ မြင်ချင်ကြတဲ့ ပရိသတ်များအတွက် သတင်းကောင်းအနေနဲ့ ဖော်ပြလိုက်ရပါတယ်။

Ref: whufc.com

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ပရီးမီးယားလိဂ်မှာ ပြန်လည် မြင်တွေ့ရတော့မယ့် ဟာနန်ဒက် appeared first on ဧရာဝတီ.

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားများ

$
0
0

အခု ပြောပြချင်တာကတော့ သမိုင်းကြောင်းတလျှောက် ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အများစုကတော့ အရှိန်အဝါကြီးတဲ့ အသင်းကြီးတွေက ကစားသမားတွေပဲ ဖြစ်ပါတယ်။အခု ပြောပြချင်တာကတော့ သမိုင်းကြောင်းတလျှောက် ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အများစုကတော့ အရှိန်အဝါကြီးတဲ့ အသင်းကြီးတွေက ကစားသမားတွေပဲ ဖြစ်ပါတယ်။


(၁၀) Nadine Angerer ။ ။ အသက် ၁၇ နှစ် ကတည်းက ဂျာမနီနိုင်ငံ ကိုယ်စားပြု အသင်း အတွက် ကစားနေသူပါ။ အမျိုးသမီး ဂိုးသမားတွေထဲမှာ အကောင်းဆုံး လို့ ဆိုနိုင်ပါတယ်။ အသင်းအတွက် သူမ ဝင်ရောက် ကစားခဲ့တဲ့ ၂၁ ပွဲမှာ ပွဲစဉ် အားလုံး နိုင်ပွဲရခဲ့သူပါ။ ၂၀၀၁ ခုနှစ် အတွက် တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိထားသူလည်း ဖြစ်ပါတယ်။


(၉) Lotta Schelin ။ ။ ဆွီဒင် ကစားသမားပါ။ ဘောလုံး ကစားတာ ကောင်းသလို လှလည်း လှပါတယ်။ ကွင်းပြင်မှာ သူမရဲ့  အလှကြောင့် ပိုပြီး လူသိများပါတယ်။ သွက်လက်မှု ဦးစားပေး ကစားသမား ဖြစ်ပြီး အသင်းသားတွေကိုလည်း စိတ်ဓာတ် တက်ကြွအောင် ဆော်သြကစားသူ တဦးပါ။


(၈) Homare Sawa ။ ။ ဂျပန်အသင်းရဲ့  အားထားရသူ ဖြစ်ပြီး ဖြတ်တင်ဘောတွေ မှန်ကန်တိကျမှုနဲ့ နာမည်ကြီး ပါတယ်။ ကြေးစားအဆင့်ထိ ကျွမ်းကျင်သူလို့ သတ်မှတ်နိုင်ပါတယ်။ ၂၀၁၁ ခုနှစ် FIFA Women’s World Player ကိုလည်း ရရှိထားသူပါ။


(၇) Sydney Leroux ။ ။ ဘောလုံးသမား ဆိုပေမယ့် ဆွဲဆောင်မှု ရှိတဲ့ အမျိုးသမီး ကစားသမား တဦး ဖြစ်တာကြောင့် အမျိုးသားတွေ စိတ်ဝင်စား အကြိုက်များပါတယ်။ ခံစစ် ကစားသမား အဖြစ်ပါ အကောင်းဆုံး တွန်းတွန်းတိုက်တိုက် ကစားနိုင်တာ တွေ့ရပါတယ်။ ယုံကြည်မှု အပြည့်နဲ့ ကစားတတ်ပြီး ကွင်းလယ်နဲ့ နောက်တန်းကိုပါ တာဝန်ယူနိုင်တဲ့ ကနေဒါသူ တဦးပါ။


(၆) Dzsenifer Marozsan ။ ။ အလှဆုံး အမျိုးသမီး ဘောလုံးသမားတွေထဲက တယောက်ပါ။ တက်တူးထိုးရတာ နှစ်သက်သူပါ။ ဂျာမနီသူ ဖြစ်ပြီး သူကတော့ ဘောလုံးကို လှည့်ထွက် ထိုးဖောက်ကစားရတာ ပိုနှစ်သက်ပုံရပြီး လှည့်ကွက်နဲ့ ကစားသူ ဖြစ်ပါတယ်။


(၅) Hope Solo ။ ။ သူကတော့ ပြည်တွင်းမှာတောင် လူသိများတဲ့ အမေရိကန်သူပါ။ ကြံ့ခိုင် တောင့်တင်းတဲ့ သူတဦး ဖြစ်ပြီး ဂျနီဖာလိုပက်နဲ့ တချို့က တင်စားပြောဆိုခံရသူပါ။ ဒါပေမယ့် သူမက အလှအပထက် ဘောလုံးကို ဦးစားပေး ကြိုးစားကစား နေသူ တယောက်ပါ။


(၄) Marta Vieira Da Silva ။ ။ ဘရာဇီးသူ ဖြစ်ပြီး အမျိုးသား ကစားသမားတယောက်လို သန်မာလှပါတယ်။ အမျိုးသား ဘောလုံး အသင်း Rio de Janeiro ကနေ ခေါ်ယူ စမ်းသပ်မှုတွေတောင် ရှိခဲ့ပါတယ်။ တွန်းတွန်းတိုက်တိုက် ကစားတတ်ပြီး ကိုယ်ပိုင်ဟန်နဲ့ ကစားသူ တစ်ဦး ဖြစ်ပါတယ်။


(၃) Alex Morgan ။ ။ သူလည်း လှပသူ ကစားသမား တဦးပါ။ ဒါပေမယ့် အသင်းကို ဆွဲခေါ်နိုင်တယ်၊ ဦးဆောင်နိုင် တယ်၊ တချို့က အစပိုင်းမှာ Morgan ကို ကစားကွက် အတွက် အလုပ် မဖြစ်လောက်ဘူး ထင်ပေမယ့် ပွဲချိန်ကြာလာချိန်မှာ သူဟာ ကစားကွက်ကို ချုပ်ကိုင်နိုင်သူ ဖြစ်လာပြီး နာမည်ကျော်လာသူပါ။


(၂) Carli Llyod ။ ။ ၂၀၁၅ခုနှစ် အတွက် FIFA ရဲ့  အကောင်းဆုံး ကစားသမားဆု ရရှိထားသူပါ။ အသင်းကို ၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလား ရစေသူ၊ နိုင်ငံတကာ ပွဲပေါင်း ၂၂၂ ပွဲ ကစားထားသူ၊ အသင်း အတွက် ၈၇ ဂိုး သွင်းထားပေးသူပါ။ လှပမှုထက် ဘောလုံးကစားတာ ကောင်းလို့ လူကြိုက်များသူလည်း ဖြစ်ပါတယ်။


(၁) Abby Wambach ။ ။ တက်ကြွတယ်၊ သန်မာတယ်၊ သီးခြား ကစားဟန်နဲ့ ပွဲကို ထိန်းချုပ်နိုင်တယ်၊ တဦးတည်း ထိုးဖောက်ကစားနိုင်မှု အားကောင်းတယ်၊ ကစားသက် ၁၅ နှစ် အတွင်း နိုင်ငံတကာပွဲတွေမှာ ၁၈၄ ဂိုးထိအောင် သွင်းယူထားတယ်၊ ဒီထဲက ၇၇ ဂိုးက သူမ တယောက်တည်း ကြိုးစားမှုနဲ့ ရခဲ့တာလည်း ဖြစ်ပါတယ်။

Ref: www.wonderlist.com 

The post ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားများ appeared first on ဧရာဝတီ.

တတိယမြောက် တန်းတက် အသင်း Huddersfield Town A.F.C

$
0
0

အင်္ဂလန် ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်းတွေ ဖြစ်တဲ့ နယူးကာစတယ်နဲ့ ဘရိုက်တန်တွေ အကြောင်းကို ပြောပြီးပါပြီ။ အခု တတိယမြောက် တန်းတက် အသင်းလည်း ဖြစ်တဲ့ ဟပ်ဒါဖီးလ်အကြောင်း ပြောပြပါမယ်။

အသင်းရဲ့ အရှည်ကောက် အမည်ကတော့ Huddersfield Town Association Football Club ဖြစ်ပြီး အင်္ဂလန် အနောက်ပိုင်း ဟပ်ဒါဖီးလ်မှာ အခြေစိုက်ထားတဲ့ အသင်းပါ။ ပြီးခဲ့တဲ့နှစ် အင်္ဂလန် ချန်ပီယံရှစ်မှာ ချန်ပီယံ နယူးကက်စတယ်၊ ဒုတိယနေရာက ဘရိုက်တန် ပြီးတော့ ဟပ်ဒါဖီးလ် အသင်းက ရှုံးထွက် အနေနဲ့ ကန်ပြီး အနိုင်ရ တန်းတက်လာတာ ဖြစ်ပါတယ်။

အမဲလိုက်ခွေးများ (The Terriers) လို့ လူသိများပါတယ်။ John Smith’s Stadium ကို အိမ်ကွင်း အဖြစ် လက်ခံ ကစားပါတယ်။ ပရိတ်သတ် ၂၄၅၀၀ ဝင်ဆံ့ပါတယ်။ နည်းပြ အဖြစ် လက်ရှိမှာ David Wanger က တာဝန်ယူထားတာ တွေ့ရပြီး အရင်နှစ်ကတော့ ချိန်ပီယံရှစ်မှာ အဆင့် ၅ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

အိမ်ကွင်း ဝတ်စုံ အနေနဲ့ အကျႌအဖြူ၊ အပြာစင်းနဲ့ ဘောင်းဘီ ခြေအိတ်အဖြူ ဝတ်ဆင် ကစားပါတယ်။ အဝေးကွင်းမှာတော့ အနီ၊ အနက်အကြား အကျႌနဲ့ ဘောင်းဘီအနီ၊ ခြေအိတ်အနီ၊ အနက်အကြား ဝတ်ဆင် ကစားပါတယ်။

Huddersfield Town A.F.C အသင်းကို ၁၉၀၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တည်ထောင်ခဲ့တာ ဖြစ်လို့ မကြာခင်မှာ အသင်းဟာ သက်တမ်း ၁၀၉ နှစ် ပြည့် တော့မှာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ပြိုင်ဖက်ကတော့ အင်္ဂလန် ဘောလုံး အသင်းတွေထဲမှာ လက်ရှိ ဆယ်စုနှစ် အတွင်းမှာ ရလဒ် မကောင်းပေမယ့် ယခင်က သြဇာကြီးမားတဲ့ လိဒ်ယူနိုက်တက်နဲ့ အဓိက ပြိုင်ဖက်တွေပါ။ ၆၁ ပွဲထိအောင် တွေ့ဆုံထားဖူးပြီး ဟပ်ဒါဖီးလ်က ၂၅ ပွဲနိုင်၊ သရေ ၁၇ ပွဲနဲ့ လိဒ်က ၁၉ ပွဲပဲ နိုင်ထားပါတယ်။

အခြား ဟပ်ဒါဖီးလ်ရဲ့ ပြိုဖက်တွေကတော့ ဘရက်ဖို့၊ ဘန်စလေ၊ မန်းစီးတီး အသင်းတွေပါ။ ဒီနှစ် ပရီးမီးယားလိဂ်မှာတော့ မန်းစီးတီးနဲ့ပဲ ကစားရဖို့ ရှိနေတာ ဖြစ်ပြီး အရင်က First Division မှာ ပြိုင်ဖက်တွေ ဖြစ်ဖူးတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန် တာ ဖြစ်ပါတယ်။

အသင်းရဲ့ အောင်မြင်မှု ဆိုရင် အခုတော့ ပရီးမီးယားလိဂ် တန်းတက် အသင်း ဖြစ်လာပြီး ယခင်က First Division မှာ ၁၉၂၄၊ ၁၉၂၅ ခုနှစ်နဲ့ ၁၉၂၆ ခုနှစ်တွေမှာ ၃ နှစ်ဆက်တိုက် ချန်ပီယံ ရယူခဲ့ပါတယ်။ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ သမိုင်း တလျှောက် ပထမဆုံး ၃ ကြိမ်ဆက် ရယူနိုင်တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ဒုတိယ နေရာကို ၁၉၂၇၊ ၁၉၂၈ နဲ့ ၁၉၃၄ ခုနှစ်တွေမှာ ရထားသလို တတိယ နေရာကိုတော့ ၁၉၂၃ ၊ ၁၉၃၆ နဲ့ ၁၉၅၄ ခုနှစ်တွေမှာ ရရှိထားပါတယ်။

အသင်းရဲ့ အဆိုးဝါးဆုံး ကာလတွေက ၂၀၀၅ ခုနှစ် ဝန်းကျင် ဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်ကဆိုရင် စတုတ္ထတန်း အဆင့်ထိအောင် ဆင်းကစားရတာ တွေ့ရပြီး အဆိုပါ နှစ်မှာပဲ Play-Off ပွဲမှာ နိုင်ပြီး တတိတန်းကို ပြန်တက်လာသလို နောက်ပိုင်း ရလဒ် ကောင်းတွေနဲ့ အတူအခုလို ပရီးမီးယားလိဂ်မှာ တန်းတက် ကစားခွင့် ရလာတာပါ။

ဖလားတခုချင်း ပွဲစဉ်တွေမှာလည်း ၁၉၂၂ ခုနှစ်က FA ဖလားရခဲ့သလို ၁၉၂၀၊ ၁၉၂၈၊ ၁၉၃၀ နဲ့ ၁၉၃၈ တွေမှာ ဒုတိယ၊ ၁၉၂၉ နဲ့ ၁၉၃၉ တွေမှာ ဆီမီးဖိုင်နယ်ထိ ရောက်ကစားနိုင်ခဲ့ပါတယ်။ FA Charity Shield ကိုလည်း ၁၉၂၂ က ရဖူးတာ တွေ့ရ့ပါတယ်။

Ref: www.en.m.wikipedia.org

The post တတိယမြောက် တန်းတက် အသင်း Huddersfield Town A.F.C appeared first on ဧရာဝတီ.


ချယ်လ်ဆီးအသင်းရဲ့ ဂိုးသွင်းစက် ဒီယေဂို ကော်စတာ

$
0
0

ဘရာဇီးမှာ မွေးဖွားပြီး စပိန်နိုင်ငံသား ခံယူထားတဲ့ ဒီယေဂို ကော်စတာရဲ့ ဖြတ်သန်းမှုက စိတ်ဝင်စားစရာပါ။ လက်ရှိ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ဘောလုံး အသင်း တသင်းဖြစ်တဲ့ ချယ်ဆီးမှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ပြီး တိုက်စစ်မှာ နေရာရထားသူ ဒီယေဂို ကော်စတာ ရဲ့ နာမည် အပြည့်အစုံက Diego da Silva Coasta ဖြစ်ပါတယ်။ သူ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၇ ရက် ဘရာဇီးမှာ မွေးပါတယ်၊ အရပ်က ၆ ပေနဲ့ ၂ လက်မ ရှိပြီး ကလေးဘဝမှာတော့ ၂၀၀၄ ကနေ ၂၀၀၆ အထိ ဘာစီလိုနာ လူငယ် အသင်းမှာ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ဘရာဇီးမှာ မွေးဖွားပြီး စပိန်နိုင်ငံသား ခံယူထားတဲ့ ဒီယေဂို ကော်စတာရဲ့ ဖြတ်သန်းမှုက စိတ်ဝင်စားစရာပါ။ လက်ရှိ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ဘောလုံး အသင်း တသင်းဖြစ်တဲ့ ချယ်ဆီးမှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ပြီး တိုက်စစ်မှာ နေရာရထားသူ ဒီယေဂို ကော်စတာ ရဲ့ နာမည် အပြည့်အစုံက Diego da Silva Coasta ဖြစ်ပါတယ်။ သူ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၇ ရက် ဘရာဇီးမှာ မွေးပါတယ်၊ အရပ်က ၆ ပေနဲ့ ၂ လက်မ ရှိပြီး ကလေးဘဝမှာတော့ ၂၀၀၄ ကနေ ၂၀၀၆ အထိ ဘာစီလိုနာ လူငယ် အသင်းမှာ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။

စပိန်လူမျိုး ဘောလုံးသမား တစ်ဦး ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေက အသင်းကို အောင်မြင်မှု ရရှိအောင် အကောင်းဆုံး ထောက်ပံ့ပေးနေတာပါ။ ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်း သန်မာတယ်၊ ဂိုးသွင်းသေချာတယ်၊ မှန်ကန် တိကျတဲ့ ဖြတ်တင် ဘောလုံးတွေနဲ့ အတူ ပရိတ်သတ် အခိုင်အမာ ရရှိထားသူပါ။ ဒါပေမယ့် ပြိုင်ဖက် ကစားသမားတွေကို ပြင်းပြင်းထန်ထန် တွန်းတိုက်ကစားတတ်တာကြောင့် မကြာခဏ ကွင်းတွင်း ပြစ်ဒဏ် အပေးခံရသူလည်း ဖြစ်ပါတယ်။

ကြေးစား ဘောလုံး သမားဘဝကို ၂၀၀၆ ခုနှစ်မှာ စတင် ဝင်ရောက်လာတာပြီး ဘရာဂါအသင်းကို ရောက်သွားတယ်၊ ဒါပေမယ့် ဘရာဂါက ကော်စတာကို ပီနာဖီယယ် အသင်းကို အငှားချလိုက်လို့ ၂၀၀၆ ခုနှစ်မှာပဲ ပီနာဖီယယ်မှာ ၁၃ ပွဲ ကစားပြီး ၅ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြမှုတွေက စပိန်ကလပ် အက်သလက်တီကိုရဲ့ မျက်စိကျမှုကို ခံခဲ့ရသလို ၂၀၀၇ ခုနှစ်မှာ ကော်စတာ တစ်ယောက် အက်သလက်တီကို ရောက်လာပါတယ်။

ဒါပေမယ့် အသင်းအချင်းချင်း သဘောတူညီချက် အရ ကော်စတာအနေနဲ့ အက်သလက်တီကို ရောက်သွားတာ မှန်ပေမယ့် အက်သလက်က ဘရာဂါဆီကိုပဲ အငှားပြန်ချလို့ ၂၀၀၇ နှစ်မှာပဲ ဘရာဂါမှာ ပြန်ကစားတယ်၊ ၆ ပွဲပဲ ကစားခဲ့ရတယ်၊ ရာသီဝက် အရောက် ဘရာဂါကနေ ဆယ်တာကို အငှားနဲ့ ရောက်တယ်၊ ပွဲ ၃၀ ကစားပြီး ၆ ဂိုး သွင်းတယ်၊ ၂၀၀၈ ရောက်တော့ အယ်ဘက်စတီကို အငှားနဲ့ ထပ်ရောက်တယ်၊ ၃၅ ပွဲ ကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းတယ်၊ ဒီလိုနဲ့ အက်သလက်တီကို နာမည်ခံနဲ့ အသင်း အများအပြားနဲ့ အငှား ကစားနေရတဲ့ ကော်စတာဟာ ၂၀၀၉ ခုနှစ်မှာ ဗယ်လာဒိုလစ်ကို ရောက်လာတယ်၊ ၃၄ ပွဲ ကစားပြီး ၈ ဂိုး သွင်းပေးခဲ့တယ်။


၂၀၁၀ ခုနှစ်မှာမှ အက်သလက်တီကို ပြန်ရောက်လာပြီး ပွဲထွက်ခွင့် ရလာသလို ၂၀၁၄ ခုနှစ်ထိအောင် ပွဲပေါင်း ၉၄ ပွဲ ကစားပြီး ၄၃ ဂိုး သွင်းပေးခဲ့သလို ကော်စတာရဲ့ အတောက်ပဆုံး အချိန် ဖြစ်လာပါတယ်။ ဒါတောင် ၂၀၁၀ ကနေ ၂၀၁၄ အတွင်း ၂၀၁၂ ခုနှစ်မှာ အက်သလက်တီကိုက ကော်စတာကို ရွိုှုင်ရယ်ဗယ်လီကာနိုကို အငှားချလို့ ခဏရောက်သွား သေးတာ တွေ့ရပြီး ဗယ်လီကာနိုမှာ ၁၆ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းပေးခဲ့တာ တွေ့ရပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ချယ်လ်ဆီးကို ရောက်လာပြီး အခုချိန်ထိအောင် ၈၉ ပွဲပဲ ကစားရသေးပေမယ့် ဂိုးပေါင်း ၅၂ ဂိုး သွင်းပေးထားနိုင်တာတွေ့ ရပါတယ်။

နိုင်ငံအသင်း အတွက်ကတော့ ရှေ့ပိုင်းမှာ ကော်စတာက မွေးရပ် ဘရာဇီး အတွက် ၂၀၁၃ ခုနှစ်မှာ ၂ ပွဲ ကစားပေးခဲ့တာ တွေ့ရပေမယ့် နောက်ပိုင်းမှာတော့ သူ အခြေချရာ စပိန်မှာ နိုင်ငံသား ခံယူပြီး စပိန်နိုင်ငံ ကိုယ်စားပြု အသင်း အတွက် ဝင်ကစားပေးတာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကနေ အခုထိ ပွဲပေါင်း ၁၆ ပွဲ ကစားပေးထားပြီး ဂိုးပေါင်း ၆ ဂိုး သွင်းပေးထား ပါတယ်။

ကော်စတာရဲ့ ဆုတံဆိပ်ရရှိမှုကို ကြည့်မယ် ဆိုရင် ကလပ်အသင်းနဲ့ အတူ ရရှိမှုက အက်သလက်တီကိုနဲ့ အတူ လာလီဂါဖလားကို ၂၀၁၄ ခုနှစ်မှာ ရခဲ့တယ်၊ Copa del Rey ဖလားကို ၂၀၁၃ ခုနှစ်မှာ ရတယ်၊ UEFA Super Cup ကို ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ၂ ကြိမ်ရဖူးတယ်၊ UEFA ချန်ပီယံလိဂ်ကိုတော့ ၂၀၁၄ ခုနှစ်မှာ ဒုတိယ နေရာနဲ့ ကျေနပ်ခဲ့ရ တယ်၊ Supercopa de Espana ကို ၂၀၁၃ ခုနှစ်မှာ ဒုတိယနေရာတွေ ရခဲ့ပါတယ်။ ချယ်ဆီးအသင်းနဲ့ ဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ ၂ ကြိမ် ရထားတယ်၊ League Cup ကို ၂၀၁၅ ခုနှစ်မှာ ရရှိထားတာပါ။

တဦးချင်း အနေနဲ့ကတော့ Copa del Rey ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ၂၀၁၃ ခုနှစ်က ရပ်တည်နိုင်ခဲ့တယ်၊ လာလီဂါ တလတာ အကောင်းဆုံးဆုကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းက ရခဲ့တယ်၊ ၂၀၁၃-၁၄ ခုနှစ် လာလီဂါ အကောင်းဆုံး အသင်းစာရင်းမှာ ပါခဲ့တယ်၊ Trofeo EFE ၂၀၁၄ ခုနှစ် အဖြစ် သတ်မှတ်ခံရတယ်၊ ၂၀၁၃-၁၄ ခုနှစ် UEFA ချန်ပီယံလိဂ် အကောင်းဆုံ အသင်းကစားသမား အဖြစ် သတ်မှတ်ခံရတယ်၊ ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမား အဖြစ် ၂၀၁၄ ခုနှစ် သြဂုတ်နဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွေမှာ သတ်မှတ်ခံခဲ့ ရသလို ၂၀၁၄-၁၅ ခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းသား စာရင်းမှာလည်း ထည့်သွင်း ဖော်ပြခံထားရတာ တွေ့ရပါတယ်။ ။

Ref: www.en.m.wikipedia.org 

The post ချယ်လ်ဆီးအသင်းရဲ့ ဂိုးသွင်းစက် ဒီယေဂို ကော်စတာ appeared first on ဧရာဝတီ.

လီဗာပူး အားထားရတဲ့ ကစားသမား Daniel Sturridge

$
0
0

သူ့ရဲ့ နာမည် အပြည့်အစုံကတော့ Daniel Andre Sturridge ပါ၊ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အင်္ဂလိပ်လူမျိုး ပရော်ဖက်ရှင်နယ် ဘောလုံးသမား တဦးပါ။ တိုက်စစ်မှူး အနေနဲ့ ကစားတယ်၊ အင်္ဂလန် အတွက်ရော လီဗာပူး အသင်း အတွက်ပါ အားထားရတဲ့ သူတဦးပါ။ သူ့ကို တောင်ပံကစားသမား အဖြစ် ပွဲစဉ် တော်တော် များများမှာ တွေ့ရပေမယ့် နေရာစုံကနေ အကောင်းဆုံး အံဝင်အောင် ကစားနိုင်သူ တဦး ဆိုတာ တွေ့ရပါတယ်။

အသက် ၂၇ နှစ်၊ အရပ် ၆ ပေ ၂ လက်မ စတာရစ်ဟာ ဘာမင်ဂမ်သား တဦးပါ။ ကျောနံပါတ် ၁၅ ကို ဝတ်ဆင်တယ်၊ လူငယ် ကစားသမား ဘဝမှာ ကတည်းက အသင်းပေါင်း များစွာမှာ ကစားဖူးသူ တဦး ဖြစ်ပြီး လူငယ် ကစားသမား ဘဝကိုတော့ ၁၉၉၅ ခုနှစ်ကနေ စတင်ခဲ့တာ တွေ့ရပါတယ်။ ကက်ဘူရီ အက်သလက်တစ်မှာ ၁ နှစ်ကြာ ကစားခဲ့ပါတယ်၊ အဲဒီနောက် ၁၉၉၆ ကနေ ၂၀၀၀ ပြည့်နှစ်အထိ အက်စတွန်ဗီလာကို ရောက်လာပါတယ်၊ ၂၀၀၀ ခုနှစ် ကနေ ၂၀၀၃ ခုနှစ်ထိ ကိုဗင်ထရီစီးတီး အသင်းကို ရောက်သွားပါတယ်၊ အဲဒီနောက် ၂၀၀၃ ခုနှစ်က ၂၀၀၆ ခုနှစ် ထိ မန်စီးတီးမှာ ရောက်နေခဲ့တာပါ။

ပရောဖက်ရှင်နယ် ကစားသမား ဘဝကိုလည်း မန်းစီးတီးမှာပဲ စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ မန်းစီးတီးမှာ ကစားတယ်၊ အဲဒီနောက် ချယ်လ်ဆီးကို ရောက်သွားတယ်၊ အဲဒီမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ထိ ကြာခဲ့ပြီး ချယ်လ်ဆီး မှာ ရှိနေစဉ် အတွင်း စတာရစ်ရဲ့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းလာတာကြောင့် ၂၀၁၁ ခုနှစ် အတွင်း ဘော်တန်ဝမ်းဒါးရားကို ၁ နှစ် အငှားချ ခံခဲ့ရပါသေးတယ်။

ဒါပေမယ့် ဘော်တန်မှာ အငှားနဲ့ ရောက်နေစဉ် စတာရစ်ရဲ့ ခြေစွမ်းပြသမှုက ၁၂ ပွဲမှာ ၈ဂိုးသွင်းခဲ့လို့ မကြာခင်မှာပဲ ချယ်ဆီးကို ပြန်ရောက်လာ ပါတယ်။ ချယ်လ်ဆီးမှာ နာမည်ကြီး ဘောလုံးသမားတွေနဲ့ ပွဲထွက်ခွင့် ရုန်းကန်ရမှုနဲ့ အတူ ၂၀၁၃ ခုနှစ်မှာတော့ အင်္ဂလန် အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ သြဇာအကြီးဆုံးနဲ့ အအောင်မြင်ဆုံး အသင်း ၁ သင်းဖြစ်တဲ့ လီဗာပူးကို ရောက်သွားခဲ့တာပါ။ လက်ရှိ နာမည်ကျော် ဆွာရက်ဇ်နဲ့ အတွဲ အညီဆုံး ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။


နိုင်ငံ အသင်းအတွက် ကစားပေးမှု အပိုင်းမှာတော့ U16 အသင်းအတွက် ကနေ စတင်ပြီး ပါဝင် ကစားပေးနေခဲ့တာပါ။ ၂၀၀၄-၀၅ မှာ U16 အသင်းအတွက်၊ ၂၀၀၅-၂၀၀၆ မှာ U17 အသင်းအတွက်၊ ၂၀၀၇ ခုနှစ်မှာ U18 အသင်းအတွက်၊ ၂၀၀၈ ခုနှစ်မှာ U19 အသင်းအတွက်၊ ၂၀၀၉-၁၁ ခုနှစ်တွေမှာ U21 အသင်းအတွက်၊ အဲဒီနောက် ၂၀၁၁ ခုနှစ်ကနေ စတင်ပြီး အင်္ဂလန်အသင်း အတွက် ကစားပေးခဲ့တာ တွေ့ရပါတယ်။

ဂိုးသွင်းယူနိုင်မှု အနေအထားကို ကြည့်မယ် ဆိုရင် မန်းစီးတီးမှာ ၃၂ ပွဲ ကစားတယ်၊ ၆ ဂိုးသွင်းတယ်၊ ချယ်လ်ဆီးမှာ ၉၆ ပွဲကစားတယ်၊ ၂၄ဂိုး သွင်းတယ်၊ ဘော်တန်မှာ ၁၂ ပွဲ ကစားတယ်၊ ၈ ဂိုးသွင်းတယ်၊ လီဗာပူးမှာ ၁၁၉ ပွဲ ကစားတယ်၊ ဂိုးပေါင်း ၆၀ ထိအောင် သွင်းယူပေးထားသူပါ။ အခုချိန်ထိအောင် ကလပ်အသင်း အားလုံး အတွက် ပွဲပေါင်း ၂၅၉ ပွဲ ကစား ပေးထားပြီး ဂိုးပေါင်း ၉၈ ဂိုး သွင်းယူထားသူပါ။ နိုင်ငံတကာ ပွဲစဉ်တွေမှာတော့ အင်္ဂလန် အသင်း အတွက် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိအောင် ၂၅ ပွဲ ပါဝင်ကစားပေးထားပြီး ၈ ဂိုး သွင်းယူထားတာလည်း ဖြစ်ပါတယ်။


ဆုဖလားရယူနိုင်မှု အပိုင်းမှာတော့ အခြား နာမည်ကျော် ကစားသမားတွေနဲ့ စာရင် နည်းပါးသေးတာ တွေ့ရပြီး ချယ်လ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၀ ခုနှစ်မှာ ၁ ကြိမ်၊ FA ဖလားကို ၂၀၁၀ ခုနှစ်၊ ၂၀၁၂ တွေမှာ ၂ ကြိမ်၊ UEFA ချမ်ပီယီယံလိဂ် ဖလားကို ၂၀၁၂ ခုနှစ်တွေမှာ ရယူထားနိုင်တာ တွေ့ရပေမယ့် စတာရစ် အောင်မြင်ခြေစွမ်းပြနေတဲ့ လီဗာပူးနဲ့ အတူ ဆုဖလား ရယူထားနိုင်ခြင်း မရှိသေးတာ တချက်က အားရစရာ မဟုတ်သေးပါဘူး။

တဦးချင်း အနေနဲ့တော့ ၂၀၁၄ ခုနှစ်ရဲ့ PFA ကနေ ရွေးချယ်တဲ့ ၁ နှစ်တာ အကောင်းဆုံး အသင်းမှာ ပါခဲ့ဖူးတယ်၊ ၂၀၁၃ ခုနှစ် သြဂုတ်လနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွေမှာ တလတာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ်ရဖူးတယ်၊ ၂၀၁၁ ခုနှစ် UEFA ဥရောပ အသက် ၂၁ နှစ်အောက် ချန်ပီယံရှစ်ရဲ့ အကောင်းဆုံး ကစားသမားများ အသင်းမှာ ရွေးချယ် ခံရဖူးတယ်၊ ၂၀၀၉ ခုနှစ် မန်စီးတီးမှာ ရှိနေတဲ့ အချိန်က တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ရထားတာ တွေ့ရပါတယ်။

Ref: www.en.m.wikipedia.org

The post လီဗာပူး အားထားရတဲ့ ကစားသမား Daniel Sturridge appeared first on ဧရာဝတီ.

ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်စတော့မည်

$
0
0

အင်္ဂလန် ပရီးမီးယားလိဂ် (Premier League) အမှတ်ပေး ဘောလုံး ပြိုင်ပွဲဟာ အားလုံးသိတဲ့ ပြိုင်ပွဲပါ။ မြန်မာနိုင်ငံမှာ လူကြိုက် အများဆုံး လည်း ဖြစ်ပါတယ်။ အမှတ်ပေးပြိုင်ပွဲ ဖြစ်တဲ့ အပြင် တန်းဆင်း တန်းတက် ပုံစံနဲ့ ခွဲခြား ကစားစေရာ မှာတော့ ပရီးမီးယားလိဂ်က အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ အမှတ်ပေးဖလားမှာ အသင်း ၂၀ ပါဝင်ကစား ရပါတယ်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ မှာ ပရီးမီးယားလိဂ်ကို စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အရင်ကတော့ ပထမတန်း၊ ဒုတိယတန်း စသဖြင့် အဆင့်ခွဲခြား ခေါ်ဝေါ်တာ တွေ့ရပါတယ်။ အင်္ဂလန်အသင်း ၁၉ သင်းနဲ့ ဝေလပြည်နယ်က ၁ သင်း၊ စုစုပေါင်း အသင်း ၂၀ ပါဝင် ယှဉ်ပြိုင်ပါတယ်။

UEFA လို့ ခေါ်တဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်မှာ ရှိနေပြီး၊ ပရီးမီးယားလိဂ်မှာ အစောပိုင်း ယှဉ်ပြိ်ုင်ခွင့်ရ အသင်း အရေအတွက်က ၂၀ မဟုတ်ဘဲ ၁၉၉၅- ၉၆ ခုနှစ် ဘောလုံးရာသီကနေ စတင်ပြီးမှ အခုလို အသင်း ၂၀ ထိ ပါဝင် ယှဉ်ပြိုင်လာတာ ဖြစ်ပါတယ်။

EFL (English Football League) ရဲ့ အမှတ်ပေးပြိုင်ပွဲ တပွဲဖြစ်တဲ့ EFL Championship နဲ့ ချိတ်ဆက်ထား ပါတယ်။ ဆိုလိုတာက ပရီးမီးယားလိဂ်ကနေ တန်းဆင်းရင် ချန်ပီယံရှစ်ကို ရောက်မယ်၊ ချန်ပီယံရှစ်ကနေ တန်းတက်ရင် ပရီးမီးယားလိဂ်ကို ရောက်မှာ ဖြစ်ပါတယ်။ နှစ်စဉ် ပရီးမီးယားလိဂ် ရဲ့ အောက်ဆုံး အသင်း ၃ သင်း တန်းဆင်းရသလို ချန်ပီယံရှစ်ကနေ ၃ သင်း တန်းတက်လာပါတယ်။

အခု ပရီးမီးယားလိဂ်နဲ့ အတူ FA ဖလားတွေ ကွန်မြူနတီဒိုင်း တွေကိုလည်း တပြိုင်နက်တည်း ယှဉ်ပြိုင် ရယူနိုင် ပါတယ်။ EFL ဖလားပွဲစဉ်လည်း ပွဲစဉ်အလိုက် ပါဝင်ခွင့်ရပါတယ်။ အင်္ဂလန်ရဲ့ အမြင့်ဆုံး အမှတ်ပေး ပြိုင်ပွဲ ဖြစ်လို့ ဒီပြိုင်ပွဲမှာ အမြင့်ဆုံး အဆင့်အတွင်း ရပ်တည်နိုင်သူတွေ၊ ဖလားရသူတွေဟာ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကနေ ကျင်းပတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေ အဆင့်အလိုက် ပါဝင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ဆုဖလားကိုတော့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ချယ်လ်ဆီး အသင်းက ရယူထားတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ်အမည် စတင် ပြောင်းလဲ ကစားစေကတည်းက အခုချိန်ထိအောင် ပရီးမီးယား လိဂ်ဖလား အများဆုံး ရယူထားနိ်ုင်တဲ့ အအောင်မြင်ဆုံး အသင်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းပဲ ဖြစ်ပြီး သူက ၁၃ ကြိမ်ထိအောင် ရယူထားနိုင်ခဲ့တာပါ။

နှစ်စဉ် သြဂုတ်လအတွင်းမှာ စတင်ကစားပြီး မေလမှာ ရာသီသိမ်းပါတယ်၊ တစ်နှစ်ကို ပတ်လည် အနေနဲ့ အိမ်ကွင်း၊ အဝေးကွင်း ပုံစံ ၃၈ ပွဲ ကစားရပါတယ်။ ဒါကြောင့် ဘောလုံး တရာသီမှာ အမှတ်ပေးဖလား ပွဲစဉ် ၃၈၀ ရှိပါတယ်၊ အများစုကတော့ စနေနဲ့ တနင်္ဂနွေနေ့ နေ့လည်ပိုင်း တွေမှာ ကစားကြတာပါ။

အရင်က Football League First Division ကို ဖျက်သိမ်းပြီး ၁၉၉၂ ခုနှစ်က ပရီးမီးယားလိဂ်လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့သလို အင်္ဂလန်ပြည်ပမှာတော့ English Premier League အဖြစ် လူသိများပါတယ်။ First Division ကတော့ ၁၈၈၈ ခုနှစ်ကတည်းက စတင် ကစားခဲ့တဲ့ ပွဲစဉ်တွေပါ။

ပရီးမီးယားလိဂ်ဟာ ၂၀၁၃-၁၄ ဘောလုံးရာသီကနေ စတင်ပြီး တနှစ်ကို ဘောလုံးပွဲစဉ်တွေ ထုတ်လွှင့်ပြသရာ ကနေ ရရှိတဲ့ ဝင်ငွေဟာ ပေါင် ၁ ဘီလီယံကျော် ရှိပါတယ်။ ဒါက BSkyB နဲ့ BT Group ၂ ခုတည်းနဲ့ ပြသခွင့် သဘောတူညီချက် ဖြစ်သလို အခြား ဥရောပ ပွဲစဉ်တွေမှာပါ အင်္ဂလန် အသင်းတွေရဲ့ ပါဝင်ကစားမှုတွေကို ပြသခွင့် အတွက် သဘောတူညီချက်ကလည်း တနှစ်ကို ယူရို ၂ ဒသမ ၂ ဘီလီယံလောက်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း အသင်းအားလုံးရဲ့ ဝင်ငွေဟာ ၂၀၁၄-၁၅ ခုနှစ်မှာ ပေါင် သန်း ၁၆၀ဝ လောက် ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ မှာ ပေါင် သန်း ၂၄၀ဝ လောက်ထိ ဖြစ်လာခဲ့တာပါ။

စစ်တမ်းတွေ အရတော့ ကမ္ဘာပေါ်မှာ ပရီးမီးယားလိဂ်ဟာ ကြည့်ရှုသူ အများဆုံး ဘောလုံးအားကစားပွဲ ဖြစ်နေပြီး ကမ္ဘာပေါ်က နယ်ပယ်ပေါင်း ၂၁၂ နေရာမှာ ချိတ်ဆက် ကြည့်ရှုအိမ် ၆၄၃ သန်း ရှိပြီး ကြည့်ရှုသူ ၄ ဒသမ ၇ ဘီလီယံလောက်ရှိတယ် လို့ ဆိုပါတယ်။

၂၀၁၄-၁၅ ဘောလုံးရာသီကနေ နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တပွဲကို ပျမ်းမျှ အနည်းဆုံး ပရိတ်သတ် ၃၆၀ဝ၀ လောက် လာရောက်ကြည့်ရှုပြီး ဂျာမနီ ဘွန်ဒက်ဘီဂါ အမှတ်ပေး ဘောလုံးပွဲရဲ့ တပွဲ ပျမ်းမျှ ကြည့်နှုန်း ၄၃၅၀ဝ ပြီးရင် ကမ္ဘာမှာ ဒုတိယ အများဆုံးပဲ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ် ပရီးမီးယားလိဂ် စပြီး ဖြစ်တည်ချိန်က အသင်းပေါင်း ၄၇ သင်းပဲ ပရီးမီးယားလိဂ်မှာ ကစားဖူးပြီး အဲဒီထဲက မန်ယူက ၁၃ ကြိမ်၊ ချယ်လ်ဆီး ၅ ကြိမ်၊ အာဆင်နယ် ၃ ကြိမ်၊ မန်စီးတီး ၂ ကြိမ်၊ ဘလက်ဘန်း ၁ ကြိမ်၊ လက်စတာ ၁ ကြိမ်ပဲ ဖလားရယူထားနိုင်တာ တွေ့ရပါတယ်။

အခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီမှာတော့ အာဆင်နယ်၊ ဘုန်းမောက်၊ ဘရိုက်တန်၊ ဘန်လေ၊ ချယ်ဆီး၊ ခရစ်စတယ်ပဲလေ့၊ အဲဗာတန်၊ ဟက်ဒါဖီးလ်၊ လက်စတာ၊ လီဗာပူးလ်၊ မန်ယူ၊ မန်စီးတီး၊ နယူးကာဆယ်၊ ဆောက်သမ်တန်၊ စတုတ်၊ ဆွမ်ဆီး၊ စပါး၊ ဝက်ဖို့၊ ဝက်ဘရွန်းနဲ့ ဝက်ဟမ်အသင်းတွေ ပါဝင်ကစားမှာလည်း ဖြစ်ပါတယ်။

၂၀၁၃-၁၄ ဘောလုံးရာသီကနေ နောက်ပိုင်းပရီးမီးယားလိဂ်ရဲ့ ကွင်းတွင်း တစ်နှစ် ဝင်ရောက် ကြည့်ရှုသူ ပရိတ်ကတော့ ၁၄ သန်းလောက် ရှိလာပါတယ်။

Ref: http://en.m.wikipedia.org/wiki/Premier_League

The post ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်စတော့မည် appeared first on ဧရာဝတီ.

မကြာမီ ပြန်စတော့မယ့် ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေး ဘောလုံးပွဲစဉ်များ

$
0
0

ကမ္ဘာပေါ်မှာ ကွင်းတွင်း ပရိတ်သတ် ဝင်ရောက် ကြည့်ရှုမှု အများဆုံး ဂျာမနီ ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဘွန်ဒက်လီဂါ ပွဲစဉ်တွေ လာမယ့် သြဂုတ် ၁၈ ရက်နေ့မှာ ပြန်စပါတော့မယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေထက် တပွဲပျမ်းမျှ ကြည့်ရှုသူ ပရိတ်သတ် ပိုများပါတယ်။ ဥရောပမှာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန်၊ စပိန်နဲ့ ဂျာမနီပြည်တွင်း အမှတ်ပေး ဖလားပြိုင်ပွဲတွေက လူကြိုက် အများဆုံး ဖြစ်သလို ဘွန်ဒက်ဘီဂာကတော့ အသင်း ၁၈ သင်းပဲ ကစားတာ ဖြစ်ပါတယ်။ အသင်းလည်း နည်းတာကြောင့် ရာသီဖွင့်ပွဲ ကစားရက်ကလည်း ပုံမှန်ထက် နည်းနည်း နောက်ကျပါတယ်။

အခုနှစ် ဘွန်ဒက်လီဂါအကြောင်း မပြောခင် အရင်နှစ် ရာသီသိမ်းအခြေအနေကို ပြန်ကြည့်ရအောင်ပါ။ ၅၄ ကြိမ်မြောက် ကျင်းပတဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီ ဘွန်ဒက်လီဂါ ပွဲစဉ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် မေလ ၂၀ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကပဲ ၂၆ ကြိမ်မြေက် ချန်ပီယံ ဖလားကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဥရောပရဲ့ အမြင့်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲကို ဘိုင်ယန်နဲ့ အတူ အခြား စုစုပေါင်း ၄ သင်း ဝင်ခွင့်ရတယ်၊ ဒုတိယ အဆင့် အမြင့်ဆုံး ယူရိုပါလိဂ်ကို ကိုလုံး၊ ဟာသာဘာလင်နဲ့ ဖရိုင်းဘက်တွေ ဝင်ခွင့်ရခဲ့ပါတယ်။

တရာသီ အတွင်း ကစားပွဲပေါင်း ၃၀၆ ပွဲ ကစားတယ်၊ တပွဲကို ပျမ်းမျှ ၂ ဒသမ ၈၇ ဂိုးသွင်းတယ်၊ စုစုပေါင်း ၈၇၇ ဂိုး သွင်းတယ်၊ ဂိုးသွင်းဘုရင် အဖြစ် Pierre Emerick Aubameyang က ၃၁ ဂိုးသွင်းတယ်၊ အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲ အဖြစ် ဘိုင်ယန်က ဟမ်းဘတ်ကို ၈ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ အဝေးကွင်းနိုင်ပွဲ အကြီးဆုံး အဖြစ် ဝုဖ်ဘတ်အိမ်ကွင်းမှာ ဘိုင်ယန်က ၆ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ တပွဲ ပျမ်းမျှ ပရိတ်သတ် ၄၁၅၁၈ ဦး ရှိခဲ့ပြီး တနှစ်လုံး ပရိတ်သတ် ၁၂ ဒသမ ၇ သန်းလောက် ရှိခဲ့ပါတယ်။

အခုနှစ် ဘွန်ဒက်လီဂါကိုတော့ လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ စတင် ကစားမှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်ထိ ဖြစ်ပါတယ်။ ပွဲစဉ်ဇယားကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက ထုတ်ပြန် ကြေငြာထားတာ တွေ့ရပါတယ်။ အခုနှစ်မှာတော့ အသင်းကြီး စတုဂတ်နဲ့ ဟန်နိုဗာတွေ တန်းပြန်တက်လာတာ တွေ့ရပါတယ်။

အိမ်ကွင်းတွေ အနေနဲ့ အော့ဘတ်စ်က WWK Arena ကွင်းမှာ လက်ခံကစားမယ်၊ ၃၀၆၆၀ ဦး ဝင်ဆံ့တဲ့ ကစားကွင်းပါ၊ ဟာသာဘာလင် အသင်းက ၇၄၄၇၅ ဦးဆံ့တဲ့ Olympiastadion ကွင်းမှာ လက်ခံကစားမယ်၊ ဝါဒါဘရီမင်က ၄၂၁၀၀ ဦးဆံ့တဲ့ Weser-Stadion မှာ လက်ခံကစားမယ်၊ ဒေါ့မန်အသင်းက ပရိတ်သတ် ၈၁၃၆၀ ဦး ဆံ့တဲ့ Signal Iduna Park မှာ လက်ခံကစားမယ်၊ ဖရန့်ဖတ်အိမ်ကွင်း Commerzbank-Arena က ၅၁၅၀၀ ဦးဆံ့တယ်၊ ဖရိုင်းဘတ်အိမ်ကွင်း Schwarzwald-Stadion က ပရိတ်သတ် ၂၄၀၀၀ ပဲ ဆံ့တယ်။

ဟမ်းဘက်အိမ်ကွင်း Volksparkstadion က ၅၇၀၀၀ ဦးထိအောင် ဆံ့တယ်၊ တန်းတက် ဟန်နိုဗာကတော့ ပရိတ်သတ် ၄၉၀၀၀ ဆံ့တဲ့ HDI-Arena ကွင်းမှာ လက်ခံကစားမယ်၊ ဟော့ဖန်ဟိမ်းဆိုရင် အိမ်ကွင်း Wirsol Rhein-Neckar-Arena ကွင်းမှာ လက်ခံကစားမှာ ဖြစ်ပြီး ပရိတ်သတ် ၃၀၁၅၀ဆံ့တယ်၊ ကိုလုံးကတော့ RheinEnergieStadion မှာ ပရိတ်သတ် ၄၉၉၆၈ နဲ့ လက်ခံကစားမယ်၊ လိုက်ဇက်အိမ်ကွင်း Red Bull Arena က ပရိတ်သတ် ၄၂၅၅၈ ဦး ဆံ့တယ်၊ လေဗာကူဆင် အသင်းက BayArena ကွင်းက ပရိတ်သတ် ၃၀၀၀၀ ပဲ ဆံ့တယ်။

မိန့်အိမ်ကွင်း Opel Arena က ပရိတ်သတ် ၃၄၀၀၀ ဆံ့တယ်၊ မိုချန်ဂလာဘတ်အသင်းက အိမ်ကွင်း Borussia-Park ဖြစ်ပြီး သူက ပရိတ်သတ် ၅၄၀၁၄ ဦး ဆံ့တယ်၊ ချန်ပီယံ ဘိုင်ယန်မြူးနစ်က Allianz Arena အိမ်ကွင်း ဖြစ်ပြီး ပရိတ်သတ် ၇၅၀၀၀ ဆံ့တယ်၊ ရှော်ကေးအိမ်ကွင်း Veltins-Arena က ပရိတ်သတ် ၆၂၂၇၁ ဆံ့တယ်၊ တန်းတက် စတုဂတ်ရဲ့ အိမ်ကွင်း Mercedes-Benz Arena ကတော့ ပရိတ်သတ် ၆၀၄၄၉ ဦး ဆံ့ပြီး ဝုဖ်ဘတ်ကတော့ ပရိတ်သတ် ၃၀၀၀၀ ပဲ ဆံ့တဲ့ အိမ်ကွင်း Volkswagen Arena မှာ အသီးသီး လက်ခံကစားကြမှာ ဖြစ်ပါတယ်။

အခုနှစ် ဘွန်ဒက်လီဂါမှာ အသင်း ၄ သင်းပဲ နည်းပြအသစ် အပြောင်းအလဲ ရှိပြီး ကျန်အသင်းတွေကတော့ အရင်နှစ်က နည်းပြတွေနဲ့ ဆက်ကစားမှာပါ။ မိန့် အသင်းကိုတော့ နည်းပြသစ် Sandro Schwarz က မေလ ၃၁ ရက်နေ့က ရောက်လာတယ်၊ ဒေါ့မန်နည်းပြသစ် အဖြစ် Peter Bosz က ဇွန်လ ၆ ရက်နေ့က ပြောင်းလာတယ်၊ လေဗာကူဆင် နည်းပြသစ် Heiko Herrlich ကလည်း ဇွန်လ ၉ ရက်နေ့ကမှ ရောက်လာတယ်၊ ရှော်ကေးနည်းပြသစ် Domenico Tedesco ကလည်း ဇွန်လ ၉ ရက်နေ့ကမှ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ။

Ref: www.en.m.wikipedia.org

The post မကြာမီ ပြန်စတော့မယ့် ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေး ဘောလုံးပွဲစဉ်များ appeared first on ဧရာဝတီ.

၂၀၂၀ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီးThe Rock

$
0
0

နာမည်ရင်း DwyaneJohnson ဖြစ်ပေမယ့် ကြိုးဝိုင်းတွင်းမှာ TheRock ဆိုတဲ့ နာမည်နဲ့ လူသိများတယ်၊ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်အတွင်းက အအောင်မြင်ဆုံးနပန်းသမားဘဝကို ဖြတ်သန်းနေတယ်။ အဲဒီနောက် ရုပ်ရှင်လောကထဲ ဝင်လာတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်အတွင်းမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသားပေါင်းများစွာကို ကျော်တက်ပြီး တနှစ်တာ ဝင်ငွေအ ကောင်းဆုံးမင်းသား ဖြစ်လာတဲ့သူက အခုတော့ နောက်ထပ်ခြေလှမ်းအနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်လာဖို့ ရှိနေပါပြီ။

၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ဖို့ လှုံ့ဆော်ရေးအဖွဲ့ကိုလည်း တရားဝင် ဖွဲ့စည်းလိုက်တာ တွေ့ရသလို Run the Rock 2020 ခေါင်းစဉ်နဲ့ ဒီအဖွဲ့ကနေ လာမယ့် အိမ်ဖြူတော်မှာ သမ္မတနေရာ ရရှိရေးအတွက် လုပ် ဆောင်သွားတော့မယ်လို့ ဆိုပါတယ်။

အခုလို ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခြင်းနဲ့ လက်ရှိ ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်မှုကိုတော့ TheRock ကိုယ် တိုင်လုပ်ဆောင်နေတာ မဟုတ်ဘဲ Kenton Tilford အမည်ရှိ ကိုယ်စားလှယ်နဲ့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်းကလည်း The Rock က နည်းဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ကြိုးစားသွားမှာပါလို့ အခုအ ကြောင်းနဲ့ ပတ်သက်ပြီး အရိပ်အမြွက် ဖြေကြားခဲ့တာလည်း တွေ့ရပါတယ်။

လက်ရှိ သမ္မတထရမ့်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေအပေါ် သူ့ရဲ့အမြင်ကို မေးမြန်းမှုမှာလည်း ကျနော်သာ သမ္မတ တ ယောက်ဆိုရင် အလွန်ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အရေးကြီးတာတွေကို လုံးဝမမှားယွင်းစေရ အောင် လုပ်ဆောင်မယ်၊ ခေါင်းဆောင်ဟာ နိုင်ငံတနိုင်ငံအတွက် အရေးအပါဆုံးပါ၊ အားလုံးအတွက် တာဝန်ခံနိုင်စွမ်းရှိရမယ် လို့ ယူဆမိပါတယ်လို့ ဖြေသွားပါတယ်။

ဒါပေမယ့် ခေါင်းဆောင်ဟာ ဖြစ်လာတဲ့နောက်ဆက်တွဲအားလုံးကို တာဝန်ယူရမယ် ဆိုတာကို လူတိုင်းကတော့ လက်ခံချင် မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လက်မခံချင်သူတွေကို လက်ခံအောင် ကျနော် လုပ်ဆောင်မှာမဟုတ်ပါဘူး၊ ဘာလို့လဲ ဆို တော့ ကျနော်လည်း ပြည်သူတယောက်ဖြစ်လို့ပါပဲ၊ ကျနော်တို့ လုပ်ဆောင်သမျှ အကျိုးဆက်ကို ကျနော်တို့ ခံစားရမယ်၊ သ ဘောထားတွေ ကွဲလွဲမှုတွေ ရှိချင် ရှိမယ်၊ ဒါပေမယ့် ကိုယ့်ကို လက်မခံသူတွေကို လိုက်ပြီး တောင်းဆိုနေဖို့ မလိုအပ်ဘူး၊ ဒါပေ မယ့် သူတို့အတွက်ပါ အကောင်းဆုံးလုပ်ဆောင် ပေးသွားဖို့ပဲလိုအပ်တာပါလို့ သူက ဆက်ပြောသွားတာလည်း တွေ့ရပါ တယ်။

ဒီလို TheRock ရွေးကောက်ပွဲ ဝင်မယ့်သတင်းထွက်လာပြီး မကြာခင်မှာပဲ သူဟာ Saturday Night အစီအစဉ်ရဲ့ ရုပ်သံ ရိုက်ကူးမှုကို လက်ခံခဲ့ပြီး အစီအစဉ် ရိုက်ကူးခဲ့ပေမယ့် အဆိုပါအစီအစဉ်မှာတော့ ရွေးကောက်ပွဲဝင်မယ့်အကြောင်းနဲ့ပတ် သက်ပြီး သူ့ရဲ့ဒုတိယသမ္မတနေရာကိုပါ ထားရှိဆောင်ရွက်စေမယ့် နောက်ထပ် နာမည်ကျော်တဦးနဲ့ တွဲဖက်တက်ရောက် ခဲ့တာပါ။

ဒီအစီအစဉ်မှာကဲ အစီအစဉ်လေး စလိုက်ရအောင်ဗျာ၊ အခု ကျနော် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် အစီအစဉ်လေးတွေ လုပ် နေ ပါတယ်၊ ပြီးတော့ ကျနော့်မှာ အကောင်းဆုံး အထောက်အပံ့ပေးမယ့် တွဲဖက်လည်း ရှိနေပါပြီ၊ သူကလည်း ကျနော့်လို လူ တိုင်းသိတဲ့ သူပါပဲ၊ အရမ်းလည်းတော်တယ်၊ တကမ္ဘာလုံးက သိပြီး သဘောကျတဲ့သူပါ ဆိုပြီး The Rock က အစီအစဉ် ထဲကို နောက်ထပ် ဝါရင့်မားသားကြီး Hansky (Tom Hanks) ကို ခေါ်ထုတ်လိုက်ပါတယ်။

Hansky က Dwyane ရေ ကျနော် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူးလို့ စကားစပါတယ်။ ကျနော် ပါမယ်ဗျာ ဆက် ကြိုးစားရအောင်လို့ ဆက်ပြောပါတယ်။
ဒါဆိုရင်တော့ TheRock ဟာ ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Tom Hanks နဲ့ တွဲဖက် မြင်လာရဖို့ ရှိနေပြီး အ ခြား ဟောလီးဝုဒ် မင်းသားတလက် ဖြစ်တဲ့ KanyeWest ကလည်း ရွေးကောက်ပွဲ ဝင်ဖို့ ရှိမယ်လို့ သတင်းထွက်နေတာ ကြောင့် ၂၀၂၀ ရွေးကောက်ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းဦးမှာ အမှန်ဖြစ်နေပါပြီ။

Ref; www.firsttoknow.com

The post ၂၀၂၀ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီးThe Rock appeared first on ဧရာဝတီ.

Viewing all 511 articles
Browse latest View live